NYAN'S

Galing kay HaeBoom

58.2K 6.9K 1K

Own Characters Higit pa

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပ်ိုင်း(၃၃)အဆက်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)

အပိုင်း(၉)

1K 155 8
Galing kay HaeBoom

မနက်ဖြန်ကစပြီး သကြင်္န်တွင်း ဂျူတီရှိသည်မို့
တစ်အိမ်လုံး သန့်ရှင်းရေးလုပ်တော့ စည်သူစားထားတဲ့
ရယ်ဒီမိတ် မုန့်ထုပ်အမှိုက်ထုတ်တွေ မီးဖိုချောင်ထွက်အမှိုက်တွေကြီးပဲကို အထုပ်ကြီးနှစ်ထုပ်ရသည်။
တစ်နေ့လုံး အလုံပိတ်ထားတတ်တာကြောင့် ဖုန်ကတော့
သိပ်မရှိ။ အားလုံးသန့်ရှင်းပြီး စာအုပ်စင်တစ်ခုသာ ရှင်းဖို့ကျန်တော့သည်။ ပြီးရင် လျှော်စက်ထဲက အဝတ်တွေလှမ်းမယ်။ စိမ်ထားတဲ့ စောင်နှစ်ထည်ကို လျှော်ရမယ်။

နံရံပေါ်က နာရီကိုကြည့်တော့ ၁၂နာရီကျော်နေပြီမို့ ဗိုက်ကလည်းအချက်ပြနေသည်။ အခုချိန်လောက်ဆို လမ်းထိပ်က လှည်းနဲ့ လာရောင်းတဲ့ ကြက်ဥခေါက်မုန့်ဆိုင် ခင်းနေလောက်ပြီဆိုတဲ့ အတွေးဝင်လာတော့ တစ်ထောင်တန်၂ရွက်ကိုအိပ်ကပ်ထဲထည့်ကာ တံခါးဝမှာ သွားပစ်မလို့ချထားတဲ့အမှိုက်နှစ်ထုပ်ကို ဆွဲကာ ထွက်လာလိုက်သည်။

တီခနဲ ပွင့်သွားတဲ့ ဓာတ်လှေကားတံခါးကြောင့် အပြင်ထွက်မလို့ ပြင်လိုက်တော့ ရပ်နေတဲ့ လူတစ်စု။ အနောက်ဆုံးမှာရပ်နေပေမယ့် ပိုရှည်နေတဲ့ ခေါင်းတစ်လုံးကြောင့်
ချက်ချင်းမြင်လိုက်တာက ဦးထုပ်အမဲနဲ့ ဟိုကလေး။

"အော် "

ရုတ်တရက်မို့ အာမေဋိတ်အသံနဲ့အတူ နှုတ်ဆက်တော့
မပြုံးမရယ်နဲ့ ခေါင်းသာငြိမ့်ပြလာသည်။ ယဉ်ကျေးမှုမရှိဘူးတွေ ဘာတွေ ထွေထွေထူးထူးတော့ မတွေးဖြစ်
ဒီကလေး စကားနည်းပုံရတယ်ဆိုတာ သိနေလို့။

လမ်းထဲက အမှိုက်ပုံးအစိမ်းရောင်ကြီးထဲ အမှိုက်နှစ်ထုပ်ပစ်ပြီးတာနဲ့ လမ်းထိပ်အထိ ဆက်လျှောက်လာလိုက်တော့ ခေါက်မုန့်ရောင်းတဲ့ လှည်းလေးက ရောက်နေပြီ။

" ငါ့တူကြီး မတွေ့တာကြာပြီ "

ခေါက်မုန့်ရောင်းတဲ့ အဘက ဝယ်စားနေကြမို့
ခင်ခင်မင်မင်နှုတ်ဆက်လာသည်။

"ဟုတ်တယ် အဘ ဒီရက်ပိုင်း သိပ်မအားလို့
အဘရော ရောင်းကောင်းတယ်မလား
ကျွန်တော့်ကိုကြက်ဥနဲ့ တစ်ထောင်ဖိုး
အုန်းသီးမထည့်ဘူးနော် "

" ဒီလိုပါပဲ ငါ့တူရေ မနက်ဖြန်တော့ မြို့ထဲ လူစည်တဲ့နေရာတွေ ပတ်ရောင်းမယ်ကွာ အခါတွင်းကတော့
ပိုရောင်းရတယ် "

" အဘ ကျွန်တော် လက်နည်းနည်းဆေးမယ်နော် "

" အေး ဆေးဆေး ဆပ်ပြာက ဒီမှာ ဖူဂျီပဲရှိတယ်
ငါ့တူရေ"

"အာ ရပါတယ် ကျွန်တော် အမှိုက်တွေကိုင်လာလို့"

လှည်းဘေး ရေပုံးအမဲလေးထဲက စတီးခွက်နဲ့
လက်မြန်မြန်ဆေးလိုက်သည်။ လက်တော့ သုတ်မနေတော့ သူ့အလိုလိုခြောက်သွားလိမ့်ည်လေ။  မုန့်က လက်နဲ့ကိုင်စားရမှာဆိုတော့ ခုနက အမှိုက်ပုံးကိုထိခဲ့တာမို့
ကိုင်ရမှာ  မသန့်လို့ ဆေးလိုက်ခြင်းသာ။

" ရပြီ ငါ့တူရေ ရော့ "

" သွားပြီ အဘရေ ရောင်းကောင်းပါစေဗျာ"

ကြက်ဥခေါက်မုန့် မွှေးမွှေးချိုချုလေးက်ို အနံ့နဲ့တင်
အိမ်ရောက်သည်အထိ မစောင့်နိုင်တာမို့ တစ်ခုထုတ်ကာ
စားရင် လမ်းထဲဖြေးဖြေးချင်း လျှောက်ပြန်လာလိုက်
သည်။ ဒီလမ်းထဲမှာ သူ့ကို ဆရာဝန်လေးလို့ တော်တော်
များများသိတာကြောင့် တွေ့သမျှ လူတိုင်းက နှုတ်ဆက်တာကိုလည်း ရယ်ရင်း ပြုံးရင်း ခေါင်းငြိမ့်ရင်း
ပြန်နှုတ်ဆက်ရသေးသည်။

နောက်ဆုံးကျန်တဲ့ ခေါက်မုန့်လေးက်ို တမြုံ့မြုံ့ဝါးရင်း
လျှောက်လာလိုက်တာ တိုက်အောက်ပင်ရောက်နေပြီမို့
လက်ထဲက ခေါက်မုန့်အမှိုက်အိတ်လေးကို တိုက်အောက်က
အမှိုက်ပုံးထဲ သွားပစ်ထည့်လိုက်သည်။

