ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သ...
By MayKingMK119
3.9M 524K 12.7K
Myanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed) More
ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သည့် ဝံပုလွေ ညီငယ်လေး
Chapter (1) - ပြန်လည်မွေးဖွားလာသော ဝံပုလွေလေး၏ချစ်ခြင်း (Z+U)
Chapter (2) - အတော်ကောင်းသည့် ဆွေမျိုးများ
Chapter (3) - ရှုနင်၏ ရိုးသားသော ဦးလေး (Z+U)
Chapter (4) - မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးချင်း
Chapter (5) - ရှုနင်၏ မွေးမိခင်ရင်း ချင်ယွိကျိုး
Chapter (6) - သခင်လေးတစ်ယောက်အဖြစ် ပြင်ဆင်ပေးခြင်း
Chapter (7) - အစ်ကိုကြီးရှုဟိန် ကျွန်တော်တို့ ထပ်တွေ့ရတော့မယ်
Chapter (8) - အစ်ကိုကြီးနားကို တိုးကပ်သွားသော ဝံပုလွေညီလေး
Chapter (9) - ကလေးတစ်ယောက်က အရပ်ဘယ်လောက်ရှိသင့်လဲ
Chapter (10) - အကိုကြီးပေါင်ကြား ခြေထောက်ရောက်နေသော ညီလေး
Chapter (11) - ငါ.. ဘယ်လိုတောင် အအိပ်ကြမ်းရတာလဲ (╥﹏╥)
Chapter (12) - အမြင့်ဆုံးကိုတက်ချင်တာလား.. ရတယ် ငရဲပြည်ထိ ဆွဲချပေးမယ် (Z+U)
Chapter (13) - ညီလေးရင်ဘတ်က ပန်းရောင်အရာလေးနှစ်ခု
Chapter (14) - အကိုကြီးကို စဖို့ အခွင့်ရေး ဆုံးရှုံးသွားပြီ(Z+U)
Chapter (15) - အကိုကြီးက အရမ်း ထွားတာပဲ (• ▽ •;)
Chapter (16) - အိပ်ယာဝင် အနမ်းမပေးလို့ အလိုမကျဖြစ်နေသော အကိုကြီး (Z+U)
Chapter (17) - ဖေဖေဖုတ်ပေးတဲ့ကိတ်မုန့် (Z+U)
Chapter (18) - အစ်ကိုကြီးရခဲ့သည့် ရည်းစားစာ (Z+U)
Chapter (19) - ညီလေး စိတ်မပျော်ဘူးလား (Z+U)
Chapter (20) - နင်နင်ရဲ့ တင်ပါးဖြူဖြူလေးနှစ်လုံး...(Z+U)
Chapter (21) - အစ်ကိုကြီးကိုပဲ ယုံတယ်..(Z+U)
Chapter (22) - ဒါက အစ္ကိုအတုႀကီး/ ဒါက အစ်ကိုအတုကြီး
Chapter (23) - အစ်ကိုကြီး ချိန်းတွေ့ပြီ/အစ်ကိုကြီး ချိန်းတွေ့ပြီ
Chapter (24) - ဒီကလေးနေရာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး(Z+U)
Chapter (25) - ရှင်နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိနှင့်နေပြီလား..
Chapter (26) - ပဲနီစေ့လေးကြောင့် အာခေါင်ခြောက်သွားသော အစ်ကိုကြီး(Z+U)
Chapter (27) - ချင်ယွိကျိုးကို ရိုက်ချလိုက်ခြင်း
Chapter (28) - အစ်ကိုကြီးအရက်မူးလာခြင်း (Z + U)
Chapter (29) - အစ်ကိုကြီးကို ရေချိုးပေးသော နင်နင်လေး
Chapter (30) - ကော့တေးပါတီပွဲကို တက်ရောက်ခြင်း(Z+U)
Chapter (31) - "ရှုနင်နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးဘူး.."(Z+U)
Chapter (32) - ဝမ်းကွဲညီမများနှင့် ရှုနင် (Z+U)
Chapter (33) - ပိုင်စိုးလိုစိတ်ကြီးလာသော အစ်ကိုကြီး (Z+U)
Chapter (34) - မီးပုံထဲ မီးစာထည့်ပေးနေသော ရှုနင်း (Z+U)
Chapter (35) - အချစ်ငတ်သော အကိုကြီးနှင့်နှစ်သိမ့်ပေး ချင်သော ညီလေး (Z+U)
Chapter (36) - အကာကွယ်ပေးမယ့် သူရဲကောင်း အကိုကြီး (Z+U)
Chapter (37) - မြေခွေးညီအစ်မ (Z+U)
Chapter (38) - အကိုကြီး ပြန်အလာကို စောင့်နေသော ညီငယ်လေး (Z+U)
Chapter (39) -အကိုကြီးရဲ့ဟာက မသေးဘူး မဟုတ်လား ^ o ^ (Z+U)
Chapter (40) - တူသောအကျိုးပေး (Z+U
Chapter (41) - နင်နင်ကို တညလုံး ပြုစုပေးသော အကိုကြီး (Z+U)
Chapter (42) - နင်နင်လေးဘေးမှာ တနေကုန် အဖော်လုပ်ပေးနေသော အကိုကြီး (Z+U)
Chapter (43) - ရှုမိသားစု စုံညီပွဲကို တက်ရောက်ခြင်း (Z+U)
Far From You (MM translation)
Chapter (44) - ကျွန်တော်က သူတို့ကို မသိဘူး (Z+U)
Chapter (45) - နင်နင့်ကို ငါ့လက်ထဲကနေ ဘယ်သူမှ ယူမသွားရဘူး..
