ခ်စ္ေသာမိဖုရား(My dear Empres...

By HanMay77

492K 40.4K 2.1K

Top1တစ္ေက်ာင္းလုံးရဲ႕Top1 ပညာေရး အားကစား ေဖ်ာ္ေျဖေရး ေနာက္ဆုံး အလွဆုံးရုပ္ရည္ကိုပါ ပိုင္ဆိုင္ထားသည့္ ခ်င္ေခ... More

Intro
ေခ်ာင္အာ
new life
⊙.☉အိုးေက်းဇူး(ေခ်ာင္အာအေၾကာင္း တေစ့တေစာင္း)
ၾကာပန္းပြဲ
က်ဲက်ဲ
Trailer😂
ေခ်ာင္အာဟုေခၚသည္
အကိ်ဳး
🌸ဇီးပန္း🌸
To Loves(upတာဟုတ္ေသးပါဘူးေနာ္)
ေတြ႔ဆုံသူ
ေခ်ာင္အာကို လာမစမ္းနဲ႔
တစ္ခါကဇာတ္လမ္းေလး(extra part)
အပိုင္း ၁၆
လက္ေဆာင္တဲ့လား
႐ုပ္ဆိုးထိပ္ေျပာင္
အကူအညီေတာင္းခံျခင္း
ေတြ႔ၾကၿပီေပါ့
နန္းမူနန္းရာ ..... နန္းမဂၤလာ
မင္းေလး
ေႁမြ
ေလေျပ
ေလညင္း
Hiiiiiiiii
လျပည့္​ည
My Dear Empress 28
My Dear Empress 29
My Dear Empress 30
My Dear Empress 31
My dear Empress 32
My Dear Empress 33
My Dear Empress 34
My Dear Empress 35
My Dear Empress 36
My Dear Empress 37
My dear empress 38
My Dear Empress 39
My Dear Empress 40
Hi
My Dear empress 41
My Dear Empress -42🚨
My Dear Empress 43
My Dear Empress 44
My Dear Empress-45
My Dear Empress -46
My Dear Empress -47
My Dear Enpress-48
My Dear empress- 49
My Dear Empress- 50🚨🚨🚨
ဒါဒါ​ေလး​ေတြ​ေရ
My Dear empress-51
My dear Empress-52
My Dear Empress-54
My Dear Empress-55
My Dear Empress-56
My dear Empress-57🚨
My Dear Empress-58
My Dear Empress-59
My dear Empress-60

My Dear Empress-53

3.9K 358 8
By HanMay77

မင္​း​ေလးအလိုကိုျဖည့္​ခြင့္​ရတာ ကို႔ရဲ႕ဆုလာဘ္
.....

​ေခ်ာင္​အာအိပ္​ရာမွႏိုး၍ မ်က္​လုံးဖြင့္​ၾကည့္​လိုက္​သည့္​အခါ ႏူးညံ့တဲ့မ်က္​ဝန္​း​ေတြနဲ႔ၾကည့္​​ေန​ေသာ လီမင့္​ကို​ေတြ႔လိုက္​ရတတယ္​ မနက္​ခင္​းတိုင္​း ယြက်ား​ေခ်ာ​ေခ်ာ​ေလးနဲ႔အတူႏိုးထရတာ ဘယ္​​ေလာက္​​ေတာင္​ၾကည္​ႏူးဖို႔​ေကာင္​းလိုက္​သလဲ

"ထရ​ေအာင္​" လီမင္​ဆိုသည္​

​ေခ်ာင္​အာမွာ ရင္​ခြင္​ထဲသို႔ပိုတိုးသြား၍ဖက္​ထားလုိက္ကာ
"ခဏ​ေလး"

သူမ​ေလး၏​ေက်ာျပင္​​ေလးအား ျပန္​​ေပြ႔ဖက္​ရင္​းနဖူး​ေလးအားအနမ္​း​ေခြၽလိုက္​သည္​

"ပါး​ေရာ" လီမင္​တခဏ​ေၾကာင္​အသြား​ေပမယ့္​ အားရဝမ္​းသာစြာ ရြတ္​ခနဲပါးျပင္​​ေလးအားနစ္​ဝင္​သြား​ေအာင္​ နမ္​းလိုက္​​ေလသည္​

"ဒီဘက္​"
"ႏႈတ္​ခမ္​း"

"ဒီက​ေလးမ​ေတာ့ လာလာျပန္​အိပ္​ရ​ေအာင္​"

"ဟီးဟီး ထၿပီထၿပီ ခုထ​ေတာ့မွာ"

.......