အပေါ်ရောက်တာနဲ့ လျှော်စက်ထဲက အဝတ်တွေလှမ်း
စောင်နှစ်ထည်ကို မြန်မြန်လျှော်ပြီး ဝရန်တာမှာ
လှမ်းရင်း မိုးအခြေအနေကြည့်ရသေးသည်။
ခေါက်မုန့်သုံးခုက သူ့ဗိုက်ထဲ ဘယ်လိူမှ မနေဘူးဆိုတာ
ဟာတာတာဖြစ်လာတဲ့ ဗိုက်လေးက သက်သေ။

ရေခဲသေတ္တာထဲ မုန်လာထုပ်တစ်ထုပ်ပဲရှိတော့တာမို့
သူကြော်စားမယ်လို့ တွေးကာ ခပ်မြန်မြန်လှီးနေလိုက်
သည်။ အန်တီတို့အိမ်ကလည်း ဧည့်သည်တွေရောက်နေတော့ ထမင်းသွားစားဖို့ အဆင်မပြေ။ ရင်ဘတ်ကနေစပြီး
အရှေ့တစ်ခြမ်းလုံး ရေစိုနေလည်း အဝတ်မလှဲအား
ဟင်းသာ မြန်မြန်ချက်နေလိုက်သည်။

ဒေါက် ဒေါက်

"လာပြီ "

တံခါးခေါက်သံကြားတာနဲ့ ကျက်သွားပြီးဖြစ်တဲ့
ဟင်းအိုးကို မီးပ်ိတ်ကာ အိမ်ရှေ့ကို ပြေးရသည်။

"အဲ"

တည်တင်းနေတဲ့ ရုပ်ကို တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတော့ လန့်သွားတာကတစ်ကြောင်း မထင်ထားတဲ့လူမို့
အံဩသွားတာက တစ်ကြောင်း ပါးစပ်က အလိုလို
ယောင်သွားမိသည်။

အန်တီက ဟင်းပို့ခိုင်းကြောင်းပြောလာတော့ လက်လွဲယူကာ ခနထိုင်ခိုင်းလိုက်ရသည်။ စားပြီးပြီလာမေးတော့
လည်း "ပြီးပြီဗျ"တဲ့။ ဒီကလေးရုပ်သာတည်တာ
စကားပြောလိုက်ရင်း အရမ်းယဉ်ကျေးတယ်။

စကားပြောကြရင်း ကိုယ်ဘုရားသွားရင်
သူပါလိုက်ချင်သည်ဟုဆိုလာပြန်တော့လည်း
မငြင်းဖြစ်။ ကိုယ်တောင်အဖော်ရသေးသည် မဟုတ်လား။
စည်သူတို့ သုန်သုန်တို့ကလည်း အလုပ်သင်နဲ့ မအားတာကြောင့်ရော ဘယ်မှလည်း သိပ်သွားသည့်ပုံမရတာကြောင့်ရော ခေါ်သွားဖို့တွေးလိုက်သည်။

Facebook မှာ သူလာaddလိုက်ပါမည်ဟုဆိုကာ
နှုတ်ဆက်ပြန်သွားတော့မှ သူလည်း ရေမြန်မြန်ချိုးကာ
အန်တီပို့လာတဲ့ ဟင်းနဲ့ ကိုယ်တိုင်ကြော်ထားတဲ့
မုန်လာထုပ်ခရုဆီလေးကို ထမင်းနဲ့ စားလိုက်တော့သည်။

ညနေစည်သူပြန်ရောက်လာတော့ ညနေ၅နာရီခွဲ ။
လမ်းထိပ်မှာ ညစာသွားစားမည်အရေးကို
စည်သူရေချိုးတာကို ထိုင်စောင့်နေရင်း ဖုန်းဒေတာဖွင့်
လိုက်တော့ friend request တစ်ခု။

Thu NYAN Htet ဆ်ိုတဲ့accလေးကို confirmနှိပ်ပြီးတာနဲ့
ဝင်ကြည့်လိုက်သည်။ profile က ညအချိန်ရိုက်ထားတဲ့ပုံဖြစ်ပြီး ရင်ဘတ်မှာ Nike logo အဖြူလေးပါတဲ့
မိုးကာသားဂျာကင်အမဲကိုမှ သူဆောင်းနေကျ လျှာထိုးဦးထုပ်အမဲပါဆောင်းထားသေးတော့ သူ့မျက်နာကိုသေချာမမြင်ရ။

Wallထဲဝင်ကြည့်တော့လည်း ဟာသတစ်ချို့shareထားတာကလွဲလို့ တခြားသိပ်မတွေ့ ။ scroll down ဆက်လုပ်နေရင်း တော်တော်အောက်ရောက်မှ ကောင်မလေး
တစ်ယောက်ရဲ့ ပုံတစ်ချို့ သူ့ကိုပါ tagထားသေးသည်။

"📸  by  Htet ❤️" ဆိုတဲ့ Captionနဲ့
Han Nay Nweဆိုသည့် accမှ တင်ထားသည့်ပုံ။

ကာကီရောင် long coatလေးနဲ့ ကောင်မလေးက
ချစ်စရာကောင်းတယ်ဆိုတာထပ် မျက်နာပေါက်က အနောက်တိုင်းသူတွေလို ခပ်သွယ်သွယ် ဖြစ်သည့်အပြင်
ပုခုံးလောက်ဆံပင်အကောက်လေးနှင့် ။ အသားဖြူဖြူ နှာခေါင်းချွန်ချွန်နဲ့ မျက်လုံးနက်နက်တွေကလည်း အနီးကပ်ရိုက်ထားတဲ့ ပုံကြောင့်သိသာလွန်းနေသည်။ တောင်ကြီးမြို့ရဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်စွာဝတ်ဆင်ထားတဲ့ သူ့ပုံစံက တကယ်ကို လှပတဲ့ကောင််မလေးမှန်းသိသာသလို likeအရေအတွက်ကလည်း ထောင်ကျော် comment တွေကလည်း အများအပြား။