Chapter (46) - တဏှာရူးသခင်လေးနှင့် အကြံကြီးသောသခင်မလေး
Chapter (47) - အစ်ကိုကြီး၏ ပထမဆုံးအနမ်းပိုင်ရှင် နင်နင် (Z+U)
Chapter (48)_ကျွန်တော် အကိုကြီးကို တသက်လုံး တာဝန်ယူပါ့မယ် (Z+U)
Chapter (49) - အစ်ကိုကြီးက ကျွန်တော့်အနောက်ပေါက်လေးကို ထိလို့မရဘူး (Z+U)
Chapter (51) - သဝန်တိုသော အကိုကြီးနှင့် သေတွင်းတူးသော ဟော်ရန် (Z+U)
Chapter (52) -ဥာဏ်များသော နင်နင်နှင့် ဒေါကန်နေသော အကိုကြီး (Z+U)
Chapter (53)_ တင်ပါးပြင်မှာ ဗြောတင်ခံလိုက်ရသော နင်နင် (Z+U)
Chapter (54) - ချင်ယွိကျိုး ဆီက နင်နင်ကို ခေါ်ဆောင်သွားတော့မယ့် အကိုကြီး
Chapter (55) - ပင်လယ်ကမ်းခြေသို့ အပန်းဖြေခရီးတစ်ခု (Z+U)
Chapter (56) - မင်းကိုဖက်ခွင့်ပေးရင် ရှုယောင်ကို ဂရုမစိုက်တော့ဘူး
Chapter (57)_ ငါက အကိုကြီးလက်ထဲမှာ အဖမ်းခံရတော့မှာပေါ့(Z+U)
Chapter (58) - နတ်ဘုရားနှစ်ပါးကြားက ကြက်ဖြူကလေး
Chapter (59) -ကျွန်တော် အစ်ကိုကြီးအပေါ် အမြဲကောင်းမှာပါ (Z+U)
Happy New Year
Chapter (60)_ အကိုကြီးက ပိုက်ဆံရှာ..ကျွန်တော်က အိမ်ကို စောင့်ရှောက်မယ်
Chapter (61)_ အကိုကြီးကို ဘောင်းဘီချွတ်ရမယ်.....(Z+U)
Chapter (62)_ ကျွန်တော့် ပါးစပ်ထဲက ဘာကြီးလဲ... (Z+U)
Chapter (63)- အခုဘဝမှာ နတ်ဘုရား အကိုကြီး ရှိနေပြီ (Z+U)
Chapter (64)- အကိုကြီးရဲ့သဘောကို အရင်ကြည့်သော ညီငယ်လေး (Z+U)
Chapter (65) _ အကိုကြီးရဲ့စီးပွားရေးကို ကျွန်တော် ကူညီပေးမယ်(Z+U)
Chapter (66)_ဦးလေးဆီက အရှုပ်ထုပ်ကို ရှင်းပေးရခြင်း (Z+U)
Chapter (67)_အဖိုးက ရှယ်ယာများပေးအပ်ခြင်း (Z+U)
Chapter (68) _တူးထားတဲ့ တွင်းထဲ ပြေးဝင်တဲ့ ချင်ယွိကျိုး (Z+U)
Chapter ( 69) _ အကိုကြီးအကြောင်းကိုပဲ စဉ်းစားတယ် (Z+U)
Chapter (69-2) _ "အစ်ကိုကြီးက အစပ် မစားနိုင်ဘူးမဟုတ်လား ?" (Z+U)
Chapter (70-1)_ ဆက်ဆီ ဘောထုပ်ဘောင်းဘီကို ဝတ်ပြသော အကိုကြီး (Z+U)
Chapter (70-2)_ငါတို့က ပုံမှန်ဆက်ဆံရေးမျိုး ရှိလို့လား (Z+U)
Chapter (71-1) _ ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး (Z+U)
Chapter (71-2)_ မျှော်တော်ယောင် (Z+U)
Chapter (72-1) _အကိုကြီးပြန်လာပြီ (Z+U)
Chapter (72-2) _အကိုကြီးတစ်ယောက်တည်းကို သဘောကျရင် ရပြီ (Z+U)
Chapter (73) _ ချောင်ပိတ်ခံရသော နင်နင် (Z+U)
Chapter (74)_ မျက်ခွက်ဆောင့်နင်းခံလိုက်ရသည့် တဏှာရူး ဟော်ယွီ (Z+U)
Chapter (75)_ တဆင့်ချင်း တလှမ်းချင်း တိုးကပ်လို့ ရင်ခွင်ထဲမှာ သိမ်းထားမယ်
Chapter (76)_ စတော်ဘယ်ရီနံ့ သွားတိုက်ဆေးကို အကိုကြီး အနံ့ခံကြည့်မလား
Chapter (77)_ စိတ်ကို ချုပ်တည်းထားရသော ညီငယ်လေး.... (z+u)
Chapter (77-2)_အကိုကြီးဆီက ဖုန်းကို တိတ်တခိုးမျှော်နေသော နင်နင်လေး (Z+U)
Chapter(78-1)_အကိုကြီး ကျွန်တော့်အသားကို ထိချင်သလောက် ထိထားပေတော့
Chapter(78-2)_ ဂျယ်လီတုန်းကို အကိုက်ခံလိုက်ရသော နင်နင် (Z+U)
Chapter (79-1) - အကိုကြီးကို အမှတ်သားပေးလိုက်သည့် ဝံပုလွေပေါက်လေး (U+Z)
Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း (U+Z)
Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု (U+Z)
Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)
Chapter (81-2)_🔞ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်မိသော ဟော်ယွီ (U+Z)
Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)
Chapter (83-1)_အကိုကြီးရဲ့ ပြင်သစ်အနမ်း (U+Z)
Chapter (83-2)_အကိုကြီး...မင်းကို သင်ပေးမယ်
Chapter (84)_ အကိုကြီးထက် ချစ်ရမည့်လူ မရှိနိုင်တော့ပြီ.... (U+Z)
Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း (Uni+Z)
Chapter (86)_ အောက်ခြေလွတ် ဘဝင်မြင့်သော ဝမ်ချုံး
Chapter (87-1)_🔞ဝမ်ချုံး၏ပထမကို ယူသွားသော ဟုန်ရှင်းမင်းသားလေး
Chapter (87-2) _ ချမ်းသာခြင်း နတ်ဘုရားကို တွေ့ဆုံခြင်း
Chapter (88)_ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း
Chapter (89)_ ရှည်ပြီး ထူသော ထွားကျိုင်းသည့် ရတနာချောင်းကို လေ့လာခြင်း
Chapter (90-1)_ အကိုကြီး ဂေးလ်သွားရင် ကျွန်တော် အကိုကြီးကို တာဝန်ယူပါ့မယ်
Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....
Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....
Chapter (92)_ နောက်ဆုံးတော့ ငါ အသက် 16 နှစ်ပြည့်ပြီးခဲ့ပြီ....
(U)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ
(Z)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ
Chapter (94)_🔞ကျောက်စိမ်းနှစ်ချောင်း အတူ ပူးကပ်ပါလို့....
Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်
Chapter (96)_🔞pa pa pa pa pa pa pa
Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်
Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်
Chapter (99)_🔞ဟိုတယ်မှာ pa pa pa
Chapter (100)_ တကိုယ်လုံး ချစ်ခြင်းရဲ့ သင်္ကေတတွေ ဖုံးလွှမ်းနေတဲ့ နင်နင်လေး
Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်
Chapter (102)_ အကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူ မထမ်းပေးချင်ဘူးလား နင်နင်...
