NYAN'S

بواسطة HaeBoom

58.2K 6.9K 1K

Own Characters المزيد

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပ်ိုင်း(၃၃)အဆက်
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)

အပိုင်း(၃)

1.4K 175 20
بواسطة HaeBoom

သုဉာဏ်ထက် အိမ်သားတွေ အခေါ် သားငယ်ပေါ့။
နိုးလာတော့ မနက်၇နာရီ ကျော်လောက်သာရှိသေးသည်။
တောင်ကြီးမှာဆို နေဖင်ထိုးထိ အိပ်လည်း ပြောမည့်သူ
မရှိပေမယ့် ရန်ကုန်အိမ်ကတော့ ဖိုးဖိုးကို ကြောက်ရ၍
နောက်အကျဆုံး ၈နာရီထိပဲ အိပ်ရသည်။

တဘတ်တထည်ဆွဲယူကာ ရေချိုးခန်းထဲ ဝင်ပြီး
မျက်နာသစ် သွားတိုက် ရေချိုးတာအကုန်
ခပ်သွက်သွက်လုပ်လိုက်သည်။ ဘယ်ဘက်လက်ဖမိုးပေါ်က အမှတ်လို့ထင်ရတဲ့ ဆိုင်ကယ်မှောက်တုန်းက
ရလိုက်တဲ့ အညိုရောင်အမာရွတ်လေးက ဖြူဝင်းဝင်း သူ့အသားအရည်ကြောင့် ထင်းနေတော့သည်။

တနင်္လာ ကနေ ကြာသပတေးဆို မနက် ၉နာရီ မှ နေ့လည်၁၁ထိပန်းဆိုးတန်းဖက်မှာ ကွန်ပျူတာပိုင်းနဲ့ ပတ်သတ်တဲ့သင်တန်းရှိတာမို့ သူအဝတ်အစားကို ခပ်သစ်သစ်တထည် ကောက်စွတ်လိုက်သည်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီးဟန်နေက ဝက်ခြံပေါက်တတ်တဲ့သူ့ကို အသားအရေသေချာဂရုစိုက်ပေးတာမို့ tonerနဲ့ SPFပါတဲ့ ရေဓာတ်ဖြည့် creamတစ်ခုတော့ သူစွဲလိမ်းဖြစ်သည်။ နောက်ဆုံးသတ်အနေနဲ့ စွတ်နေကျ ရေမွှေး ကို နှစ်ချက်စွတ်လိုက်ပြီးပြင်ဆင်တာကို အဆုံးသတ်လိုက်သည်။

" သားငယ် မနက်စာ ကြီးကြီးဝင်း ဘာလုပ်ပေးရမလဲ"

မနက်စာကို heavy မစားတတ်တဲ့သူက ကော်ဖီနဲ့ အဆာပြေတစ်ခုခုစားတတ်တာမို့ ခေါင်းသာခါပြလိုက်သည်။

"သား ကော်ဖီနဲ့ ကိတ်ခြောက်ဘဲ စားလိုက်တော့မယ်
ကြီးကြီးဝင်း ဖွားဖွားရော"

မနက်ဆို ဖိုးဖိုးနဲ့ တီငယ်လေးက ဗိုလ်တထောင်ကမ်းနားက
ဆန်ကုန်သည်များအသင်းဝင် ဖြစ်တာကြောင့် အရောင်းအဝယ်လုပ်တဲ့ အဲ့ဒီကို စောစောသွားတက်တာမို့ ဒီအချိန်အိမ်မှာမရှိ ။ဖိုးဖိုးကတော့ ၉နာရီလောက်မှသာ အိမ်ကိုပြန်ရောက်လာပြီး တီငယ်လေးကတော့ အိမ်ကပွဲရုံလုပ်ငန်းရှိသည့် ပုစွန်တောင်ကို
သွားရသည်။

" မမကြီးက ဘုရားရှိခိုးနေတယ် သားပဲ အရင်စားလိုက် သင်တန်းနောက်ကျနေအုန်းမယ်"

ကော်ဖီတစ်ခွက် ငှဲ့ပေးရင်း ကြီးကြီးဝင်းက သူ့အရှေ့ ချပေးသည်။ ကိတ်ခြောက်တစ်ခု ကောက်ဝါးလိုက်ပြီး
ဖုန်းကိူ ဖွင့်ကြည့်လိုက်သည်။ ခပ်မြန်မြန်လက်ချောင်းတို့ကို လှုပ်ရှားမှုအပြီး သူရှေ့က ကော်ဖီခွက်လေးကိုပါ
ဓာတ်ပုံရိုက်လိုက်သေးသည်။

- Mornee အသဲလေး ☕️ ဆိုတဲ့ စာနဲ့အတူ
ကော်ဖီခွက်ပုံလေးပါ ပို့လိုက်သည်။

သိပ်မကြာ ကြွေခွက်ဖြူလေးထဲမှာ မလိုင်တက်နေတဲ့
လက်ဖက်ရည်တစ်ခွက်ပုံနဲ့အတူ "Mornee too😚"ဆိုတဲ့
စာလေးပြန်ရောက်လာသည်မို့ သူပြုံးလိုက်မိသည်။
တကယ်တော့ ဟန်နေနွယ်လို့ ခေါ်တဲ့ သူကောင်မလေးနဲ့သူက အကြိုက်တွေထပ်တူကျသည်မို့ ချစ်သူရည်းစားဆိုတာထက် သူငယ်ချင်း မောင်နှမလို ရင်းနှီးသည်။

ကော်ဖီ လက်ဖက်ရည်ကြိုက်တာလည်းတူတယ်။
အရောင်ကြိုက်တာလည်းတူတယ် ။ လွတ်လပ်တဲ့ နေထိုင်မှု အယူအဆ အတွေးအခေါ်တစ်ချို့လည်းတူတယ်။
မတူတာကတော့ အစပ်ကြိုက်တာ မကြိုက်တာပါပဲ။
သူက အစပ်ကြိုက်သလောက် ဟန်နေကတော့ အစပ်စားတာနဲ့ မျက်ရည်တွေကျကာ ကြို့ထိုးတက်သည်။

" မြေးငယ် ကော်ဖီပဲ သောက်တယ်ဆို ဗိုက်ရောဝရဲ့လား "

"ဝပါတယ်ဖွားရဲ့ သားနေ့လည်ကျမှပဲ များများစားတတ်တာ "

ထမင်းစားခန်းထဲဝင်လာရင်း မေးတဲ့ ဖွားဖွားက်ို ပြုံးပြရင်
ပြန်ဖြေတော့ ဖွားက ခေါင်းလေးကို ပုတ်တယ် ။

"သင်တန်းသွားရင် ဖွား ရေဘူးနဲ့ လက်ကိုင်ပုဝါ ထုတ်ထားပေးတယ်နော် အရှေ့စားပွဲမှာ ဦးထုပ်လည်းမမေ့နဲ့အုန်း
မြေး"

"ဟုတ် ဖွားဖွား သားသွားပြီ"

ဖွားဖွားကိူ နှုတ်ဆက်ပြီးတာနဲ့ အိမ်ရှေ့ခန်းက ရေဘူးရယ် လက်ကိုင်ပုဝါအပြာလေးရယ်ကို ကျောပိုးလွယ်အိတ်ထဲထည့်ကာ လျှာထိုးအုပ်ထိုးနက်ပြာရောင်ကိုပါ တစ်ခါထဲဆောင်းလိုက်သည်။ နေပူထဲ ဦးထုပ်မဆောင်းမိရင်
နှာခေါင်းသွေးလျှံတတ်တာမို့ နေ့တိုင်းဆောင်းရတဲ့
ဦးထုပ်ကတော့ သူအကြိုက်ဆုံး accessorieတစ်ခု။

"လာ ကြီးကြီးဝင်း ခြံတံခါးလိုက်ဖွင့်ပေးမယ်"

ကားဂိတ်က လမ်းထိပ်တင်ဘဲမို့ သိပ်တော့မဝေး။
သိပ်မကြာလိုက် သူစီးရမည့် နံပါတ်ရောက်လာ၍
သူများတွေလို အပြေးတက်လိုက်သည်။ ဖွားဖွားသေချာလေးခေါက်ထည့်ပေးထားတဲ့၂၀၀တန်တွေထဲက တစ်ရွက်ဆွဲထုတ်ကာ ထည့်လိုက်ပြီး သူအနောက်ထဲထိ ဝင်ကာအပေါက်ဝနားမှာ ရပ်လိုက်သည်။ ပြည့်ကျပ်နေတာတော့မဟုတ်ပေမယ့် ထိုင်ခုံကတော့မရှိတော့။ စီးရမည့်အကွာအဝေးကလည်း မဝေးတာမို့ သူရပ်နေလိုက်သည်။