ဒီကောင်လေး ရုပ်သာတည်တာ ရည်းစာကျတော့
ချောချောလေးရအောင်ရှာထားတက်တယ်။

အိမ်ကထွက်ခါနီးမှ မိုးဖွားဖွားကျလာလို့ ဝရန်တာက
စောင်တွေပြေးရုတ်ရသေးသည်။

....
အပျော်နောက် အမြဲပါတက်တဲ့ အပျက်ဆိုတဲ့အရာကြောင့်
သကြင်္န်တွင်း ဂျူဒီသုံးရက်မှာ တစ်ညက လုံးဝမအိပ်ရသည်အထိ ပင်ပန်းခဲ့သည်။ အတက်နေ့မနက် ၆နာရီ ဂျူတီထွက်ရပြီး အိမ်ပြန်တဲ့လမ်းတစ်လျှောက် တစ်ချို့နေရာတွေပင် လူတွေစည်ကားနေပြီဖြစ်သည်။

အိမ်ရောက်တော့ စည်သူကိုမနိုးချင်တာနဲ့ ကိုယ့်ဘာသာကိုယ်ပဲ သော့ဖွင့်ကာဝင်လာလိုက်ကာ ရေချိုးပြီး စည်သူစားလို့တဝက်ကျန်နေတဲ့ ရွှေပုစွန်က သီးစုံကိတ်ကို ရေနဲ့မြန်မြန်မြိုချပြီး အိပ်ရာထဲတိုးဝင်ကာ အိပ်ပစ်လိုက်တဲ့အချိန်က ၇နာရီထိုးဖို့၁၅မိနစ်အလို။ 

"ဦးလေး ဦးလေး"

တံခါးခေါက်သံနဲ့အတူ စည်သူနှိုးသံကြားမှ မျက်လုံးတွေအတင်းဖွင့်ကာ ထလိုက်ရသည်။ ဖုန်းကနာရီကို ဆွဲကြည့်တော့မှ ၁၀နာရီထိုးနေပြီဖြစ်သည်။

" အင်း ထပြီ"

အသံပြန်ပေးလိုက်မှ စည်သူက တံခါးဖွင့်ကာ ဝင်လာသည်။ အခုမှရေချိုးပြီးပုံရတဲ့ စည်သူနားက
ရေချိုးဆပ်ပြာနံ့ရနေသည့်အပြင် ဝတ်စုံကလည်း ဝါးတီးကုတ်နဲ့မို့ ထူးဆန်းနေသည်။

"ထတော့ အောက်ထပ်သွားမယ်"

"ဘယ်သွားကြမလို့လဲ "

" သုန်သုန်တို့နဲ့ ကိုးထပ်ကြီးနားက ဘုန်းကြီးကျောင်း
လိုက်သွားမလို့ အဲ့တာ ဦးလေးကို လာနိုးတာ အန်တီက
လိုက်ပို့ပေးပါလားတဲ့ "

" အေးအေး အဝတ်အစားလဲပြီး ဆင်းလာခဲ့မယ် သွားနှင့်"

စည်သူထွက်သွားပြီးမှ မျက်နာပြန်သစ် သန့်ရှင်းရေးပြန်လုပ်ကာ စတစ်ကော်လံ အဖြူနဲ့ ပုဆိုးအညိုကွက်တစ်ထည်သာ ဆွဲထုတ်ပြီး မြန်မြန်ဝတ်ကာ အောက်ထပ်ဆင်းလာတော့ အန်တီ၊သုန်သုန်အပြင် စည်သူပါ ချိုင့်ကိုယ်စီနဲ့။

" သာကီ သားရေ မင်းတို့ ဘဘပြန်လာကြိုနေပြီဆိုတော့
အန်တီတို့လိုက်သွားလိုက်တော့မယ် သားဘာမှမစားရသေးဘူးမလား ဝင်စားထားလိုက် စားပွဲပေါ်မှာ ပြင်ခဲ့တယ် အိမ်လည်းမပိတ်ခဲ့တော့ဘူး ကြည့်ထားပေးပါအုန်း ခနပဲ နေ့ဆွမ်းလေးကပ်ပြီး ပြန်လာမှာ"

"ဟုတ် အန်တီ "

အစက လိုက်ပို့မလို့လုပ်ထားပေမယ့် အခု မလိုက်ရတော့ဘူးဆိုတော့ အန်တီတို့ အိမ်ထဲဝင်ကာ မနက်စာ စားဖို့ပြင်လိုက်သည်။

စားပွဲပေါ် မှာ အသင့်တင်ထားတဲ့ ခေါက်ဆွဲပန်းကန်ကြောင့် ဟင်းရည်တစ်မျိုးသာ ထည့်ဖို့လိုနေသည်။ မီးဖိုပေါ်က
ဟင်းရည်အိုးကို ဖွင့်လိုက်တော့ မွှေးပျံ့လာတဲ့အနံ့က
ဗိုက်ထဲ ဆာလောင်မှုကို ပိုထကြွစေသည်။

အုန်းနို့ခေါက်ဆွဲတစ်ပန်းကန်စားပြီတာနဲ့ ပြည့်တင်းသွားတဲ့ဗိုက်ကြောင့် ပါးစပ်က စားချင်သေးသော်လည်း
ထပ်စားလို့မဖြစ်တော့။ ရှပ်လက်ရှည်ကို တံတောင်ဆစ်ထိ ပင့်တင်လိုက်ပြီး ဘေစင်ပေါ်က ဆေးရမည့် ပန်းကန်တချို့ပါ တစ်ခါတည်း ဆေးထားပေးလိုက်သည်။

တစ်ရှူးနဲ့ ရေစိုနေတဲ့လက်တွေသုတ်ရင်း ဝရန်တာထွက်လာတော့ မျက်စောင်းထိုးတိုက်အောက်မှာ စားပွဲခုံ
တစ်ခုံနဲ့ ဖော့ဘူးအဖြူလေးတွေ မနည်းမနောစီတင်ထားသည်ကိုတွေ့လိုက်ရတော့ စတုဒီသာကျွေးနေကြသည်
ထင်တယ်။ ဒီသကြင်္န်ဘာမှလည်း ကုသိုလ်မပြုရသေးတော့ စတုဒီသာ တစ်ခုခုလုပ်မှထင်တယ်လို့
တွေးမိလာသည်။ ဟုတ်ပြီ သုန်သုန်နဲ့စည်သူပြန်လာမှ အဖော်ညှိရမယ်။

