ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သ...

De MayKingMK119

3.8M 517K 12.6K

Myanmar Translator _ May King Start date _ August 12, 2020 End date _ October 25, 2021 (completed) Mais

ေရခဲတံုးအက္ိုႀကီးကို ဆြဲေဆာင္သည့္ ဝံပုေလြ ညီငယ္ေလး
Chapter (1) - ျပန္လည္ေမြးဖြားလာေသာ ဝံပုေလြေလး၏ခ်စ္ျခင္း (Z+U)
Chapter (2) - အေတာ္ေကာင္းသည့္ ေဆြမ်ိဳးမ်ား
Chapter (3) - ရႈနင္၏ ရိုးသားေသာ ဦးေလး (Z+U)
Chapter (4) - မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးခ်င္း
Chapter (5) - ႐ႈနင္၏ ေမြးမိခင္ရင္း ခ်င္ယြိက်ိဳး
Chapter (6) - သခင္ေလးတစ္ေယာက္အျဖစ္ ျပင္ဆင္ေပးျခင္း
Chapter (7) - အစ္ကိုႀကီးရႈဟိန္ ကၽြန္ေတာ္တို႔ ထပ္ေတြ႕ရေတာ့မယ္
Chapter (8) - အစ္ကိုႀကီးနားကို တိုးကပ္သြားေသာ ဝံပုေလြညီေလး
Chapter (9) - ကေလးတစ္ေယာက္က အရပ္ဘယ္ေလာက္ရွိသင့္လဲ
Chapter (10) - အကုိႀကီးေပါင္ႀကား ေျခေထာက္ေရာက္ေနေသာ ညီေလး
Chapter (11) - ငါ.. ဘယ္လိုေတာင္ အအိပ္ၾကမ္းရတာလဲ (╥﹏╥)
Chapter (12) - အျမင့္ဆံုးကိုတက္ခ်င္တာလား.. ရတယ္ ငရဲျပည္ထိ ဆြဲခ်ေပးမယ္ (Z+U)
Chapter (13) - ညီေလးရင္ဘတ္က ပန္းေရာင္အရာေလးႏွစ္ခု
Chapter (14) - အကိုႀကီးကို စဖို႕ အခြင့္ေရး ဆံုးရံႈးသြားျပီ(Z+U)
Chapter (16) - အိပ္ယာဝင္ အနမ္းမေပးလို႕ အလုိမက်ျဖစ္ေနေသာ အကိုႀကီး (Z+U)
Chapter (17) - ေဖေဖဖုတ္ေပးတဲ့ကိတ္မုန႔္ (Z+U)
Chapter (18) - အစ္ကိုႀကီးရခဲ့သည့္ ရည္းစားစာ (Z+U)
Chapter (19) - ညီေလး စိတ္မေပ်ာ္ဘူးလား (Z+U)
Chapter (20) - နင္နင္ရဲ႕ တင္ပါးျဖဴျဖဴေလးႏွစ္လုံး...(Z+U)
Chapter (21) - အစ္ကိုႀကီးကိုပဲ ယုံတယ္..(Z+U)
Chapter (22) - ဒါက အစ္ကိုအတုႀကီး/ ဒါက အစ်ကိုအတုကြီး
Chapter (23) - အစ္ကိုႀကီး ခ်ိန္းေတြ႕ၿပီ/အစ်ကိုကြီး ချိန်းတွေ့ပြီ
Chapter (24) - ဒီကေလးေနရာ ဘယ္သူ႔ကိုမွ အစားမထိုးႏိုင္ဘူး(Z+U)
Chapter (25) - ရွင္ႏွလံုးသားထဲမွာ တစ္ေယာက္ေယာက္ ရွိႏွင့္ေနၿပီလား..
Chapter (26) - ပဲနီေစ့ေလးေၾကာင့္ အာေခါင္ေျခာက္သြားေသာ အစ္ကိုႀကီး(Z+U)
Chapter (27) - ခ်င္ယြိက်ိဳးကို ႐ိုက္ခ်လိုက္ျခင္း
Chapter (28) - အစ္ကိုႀကီးအရက္မူးလာျခင္း (Z + U)
Chapter (29) - အစ္ကိုႀကီးကို ေရခ်ိဳးေပးေသာ နင္နင္ေလး
အေျဖတိုက္ႀကည့္ရ ေအာင္ဗိ်ဳ႕/အဖြေတိုက်ကြည့်ရ အောင်ဗျို့
Chapter (30) - ေကာ့ေတးပါတီပြဲကို တက္ေရာက္ျခင္း(Z+U)
Chapter (31) - "႐ႈနင္ေနရာမွာ ဘယ္သူ႔ကိုမွ အစားမထုိးဘူး.."(Z+U)
Chapter (32) - ဝမ္းကြဲညီမမ်ားႏွင့္ ႐ႈနင္ (Z+U)
Chapter (33) - ပိုင္စိုးလိုစိတ္ႀကီးလာေသာ အစ္ကိုႀကီး (Z+U)
Chapter (34) - မီးပံုထဲ မီးစာထည့္ေပးေနေသာ ရႈနင္း (Z+U)
Chapter (35) - အခ်စ္ငတ္ေသာ အကိုႀကီးနွင့္နွစ္သိ္မ့္ေပး ခ်င္ေသာ ညိီေလး (Z+U)
Chapter (36) - အကာကြယ္ေပးမယ့္ သူရဲေကာင္း အကိုႀကီး (Z+U)
Chapter (37) - ေျမေခြးညီအစ္မ (Z+U)
Chapter (38) - အကိုႀကီး ျပန္အလာကို ေစာင့္ေနေသာ ညီငယ္ေလး (Z+U)
Chapter (39) -အကိုႀကီးရဲ႕ဟာက မေသးဘူး မဟုတ္လား ^ o ^ (Z+U)
Chapter (40) - တူေသာအက်ိဳးေပး (Z+U
Chapter (41) - နင္နင္ကို တညလံုး ျပဳစုေပးေသာ အကိုႀကီး (Z+U)
Chapter (42) - နင္နင္ေလးေဘးမွာ တေနကုန္ အေဖာ္လုပ္ေပးေနေသာ အကိုႀကီး (Z+U)
Chapter (43) - ႐ႈမိသားစု စံုညီပြဲကို တက္ေရာက္ျခင္း (Z+U)
Far From You (MM translation)
Chapter (44) - ကၽြန္ေတာ္က သူတို႔ကို မသိဘူး (Z+U)
Chapter (45) - နင္နင့္ကို ငါ့လက္ထဲကေန ဘယ္သူမွ ယူမသြားရဘူး..
Chapter (46) - တဏွာ႐ူးသခင္ေလးႏွင့္ အႀကံႀကီးေသာသခင္မေလး
Chapter (47) - အစ္ကိုႀကီး၏ ပထမဆံုးအနမ္းပိုင္ရွင္ နင္နင္ (Z+U)
Chapter (48)_ကြၽန္ေတာ္ အကိုႀကီးကို တသက္လံုး တာဝန္ယူပါ့မယ္ (Z+U)
Chapter (49) - အစ္ကိုႀကီးက ကြၽန္ေတာ့္အေနာက္ေပါက္ေလးကို ထိလို႔မရဘူး (Z+U)
Chapter (50) - ညီေလးနူတ္ခမ္းကို သံုးႀကိ္မ္တိတိ နမ္းလိုက္ေသာ အကိုႀကီး (Z+U)
Chapter (51) - သဝန္တိုေသာ အကိုႀကီးနွင့္ ေသတြင္းတူးေသာ ေဟာ္ရန္ (Z+U)
Chapter (52) -ဥာဏ္မ်ားေသာ နင္နင္နွင့္ ေဒါကန္ေနေသာ အကိုႀကီး (Z+U)
Chapter (53)_ တင္ပါးျပင္မွာ ေျဗာတင္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (54) - ခ်င္ယြိက်ိဳး ဆီက နင္နင္ကုိ ေခၚေဆာင္သြားေတာ့မယ့္ အကိုႀကီး
Chapter (55) - ပင္လယ္ကမ္းေျခသို႕ အပန္းေျဖခရီးတစ္ခု (Z+U)
Chapter (56) - မင္းကိုဖက္ခြင့္ေပးရင္ ႐ႈေယာင္ကို ဂ႐ုမစိုက္ေတာ့ဘူး
Chapter (57)_ ငါက အကိုႀကီးလက္ထဲမွာ အဖမ္းခံရေတာ့မွာေပါ့(Z+U)
Chapter (58) - နတ္ဘုရားႏွစ္ပါးၾကားက ၾကက္ျဖဴကေလး
Chapter (59) -ကၽြန္ေတာ္ အစ္ကိုႀကီးအေပၚ အၿမဲေကာင္းမွာပါ (Z+U)
Happy New Year
Chapter (60)_ အကိုႀကီးက ပိုက္ဆံရွာ..ကြ်န္ေတာ္က အိမ္ကို ေစာင့္ေရွာက္မယ္
Chapter (61)_ အကိုႀကီးကို ေဘာင္းဘီခြ်တ္ရမယ္.....(Z+U)
Chapter (62)_ ကြ်န္ေတာ့္ ပါးစပ္ထဲက ဘာႀကီးလဲ... (Z+U)
Chapter (63)- အခုဘဝမွာ နတ္ဘုရား အကိုႀကီး ရွိေနျပီ (Z+U)
Chapter (64)- အကိုႀကီးရဲ႕သေဘာကို အရင္ႀကည့္ေသာ ညီငယ္ေလး (Z+U)
Chapter (65) _ အကိုႀကီးရဲ႕စီးပြားေရးကို ကြ်န္ေတာ္ ကူညီေပးမယ္(Z+U)
Chapter (66)_ဦးေလးဆီက အရႈပ္ထုပ္ကို ရွင္းေပးရျခင္း (Z+U)
Chapter (67)_အဖိုးက ရွယ္ယာမ်ားေပးအပ္ျခင္း (Z+U)
Chapter (68) _တူးထားတဲ့ တြင္းထဲ ေျပးဝင္တဲ့ ခ်င္ယြိက်ိဳး (Z+U)
Chapter ( 69) _ အကိုႀကီးအေႀကာင္းကုိပဲ စဥ္းစားတယ္ (Z+U)
Chapter (69-2) _ "အစ္ကိုႀကီးက အစပ္ မစားနုိင္ဘူးမဟုတ္လား ?" (Z+U)
Chapter (70-1)_ ဆက္ဆီ ေဘာထုပ္ေဘာင္းဘီကို ဝတ္ျပေသာ အကိုႀကီး (Z+U)
Chapter (70-2)_ငါတို႕က ပံုမွန္ဆက္ဆံေရးမ်ိဳး ရွိလုိ႕လား (Z+U)
Chapter (71-1) _ ငါတို႕နွစ္ေယာက္ႀကားမွာ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ မရွိဘူး (Z+U)
Chapter (71-2)_ ေမွ်ာ္ေတာ္ေယာင္ (Z+U)
Chapter (72-1) _အကိုႀကီးျပန္လာျပီ (Z+U)
Chapter (72-2) _အကိုႀကီးတစ္ေယာက္တည္းကို သေဘာက်ရင္ ရျပီ (Z+U)
Chapter (73) _ ေခ်ာင္ပိတ္ခံရေသာ နင္နင္ (Z+U)
Chapter (74)_ မ်က္ခြက္ေဆာင့္နင္းခံလိုက္ရသည့္ တဏွာရူး ေဟာ္ယြီ (Z+U)
Chapter (75)_ တဆင့္ခ်င္း တလွမ္းခ်င္း တိုးကပ္လုိ႕ ရင္ခြင္ထဲမွာ သိမ္းထားမယ္
Chapter (76)_ စေတာ္ဘယ္ရီနံ႕ သြားတိုက္ေဆးကို အကိုႀကီး အနံ႕ခံႀကည့္မလား
Chapter (77)_ စိတ္ကို ခ်ဳပ္တည္းထားရေသာ ညီငယ္ေလး.... (z+u)
Chapter (77-2)_အကိုႀကီးဆီက ဖုန္းကို တိတ္တခိုးေမွ်ာ္ေနေသာ နင္နင္ေလး (Z+U)
Chapter(78-1)_အကိုႀကီး ကြ်န္ေတာ့္အသားကို ထိခ်င္သေလာက္ ထိထားေပေတာ့
Chapter(78-2)_ ဂ်ယ္လီတုန္းကို အကိုက္ခံလိုက္ရေသာ နင္နင္ (Z+U)
Chapter (79-1) - အကိုကြီးကို အမှတ်သားပေးလိုက်သည့် ဝံပုလွေပေါက်လေး (U+Z)
Chapter (79-2)_ညီလေးလက်ကို ဆုပ်ကိုင်ပြီး ပွဲတက်ခြင်း (U+Z)
Chapter (80)_ဖွတ်မရ ဓါးမဆုံးသည့် ဟော်မိသားစု (U+Z)
Chapter (81-1)_ အကိုကြီးက နောင်အနာဂါတ်မှာ ကျွန်တော့်ကို စားမှာမို့လား... (U+Z)
Chapter (81-2)_🔞ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်မိသော ဟော်ယွီ (U+Z)
Chapter (82)_ အကိုကြီးရဲ့ ပဲစေ့လေးကို ညစ်လိုက်တဲ့ ညီငယ်လေး (U+Z)