အလယ်ဘလောက် 36လမ်းနဲ့ အနော်ရထာလမ်းဆုံတဲ့ မှတ်တိုင်မှာ သူဆင်းလိုက်ပြီး လမ်းတစ်ဖက်ကူးလိုက်သည်။ သူတက်တဲ့ သင်တန်းက ၃၇လမ်းထဲမှာမို့ သူခပ်သွက်သွက်သာ လျှောက်နေမိသည်။ စည်ကားလှတဲ့ ကားလမ်း ၊များစွာသောလူတွေကို ဖြတ်ကျော်လို့အပြီး သူ့သင်တန်းအောက်ကို
ရောက်လာပြီဖြစ်သည်။ သင်တန်းက ၄လွှာမှာမို့ သူခပ်မြန်မြန်တက်ပြီး သင်တန်းပေါက်ဝရောက်တော့ တီချယ်လို့
သူခေါ်တဲ့ သင်တန်းfounder အန်တီကြီးက နှုတ်ဆက်သည်။

"သားလေး ရောက်ပြီလား "

"ဟုတ်ကဲ့ ဗျ"

" အေးပါကွယ် သွားကြိုက်တဲ့စက်မှာ ဝင်ထိုင်ချည်"

သူ၁၀တန်းဖြေပြီးကတည်းက ကွန်ပျူတာနဲ့ပတ်သတ်ရင်
ဒီသင်တန်းပဲတက်နေတာမို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း တီငယ်လေးရဲ့ ဆရာမဖြစ်သူ တီချယ်က သူနဲ့
ခင်မင်ရင်နှီးသည်။

ထောင့်နားက စက်တစ်ခုမှာ ဝင်ထိုင်ပြီးတာနဲ့ ရေဘူးထုတ်ကာ ရေသောက်နေလိုက်သည်။

"သား ဘယ်နေ့ကရောက်လဲ နှင်းထက်က မနေ့ညကမှ
တီချယ့်ကို ဖုန်းဆက်လာလို့"

"ကြာသပတေးမနက်က ရောက်တာဗျ "

"တီချယ်လည်း အရင်တပတ်ကမှ
မော်လမြိုင်က ပြန်ရောက်တယ် သင်တန်းကတော့
ဆရာ့ကို လွဲခဲ့ရတယ် ပူလိုက်တာ သားတို့ တောင်ကြီးနဲ့တော့
ကွာမှာပေါ့"

"တောင်ကြီးလည်း နွေရာသီဆို နည်းနည်းပူလာပြီ
တီချယ် "

"အေးကွယ် ရာသီဥတုက မနေနိုင်တော့ဘူး "

တီချယ်ကပြောလည်းပြော အဲယားကွင်းက်ို ပိုအေးစေပြန်သည်။ မကြာလိုက် သင်တန်းသားတွေရော သင်တန်းသင်ပြမည့် ဆရာတွေပါရောက်လာ၍
သင်တန်းစလိုက်ကြသည်။

သင်တန်းပြီးတာနဲ့ တိုက်အောက်ရောက်တာနဲ့ တီငယ်လေးကို ဖုန်းဆက်လိုက်သည်။ တီငယ်ရှိနေတဲ့ ပုစွန်တောင်ဖက်က ပွဲရုံကိုလိုက်သွားရမှာမို့ပင်။

"တီငယ်လေး သားဘာဝယ်လာရအုန်းမလဲ"

"နေ့လည်စာ ဒီမှာလာစားမလို့လား သားငယ်က "

" အင်း "

" ရတယ် သားငယ်စားချင်တာဝယ်ခဲ့
ဒီမှာတော့ အိမ်ကလာပို့တဲ့ ဟင်းတွေရှိတယ် တီလေး ဘာလုပ်ထားပေးရအုန်းမလဲ"

တီငယ်လေးဆီက ဖုန်းချပြီးတာနဲ့ သူအနော်ရထာလမ်းက
Lotteriaဆီကို ဦးတည်လိုက်သည်။ မှာပြီးတာနဲ့ ခနစောင့်ရမှာမို့ beeperလေးကိုင်ပြီး သူဘေးမှာရပ်စောင့်နေလိုက်သည်။

Silent ထားတာမို့ အိပ်ကပ်ထဲ တုန်ခါနေတဲ့ ဖုန်းကို
ထုတ်ကြည့်တော့ မသုန်၏ အမေ  ကြီးကြီးမေဖြစ်နေတာမို့ သူကိုင်လိုက်သည်။

- သားငယ်လေး ကြီးကြီးမေတို့ဆီမှာ နေ့လယ်စာ
လာစားပါလား ကြီးမေ ဟင်းတွေချက်ထားတယ် "

စမ်းချောင်းမှာ ကွန်ဒိုနဲ့ နေတဲ့ ကြီးမေတို့မိသားစုက
စနေနေ့မနက်ကတည်းက သင်တန်းကအပြန်ထမင်းလာစားဖို့ မှာလိုက်တာ သူမေ့နေတာပဲ။ ဖေဖေရဲ့ အစ်မဆိုပေမယ့် အိမ်ထောင်ကျတာ နောက်ကျပြီး မသုန်တစ်ယောက်ပဲ မွေးထားတာကြောင့် ကိုယ်တို့ ညီအစ်ကိုနှစ်ယောက်ကိုတော့ တော်တော်ချစ်ရှာသည်။ တကယ်တော့ သူရန်ကုန်ရောက်တိုင်း အဖိုးအိမ်ထပ် ကြီးမေတို့အိမ်မှာ နေရတာ ပိုပျော်သည်။

"ကြီးကြီးမေ သားက အခုတီငယ်လေးဆီမှာ စားနေပြီ
ညနေမှ သားလာခဲ့မယ်လေ ပွဲရုံထိုင်ကူရအုန်းမှာမို့ "

-အေးအေး ဒါဆို ကြီးမေ မျှော်နေမယ်နော် သားငယ်

ဖုန်းချပြီးတာနဲ့ လင်းလာတဲ့ beeperလေးကြောင့် သူကောင်တာဆီ သွားကာ ပါဆယ်ထုပ်ကို ယူလာလိုက်သည်။ အပေါ်ဘလောက် ဗိုလ်ချုပ်လမ်းက Ruby martနားက
မှတ်တိုင်မှာ စီးရမှာမို့ သူလမ်းနည်းနည်းလျှောက်ရသေးသည်။ တောင်ကြီးမှာဆို ကားမဟုတ်တောင် ဆိုင်ကယ်နဲ့ နီးနီးနားနားသွားရတာကြောင့် အခုလို လမ်းသိပ်မလျှောက်ဖြစ်။

နေပူတာကြောင့် သူ့မျက်နာ ချွေးနည်းနည်းထွက်ပြီး
မျက်ခုံးတို့ကပါ ကျုံ့ထားမိသည်။ ကားစောင့်နေတုန်း
ဘေးကို တိုးကပ်လာတဲ့ ကောင်မလေးကြောင့် လူက လန့်သွားမိသည်။

" အစ်ကို နှစ်ရာတန်ပါလားဟင် ညီမဆီမှာ
ငါးရာတန်ပဲ ပါလာလို့"

ဂျင်းဘောင်ဘီအရှည်ကို တီရှပ်နဲ့ ဝတ်ထားပြီး ကျောပိုးအိတ်လွယ်ထားတဲ့ကောင်မလေးက ထီးနဲ့ နေရောင်ကို ကာလိုက်တာမို့ သူနည်းနည်းနေပူသက်သွားသည်။

"ပါတယ်ဗျ ညီမ "

"ဒါဆို အဲ့နှစ်ရာ ညီမကိုပေးလိုက် တက်ရင် ညီမထည့်လိုက်မယ် "

"အော် ဟုတ် "

ထိုးစ်ုက်လာတဲ့ ၉၃ကားကြောင့် ရှေ့တိုးလာကြတဲ့
သူနဲ့အတူတူတက်မည့် လူအုပ်က မနည်းမနော ။ ခုနကကောင်မလေးက်ို အရှေ့က တက်စေလိုက်တော့ "နှစ်ယောက်စာ"လို့ပြောပြီး ငါးရာတန်ထည့်လိုက်တာမို့ သူတို့ အနောက်ကို တဖြေးဖြေးတိုးလာလိုက်သည်။ အနောက်နားရောက်တာနဲ့ လူများတာမို့
သူခေါင်းမော့ကာ လေနည်းနည်းရှူလိုက်သည်။