ဘဘကြီး စာအုပ်စင်ပေါ်က ရွှေဥဒေါင်းရဲ့
ဘာသာပြန်စာအုပ် အကြံဉာဏ်ဖြင့် ကြီးပွါးရေးဆိုတဲ့
စာအုပ်အပြာကြီးကို ဆွဲယူကာ ဖတ်ကြည့်မလို့ပြင်လိုက်သည်။ရွှေဥဒေါင်းဆိုမှ ဟိုကောင်လေး ၃၇လမ်းမှာတုန်းက သူညွှန်းလိုက်တဲ့ ရွှေဥဒေါင်းစာအုပ်ဝယ်သွားတာပဲ။

စာအုပ်ထဲက ဟိုတစ်စ ဒီတစ်စလောက်သာ
စိတ်ဝင်စားတဲ့နေရာလေးတွေ ကွက်ပြီးဖတ်နေတုန်း
ပြန်ရောက်လာကြတဲ့ စည်သူတို့ကြောင့် စာအုပ်ကို
လက်ကချကာ ပစ္စည်းတွေကူသယ်ပေးလိုက်သည်။

စတုဒီသာလုပ်ချင်တဲ့အကြောင်းပြောတော့ အန်တီက
အအေးတစ်ခုခုတိုက်ဖို့ပြောလာတာကြောင့် အပေါ်တက်ပြီး ပိုက်ဆံအိတ်ပြန်ယူကာအန်တီမှာလိုက်တာတွေ ဝယ်ဖို့ ပြေးရပြန်သည်။ ဘဘကြီးကတော့ ဘုန်းကြီးကျောင်းမှာညနေမှပြန်လာမည်ဖြစ်သည်။

စည်သူနဲ့အတူ အစားစားနေရင် ဖုန်းသုံးနေတဲ့ သုန်လေးဖုန်းက video callဝင်နေတဲ့ အသံ ကို အန်တီကို လုပ်ကူနေရင်း
ကြားလိုက်ရသည်။ ဟိုဖက်က စကားသံကို သေချာမကြားရပေမယ့် သုန်လေးရဲ့ ကိုကြီးဆိုတဲ့ အသံကြောင့်
သူလန့်သွားရသေးသည်။

အန်တီကဖုန်းပြောနေတာမို့ သူအအေးထည့်မည့်
တစ်ခါသုံးခွက်တွေကို အောက်သယ်သွားဖို့ ခြင်းထဲ
စီထည့်ပေးလိုက်ပြီး လုပ်စရာမရှိတော့တာမို့
ဘေစင်ဘေးမှာ ခနရပ်နေမိသည်။

အန်တီက ဟိုဖက်ကလူတစ်ယောက်နဲ့စကားပြောပြီး
ထိုကလေးကိုခေါ်လိုက်တာမို့ ဘာရယ်မဟုတ်
ဖုန်းစခရင်ကိုလှမ်းကြည့်မိလိုက်သည်။

အနီးမှုန်နေတဲ့ကိုယ်က မျက်မှန်ကလည်း စာကြည့်မှတပ်တော့ သေချာတော့မမြင်လိုက်ရပေမယ့် ထိုကလေးဆိုတာတော့ အသံကြားပြီး မွဲမွဲလေးမြင်လိုက်ရတဲ့မျက်နာကြောင့် အတက်သိလိုက်သည်။

အိမ်ရှေ့ခန်းကို ပစ္စည်းသယ်နေရင်း
သုန်လေးက ဦးလေးဆိုကာ နှုတ်ဆက်ခိုင်းနေတာမို့
ကြောင်တောင်တောင်နဲ့ ဘာမေးရမှန်းမသိကဖြစ်သွားသေးသည်။

"နေကောင်းလားညီ"

"ဟုတ်ကောင်းတယ်ဗျ"

"Okok"

ကိုယ်ရှေ့မှာ တစ်ခါနေမကောင်းဖြစ်ဖူးတဲ့ ကလေးမို့
တွေ့တာနဲ့နေကောင်းလားဆ်ုပြီး အရင်မေးမိတာကတော့
မတတ်နိုင်။ ဆရာဝန်ဆိုတော့ မေးနေကြစကားကပဲ
ပါးစပ်က ရုတ်တရက်ထွက်သွားတော့လည်း ယဉ်ယဉ်ကျေးကျေးပြန်ဖြေပေးလာသည်။

အဲ့ဒီကလေးရဲ့ "ဗျ" အဆုံးသတ်နဲ့ တောင်ကြီးသံ ခပ်ဝဲဝဲလေးက တကယ်နားထောင်လို့ကောင်းနေတာ။ ချစ်စရာလည်း ကောင်းလိုက်သေးတယ်။

မိသားစုထဲ အငယ်ဆုံးမို့ ညီလေး ညီမလေး
ရူးနေတဲ့အချိန် စည်သူလေးရောက်လာတော့
ဂရုတစ်ိုက်နဲ့ စောင့်ရှောက်ခဲ့တာမို့ ဒီကလေးကလည်း
အန်တီရဲ့တူ သုန်လေးရဲ့မောင်လေးဆိုတော့
ကိုယ့် ညီလေး အင်း ..ညီလေးပေါ့။

ဒီညတော့ သုန်လေးတို့ စည်သူတို့ကို
စားချင်တဲ့ဆိုင်မှာလိုက်ကျွေးမယ်ပြောထားတော့
ဘုရားသွားမယ့်နေကျ  ထိုကလေးကိုလည်း
စားချင်တာ တစ်ခုခုဝယ်ကျွေးအုန်းမှပဲ။

_____\\\_____

မနက္ျဖန္ကစၿပီး သၾကနၤ္တြင္း ဂ်ဴတီရွိသည္မို႔
တစ္အိမ္လုံး သန့္ရွင္းေရးလုပ္ေတာ့ စည္သူစားထားတဲ့
ရယ္ဒီမိတ္ မုန့္ထုပ္အမွိုက္ထုတ္ေတြ မီးဖိုေခ်ာင္ထြက္အမွိုက္ေတြႀကီးပဲကို အထုပ္ႀကီးႏွစ္ထုပ္ရသည္။
တစ္ေန႔လုံး အလုံပိတ္ထားတတ္တာေၾကာင့္ ဖုန္ကေတာ့
သိပ္မရွိ။ အားလုံးသန့္ရွင္းၿပီး စာအုပ္စင္တစ္ခုသာ ရွင္းဖို႔က်န္ေတာ့သည္။ ၿပီးရင္ ေလၽွာ္စက္ထဲက အဝတ္ေတြလွမ္းမယ္။ စိမ္ထားတဲ့ ေစာင္ႏွစ္ထည္ကို ေလၽွာ္ရမယ္။

