""""""""""""""""""""""
ခန္႔မွန္းရခက္ေသာေကာင္ငယ္ေလးသည္
သူ႔ေ႐ွ႕တြင္ေအးစက္စြာ႐ွိေနျပန္သည္..
ဒူးႏွစ္လံုးကိုလက္နဲ႔ေပြ႔ပိုက္ထားတဲ့အေနအထားနဲ႔ပဲ...
ေခ်ာင္က်ေနတဲ့မ်က္ႏွာေလးက
အိပ္ေရးပ်က္ေနတာေၾကာင့္ျဖစ္ေနပံုမကပဲ ပိန္သြယ္တဲ့ကိုယ္ေလးကပါ
အားမရစရာ...
ဘယ္လိုသတၱိနဲ႔မ်ား ကေလးယူဖို႔ဆံုးျဖတ္ခဲ့တာတဲ့လဲ...
ၿပီးေတာ့ တျခားနည္းလမ္းနဲ႔မဟုတ္ပဲ
ေယာက်္ားေလးတစ္ေယာက္အတြက္
ခက္ခဲၿပီးအႏၲရာယ္မ်ားလြန္းတဲ့နည္းလမ္းနဲ႔တဲ့...
ဒီကေလး ဘာေတြေတြးေနလဲသိခ်င္လွပါ၏....
"Krist....''
"ကြၽန္ေတာ္အရင္ေျပာမယ္ ကိုကို..''
ဆံုးျဖတ္ခ်က္ခ်ထားသလိုအမူအရာနဲ႔
မ်က္လံုးထဲကေလးနက္မႈေတြက
သူ႔စိတ္ကိုေလးသြားေစတယ္...
ဒီကေလး ကိုသူဘယ္တုန္းကမွမသိခဲ့ဖူးသလိုမ်ိဳး..
ဒါမွမဟုတ္
သူ ဂ႐ုမစိုက္ လ်စ္လ်ဴရႈ ခဲ့တာေတြေၾကာင့္ နားမလည္ႏိုင္ေတာ့တာလား...
ကုတင္ေပၚ ပံုခ်ထားသလိုထိုင္ေနတဲ့ေကာင္ေလးအနား ကိုယ္တိုင္လည္းတိုးထိုင္လိုက္တယ္..
လက္တစ္ဆန္႔အကြာအေဝးနဲ႔
မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၿပီးမွေျပာျပလာမယ့္စကားအတြက္ေခါင္းညိတ္ျပလိုက္တယ္...
" ကြၽန္ေတာ္....ကြၽန္ေတာ္ ကိုကို႔အတြက္
ကေလးယူေပးခ်င္တယ္....အဲ့ဒါ
စိတ္႐ူးေပါက္လို႔လည္းမဟုတ္ဘူး...
ဘယ္သူ႔ေၾကာင့္မွလည္းမဟုတ္ဘူး...
ကိုကို႔ရဲ႕ေသြးသားကိုယူေပးႏိုင္တဲ့သူက
ကြၽန္ေတာ္ပဲ...ကြၽန္ေတာ္တစ္ေယာက္ထဲပဲျဖစ္ခ်င္လို႔... ကိုကို မတားနဲ႔....''
အဆံုးသတ္စကားက တားျမစ္ေတာ့မယ့္
သူ႔အၾကံကိုပိတ္ပစ္လိုက္သလိုပဲ...
ခိုင္လံုတဲ့အေၾကာင္းျပခ်က္လည္းမဟုတ္ပဲ
သူ႔ေသြးသားကိုယူေပးႏိုင္သူျဖစ္ခ်င္တာတဲ့လား...
အဲ့ဒါကတကယ္ပဲ ေယာက်္ားတစ္ေယာက္ရဲ႕စည္းမ်ဥ္းေတြကိုခ်ိဴးေဖာက္ရမယ့္အေၾကာင္းျပခ်က္ေပါ့.....
ဒီကေလး တကယ္စိုးရိမ္ေနခဲ့တာကဘာလဲ...
သူ႔အတြက္...
သူ႔အတြက္ ဒီေလာက္ထိစြန္႔စားရမယ့္အေၾကာင္းျပခ်က္က တကယ္တမ္းဘာလဲ...