မှတ်တိုင်တစ်ခုရပ်တိုင်း လူတစ်ချို့ဆင်းသွားတာမို့
သူဆင်းမည့် မှတ်တိုင်ရောက်တော့ ကားပေါ် လူက အနည်းငယ် ချောင်သွားသည်။

ဟူး သူရန်ကုန်ကို သဘောမကျတာ ဒါတွေကြောင့်။

ကြက်ကြော်ထုပ်ကိုဆွဲပြီး တီငယ်လေးဆီသာ
ခပ်သွက်သွက်လျှောက်မိတော့သည်။

___

ညနေရောက်တော့ ကြီးမေဆီမှာ သွားအိပ်မလို့ဆိုပြီး
မနက်ဖြန်ဝတ်မည့်အဝတ်အစားတစ်စုံနှင့် ညအိပ်တစ်စုံထည့်ကာ စမ်းချောင်းကို ပြေးရတော့သည်။ ဘတ်စ်ကားတွေက ရုံးဆင်းချိန်ကြောင့် လူများနေမည့်အပြင် နှစ်ဆင့်စီးရမှာမို့ သူtaxiသာ တားလိုက်ရတော့သည်။

၆နာရီကျော်ဆိုပေမယ့် လင်းနေသေးတဲ့ ပတ်ဝန်းကျင်ကြောင့် သူလမ်းတစ်လျှောက်ငေးမိသည်။ ဗိုလ်တထောင် ကမ်းနားညစျေးမှာလည်း လူတွေက စီကားနေပြန်သည်။ ရုန်းကန်လှုပ်ရှားနေရတဲ့ ရန်ကုန်မြို့ကြီးကိုငေးရင်း ကြီးမေတို့ တိုက်အောက်ကို ရောက်လာခဲ့သည်။

Miniကွန်ဒိုမို့ ဓာတ်လှေကားကနေထွက်ပြီး
မသုန်တို့အခန်းဆီ တန်းရောက်သည်။တံခါးခေါက်လိုက်တော့ တံခါးလာဖွင့်တာက မသုန်။ အခုမှ ဆိုက်က ပြန်လာပြီး ရေမိုးချိုးထားပုံရသည်။ ညအိပ်ဝတ်စုံနဲ့ ဆံပင်က မခြောက်တခြောက်။

"သုသုရောက်ပြီ မေမေရေ"ဆိုပြီး ကြီးမေကိုပါ
လှမ်းအော်နေသည်။

"အဲ့လို့ မခေါ်ပါနဲ့ဆို မသုန်ရာ"

အော်ရယ်နေတဲ့ အစ်မဝမ်းကွဲကို မနိုင်တာမို့ ခေါင်းသာခါပစ်လိုက်သည်။ ကြီးမေကတော့ သူ့ကိုမြင်တာနဲ့
ငါ့တူလေးက အရပ်တွေရှည်လာလိုက်တာ
ချောလာလိုက်တာ စသည်ဖြင့် ပြုံးပြုံးကြီး ကြည့်ကာပြောနေတတ်တာ အရင်နေ့တွေကတည်းက။

ညစာစားတော့လည်း ဟင်းတွေကလည်း စုံစိနေတော့သည်။ ဟင်းချက်လက်ရာကောင်းတဲ့ ကြီးမေက ဖေဖေရဲ့
အသည်းကျော်ကြီးပင် ။ဖေဖေရန်ကုန်ရောက်တာနဲ့
ငါ့မောင် ဘာစားချင်လဲ ဆိုပြီး စျေးနဲ့အိမ်ကို မမောတမ်းသွားကာ ချက်တော့သည်။

" ငါ့တူကြီးက အရပ်ကြီးတွေရှည်လာလိုက်တာ"

ကြီးမေရဲ့ အမျိုးသားဖြစ်သူ ဘဘကြီးကတော့
သူအရပ်ရှည်လာတာကို ပြောလို့မပြီး အသံကျယ်ကျယ်နဲ့
ချီးကျူးနေတော့သည်။ အရပ်ပုတယ်လို့ အမြဲတမ်း
အစခံနေရတဲ့ မသုန်က ဂျိုကစ်နေတာမို့ လျှာထုတ်ကာ
ပြောင်ပြလိုက်တော့ အောက်က ခြေဖမိုးကို ဖိကြိုက်လာတဲ့ ခြေဖဝါးသေးသေးတစ်ခု။ အငယ်ဆိုပြီး ညှာရကောင်းမှန်းလည်းမသိတဲ့ မသုန်ကို မျက်လုံးပြူးပြလိုက်ရသည်။

သူညအိပ်ဝတ်တဲ့ တီရှပ်နဲ့ အောက်က ချည်သားဘောင်းဘီရှည်ကို လဲပြီးတော့ ဧည့်ခန်းမှာ မသုန်နဲ့အတူ ရုပ်ရှင်ကြည့်ဖို့ ထွက်လာလိုက်သည်။ ပြောင်လက်နေတဲ့ ပါကေးပေါ် ဒီအတိုင်းထိုင်နေတဲ့ မသုန်ဘေးဝင်ထိုင်ရင် သူ့လက်ထဲက
အချိုရည်ဗူးကိုပါ ဆွဲယူပြီး တစ်ငုံသောက်လိုက်သည်။

"သုန်သုန်ရေ ဒါလေး စည်သူတို့ကို သွားပို့လိုက်အုန်း
မနက်မှဆို သာကီလေး ထမင်းချိုင့်မမီဘဲဖြစ်နေအုန်းမယ်"

ကြီး​မေက အိုဗာတင်းဖန်ပုလင်းတစ်လုံးကို လက်ကကိုင်ရင်း မီးဖိုထဲက ထွက်လာကာ မသုန်ကိုပြောနေတာမို့ သူပါ
လှည့်ကြည့်မိသည်။

"ဟာ မေမေကလည်း ဇာတ်လမ်းကကောင်းနေပြီ
မနက်မှ သွားပေးလိုက်မယ် "

"ဟဲ့ အပေါ်ထပ်လေးတင်သွားပို့ရမှာ ၅မိနစ်မကြာပါဘူး
ငါခိုင်းနေရင် ချက်ချင်းထနော် သုန်သုန်"

"မေမေကလည်း "

"ဟဲ့ ငါက ထဆို အခုထစမ်း"

ဆောင့်အောင့်ကာ ထလာတဲ့မသုန်က သူ့ကို ငုံ့ကြည့်ကာ
"လိုက်ကူ"လို့ ပြောလာသည်။ သူလည်းထကာ ပုလင်းကိုင်ပေးလိုက်သည်။ ပုလင်းထဲမှာ မြေပဲကို ငရုတ်သီးမှုန့်နဲ့
ကြော်ထားတဲ့ ဟင်းကြော်တစ်ချို့သာ မြင်ရသည်။

" ပြောင်းလာတာ ၁လကျော်ပဲရှိသေးလို့ပဲတော်တော့
ငါမှာ အပေါ်ထပ်နဲ့အောက်ထပ်ကို ဟင်းပို့ရတဲ့
Deli သမားကြီး ကျနေတာပဲ"

ပါးစပ်ကနေ ပတွတ်ပတွတ်ရွတ်နေတဲ့ မသုန်က
ဓာတ်လှေကားခလုတ်ကို ကျွံမတတ်နှိပ်နေသည်။

"ကိုစည်သူဒီကို ပြောင်းလာလို့
Night outကို ကြီးမေက လွှတ်တာမလား
အပြန်အတူတူအဖော်ရှိတယ်ဆိုပြီးတော့လေ
ကျေးဇူးရှင်နော် ဆူအောင့်မနေနဲ့"

ကိုစည်သူတို့က အရင်က လှည်းတန်းဖက်က တိုက်ခန်းမှာ
နေမှန်း တစ်ခါမှမရောက်ဖူးပေမယ့် သူသိထားသည်။
အခုမှ ကိုစည်သူဦးလေးက ဒီကွန်ဒိုမှာ တိုက်ခန်းဝယ်လိုက်တာမို့ လာပြောင်းနေကြကြောင်း သောကြာနေ့ညက
ကိုစည်သူပြောလို့ သိထားပြီဖြစ်သည်။ ပြီးတော့ သူတို့အုပ်စုက သောကြာညတိုင်း TGIFဆိုပြီး nightout ကြတာမို့
အပတ်တိုင်းလာခဲ့ဖို့ သူ့ကိုပါခေါ်ထားသေးသည်မလား။