ရေခဲအကိုကြီးကို ရေးနေတာ mayking မှ ဟုတ်ရဲ့လားဟင်
Chapter (103) - ဦးလေးချင်ယွိဖူရဲ့လက်ထပ်ပွဲ နဲ့ ဖိုမင် မြို့က ထွက်သွားခြင်း(U+Z)
Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး
Chapter (105)_ကိုယ့်အတတ် ကိုယ်စူးသည့် ချင်ယွိကျိုး
Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..
Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
Chapter (108)_ 🔞 ငါတို့က တယောက်ကို တယောက်ပိုင်ဆိုင်သွားပြီကွ... O(∩_∩)O
Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်
Chapter (110)_ 🚫 မင်း သာမရှိရင် လမင်းကို ပိုင်ဆိုင်ရလည်း အလကားပဲ
Chapter (111)_ 🚫 အတင့်ရဲသော ရှုဟိန်
Chapter (112-1)-🔞ဒီကလေးကို ငုံထားချင်သည်အထိ မြတ်နိုးသည်
Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်
Chapter (113)_ ဦးလေးဖူနှင့် ဖိုမင်တို့ကြားက မမြင်ရတဲ့ သံယောဇဉ်
Chapter (114) - အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်
Chapter (115)_ ဝမ်ချုံးနှင့် ထျန်းကျားဟွေ့ကို ကလဲ့စားချေပြီးခြင်း....
Chapter (116)_ 🔞 ရေချိုးခန်းထဲမှာ pa pa pa
Chapter (117-1)_🔞 ရှာလကာရည်သောက်နေတဲ့ အကိုကြီးရဲ့ မော်တော်ဟိုတယ်
Chapter (117-2)_🔞 မှန်ရှေ့မှာ pa pa pa
Chapter (118-1) _ ဦးလေးဖူ ကွာရှင်းလိုက်ပြီ
Chapter (118-2) _ 🔞 လေးခါရှိရင် ငါးခါလည်း ရှိနိုင်တယ် မလား....
Chapter (119) _🚫 တညလုံး လယ်ထွန်တဲ့ နင်နင်ရဲ့ ယောကျာ်း
Dominant -Submissive (သို့) Behind The Love Story
Chapter (120)_🔞စားပွဲထက်မှာ pa pa pa...
Chapter (121)_ 🔞ရေချိုးခန်း နံရံမှာ ဖိကပ်ပါလို့ pa pa pa
Chapter (122) - ငယ်ပေမယ့် အစွယ်လေးနှင့် ရှုယောင်း
Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....
Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ
Chapter (126)_ ယောက္ခမကြီး စစ်ထူထုံးနှင့် ရှုနင် တွေ့ဆုံခြင်း
Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ
COVID 19 အတွက် သတိပြုဖို့
Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်
Chapter (129)_ ရှုနင်ကို လာကပ်သည့် တက်သစ်စ ရုပ်ရှင်မင်းသမီးလေး
😎ငှက်သိုက်ရူးများဖတ်ရန်🐦
Chapter (130)_ 🏮အကိုကြီးရဲ့ ထုတ်ကုန်အသစ်ကို စမ်းကြည့်နေသော နင်နင်
Chapter (131)_ သားသမီး မရနိုင်ရင်တောင် သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား
Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ
Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်
(U) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်
(Z) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်
Zawgyi user vs. Unicode user
Chapter (135-1)_🏮 တညလုံး နေရာစုံမှ pa pa pa
Chapter (135-2)_ ရှုယောင်းအတွက် လူယုံတော် မွေးပေးသည့် ရှုချိန်
Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့
Question and Answer
Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး
👻The Best Ghost Fictions 👻
Chapter (138) _🏮 မီးဖိုချောင်ထဲမှာ ချစ်ကြမယ်....
Chapter (139)_ ယောက္ခမနှင့် သားမက် တွေ့ကြ ရာဝယ်.....
(U+Z) Chapter (140) _ ဒါက ...... ငါ့ချွေးမကွ!
(U+Z) Chapter (141)_ မြေးချွေးမအဖြစ် လက်ခံခြင်း...
Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း
Chapter (142-2)_🏮 စစ်ထူအိမ်တော်မှာ Pa Pa Pa
(U+Z) Chapter (143-1)_ မိသားစု မျိုးရိုးသစ်ပင်ထဲ တရားဝင် ထည့်သွင်းခြင်း
(U+Z) Chapter (143-2)_ အကိုကြီးက ကျွန်တော်နဲ့ ကလေး မယူချင်ဘူးလား....
(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....
Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး
(U+Z) Chapter (146-1) - ဒီအတွဲကို fujoshi တွေဆီကို ရောင်းလို့ရနိုင်တယ်
Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး
Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်
Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း
Chapter (148-2)- မျက်နှာပြောင်တာက မျိုးရိုးလိုက် တာကိုး......
Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်
Chapter (149-2)- ရှုနင်ရဲ့ ရှာလကာရည်လေး
Chapter (150-1)_ သူက ငါ့ချစ်သူ
Chapter (150-2)_ pa pa pa ပြီးချိန်မှာ အစ်အောက်မေးသော အကိုကြီး
Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး
Chapter (151-2) - အဖေ မြင်သွားပြီ... ဘယ်လိုလုပ်ကြမလဲ...
(U+Z) Chapter (151-3) - အဖေ ဆုံးပါးသွားပြီ
Extra 1-1- လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......
Extra 1-2 - ရှုမိသားစု၏မင်းသမီးလေး မွေးဖွားလာခြင်း
Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..
Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...
ရှုဟိန် - 1
ရှုဟိန် - 2
ရှုဟိန် - 3
ရှုဟိန် - 4🏮
ရှုဟိန် - 5🏮🏮🏮
ရှုဟိန်- 6 🏮🏮🏮
ရှုဟိန်- 7 🏮🏮🏮
Chapter (50) - ညီလေးနူတ်ခမ်းကို သုံးကြိမ်တိတိ နမ်းလိုက်သော အကိုကြီး (Z+U)
23.4K 3.6K 104
By MayKingMK119
••••••••••••••••••••
"........."
"ကောင်းပါတယ်.."
"........."
"........."
"........."
"........."
"........."
"ဖြည်းဖြည်းသွားပါ အမေ.."
"လာ.. နို့သောက်ဦး.."
"အွန်း.."
"ယောက်ျား.."