Chapter (83-1)_အကိုကြီးရဲ့ ပြင်သစ်အနမ်း (U+Z)
Chapter (83-2)_အကိုကြီး...မင်းကို သင်ပေးမယ်
Chapter (84)_ အကိုကြီးထက် ချစ်ရမည့်လူ မရှိနိုင်တော့ပြီ.... (U+Z)
Chapter (85)_အတိတ်ဘဝက ရည်းစားဟောင်းအတွက် ကျင်းတူးပေးရန် ကြံခြင်း (Uni+Z)
Chapter (86)_ အောက်ခြေလွတ် ဘဝင်မြင့်သော ဝမ်ချုံး
Chapter (87-1)_🔞ဝမ်ချုံး၏ပထမကို ယူသွားသော ဟုန်ရှင်းမင်းသားလေး
Chapter (87-2) _ ချမ်းသာခြင်း နတ်ဘုရားကို တွေ့ဆုံခြင်း
Chapter (88)_ ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ခြင်း
Chapter (89)_ ရှည်ပြီး ထူသော ထွားကျိုင်းသည့် ရတနာချောင်းကို လေ့လာခြင်း
Chapter (90-1)_ အကိုကြီး ဂေးလ်သွားရင် ကျွန်တော် အကိုကြီးကို တာဝန်ယူပါ့မယ်
Chapter (90-2)_ နင်နင်ရဲ့ ဝမ်းနည်းပမ်းနည်း ငိုကြွေးခန်း
Chapter (91-1)_ အဖိုး ကွယ်လွန်ပြီ....
Chapter (91-2)_ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက မင်းကို ချစ်ခဲ့တာ....
Chapter (92)_ နောက်ဆုံးတော့ ငါ အသက် 16 နှစ်ပြည့်ပြီးခဲ့ပြီ....
(U)Chapter (93)_အကိုကြီးရဲ့ ခန္ဓာကိုယ်ကို တကယ်ကြီးကို လွမ်းနေမိပြီ
(Z)Chapter (93)_အကိုႀကီးရဲ႕ ခႏၶာကိုယ္ကို တကယ္ႀကီးကို လြမ္းေနမိျပီ
Chapter (94)_🔞ကျောက်စိမ်းနှစ်ချောင်း အတူ ပူးကပ်ပါလို့....
Chapter (95)_ အကိုကြီးရဲ့ ဖြုတ်၊ ထုတ်၊ သတ် ပညာရပ်
Chapter (96)_🔞pa pa pa pa pa pa pa
Chapter (97) _ စုံတွဲဖြစ်သွားသော ရှုဟိန်နှင့် ရှုနင်
Chapter(98)_ ရှုကျီရွှမ်းကို ထောင်ချောက်ဆင်သော နင်နင်
Chapter (99)_🔞ဟိုတယ်မှာ pa pa pa
Chapter (100)_ တကိုယ်လုံး ချစ်ခြင်းရဲ့ သင်္ကေတတွေ ဖုံးလွှမ်းနေတဲ့ နင်နင်လေး
Chapter (101)_ အရေးကောင်း ဒိန်းဒေါင်းဖျက်ခံလိုက်ရတဲ့ ရှုဟိန်
Chapter (102)_ အကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူ မထမ်းပေးချင်ဘူးလား နင်နင်...
ရေခဲအကိုကြီးကို ရေးနေတာ mayking မှ ဟုတ်ရဲ့လားဟင်
Chapter (103) - ဦးလေးချင်ယွိဖူရဲ့လက်ထပ်ပွဲ နဲ့ ဖိုမင် မြို့က ထွက်သွားခြင်း(U+Z)
Chapter (104)_ အစ်မကို ချကျွေးပြီး ထောင်ချောက်ဆင်တဲ့ ချင်ယွိကျိုး
Chapter (105)_ကိုယ့်အတတ် ကိုယ်စူးသည့် ချင်ယွိကျိုး
Chapter (106)_ အကိုကြီးဆီ အရောက်လာပြီ..
Chapter (107)_ မင်းသမီးလေးလို ပွေ့ချီပါလို့ အိပ်ဆောင်ကိုဝင်....
Chapter (108)_ 🔞 ငါတို့က တယောက်ကို တယောက်ပိုင်ဆိုင်သွားပြီကွ... O(∩_∩)O
Chapter(109) - မကောင်းကြံ ဘေးဒဏ်ထိသည့် ချင်ယွိလန်
Chapter (110)_ 🚫 မင်း သာမရှိရင် လမင်းကို ပိုင်ဆိုင်ရလည်း အလကားပဲ
Chapter (111)_ 🚫 အတင့်ရဲသော ရှုဟိန်
Chapter (112-1)-🔞ဒီကလေးကို ငုံထားချင်သည်အထိ မြတ်နိုးသည်
Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်
Chapter (113)_ ဦးလေးဖူနှင့် ဖိုမင်တို့ကြားက မမြင်ရတဲ့ သံယောဇဉ်
Chapter (114) - အဖေရင်း စစ်ထူထုံးကို လျစ်လျူရှုကာ ထွက်ခဲ့သည့် ရှုဟိန်
Chapter (115)_ ဝမ်ချုံးနှင့် ထျန်းကျားဟွေ့ကို ကလဲ့စားချေပြီးခြင်း....
Chapter (116)_ 🔞 ရေချိုးခန်းထဲမှာ pa pa pa
Chapter (117-1)_🔞 ရှာလကာရည်သောက်နေတဲ့ အကိုကြီးရဲ့ မော်တော်ဟိုတယ်
Chapter (117-2)_🔞 မှန်ရှေ့မှာ pa pa pa
Chapter (118-1) _ ဦးလေးဖူ ကွာရှင်းလိုက်ပြီ
Chapter (118-2) _ 🔞 လေးခါရှိရင် ငါးခါလည်း ရှိနိုင်တယ် မလား....
Chapter (119) _🚫 တညလုံး လယ်ထွန်တဲ့ နင်နင်ရဲ့ ယောကျာ်း
Dominant -Submissive (သို့) Behind The Love Story
Chapter (120)_🔞စားပွဲထက်မှာ pa pa pa...
Chapter (121)_ 🔞ရေချိုးခန်း နံရံမှာ ဖိကပ်ပါလို့ pa pa pa
Chapter (122) - ငယ်ပေမယ့် အစွယ်လေးနှင့် ရှုယောင်း
Chapter (123)_ 🔞ရုံးခန်း နံရံကို ကျောမှီပါလို့ အကိုကြီးနဲ့ မတ်တပ် ချစ်ကြမယ်....
Chapter (124)_ ဦးလေးနှစ်ယောက်ဟာ ' XXOO ဗီဒီယို' တွေကို အတူကြည့်နေကြတာလား
Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ
Chapter (126)_ ယောက္ခမကြီး စစ်ထူထုံးနှင့် ရှုနင် တွေ့ဆုံခြင်း
Chapter (127)_ လက်ဖက်စိမ်းကောင် အန်းရီ
COVID 19 အတွက် သတိပြုဖို့
Chapter (128)_ မင်းက အတန်းခေါင်းဆောင်ဖြစ်ချင်တာလား..ဟမ်
Chapter (129)_ ရှုနင်ကို လာကပ်သည့် တက်သစ်စ ရုပ်ရှင်မင်းသမီးလေး
😎ငှက်သိုက်ရူးများဖတ်ရန်🐦
Chapter (130)_ 🏮အကိုကြီးရဲ့ ထုတ်ကုန်အသစ်ကို စမ်းကြည့်နေသော နင်နင်
Chapter (131)_ သားသမီး မရနိုင်ရင်တောင် သားအဖြစ် လက်ခံဖို့ဆန္ဒရှိလား
Chapter (132)_ အဖေ့အိပ်ယာပေါ် တိုးဝှေ့အိပ်ကြတဲ့ စုံတွဲ
Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်
(U) Chapter (134)_ XXOO လုပ်နေတဲ့ လင်လင်ကို အဖေနဲ့ မှားတဲ့ နင်နင်
(Z) Chapter (134)_ XXOO လုပ္ေနတဲ့ လင္လင္ကို အေဖနဲ႔ မွားတဲ့ နင္နင္
Zawgyi user vs. Unicode user
Chapter (135-1)_🏮 တညလုံး နေရာစုံမှ pa pa pa
Chapter (135-2)_ ရှုယောင်းအတွက် လူယုံတော် မွေးပေးသည့် ရှုချိန်
Chapter (136)_ အမြင့်မှ ပြုတ်ကျတဲ့ တျန်းကျားဟွေ့
Question and Answer
Chapter (137)_ ရှုနင်ကို တိုက်ခိုက်ရဲတဲ့ ဝမ်ချုံး
👻The Best Ghost Fictions 👻
Chapter (138) _🏮 မီးဖိုချောင်ထဲမှာ ချစ်ကြမယ်....
Chapter (139)_ ယောက္ခမနှင့် သားမက် တွေ့ကြ ရာဝယ်.....
(U+Z) Chapter (140) _ ဒါက ...... ငါ့ချွေးမကွ!
သန်မာလွန်းသည့် Uke လေးများ/ သန္မာလြန္းသည့္ Uke ေလးမ်ား
(U+Z) Chapter (141)_ မြေးချွေးမအဖြစ် လက်ခံခြင်း...
Chapter (142-1)_ မြေးချွေးမကို လက်စွပ်အပ်နှင်းခြင်း
Chapter (142-2)_🏮 စစ်ထူအိမ်တော်မှာ Pa Pa Pa
(U+Z) Chapter (143-1)_ မိသားစု မျိုးရိုးသစ်ပင်ထဲ တရားဝင် ထည့်သွင်းခြင်း
(U+Z) Chapter (143-2)_ အကိုကြီးက ကျွန်တော်နဲ့ ကလေး မယူချင်ဘူးလား....
(U/Z) Chapter (144) - ဖေဖေရှုချိန်နှင့် မျက်နှာချင်းဆိုင်တွေ့လေပြီ....
Chapter (145) - အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်သော နတ်ဘုရားကြီး
(U+Z) Chapter (146-1) - ဒီအတွဲကို fujoshi တွေဆီကို ရောင်းလို့ရနိုင်တယ်
Chapter (146-2) - ရှုနင်ကို နာမည်ဖျက်ပြီး နာမည်ကြီးအောင် လုပ်ချင်သည့် လူငယ်လေး
Chapter (147) - 🏮 လူကောင်းကို စုဆောင်းထားနိုင်သော ရှုနင်
Chapter (148-1) - ကလေးအမွှာ၂စုံယူဖို့ စီစဉ်ခြင်း
Chapter (148-2)- မျက်နှာပြောင်တာက မျိုးရိုးလိုက် တာကိုး......
Chapter (149-1)- ရိုက်ကွင်းကို လိုက်လည်သော ရှုဟိန်
Chapter (149-2)- ရှုနင်ရဲ့ ရှာလကာရည်လေး
Chapter (150-1)_ သူက ငါ့ချစ်သူ
Chapter (150-2)_ pa pa pa ပြီးချိန်မှာ အစ်အောက်မေးသော အကိုကြီး
Chapter (151-1) - သုံးလကြာ ပျားရည်ဆမ်းခရီး
Chapter (151-2) - အဖေ မြင်သွားပြီ... ဘယ်လိုလုပ်ကြမလဲ...
(U+Z) Chapter (151-3) - အဖေ ဆုံးပါးသွားပြီ
Extra 1-1- လွမ်းဆွတ်နေရသည့် အကိုကြီး၏ ရင်ခွင်ဆီကို......
Extra 1-2 - ရှုမိသားစု၏မင်းသမီးလေး မွေးဖွားလာခြင်း
Extra _ (2-1) - အားလုံးကို အသေဆိုးနဲ့ သေအောင် ငါ လုပ်ပြမယ်..
Extra _ 2-2 - ငါက ခွေးလိုကောင်...ငါက လူယုတ်မာ...
ရှုဟိန် - 1
ရှုဟိန် - 2
ရှုဟိန် - 3
ရှုဟိန် - 4🏮
ရှုဟိန် - 5🏮🏮🏮
ရှုဟိန်- 6 🏮🏮🏮
ရှုဟိန်- 7 🏮🏮🏮

Chapter (15) - အကိုႀကီးက အရမ္း ထြားတာပဲ (• ▽ •;)

26.2K 4K 52
De MayKingMK119

Chapter (15) - အကိုႀကီးက အရမ္း ထြားတာပဲ

သူက ရိုးသားသည့္ ဦးေလးႀကီးပဲေလ....။ ရႈဟိန္ကို မလိမ္ပဲ အမွန္တုိ္င္း ေျပာလိုက္တာ ေကာင္းပါသည္။ အရင္ဘဝက လိမ္ေျပာခဲ့တာ လံုေလာက္ပါျပီ ။ ရႈဟိန္၏ ရင္ထဲထိ ေရာက္ခ်င္ရင္ သူ႕နွလံုးသားကို ကာရံထားသည့္ နံရံမ်ားကို ျဖဳိခ်ရမည္။ ဒါေႀကာင့္ အကိုႀကီးကို အရိုးသားဆံုး ဆက္ဆံတာ ပိုေကာင္းပါသည္။

ဖိုမင္က စိတ္လႈပ္ရွားစြာ စကားေျပာေနေပမယ့္ ရႈနင္က ဖုန္းေျဖရမည္ သိသျဖင့္ စကားသံ တိတ္သြားခဲ့သည္။ ရႈနင္က ဖုန္းကို ကိုင္ျပီး ခ်က္ခ်င္း မေျဖပဲ စဥ္းစားေနေသာေႀကာင့္ ခ်င္ယြိဖူက သူ႕ တတိယအစ္မထံမွ ထင္သြားသည္။ သူ႕ဆီကို လာလည္ေသာေႀကာင့္ ရႈနင္ အဆူခံရမည္ကို ေႀကာက္ကာ ေဘးကေန တိတ္တိတ္ေလး ဖုန္းကိုငံု႕ႀကည့္ေနသည္။

ရႈနင္က အားတင္းျပီး ဖုန္းကို ေျဖ လိုက္သည္။

"ဟယ္လို အကိုႀကီးလား။ "
" မင္း ဘယ္ေရာက္ေနတာလဲ "
" ကြ်န္ေတာ့္ ဦးေလးကို လြမ္းလို႕ သူ႕ဆီလာလည္ေနတာ။ အေမက နယ္က အမ်ိဳးေတြဆီလာလည္တာကို သေဘာမက်ဘူး။ ျဖစ္နုိင္ရင္ ကြ်န္ေတာ့္ကို သူတို႕နဲ႕ အဆက္သြယ္ျဖတ္ေစခ်င္တာ။ ဒါေပမယ့္ ကြ်န္ေတာ္က နယ္ဘက္မွာ အမ်ိဳးေတြႀကား ႀကီးျပင္းလာေတာ့ သူတို႕နဲ႕ အဆက္သြယ္ မျဖတ္နိုင္ဘူး။ ဒါေႀကာင့္ ကြ်န္ေတာ္ တိတ္တိတ္ေလး ထြက္လာခဲ့တာပါ။ ကြ်န္ေတာ္ ည ပိုင္းမွာ ျပန္ေရာက္လာမွာပါ "

ရႈနင္က အကိုႀကီးကို ေသခ်ာရွင္းျပရင္း သူ႕အေမ ရဲ႕စိတ္ဓါတ္ကိုပါ သိေအာင္ ေျပာျပလိုက္သည္။

" ............. "

တဖက္က ဘာမွ မေျပာပဲ တိတ္ေနသျဖင့္ ရႈနင္က ထပ္ေျပာလိုက္သည္။

" အကိုႀကီး ကြ်န္ေတာ္ ကေန႕ စာေမးပြဲရွိတာကို အကိုႀကီးကို မေျပာခဲ့မိဘူး။ ျပီးေတာ့ မနက္က နုတ္မဆက္ပဲ ထြက္ခဲ့မိပါတယ္။ ေနာက္ခါ မျဖစ္ေစရပါဘူး "

" အဲ့ဒါ အဓိက မဟုတ္ေသးဘူး "

ရႈနင္ ေႀကာင္သြားသည္။ သူ လုပ္ေနတာက အဓိက အမွားမဟုတ္ေသးဘူးလား။ ဒါဆို အဓိက အမွားက ဘာလဲ။ ရႈနင္က အသည္းအသန္စဥ္းစားလိုက္သည္။ သူက အခုလက္ရွိ အသက္ 30 အရြယ္ အသိရွိေနေပမယ့္ သူ႕ဇီဝအသက္က 13 နွစ္သာရွိေသးသည္။ တကယ္ဆိုရင္ 13 နွစ္အရြယ္ ကေလးက အေဝးကို လာခဲ့တာကို အကိုႀကီး စိတ္ပူတာ ျဖစ္ရမည္။

"ကြ်န္ေတာ္ တစ္ေယာက္တည္း အခုလို အေဝးႀကီးကို မလာသင့္ပါဘူး။ ေနာင္ဆို အကိုႀကီးကို ေသခ်ာေျပာျပီးမွာ လာပါ့မယ္... "

" ေကာင္းျပီ။ အကိုႀကီး မင္းကို ႀကိဳဖို႕ ကားဒရိုိင္ဗာ တစ္ေယာက္လႊတ္လိုက္မယ္။ ည 8 နာရီ မထိုးခင္ အိမ္ကို အေရာက္ျပန္လာရမယ္ "
" ဟုတ္ကဲ့ပါ အကိုႀကိီး"

ေတာ္ေသးသည္။ သူ အမွန္တုိင္း ေျပာလိုက္တာ မွန္သြားသည္။ မဟုတ္ရင္ နတ္ဘုရားႀကီး ေဒါသထြက္သြားနို္င္သည္။

" ဘယ္သူ ဆက္တာလဲ...နင္နင္ "

ခ်င္ယြိဖူက နံေဘးကေန နားေထာင္ေနေသာေႀကာင့္ ဖုန္းထဲက လူငယ္တစ္ေယာက္ အသံကိုႀကားလိုက္ရျပီး ရႈနင္ကလည္း အကိုႀကိးဟု ေခၚသံကိုႀကားလိုက္ရေသာေႀကာင့္ သူ႕ဖခင္ဘက္က ဝမ္းကြဲအကိုဟု ထင္သြားသည္။

"အမ်ိဳးတစ္ေယာက္ပါ ဦးေလး "

ဦးေလး ခ်င္ယြိဖူ၏ ဘဝက ရိုးရွင္းသလိုသူ႕အေတြးလည္း ရိုးသည္။ တကယ္လို႕ သူ႕အေဖဆီမွာ တရားဝင္သားအႀကီးရွိသည္ကို သိလွ်င္ သူ႕အတြက္ စိတ္ပူေနမည္စိုးေသာေႀကာင့္ ရႈနင္က လိမ္ေျပာလိုက္သည္။

" ဖိုမင္ဦးေလး ကြ်န္ေတာ့္ ႀကီးေတာ္ေတြအေႀကာင္း ဆက္ေျပာျပပါဦး "

ဖိုမင္က ခ်င္ယြိဖူ၏ အစ္မ နွစ္ေယာက္လာေရာက္ ေသာင္းက်န္းသည္ကို ေျပာျပရင္း သူက ခ်င္ယြိဖူအစား အေတာ္ေလးကို ေဒါသထြက္လာသည္။ ဒီေကာင္ေလးကို သူ မကာကြယ္ေပးနို္င္သည္ကို ရွက္လာမိသည္။

" ေကာင္ေလး မင္းဦးေလးအတြက္ ဘာမွ ထပ္မပူနဲ႕ေတာ့။ ဒီမိန္းမ နွစ္ေယာက္ လုပ္ငန္းခြင္ကို ထပ္လာျပီး ဆူပူ က်ိန္ဆဲရင္၊ မင္းဦးေလးကို ထပ္ျပီး နစ္နာေအာင္လုပ္ရဲရင္ လုပ္ႀကည့္။ ငါ ေခြးဆိုးတစ္ေကာင္ေမြးျပီး သူတို႕ကိုကိုက္ခုိ္င္းပစ္လိုက္မယ္။ "

ခ်င္ယြိဖူက ဒီအႀကံကို ေထာက္ခံသည္။

" ကဲ ေကာင္ေလး.. မင္းရဲ႕ေက်ာင္းစာကိုပဲ ေသခ်ာ အာရံုစိုက္ ဟုတ္ျပီလား။ မင္းရဲ႕ ဦးေလးကို စိတ္မပူနဲ႕ေတာ့။ သူ႕ကို ငါ ေသခ်ာေစာင့္ေရွာက္ေပးလိုက္မယ္ "

ခ်င္ယြိဖူက သူ အသံုးမက်ေသာေႀကာင့္ တူေလးျဖစ္သူ စိတ္ပူေနရသည္ကို ေတြးကာ ရွက္သြားသည္။

"နင္နင္..ဦးေလးအတြက္ မပူပါနဲ႕။ လုပ္ငန္းခြင္က လုပ္ေဖာ္ကိုင္ဖက္ အားလံုးက ဦးေလးအေႀကာင္းကို သိတယ္။ အားလံုးက ဦးေလးကို ယံုႀကည္တယ္။ အမေတြ ဘာေျပာေျပာ သူတို႕က မယံုပါဘူး။ တခုခုဆိုရင္ သူတို႕က ဦးေလးဘက္က ရွိပါတယ္။ "

ခ်င္ယြိဖူက တကယ္ပဲ အရက္မေသာက္၊ ေဆးလိပ္မေသာက္၊ ေလာင္းကစားကင္းရွင္းျပီးအ လုပ္ႀကိဳးစားသည့္ လူရိုးျဖစ္သည္။ တကယ္လို႕ အခုလို အမ နွစ္ေယာက္၏ မိသားစုကို ကြ်န္ခံရုန္းေပးေနရသည့္ အျဖစ္သာ မရွိလွ်င္ လုပ္ေဖာ္ကိုင္ဖက္မ်ားက သူတို႕ အမ၊ ညီမမ်ားနွင့္ ခ်င္ယြိဖူကို ခ်ိတ္ေပးတာ ႀကာေလာက္ေလျပီ။

" နင္နင္ မင္းစာကိုပဲ ႀကိဳးစားေနာ္။ ဦးေလး အခုျပသနာကို ေသခ်ာ ကိုင္တြယ္နုိင္ပါတယ္။ "

ခ်င္ယြိဖူက ရႈနင္ကို အခိုင္အမာ ကတိေပးလိုက္သည္။ ရႈနင္က ဦးေလး၏ မ်က္ဝန္းထဲက ေလးနက္သည့္အရိပ္ကို ေတြ႕ေတာ့မွ စိတ္ခ်သြားသည္။ ဦးေလးကို နူတ္ဆက္ျပီး ဘတ္စ္ကားျဖင့္ အိမ္ျခံေျမ ေရာင္းဝယ္ေရး ေအဂ်င္စီဘက္ကို ထြက္လာစဥ္ သူ႕ဖုန္းျမည္လာခဲ့သည္။ အကိုႀကီး ရႈဟိန္ လႊတ္လိုက္သည့္ ဒရိုင္ဘာက ဆက္သြယ္တာျဖစ္လို႕ ညေန 5 နာရီ ဆံုရမည့္ ေနရာကို ခ်ိန္းဆိုကာ ဖုန္းခ်လိုက္သည္။

ရႈနင္ဝယ္ယူထားသည့္ ေျမကြက္မ်ားကို စနစ္တက် ျပန္လည္ စီစဥ္လုပ္ေဆာင္ ဖုိ႕လိုအပ္ေသာေႀကာင့္ ေအဂ်င္စီက သူ႕ကို ဆက္သြယ္ဖို႕ အသည္းအသန္ လိုက္ရွာေနႀကသည္။ အရင္တခါက ရႈနင္က သူ႕ဖုန္းနံပါတ္ကို မထားခဲ့ေပ။ ဒါေႀကာင့္ အခု သူ ကိုယ္တုိ္င္လာေရာက္ခဲ့ျခင္းျဖစ္သည္။ သူ ဝယ္ထားသည့္ အိမ္တခ်ိဳ႕ကို ျပင္ဆင္ရမည္။ တခ်ိဳ႕ကို ျပန္ေရာင္းကာ အေရွ႕ဘက္က်သည့္ ပိုက်ယ္သည့္ ေျမကြက္က်ယ္ႀကီးကို ဝယ္ဖို႕ ဆံုးျဖတ္ထားသည္။ ထိုေျမကြက္က ေစ်းႀကီးေပမယ့္ မႀကာခင္နွစ္ေတြမွာ ဒီေဒသက ဖြံ႕ျဖိဳးလာျပီး ထိုေနရာက ေစ်းေကာင္းရလာလိမ့္မည္။ ဒါေႀကာင့္ရႈနင္က သူ ထပ္ရထားသည့္ မုန္႕ဖိုးေငြမ်ားအားလံုးကို ထိုေျမကြက္က်ယ္ကို ဝယ္ဖို႕ ဆံုးျဖတ္လိုက္တာျဖစ္သည္။

ေအဂ်င္စီ အႀကီးအကဲက စာရြက္စာတမ္းမ်ားကို ကိုင္ကာေရာက္လာသည့္ 13 နွစ္အရြယ္ေကာင္ေလးကို ႀကည့္ကာ မယံုႀကည္နုိင္ေအာင္ျဖစ္ေနသည္။ ရႈနင္က ဒီေျမကြက္ပိုင္ရွင္ ဦးေလးက နုိင္ငံျခားကို ထြက္သြားေသာေႀကာင့္ သူ႕ကို ဒါေတြ စီမံေစခဲ့သည္ဟု ေျပာကာ သူ လိုခ်င္သည့္ အခ်က္လက္ကိုေျပာကာ ထိုေျမကြက္ကို ဝယ္ယူရန္ လိုအပ္သည့္ စာရြက္စာတမ္းမ်ားကို ျပင္ဆင္ေစခဲ့သည္။ ဥပေဒ အရ ခုိင္မာသည့္ စာခ်ဳပ္မ်ားကို လုပ္ကိုင္ျပီးေနာက္ ရႈနင္က ညေန သူတို႕ခ်ိန္းထားသည့္ေနရာကို ထြက္လာခဲ့သည္။

ညေန 5 နာရီတိတိတြင္ အကိုႀကီးလႊတ္လိုက္သည့္ ကားေရာက္ရွိလာသည္။ ကားဒရိုင္ဗာနွင့္ အတူပါလာသည့္ ကိုယ္ရံေတာ္က တလမ္းလံုး ရႈနင္ကို အေလးထားကာ ဂရုစိုက္ေပးခဲ့သည္။ ရႈနင္ ေရဆာလွ်င္ ေရေပးကာ ကားေနာက္ခန္းမွာ သက္ေတာင့္သက္တာ အိ္ပ္ဖုိ႕ ေခါင္းအံုးနွင့္ ေစ ာင္ကို ထုတ္ေပးခဲ့သည္။ အရင္ဘဝက ဒီလူေတြက သူ႕ကို လံုးလံုး သတိပင္မထားမိခဲ့ေပမယ့္ အခုဘဝမွာ သူတို႕က ဘာေႀကာင့္ ဒီေလာက္ ရိုက်ိဳးစြာ အလုပ္ေကြ်းျပဳေနတာလဲ။ ဒါက အကိုႀကီးရႈဟိန္၏ သေဘာထားေျပာင္း သြားလို႕မ်ားလား။

ရႈနင္က အဓိက အခ်က္ကို ေတြးမိသြားေသာေႀကာင့္ အိပ္ခ်င္စိတ္ေလးပင္ ေပ်ာက္သြားခဲ့သည္။ သူ အိမ္ကို အျမန္ျပန္ေရာက္ျပီး အကိုႀကီးကို ေတြ႕ခ်င္လွျပီ။ ဒါေႀကာင့္ ရႈနင္က စိတ္ေစာစြာျဖင့္ ကားျပတင္းေပါက္ကေန ရႈခင္းကိုေငးကာ လိုက္ပါလာခဲ့သည္။

ည 8 နာရီ မထိုးခင္ ရႈအိမ္ေတာ္ႀကိီးကိုေရာက္လာခဲ့သည္။ ရႈနင္က ကားေပၚက ဆင္းကတည္းက အေပါက္ဝမွာ ရပ္ေနသည့္ အကိုႀကီးရႈဟိန္ကိုေတြ႕လိုက္ေသာေႀကာင့္ ဝမ္းသာအားရျဖင့္ သူ႕ ေျခေထာက္တုိတုိေလးေတြနွင့္ ေျပးထြက္သြားကာ အကိုႀကီးကိုယ္ကို တင္းက်ပ္စြာဖက္လိုက္ကာ ကားထဲက ေစာင္ဆီက ရသည့္ အနံ႕သင္းသင္းနွင့္ တထပ္တည္းတူေသာ အကိုႀကီးကိုယ္က အနံ႕ကို တဝႀကီး ရႈသြင္းလိုက္သည္။

မိျပီကြ.....

ရႈဟိန္က သူ ဖက္လိုက္သည့္အတြက္ တကိုယ္လံုးေတာင့္တင္းသြားသည္ကို သိလိုက္ရလို႕ရႈနင္က ေႀကာက္လန္႕တႀကား လႊတ္လိုက္သည္။ အကိုႀကီးကို ေမာ့ႀကည့္လိုက္ေတာ့ ခါတုိင္းလို ေအးတိေအးစက္ နတ္ဘုရားအသြင္ျပင္ကို ေတြ႕လိုက္ရလို႕ ေႀကာက္သြားျပီး ေခါင္းငံု႕လိုက္စဥ္ ရုတ္တရက္သူတို႕ အေနာက္ဘက္ ထင္းရႈးပင္ ႀကားက အဖုိးျဖစ္သူ၏ ရယ္ေမာသံကို ႀကားလိုက္ရသျဖင့္ ရႈနင္ ၏ ေႀကာက္စိတ္တို႕ ေလ်ာ့သြားခဲ့သည္။

" အဖိုး လမ္းေလွ်ာက္ထြက္တာလား။ "

ထင္းရႈးပင္ကြယ္ေနလို႕ အနားမွာ အဖိုးရွိသည္ကို ရႈနင္ သတိမထားမိပဲ အကိုႀကီးကို ဝမ္းသာအားရဖက္လိုက္မိျခင္းျဖစ္သည္။

ရႈေကာင္းသည္ သူတို႕ ေသြးသားအစစ္ ေျမးေလးက ေျမးအႀကီးကို ခုလို တရင္းတနွီး ဖက္လိုက္သည္ကို ေတြ႕ေတာ့ ရႈနင္၏ စိတ္ထားေကာင္းသည္ကို သိကာ ဒီကေလးကို ေသခ်ာပ်ိဳးေထာင္သြား ဖို႕ ဆံုးျဖတ္လိုက္သည္။ ဒါေပမယ့္ သူ႕သား ရႈခ်ိန္က ရႈဟိန္တစ္ေယာက္တည္းကိုပဲ ျမင္ျပီး သားႀကီးကိုပဲ အားကိုးသည္။

" မင္းတို႕ ညီအစ္ကိုေတြ အခုလို ခ်စ္ခ်စ္ခင္ခင္ရွိတာေတြ႕ရလို႕ အဖိုးဝမ္းသာတယ္... "

ရႈေကာင္းသည္ ဒီလို ခ်စ္စရာေကာင္းသည့္ ေျမးကို အျပင္မွာ ႀကီးျပင္းေစသည့္ ခ်င္ယြိက်ိဳးကို ေဒါသထြက္သြားခဲ့သည္။

" ရႈဟိန္က ငယ္ကတည္းက တစ္ေယာက္တည္း အေဖာ္မရွိပဲ ႀကီးျပင္းလာလို႕ သူက ေအးတိေအးစက္ ျဖစ္ေနတယ္။ ဒါေႀကာင့္ အဖိုးက ေျမးေလး အခုလို သြက္လက္တာကို သေဘာက်တယ္ကြ... "

အဖုိးက သူ႕ကိုေလွာင္ေျပာင္ေနတာလား ဆိုျပီး ရႈနင္ မယံုနုိ္င္ျဖစ္ကာ ေမာ့ႀကည့္လိုက္ေတာ့ အဖိုး သူ႕လက္နွစ္ဖက္ကို ဆန္႕တန္းကာ ဖက္လိုဟန္ျပလိုက္သည္။ ဒီျမင္ကြင္းေႀကာင့္ ရႈနင္ ႀကက္ေသေသ သြားခဲ့သည္။ အရင္ဘဝတစ္ေလွ်ာက္လံုး အဖိုးက သူ႕ကို ရြံ႕မုန္းခဲ့သည္ မဟုတ္ဘူးလား။ သူ အိမ္ထဲေရာက္လာကတည္းက စားပြဲတစ္ခုတည္း မစားသည့္အျပင္ သူ႕ကို ဘယ္တုနး္ကမွ အသိမွတ္မျပဳသလို ေခၚေျပာျခင္း မရွိခဲ့ေပ။ သူ႕ကို ေတြ႕လိုက္သည္နွင့္ အဖိုးက ညစ္ညမ္းေသာ အရာကို ျမင္သလို ရံႈ႕မဲ့သြားေလ့ရွိသျဖင့္ ရႈနင္က အဖိုးနွင့္ ေဝးရာမွာပဲ ေနေလ့ရွိသည္။ ေနာက္ဆံုး အဖိုး ေသဆံုးသြားသည္အထိ ရႈနင္က အဖိုးနွင့္ ရင္းနွီးခြင့္ပင္မရခဲ့ေပ။

အခုေတာ့ အဖိုး၏အမူယာကို ႀက ည့္ျပီး ရႈနင္၏ ရင္ထဲ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္ေတြ ျဖာလာခဲ့သည္။ ရႈနင္က အဖိုး၏ လက္ေမာင္းႀကားထဲ ေျပးဝင္သြားျပီး အားပါးတရဖက္ကာ ေခၚလိုက္သည္။ အရင္ဘဝနွင့္ အခုဘဝ အတြက္ေပါင္းျပီး သူ႕အဖိုးကို ခ်စ္ခင္စြာ ေခၚခဲ့သည္။ ဒါက သူ႕အဖိုးရင္းျဖစ္လုိ႕ ခုလို ခြ်ဲႏြဲ႕တာ ရွက္စရာမဟုတ္ေပ။

" အဖိုး....."

"လိမ္မာတဲ့ ကေလးေလး.... "

ရႈေကာင္းသည္ သူ႕ေသြးရင္း ေျမးေလးက ခုလို တရင္းတနွီး ဖက္လိုက္သည့္အတြက္ ေဖာ္မျပနုိင္ေအာင္ ဝမ္းသာသြားခဲ့သည္။ ဒါက သူ႕ ေျမးအရင္းျဖစ္သည္။

" နင္နင္.... ဒါက ေျမးေလးရဲ႕အိမ္။ ေျမးေလး ဘာလိုခ်င္တာပဲျဖစ္ျဖစ္.. ဘာ လုပ္ခ်င္တာပဲျဖစ္ျဖစ္ လုပ္လို႕ရတယ္ေနာ္။ ဘာမွ ပူစရာမလိုဘူး။ အဖိုးေျပာတာ သေဘာေပါက္လား "

"ဟုတ္ကဲ့.... "

ေျမးအဖိုးႏွစ္ေယာက္ ဖက္ကာ ပီတိျဖစ္ေနႀကသည္။ ရႈဟိန္က သူတို႕ကို ႀကည့္ျပီး တိတ္ဆိတ္စြာ လွည့္ထြက္သြားခဲ့သည္။

" သခင္ႀကီး အနားယူသင့္ပါျပီ "

အိ္မ္ေတာ္ထိန္းႀကီးလာေခၚလို႕ အဖိုးက ထြက္သြားခဲ့သည္။ ရႈနင္က ခပ္လွမ္းလွမ္းက တစ္ေယာက္တည္း ထြက္သြားသည့္ အကိုႀကိးကို ႀကည့္ကာ အထိီးက်န္သလို ခံစားလိုက္ရကာ အေနာက္က ေျပးလိုက္သြားျပီး ေအာ္ေျပာလိုက္သည္။

" အကိုႀကီး ေစာင့္ပါဦး... "

ရႈနင္က အေနာက္မွေျပးကာ ရႈဟိန္၏ ခါးကို ဖက္ကာ ေျပာလိုက္သည္။

" အကိုႀကီး မေျပာလည္း စိတ္ပူေနတာကို ကြ်န္ေတာ္ သိပါတယ္... ကြ်န္ေတာ္ ေနာင္မွာ ခုလို မေျပာပဲ မသြားေတာ့ပါဘူး ... "

" ............ "

ရႈဟိန္က ကေလးေလး၏ လက္ကို ဆြဲျဖည္လိုက္ေတာ့ သူ႕အသားေတြက ေအးေနသည္ကို သတိထားလိုက္မိသည္။ ဒီကေလးက ပိန္လြန္းျပီး ရာသီဥတုဒဏ္ကို မခံနို္င္သည္ကို သိလုိက္ကာ မ်က္ေမွာင္ႀကဳတ္လိုက္သည္။ ဒီကေလးကို ကိုယ္ခံအားေကာင္းေအာင္ လုပ္ေပးရမည္။

ရႈနင္က အကိုႀကီး၏ သန္မာႀကံ႕ခုိင္ေသာ လက္ဖဝါးႀကီးမွ တဆင့္ အေႏြးဓါတ္မ်ားစြာကိုရလိုက္သည္။

အကိုႀကီးက ဘယ္လိုေတာင္ သန္မာျပီး ခြန္အားႀကီးရတာလဲ။ သူ ဒီတစ္သက္ ဘယ္လိုလုပ္လုပ္ အကိုႀကီးကို မမွီႏိုင္ေတာ့ဘူးပဲ... အရမ္း ထြားတာပဲ....

ထိုစဥ္ ဧည့္ခန္းထဲမွာ တစ္ေယာက္ေယာက္ရွိသည္ကို ေတြ႕လိုက္ရျပီး ႀကည့္လိုက္ေတာ့ ခ်င္ယြိက်ိဳးျဖစ္ေနေသာေႀကာင့္ ရႈနင္က ရႈဟိန္နွင့္ လူခ်င္းခြာကာ လက္ကို ဆြဲရုတ္လိုက္သည္။

--------------------------------

Chapter (15) - အကိုကြီးက အရမ်း ထွားတာပဲ

သူက ရိုးသားသည့် ဦးလေးကြီးပဲလေ....။ ရှုဟိန်ကို မလိမ်ပဲ အမှန်တိုင်း ပြောလိုက်တာ ကောင်းပါသည်။ အရင်ဘဝက လိမ်ပြောခဲ့တာ လုံလောက်ပါပြီ ။ ရှုဟိန်၏ ရင်ထဲထိ ရောက်ချင်ရင် သူ့နှလုံးသားကို ကာရံထားသည့် နံရံများကို ဖြိုချရမည်။ ဒါကြောင့် အကိုကြီးကို အရိုးသားဆုံး ဆက်ဆံတာ ပိုကောင်းပါသည်။

ဖိုမင်က စိတ်လှုပ်ရှားစွာ စကားပြောနေပေမယ့် ရှုနင်က ဖုန်းဖြေရမည် သိသဖြင့် စကားသံ တိတ်သွားခဲ့သည်။ ရှုနင်က ဖုန်းကို ကိုင်ပြီး ချက်ချင်း မဖြေပဲ စဉ်းစားနေသောကြောင့် ချင်ယွိဖူက သူ့ တတိယအစ်မထံမှ ထင်သွားသည်။ သူ့ဆီကို လာလည်သောကြောင့် ရှုနင် အဆူခံရမည်ကို ကြောက်ကာ ဘေးကနေ တိတ်တိတ်လေး ဖုန်းကိုငုံ့ကြည့်နေသည်။

ရှုနင်က အားတင်းပြီး ဖုန်းကို ဖြေ လိုက်သည်။

"ဟယ်လို အကိုကြီးလား။ "
" မင်း ဘယ်ရောက်နေတာလဲ "
" ကျွန်တော့် ဦးလေးကို လွမ်းလို့ သူ့ဆီလာလည်နေတာ။ အမေက နယ်က အမျိုးတွေဆီလာလည်တာကို သဘောမကျဘူး။ ဖြစ်နိုင်ရင် ကျွန်တော့်ကို သူတို့နဲ့ အဆက်သွယ်ဖြတ်စေချင်တာ။ ဒါပေမယ့် ကျွန်တော်က နယ်ဘက်မှာ အမျိုးတွေကြား ကြီးပြင်းလာတော့ သူတို့နဲ့ အဆက်သွယ် မဖြတ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော် တိတ်တိတ်လေး ထွက်လာခဲ့တာပါ။ ကျွန်တော် ည ပိုင်းမှာ ပြန်ရောက်လာမှာပါ "

ရှုနင်က အကိုကြီးကို သေချာရှင်းပြရင်း သူ့အမေ ရဲ့စိတ်ဓါတ်ကိုပါ သိအောင် ပြောပြလိုက်သည်။

" ............. "

တဖက်က ဘာမှ မပြောပဲ တိတ်နေသဖြင့် ရှုနင်က ထပ်ပြောလိုက်သည်။

" အကိုကြီး ကျွန်တော် ကနေ့ စာမေးပွဲရှိတာကို အကိုကြီးကို မပြောခဲ့မိဘူး။ ပြီးတော့ မနက်က နုတ်မဆက်ပဲ ထွက်ခဲ့မိပါတယ်။ နောက်ခါ မဖြစ်စေရပါဘူး "

" အဲ့ဒါ အဓိက မဟုတ်သေးဘူး "

ရှုနင် ကြောင်သွားသည်။ သူ လုပ်နေတာက အဓိက အမှားမဟုတ်သေးဘူးလား။ ဒါဆို အဓိက အမှားက ဘာလဲ။ ရှုနင်က အသည်းအသန်စဉ်းစားလိုက်သည်။ သူက အခုလက်ရှိ အသက် 30 အရွယ် အသိရှိနေပေမယ့် သူ့ဇီဝအသက်က 13 နှစ်သာရှိသေးသည်။ တကယ်ဆိုရင် 13 နှစ်အရွယ် ကလေးက အဝေးကို လာခဲ့တာကို အကိုကြီး စိတ်ပူတာ ဖြစ်ရမည်။

"ကျွန်တော် တစ်ယောက်တည်း အခုလို အဝေးကြီးကို မလာသင့်ပါဘူး။ နောင်ဆို အကိုကြီးကို သေချာပြောပြီးမှာ လာပါ့မယ်... "

" ကောင်းပြီ။ အကိုကြီး မင်းကို ကြိုဖို့ ကားဒရိုင်ဗာ တစ်ယောက်လွှတ်လိုက်မယ်။ ည 8 နာရီ မထိုးခင် အိမ်ကို အရောက်ပြန်လာရမယ် "
" ဟုတ်ကဲ့ပါ အကိုကြီး"

တော်သေးသည်။ သူ အမှန်တိုင်း ပြောလိုက်တာ မှန်သွားသည်။ မဟုတ်ရင် နတ်ဘုရားကြီး ဒေါသထွက်သွားနိုင်သည်။

" ဘယ်သူ ဆက်တာလဲ...နင်နင် "

ချင်ယွိဖူက နံဘေးကနေ နားထောင်နေသောကြောင့် ဖုန်းထဲက လူငယ်တစ်ယောက် အသံကိုကြားလိုက်ရပြီး ရှုနင်ကလည်း အကိုကြိးဟု ခေါ်သံကိုကြားလိုက်ရသောကြောင့် သူ့ဖခင်ဘက်က ဝမ်းကွဲအကိုဟု ထင်သွားသည်။

"အမျိုးတစ်ယောက်ပါ ဦးလေး "

ဦးလေး ချင်ယွိဖူ၏ ဘဝက ရိုးရှင်းသလိုသူ့အတွေးလည်း ရိုးသည်။ တကယ်လို့ သူ့အဖေဆီမှာ တရားဝင်သားအကြီးရှိသည်ကို သိလျှင် သူ့အတွက် စိတ်ပူနေမည်စိုးသောကြောင့် ရှုနင်က လိမ်ပြောလိုက်သည်။

" ဖိုမင်ဦးလေး ကျွန်တော့် ကြီးတော်တွေအကြောင်း ဆက်ပြောပြပါဦး "

ဖိုမင်က ချင်ယွိဖူ၏ အစ်မ နှစ်ယောက်လာရောက် သောင်းကျန်းသည်ကို ပြောပြရင်း သူက ချင်ယွိဖူအစား အတော်လေးကို ဒေါသထွက်လာသည်။ ဒီကောင်လေးကို သူ မကာကွယ်ပေးနိုင်သည်ကို ရှက်လာမိသည်။

" ကောင်လေး မင်းဦးလေးအတွက် ဘာမှ ထပ်မပူနဲ့တော့။ ဒီမိန်းမ နှစ်ယောက် လုပ်ငန်းခွင်ကို ထပ်လာပြီး ဆူပူ ကျိန်ဆဲရင်၊ မင်းဦးလေးကို ထပ်ပြီး နစ်နာအောင်လုပ်ရဲရင် လုပ်ကြည့်။ ငါ ခွေးဆိုးတစ်ကောင်မွေးပြီး သူတို့ကိုကိုက်ခိုင်းပစ်လိုက်မယ်။ "

ချင်ယွိဖူက ဒီအကြံကို ထောက်ခံသည်။

" ကဲ ကောင်လေး.. မင်းရဲ့ကျောင်းစာကိုပဲ သေချာ အာရုံစိုက် ဟုတ်ပြီလား။ မင်းရဲ့ ဦးလေးကို စိတ်မပူနဲ့တော့။ သူ့ကို ငါ သေချာစောင့်ရှောက်ပေးလိုက်မယ် "

ချင်ယွိဖူက သူ အသုံးမကျသောကြောင့် တူလေးဖြစ်သူ စိတ်ပူနေရသည်ကို တွေးကာ ရှက်သွားသည်။

"နင်နင်..ဦးလေးအတွက် မပူပါနဲ့။ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် အားလုံးက ဦးလေးအကြောင်းကို သိတယ်။ အားလုံးက ဦးလေးကို ယုံကြည်တယ်။ အမတွေ ဘာပြောပြော သူတို့က မယုံပါဘူး။ တခုခုဆိုရင် သူတို့က ဦးလေးဘက်က ရှိပါတယ်။ "

ချင်ယွိဖူက တကယ်ပဲ အရက်မသောက်၊ ဆေးလိပ်မသောက်၊ လောင်းကစားကင်းရှင်းပြီးအ လုပ်ကြိုးစားသည့် လူရိုးဖြစ်သည်။ တကယ်လို့ အခုလို အမ နှစ်ယောက်၏ မိသားစုကို ကျွန်ခံရုန်းပေးနေရသည့် အဖြစ်သာ မရှိလျှင် လုပ်ဖော်ကိုင်ဖက်များက သူတို့ အမ၊ ညီမများနှင့် ချင်ယွိဖူကို ချိတ်ပေးတာ ကြာလောက်လေပြီ။

" နင်နင် မင်းစာကိုပဲ ကြိုးစားနော်။ ဦးလေး အခုပြသနာကို သေချာ ကိုင်တွယ်နိုင်ပါတယ်။ "

ချင်ယွိဖူက ရှုနင်ကို အခိုင်အမာ ကတိပေးလိုက်သည်။ ရှုနင်က ဦးလေး၏ မျက်ဝန်းထဲက လေးနက်သည့်အရိပ်ကို တွေ့တော့မှ စိတ်ချသွားသည်။ ဦးလေးကို နူတ်ဆက်ပြီး ဘတ်စ်ကားဖြင့် အိမ်ခြံမြေ ရောင်းဝယ်ရေး အေဂျင်စီဘက်ကို ထွက်လာစဉ် သူ့ဖုန်းမြည်လာခဲ့သည်။ အကိုကြီး ရှုဟိန် လွှတ်လိုက်သည့် ဒရိုင်ဘာက ဆက်သွယ်တာဖြစ်လို့ ညနေ 5 နာရီ ဆုံရမည့် နေရာကို ချိန်းဆိုကာ ဖုန်းချလိုက်သည်။

ရှုနင်ဝယ်ယူထားသည့် မြေကွက်များကို စနစ်တကျ ပြန်လည် စီစဉ်လုပ်ဆောင် ဖို့လိုအပ်သောကြောင့် အေဂျင်စီက သူ့ကို ဆက်သွယ်ဖို့ အသည်းအသန် လိုက်ရှာနေကြသည်။ အရင်တခါက ရှုနင်က သူ့ဖုန်းနံပါတ်ကို မထားခဲ့ပေ။ ဒါကြောင့် အခု သူ ကိုယ်တိုင်လာရောက်ခဲ့ခြင်းဖြစ်သည်။ သူ ဝယ်ထားသည့် အိမ်တချို့ကို ပြင်ဆင်ရမည်။ တချို့ကို ပြန်ရောင်းကာ အရှေ့ဘက်ကျသည့် ပိုကျယ်သည့် မြေကွက်ကျယ်ကြီးကို ဝယ်ဖို့ ဆုံးဖြတ်ထားသည်။ ထိုမြေကွက်က ဈေးကြီးပေမယ့် မကြာခင်နှစ်တွေမှာ ဒီဒေသက ဖွံ့ဖြိုးလာပြီး ထိုနေရာက ဈေးကောင်းရလာလိမ့်မည်။ ဒါကြောင့်ရှုနင်က သူ ထပ်ရထားသည့် မုန့်ဖိုးငွေများအားလုံးကို ထိုမြေကွက်ကျယ်ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။

အေဂျင်စီ အကြီးအကဲက စာရွက်စာတမ်းများကို ကိုင်ကာရောက်လာသည့် 13 နှစ်အရွယ်ကောင်လေးကို ကြည့်ကာ မယုံကြည်နိုင်အောင်ဖြစ်နေသည်။ ရှုနင်က ဒီမြေကွက်ပိုင်ရှင် ဦးလေးက နိုင်ငံခြားကို ထွက်သွားသောကြောင့် သူ့ကို ဒါတွေ စီမံစေခဲ့သည်ဟု ပြောကာ သူ လိုချင်သည့် အချက်လက်ကိုပြောကာ ထိုမြေကွက်ကို ဝယ်ယူရန် လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်စေခဲ့သည်။ ဥပဒေ အရ ခိုင်မာသည့် စာချုပ်များကို လုပ်ကိုင်ပြီးနောက် ရှုနင်က ညနေ သူတို့ချိန်းထားသည့်နေရာကို ထွက်လာခဲ့သည်။

ညနေ 5 နာရီတိတိတွင် အကိုကြီးလွှတ်လိုက်သည့် ကားရောက်ရှိလာသည်။ ကားဒရိုင်ဗာနှင့် အတူပါလာသည့် ကိုယ်ရံတော်က တလမ်းလုံး ရှုနင်ကို အလေးထားကာ ဂရုစိုက်ပေးခဲ့သည်။ ရှုနင် ရေဆာလျှင် ရေပေးကာ ကားနောက်ခန်းမှာ သက်တောင့်သက်တာ အိပ်ဖို့ ခေါင်းအုံးနှင့် စေ ာင်ကို ထုတ်ပေးခဲ့သည်။ အရင်ဘဝက ဒီလူတွေက သူ့ကို လုံးလုံး သတိပင်မထားမိခဲ့ပေမယ့် အခုဘဝမှာ သူတို့က ဘာကြောင့် ဒီလောက် ရိုကျိုးစွာ အလုပ်ကျွေးပြုနေတာလဲ။ ဒါက အကိုကြီးရှုဟိန်၏ သဘောထားပြောင်း သွားလို့များလား။

ရှုနင်က အဓိက အချက်ကို တွေးမိသွားသောကြောင့် အိပ်ချင်စိတ်လေးပင် ပျောက်သွားခဲ့သည်။ သူ အိမ်ကို အမြန်ပြန်ရောက်ပြီး အကိုကြီးကို တွေ့ချင်လှပြီ။ ဒါကြောင့် ရှုနင်က စိတ်စောစွာဖြင့် ကားပြတင်းပေါက်ကနေ ရှုခင်းကိုငေးကာ လိုက်ပါလာခဲ့သည်။

ည 8 နာရီ မထိုးခင် ရှုအိမ်တော်ကြီးကိုရောက်လာခဲ့သည်။ ရှုနင်က ကားပေါ်က ဆင်းကတည်းက အပေါက်ဝမှာ ရပ်နေသည့် အကိုကြီးရှုဟိန်ကိုတွေ့လိုက်သောကြောင့် ဝမ်းသာအားရဖြင့် သူ့ ခြေထောက်တိုတိုလေးတွေနှင့် ပြေးထွက်သွားကာ အကိုကြီးကိုယ်ကို တင်းကျပ်စွာဖက်လိုက်ကာ ကားထဲက စောင်ဆီက ရသည့် အနံ့သင်းသင်းနှင့် တထပ်တည်းတူသော အကိုကြီးကိုယ်က အနံ့ကို တဝကြီး ရှုသွင်းလိုက်သည်။

မိပြီကွ.....

ရှုဟိန်က သူ ဖက်လိုက်သည့်အတွက် တကိုယ်လုံးတောင့်တင်းသွားသည်ကို သိလိုက်ရလို့ရှုနင်က ကြောက်လန့်တကြား လွှတ်လိုက်သည်။ အကိုကြီးကို မော့ကြည့်လိုက်တော့ ခါတိုင်းလို အေးတိအေးစက် နတ်ဘုရားအသွင်ပြင်ကို တွေ့လိုက်ရလို့ ကြောက်သွားပြီး ခေါင်းငုံ့လိုက်စဉ် ရုတ်တရက်သူတို့ အနောက်ဘက် ထင်းရှုးပင် ကြားက အဖိုးဖြစ်သူ၏ ရယ်မောသံကို ကြားလိုက်ရသဖြင့် ရှုနင် ၏ ကြောက်စိတ်တို့ လျော့သွားခဲ့သည်။

" အဖိုး လမ်းလျှောက်ထွက်တာလား။ "

ထင်းရှုးပင်ကွယ်နေလို့ အနားမှာ အဖိုးရှိသည်ကို ရှုနင် သတိမထားမိပဲ အကိုကြီးကို ဝမ်းသာအားရဖက်လိုက်မိခြင်းဖြစ်သည်။

ရှုကောင်းသည် သူတို့ သွေးသားအစစ် မြေးလေးက မြေးအကြီးကို ခုလို တရင်းတနှီး ဖက်လိုက်သည်ကို တွေ့တော့ ရှုနင်၏ စိတ်ထားကောင်းသည်ကို သိကာ ဒီကလေးကို သေချာပျိုးထောင်သွား ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် သူ့သား ရှုချိန်က ရှုဟိန်တစ်ယောက်တည်းကိုပဲ မြင်ပြီး သားကြီးကိုပဲ အားကိုးသည်။

" မင်းတို့ ညီအစ်ကိုတွေ အခုလို ချစ်ချစ်ခင်ခင်ရှိတာတွေ့ရလို့ အဖိုးဝမ်းသာတယ်... "

ရှုကောင်းသည် ဒီလို ချစ်စရာကောင်းသည့် မြေးကို အပြင်မှာ ကြီးပြင်းစေသည့် ချင်ယွိကျိုးကို ဒေါသထွက်သွားခဲ့သည်။

" ရှုဟိန်က ငယ်ကတည်းက တစ်ယောက်တည်း အဖော်မရှိပဲ ကြီးပြင်းလာလို့ သူက အေးတိအေးစက် ဖြစ်နေတယ်။ ဒါကြောင့် အဖိုးက မြေးလေး အခုလို သွက်လက်တာကို သဘောကျတယ်ကွ... "

အဖိုးက သူ့ကိုလှောင်ပြောင်နေတာလား ဆိုပြီး ရှုနင် မယုံနိုင်ဖြစ်ကာ မော့ကြည့်လိုက်တော့ အဖိုး သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖက်လိုဟန်ပြလိုက်သည်။ ဒီမြင်ကွင်းကြောင့် ရှုနင် ကြက်သေသေ သွားခဲ့သည်။ အရင်ဘဝတစ်လျှောက်လုံး အဖိုးက သူ့ကို ရွံ့မုန်းခဲ့သည် မဟုတ်ဘူးလား။ သူ အိမ်ထဲရောက်လာကတည်းက စားပွဲတစ်ခုတည်း မစားသည့်အပြင် သူ့ကို ဘယ်တုန်းကမှ အသိမှတ်မပြုသလို ခေါ်ပြောခြင်း မရှိခဲ့ပေ။ သူ့ကို တွေ့လိုက်သည်နှင့် အဖိုးက ညစ်ညမ်းသော အရာကို မြင်သလို ရှုံ့မဲ့သွားလေ့ရှိသဖြင့် ရှုနင်က အဖိုးနှင့် ဝေးရာမှာပဲ နေလေ့ရှိသည်။ နောက်ဆုံး အဖိုး သေဆုံးသွားသည်အထိ ရှုနင်က အဖိုးနှင့် ရင်းနှီးခွင့်ပင်မရခဲ့ပေ။

အခုတော့ အဖိုး၏အမူယာကို ကြ ည့်ပြီး ရှုနင်၏ ရင်ထဲ မျှော်လင့်ချက် ရောင်ခြည်တွေ ဖြာလာခဲ့သည်။ ရှုနင်က အဖိုး၏ လက်မောင်းကြားထဲ ပြေးဝင်သွားပြီး အားပါးတရဖက်ကာ ခေါ်လိုက်သည်။ အရင်ဘဝနှင့် အခုဘဝ အတွက်ပေါင်းပြီး သူ့အဖိုးကို ချစ်ခင်စွာ ခေါ်ခဲ့သည်။ ဒါက သူ့အဖိုးရင်းဖြစ်လို့ ခုလို ချွဲနွဲ့တာ ရှက်စရာမဟုတ်ပေ။

" အဖိုး....."

"လိမ်မာတဲ့ ကလေးလေး.... "

ရှုကောင်းသည် သူ့သွေးရင်း မြေးလေးက ခုလို တရင်းတနှီး ဖက်လိုက်သည့်အတွက် ဖော်မပြနိုင်အောင် ဝမ်းသာသွားခဲ့သည်။ ဒါက သူ့ မြေးအရင်းဖြစ်သည်။

" နင်နင်.... ဒါက မြေးလေးရဲ့အိမ်။ မြေးလေး ဘာလိုချင်တာပဲဖြစ်ဖြစ်.. ဘာ လုပ်ချင်တာပဲဖြစ်ဖြစ် လုပ်လို့ရတယ်နော်။ ဘာမှ ပူစရာမလိုဘူး။ အဖိုးပြောတာ သဘောပေါက်လား "

"ဟုတ်ကဲ့.... "

မြေးအဖိုးနှစ်ယောက် ဖက်ကာ ပီတိဖြစ်နေကြသည်။ ရှုဟိန်က သူတို့ကို ကြည့်ပြီး တိတ်ဆိတ်စွာ လှည့်ထွက်သွားခဲ့သည်။

" သခင်ကြီး အနားယူသင့်ပါပြီ "

အိမ်တော်ထိန်းကြီးလာခေါ်လို့ အဖိုးက ထွက်သွားခဲ့သည်။ ရှုနင်က ခပ်လှမ်းလှမ်းက တစ်ယောက်တည်း ထွက်သွားသည့် အကိုကြိးကို ကြည့်ကာ အထီးကျန်သလို ခံစားလိုက်ရကာ အနောက်က ပြေးလိုက်သွားပြီး အော်ပြောလိုက်သည်။

" အကိုကြီး စောင့်ပါဦး... "

ရှုနင်က အနောက်မှပြေးကာ ရှုဟိန်၏ ခါးကို ဖက်ကာ ပြောလိုက်သည်။

" အကိုကြီး မပြောလည်း စိတ်ပူနေတာကို ကျွန်တော် သိပါတယ်... ကျွန်တော် နောင်မှာ ခုလို မပြောပဲ မသွားတော့ပါဘူး ... "

" ............ "

ရှုဟိန်က ကလေးလေး၏ လက်ကို ဆွဲဖြည်လိုက်တော့ သူ့အသားတွေက အေးနေသည်ကို သတိထားလိုက်မိသည်။ ဒီကလေးက ပိန်လွန်းပြီး ရာသီဥတုဒဏ်ကို မခံနိုင်သည်ကို သိလိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကလေးကို ကိုယ်ခံအားကောင်းအောင် လုပ်ပေးရမည်။

ရှုနင်က အကိုကြီး၏ သန်မာကြံ့ခိုင်သော လက်ဖဝါးကြီးမှ တဆင့် အနွေးဓါတ်များစွာကိုရလိုက်သည်။

အကိုကြီးက ဘယ်လိုတောင် သန်မာပြီး ခွန်အားကြီးရတာလဲ။ သူ ဒီတစ်သက် ဘယ်လိုလုပ်လုပ် အကိုကြီးကို မမှီနိုင်တော့ဘူးပဲ... အရမ်း ထွားတာပဲ....

ထိုစဉ် ဧည့်ခန်းထဲမှာ တစ်ယောက်ယောက်ရှိသည်ကို တွေ့လိုက်ရပြီး ကြည့်လိုက်တော့ ချင်ယွိကျိုးဖြစ်နေသောကြောင့် ရှုနင်က ရှုဟိန်နှင့် လူချင်းခွာကာ လက်ကို ဆွဲရုတ်လိုက်သည်။

--------------------------------


Continue lendo

Você também vai gostar

337K 27.9K 21
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိ...
5.1K 59 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...
455K 59.8K 61
𝘼𝙨𝙨𝙤𝙘𝙞𝙖𝙩𝙚𝙙 𝙉𝙖𝙢𝙚𝙨 : 穿成Omega后发现自己怀孕了 𝘼𝙪𝙩𝙝𝙤𝙧(𝙨): 非期而然 𝙏𝙮𝙥𝙚: 𝙒𝙚𝙗 𝙉𝙤𝙫𝙚𝙡(𝘾𝙉) 𝙂𝙚𝙣𝙧𝙚: 𝙁𝙖𝙣𝙩𝙖𝙨𝙮, 𝙍𝙤𝙢𝙖𝙣𝙘𝙚...
294K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...