fujoမရဲ့ရည်းစား...သူကUke မဟုတ...
By TheLy4
412K 27.1K 2K
Fujoမလေးနဲ့..အမြဲတွေ့တာနဲ့..ဂေးခိုင်းလိုက်..လင်ပေးစါးလိုက်လုပ်တတ်တဲ့..fujoမလေးကိုမှကြိုက်မိတဲ့..uke..အဆင်လေးတ... More
မိတ်ဆက်
မေမေ့သမီးက...အရေးပါတဲ့သူ😎
ကျွန်တော်..ukeမဟုတ်ပါဘူး
ကျွန်တော်..မှားသွားပြီ😢😢😢
အဲ့အမ..စိတ်ရောမှန်ရဲ့လား😬
(readerလေးများအတွက်)
ukeဆိုတာ ဘာကြီးလဲ🤔
တစ်ရက်စာ ပုံပြင်😁
ပေါက်စီပြဿနာ😁
အဲ့လူက..မိန်းမကျနေတာပဲ😒
ကျွန်တော်ရူးတော့မယ်😵
သူက ချီရဲ့သား😁
ကျွန်တော်ရဲ့ ဝက်ပေါက်လေး🐷
နောင်တရပါပြီဗျာ😥
ကိုယ်လဲ ယောကျားပဲလေ
ဂုဏ်ယူသင့်တယ်😎
ပြဿနာဆိုတာ
သရဲတစ်ကောင်..အိမ်ထဲမှာရှိတယ်
မှန်ထဲက သရဲမ👻
နှာခေါင်းသွေးလျှံခြင်း အနုပညာ
မပြီးဆုံးသေးသော
ငါ့ကိုချစ်နေတာလား
You bad bad bad😒
အနမ်းနဲ့စတဲ့ အချစ်တစ်ခု
👄👄
ပျော်စရာပွဲ လေးတစ်ခု
အဲ့လောက်ချမ်းသာလား
ဘယ်ကသာ
ကိုယ်ပိုင်လေယာဥ်
လူရော..ဟုတ်ရဲ့လား
စိတ်မကောင်းဖြစ်တာ
ကြောက်လို့
မီးနီ နည်းနည်း🚫🚫
နတ်ကောင်းမ ပေလို့သာပေါ့
မရက်စက်ပါနဲ့
ကလေးက ဘယ်မလဲ
တွေ့ဆုံခြင်း အစ
တင်းလာပြီ👿
လမ်းခွဲခြင်း
သေချာပြီ😒
အလုပ်သင်ရဲ့အကူလေး
ဖြေစရာလိုလို့လား
မီးနီလာတော့မဲ့အခန်းအစ🔇🔇
မီးနီပြီနော်လို့❌❌❌
မီးနီအကြီးစားပါ..20++⛔⛔
သေပြီသာမှတ်
ဟင်းလေး နည်းနည်းမြည်းလို့ရလား
ကားပေါ်ကလူ...