"သွားကြစို့.."
"အင်း.."
"အမ်.."
"မင်း ပျော်လား.."
"ပျော်.. တယ်.."
"အင်း.."
=======================
Chapter (50) –  ညီလေးနူတ်ခမ်းကို သုံးကြိမ်တိတိ ' မွ ...မွ ..'
လုပ်လိုက်သော အကိုကြီး (Z+U)
ရှုနင်က မသိစိတ်ဖြင့် သူ့အမေလှမ်းရိုက်လို့မမှီသည့်နေရာကို အမြန်ဆုတ်လိုက်သည်။ ပါးရိုက်ခံရတာ နာကျင်ပြီး သူ့ရင်ထဲကို စူးနင့်သည့်စိတ်ဒဏ်ရာကို ဖြစ်စေသည်။ အရင်ဘဝကတော့ သူ့အမေပါးရိုက်တာ ခံရတဲ့ကိစ္စက အကျင့်လိုဖြစ်နေပြီး ဘာမှမခံစားရပေမယ့် ခုဘဝမှာတော့ ဒီလိုမျိုးထပ်မခံချင်တော့ပေ။ အရင်ဘဝကတော့ ရှုနင်ဆိုတာ တန်ဖိုးမရှိသောကလေးဖြစ်သောကြောင့် ချင်ယွိကျိုးက ဘယ်လိုပဲဆက်ဆံပါစေ သူတို့က လုံးဝသတိမထားမိကြပေ။ ဒါကြောင့် ချင်ယွိကျိုးက သူမစိတ်ထွက်ပေါက်အနေဖြင့် ရှုနင်ကို အမြဲရိုက်လေ့ရှိသည်။
နင့်ကို ဘယ်သူက ဒီလောက်အသုံးမကျ ဖြစ်ခိုင်းတာလဲ..?
ဘယ်သူက အမြင်ကပ်စရာ ဖြစ်စေတာလဲ..?
ဘယ်သူက ရှုဟိန်ထက် နင့်ကို အားနည်းပါလို့ ခိုင်းလို့လဲ..?
လို့ပြောပြီး ရှုနင်ကိုပါးရိုက်ကာ ဒေါသကိုဖောက်ခွဲလေ့ရှိသည်။
••••••••••••••••••••
"အမေ.. ဘာလိုချင်လို့လဲဟင်.."
ချင်ယွိကျိုးက ရှုနင်ကိုရိုက်ချင်လွန်းလို့ လက်တွေ မသိမသာတုန်နေပေမယ့် ရှုနင်ရှိရာကို တိုးမလာပေ။
သြော်.. အမေက ငါ့ကိုရိုက်ချင်တဲ့စိတ်ကို မြိုသိပ်ထားနိုင်တယ်ပေါ့..။
ရှုနင်က သူမကိုစိုက်ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။
"အမေ သားကို လွမ်းနေတာလားဟင်.. ကျွန်တော် ရှုယောင်ကိုထိပြီး နှုတ်ဆက်လို့ရမလား.."
"........."
ချင်ယွိကျိုး၏နှုတ်ခမ်းက တွန့်လိမ်သွားပြီး သူမရင်ထဲက ဒေါသမီးကို မြိုချလိုက်သည်။ ဒီကလေးစုတ်ကို သူ အသုံးချစရာရှိသေးလို့ သူမတို့ဆက်ဆံရေးကို ဖျက်ဆီးပစ်လို့မရသေးပေ။
"အမေ သားကို လွမ်းတာပေါ့.. ဒါပေမယ့် အမေ သားနဲ့ စကားပြောစရာရှိသေးတယ်.."
ဘာအကြောင်းပြောမှာလဲ..? တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမဘာပြောမလဲဆိုတာ ရှုနင်ခန့်မှန်းမိလိုက်သည်။ ကောင်းတာပေါ့.. သူ့အမေပြောလိုက်တဲ့စကားတွေထဲမှာ သူမရဲ့စိတ်ရင်းမှန်နဲ့ လျှို့ဝှက်တဲ့အကြံအစည်တွေပါလာရင် ပိုကောင်းမယ်။ ဒါမှ သူမရဲ့လျှို့ဝှက်အကြံကို အခန်းဝမှာရှိတဲ့အဖေက သိနိုင်လိမ့်မယ်။ ရှုနင်က သူ့အခန်းတံခါးနား ချဉ်းကပ်လာတဲ့ ခြေသံမကြားရဘဲ တံခါးက အသာလေးပွင့်သွားတာကို သတိထားလိုက်မိသည်။ ကြည့်ရတာ သူ့အမေက သူ့အဖေရဲ့အာရုံကို ဆွဲဆောင်လိုက်နိုင်တယ်ထင်ပါရဲ့..။
ဒါဆို သူ နည်းနည်းပိုကြိုးစားပြီး အမေ့အတွက် သေတွင်းကို ပျော်ပျော်ကြီးတူးပေးရတာပေါ့..။ ခပ်နက်နက်လေး တွင်းတူးပေးရင် သူ့အမေအတွက် အောက်ခြေကို တစ်ချက်တည်းနဲ့ ကျသွားနိုင်တာပေါ့..။ ကဲ.. ဖြည်းဖြည်းချင်း စကြတာပေါ့..။
ချင်ယွိကျိုးက စိတ်အခြေအနေကိုပြောင်းကာ ဟန်ဆောင်ပြုံးပြီး ရှုနင်ကိုဆွဲကာ အိပ်ယာပေါ်ထိုင်စေပြီး မေးလိုက်သည်။
"ခုရက် အိမ်မှာနေရတာ ဘယ်လိုလဲ.."
"ကောင်းပါတယ်.."
"အမေ့ကို မှန်မှန်ပြောစမ်း.. အမေက ရှုဟိန်မျက်နှာကိုကြည့်လိုက်တာနဲ့ မကောင်းတာဖြစ်ခဲ့တယ်ဆိုတာ သေချာသိတယ်.. ရှုဟိန်က မင်းမျက်နှာကိုတောင် မကြည့်ဘူးလေ.."
"........."