နံရံေပၚက နာရီကိုၾကည့္ေတာ့ ၁၂နာရီေက်ာ္ေနၿပီမို႔ ဗိုက္ကလည္းအခ်က္ျပေနသည္။ အခုခ်ိန္ေလာက္ဆို လမ္းထိပ္က လွည္းနဲ႔ လာေရာင္းတဲ့ ၾကက္ဥေခါက္မုန့္ဆိုင္ ခင္းေနေလာက္ၿပီဆိုတဲ့ အေတြးဝင္လာေတာ့ တစ္ေထာင္တန္၂ရြက္ကိုအိပ္ကပ္ထဲထည့္ကာ တံခါးဝမွာ သြားပစ္မလို႔ခ်ထားတဲ့အမွိုက္ႏွစ္ထုပ္ကို ဆြဲကာ ထြက္လာလိုက္သည္။

တီခနဲ ပြင့္သြားတဲ့ ဓာတ္ေလွကားတံခါးေၾကာင့္ အျပင္ထြက္မလို႔ ျပင္လိုက္ေတာ့ ရပ္ေနတဲ့ လူတစ္စု။ အေနာက္ဆုံးမွာရပ္ေနေပမယ့္ ပိုရွည္ေနတဲ့ ေခါင္းတစ္လုံးေၾကာင့္
ခ်က္ခ်င္းျမင္လိုက္တာက ဦးထုပ္အမဲနဲ႔ ဟိုကေလး။

"ေအာ္ "

႐ုတ္တရက္မို႔ အာေမဋိတ္အသံနဲ႔အတူ ႏွုတ္ဆက္ေတာ့
မျပဳံးမရယ္နဲ႔ ေခါင္းသာၿငိမ့္ျပလာသည္။ ယဥ္ေက်းမွုမရွိဘူးေတြ ဘာေတြ ေထြေထြထူးထူးေတာ့ မေတြးျဖစ္
ဒီကေလး စကားနည္းပုံရတယ္ဆိုတာ သိေနလို႔။

လမ္းထဲက အမွိုက္ပုံးအစိမ္းေရာင္ႀကီးထဲ အမွိုက္ႏွစ္ထုပ္ပစ္ၿပီးတာနဲ႔ လမ္းထိပ္အထိ ဆက္ေလၽွာက္လာလိုက္ေတာ့ ေခါက္မုန့္ေရာင္းတဲ့ လွည္းေလးက ေရာက္ေနၿပီ။

" ငါ့တူႀကီး မေတြ႕တာၾကာၿပီ "

ေခါက္မုန့္ေရာင္းတဲ့ အဘက ဝယ္စားေနၾကမို႔
ခင္ခင္မင္မင္ႏွုတ္ဆက္လာသည္။

"ဟုတ္တယ္ အဘ ဒီရက္ပိုင္း သိပ္မအားလို႔
အဘေရာ ေရာင္းေကာင္းတယ္မလား
ကၽြန္ေတာ့္ကိုၾကက္ဥနဲ႔ တစ္ေထာင္ဖိုး
အုန္းသီးမထည့္ဘူးေနာ္ "

" ဒီလိုပါပဲ ငါ့တူေရ မနက္ျဖန္ေတာ့ ၿမိဳ႕ထဲ လူစည္တဲ့ေနရာေတြ ပတ္ေရာင္းမယ္ကြာ အခါတြင္းကေတာ့
ပိုေရာင္းရတယ္ "

" အဘ ကၽြန္ေတာ္ လက္နည္းနည္းေဆးမယ္ေနာ္ "

" ေအး ေဆးေဆး ဆပ္ျပာက ဒီမွာ ဖူဂ်ီပဲရွိတယ္
ငါ့တူေရ"

"အာ ရပါတယ္ ကၽြန္ေတာ္ အမွိုက္ေတြကိုင္လာလို႔"

လွည္းေဘး ေရပုံးအမဲေလးထဲက စတီးခြက္နဲ႔
လက္ျမန္ျမန္ေဆးလိုက္သည္။ လက္ေတာ့ သုတ္မေနေတာ့ သူ႔အလိုလိုေျခာက္သြားလိမ့္ည္ေလ။  မုန့္က လက္နဲ႔ကိုင္စားရမွာဆိုေတာ့ ခုနက အမွိုက္ပုံးကိုထိခဲ့တာမို႔
ကိုင္ရမွာ  မသန့္လို႔ ေဆးလိုက္ျခင္းသာ။

" ရၿပီ ငါ့တူေရ ေရာ့ "

" သြားၿပီ အဘေရ ေရာင္းေကာင္းပါေစဗ်ာ"

ၾကက္ဥေခါက္မုန့္ ေမႊးေမႊးခ်ိဳခ်ဳေလးက္ို အနံ႔နဲ႔တင္
အိမ္ေရာက္သည္အထိ မေစာင့္နိုင္တာမို႔ တစ္ခုထုတ္ကာ
စားရင္ လမ္းထဲေျဖးေျဖးခ်င္း ေလၽွာက္ျပန္လာလိုက္
သည္။ ဒီလမ္းထဲမွာ သူ႔ကို ဆရာဝန္ေလးလို႔ ေတာ္ေတာ္
မ်ားမ်ားသိတာေၾကာင့္ ေတြ႕သမၽွ လူတိုင္းက ႏွုတ္ဆက္တာကိုလည္း ရယ္ရင္း ျပဳံးရင္း ေခါင္းၿငိမ့္ရင္း
ျပန္ႏွုတ္ဆက္ရေသးသည္။

ေနာက္ဆုံးက်န္တဲ့ ေခါက္မုန့္ေလးက္ို တျမဳံ႕ျမဳံ႕ဝါးရင္း
ေလၽွာက္လာလိုက္တာ တိုက္ေအာက္ပင္ေရာက္ေနၿပီမို႔
လက္ထဲက ေခါက္မုန့္အမွိုက္အိတ္ေလးကို တိုက္ေအာက္က
အမွိုက္ပုံးထဲ သြားပစ္ထည့္လိုက္သည္။

အေပၚေရာက္တာနဲ႔ ေလၽွာ္စက္ထဲက အဝတ္ေတြလွမ္း
ေစာင္ႏွစ္ထည္ကို ျမန္ျမန္ေလၽွာ္ၿပီး ဝရန္တာမွာ
လွမ္းရင္း မိုးအေျခအေနၾကည့္ရေသးသည္။
ေခါက္မုန့္သုံးခုက သူ႔ဗိုက္ထဲ ဘယ္လိူမွ မေနဘူးဆိုတာ
ဟာတာတာျဖစ္လာတဲ့ ဗိုက္ေလးက သက္ေသ။