"ကိုယ္ မလိုခ်င္ဘူး... ''
ကိုယ္ဆိုတဲ့ညင္သာေႏြးေထြးတဲ့အသံုးအႏူန္းက Krist ရဲ႕နားထဲေတာင့္မတ္စြာသာစီးဝင္တယ္..
ေနာက္ဆံုးေသာေကာက္႐ိုးမွ်င္ေလး
သူ႔ရဲ႕ေနာက္ဆံုးထြက္သက္အထိ
ကိုကို႔ကိုဆြဲေခၚထားႏိုင္မယ့္ ေႏွာင္ႀကိဳးေသးေသးေလး...
လြယ္လြယ္ကူကူခ်ခဲ့ရတာမဟုတ္တဲ့ဆံုးျဖတ္ခ်က္က ကိုကို႔ရဲ႕စကားတစ္ခြန္းမွာပဲ
အားနည္းစြာပ်က္ျပယ္တယ္...
အမ်ားႀကီးမဟုတ္ပါဘူး..
ကိုကို႔ကိုသူ႔အနားမွာထားခ်င္ရံုေလးပါပဲ..
ကိုကိုသူ႔ကိုျပန္ခ်စ္လာဖို္႔ကိုလည္းမေမ်ာ္လင့္ရဲေတာ့ပါဘူး...
သူလိုခ်င္တာက သူ ႐ွင္သန္ႏိုင္ဦးမယ့္
နွစ္ႏွစ္ ေက်ာ္ေက်ာ္ေလးဆိုတဲ့သက္တမ္းေလးအတြင္းမွာ
ကိုကို႔ကိုဆြဲထားခ်င္ရံုေလးပါပဲ...
ကိုကို႔အတြက္ အသံုးဝင္တဲ့လူတစ္ေယာက္ျဖစ္ခ်င္မိရံုေလးပါပဲ...
အားနည္းလြန္းစြာထြက္ျပဴက်လာတဲ့မ်က္ရည္ေတြကို ကိုကိုမျမင္ႏိူင္ေအာင္ေခါင္းငံု႔ခ်လိုက္တယ္...
အဆံုးသတ္မွာေတာ့ သူက ကိုကို႔အနား႐ွိေနဖို႔ အရည္အခ်င္းမ႐ွိတဲ့သူတစ္ေယာက္ျဖစ္ေနတုန္းပဲ...
" ကိုယ္ မလိုခ်င္ဘူး ဆိုတာက......
ကိုယ့္မွာ မင္း႐ွိေနၿပီမို႔ေလ...''
ထိတ္လန္႔ေစတဲ့စကား...
သူနားၾကားမွားသြားတာလား...
မ်က္စိမြဲရံုတင္မကပဲနဲ႔ အၾကားအာရံုေတြကပါ ဆိုးရြားလာၿပီလား...
ပါးျပင္တစ္ဖက္တစ္ခ်က္စီက အုပ္ကိုင္လာတဲ့ လက္ဖဝါးေႏြးေႏြး...
ပင့္ေမာ့ခ်ီခံလိုက္ရျခင္းနဲ႔အတူ
မ်က္ရည္ေတြက ကိုကို႔ရဲ႕လက္ဖဝါးထဲစီးက်တယ္...
ၾကားလိုက္ရတဲ့စကားကတကယ္မွဟုတ္ရဲ႕လားလို႔သူေတြးေတာေနရတုန္းပဲ...
" ကိုယ္ က မင္းကို အခုမွ ခ်စ္ရတာေလ..
ကိုယ္မင္းကိုခ်စ္တယ္လို႔ေတာင္မေျပာရေသးတာကို...
သူစိမ္းအဝင္ခံလို႔မျဖစ္ဘူးေလ လူဆိုးေလးရဲ႕...''
ထိုကဲ့သို႔ေသာ ၾကင္ၾကင္နာနာစကားေျပာေနသူက
Singto prachaya မွဟုတ္ရဲ႕လားလို႔
ထင္ရမိမတတ္....
ကေလးတစ္ေယာက္ လိုတအိအိငို႐ွဴိက္လာတဲ့ေကာင္ေလးဟာ
သူ႔ရင္ခြင္ထဲၿပိဳလဲက်လာေတာ့ရဲ႕...