"မင်းက ကလေးလည်းမဟုတ်တော့ဘူး.. အမေက မင်းဘေးမှာ အချိန်ပြည့်မနေနိုင်ဘူး.. ဒါကြောင့် မင်းဘာသာ သတိထားပြီး သင်ယူရမယ်.. ခုတလော သား စာကြိုးစားတယ်ကြားရလို့ အမေ အရမ်းဝမ်းသာတယ်.. ဒါပေမယ့် သားကြိုးစားတာက ရှုဟိန်ကိုမမှီသေးဘူး.. ဒါကြောင့် သားအဖိုးဆီက အသိအမှတ်ပြုမှုကို ဘာမှမရနိုင်သေးဘူး.. အမေက ရှုဟိန်ရဲ့အမေလို နောက်ခံမတောင့်ပေမယ့် သားအတွက် အဖိုးဆီက အသိအမှတ်ပြုမှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ပေးနေတယ်.. ဒါကြောင့် သားကြိုးစားရင် သူတို့ဆီက အသိအမှတ်ပြုမှု ရလာမှာပဲ.. ဟုတ်ပြီလား.."
"အင်း.. ကျွန်တော်သိပါတယ်.. အဖိုးက အမေ့ကို ခုလိုဆက်ဆံတာ.. ကျွန်တော်.."
ရှုနင်က ချင်ယွိကျိုးလက်ထဲက သူ့လက်ကိုပြန်ဆွဲယူကာ ခေါင်းငုံ့ပြီး တိုးတိုးပြောလိုက်သည်။
"မင်းသိရင် ပြီးတာပဲ.. အမေ့ဗိုက်ထဲက ရှုယောင်းက အရမ်းငယ်သေးတော့ အမေ သူ့ကို ထည့်မတွက်နိုင်သေးဘူး.. ဒါကြောင့် သားဘာသာကြိုးစားပြီး ရှုဟိန်ကိုယှဉ်ပြိုင်ရမယ်.. သူ့အဖေနဲ့အဖိုးဆီက အသိအမှတ်ပြုမှုကိုရဖို့ ကြိုးစားရမယ်.."
"အဖေက ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်.. အခု ကျွန်တော့်ကို သင်ထောက်ကူစက်လေး လက်ဆောင်ပေးတယ်.."
ချင်ယွိကျိုးက နှာခေါင်းရှုံ့လိုက်သည်။
"မင်းအဖေက မင်းရဲ့အဆင့်က ဘယ်လောက်ရရ ပညာရေးကအရေးမကြီးဘူးလို့ ပြောခဲ့ပေမယ့် တကယ်တော့ မဟုတ်ဘူး.. အမေ မင်းကို ဘာပြောခဲ့သလဲ.. မင်းအဖေရဲ့ခေါင်းထဲက အတွေးက သူ့ပါးစပ်ကပြောတာနဲ့ လုံးဝမတူဘူး.. မင်းကို ဘာကြောင့် သင်ထောက်ကူစက်ပေးသလဲဆိုတာ ပေါ်နေတာပဲလေ.. နင်နင်.. သားက ပုံမှန်လူသားတစ်ယောက်ဖြစ်ရင်ကို အမေက ကျေနပ်ပါပြီ.. ဒါပေမယ့် မင်းက အခု ချမ်းသာတဲ့မိသားစုထဲ ရောက်နေတာကြောင့် ဖြစ်ပျက်သမျှကို မင်း သေချာသဘောပေါက်နိုင်မှာမဟုတ်ဘူး.. ဒါကြောင့် အမေ မင်းကို ဖိအားပေးတယ်လို့ မင်းထင်လာအောင် သူများတွေပြောလာနိုင်တယ်.. အဲ့ဒီစကားကို မင်းကို ဘယ်သူပြောခဲ့တာလဲ.."
အမေ့ဗိုက်ထဲမှာ ပုဏ္ဏားလေးရှိနေသလိုပါလား.. (╮(╯▽╰)╭)
"ကျွန်တော် သဘောပေါက်ပါပြီ.."
"မင်းက သေသေချာချာ မလုပ်ခဲ့ဘူး.. ရှုကျီဟွေ့နဲ့ဟော်ရန်ကိစ္စမှာ ရှုကျီဟွေ့က ဒုတိယအိမ်တော်က အဖိုးတန်သမီးလေး.. မင်းရဲ့ညီမဝမ်းကွဲဖြစ်တယ်.. ဟော်ရန်က ဘယ်သူလဲ.. သူက C မြို့တော်က ထိပ်ဆုံးဟော်မိသားစုက တတိယသခင်လေး.. မင်းရဲ့သူငယ်ချင်းလေ.. မင်းက သူတို့ကို သေချာမကပ်ထားနိုင်ဘူး.. ရှုဟိန်က ရှုမိသားစုစီးပွားရေးအားလုံးကို ဆက်ခံလိုက်ရင် မင်းက အလိုလျောက် ဒုတိယအိမ်တော် ဖြစ်လာမှာပဲလေ.. ဒါကို မင်းသဘောပေါက်ရဲ့လား.. ဒါကြောင့် ရှုကျီဟွေ့နဲ့ဟော်ရန်ကို မင်း သေချာပေါင်းထားရမယ်.."
"........."
"နောင်ခါ သူတို့ကိုတွေ့ရင် သေချာလေးလေးစားစား တောင်းပန်ရမယ်.."
"........."
"ခုဖြစ်သွားတာက မင်းမမျှော်လင့်တာဖြစ်ပေမယ့် အရမ်းစိတ်ပူစရာမလိုဘူး.. မင်းအဖိုးက မင်းကို သဘောကျတယ်.. သူ့နားကိုကပ်လိုက်၊ မင်းအဖေလည်း မင်းကို သဘောကျတယ်ဆိုတော့ ရှုဟိန်က ဘယ်လောက်ပဲထူးချွန်ပါစေ သူက.."
"........."
ချင်ယွိကျိုးက မိုးစုန်းစုန်းချုပ်သည်အထိ ပြောပြီးနောက် ရှုချိန်၏အခန်းကို မပြန်ခင် မှာကြားလိုက်သည်။
"အမေက ရွာဘက်မှာကြီးလာပြီး မြို့ကြီးမှာ တက္ကသိုလ်တက်ရင်း အချိန်ပိုင်းလုပ်ခဲ့ရတယ်.. အခုတော့ အမေ့ငယ်ဘဝနဲ့မတူအောင် ဘဝကို တည်ဆောက်နိုင်ခဲ့ပြီ.. ဒါကြောင့် မင်းလည်း မင်းကို အထောက်အကူပြုပေးနိုင်သူတွေနဲ့ ဘဝကို တည်ဆောက်သင့်တယ်.. အမေ မင်းကို အများကြီးမမျှော်လင့်ပါဘူး.. မင်းရင့်ကျက်တည်ငြိမ်စွာ ကြီးလာပြီး မင်းညီလေးကိုကူညီပေးဖို့ပဲ မျှော်လင့်တယ်.. ဒါဆို အမေကျေနပ်ပြီ.. မင်းအဖေက ဘာဖြစ်ဖြစ် မင်းအဖေပဲဆိုပေမယ့် သူက ရှုဟိန်ရဲ့အဖေလည်းဖြစ်တယ်ဆိုတာ မမေ့နဲ့.. ဒါကြောင့် နောင်အနာဂတ်မှာ မင်းလုပ်သမျှကို မင်းအဖေကို အကုန်မပြောနဲ့.. ဒါမှ မင်းက သူ့ကိုကျော်လွန်နိုင်မှာ.."