နံနက္​စာအနည္​းငယ္​စားၿပီး​ေနာက္​ သူမ​ေလးပူဆာရာ ျမိဳ႕ထဲရိွ​ေစ်းသို႔ လီမင္​အတူလိုက္​လာခဲ့သည္​

ခိ်ဳခ်ဥ္​တုတ္​ထိုး ​ေပါက္​စီ.အသားလုံးစတဲ့အစားစာ​ေတြအျပင္​ ပိတ္​စမ်ားဝယ္​ရန္​ဆိုင္​တစ္​ဆိုင္​၌ ​ေခ်ာင္​အာမ်က္​စိက်​ေနတုန္​း လီမင္​ကပ္​ရပ္​ဆိုင္​မွ ဆံထိုးလွလွ​ေလးတစ္​​ေခ်ာင္​းကို​ေစ်းႀကီး​ေပးဝယ္​ခဲ့တယ္​

​ဆက္​သြားရင္​းနဲ႔ တစ္​ခိ်န္​ကတစ္​​ေယာက္​​ေသာသူႏွင့္​ ျပဳံး​ေပ်ာ္​ခဲ့ဖူးတဲ့ ဇီးပင္​ႀကီး​ေအာက္​ကို​ေရာက္​လာခဲ့တယ္​ အမွတ္​မဲ့သတိရမိပါရဲ႕

​တစ္​ႏွစ္​ဆိုတဲ့ကာလအတြင္​းမွာ မႏွစ္​ကနဲ႔ဒီႏွစ္​နဲ႔​ေတာင္​ တူမ​ေနခဲ့ဘူးဘဲ ပန္​း​ေတြက​ေတာ့​ေဝ​ေဝဆာဆာပြင့္​ဆဲ

႐ုတ္​တရတ္​ေခ်ာင္​အာ​ေနာက္​ဘက္​ကုိ ဆြဲလွည့္​တာခံလိုက္​ရတယ္​ "သ​ေဘာက်လား က​ေလး"

လီမင့္​ရဲ႕လက္​ထဲမွာ ​ေငြ​ေရာင္​လိပ္​ျပာဆံထိုး​ေလးကိုမွ စိန္​သီးတြဲလဲ​ေလး​ေတြက တန္​ဖိုးျမင့္​ပစၥည္​းျဖစ္​မွန္သိသာေနတယ္​

"အင္​း ​ေခ်ာင္​အာသ​ေဘာက်ပါတယ္​ဝမ္​ရယ္​"

လီမင္​ရဲ႕ႏႈတ္​ခမ္​းပါးတို႔မွာ ျမင့္​တက္​စြာျပံဳးသြားရင္​း ​
"ကိုကူညီမယ္​" ဟုဆိုကာ ​ေခ်ာင္​အာ၏ဆံႏြယ္​ထက္​ ထိုးဆင္​​ေပးဖို႔ရြယ္​တယ္​

ဒါ​ေပမယ့္​ဆံႏြယ္​ထုံးထဲကုိ လိပ္​ျပာဆံထိုး​ေလးထိုးတဲ့အခါ အထဲမွာဆံထိုး​ေနာက္​တစ္​ခုက ကန္​႔လန႔္​ခံ​ေနသ​ေယာင္​