ေရခဲေသတၱာထဲ မုန္လာထုပ္တစ္ထုပ္ပဲရွိေတာ့တာမို႔
သူေၾကာ္စားမယ္လို႔ ေတြးကာ ခပ္ျမန္ျမန္လွီးေနလိုက္
သည္။ အန္တီတို႔အိမ္ကလည္း ဧည့္သည္ေတြေရာက္ေနေတာ့ ထမင္းသြားစားဖို႔ အဆင္မေျပ။ ရင္ဘတ္ကေနစၿပီး
အေရွ႕တစ္ျခမ္းလုံး ေရစိုေနလည္း အဝတ္မလွဲအား
ဟင္းသာ ျမန္ျမန္ခ်က္ေနလိုက္သည္။

ေဒါက္ ေဒါက္

"လာၿပီ "

တံခါးေခါက္သံၾကားတာနဲ႔ က်က္သြားၿပီးျဖစ္တဲ့
ဟင္းအိုးကို မီးပ္ိတ္ကာ အိမ္ေရွ႕ကို ေျပးရသည္။

"အဲ"

တည္တင္းေနတဲ့ ႐ုပ္ကို တံခါးဖြင့္ဖြင့္ခ်င္းေတြ႕လိုက္ရေတာ့ လန့္သြားတာကတစ္ေၾကာင္း မထင္ထားတဲ့လူမို႔
အံဩသြားတာက တစ္ေၾကာင္း ပါးစပ္က အလိုလို
ေယာင္သြားမိသည္။

အန္တီက ဟင္းပို႔ခိုင္းေၾကာင္းေျပာလာေတာ့ လက္လြဲယူကာ ခနထိုင္ခိုင္းလိုက္ရသည္။ စားၿပီးၿပီလာေမးေတာ့
လည္း "ၿပီးၿပီဗ်"တဲ့။ ဒီကေလး႐ုပ္သာတည္တာ
စကားေျပာလိုက္ရင္း အရမ္းယဥ္ေက်းတယ္။

စကားေျပာၾကရင္း ကိုယ္ဘုရားသြားရင္
သူပါလိုက္ခ်င္သည္ဟုဆိုလာျပန္ေတာ့လည္း
မျငင္းျဖစ္။ ကိုယ္ေတာင္အေဖာ္ရေသးသည္ မဟုတ္လား။
စည္သူတို႔ သုန္သုန္တို႔ကလည္း အလုပ္သင္နဲ႔ မအားတာေၾကာင့္ေရာ ဘယ္မွလည္း သိပ္သြားသည့္ပုံမရတာေၾကာင့္ေရာ ေခၚသြားဖို႔ေတြးလိုက္သည္။

Facebook မွာ သူလာaddလိုက္ပါမည္ဟုဆိုကာ
ႏွုတ္ဆက္ျပန္သြားေတာ့မွ သူလည္း ေရျမန္ျမန္ခ်ိဳးကာ
အန္တီပို႔လာတဲ့ ဟင္းနဲ႔ ကိုယ္တိုင္ေၾကာ္ထားတဲ့
မုန္လာထုပ္ခ႐ုဆီေလးကို ထမင္းနဲ႔ စားလိုက္ေတာ့သည္။

ညေနစည္သူျပန္ေရာက္လာေတာ့ ညေန၅နာရီခြဲ ။
လမ္းထိပ္မွာ ညစာသြားစားမည္အေရးကို
စည္သူေရခ်ိဳးတာကို ထိုင္ေစာင့္ေနရင္း ဖုန္းေဒတာဖြင့္
လိုက္ေတာ့ friend request တစ္ခု။

Thu NYAN Htet ဆ္ိုတဲ့accေလးကို confirmႏွိပ္ၿပီးတာနဲ႔
ဝင္ၾကည့္လိုက္သည္။ profile က ညအခ်ိန္ရိုက္ထားတဲ့ပုံျဖစ္ၿပီး ရင္ဘတ္မွာ Nike logo အျဖဴေလးပါတဲ့
မိုးကာသားဂ်ာကင္အမဲကိုမွ သူေဆာင္းေနက် လၽွာထိုးဦးထုပ္အမဲပါေဆာင္းထားေသးေတာ့ သူ႔မ်က္နာကိုေသခ်ာမျမင္ရ။

Wallထဲဝင္ၾကည့္ေတာ့လည္း ဟာသတစ္ခ်ိဳ႕shareထားတာကလြဲလို႔ တျခားသိပ္မေတြ႕ ။ scroll down ဆက္လုပ္ေနရင္း ေတာ္ေတာ္ေအာက္ေရာက္မွ ေကာင္မေလး
တစ္ေယာက္ရဲ့ ပုံတစ္ခ်ိဳ႕ သူ႔ကိုပါ tagထားေသးသည္။

"📸  by  Htet ❤️" ဆိုတဲ့ Captionနဲ႔
Han Nay Nweဆိုသည့္ accမွ တင္ထားသည့္ပုံ။

ကာကီေရာင္ long coatေလးနဲ႔ ေကာင္မေလးက
ခ်စ္စရာေကာင္းတယ္ဆိုတာထပ္ မ်က္နာေပါက္က အေနာက္တိုင္းသူေတြလို ခပ္သြယ္သြယ္ ျဖစ္သည့္အျပင္
ပုခုံးေလာက္ဆံပင္အေကာက္ေလးႏွင့္ ။ အသားျဖဴျဖဴ ႏွာေခါင္းခၽြန္ခၽြန္နဲ႔ မ်က္လုံးနက္နက္ေတြကလည္း အနီးကပ္ရိုက္ထားတဲ့ ပုံေၾကာင့္သိသာလြန္းေနသည္။ ေတာင္ႀကီးၿမိဳ႕ရဲ့ ေဆာင္းရာသီနဲ႔ လိုက္ဖက္စြာဝတ္ဆင္ထားတဲ့ သူ႔ပုံစံက တကယ္ကို လွပတဲ့ေကာင္္မေလးမွန္းသိသာသလို likeအေရအတြက္ကလည္း ေထာင္ေက်ာ္ comment ေတြကလည္း အမ်ားအျပား။