တံခါးခေါက်လိုက်တော့ တံခါးလာဖွင့်တာက ကိုစည်သူ။

" ဘာလာလုပ်တုန်း"

Gayပါလို့ ကိုယ်တိုင်come out လုပ်ထားတဲ့ ကိုစည်သူက တက္ကသိုလ်ရောက်မှ မသုန်နဲ့ ခင်ပေမယ့် မောင်နှမလိုဖြစ်နေသည်။ သူကိုယ်တိုင်လည်း LGBTကို လက်ခံတာမို့
ပြသာနာမရှိတာကြောင့် အကုန်လုံးကရင်းရင်းနှီးနှီးပင်။

"ဒီမှာ ဦလေးအတွက် ဟင်းကြော်လာပို့တာ
နင်တစ်ယောက်ထဲလား "

အခန်းကိုဝေ့ဝဲကြည့်ကာ ဆိုဖာမှာထိုင်ရင်း မသုန်ကမေးလိုက်သည်။ သူလည်း ဝင်ထိုင်လိုက်ပြီး ဖွင့်ထားတဲ့ တီဗီကိုကြည့်နေလိုက်သည်။

"မဟုတ်ဖူး ဦးလေး ခုနကပဲ ပြန်ရောက်လို့ ရေချိုးနေတယ် "

ကိုစည်သူရဲ့ ဦးလေးမှာ ဆရာဝန်ဆိုတာ သိထားတော့
အသက် အတော်အတန်ကြီးနေလောက်ပြီးလို့ စိတ်ထဲကတော့ တွေးနေမိသည်။ တစ်ခါမှ မမြင်ဖူးတာရော ကိုစည်သူရဲ့ social media postတွေမှာလည်း တစ်ခါမှ မတွေ့ဖူး။

နှာခေါင်းထိပ်မှာ ဖြတ်ခနဲရလိုက်တဲ့ ပူရှိန်းရှိန်း ခေါင်းလျှော်ရည်အနံ့နဲ့အတူ တံခါးဖွင့်သံတစ်ခုကြောင့် သူခေါင်းက အလိုလို လှည့်ပြီးသားဖြစ်သွားသည်။

တီရှပ်အဖြူကိုမှ ရင်ဘတ်မှာ ခုနှစ်နှစ်ခုကို အနီလေးနဲ့ရေးထားတဲ့ ဆေးရိုက်စာတန်းတစ်ခုက သူတို့ကျောင်းတွေမှာ လုပ်တဲ့ မေဂျာတီရှပ်လို ပုံစံ။ အောက်က ဘောလုံးကန်
ဘောင်းဘီအမဲဝတ်ထားပြီး ပုခုံးပေါ်မှာ တဘတ်တထည်ပါ တင်ထားသေးသည်။

ရေချိုးစမို့ ဖြူသန့်သန့်မျက်နာနဲ့အတူ
တဘတ်ကိုင်ထားတဲ့ လက်ဖဝါးက သွေးရောင်က ရဲတောက်နေတော့သည်။ ဆံပင်ဘေးနှစ်ဖက်ကို ခပ်ပါးပါးထိုးထားတာမို့ နီရဲနေတဲ့နားရွက်တို့ကလည်း ရှင်းလင်းစွာမြင်နေရသည်။ ပါးအလယ်တည့်တည့်က မှဲ့သေးသေးလေးကလည်း ဖြူစွတ်နေတဲ့ မျက်နာပေါ် ထင်းနေသေးသည်။

နီစွေးနေတဲ့ နှုတ်ခမ်းနဲ့ သိပ်မထူတဲ့ မျက်ခုံးတစ်စုံ။
နှာတံလေးက စင်းနေပြီး စကားပြောလိုက်တိုင်း
လှုပ်ရှားသွားတဲ့ မေးရိုးသွယ်သွယ်နဲ့အတူ
မျက်ဝန်းညိုတွေက အရည်လဲ့နေသလိုမျိုး
တောက်ပလွန်းသည်။ နေပါအုန်း ယောကျ်ားလေးတစ်ယောက်က ဒီလိုလှလို့ရတယ်ပေါ့။မ ပြီးတော့ ပြောတော့
ကိုစည်သူ့ရဲ့ ဦးလေးဆို ဘာလ်ို့ ဒီလို ငယ်ငယ်လေးလဲ။
အခုမှ စေ့စေ့စပ်စပ်လိုက်ကြည့်မိနေတဲ့ ကိုယ့်ဘာသာကို သတိထားမိကာ ဆက်ကနဲ အကြည့်လွဲလိုက်မိသည်။

" မနက်မှ လာဆင်းယူလို့ရနေတာက်ို
အန်တီကို အားနာလိုက်တာ "

သူအသိစိတ်ပြန်ကပ်လာချိန်မှာ ထိုလူဟာ မသုန်နဲ့
စကားပြောနေသည် ပြီးတော့ခုနက သူကိုင်ထားတဲ့ ပုလင်းကလည်း ထိုလူလက်ထဲရောက်နေပြီဖြစ်သည်။

"ဦးလေး ဒါက သုန့်ရဲ့မောင်လေး သုဉာဏ်ထက်တဲ့
တောင်ကြီးကနေ လာလည်နေတာ သုသု ဒါက
ငါတို့ ဦးလေး  ဒေါက်တာ စဝ်သာကီနိုင်တဲ့ "

"တွေ့ရတာ ဝမ်းသာပါတယ် ညီ"

အနားရောက်မှ
သေချာသတိထားမိတယ် ထိုလူက အရပ်သူ့ထပ် ၂လက်မလောက်တော့ နိမ့်လောက်သည်။

"ထိုင်ကြအုန်းလေ "

ပြုံးပြလာတဲ့ ထိုလူကို ပြန်ပြုံးပြလိုက်တော့
ထိုလူက ခေါင်းတစ်ချက်ငြိမ့်ပြပြီး ပုလင်းကို ယူကာ အနောက်ခန်းထဲ ဝင်သွားတော့သည်။

"ဘာ ငါတို့ဦးလေးလည်း သုန်သုန်
ငါ့ဦးလေးပါဟ ဘာလဲ နင်ငါ့ကို crushနေတာလား"

"အမလေး ဖြစ်ရတယ် နင်ကျပ်ပြည့်လား"

တစ်ယောက်တစ်ပေါက်ငြင်းခုန်နေတာလည်း
သူကြားတစ်ချက် မကြားတစ်ချက်။ သူစိတ်ထဲမှာ
မှဲ့နက်လေးတစ်လုံးနဲ့ နားရွက်နီနီတို့က တဝဲလည်လည်ဖြစ်နေသည်။ ပြီးတော့ နှုတ်ခမ်းက ပြုံးလိုက်ရင် လိုက်ပြုံးတတ်တဲ့ မျက်ဝန်းတစ်စုံရောပေါ့။

သူမြင်ဖူးသမျှယောကျ်ားလေးတွေထဲ ထိုလူက
တော်တော်ချောတဲ့လူပဲ။

_______\\\______\\\\________

သုဉာဏ္ထက္ အိမ္သားေတြ အေခၚ သားငယ္ေပါ့။
နိုးလာေတာ့ မနက္၇နာရီ ေက်ာ္ေလာက္သာရွိေသးသည္။
ေတာင္ႀကီးမွာဆို ေနဖင္ထိုးထိ အိပ္လည္း ေျပာမည့္သူ
မရွိေပမယ့္ ရန္ကုန္အိမ္ကေတာ့ ဖိုးဖိုးကို ေၾကာက္ရ၍
ေနာက္အက်ဆုံး ၈နာရီထိပဲ အိပ္ရသည္။

တဘတ္တထည္ဆြဲယူကာ ေရခ်ိဳးခန္းထဲ ဝင္ၿပီး
မ်က္နာသစ္ သြားတိုက္ ေရခ်ိဳးတာအကုန္
ခပ္သြက္သြက္လုပ္လိုက္သည္။ ဘယ္ဘက္လက္ဖမိုးေပၚက အမွတ္လို႔ထင္ရတဲ့ ဆိုင္ကယ္ေမွာက္တုန္းက
ရလိုက္တဲ့ အညိဳေရာင္အမာရြတ္ေလးက ျဖဴဝင္းဝင္း သူ႔အသားအရည္ေၾကာင့္ ထင္းေနေတာ့သည္။