"​ေျသာ္​ ခဏ ျဖဳတ္​လိုက္​မယ္​"​

အျပင္​ပန္​းကၾကည့္​ရင္​မျမင္​ရ​ေပမယ့္​ ဆံႏြယ္​လိပ္​ထဲမွာ တကယ္​ႀကီးဆံထိုးတစ္​​ေခ်ာင္​းရိွ​ေနခဲ့တယ္​ ပန္​း​ေရာင္​ဖန္​ဆံထိုး​ေလး.. ​

ေခ်ာင္​အာလက္​ထဲဘာရယ္​မဟုတ္​က်စ္​က်စ္​ပါ​ေအာင္​ ဆုပ္​ထားမိတယ္ တမင္​စြဲစြဲျမဲျမဲ ထိုးထားခဲ့တာမဟုတ္​​ေပမယ့္​ ​ေကာရဲ႕လက္​​ေဆာင္​မို႔အ​ေလးထားထိုးခဲ့မိ​ေလျခင္​း

"ဝမ္​ရယ္​??" ​ေခ်ာင္​အာ​ေခၚသံၾကားမွ လီမင္​အ​ေတြးျပန္​႔​ေနရကာ ျပန္​အသိဝင္​လာ​ေတာ့တယ္​ "အင္​း"ဟုဆိုကာ သူမ​ေလး၏ဆံႏြယ္​ထက္​ လိပ္​ျပာဆံထိုး​ေလးကို တယုတယ​ေလးပန္​ဆင္​​ေပးလိုက္​တယ္​

မ​ေန႔က က​ေလးရဲ႕အကိုျဖစ္​သူအိမ္​​ေ႐ွ႕စံမင္​းသားရဲ႕ ​​​ေခါင္​းထက္​မွာ လီမင္​မ်က္​စိ႐ွင္​သူပီပီျမင္​ဖူးပါရဲ႕ အမိ်ဳးသားတန္​မဲ့ပန္​​ေရာင္​မို႔ သတိထားမိခဲ့တာလဲပါတယ္​ မထင္​မွတ္​ပါဘဲခု သူ႔ဇနီးငယ္​နဲ႔ဆင္​တူျဖစ္​​ေနတယ္​

"လွလား ဝမ္​ရယ္​" အျပဳံး​ေလးနဲ႔​ေမးလာတဲ့သူမ​ေလးအား
"ဒီ​ေလာကမာ မင္​း​ေလးကအလွဆုံးပါဘဲ"သူျပန္​​ေျဖတယ္​

(Yuan Xian Festival)တ႐ုတ္​မီးပုံးပ်ံပြဲ​ေန႔မို႔ တံတားထိပ္​ထက္​ လီမင္​နဲ႔​ေခ်ာင္​အာတို႔ မီးပုံ​းေပၚဆု​ေတာင္​းစာ​ေရးကာ အတူလြတ္​ခဲ့ၾကတယ္​

ပ်ံတက္​သြားတဲ့မီးပုံရဲ႕တစ္​ဖက္​က ​ေခ်ာင္​အာရဲ႕ဆု​ေတာင္​းက
/ခ်စ္​ရသူ​ေတြနဲ႔ သက္​ဆုံးထိတိုင္​/
တစ္​ဖက္​က​ေတာ့
/သူနဲ႔သာ ဘဝဆက္​တိုင္​း/

မ်က္​လုံး​ေလးမိွတ္​ကာ လက္​ႏွစ္​ဖက္​ယွက္​ၿပီးဆု​ေတာင္​း​ေနတဲ့သူမ​​ေလးကုိ ၾကည့္​ရင္​းလီမင့္​စိတ္​ထဲ လွမ္​းမမီွတဲ့ၾကယ္​ပြင့္​​ေလးလိုခံစားလာမိတယ္

တ​ေနကုန္​သူမ​ေလးနဲ႔ လည္​ပတ္​ၿပီး​ေက်နပ္​မွသာ အိမ္​ကိုျပန္​လာခဲ့ၾကသည္​ အိမ္​​ေ႐ာက္​တာနဲ႔အ​ေျပးလာႀကိဳတဲ့ ​ေ႐ွာင္​​ေပါင္​​ေလးကလဲမရိွမျဖစ္​