"........."
အမေကသာ အဖေ့ကိုကျော်ချင်နေတဲ့ တစ်ဦးတည်းသောသူပဲလေ..
"မင်းက ဘာကြောင့် တစ်ခွန်းမှပြန်မပြောတာလဲ.. မင်းအဖိုးက ဘာကိုအမုန်းဆုံးလဲ သိလား.. မင်းက သူ့ရှေ့ရောက်ရင် ခါးကိုမတ်မတ်နေရမယ်.. ခါးကုန်းပြီး ပျင်းရိတဲ့ပုံ မနေနဲ့.. လူတစ်ယောက်ရဲ့အကြိုက်ကိုမသိရင် သူသဘောကျအောင် မင်း ဘယ်လိုလုပ်နိုင်မှာလဲ.."
"ကျွန်တော် သဘောပေါက်ပါပြီ.."
"အာ.. အမေ မင်းအဖေဆီ ပြန်သင့်ပြီ.."
သူမက ရှုနင်ကိုတစ်ချက်ပုတ်ကာ နှုတ်ဆက်လိုက်သည်။
"ဖြည်းဖြည်းသွားပါ အမေ.."
ရှုနင်က ချင်ယွိကျိုးထွက်သွားသည်နှင့် ချင်ယွိကျိုးပုတ်သွားသည့်နေရာကို ဖုန်ခါသလို ခါပစ်လိုက်သည်။
သူမဆီမှာ အစွမ်းအစမရှိတာတောင် သူများကို ငရဲတွင်းထဲ တွန်းချချင်နေသေးတယ်။ သူ့ဆီမှာ ရှုဟိန်ကိုယှဉ်နိုင်ဖို့ အစွမ်းမရှိသလို ရှုယောင်ဆီမှာလည်း မရှိပေ။ ရှုဟိန်၏မျိုးရိုးဗီဇက ပိုကောင်းတာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ချင်ယွိကျိုးကြောင့် ရှုဟိန်၏ဗီဇလည်း ပိုတောက်ပြောင်လာတာဖြစ်နိုင်သည်။ (╮(╯▽╰)╭)
အဝတ်လဲပြီးတော့ ရှုနင်က ရှုဟိန်အိပ်ခန်းကို သွားလိုက်သည်။ ဒီမှာ ရှုဟိန်မရှိပါလား..။ သူဘယ်သွားတာလဲဟု ညည်းညူပြီး ရှုနင်က ဆိုဖာပေါ်လဲလျောင်းကာ ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ကို မြင်လိုက်ရစဉ် ရှုနင်၏နှလုံးသားလေး ပျံထွက်သွားတော့သည်။
ရှုနင်၏အိပ်ခန်းဘေးက အားကစားခန်းထဲတွင် ရှုဟိန်နှင့် ရှုချိန်တို့ မတ်တပ်ရပ်နေကြပေမယ့် စကားတစ်ခွန်းမှမပြောကြပေ။ အမူအယာတွေက မုန်တိုင်းတိုက်တော့မလို မည်းမှောင်နေသည်။
ရှုဟိန်က ဘာမှမပြောဘဲ သူ့အဖေလက်ထဲက နို့ခွက်ကိုယူကာ ကလေးရှိရာကို လာခဲ့သည်။ ရှုနင်က စာလုပ်နေပေမယ့် မနေ့ကလို မျက်နှာက တက်ကြွမှုမရှိဘဲ မှိုင်တွေနေသဖြင့် ရှုဟိန်၏ရင်ထဲ နာကျင်ကိုက်ခဲလာသည်။
"လာ.. နို့သောက်ဦး.."
"အွန်း.."
ရှုနင်က နို့ဖန်ခွက်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ မော့သောက်ရင်း ရှုဟိန်ကိုကြည့်လိုက်သည်။
ရှုနင်က ချင်ယွိကျိုးစကားကို နားယောင်ပြီး အဲ့လိုလုပ်ရင် သူ့ကိုစိမ်းသွားမှာကို ရှုဟိန် ကြောက်နေမိသည်။ ဒါဆို သူကြိုးစားသမျှ အလကားဖြစ်တော့မည်။
ချင်ယွိကျိုးက ရှုနင်ရှိရာထွက်သွားတယ်လို့ သတင်းပို့ချက်ကြားတော့ ရှုဟိန်က စိတ်ပူပြီး သူ့အဖေဆီသွားကာ ရှုနင်ဆီ နွားနို့သွားပို့ပေးဖို့ ပြောလိုက်သည်။ ညစာစားစဉ်က ဘာဖြစ်သွားသလဲဆိုတာသိတော့ ရှုဟိန်က စိတ်ပူနေပြီး ခုလိုစီစဉ်လိုက်တာဖြစ်သည်။ ရှုချိန်က သားငယ်ကို စိတ်ပူနေသောကြောင့် ချက်ချင်းထွက်လာတော့ အချိန်ကိုက် သူ့ချစ်ဇနီးပြောနေသည့် သွေးခွဲစကားများကို ကြားလိုက်ရပြီး မသေချာသည့်အချက်အားလုံး ရှင်းသွားတော့သည်။ အရင်က သူ့မိန်းမ၏ကိုယ်ရေးကိုယ်တာကို လေးစားသောအားဖြင့် ဝင်မစွက်ဖက်ဘဲ လွှတ်ထားမိတာ မှားသွားပြီဆိုတာ နားလည်လိုက်သည်။
ရှုဟိန်ကတော့ ခုဖြစ်သမျှ သေချာမှတ်ထားလိုက်သည်။ ရှုနင်ကို သူ့တောင်ပံအောက်မှာ ဝှက်ထားမှ လုံခြုံတော့မည်ဆိုတာ သေချာသွားတော့သည်။
ချင်ယွိကျိုးက အိပ်ခန်းထဲပြန်လာပေမယ့် ရှုချိန်ကိုမတွေ့သောကြောင့် စိတ်ပူကာ စတုတ္ထထပ်လှေကားခြေရင်းမှာ စောင့်နေသည်။ ရှုချိန်ဆင်းလာတာတွေ့တော့ ခေါ်လိုက်သည်။
"ယောက်ျား.."