တနလၤာ ကေန ၾကာသပေတးဆို မနက္ ၉နာရီ မွ ေန႔လည္၁၁ထိပန္းဆိုးတန္းဖက္မွာ ကြန္ပ်ဴတာပိုင္းနဲ႔ ပတ္သတ္တဲ့သင္တန္းရွိတာမို႔ သူအဝတ္အစားကို ခပ္သစ္သစ္တထည္ ေကာက္စြတ္လိုက္သည္။ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကစၿပီးဟန္ေနက ဝက္ၿခံေပါက္တတ္တဲ့သူ႔ကို အသားအေရေသခ်ာဂ႐ုစိုက္ေပးတာမို႔ tonerနဲ႔ SPFပါတဲ့ ေရဓာတ္ျဖည့္ creamတစ္ခုေတာ့ သူစြဲလိမ္းျဖစ္သည္။ ေနာက္ဆုံးသတ္အေနနဲ႔ စြတ္ေနက် ေရေမႊး ကို ႏွစ္ခ်က္စြတ္လိုက္ၿပီးျပင္ဆင္တာကို အဆုံးသတ္လိုက္သည္။

" သားငယ္ မနက္စာ ႀကီးႀကီးဝင္း ဘာလုပ္ေပးရမလဲ"

မနက္စာကို heavy မစားတတ္တဲ့သူက ေကာ္ဖီနဲ႔ အဆာေျပတစ္ခုခုစားတတ္တာမို႔ ေခါင္းသာခါျပလိုက္သည္။

"သား ေကာ္ဖီနဲ႔ ကိတ္ေျခာက္ဘဲ စားလိုက္ေတာ့မယ္
ႀကီးႀကီးဝင္း ဖြားဖြားေရာ"

မနက္ဆို ဖိုးဖိုးနဲ႔ တီငယ္ေလးက ဗိုလ္တေထာင္ကမ္းနားက
ဆန္ကုန္သည္မ်ားအသင္းဝင္ ျဖစ္တာေၾကာင့္ အေရာင္းအဝယ္လုပ္တဲ့ အဲ့ဒီကို ေစာေစာသြားတက္တာမို႔ ဒီအခ်ိန္အိမ္မွာမရွိ ။ဖိုးဖိုးကေတာ့ ၉နာရီေလာက္မွသာ အိမ္ကိုျပန္ေရာက္လာၿပီး တီငယ္ေလးကေတာ့ အိမ္ကပြဲ႐ုံလုပ္ငန္းရွိသည့္ ပုစြန္ေတာင္ကို
သြားရသည္။

" မမႀကီးက ဘုရားရွိခိုးေနတယ္ သားပဲ အရင္စားလိုက္ သင္တန္းေနာက္က်ေနအုန္းမယ္"

ေကာ္ဖီတစ္ခြက္ ငွဲ႕ေပးရင္း ႀကီးႀကီးဝင္းက သူ႔အေရွ႕ ခ်ေပးသည္။ ကိတ္ေျခာက္တစ္ခု ေကာက္ဝါးလိုက္ၿပီး
ဖုန္းကိူ ဖြင့္ၾကည့္လိုက္သည္။ ခပ္ျမန္ျမန္လက္ေခ်ာင္းတို႔ကို လွုပ္ရွားမွုအၿပီး သူေရွ႕က ေကာ္ဖီခြက္ေလးကိုပါ
ဓာတ္ပုံရိုက္လိုက္ေသးသည္။

- Mornee အသဲေလး ☕️ ဆိုတဲ့ စာနဲ႔အတူ
ေကာ္ဖီခြက္ပုံေလးပါ ပို႔လိုက္သည္။

သိပ္မၾကာ ေႂကြခြက္ျဖဴေလးထဲမွာ မလိုင္တက္ေနတဲ့
လက္ဖက္ရည္တစ္ခြက္ပုံနဲ႔အတူ "Mornee too😚"ဆိုတဲ့
စာေလးျပန္ေရာက္လာသည္မို႔ သူျပဳံးလိုက္မိသည္။
တကယ္ေတာ့ ဟန္ေနႏြယ္လို႔ ေခၚတဲ့ သူေကာင္မေလးနဲ႔သူက အႀကိဳက္ေတြထပ္တူက်သည္မို႔ ခ်စ္သူရည္းစားဆိုတာထက္ သူငယ္ခ်င္း ေမာင္ႏွမလို ရင္းႏွီးသည္။

ေကာ္ဖီ လက္ဖက္ရည္ႀကိဳက္တာလည္းတူတယ္။
အေရာင္ႀကိဳက္တာလည္းတူတယ္ ။ လြတ္လပ္တဲ့ ေနထိုင္မွု အယူအဆ အေတြးအေခၚတစ္ခ်ိဳ႕လည္းတူတယ္။
မတူတာကေတာ့ အစပ္ႀကိဳက္တာ မႀကိဳက္တာပါပဲ။
သူက အစပ္ႀကိဳက္သေလာက္ ဟန္ေနကေတာ့ အစပ္စားတာနဲ႔ မ်က္ရည္ေတြက်ကာ ႀကိဳ႕ထိုးတက္သည္။

" ေျမးငယ္ ေကာ္ဖီပဲ ေသာက္တယ္ဆို ဗိုက္ေရာဝရဲ့လား "

"ဝပါတယ္ဖြားရဲ့ သားေန႔လည္က်မွပဲ မ်ားမ်ားစားတတ္တာ "

ထမင္းစားခန္းထဲဝင္လာရင္း ေမးတဲ့ ဖြားဖြားက္ို ျပဳံးျပရင္
ျပန္ေျဖေတာ့ ဖြားက ေခါင္းေလးကို ပုတ္တယ္ ။

"သင္တန္းသြားရင္ ဖြား ေရဘူးနဲ႔ လက္ကိုင္ပုဝါ ထုတ္ထားေပးတယ္ေနာ္ အေရွ႕စားပြဲမွာ ဦးထုပ္လည္းမေမ့နဲ႔အုန္း
ေျမး"

"ဟုတ္ ဖြားဖြား သားသြားၿပီ"

ဖြားဖြားကိူ ႏွုတ္ဆက္ၿပီးတာနဲ႔ အိမ္ေရွ႕ခန္းက ေရဘူးရယ္ လက္ကိုင္ပုဝါအျပာေလးရယ္ကို ေက်ာပိုးလြယ္အိတ္ထဲထည့္ကာ လၽွာထိုးအုပ္ထိုးနက္ျပာေရာင္ကိုပါ တစ္ခါထဲေဆာင္းလိုက္သည္။ ေနပူထဲ ဦးထုပ္မေဆာင္းမိရင္
ႏွာေခါင္းေသြးလၽွံတတ္တာမို႔ ေန႔တိုင္းေဆာင္းရတဲ့
ဦးထုပ္ကေတာ့ သူအႀကိဳက္ဆုံး accessorieတစ္ခု။

"လာ ႀကီးႀကီးဝင္း ၿခံတံခါးလိုက္ဖြင့္ေပးမယ္"

ကားဂိတ္က လမ္းထိပ္တင္ဘဲမို႔ သိပ္ေတာ့မေဝး။
သိပ္မၾကာလိုက္ သူစီးရမည့္ နံပါတ္ေရာက္လာ၍
သူမ်ားေတြလို အေျပးတက္လိုက္သည္။ ဖြားဖြားေသခ်ာေလးေခါက္ထည့္ေပးထားတဲ့၂၀၀တန္ေတြထဲက တစ္ရြက္ဆြဲထုတ္ကာ ထည့္လိုက္ၿပီး သူအေနာက္ထဲထိ ဝင္ကာအေပါက္ဝနားမွာ ရပ္လိုက္သည္။ ျပည့္က်ပ္ေနတာေတာ့မဟုတ္ေပမယ့္ ထိုင္ခုံကေတာ့မရွိေတာ့။ စီးရမည့္အကြာအေဝးကလည္း မေဝးတာမို႔ သူရပ္ေနလိုက္သည္။

အလယ္ဘေလာက္ 36လမ္းနဲ႔ အေနာ္ရထာလမ္းဆုံတဲ့ မွတ္တိုင္မွာ သူဆင္းလိုက္ၿပီး လမ္းတစ္ဖက္ကူးလိုက္သည္။ သူတက္တဲ့ သင္တန္းက ၃၇လမ္းထဲမွာမို႔ သူခပ္သြက္သြက္သာ ေလၽွာက္ေနမိသည္။ စည္ကားလွတဲ့ ကားလမ္း ၊မ်ားစြာေသာလူေတြကို ျဖတ္ေက်ာ္လို႔အၿပီး သူ႔သင္တန္းေအာက္ကို
ေရာက္လာၿပီျဖစ္သည္။ သင္တန္းက ၄လႊာမွာမို႔ သူခပ္ျမန္ျမန္တက္ၿပီး သင္တန္းေပါက္ဝေရာက္ေတာ့ တီခ်ယ္လို႔
သူေခၚတဲ့ သင္တန္းfounder အန္တီႀကီးက ႏွုတ္ဆက္သည္။