အလုပ်ခေါ်ခြင်း
အဖေတစ်ယောက်ပါ
ကံမကောင်းလောက်ဘူး
တစ်နေ့ကျ
ပြီးဆုံးတော့မဲ့ ဇာတ်လမ်း
ကတိတစ်ခု
ဘယ်သူ့ ကောင်လေးလဲ
အထင်မှားနေလိုက်
တစ်ခန်းရပ် ရန်ပွဲ
ဘယ်လိုမိန်းကလေးလဲ
အဲ့ဆရာ ထူးဆန်းတယ်🤔
အန်ရလွန်းလို့ ရင်ခုန်နေတာ
အတ္တကြီးမိလေပြီ
အားလုံး မင်းကြောင့်
ရိုက်သတ်ပစ်လို့ရမလား
လူမိုက်ကြီး ကျွန်တော်
အသက်ရှည်ဆေး
နတ်ဆိုးနဲ့ တစ်ညတာငရဲခန်း(18+)
နတ်ဆိုးနဲ့တူ​သောအချစ်
ငါမသေဘူး ရေကူးတတ်တယ်
ပါတီလုပ်ကြမယ်
ကျိန်စာထက်စွမ်းတယ်
ရူးများသွားပြီလား
မုန်းပစ်စမ်းပါ
မုဆိုးလား သားကောင်လား(18+)
ကံကောင်းပေလို့သာ...လင် မရတယ်(18+)
​နောက်ကျသွားတဲ့နောင်တ
မိုးရွာတဲ့နေ့
ပြီးခံနီးလို့ အပိုလက်ဆောင်(21+)
မခေါ်ဘဲ လာတဲ့အပူ ဆိုတာ
ပြောင်းလဲသွားချိန်
မြှားနတ်မယ်လေး ငါပါ
ပြန်ဆုံခဲ့ရင်
ဇာတ်သိမ်း
ကျေးဇူးတင်လွှာ
အသိပေးစါ
Extra
Extra(1)
Extra(2)
Extra(3)
Extra(4)
ငါဘာတွေဖြစ်နေတာလဲ😔😔
4.8K 414 39
By TheLy4
#Uni
အင်း...ခုတလောအရမ်းအေးချမ်းနေလိုက်တာများ ဘာလို့လဲဆိုရင် မကြီးတို့စာမေးပွဲဖြေနေတာကိုဗျ...ဟိုအမလဲစာကျက်နေလို့မလာအားဘူး..ဒါတောင်လာမယ်လုပ်သေး
သူ့အမေကစာမေးပွဲမပြီးမချင်းအပြင်မထွက်ရဘူးဆိုပြီး လုပ်လို့ခိုးထွက်တုန်းမိတော့ ကုတင်နဲ့ခြေထောက်ကိုကြိုးချည်ထားတယ်သတဲ့လေ
အဲ့အမတင်မဟုတ်ဘူး..သူတို့မိသားစုကလဲထူးဆန်းပါ့...သူ့သမီးကနောက်တစ်နှစ်ကျော်ဆိုကျောင်းပြီးတော့မယ်..ကလေးလိုဆက်ဆံနေတုန်း
အဲ့ဒါကြောင့် အဲ့အမ...ကလေးဆန်နေတာနေမယ်..အင်း သူမရှိတော့လဲ..တိတ်ဆိတ်နေလိုက်တာ​​​​များ အရင်ကဆိုအနည်းဆုံးတစ်ပတ်တစ်ခါလာတယ်လေ...လာတိုင်းမရိုးအောင်မွှေတာ..
နောက်ရုပ်ရှင်ကားတွေ ဖုန်းထဲကကူးပေးသေး..သိုင်းကားလို့ပြောတာပဲ....သိုင်းကားဆိုတာတရုတ်သိုင်းကားကိုပြောတာပါဗျ...ကားလေးကမဆ်ိုးပါဘူး..ကြည့်ကောင်းတယ်ပြောရမယ်...တစ်ခုပဲ...
မင်းသမီးမပါဘူးဗျာ...ပါတဲ့မင်းသမီးတွေကျတစ်ယောက်ပြီးတစ်ယောက်သေလိုက်ကျတာပြောမနေနဲ့...နာမည်ကဘာပါလိမ့်...မှော်နက်အရှင်ဆိုလားဘာဆိုလား....သိုင်းလောကရဲ့အကြောင်းနဲ့ မတူတဲ့လူငယ်နှစ်​​ယောက်ကြောင်းရေးထားတာဗျ...(ကလေးက..စာအုပ်မှမဖတ်တာ..ဘယ်သိ)
ပြောသာပြောတာ..အဲ့အမ မလာတော့ပျင်းသလိုလို သတိရသလိုလိုနဲ့...မမသူငယ်ချင်းတော်တော်များများနဲ့ခင်ခဲ့ဖူးတာပါတယ်..ဒါ​ပေမဲ့ အဲ့အမကျမတူဘူး..မသိတော့ပါဘူးဗျာ
ဒီလိုနဲ့ စာမေးပွဲကြီးပြီးသွားပါသတဲ့..ချီချီလေးဟာဆိုရင် စာမေးပွဲ​ကြီးပြီးရုံရှိ​​သေး အိမ်ကို ချက်ချင်​ပြန်သွားပါ​လေရော...အိမ်ရောက်တော့ ကုတင်မှာချည်ထားတဲ့ကြိုးကို ခြံထဲယူပြီး မီးရှို့ပစ်လိုက်ပါတယ်...(ဘယ်ကတည်းက..အငြိုးထားလဲမသိဘူး)...ပြီး​တော့အသံကျယ်ကြီနဲ့...အဲ့မီးပုံကိုကြည့်ပြီး ကနေပါသတဲ့..
" မှတ်ပြီလား..ဟင်..ပြောသားပဲ..ငါလေးကိုနိုင်လို့ရတုန်း..နင်ချည်ထား ပြီးရင်မီးရှို့ပစ်မယ်ဆိုတာ..ခု ဘာတတ်နိုင်သေးလဲ ''
အဲ့အဖြစ်ကိုကြည့်နေတဲ့အိမ်ရှေ့တံခါးပေါက်ကလူသုံးယောက်...
"အဲ့ဒါကြောင့်ပြောတာ..ရှင့်သမီးကိုဆေးခန်းပြသင့်ပြီ''
" သက်ဦးအရူးဆိုတာမှန်​​နေတာကို...ဘယ်တတ်နိုင်မလဲ..ငါကြည့်လုပ်လ်ိုက်ပါ့မယ် အမေကြီးရယ်''
" အာ့ဆိုမြန်မြန်လုပ်..ပါး...မကြီး ကိုသွားပို့ပြီးဆန်တစ်အိတ်..ဆီတစ်ပုံးယူလာခဲ့''
(အဲ့လိုအချစ်ခံရတာ..ပြောရရင်အရူးထောင်ပို့မယ်ဆိုတဲ့သဘော)
နောက်ကျောမလုံသလ်ိုခံစားရလို့ နောက်လှည့်ကြည့်တော့...လူကိုကြည့်နေတာများ သိ​နေတယ်...ငါလေးကိုအရမ်းချောလို့ကြည့်တာ..ဒါမဲ့မားသားကြီးကို ကြည်တာမဟုတ်ဘူးမလား.....
အဲ့တော့ ဖင်က​​လေးကို​​နောက်ပစ်ပြီး လှုပ်ပြလိုက်တယ်...မကြောက်ဘူးပေါ့..အဲ့မှာစတာ...မာတာမိခင်ကြီးက သူ့ကိုစပါတယ်ဆိုပြီး...ရှေ့ကဖိနပ်တစ်ဖက်နဲ့ ငါလေးကိုကောက်ပစ်လိုက်တာမြင်တော့ ရှောင်လိုက်တာပေါ့...ကြည့်...ခု ကိုယ့်ရှေ့ကမီးပုံထဲတန်းကျရော အဲ့ဖိနပ်က
"အမလေး..အဲ့တာ..နင့်အဖေဖိနပ်ကြီး...အမလေးသွားပါပြီ...မနေ့ကမှဝယ်ပေးထါးတာ..ဟဲ့..ဘာလုပ်နေလဲ..မီးထဲကပြန်ထုတ်လေ''
" မား လွန်ပြီ..ချီလုပ်တာမှမဟုတ်တာ..မားပစ်တာလေ..နောက်ဒီလောက်ပူနေတာ..သွားနှိုက်ရင် လက်ကင်ပြီးသားဖြစ်သွားမှာပေါ့..''
" ဘာ..နင်..နင်..အေး..မရတော့လဲမထူးဘူး..ကျန်တစ်ဖက်နဲ့နင့်ကိုသေအောင်ရိုက်သတ်မယ်''
ဘာလားနောက်တစ်ဖက်ကိုကိုင်ပြီး လိုက်ရိုက်သတဲ့..ရက်စက်ပါ့...အဲ့တော့ပတ်ပြေးရတာပေါ့..ဘယ်လောက်ရိုက်ချင်လဲမသိဘူး....ထမီတောင်ကျွတ်တယ်..
အဲ့ဒါလဲမရိုက်ဘူးထင်လား..ထမီကြီးကိုတစ်ဖက်ကကိုင်ပြီးကိုလိုက်ရိုက်တာ..စစ်ကူတောင်းဖို့အဖေကိုကြည့်တော့ မီးပုံလေးက်ိုကြည့်ပြီး ဆွေးနေတာရယ်..
ဖ်ိနပ်သစ်လေးကိုနှမြောနေမှန်းသိပေမဲ့..အဖေသာမဆွဲရင် ဒီသမီး​လေးကမာတာမိခင်ကြီးသတ်လို့သေတော့မယ်...အသံကျယ်​ကြီးနဲ့..
" ပါးရေ..ပါးရဲ့မိန်းမကိုလာထိန်းအုံး..ဒီမှာလိုက်ရိုက်တာမိရင် သမီးကိုသေအောင်ရိုက်မှာ..ခုမှစာမေးပွဲပြီးတာကိုရိုက်စရာလား....ဟိုကောင်...လာဆွဲလေ..နင့်အမငါ..သေတော့မယ်ဟဲ့ ''
ဟုတ်ကဲ့..ခုကြည့်လိုက်ရင် ပြေးနေတဲ့အချောလေးရယ်..
နောက်ကဖိနပ်ကြီးကိုင်...လိုက်ရိုက်​နေတဲ့အမေရယ်..
ထမီကြီးကို နောက်ကဆွဲပြီးမရိုက်ပါနဲ့လို့ပြော​​နေတဲ့ကောင်လေးရယ်...
မီးပုံကြီးထဲကဖိနပ်လေးကြည့်နေတဲ့အဖေရယ်...ပတ်ဝန်းကျင်ကြီးက အရမ်းကိုဆူညံ့နေတာပါ...
" မကြီးပြန်လာပြီ..ဖြေနိုင်လား ''
"အင်း.. ''
" သားကမကြီးတို့လျှောက်လည်မယ်ထင်နေတာ...''
ဟိုအမကိုမမြင်လို့တမင်မေးလိုက်တာ..အရင်ကဆို အမြဲပါလာတတ်တာကို...ထူးဆန်းပါ့..
ဒီလိုနဲ့...ဟိုလုပ်ဒီလုပ်...လုပ်နေတုန်း တံခါးခေါက်သံကြားလို့ဖွင့်တော့
"ကလေး...ဗြဲ..''
ဘာလားကွာ ..ရုပ်ကလဲစုတ်ပြတ်နေတာပဲ...အင်္ကျီအဖြူကလဲ...ဖိနပ်အရာတွေနဲ့...ဆံပင်ကလဲဆွဲခံထားရသလို ဟိုထောင်ဒီထောင်...ရန်ဖြစ်လာတာလား..နေပါအုံး..ချော်လဲထားတာများလား..အင်္ကျီကလဲရစရာကိုမရှိတာ...
" ဟဲ့..နင်..နင်ဘာ​ဖြစ်လာတာလဲ ''
"ချစ်..ဗြဲ...ငါအိမ်ပေါ်ကဆင်းလာတာ..သမီးလေးတစ်ယောက်ထဲရှိတာကို လုပ်ရက်တယ်..နောက်သူ့ဘာသာပစ်ပြီး ငါ့ကိုအပြစ်တင်တာ ''
ကျွန်တော်ရောအမရော..အဲ့အမကိုခေါ်ပြီးအကျိုးကြောင်း မေးရတာပေါ့..အဲ့အမကလဲပြောပါတယ်..ပြောရင်နဲ့သူအင်္ကျီနဲ့ နှာချေးတွေသုတ်နေသေး..တကယ်ဟာ..
သူ တစိမ်းကောင်လေးရှေ့မှာ အဲ့လိုနေရလား..တကယ်ကိုမရှက်တာ..တော်တော်ညစ်ပတ်တဲ့အမ...သူပြောပြတာနား​ထောင်ပြီးတော့လဲ ကျွန်တော်တို့မှာ ငိုရအခက်ရယ်ရအခက်...ကြည့်လေ...ဘယ်လောက်ကလေးဆန်လိုကိသလဲ..
သူတို့မိသားစုကတကယ်ကိုရယ်နေရတာ...ပျော်ဖို့တော့ကောင်းမှာပါလေ..
နေပါအုံး ကျွန်တော်ခုနကပျော်ဖို့ကောင်းတယ်လို့တွေးလိုက်တာလား...
အမလေး..ကျွန်တော်အဲ့အမနဲ့ခင်တာကြာလို့ရောဂါကူးနေသလား..တကယ် ကလေးဆန်တာ..ကျွန်တော်နဲ့မဆိုင်တဲ့အရာ...တစ်ခုခုကိုလေးလေးနက်နက်လုပ်တဲ့သူမျိုးက အခုလိုပေါ့ပျက်ပျက်​နေတတ်တဲ့အမကို ချစ်စရာလေးလို့တောင်တွေးမိတယ်...
ခု ကြည့်လေ..ငိုပြီးစကားပြောနေတာလေးကိုက...တကယ် ကလေးလို့ပဲ...ဂါး....ဘာတွေးမိပြန်တာတုန်း..အဲ့အမက ကျပ်ပြည့်တာမဟုတ်ဘူး..နောက်သိပ်ညစ်ပတ်တယ်ကွ
" ချစ်..ငါလုံးဝအိမ်မပြန်ဘူး..တကယ်ဘဲ..အဟင့်..ငါ့ဘာသာ...နေတာကိုအနိုင်ကျင့်တယ်''
" မိချီရယ်..နင့်ကိုအန်တီကအဲ့လောက်တောင်ရိုက်လိုက်တာလား''
"တဝက်တော့မှန်တယ်ဟ..ငါပြေးရင်းနဲ့ ဖိနပ်ချော်ပြီးချော်လဲရော..နောက်မားသားကြီးကရိုက်တာများ..ကြည့်''
သူ့အင်္ကျီကြီးကိုလက်ညိုးထိုးပြနေတယ်..
ချစ်စရာလေး..ကလေးလိုပဲကွာ..ဟာ..ခန့်ထည်ဝါ..မင်းစိတ်မှန်သေးရဲ့လား..မဖြစ်ဘူး...
" မကြီး..သူ့ကိုရေချိုးခိုင်းပြီး မကြီးအင်္ကျီဝတ်ခိုင်းလိုက်လေ...သူကညစ်ပတ်နေတာကို''
"ကလေးကချီကိုရွံတာလား ''
အဲ့အချိန်မှာ...ချစ်ရဲ့ခေါင်းခေါက်သံကြီး
" ဒီလောက်ဖြစ်နေတာတောင်နှာထနိုင်တယ်..ရွမနေနဲ့...လာရေသွားချိုးမယ်''
နေပါအုံး...ချစ်က...နှာထတယ်..အော် ငါလေးသိပြီ...ခုတလောငြိမ်နေပေမဲ့ သူ့မောင်ကိုကပ်နေလို့ ငါလေးကသူ့မောင်ကိုကြိုက်နေတယ်ထင်နေတာကို..
အဲ့ဒါကြောင့် ခုတလောငါလေးကပ်ရင် ဘာမှမပြောတော့တာ..ချစ်ရယ်..ငါလေးကသားတော်မဲ့သူကိုကြိုက်စရာလား..လင်ပေးစါးဖို့ဟာကို...ဒါ​ပေမဲ့အခွင့်ရေးပဲဟာ..ဒီအခွင့်ရေးယူပြီး နင့်မောင်ကိုကွေးအောင်လုပ်ရမယ်
ဘယ်လို...နှာထတယ်...အဲ့တာဆို အဲ့အမကကျွန်တော်ကိုကြိုက်...ကြိုက်...ရှက်လိုက်တာဗျာ...အရင်ကကောင်မလေးတွေနဲ့သူငယ်ချင်းတွေကစရင်တောင် ဘာမှမဖြစ်တာ...ခုကျနည်းနည်းရင်ခုန်သွားသလိုလို
မဖြစ်ဘူး..အဲ့အမကငါ့အကြိုက်မဟုတ်ဘူး..မိန်းမမဆန်ဘူး..နောက်လူနားမလည်တဲ့စကားတွေလဲခနခနပြောတယ်(ရှင်လေးကို..ကွေးအောင်လုပ်နေတာလေ...ukeတို့..ကောင်းကင်ထောက်တိုင်တို့..ဘာညာပြောတာကိုပြောတာ)ပိုဆိုးတာ..ညစ်ပတ်တာပဲ
စိတ်ပြေအောင်ရုပ်ရှင်ဖွင့်ပြီးကြည့်နေလိုက်တယ်..actionကားဆိုတော့ကြည့်ရတာမိုက်တယ်ဗျ..မင်းသားတွေကချတာ သတ်တာတွေဆိုပီပြင်လိုက်တာများ
" ကလေး..ဘာလို့အဲ့လိုကားတွေကြည့်နေတာလဲ..ကလေးကအဲ့လိုကားတွေမကြည့်ရဘူး ''
လာပါပြီ..ခန..မွှေးလိုက်တာ..ကြည့်ရတာမကြီးရေမွှေးတွေစွတ်လာတာနေမယ်...ကြည့်လိုက်တော့ ချစ်စရာလေး..ဟင့်အင်း..ချောတယ်...အရင်လိုပုံမကျပန်းမကျမဟုတ်ဘူး
မမရဲ့ဂါဝန်အပြာနုလက်ရှည်လေးကိုမှ ခြေမျက်စိလောက်ရှည်မယ်..ဆံပင်ကိုလဲလျှော်ပြီး ဖြီးထားလို့ဖြောင့်စင်းနေရော...အရင်လိုပွရှုပ်နေတာမျိုးမဟုတ်ဘဲ အလှမပြင်ထားပေမဲ့ တကယ်ခုလို​​မြ​င်​တော့ ရင်ဘတ်က ပိုခုန်လာသလား....ကျွန်တော်...ကျွန်တော်များအဲ့အမကို
" ကလေး..ဘာကြည့်နေတာလဲ...အာ ချီကကြည့်ရတာထူးဆန်းနေလို့လား..ဂါဝန်တွေသိပ်ဝတ်လေ့မရှိတော့ တကယ်ကြည့်ရဆိုးလို့လား''
""လှတယ်....''
ပါးစပ်ကလွှတ်ကနဲ ပြောမိသွားတယ်..တော်သေး...ဟိုအမမကြားလို့ သူကဘာလဲဆိုပြီးလာမေးတော့
" ဘာမှမထူးဘူး...ဒီတိုင်း...''
" ချီက ရေမွှေးတောင်ဆွတ်လာတာကို...ဒီအမကမနံတော့ဘူးသိလား''
လာပါပြီ...လူကိုလာကပ်နေပြန်ပြီ...အရင်ကဘာမှမဖြစ်ပေမဲ့ ဒီနေ့ကျ အဲ့အမအနားလာကပ်ထိုင်​တော့ တမျိုး​ကြီးပဲဗျာ... အရမ်းခုန်နေပြီး ချွေးထွက်ချင်သလိုလို လက်ဖျားတွေအေးသလိုလိုနဲ့ အဆင်မပြေဘူး
" မကြီးရေ..သားသူငယ်ချင်းဆီခနသွားအုံးမယ်'''
အမြန်ထလိုက်ရတယ်..ကြာရင်ရင်ဘတ်ကြီးပေါက်ထွက်တော့မယ်..မကြီးကိုကြည့်တော့သူ့သူငယ်ချင်းစားဖို့အတွက်လုပ်နေပါရဲ့...တကယ်မကြီးကအဲ့အမကိုဘာလို့အဲ့လောက်အရေးပေးလဲမသ်ိဘူး..