"မင်းက ကိုယ်ဝန်ကြီးနဲ့.. ဘာကြောင့်လှေကားမှာ ရပ်နေတာလဲ.. အဖေတွေ့သွားရင် ဆူခံရလိမ့်မယ်.."
"ရှင့်ကိုမတွေ့လို့ အိပ်မရတာနဲ့ ဒီမှာလာစောင့်နေတာ.."
"သွားကြစို့.."
ရှုချိန်က ပြုံးကာ ချင်ယွိကျိုးကိုဖက်ပြီး ခေါ်လာခဲ့သည်။
ဒီအမျိုးသမီးက သူ့ကိုတကယ်ချစ်တာကို ရှုချိန်သိသည်။ ပြီးတော့ သူမက ချိုသာပြီး ချစ်စရာကောင်းသောကြောင့် လက်ထပ်ပြီးမှတော့ သူမကို ရှုချိန် မကွာရှင်းနိုင်ပေ။ ရှုနင်ကိုအိမ်မှာထားလျှင် ကလေးရဲ့ပညာရေးနဲ့ ဗဟုသုတ တိုးတက်သင့်သလောက် မတိုးတက်နိုင်ပေ။ ဒါကြောင့် ချင်ယွိကျိုးက ညီအစ်ကိုချစ်ခြင်းကို မခွဲနိုင်အောင်နဲ့ ရှုနင်ပိုတိုးတက်လာအောင် ရှုဟိန်လက်ထဲထည့်ကာ ပျိုးထောင်စေတာ အကောင်းဆုံးပဲဟု ဆုံးဖြတ်လိုက်သည်။
အမေမတူဘဲ မွေးလာပေမယ့် ရှုနင်က ရှုဟိန်အတွက် ညီငယ်လေးဖြစ်နေမှာဖြစ်သည်။ ဒါဆို နောင်မှာ သူတို့ ပိုစည်းလုံးနိုင်သည်။
တကယ်လို့ ချင်ယွိကျိုးက တစ်ကိုယ်ကောင်းဆန်ပေမယ့် သူ့သားအပေါ် မထိခိုက်စေရင် ရှုချိန်က သည်းခံနေဦးမှာဖြစ်ပေမယ့် ကလေးတွေကိုအသုံးချတာကိုတော့ ခွင့်မလွှတ်နိုင်ပေ။
သူတို့နှစ်ယောက် အိပ်ခန်းထဲပြန်ရောက်တော့ ချင်ယွိကျိုးက သေချာမျက်နှာသစ်၊ အဝတ်အစားလဲကာ skincare များလိမ်းကာ ယောက်ျားကို ဆွဲဆောင်သိမ်းသွင်းဖို့ ကြိုးစားလိုက်သည်။
စာကြည့်ခန်းထဲကလေထုက ကနေ့ ထူးဆန်းနေသည်။ ည ၉ နာရီထိုးတော့ ရှုနင်က အိပ်ချင်လာပြီး သမ်းလိုက်သည်။ သူက ထဖို့ပျင်းနေပြီး အစ်ကိုကြီးကိုကြည့်ကာ လက်လေးကိုဆန့်တန်းလိုက်သည်။ တချိန်လုံး အေးစက်စက်အငွေ့ကို ထုတ်လွှတ်နေသော ရှုဟိန်က ချက်ချင်းအရည်ပျော်ကျလာပြီး ဖတ်လက်စစာအုပ်ကိုချကာ ကလေးလေးကိုပွေ့ချီဖို့လုပ်လိုက်စဉ် အကြံတစ်ခုရသွားသည်။ သူ့လည်ပင်းမှာ ရှုနင်ရဲ့လက်ကို ဖက်တွယ်ထားစေပြီး သူက ရှုနင်၏တင်ပါးလေးကို ပင့်မကာ သူ့ကိုယ်ကို ရှုနင်၏ခြေနှစ်ချောင်းဖြင့် ဖက်တွယ်ထားစေချင်သည်။
"ခြေထောက်နဲ့ သိုင်းဖက်ထား.."
"အင်း.."
ရှုနင်က ခြေထောက်နှစ်ချောင်းဖြင့် အစ်ကိုကြီးခါးကို သိုင်းဖက်ထားလိုက်သည်။
ရှုဟိန်က သူ့ကိုခွစေပြီး ဖက်ကာ ခေါ်လာတာက လမ်းလျှောက်ရတာ ပိုအဆင်ပြေစေတာကြောင့်လို့ထင်ကာ ဘာမှမပြောပေမယ့် ခုအနေအထားက နည်းနည်းတော့ ရှက်စရာကောင်းနေသည်။
ဒါက သယ်ရလွယ်အောင်ပါပဲ.. တခြား ဘာမှမစဉ်းစားနဲ့..
ရှုနင် သူ့ဘာသာ သတိပေးနေသည်။ ခုလိုဖက်ထားတာက ရင်ဘတ်နှင့်ပူးကပ်နေသည့်အပြင် အစ်ကိုကြီး၏လက်ကြီးက တင်ပါးကို ထိန်းကိုင်ထားသေးသည်မဟုတ်လား။
ရှုနင် ရီဝေဝေဖြစ်နေစဉ် ရှုဟိန်က သူ့ကို အိပ်ယာပေါ်ချကာ ညင်သာစွာမေးလိုက်သည်။
"မင်းစာလုပ်တာ ပြီးသွားပြီဆိုတော့ ဘယ်ကိုသွားလည်ချင်သလဲ.."
"ကမ်းခြေသွားချင်ပေမယ့် အဖေက အလုပ်များပြီး အမေက ကိုယ်ဝန်နဲ့ဆိုတော့.. အဖေ့ကိုလည်း မခက်ခဲစေချင်ဘူး.."
ထင်တဲ့အတိုင်း ချင်ယွိကျိုး လာသွားပြီးကတည်းက ကလေးလေးက မဝံ့မရဲဖြစ်နေတာပဲ..။ ရှုနင်က စိတ်ထားနူးညံ့တော့ ဒီမိန်းမရဲ့ မကောင်းတဲ့လွှမ်းမိုးမှုကို အလွယ်တကူခံရတာမြင်ရတော့ ရှုဟိန်ရင်နာလာခဲ့သည်။
ရှုဟိန်က ရှုနင်၏မျက်နှာလေးကို အသာအယာထိတွေ့ကာ ညင်သာစွာပြောလိုက်သည်။
"အဖေမအားပေမယ့် အစ်ကိုကြီးအားတယ်လေ.."