"သားေလး ေရာက္ၿပီလား "

"ဟုတ္ကဲ့ ဗ်"

" ေအးပါကြယ္ သြားႀကိဳက္တဲ့စက္မွာ ဝင္ထိုင္ခ်ည္"

သူ၁၀တန္းေျဖၿပီးကတည္းက ကြန္ပ်ဴတာနဲ႔ပတ္သတ္ရင္
ဒီသင္တန္းပဲတက္ေနတာမို႔ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းဆင္း တီငယ္ေလးရဲ့ ဆရာမျဖစ္သူ တီခ်ယ္က သူနဲ႔
ခင္မင္ရင္ႏွီးသည္။

ေထာင့္နားက စက္တစ္ခုမွာ ဝင္ထိုင္ၿပီးတာနဲ႔ ေရဘူးထုတ္ကာ ေရေသာက္ေနလိုက္သည္။

"သား ဘယ္ေန႔ကေရာက္လဲ ႏွင္းထက္က မေန႔ညကမွ
တီခ်ယ့္ကို ဖုန္းဆက္လာလို႔"

"ၾကာသပေတးမနက္က ေရာက္တာဗ် "

"တီခ်ယ္လည္း အရင္တပတ္ကမွ
ေမာ္လၿမိဳင္က ျပန္ေရာက္တယ္ သင္တန္းကေတာ့
ဆရာ့ကို လြဲခဲ့ရတယ္ ပူလိုက္တာ သားတို႔ ေတာင္ႀကီးနဲ႔ေတာ့
ကြာမွာေပါ့"

"ေတာင္ႀကီးလည္း ေႏြရာသီဆို နည္းနည္းပူလာၿပီ
တီခ်ယ္ "

"ေအးကြယ္ ရာသီဥတုက မေနနိုင္ေတာ့ဘူး "

တီခ်ယ္ကေျပာလည္းေျပာ အဲယားကြင္းက္ို ပိုေအးေစျပန္သည္။ မၾကာလိုက္ သင္တန္းသားေတြေရာ သင္တန္းသင္ျပမည့္ ဆရာေတြပါေရာက္လာ၍
သင္တန္းစလိုက္ၾကသည္။

သင္တန္းၿပီးတာနဲ႔ တိုက္ေအာက္ေရာက္တာနဲ႔ တီငယ္ေလးကို ဖုန္းဆက္လိုက္သည္။ တီငယ္ရွိေနတဲ့ ပုစြန္ေတာင္ဖက္က ပြဲ႐ုံကိုလိုက္သြားရမွာမို႔ပင္။

"တီငယ္ေလး သားဘာဝယ္လာရအုန္းမလဲ"

"ေန႔လည္စာ ဒီမွာလာစားမလို႔လား သားငယ္က "

" အင္း "

" ရတယ္ သားငယ္စားခ်င္တာဝယ္ခဲ့
ဒီမွာေတာ့ အိမ္ကလာပို႔တဲ့ ဟင္းေတြရွိတယ္ တီေလး ဘာလုပ္ထားေပးရအုန္းမလဲ"

တီငယ္ေလးဆီက ဖုန္းခ်ၿပီးတာနဲ႔ သူအေနာ္ရထာလမ္းက
Lotteriaဆီကို ဦးတည္လိုက္သည္။ မွာၿပီးတာနဲ႔ ခနေစာင့္ရမွာမို႔ beeperေလးကိုင္ၿပီး သူေဘးမွာရပ္ေစာင့္ေနလိုက္သည္။

Silent ထားတာမို႔ အိပ္ကပ္ထဲ တုန္ခါေနတဲ့ ဖုန္းကို
ထုတ္ၾကည့္ေတာ့ မသုန္၏ အေမ  ႀကီးႀကီးေမျဖစ္ေနတာမို႔ သူကိုင္လိုက္သည္။

- သားငယ္ေလး ႀကီးႀကီးေမတို႔ဆီမွာ ေန႔လယ္စာ
လာစားပါလား ႀကီးေမ ဟင္းေတြခ်က္ထားတယ္ "

စမ္းေခ်ာင္းမွာ ကြန္ဒိုနဲ႔ ေနတဲ့ ႀကီးေမတို႔မိသားစုက
စေနေန႔မနက္ကတည္းက သင္တန္းကအျပန္ထမင္းလာစားဖို႔ မွာလိုက္တာ သူေမ့ေနတာပဲ။ ေဖေဖရဲ့ အစ္မဆိုေပမယ့္ အိမ္ေထာင္က်တာ ေနာက္က်ၿပီး မသုန္တစ္ေယာက္ပဲ ေမြးထားတာေၾကာင့္ ကိုယ္တို႔ ညီအစ္ကိုႏွစ္ေယာက္ကိုေတာ့ ေတာ္ေတာ္ခ်စ္ရွာသည္။ တကယ္ေတာ့ သူရန္ကုန္ေရာက္တိုင္း အဖိုးအိမ္ထပ္ ႀကီးေမတို႔အိမ္မွာ ေနရတာ ပိုေပ်ာ္သည္။

"ႀကီးႀကီးေမ သားက အခုတီငယ္ေလးဆီမွာ စားေနၿပီ
ညေနမွ သားလာခဲ့မယ္ေလ ပြဲ႐ုံထိုင္ကူရအုန္းမွာမို႔ "

-ေအးေအး ဒါဆို ႀကီးေမ ေမၽွာ္ေနမယ္ေနာ္ သားငယ္

ဖုန္းခ်ၿပီးတာနဲ႔ လင္းလာတဲ့ beeperေလးေၾကာင့္ သူေကာင္တာဆီ သြားကာ ပါဆယ္ထုပ္ကို ယူလာလိုက္သည္။ အေပၚဘေလာက္ ဗိုလ္ခ်ဳပ္လမ္းက Ruby martနားက
မွတ္တိုင္မွာ စီးရမွာမို႔ သူလမ္းနည္းနည္းေလၽွာက္ရေသးသည္။ ေတာင္ႀကီးမွာဆို ကားမဟုတ္ေတာင္ ဆိုင္ကယ္နဲ႔ နီးနီးနားနားသြားရတာေၾကာင့္ အခုလို လမ္းသိပ္မေလၽွာက္ျဖစ္။

ေနပူတာေၾကာင့္ သူ႔မ်က္နာ ေခၽြးနည္းနည္းထြက္ၿပီး
မ်က္ခုံးတို႔ကပါ က်ဳံ႕ထားမိသည္။ ကားေစာင့္ေနတုန္း
ေဘးကို တိုးကပ္လာတဲ့ ေကာင္မေလးေၾကာင့္ လူက လန့္သြားမိသည္။

" အစ္ကို ႏွစ္ရာတန္ပါလားဟင္ ညီမဆီမွာ
ငါးရာတန္ပဲ ပါလာလို႔"

ဂ်င္းေဘာင္ဘီအရွည္ကို တီရွပ္နဲ႔ ဝတ္ထားၿပီး ေက်ာပိုးအိတ္လြယ္ထားတဲ့ေကာင္မေလးက ထီးနဲ႔ ေနေရာင္ကို ကာလိုက္တာမို႔ သူနည္းနည္းေနပူသက္သြားသည္။

"ပါတယ္ဗ် ညီမ "

"ဒါဆို အဲ့ႏွစ္ရာ ညီမကိုေပးလိုက္ တက္ရင္ ညီမထည့္လိုက္မယ္ "

"ေအာ္ ဟုတ္ "

ထိုးစ္ုက္လာတဲ့ ၉၃ကားေၾကာင့္ ေရွ႕တိုးလာၾကတဲ့
သူနဲ႔အတူတူတက္မည့္ လူအုပ္က မနည္းမေနာ ။ ခုနကေကာင္မေလးက္ို အေရွ႕က တက္ေစလိုက္ေတာ့ "ႏွစ္ေယာက္စာ"လို႔ေျပာၿပီး ငါးရာတန္ထည့္လိုက္တာမို႔ သူတို႔ အေနာက္ကို တေျဖးေျဖးတိုးလာလိုက္သည္။ အေနာက္နားေရာက္တာနဲ႔ လူမ်ားတာမို႔
သူေခါင္းေမာ့ကာ ေလနည္းနည္းရွူလိုက္သည္။