ဒီေကာင္ေလး ႐ုပ္သာတည္တာ ရည္းစာက်ေတာ့
ေခ်ာေခ်ာေလးရေအာင္ရွာထားတက္တယ္။

အိမ္ကထြက္ခါနီးမွ မိုးဖြားဖြားက်လာလို႔ ဝရန္တာက
ေစာင္ေတြေျပး႐ုတ္ရေသးသည္။

....
အေပ်ာ္ေနာက္ အျမဲပါတက္တဲ့ အပ်က္ဆိုတဲ့အရာေၾကာင့္
သၾကနၤ္တြင္း ဂ်ဴဒီသုံးရက္မွာ တစ္ညက လုံးဝမအိပ္ရသည္အထိ ပင္ပန္းခဲ့သည္။ အတက္ေန႔မနက္ ၆နာရီ ဂ်ဴတီထြက္ရၿပီး အိမ္ျပန္တဲ့လမ္းတစ္ေလၽွာက္ တစ္ခ်ိဳ႕ေနရာေတြပင္ လူေတြစည္ကားေနၿပီျဖစ္သည္။

အိမ္ေရာက္ေတာ့ စည္သူကိုမနိုးခ်င္တာနဲ႔ ကိုယ့္ဘာသာကိုယ္ပဲ ေသာ့ဖြင့္ကာဝင္လာလိုက္ကာ ေရခ်ိဳးၿပီး စည္သူစားလို႔တဝက္က်န္ေနတဲ့ ေရႊပုစြန္က သီးစုံကိတ္ကို ေရနဲ႔ျမန္ျမန္ၿမိဳခ်ၿပီး အိပ္ရာထဲတိုးဝင္ကာ အိပ္ပစ္လိုက္တဲ့အခ်ိန္က ၇နာရီထိုးဖို႔၁၅မိနစ္အလို။ 

"ဦးေလး ဦးေလး"

တံခါးေခါက္သံနဲ႔အတူ စည္သူႏွိုးသံၾကားမွ မ်က္လုံးေတြအတင္းဖြင့္ကာ ထလိုက္ရသည္။ ဖုန္းကနာရီကို ဆြဲၾကည့္ေတာ့မွ ၁၀နာရီထိုးေနၿပီျဖစ္သည္။

" အင္း ထၿပီ"

အသံျပန္ေပးလိုက္မွ စည္သူက တံခါးဖြင့္ကာ ဝင္လာသည္။ အခုမွေရခ်ိဳးၿပီးပုံရတဲ့ စည္သူနားက
ေရခ်ိဳးဆပ္ျပာနံ႔ရေနသည့္အျပင္ ဝတ္စုံကလည္း ဝါးတီးကုတ္နဲ႔မို႔ ထူးဆန္းေနသည္။

"ထေတာ့ ေအာက္ထပ္သြားမယ္"

"ဘယ္သြားၾကမလို႔လဲ "

" သုန္သုန္တို႔နဲ႔ ကိုးထပ္ႀကီးနားက ဘုန္းႀကီးေက်ာင္း
လိုက္သြားမလို႔ အဲ့တာ ဦးေလးကို လာနိုးတာ အန္တီက
လိုက္ပို႔ေပးပါလားတဲ့ "

" ေအးေအး အဝတ္အစားလဲၿပီး ဆင္းလာခဲ့မယ္ သြားႏွင့္"

စည္သူထြက္သြားၿပီးမွ မ်က္နာျပန္သစ္ သန့္ရွင္းေရးျပန္လုပ္ကာ စတစ္ေကာ္လံ အျဖဴနဲ႔ ပုဆိုးအညိဳကြက္တစ္ထည္သာ ဆြဲထုတ္ၿပီး ျမန္ျမန္ဝတ္ကာ ေအာက္ထပ္ဆင္းလာေတာ့ အန္တီ၊သုန္သုန္အျပင္ စည္သူပါ ခ်ိဳင့္ကိုယ္စီနဲ႔။

" သာကီ သားေရ မင္းတို႔ ဘဘျပန္လာႀကိဳေနၿပီဆိုေတာ့
အန္တီတို႔လိုက္သြားလိုက္ေတာ့မယ္ သားဘာမွမစားရေသးဘူးမလား ဝင္စားထားလိုက္ စားပြဲေပၚမွာ ျပင္ခဲ့တယ္ အိမ္လည္းမပိတ္ခဲ့ေတာ့ဘူး ၾကည့္ထားေပးပါအုန္း ခနပဲ ေန႔ဆြမ္းေလးကပ္ၿပီး ျပန္လာမွာ"

"ဟုတ္ အန္တီ "

အစက လိုက္ပို႔မလို႔လုပ္ထားေပမယ့္ အခု မလိုက္ရေတာ့ဘူးဆိုေတာ့ အန္တီတို႔ အိမ္ထဲဝင္ကာ မနက္စာ စားဖို႔ျပင္လိုက္သည္။

စားပြဲေပၚ မွာ အသင့္တင္ထားတဲ့ ေခါက္ဆြဲပန္းကန္ေၾကာင့္ ဟင္းရည္တစ္မ်ိဳးသာ ထည့္ဖို႔လိုေနသည္။ မီးဖိုေပၚက
ဟင္းရည္အိုးကို ဖြင့္လိုက္ေတာ့ ေမႊးပ်ံ႕လာတဲ့အနံ႔က
ဗိုက္ထဲ ဆာေလာင္မွုကို ပိုထႂကြေစသည္။

အုန္းနို႔ေခါက္ဆြဲတစ္ပန္းကန္စားၿပီတာနဲ႔ ျပည့္တင္းသြားတဲ့ဗိုက္ေၾကာင့္ ပါးစပ္က စားခ်င္ေသးေသာ္လည္း
ထပ္စားလို႔မျဖစ္ေတာ့။ ရွပ္လက္ရွည္ကို တံေတာင္ဆစ္ထိ ပင့္တင္လိုက္ၿပီး ေဘစင္ေပၚက ေဆးရမည့္ ပန္းကန္တခ်ိဳ႕ပါ တစ္ခါတည္း ေဆးထားေပးလိုက္သည္။

တစ္ရွူးနဲ႔ ေရစိုေနတဲ့လက္ေတြသုတ္ရင္း ဝရန္တာထြက္လာေတာ့ မ်က္ေစာင္းထိုးတိုက္ေအာက္မွာ စားပြဲခုံ
တစ္ခုံနဲ႔ ေဖာ့ဘူးအျဖဴေလးေတြ မနည္းမေနာစီတင္ထားသည္ကိုေတြ႕လိုက္ရေတာ့ စတုဒီသာေကၽြးေနၾကသည္
ထင္တယ္။ ဒီသၾကနၤ္ဘာမွလည္း ကုသိုလ္မျပဳရေသးေတာ့ စတုဒီသာ တစ္ခုခုလုပ္မွထင္တယ္လို႔
ေတြးမိလာသည္။ ဟုတ္ၿပီ သုန္သုန္နဲ႔စည္သူျပန္လာမွ အေဖာ္ညႇိရမယ္။