ကိုယ္​လက္​သန္​႔စင္​ၿပီး ကုတင္​​ေပၚလီမင္​အရင္​တက္​ႏွင့္​​ေပမယ့္​ ​ေခ်ာင္​အာ​က​ေတာ့ မွန္​​ေ႐ွ႕ထိုင္​ကာဆံႏြယ္​​ေတြကိုဖီးသင္​​ေနဆဲ သူ႔အတြက္​​ေတာ့တန္​ဖိုးဖ်က္​မရတဲ့ ပန္​းခီ်ကား​ေလးလိုဘဲ

ထိုအခိုက္​ သူမ​ေလးပန္​း​ေရာင္​ဆံထိုး​ေလးကို သစ္​သားယြန္​းဘူး​ေလးထဲ​ေသခ်ာထည့္​လိုက္​သည္​ကို လီမင္​ျမင္​ျဖစ္​​ေအာင္​ျမင္​လိုက္​​ေသးသည္​

ၿပီး​ေနာက္​သူ႔ဆီ ကဆုန္​​ေပါက္​လာ​ေနတဲ့သူမ​ေလးအား လီမင္​ကုတင္​​ေပၚမွာလက္​ဆန္​႔ႀကိဳလိုက္​​ေသာအခါ ရင္​ခြင္​ထဲသို႔ပစ္​ဝင္​လာ​ေလတယ္​

ထိုညကသူမ​ေလးအား သူတင္​းတင္​းၾကပ္​ၾကပ္​ဖက္​ထားမိတယ္​ /က​ေလးရယ္​ ​ေက်းဇူးျပဳၿပီးကိုယ့္​ကိုထားမသြားပါနဲ႔/

🌸🌸🌸🌸🌸🌸
#HanMay

​ေပ်ာ္​ရႊင္​ဖြယ္​ရာ သီတင္​းကြၽတ္​​ေလးပါခ်စ္​တုိ႔​ေရ
စိတ္​၏ခ်မ္​းသာျခင္​း ကိုယ္​၏က်န္​းမာျခင္​းနဲ႔ျပည့္​စုံပါ​ေစ

Fbမွ​ာ​ေတာ့​ေမကမုန္​႔ဖိုးလိုက္​​ေပးတယ္​ ဒီမွာ​ေတာ့​
မုန့္ဖိုး​ျပန္​ေတာင္​းမယ္​hee ေစတနာရိွသ​ေလာက္​ထည့္​ခဲ့😝
Kpay​ေရာ wave​ေရာဖြင့္​ထားတယ္​ အ​ေပ်ာ္​​ေပါ့😂


Unicode

မင်းလေးအလိုကိုဖြည့်ခွင့်ရတာ ကို့ရဲ့ဆုလာဘ်
.....

ချောင်အာအိပ်ရာမှနိုး၍ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ နူးညံ့တဲ့မျက်ဝန်းတွေနဲ့ကြည့်နေသော လီမင့်ကိုတွေ့လိုက်ရတတယ် မနက်ခင်းတိုင်း ယွကျားချောချောလေးနဲ့အတူနိုးထရတာ ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းလိုက်သလဲ

"ထရအောင်" လီမင်ဆိုသည်

ချောင်အာမှာ ရင်ခွင်ထဲသို့ပိုတိုးသွား၍ဖက်ထားလိုက်ကာ
"ခဏလေး"

သူမလေး၏ကျောပြင်လေးအား ပြန်ပွေ့ဖက်ရင်းနဖူးလေးအားအနမ်းချွေလိုက်သည်

"ပါးရော" လီမင်တခဏကြောင်အသွားပေမယ့် အားရဝမ်းသာစွာ ရွတ်ခနဲပါးပြင်လေးအားနစ်ဝင်သွားအောင် နမ်းလိုက်လေသည်

"ဒီဘက်"
"နှုတ်ခမ်း"

"ဒီကလေးမတော့ လာလာပြန်အိပ်ရအောင်"

"ဟီးဟီး ထပြီထပြီ ခုထတော့မှာ"

.......