အနီးဆံုးျဖစ္ေအာင္ ဆြဲယူသိမ္းေပြ႔လိုက္ၿပီး လႈပ္ခါေနတဲ့ေက်ာျပင္ေလးကို
ပြတ္သပ္ေပးေနမိတယ္....
ဘယ္ေလာက္ေတာင္ ပင္ပန္းေနခဲ့လိုက္မလဲ...
တစ္ေယာက္ထဲ ဘယ္ေလာက္ထိ နာက်င္ေနခဲ့မလဲ....
သူမေတြးႏိူင္ေလာက္တဲ့အတိုင္းအတာထိလား...
သူ ဥေပကၡာ ျပဳထားခဲ့တဲ့ႏွစ္ေတြအတြင္း
ဒီကေလးဆီက ဘာမွရယူမထားခဲ့မိဘူးလို႔ေတြးခဲ့တယ္....
အေသးစိတ္ေလးေတြကအစဂ႐ုစိုက္ေပးတတ္တဲ့ေကာင္ေလးကို
အပိုအလုပ္ေတြလုပ္ေနတယ္လို႔ထင္ခဲ့တယ္...
သူ႔ေဘးက မိန္းကေလးေတြကိုဖယ္ထုတ္ဖို္႔ႀကိဳးစားတဲ့အခါ သူ႔ အလုပ္ကိုဝင္စြတ္ဖက္တယ္လို႔ထင္ခဲ့တယ္....
အိမ္ေထာင္ေရးမေဖာက္ျပန္တာနဲ႔တင္
သူ႔တာဝန္ေက်ၿပီလို႔ေတြးခဲ့တယ္...
တကယ္တမ္းက်
သူကအတၱသမား.....
ဒီကေလးကိုအျမဲနာက်င္ေစခဲ့တဲ့လူ...
ကိုယ္ေတြးတာကိုယ္ျမင္တာေတြက အမွန္ပဲလို႔တစ္ဖက္ေစာင္းနင္းျပဳမႈတတ္သူေတြထဲ သူက ထိပ္ဆံုးကျဖစ္ေနခဲ့တယ္...
ျပန္ေပးဆပ္ဖို႔ေနာက္မက်ေသးတာကိုပဲေက်းဇူးတင္ရမယ္...
ဒီေကာင္ေလးကို အေကာင္းဆံုးဂ႐ုစိုက္ေပးမယ္...
သူရယူခဲ့တာေတြရဲ႕ အဆေထာင္ေပါင္းမ်ားစြာအထိခ်စ္ေပးမယ္...
သူ....
ဒီလူဆိုးေလးနဲ႔ သံသရာတစ္ပတ္လည္သည္အထိအတူ႐ွိသြားခ်င္ေသးတယ္...
"""""""""""""""""""""""
သူျမင္ေနရတာက
ကိုကို႔ရဲ႕လည္တိုင္နဲ႔ေမးဖ်ားေလးပဲ...
သူ႔ေခါင္းက ကိုကို႔ရဲ႕ဝဲဘက္ရင္ဘတ္နဲ႔နီးနီးမွာ..
စည္းခ်က္မွန္မွန္ခုန္ေနတဲ့ကိုကို႔ရဲ႕ႏွလံုးသားနဲ႔အနီးဆံုးေနရာ...
အျပည့္အဝလုပ္ေဆာင္ႏိူင္စြမ္းမ႐ွိခဲ့တဲ့
သူ႔ရဲ႕ႏွလံုးကေတာင္ ခုခ်ိန္မွာေတာ့ခပျ္မန္ျမန္ပဲခုန္လႈပ္ေနတယ္...
ဘယ္ကဘယ္လိုအိပ္ေပ်ာ္သြားမိမွန္းမသိတဲ့သူဟာ
သတိရလာခ်ိန္မွာကိုကို႔ရင္ခြင္ထဲ႐ွိေနခဲ့တယ္...
ကိုကိုက သူ႔ကိုတစ္ညလံုးဖက္ထားေပးခဲ့တာ...
ၿပီးေတာ့ အဲ့ဒါအိမ္မက္မဟုတ္ဘူး..
ဒီခံစားခ်က္ႀကီးကထူးဆန္းတယ္
ပိုင္ဆိုင္ႏိူင္မယ္လို႔မယံုၾကည္ရဲခဲ့တဲ့
ကိုကို႔ရဲ႕အခ်စ္ေတြကို တကယ္ႀကီးသူရယူႏိုင္ခဲ့တယ္...
ဒါေပမယ့္လည္း.....
အခ်ိန္အတိုင္းအတာ တစ္ခုေလာက္ထိပဲ
သူ႐ွိေနႏိူင္ေတာ့မွာေလ...
သူနဲ႔ကိုက္ညီတဲ့ႏွလံုးကို႐ွာမေတြ႔ႏိုင္ခဲ့ရင္......
သူ႔ကိုယ္သူ ေနေကာင္းတယ္လို႔အထင္မွားေနခဲ့တာ...
သူေမြးလာထဲကေန ေန႔စဥ္ရက္ဆက္ ေဆးနဲ႔အသက္ဆက္ေနခဲ့ရတယ္ဆိုတာ
ေမ့ေလ်ာ့ေနခဲ့မိတာ...
မေန႔က သူသာကား
Accident ျဖစ္ေတာ့မလို မျဖစ္ခဲ့ရင္..
သူ႔အျမင္အာရံုေတြသာ မႈန္ဝါးဝါးမျဖစ္ခဲ့ရင္...
သံသယစိတ္နဲ႔ ေဆးရံုကိုသာမသြားခဲ့ဘူးဆိုရင္
သူအသက္႐ွည္႐ွည္ေနႏိူင္ခဲ့လိမ့္မယ္လို႔ေသသည္အထိထင္ျမင္ေနခဲ့မွာ...
ေမြးကတည္းကေန ႏွလံုးအစားထိုးလိုအပ္သူစာရင္းထဲ႐ွိေနခဲ့တဲ့သူက...
ႏွစ္ဆယ့္ငါးႏွစ္ၾကာခဲ့တာေတာင္
သူနဲ႔ကိုက္ညီတဲ့ႏွလံုးကို႐ွာမေတြ႔ႏိုင္ေသးတဲ့သူက...
သူ မေသခ်င္ေသးဘူး....
သူတကယ္မေသခ်င္ေသးဘူး...
မေန႔က ကေလးယူမယ္လို႔ေျပာခဲ့တာက
သူေသသြားရရင္ေတာင္ ကိုကို သူ႔ကိုအျမဲအမွတ္ရေနေစမယ့္လက္ေဆာင္ေပးထားခဲ့ခ်င္လို႔...
ခုမဟုတ္ေတာ့ဘူး...
သူ အသက္႐ွည္ခ်င္ေသးတယ္...
ကိုကိုနဲ႔အတူ ႏွစ္ေတြအမ်ားႀကီးထိ
ေနသြားခ်င္ေသးတယ္...
သူ႔ခါးေပၚေရာက္ေနတဲ့ကိုကို႔လက္တစ္ဖက္ကိုအသာဖယ္ခ်လိုက္ၿပီး
အိပ္ရာေပၚကေလွ်ာဆင္းလိုက္တယ္...
ညအိပ္မီးကိုပိတ္လိုက္ၿပီး ဝရန္တာ တံခါးကိုသြားဖြင့္လိုက္တယ္..ေနမထြက္လာေသးေပမယ့္ေကာင္းကင္ကလင္းက်င္းေနၿပီ...
ျခံရဲ႕တစ္ေနရာမွာေတာ့ ေဂၚအေသးတစ္လက္နဲ႔ ပန္းပင္ေတြကိုေပါင္းသင္ေျမဖို႔ေပးေနတဲ့ Phi....
ညစာစားေနရင္းက ထထြက္သြားခဲ့တဲ့Phi ေဒါသကိုသူနားလည္တယ္...
ေဖေဖတို႔ဆံုးၿပီးထဲက သူ႔က်န္းမာေရးကိုတာဝန္ယူခဲ့သူက Phi ေလ...
ႏွလံုးအလႉ႐ွင္ေပၚတိုင္းအေျပးအလႊားေရာက္လာတတ္တဲ့ Phi အေၾကာင္းကို
ဆရာဝန္ႀကီးေျပာျပလို႔လည္းသိခဲ့ရၿပီ...
သူနဲ႔မကိုက္ညီတိုင္းစိတ္ဓာတ္က်စြာေနာက္ဆုတ္ခဲ့ရတာေတြ....