ဘဘႀကီး စာအုပ္စင္ေပၚက ေရႊဥေဒါင္းရဲ့
ဘာသာျပန္စာအုပ္ အႀကံဉာဏ္ျဖင့္ ႀကီးပြါးေရးဆိုတဲ့
စာအုပ္အျပာႀကီးကို ဆြဲယူကာ ဖတ္ၾကည့္မလို႔ျပင္လိုက္သည္။ေရႊဥေဒါင္းဆိုမွ ဟိုေကာင္ေလး ၃၇လမ္းမွာတုန္းက သူညႊန္းလိုက္တဲ့ ေရႊဥေဒါင္းစာအုပ္ဝယ္သြားတာပဲ။

စာအုပ္ထဲက ဟိုတစ္စ ဒီတစ္စေလာက္သာ
စိတ္ဝင္စားတဲ့ေနရာေလးေတြ ကြက္ၿပီးဖတ္ေနတုန္း
ျပန္ေရာက္လာၾကတဲ့ စည္သူတို႔ေၾကာင့္ စာအုပ္ကို
လက္ကခ်ကာ ပစၥည္းေတြကူသယ္ေပးလိုက္သည္။

စတုဒီသာလုပ္ခ်င္တဲ့အေၾကာင္းေျပာေတာ့ အန္တီက
အေအးတစ္ခုခုတိုက္ဖို႔ေျပာလာတာေၾကာင့္ အေပၚတက္ၿပီး ပိုက္ဆံအိတ္ျပန္ယူကာအန္တီမွာလိုက္တာေတြ ဝယ္ဖို႔ ေျပးရျပန္သည္။ ဘဘႀကီးကေတာ့ ဘုန္းႀကီးေက်ာင္းမွာညေနမွျပန္လာမည္ျဖစ္သည္။

စည္သူနဲ႔အတူ အစားစားေနရင္ ဖုန္းသုံးေနတဲ့ သုန္ေလးဖုန္းက video callဝင္ေနတဲ့ အသံ ကို အန္တီကို လုပ္ကူေနရင္း
ၾကားလိုက္ရသည္။ ဟိုဖက္က စကားသံကို ေသခ်ာမၾကားရေပမယ့္ သုန္ေလးရဲ့ ကိုႀကီးဆိုတဲ့ အသံေၾကာင့္
သူလန့္သြားရေသးသည္။

အန္တီကဖုန္းေျပာေနတာမို႔ သူအေအးထည့္မည့္
တစ္ခါသုံးခြက္ေတြကို ေအာက္သယ္သြားဖို႔ ျခင္းထဲ
စီထည့္ေပးလိုက္ၿပီး လုပ္စရာမရွိေတာ့တာမို႔
ေဘစင္ေဘးမွာ ခနရပ္ေနမိသည္။

အန္တီက ဟိုဖက္ကလူတစ္ေယာက္နဲ႔စကားေျပာၿပီး
ထိုကေလးကိုေခၚလိုက္တာမို႔ ဘာရယ္မဟုတ္
ဖုန္းစခရင္ကိုလွမ္းၾကည့္မိလိုက္သည္။

အနီးမွုန္ေနတဲ့ကိုယ္က မ်က္မွန္ကလည္း စာၾကည့္မွတပ္ေတာ့ ေသခ်ာေတာ့မျမင္လိုက္ရေပမယ့္ ထိုကေလးဆိုတာေတာ့ အသံၾကားၿပီး မြဲမြဲေလးျမင္လိုက္ရတဲ့မ်က္နာေၾကာင့္ အတက္သိလိုက္သည္။

အိမ္ေရွ႕ခန္းကို ပစၥည္းသယ္ေနရင္း
သုန္ေလးက ဦးေလးဆိုကာ ႏွုတ္ဆက္ခိုင္းေနတာမို႔
ေၾကာင္ေတာင္ေတာင္နဲ႔ ဘာေမးရမွန္းမသိကျဖစ္သြားေသးသည္။

"ေနေကာင္းလားညီ"

"ဟုတ္ေကာင္းတယ္ဗ်"

"Okok"

ကိုယ္ေရွ႕မွာ တစ္ခါေနမေကာင္းျဖစ္ဖူးတဲ့ ကေလးမို႔
ေတြ႕တာနဲ႔ေနေကာင္းလားဆ္ုၿပီး အရင္ေမးမိတာကေတာ့
မတတ္နိုင္။ ဆရာဝန္ဆိုေတာ့ ေမးေနၾကစကားကပဲ
ပါးစပ္က ႐ုတ္တရက္ထြက္သြားေတာ့လည္း ယဥ္ယဥ္ေက်းေက်းျပန္ေျဖေပးလာသည္။

အဲ့ဒီကေလးရဲ့ "ဗ်" အဆုံးသတ္နဲ႔ ေတာင္ႀကီးသံ ခပ္ဝဲဝဲေလးက တကယ္နားေထာင္လို႔ေကာင္းေနတာ။ ခ်စ္စရာလည္း ေကာင္းလိုက္ေသးတယ္။

မိသားစုထဲ အငယ္ဆုံးမို႔ ညီေလး ညီမေလး
႐ူးေနတဲ့အခ်ိန္ စည္သူေလးေရာက္လာေတာ့
ဂ႐ုတစ္ိုက္နဲ႔ ေစာင့္ေရွာက္ခဲ့တာမို႔ ဒီကေလးကလည္း
အန္တီရဲ့တူ သုန္ေလးရဲ့ေမာင္ေလးဆိုေတာ့
ကိုယ့္ ညီေလး အင္း ..ညီေလးေပါ့။

ဒီညေတာ့ သုန္ေလးတို႔ စည္သူတို႔ကို
စားခ်င္တဲ့ဆိုင္မွာလိုက္ေကၽြးမယ္ေျပာထားေတာ့
ဘုရားသြားမယ့္ေနက်  ထိုကေလးကိုလည္း
စားခ်င္တာ တစ္ခုခုဝယ္ေကၽြးအုန္းမွပဲ။

_____\\\_____

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

147K 21.3K 114
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
1.2M 42K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1M 53.4K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
393K 26.2K 83
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary