Unicode
ကျွန်တော့်နာမည်ကရှောင်ကျန့်။ ကျွန်တော်ကတရုတ်ပြည်ရဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ပါ။
အင်း....ပြောရမယ်ဆိုရင်ပေါ့နော်။ ရှောင်ကျန့်ကသေပြီးသွားပြီ။ သေပုံသေနည်းကလည်းနည်းနည်းတော့ထူးဆန်းသလိုတော့ရှိသား။
ဖြစ်ပုံကတော့ဒီလို.....
သူပန်းခြံတစ်ခုထဲမှာအတွဲချောင်း....အဟွတ်.....စာမူအတွက်လျှောက်လေ့လာပြီး ideaအသစ်တွေစဉ်းစားနေရင်း ရုတ်တရတ်ပုရွက်ဆိတ်အုံတစ်ခုကိုတတ်နင်းမိသွား၏။ အနောက်ဘက်ကိုခုန်ဆုတ်လိုက်တဲ့အချိန်မှာ စပြီးဂွမ်းတော့တာပဲ။
သူ့အနောက်ဘက်မှာဘယ်ကလေကဝ အုတ်ကြားမြက်ပေါက်မိမဆုံးမဖမဆုံးမသူတောင်းစားကလာပြစ်သွားမှန်းမသိတဲ့ငှက်ပျောခွံကိုတတ်နင်းမိပြီးချော်လဲပါရောလား။
အဲ.......ဒါနဲ့တင်မပြီးသေးဘူး။ဘယ်နေရာကပြုတ်ကျလာမှန်းမသိတဲ့အုန်းသီးတစ်လုံးကသူ့ခေါင်းပေါ်ကျလာပြီးရှောင်ကျန့်တစ်ယောက်လူ့လောကကြီးနဲ့အဆက်အသွယ်ပျက်သွားရလေသည်။
............................................
.......................
[ hello my little host....
welcome to system space...]
ရှောင်ကျန့်နိုးနိုးချင်းကြားလိုက်ရတာက....အင်း.....ဘာပြောရမလဲ။ ညှောင်နာနာနဲ့
မစားရအညှော်ခံအသံမျိုး။ နားထောင်ရတာကြားရဆိုးလိုက်တာ။
[အဟွတ်...hostတွေးသမျှကိုကျွန်တော်ကြားနေရပါတယ်.....ကျေးဇူးပြုပြီးယဉ်ယဉ်ကျေးကျေးလေးပြောပေးပါခင်ဗျ....]
"fuck...ဘယ်ကအသံထွက်နေတာလဲ..."
[ ......... ]
systemက ယဉ်ကျေးနေတယ်လေ။
ရှောင်ကျန့်မှာတော့ ကြေကွဲနေတဲ့တစ်ယောက်သောသူကို မသိပဲသူ့ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေလေသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေပြီးထိုနေရာ၌လူတစ်ယောက် ခွေးတစ်ကောင် ကြောင်တစ်မြှီးမှမတွေ့ရပေ။
"ခုနကအသံတစ်သံကြားလိုက်ပါတယ်....ဒါမှမဟုတ်ငါပဲစိတ်ထင်နေတာလား"
[အဟမ်း....host...ကျွန်တော်က အရှေ့နားလေးမှာပါ....နည်းနည်း ငုံ့ကြည့်ပါဦး.....]
"ဟမ်"
ရှောင်ကျန့်ငုံ့ကြည့်လိုက်သည့်အခါတွင် မြင်လိုက်ရတာက အဖြူရောင် အမွှေးပွလုံးလေးတစ်ခုဖြစ်သည်။ အဲ...မျက်လုံးဝိုင်း
ကြီးတွေလည်းပါသေးသည်။
ရှောင်ကျန့်မျက်တောင် တစ်ဖြတ်ဖြတ်ခတ်လိုက်မိ၏။
"မင်းက.......
ခွေးလား...."
systemမှာမျက်ရည်ဝဲသွားရှာလေသည်။
ရက်စက်လိုက်တာhostရယ် အုန်းသီးကိုခွေးနဲ့နှိုင်းရလားလို့။ ဘယ်နားမှာခွေးရုပ်ပေါက်နေလို့လဲ။
systemမှာအသံတိတ်ငိုကြွေးနေသလောက်ရှောင်ကျန့်မှာတော့ အူကြောင်ကြားရုပ်လေးဖြင့်သာမတ်တပ်ရပ်နေလေသည်။
ထားလိုက်ပါလေ။ အုန်းသီးကပဲခွင့်လွှတ်ပေးလိုက်ပါ့မယ်။
[host...အခုရောက်နေတာကsystem spaceထဲမှာပါ....hostကလူကြားမကောင်းအောင် သေဆုံးခဲ့ရတဲ့အတွက် အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့ ကမ္ဘာပေါင်းများစွာကိုဖြတ်သန်းပြီးသေဆုံးသူတွေရဲ့ တောင်းဆိုမှုတွေကိုဖြည့်ဆည်းပေးရပါလိမ့်မယ်]
"....."
[ပြီးတော့hostရဲ့ လုပ်ဆောင်မှုနဲ့တိုင်းတာတွက်ချက်ပြီးpointsတွေရမယ့်အပြင် ပညာရပ်တွေကိုပါအလကားကူးယူခွင့်ရဦးမှာ.....အချိန်တန်ရင်hostရဲ့ ကိုယ်ပိုင်ကမ္ဘာကိုလိုချင်တဲ့အချိန်ထိပြန်ဆုတ်ပြီး ပို့ပေးလို့ရပါတယ်.....တာဝန်တွေအားလုံးပြီးဆုံးသွားရင် hostစိတ်တိုင်းကျဆုတစ်ခုကိုတောင်းခွင့်ရှိပါသေးတယ်.....hostလက်ခံပါရဲ့လား]
"ငါကလက်မခံရင်ရော...."
[ဗျာ.....]
"မဗျာနဲ့....ကောင်းကောင်းမွန်မွန်ဖြေ....အတည်မေးနေတာ....."
[အဲ့ဒါဆိုရင်တော့hostရဲ့မူလကမ္ဘာမှာ လုံးဝသေဆုံးသွားမယ့်အပြင်ပြန်လည်ဝင်စားလို့ မရအောင် hostရဲ့ဝိဉာဉ်တစ်စစီဖျက်စီးခံရပါလိမ့်မယ်......]
"ဟမ့်.....ရွေးလို့မရမှဖြင့်မေးနေသေးတယ်.....ဘယ်သူကရောအကြောင်းအရင်း မရှိအလကားသေချင်ပါ့မလဲ...."
[.....]
"ငါ့ကိုအေးအေးဆေးဆေးလေးပြန်ဝင်စားခွင့်ပေးရင်လည်းတစ်မျိုးပေါ့.....ပြီးတော့မင်းတို့ဟာကတစ်ခြားသူရဲ့ခန္တာကိုယ်မှာ ကပ်ပါးတစ်ကောင်လိုတွယ်ကပ်ပြီးနေရဦးမယ်တဲ့....ဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းလိုက်လဲ.....အသုံးမကျတဲ့system...."
ဗလိုင်းကြီးအဖဲ့ခံလိုက်ရတဲ့systemခမျာငိုချင်လာ၏။
ဝူး.....ဒါကျော်လုပ်တာမှမဟုတ်တဲ့ဟာကို။
ရှောင်ကျန့်ဟာ သူ့ရဲ့ထိုးထွက်လာသည့်ဒေါသစိတ်တွေကိုမနည်းပြန်လည်ထိန်းချုပ်လိုက်ရသည်။ စိတ်ငြိမ်သွားကာမှ သူ့ရှေ့ကအဖြူလုံးကိုကြည့်ကာ ဘောက်ဆတ်ဆတ်ဖြင့်မေးလိုက်သည်။
"ဒါနဲ့......မင်းကိုဘယ်လိုခေါ်ရမလဲ...."
[ရွှတ်....ကျွန်တော်ကsystem091ပါခင်ဗျ....ကျွန်တော့်ကိုအုန်းသီးလို့လဲခေါ်နိုင်ပါတယ်.....]
ရှောင်ကျန့်မျက်နှာမဲ့ရွဲ့သွားသည်။
အုန်းသီးတဲ့လား။ ဒီကဖြင့်အုန်းသီးပိပြီးသေလာပါတယ်ဆိုကာမှ။ အုန်းသီးsystemနဲ့လာတွေ့နေတယ်။
systemအုန်းသီးကတော့ ရှောင်ကျန့်ရဲ့အတွေးတွေကိုမသိချင်ယောင်ဆောင်ကာ သူ့အလုပ်သူဆက်လုပ်သည်။
[ပထမဆုံးကမ္ဘာကိုစတင်ကူးပြောင်းပါပြီ....နည်းနည်းနာမယ်နော် host....3...2...1...0....]
••••••••••••••••••••••••••••••••••
••••••••••••••••••••••
•••••••••
စာရေးသူ : "အုန်းသီးအနေနဲ့ ပထမဆုံးရရှိတဲ့hostအပေါ်ဘယ်လိုထင်မြင်မိပါသလဲခင်ဗျာ..."
system အုန်းသီး : "hostကအရမ်းဆိုးတယ်....ရက်စက်တယ်....အကျင့်ယုတ်တယ်...ပြီးတော့အဆဲလည်းသန်သေးတယ်...."
ရှောင်ကျန့် : "ဘာတွေပြောနေကြတာလဲ"
စာရေးသူ : "ရှောင်....အု...ဝူး....ဝူ...ဝူး..."
(အုန်းသီးရဲ့ပါးစပ်အတင်းပိတ်ခြင်းခံလိုက်ရသောစာရေးသူ)
ရှောင်ကျန့် ရုတ်တရက်ကြီးတစ်စုံတစ်ခုကို ဥာဏ်အလင်းရသွားဟန် ပေါ်ပေါက်လာ၏။
ရှောင်ကျန့် : "အာ...ငါသိပြီ....မင်းတို့နှစ်ယောက်...ဟိုဟာအကြောင်းဆွေးနွေးနေကြတာမဟုတ်လား.....စိတ်မပူပါနဲ့....ငါနားလည်ပါတယ်"
စာရေးသူ : "......."
systemအုန်းသီး : "......."
_________________________________________________________
Zawgyi
ကြၽန္ေတာ့္နာမည္ကေရွာင္က်န႔္။ ကြၽန္ေတာ္ကတ႐ုတ္ျပည္ရဲ႕ နာမည္ႀကီးစာေရးဆရာတစ္ေယာက္ပါ။
အင္း....ေျပာရမယ္ဆိုရင္ေပါ့ေနာ္။ ေရွာင္က်န႔္ကေသၿပီးသြားၿပီ။ ေသပုံေသနည္းကလည္းနည္းနည္းေတာ့ထူးဆန္းသလိုေတာ့ရွိသား။
ျဖစ္ပုံကေတာ့ဒီလို.....
သူပန္းၿခံတစ္ခုထဲမွာအတြဲေခ်ာင္း....အဟြတ္.....စာမူအတြက္ေလွ်ာက္ေလ့လာၿပီး ideaအသစ္ေတြစဥ္းစားေနရင္း ႐ုတ္တရတ္ပု႐ြက္ဆိတ္အုံတစ္ခုကိုတတ္နင္းမိသြား၏။ အေနာက္ဘက္ကိုခုန္ဆုတ္လိုက္တဲ့အခ်ိန္မွာ စၿပီးဂြမ္းေတာ့တာပဲ။
သူ႕အေနာက္ဘက္မွာဘယ္ကေလကဝ အုတ္ၾကားျမက္ေပါက္မိမဆုံးမဖမဆုံးမသူေတာင္းစားကလာျပစ္သြားမွန္းမသိတဲ့ငွက္ေပ်ာခြံကိုတတ္နင္းမိၿပီးေခ်ာ္လဲပါေရာလား။
အဲ.......ဒါနဲ႕တင္မၿပီးေသးဘူး။ဘယ္ေနရာကျပဳတ္က်လာမွန္းမသိတဲ့အုန္းသီးတစ္လုံးကသူ႕ေခါင္းေပၚက်လာၿပီးေရွာင္က်န႔္တစ္ေယာက္လူ႕ေလာကႀကီးနဲ႕အဆက္အသြယ္ပ်က္သြားရေလသည္။
............................................
.......................
[ hello my little host....
welcome to system space...]
ေရွာင္က်န႔္နိုးနိုးခ်င္းၾကားလိုက္ရတာက....အင္း.....ဘာေျပာရမလဲ။ ေညွာင္နာနာနဲ႕
မစားရအေညွာ္ခံအသံမ်ိဳး။ နားေထာင္ရတာၾကားရဆိုးလိုက္တာ။
[အဟြတ္...hostေတြးသမွ်ကိုကြၽန္ေတာ္ၾကားေနရပါတယ္.....ေက်းဇူးျပဳၿပီးယဥ္ယဥ္ေက်းေက်းေလးေျပာေပးပါခင္ဗ်....]
"fuck...ဘယ္ကအသံထြက္ေနတာလဲ..."
[ ......... ]
systemက ယဥ္ေက်းေနတယ္ေလ။
ေရွာင္က်န႔္မွာေတာ့ ေၾကကြဲေနတဲ့တစ္ေယာက္ေသာသူကို မသိပဲသူ႕ေဘးပတ္ဝန္းက်င္ကိုလွည့္ပတ္ၾကည့္ေနေလသည္။ ေဘးပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္မဲေနၿပီးထိုေနရာ၌လူတစ္ေယာက္ ေခြးတစ္ေကာင္ ေၾကာင္တစ္ျမႇီးမွမေတြ႕ရေပ။
"ခုနကအသံတစ္သံၾကားလိုက္ပါတယ္....ဒါမွမဟုတ္ငါပဲစိတ္ထင္ေနတာလား"
[အဟမ္း....host...ကြၽန္ေတာ္က အေရွ႕နားေလးမွာပါ....နည္းနည္း ငုံ႕ၾကည့္ပါဦး.....]
"ဟမ္"
ေရွာင္က်န႔္ငုံ႕ၾကည့္လိုက္သည့္အခါတြင္ ျမင္လိုက္ရတာက အျဖဴေရာင္ အေမႊးပြလုံးေလးတစ္ခုျဖစ္သည္။ အဲ...မ်က္လုံးဝိုင္း
ႀကီးေတြလည္းပါေသးသည္။
ေရွာင္က်န႔္မ်က္ေတာင္ တစ္ျဖတ္ျဖတ္ခတ္လိုက္မိ၏။
"မင္းက.......
ေခြးလား...."
systemမွာမ်က္ရည္ဝဲသြားရွာေလသည္။
ရက္စက္လိုက္တာhostရယ္ အုန္းသီးကိုေခြးနဲ႕ႏွိုင္းရလားလို႔။ ဘယ္နားမွာေခြး႐ုပ္ေပါက္ေနလို႔လဲ။
systemမွာအသံတိတ္ငိုေႂကြးေနသေလာက္ေရွာင္က်န႔္မွာေတာ့ အူေၾကာင္ၾကား႐ုပ္ေလးျဖင့္သာမတ္တပ္ရပ္ေနေလသည္။
ထားလိုက္ပါေလ။ အုန္းသီးကပဲခြင့္လႊတ္ေပးလိုက္ပါ့မယ္။
[host...အခုေရာက္ေနတာကsystem spaceထဲမွာပါ....hostကလူၾကားမေကာင္းေအာင္ ေသဆုံးခဲ့ရတဲ့အတြက္ အခြင့္အေရးတစ္ခုေပးတဲ့အေနနဲ႕ ကမၻာေပါင္းမ်ားစြာကိုျဖတ္သန္းၿပီးေသဆုံးသူေတြရဲ႕ ေတာင္းဆိုမႈေတြကိုျဖည့္ဆည္းေပးရပါလိမ့္မယ္]
"....."
[ၿပီးေတာ့hostရဲ႕ လုပ္ေဆာင္မႈနဲ႕တိုင္းတာတြက္ခ်က္ၿပီးpointsေတြရမယ့္အျပင္ ပညာရပ္ေတြကိုပါအလကားကူးယူခြင့္ရဦးမွာ.....အခ်ိန္တန္ရင္hostရဲ႕ ကိုယ္ပိုင္ကမၻာကိုလိုခ်င္တဲ့အခ်ိန္ထိျပန္ဆုတ္ၿပီး ပို႔ေပးလို႔ရပါတယ္.....တာဝန္ေတြအားလုံးၿပီးဆုံးသြားရင္ hostစိတ္တိုင္းက်ဆဳတစ္ခုကိုေတာင္းခြင့္ရွိပါေသးတယ္.....hostလက္ခံပါရဲ႕လား]
"ငါကလက္မခံရင္ေရာ...."
[ဗ်ာ.....]
"မဗ်ာနဲ႕....ေကာင္းေကာင္းမြန္မြန္ေျဖ....အတည္ေမးေနတာ....."
[အဲ့ဒါဆိုရင္ေတာ့hostရဲ႕မူလကမၻာမွာ လုံးဝေသဆုံးသြားမယ့္အျပင္ျပန္လည္ဝင္စားလို႔ မရေအာင္ hostရဲ႕ဝိဉာဥ္တစ္စစီဖ်က္စီးခံရပါလိမ့္မယ္......]
"ဟမ့္.....ေ႐ြးလို႔မရမွျဖင့္ေမးေနေသးတယ္.....ဘယ္သူကေရာအေၾကာင္းအရင္း မရွိအလကားေသခ်င္ပါ့မလဲ...."
[.....]
"ငါ့ကိုေအးေအးေဆးေဆးေလးျပန္ဝင္စားခြင့္ေပးရင္လည္းတစ္မ်ိဳးေပါ့.....ၿပီးေတာ့မင္းတို႔ဟာကတစ္ျခားသူရဲ႕ခႏၱာကိုယ္မွာ ကပ္ပါးတစ္ေကာင္လိုတြယ္ကပ္ၿပီးေနရဦးမယ္တဲ့....ဘယ္ေလာက္ေတာင္စိတ္ပ်က္ဖို႔ေကာင္းလိုက္လဲ.....အသုံးမက်တဲ့system...."
ဗလိုင္းႀကီးအဖဲ့ခံလိုက္ရတဲ့systemခမ်ာငိုခ်င္လာ၏။
ဝူး.....ဒါေက်ာ္လုပ္တာမွမဟုတ္တဲ့ဟာကို။
ေရွာင္က်န့္ဟာ သူ႕ရဲ႕ထိုးထြက္လာသည့္ေဒါသစိတ္ေတြကိုမနည္းျပန္လည္ထိန္းခ်ဳပ္လိုက္ရသည္။ စိတ္ၿငိမ္သြားကာမွ သူ႕ေရွ႕ကအျဖဴလုံးကိုၾကည့္ကာ ေဘာက္ဆတ္ဆတ္ျဖင့္ေမးလိုက္သည္။
"ဒါနဲ႕......မင္းကိုဘယ္လိုေခၚရမလဲ...."
[႐ႊတ္....ကြၽန္ေတာ္ကsystem091ပါခင္ဗ်....ကြၽန္ေတာ့္ကိုအုန္းသီးလို႔လဲေခၚနိုင္ပါတယ္.....]
ေရွာင္က်န႔္မ်က္ႏွာမဲ့႐ြဲ႕သြားသည္။
အုန္းသီးတဲ့လား။ ဒီကျဖင့္အုန္းသီးပိၿပီးေသလာပါတယ္ဆိုကာမွ။ အုန္းသီးsystemနဲ႕လာေတြ႕ေနတယ္။
systemအုန္းသီးကေတာ့ ေရွာင္က်န႔္ရဲ႕အေတြးေတြကိုမသိခ်င္ေယာင္ေဆာင္ကာ သူ႕အလုပ္သူဆက္လုပ္သည္။
[ပထမဆုံးကမၻာကိုစတင္ကူးေျပာင္းပါၿပီ....နည္းနည္းနာမယ္ေနာ္ host....3...2...1...0....]
စာေရးသူ : "အုန္းသီးအေနနဲ႕ ပထမဆုံးရရွိတဲ့hostအေပၚဘယ္လိုထင္ျမင္မိပါသလဲခင္ဗ်ာ..."
system အုန္းသီး : "hostကအရမ္းဆိုးတယ္....ရက္စက္တယ္....အက်င့္ယုတ္တယ္...ၿပီးေတာ့အဆဲလည္းသန္ေသးတယ္...."
ေရွာင္က်န႔္ : "ဘာေတြေျပာေနၾကတာလဲ"
စာေရးသူ : "ေရွာင္....အု...ဝူး....ဝူ...ဝူး..."
(အုန္းသီးရဲ႕ပါးစပ္အတင္းပိတ္ျခင္းခံလိုက္ရေသာစာေရးသူ)
ေရွာင္က်န႔္ ႐ုတ္တရက္ႀကီးတစ္စုံတစ္ခုကို ဥာဏ္အလင္းရသြားဟန္ ေပၚေပါက္လာ၏။
ေရွာင္က်န႔္ : "အာ...ငါသိၿပီ....မင္းတို႔ႏွစ္ေယာက္...ဟိုဟာအေၾကာင္းေဆြးႏြေးေနၾကတာမဟုတ္လား.....စိတ္မပူပါနဲ႕....ငါနားလည္ပါတယ္"
စာေရးသူ : "......."
systemအုန္းသီး : "......."
_________________________________________________________