ဒါေတြကို သူကမစာနာမိပါပဲနဲ႔ အသက္နဲ႔ရင္းၿပီး
ကေလးယူဖို႔ေတာင္ဆံုးျဖတ္လိုက္မိေသးတယ္....
အထဲကိုျပန္ဝင္လိုက္ၿပီးမ်က္ႏွာသစ္သြားတိုက္လုပ္ၿပီးမွ ေအာက္ကိုဆင္းလိုက္တယ္...
Phi ႐ွိေနတဲ့ေနရာထိသြားလိုက္ၿပီးမွ
Phi အနားမွာဘာမွမေျပာပဲရပ္ေနလိုက္တယ္..
ပန္းပင္ေျခရင္းကေပါင္းပင္ေတြကိုႏူတ္လိုပ္ေဂၚေလးနဲ႔ေျမဆြလိုက္လုပ္ေနတဲ့Phiကသူ႔ကိုျမင္မွာအေသအခ်ာ...
ဒါေပမယ့္စကားမေျပာေသးပံုေထာက္ေတာ့ မေန႔ညကကိစၥကိုစိတ္ဆိုးေနေသးတယ္ထင္သည္...
"Phi.......''
မထူး...
လုပ္လက္စပင္မပ်က္...
"Phi လို႔...''
ေနာက္တစ္ပင္ဆီကူးသြားကာ
သူ႔ကိုသိသိသာသာႀကီးဥေပကၡာျပဳသည္..
"Phi... မေန႔ညကကိစၥ..''
"မင္း အဲ့လိုလုပ္ခ်င္ရာလုပ္ေနမယ္ဆိုရင္
ငါလည္းဒီေနရာမွာဆက္ေနစရာမလိုေတာ့ဘူး Krist...''
ေဂၚျပားကိုပစ္ခ်ကာသူ႔ကိုမ်က္ႏွာခ်င္းဆိုင္လာမွ Phi ရဲ႕မ်က္ႏွာကေက်ာက္သားထက္တည္တင္းေနတာကိုျမင္ရေတာ့သည္..
တစ္သက္နဲ႔တစ္ကိုယ္ အလြန္ဆံုးစိတ္ဆိုးမွ Ai Kit လို႔ပဲေခၚတတ္တဲ့
Phi က
Krist လို႔ေခၚတာ ႏွစ္ခါေတာင္႐ွိၿပီ...
"ကြၽန္ေတာ္ အဲ့ဒါကိုဆက္မလုပ္ေတာ့ပါဘူး...''
မ်က္ႏွာငယ္ေလးနဲ႔ ေမာ့ၾကည့္ရင္းေျပာလိုက္မွ မ်က္ႏွာေက်ာနည္းနည္းေလွ်ာ့လာေတာ့သည္...
"မင္း ေသသြားႏိုင္တယ္ဆိုတာသိလား...
မင္းကိုယ္မင္း ေနေကာင္းက်န္းမာတယ္မ်ားထင္ေနတာလား...''
"ကြၽန္ေတာ္သိပါတယ္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္... ''
ဒီေကာင္ေလးရဲ႕ေကာင္းျခင္းဆိုးျခင္း
မွန္သမွ် အလံုးစံုသိေနတဲ့ Nammon အတြက္ ဘယ္ေလာက္ထိစိုးရိမ္ေဒါသထြက္ခဲ့ရသလဲ.....
သူက ဒီေကာင္ေလး က်န္းမာဖို႔အတြက္
အသက္႐ွည္ဖို႔အတြက္ အဖက္ဖက္ကႀကိဳးစားခဲ့ရတယ္...
တဖက္ကေနဒီေကာင္ေလးကအသက္တိုမယ့္လမ္းကိုေရြးခ်ယ္တယ္...
သူ ေဒါသမထြက္ပဲ႐ွိပါမတဲ့လား..
"ကြၽန္ေတာ္ မေသခ်င္ေသးဘူး Phi...
ကြၽန္ေတာ္ အမ်ားႀကီးမဟုတ္ေတာင္
ေနာက္ထပ္ႏွစ္ ႏွစ္ဆယ္ ေလာက္ထိေတာ့အသက္႐ွည္ခ်င္ေသးတယ္....ႏွစ္ႏွစ္ေလးပဲမဟုတ္ဘူး...''