အိမ်လာတိုင်းမရိုးအောင်လုပ်ကျွေးနေတာ...မဖြစ်ဘူး..အဲ့အမနဲ့နှစ်ယောက်ထဲနေရင်ရူးလိမ့်မယ်...အဲ့ဒါကြောင့်သူငယ်ချင်းအိမ်သွားမယ်ပြောပြီးထွက်ခဲ့ရတယ်လေ...မမှောင်ခင်ပြန်လာလို့ မကြီးအော်သံကြားပေမဲ့ ခြေလှမ်းတွေကိုမြန်မြန်သာ လှမ်းပြီးအိမ်ထဲကထွက်လာခဲ့မိတယ်
တကယ် အဲ့အမကြောင့်လူကကြာလေထူးဆန်းလာလေ...အဲ့အမကအန္တရာယ်ရှိတယ်..သူနဲ့ကြာကြာနေရင် သူ့လိုပေါတောတောတွေ ...တွေးလာရော တကယ် ငါဘာတွေဖြစ်နေတာလဲကွာ
💖💖💖💖💖💖💖💖💖
#Zawgyi
နောက်ရုပ်ရှင်ကားတွေ ဖုန်းထဲကကူးပေးသေး..သိုင်းကားလို့ပြောတာပဲ....သိုင်းကားဆိုတာတရုတ်သိုင်းကားကိုပြောတာပါဗျ...ကားလေးကမဆိုးပါဘူး..ကြည့်ကောင်းတယ်ပြောရမယ်...တစ်ခုပဲ...
" သက်ဦးအရူးဆိုတာမှန်​​နေတာကို...ဘယ်တတ်နိုင်မလဲ..ငါကြည့်လုပ်လိုက်ပါ့မယ် အမေကြီးရယ်''
နောက်ကျောမလုံသလိုခံစားရလို့ နောက်လှည့်ကြည့်တော့...လူကိုကြည့်နေတာများ သိ​နေတယ်...ငါလေးကိုအရမ်းချောလို့ကြည့်တာ..ဒါမဲ့မားသားကြီးကို ကြည်တာမဟုတ်ဘူးမလား.....
အဲ့ဒါလဲမရိုက်ဘူးထင်လား..ထမီကြီးကိုတစ်ဖက်ကကိုင်ပြီးကိုလိုက်ရိုက်တာ..စစ်ကူတောင်းဖို့အဖေကိုကြည့်တော့ မီးပုံလေးကိုကြည့်ပြီး ဆွေးနေတာရယ်..
ဖိနပ်သစ်လေးကိုနှမြောနေမှန်းသိပေမဲ့..အဖေသာမဆွဲရင် ဒီသမီး​လေးကမာတာမိခင်ကြီးသတ်လို့သေတော့မယ်...အသံကျယ်​ကြီးနဲ့..
"အင်း.. ''
"ကလေး...ဗြဲ..''
"ကလေးကချီကိုရွံတာလား ''
""လှတယ်....''
" ဘာမှမထူးဘူး...ဒီတိုင်း...''
အမြန်ထလိုက်ရတယ်..ကြာရင်ရင်ဘတ်ကြီးပေါက်ထွက်တော့မယ်..မကြီးကိုကြည့်တော့သူ့သူငယ်ချင်းစားဖို့အတွက်လုပ်နေပါရဲ့...တကယ်မကြီးကအဲ့အမကိုဘာလို့အဲ့လောက်အရေးပေးလဲမသိဘူး..
Continue Reading
You'll Also Like
2.9M 225K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
166K 18.5K 74
2.8M 184K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
667K 30.1K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...