မွတ္တိုင္တစ္ခုရပ္တိုင္း လူတစ္ခ်ိဳ႕ဆင္းသြားတာမို႔
သူဆင္းမည့္ မွတ္တိုင္ေရာက္ေတာ့ ကားေပၚ လူက အနည္းငယ္ ေခ်ာင္သြားသည္။

ဟူး သူရန္ကုန္ကို သေဘာမက်တာ ဒါေတြေၾကာင့္။

ၾကက္ေၾကာ္ထုပ္ကိုဆြဲၿပီး တီငယ္ေလးဆီသာ
ခပ္သြက္သြက္ေလၽွာက္မိေတာ့သည္။

___

ညေနေရာက္ေတာ့ ႀကီးေမဆီမွာ သြားအိပ္မလို႔ဆိုၿပီး
မနက္ျဖန္ဝတ္မည့္အဝတ္အစားတစ္စုံႏွင့္ ညအိပ္တစ္စုံထည့္ကာ စမ္းေခ်ာင္းကို ေျပးရေတာ့သည္။ ဘတ္စ္ကားေတြက ႐ုံးဆင္းခ်ိန္ေၾကာင့္ လူမ်ားေနမည့္အျပင္ ႏွစ္ဆင့္စီးရမွာမို႔ သူtaxiသာ တားလိုက္ရေတာ့သည္။

၆နာရီေက်ာ္ဆိုေပမယ့္ လင္းေနေသးတဲ့ ပတ္ဝန္းက်င္ေၾကာင့္ သူလမ္းတစ္ေလၽွာက္ေငးမိသည္။ ဗိုလ္တေထာင္ ကမ္းနားညေစ်းမွာလည္း လူေတြက စီကားေနျပန္သည္။ ႐ုန္းကန္လွုပ္ရွားေနရတဲ့ ရန္ကုန္ၿမိဳ႕ႀကီးကိုေငးရင္း ႀကီးေမတို႔ တိုက္ေအာက္ကို ေရာက္လာခဲ့သည္။

Miniကြန္ဒိုမို႔ ဓာတ္ေလွကားကေနထြက္ၿပီး
မသုန္တို႔အခန္းဆီ တန္းေရာက္သည္။တံခါးေခါက္လိုက္ေတာ့ တံခါးလာဖြင့္တာက မသုန္။ အခုမွ ဆိုက္က ျပန္လာၿပီး ေရမိုးခ်ိဳးထားပုံရသည္။ ညအိပ္ဝတ္စုံနဲ႔ ဆံပင္က မေျခာက္တေျခာက္။

"သုသုေရာက္ၿပီ ေမေမေရ"ဆိုၿပီး ႀကီးေမကိုပါ
လွမ္းေအာ္ေနသည္။

"အဲ့လို႔ မေခၚပါနဲ႔ဆို မသုန္ရာ"

ေအာ္ရယ္ေနတဲ့ အစ္မဝမ္းကြဲကို မနိုင္တာမို႔ ေခါင္းသာခါပစ္လိုက္သည္။ ႀကီးေမကေတာ့ သူ႔ကိုျမင္တာနဲ႔
ငါ့တူေလးက အရပ္ေတြရွည္လာလိုက္တာ
ေခ်ာလာလိုက္တာ စသည္ျဖင့္ ျပဳံးျပဳံးႀကီး ၾကည့္ကာေျပာေနတတ္တာ အရင္ေန႔ေတြကတည္းက။

ညစာစားေတာ့လည္း ဟင္းေတြကလည္း စုံစိေနေတာ့သည္။ ဟင္းခ်က္လက္ရာေကာင္းတဲ့ ႀကီးေမက ေဖေဖရဲ့
အသည္းေက်ာ္ႀကီးပင္ ။ေဖေဖရန္ကုန္ေရာက္တာနဲ႔
ငါ့ေမာင္ ဘာစားခ်င္လဲ ဆိုၿပီး ေစ်းနဲ႔အိမ္ကို မေမာတမ္းသြားကာ ခ်က္ေတာ့သည္။

" ငါ့တူႀကီးက အရပ္ႀကီးေတြရွည္လာလိုက္တာ"

ႀကီးေမရဲ့ အမ်ိဳးသားျဖစ္သူ ဘဘႀကီးကေတာ့
သူအရပ္ရွည္လာတာကို ေျပာလို႔မၿပီး အသံက်ယ္က်ယ္နဲ႔
ခ်ီးက်ဴးေနေတာ့သည္။ အရပ္ပုတယ္လို႔ အျမဲတမ္း
အစခံေနရတဲ့ မသုန္က ဂ်ိဳကစ္ေနတာမို႔ လၽွာထုတ္ကာ
ေျပာင္ျပလိုက္ေတာ့ ေအာက္က ေျခဖမိုးကို ဖိႀကိဳက္လာတဲ့ ေျခဖဝါးေသးေသးတစ္ခု။ အငယ္ဆိုၿပီး ညႇာရေကာင္းမွန္းလည္းမသိတဲ့ မသုန္ကို မ်က္လုံးျပဴးျပလိုက္ရသည္။

သူညအိပ္ဝတ္တဲ့ တီရွပ္နဲ႔ ေအာက္က ခ်ည္သားေဘာင္းဘီရွည္ကို လဲၿပီးေတာ့ ဧည့္ခန္းမွာ မသုန္နဲ႔အတူ ႐ုပ္ရွင္ၾကည့္ဖို႔ ထြက္လာလိုက္သည္။ ေျပာင္လက္ေနတဲ့ ပါေကးေပၚ ဒီအတိုင္းထိုင္ေနတဲ့ မသုန္ေဘးဝင္ထိုင္ရင္ သူ႔လက္ထဲက
အခ်ိဳရည္ဗူးကိုပါ ဆြဲယူၿပီး တစ္ငုံေသာက္လိုက္သည္။

"သုန္သုန္ေရ ဒါေလး စည္သူတို႔ကို သြားပို႔လိုက္အုန္း
မနက္မွဆို သာကီေလး ထမင္းခ်ိဳင့္မမီဘဲျဖစ္ေနအုန္းမယ္"

ႀကီး​ေမက အိုဗာတင္းဖန္ပုလင္းတစ္လုံးကို လက္ကကိုင္ရင္း မီးဖိုထဲက ထြက္လာကာ မသုန္ကိုေျပာေနတာမို႔ သူပါ
လွည့္ၾကည့္မိသည္။

"ဟာ ေမေမကလည္း ဇာတ္လမ္းကေကာင္းေနၿပီ
မနက္မွ သြားေပးလိုက္မယ္ "

"ဟဲ့ အေပၚထပ္ေလးတင္သြားပို႔ရမွာ ၅မိနစ္မၾကာပါဘူး
ငါခိုင္းေနရင္ ခ်က္ခ်င္းထေနာ္ သုန္သုန္"

"ေမေမကလည္း "

"ဟဲ့ ငါက ထဆို အခုထစမ္း"

ေဆာင့္ေအာင့္ကာ ထလာတဲ့မသုန္က သူ႔ကို ငုံ႔ၾကည့္ကာ
"လိုက္ကူ"လို႔ ေျပာလာသည္။ သူလည္းထကာ ပုလင္းကိုင္ေပးလိုက္သည္။ ပုလင္းထဲမွာ ေျမပဲကို င႐ုတ္သီးမွုန့္နဲ႔
ေၾကာ္ထားတဲ့ ဟင္းေၾကာ္တစ္ခ်ိဳ႕သာ ျမင္ရသည္။

" ေျပာင္းလာတာ ၁လေက်ာ္ပဲရွိေသးလို႔ပဲေတာ္ေတာ့
ငါမွာ အေပၚထပ္နဲ႔ေအာက္ထပ္ကို ဟင္းပို႔ရတဲ့
Deli သမားႀကီး က်ေနတာပဲ"

ပါးစပ္ကေန ပတြတ္ပတြတ္ရြတ္ေနတဲ့ မသုန္က
ဓာတ္ေလွကားခလုတ္ကို ကၽြံမတတ္ႏွိပ္ေနသည္။

"ကိုစည္သူဒီကို ေျပာင္းလာလို႔
Night outကို ႀကီးေမက လႊတ္တာမလား
အျပန္အတူတူအေဖာ္ရွိတယ္ဆိုၿပီးေတာ့ေလ
ေက်းဇူးရွင္ေနာ္ ဆူေအာင့္မေနနဲ႔"

ကိုစည္သူတို႔က အရင္က လွည္းတန္းဖက္က တိုက္ခန္းမွာ
ေနမွန္း တစ္ခါမွမေရာက္ဖူးေပမယ့္ သူသိထားသည္။
အခုမွ ကိုစည္သူဦးေလးက ဒီကြန္ဒိုမွာ တိုက္ခန္းဝယ္လိုက္တာမို႔ လာေျပာင္းေနၾကေၾကာင္း ေသာၾကာေန႔ညက
ကိုစည္သူေျပာလို႔ သိထားၿပီျဖစ္သည္။ ၿပီးေတာ့ သူတို႔အုပ္စုက ေသာၾကာညတိုင္း TGIFဆိုၿပီး nightout ၾကတာမို႔
အပတ္တိုင္းလာခဲ့ဖို႔ သူ႔ကိုပါေခၚထားေသးသည္မလား။

တံခါးေခါက္လိုက္ေတာ့ တံခါးလာဖြင့္တာက ကိုစည္သူ။

" ဘာလာလုပ္တုန္း"

Gayပါလို႔ ကိုယ္တိုင္come out လုပ္ထားတဲ့ ကိုစည္သူက တကၠသိုလ္ေရာက္မွ မသုန္နဲ႔ ခင္ေပမယ့္ ေမာင္ႏွမလိုျဖစ္ေနသည္။ သူကိုယ္တိုင္လည္း LGBTကို လက္ခံတာမို႔
ျပသာနာမရွိတာေၾကာင့္ အကုန္လုံးကရင္းရင္းႏွီးႏွီးပင္။

"ဒီမွာ ဦေလးအတြက္ ဟင္းေၾကာ္လာပို႔တာ
နင္တစ္ေယာက္ထဲလား "

အခန္းကိုေဝ့ဝဲၾကည့္ကာ ဆိုဖာမွာထိုင္ရင္း မသုန္ကေမးလိုက္သည္။ သူလည္း ဝင္ထိုင္လိုက္ၿပီး ဖြင့္ထားတဲ့ တီဗီကိုၾကည့္ေနလိုက္သည္။

"မဟုတ္ဖူး ဦးေလး ခုနကပဲ ျပန္ေရာက္လို႔ ေရခ်ိဳးေနတယ္ "

ကိုစည္သူရဲ့ ဦးေလးမွာ ဆရာဝန္ဆိုတာ သိထားေတာ့
အသက္ အေတာ္အတန္ႀကီးေနေလာက္ၿပီးလို႔ စိတ္ထဲကေတာ့ ေတြးေနမိသည္။ တစ္ခါမွ မျမင္ဖူးတာေရာ ကိုစည္သူရဲ့ social media postေတြမွာလည္း တစ္ခါမွ မေတြ႕ဖူး။

ႏွာေခါင္းထိပ္မွာ ျဖတ္ခနဲရလိုက္တဲ့ ပူရွိန္းရွိန္း ေခါင္းေလၽွာ္ရည္အနံ႔နဲ႔အတူ တံခါးဖြင့္သံတစ္ခုေၾကာင့္ သူေခါင္းက အလိုလို လွည့္ၿပီးသားျဖစ္သြားသည္။

တီရွပ္အျဖဴကိုမွ ရင္ဘတ္မွာ ခုႏွစ္ႏွစ္ခုကို အနီေလးနဲ႔ေရးထားတဲ့ ေဆးရိုက္စာတန္းတစ္ခုက သူတို႔ေက်ာင္းေတြမွာ လုပ္တဲ့ ေမဂ်ာတီရွပ္လို ပုံစံ။ ေအာက္က ေဘာလုံးကန္
ေဘာင္းဘီအမဲဝတ္ထားၿပီး ပုခုံးေပၚမွာ တဘတ္တထည္ပါ တင္ထားေသးသည္။

ေရခ်ိဳးစမို႔ ျဖဴသန့္သန့္မ်က္နာနဲ႔အတူ
တဘတ္ကိုင္ထားတဲ့ လက္ဖဝါးက ေသြးေရာင္က ရဲေတာက္ေနေတာ့သည္။ ဆံပင္ေဘးႏွစ္ဖက္ကို ခပ္ပါးပါးထိုးထားတာမို႔ နီရဲေနတဲ့နားရြက္တို႔ကလည္း ရွင္းလင္းစြာျမင္ေနရသည္။ ပါးအလယ္တည့္တည့္က မွဲ႕ေသးေသးေလးကလည္း ျဖဴစြတ္ေနတဲ့ မ်က္နာေပၚ ထင္းေနေသးသည္။

နီေစြးေနတဲ့ ႏွုတ္ခမ္းနဲ႔ သိပ္မထူတဲ့ မ်က္ခုံးတစ္စုံ။
ႏွာတံေလးက စင္းေနၿပီး စကားေျပာလိုက္တိုင္း
လွုပ္ရွားသြားတဲ့ ေမးရိုးသြယ္သြယ္နဲ႔အတူ
မ်က္ဝန္းညိဳေတြက အရည္လဲ့ေနသလိုမ်ိဳး
ေတာက္ပလြန္းသည္။ ေနပါအုန္း ေယာက်္ားေလးတစ္ေယာက္က ဒီလိုလွလို႔ရတယ္ေပါ့။မ ၿပီးေတာ့ ေျပာေတာ့
ကိုစည္သူ႔ရဲ့ ဦးေလးဆို ဘာလ္ို႔ ဒီလို ငယ္ငယ္ေလးလဲ။
အခုမွ ေစ့ေစ့စပ္စပ္လိုက္ၾကည့္မိေနတဲ့ ကိုယ့္ဘာသာကို သတိထားမိကာ ဆက္ကနဲ အၾကည့္လြဲလိုက္မိသည္။

" မနက္မွ လာဆင္းယူလို႔ရေနတာက္ို
အန္တီကို အားနာလိုက္တာ "

သူအသိစိတ္ျပန္ကပ္လာခ်ိန္မွာ ထိုလူဟာ မသုန္နဲ႔
စကားေျပာေနသည္ ၿပီးေတာ့ခုနက သူကိုင္ထားတဲ့ ပုလင္းကလည္း ထိုလူလက္ထဲေရာက္ေနၿပီျဖစ္သည္။

"ဦးေလး ဒါက သုန့္ရဲ့ေမာင္ေလး သုဉာဏ္ထက္တဲ့
ေတာင္ႀကီးကေန လာလည္ေနတာ သုသု ဒါက
ငါတို႔ ဦးေလး ေဒါက္တာ စဝ္သာကီနိုင္တဲ့ "

"ေတြ႕ရတာ ဝမ္းသာပါတယ္ ညီ"

အနားေရာက္မွ
ေသခ်ာသတိထားမိတယ္ ထိုလူက အရပ္သူ႔ထပ္ ၂လက္မေလာက္ေတာ့ နိမ့္ေလာက္သည္။

"ထိုင္ၾကအုန္းေလ "

ျပဳံးျပလာတဲ့ ထိုလူကို ျပန္ျပဳံးျပလိုက္ေတာ့
ထိုလူက ေခါင္းတစ္ခ်က္ၿငိမ့္ျပၿပီး ပုလင္းကို ယူကာ အေနာက္ခန္းထဲ ဝင္သြားေတာ့သည္။

"ဘာ ငါတို႔ဦးေလးလည္း သုန္သုန္
ငါ့ဦးေလးပါဟ ဘာလဲ နင္ငါ့ကို crushေနတာလား"

"အမေလး ျဖစ္ရတယ္ နင္က်ပ္ျပည့္လား"

တစ္ေယာက္တစ္ေပါက္ျငင္းခုန္ေနတာလည္း
သူၾကားတစ္ခ်က္ မၾကားတစ္ခ်က္။ သူစိတ္ထဲမွာ
မွဲ႕နက္ေလးတစ္လုံးနဲ႔ နားရြက္နီနီတို႔က တဝဲလည္လည္ျဖစ္ေနသည္။ ၿပီးေတာ့ ႏွုတ္ခမ္းက ျပဳံးလိုက္ရင္ လိုက္ျပဳံးတတ္တဲ့ မ်က္ဝန္းတစ္စုံေရာေပါ့။

သူျမင္ဖူးသမၽွေယာက်္ားေလးေတြထဲ ထိုလူက
ေတာ္ေတာ္ေခ်ာတဲ့လူပဲ။

_______\\\______\\\\________

واصل القراءة

ستعجبك أيضاً

1.2M 41.9K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
400K 57.5K 200
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
147K 21.2K 114
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...