နံနက်စာအနည်းငယ်စားပြီးနောက် သူမလေးပူဆာရာ မြို့ထဲရှိဈေးသို့ လီမင်အတူလိုက်လာခဲ့သည်

ချိုချဉ်တုတ်ထိုး ပေါက်စီ.အသားလုံးစတဲ့အစားစာတွေအပြင် ပိတ်စများဝယ်ရန်ဆိုင်တစ်ဆိုင်၌ ချောင်အာမျက်စိကျနေတုန်း လီမင်ကပ်ရပ်ဆိုင်မှ ဆံထိုးလှလှလေးတစ်ချောင်းကိုဈေးကြီးပေးဝယ်ခဲ့တယ်

ဆက်သွားရင်းနဲ့ တစ်ချိန်ကတစ်ယောက်သောသူနှင့် ပြုံးပျော်ခဲ့ဖူးတဲ့ ဇီးပင်ကြီးအောက်ကိုရောက်လာခဲ့တယ် အမှတ်မဲ့သတိရမိပါရဲ့

တစ်နှစ်ဆိုတဲ့ကာလအတွင်းမှာ မနှစ်ကနဲ့ဒီနှစ်နဲ့တောင် တူမနေခဲ့ဘူးဘဲ ပန်းတွေကတော့ဝေဝေဆာဆာပွင့်ဆဲ

ရုတ်တရတ်ချောင်အာနောက်ဘက်ကို ဆွဲလှည့်တာခံလိုက်ရတယ် "သဘောကျလား ကလေး"

လီမင့်ရဲ့လက်ထဲမှာ ငွေရောင်လိပ်ပြာဆံထိုးလေးကိုမှ စိန်သီးတွဲလဲလေးတွေက တန်ဖိုးမြင့်ပစ္စည်းဖြစ်မှန်သိသာနေတယ်

"အင်း ချောင်အာသဘောကျပါတယ်ဝမ်ရယ်"

လီမင်ရဲ့နှုတ်ခမ်းပါးတို့မှာ မြင့်တက်စွာပြုံးသွားရင်း
"ကိုကူညီမယ်" ဟုဆိုကာ ချောင်အာ၏ဆံနွယ်ထက် ထိုးဆင်ပေးဖို့ရွယ်တယ်

ဒါပေမယ့်ဆံနွယ်ထုံးထဲကို လိပ်ပြာဆံထိုးလေးထိုးတဲ့အခါ အထဲမှာဆံထိုးနောက်တစ်ခုက ကန့်လန့်ခံနေသယောင်

"သြော် ခဏ ဖြုတ်လိုက်မယ်"

အပြင်ပန်းကကြည့်ရင်မမြင်ရပေမယ့် ဆံနွယ်လိပ်ထဲမှာ တကယ်ကြီးဆံထိုးတစ်ချောင်းရှိနေခဲ့တယ် ပန်းရောင်ဖန်ဆံထိုးလေး..

ချောင်အာလက်ထဲဘာရယ်မဟုတ်ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ် တမင်စွဲစွဲမြဲမြဲ ထိုးထားခဲ့တာမဟုတ်ပေမယ့် ကောရဲ့လက်ဆောင်မို့အလေးထားထိုးခဲ့မိလေခြင်း

"ဝမ်ရယ်??" ချောင်အာခေါ်သံကြားမှ လီမင်အတွေးပြန့်နေရကာ ပြန်အသိဝင်လာတော့တယ် "အင်း"ဟုဆိုကာ သူမလေး၏ဆံနွယ်ထက် လိပ်ပြာဆံထိုးလေးကို တယုတယလေးပန်ဆင်ပေးလိုက်တယ်

မနေ့က ကလေးရဲ့အကိုဖြစ်သူအိမ်ရှေ့စံမင်းသားရဲ့ ခေါင်းထက်မှာ လီမင်မျက်စိရှင်သူပီပီမြင်ဖူးပါရဲ့ အမျိုးသားတန်မဲ့ပန်ရောင်မို့ သတိထားမိခဲ့တာလဲပါတယ် မထင်မှတ်ပါဘဲခု သူ့ဇနီးငယ်နဲ့ဆင်တူဖြစ်နေတယ်