"အမ်.."
ညီငယ်လေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းတယ်။ မျက်တောင်ရှည်တွေ ဝန်းရံထားတဲ့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ မော့ကြည့်လာပုံက ရှုဟိန်၏ရင်ဘတ်ကို လက်သည်းနဲ့ကုတ်ခြစ်နေသလို ယားကျိကျိဖြစ်လာစေသည်။
ရှုဟိန်က ခေါင်းငုံ့ကာ ရှုနင်၏နဖူးကို အနမ်းခြွေလိုက်တော့ ရှုနင်ရဲ့ရင်ဘတ်က ဒရမ်လိုဆူညံသွားပြီး ပေါက်ထွက်မတတ် ခုန်လာတော့သည်။ သူ့မျက်နှာလည်း ပူလောင်ကာ နီမြန်းလာတော့သည်။
"မင်း ပျော်လား.."
"ပျော်.. တယ်.."
"အင်း.."
ရှုဟိန်က ကျေနပ်စွာ အသံပြုလိုက်သည်။
ရှုနင်က ကြောင်ကြည့်နေစဉ် ရှုဟိန်က သူ့နဖူးကိုလက်ညှိုးထိုးပြနေတာ တွေ့လိုက်ရသည်။ ဒါက ခုနက သူနမ်းခဲ့တာကြောင့် အနမ်းပြန်တောင်းနေတာပဲ။
ရှုနင်က ရှက်နေပြီး ဘာလုပ်ရမှန်းမသိတော့ပေ။ ရှုဟိန်က သူ့ကို မမှိတ်မသုန်စိုက်ကြည့်ပြီး နမ်းမှာကို စောင့်နေသောကြောင့် ရှုနင်က တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။
ကျွန်တော်က bottom လေ.. ကြုံရာလူကို လိုက်နမ်းလို့မရဘူး.. နတ်ဘုရားအစ်ကိုကြီးရေ.. သူများတွေက ကျွန်တော့်ကို သေအောင်ရိုက်မယ်ဆိုရင်တောင် ကျွန်တော်က အခုလိုအနမ်းခံရတာကို ဘယ်သူ့ကိုမှ ပြောလို့မရဘူး.. အစ်ကိုကြီး ခုလိုသာလုပ်နေရင် ကျွန်တော် သေတော့မှာပေါ့..
ရှုနင်က ခုလိုတွေးနေစဉ် အစ်ကိုကြီးမျက်ဝန်းတွေက အန္တရာယ်ရှိစွာ နက်မှောင်လာသောကြောင့် သူ အချိန်မဆွဲဝံ့တော့ပေ။ အစ်ကိုကြီး၏အကြည့်ကို ရှောင်လွှဲဖို့ မျက်လုံးမှိတ်ကာ ရှုနင်က ရှုဟိန်ကိုနမ်းလိုက်သည်။
နေရာမှားနေတာလား.. ဒါ.. ဒါ.. အစ်ကိုကြီးရဲ့နှုတ်ခမ်းပဲ.. !
ဒီနှုတ်ခမ်းက ဂျယ်လီလိုနူးညံ့နေပြီး လူကို မူးယစ်စွဲလန်းစေလောက်သည်..။
"အစ်ကိုကြီး.. ကျွန်တော့်ကို ထပ်လှည့်စားပြန်ပြီ.."
ရှုနင်က မျက်လုံးဖွင့်ကာ အော်လိုက်သည်။
"ဒါကို ထည့်တွက်လို့မရဘူး.. မင်းဘာသာ နေရာမှားနမ်းတာလေ.. လာ.. နောက်တစ်ခါထပ်နမ်း.."
"မနမ်းဘူး.. အစ်ကိုကြီးက ဆိုးတယ်.."
"ကောင်းပြီ.. မင်းမနမ်းရင် ငါနမ်းမယ်.."
ရှုနင်က အိပ်ယာပေါ်က ဆင်းပြေးဖို့လုပ်တာကြောင့် ရှုဟိန်က ချက်ချင်းဆွဲကာ သူ့ကိုယ်အောက်မှာဖိထားပြီး ရှုနင်၏နှုတ်ခမ်းလေးကို လျှင်မြန်စွာဖိနမ်းလိုက်သည်။
ရှုနင်က ကြောင်သွားသည်။ ဒီတိုးတက်မှုကြီးက မဟုတ်သေးဘူး.. မဟုတ်သေးဘူး.. မဟုတ်သေးဘူးလေ.. (Σ( ° △°|||))
"မလုံလောက်သေးဘူးလား.. ပုံမှန်ဆိုရင် မင်းနောက်ကျရင် မင်းက သုံးခွက် အပြစ်ပေးတဲ့အနေနဲ့ သောက်ရမယ်လေ.."
Shit..! ရှုနင်က ရှုဟိန်လက်မောင်းကြားထဲက ရုန်းထွက်ချင်ပေမယ့် 'မွ' 'မွ' ဆိုပြီးအသံထွက်ကာ နှုတ်ခမ်းကို နောက်ထပ်နှစ်ကြိမ်တိတိ အနမ်းခံလိုက်ရပြန်သည်။
ရှုနင်က ရှက်လွန်းလို့ ပြေးပုန်းချင်ပေမယ့် ရှုဟိန်က သူ့ရင်ခွင်ထဲချုပ်ထားသောကြောင့် ပုန်းစရာနေရာမရှိတော့ပေ။
ရှုဟိန်က ရှုနင်ကို လက်မောင်းကြားဖက်ထားကာ ပါးပြင်လေးကို ဖွဖွပွတ်ပေးပြီး ပြောလိုက်သည်။
"တော်ပြီနော်.. လျှောက်မပြေးနဲ့တော့.."
=======================
Continue Reading
You'll Also Like
2.9M 448K 120
Title - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, T...
259K 15.5K 17
(Zawgyi+Unicode Ver) Another beautiful powerful Prince is attracted to Lu Cang The one who owns characters-Xin Bao Er Original author-Luxiufer (Luxiu...
17.3K 1.2K 39
//High School Return of a Gangster//🍃✨️ Original name - 조폭인 내가 고등학생이 되었습니다 Original Author - 호롤저자 Status : 120 chapters (completed) Translated from...
552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်