"လှလား ဝမ်ရယ်" အပြုံးလေးနဲ့မေးလာတဲ့သူမလေးအား
"ဒီလောကမာ မင်းလေးကအလှဆုံးပါဘဲ"သူပြန်ဖြေတယ်

(Yuan Xian Festival)တရုတ်မီးပုံးပျံပွဲနေ့မို့ တံတားထိပ်ထက် လီမင်နဲ့ချောင်အာတို့ မီးပုံးပေါ်ဆုတောင်းစာရေးကာ အတူလွတ်ခဲ့ကြတယ်

ပျံတက်သွားတဲ့မီးပုံရဲ့တစ်ဖက်က ချောင်အာရဲ့ဆုတောင်းက
/ချစ်ရသူတွေနဲ့ သက်ဆုံးထိတိုင်/
တစ်ဖက်ကတော့
/သူနဲ့သာ ဘဝဆက်တိုင်း/

မျက်လုံးလေးမှိတ်ကာ လက်နှစ်ဖက်ယှက်ပြီးဆုတောင်းနေတဲ့သူမလေးကို ကြည့်ရင်းလီမင့်စိတ်ထဲ လှမ်းမမှီတဲ့ကြယ်ပွင့်လေးလိုခံစားလာမိတယ်

တနေကုန်သူမလေးနဲ့ လည်ပတ်ပြီးကျေနပ်မှသာ အိမ်ကိုပြန်လာခဲ့ကြသည် အိမ်ရောက်တာနဲ့အပြေးလာကြိုတဲ့ ရှောင်ပေါင်လေးကလဲမရှိမဖြစ်

ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်လီမင်အရင်တက်နှင့်ပေမယ့် ချောင်အာကတော့ မှန်ရှေ့ထိုင်ကာဆံနွယ်တွေကိုဖီးသင်နေဆဲ သူ့အတွက်တော့တန်ဖိုးဖျက်မရတဲ့ ပန်းချီကားလေးလိုဘဲ

ထိုအခိုက် သူမလေးပန်းရောင်ဆံထိုးလေးကို သစ်သားယွန်းဘူးလေးထဲသေချာထည့်လိုက်သည်ကို လီမင်မြင်ဖြစ်အောင်မြင်လိုက်သေးသည်

ပြီးနောက်သူ့ဆီ ကဆုန်ပေါက်လာနေတဲ့သူမလေးအား လီမင်ကုတင်ပေါ်မှာလက်ဆန့်ကြိုလိုက်သောအခါ ရင်ခွင်ထဲသို့ပစ်ဝင်လာလေတယ်

ထိုညကသူမလေးအား သူတင်းတင်းကြပ်ကြပ်ဖက်ထားမိတယ် /ကလေးရယ် ကျေးဇူးပြုပြီးကိုယ့်ကိုထားမသွားပါနဲ့/

🌸🌸🌸🌸🌸🌸
#HanMay

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လေးပါချစ်တို့ရေ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ

Fbမှာတော့မေကမုန့်ဖိုးလိုက်ပေးတယ် ဒီမှာတော့
မုန့်ဖိုးပြန်တောင်းမယ်hee စေတနာရှိသလောက်ထည့်ခဲ့😝
Kpayရော waveရောဖွင့်ထားတယ် အပျော်ပေါ့😂


Continue Reading

You'll Also Like

4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
123K 12.1K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
747K 82.7K 158
system ficလေးပါ အနေအေးတဲ့ မိဘမဲ့ဂေဟာမှူးလေး ဝတ္ထုကမ္ဘာထဲ ရောက်သွားသောအခါ (own creation) system ficေလးပါ အေနေအးတဲ့ မိဘမဲ့ေဂဟာမႉးေလး ဝတၳဳကမၻာထဲ ေရာက္သ...