" Ai Kit မင္း.......''
သိသြားၿပီလားဆိုတဲ့ အေတြးနဲ႔ အတူ
စိတ္ပူမိျခင္းကထိန္းမရ...
"ကြၽန္ေတာ္ မေန႔က ဆရာဝန္ႀကီးဆီေရာက္ခဲ့တယ္....
ကြၽန္ေတာ့ မ်က္လံုးကတစ္ခါတစ္ခါဝါးတားတားျဖစ္ေနလို႔...ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးမ်ားလားလို႔ သြားေမးခဲ့တာ...''
"ဆရာဝန္ႀကီး ေျပာတာက ကြၽန္ေတာ့ ႏွလံုးရဲ႕လုပ္ေဆာင္ႏို္င္စြမ္းကပိုၿပီးေလ်ာ့က်လာတာမို႔လို႔...
ကြၽန္ေတာ့ရဲ႕အာရံုေၾကာေတြအေပၚမွာ
သက္ေရာက္လာတာတဲ့...
ကြၽန္ေတာ္က ႏွလံုးအစားမထိုးႏိုင္ရင္...
ေနာက္ထပ္ ႏွစ္ႏွစ္ သံုးႏွစ္အျပင္ အသက္မ႐ွည္ႏိုင္ေတာ့ဘူးတဲ့....''
စကား႐ွည္ႀကီးေျပာလိုက္ၿပီးေတာ့ သူ႔ကိုေမာ့ၾကည့္လာတဲ့ ကေလး...
သူ႔ကိုမိသားစုလိုခ်စ္ခင္ေပးခဲ့တဲ့ကေလး..
သူ႔ရဲ႕တစ္ဦးတည္းေသာ မိသားစုဝင္ေလး....
ဘယ္အရာကိုမွလက္မေလွ်ာ့တတ္ပဲ ေခါင္းေၾကာမာလွတဲ့ ဒီကေလးက
အားေလ်ာ့လွစြာ သူ႔ကိုၾကည့္ေနခဲ့တယ္...
"Kit.....''
"ကြၽန္ေတာ္ မေသခ်င္ေသးဘူး Phi...''
သိသိသာသာတုန္ယင္သြားတဲ့အသံငယ္ေလး...
ပခံုးကေန ဆြဲဖက္ထားမိတယ္...
သူ႔ကိုျပန္ဖက္တြယ္လာတဲ့ လက္ကေလးေတြ...
သူ႔ႏွလံုးကသာ ဒီကေလးနဲ႔ကိုက္ညီခဲ့မယ္ဆို ေပးဖို႔လည္းလက္မတြန္႔ပါဘူး...
ေသြးအမ်ိဳးအစားကအစ မတူညီေနခဲ့တဲ့
ေဆးစစ္ခ်က္ကို အားမလိုအားမရနဲ႔
ထိုင္ငိုခဲ့ဖူးတယ္...
ေဆးရံုကေဆးစစ္ခ်က္တိုင္းကို
ဒီကေလး နဲ႔ကိုက္ညီတာမ်ားပါလာမလားလို႔ ဥပေဒနဲ႔မညီပဲ တိုက္စစ္ခဲ့ဖူးတယ္...
တကယ္လို႔မ်ား ကိုက္ညီတဲ့သူ႐ွိခဲ့ရင္
လူသတ္ၿပီးပဲလ ုယူရ ယူရ
သူအရယူေပးမယ္လို႔ ဆံုးျဖတ္ခဲ့ဖူးတယ္...
ဒါေပမယ့္....
အခုခ်ိန္ထိ ဘာမွမလုပ္ေပးႏိုင္ခဲ့ဘူး...
သူ ႀကိဳးစားခဲ့တယ္လို႔ထင္မိသမွ်က
ဘာမွအသံုးမဝင္ခဲ့ဘူး...
ဘုရားသခင္က သူ႔ရဲ႕ညီငယ္ေလးကို
အဆံုးထိမ်က္ကြယ္ျပဳဖို႔မ်ားဆံုးျဖတ္ထားေလသလား...
ဘာလို႔ ဒီကေလးအေပၚမွာမွ ကံဆိုးျခင္းေတြ က်ေရာက္ေစခဲ့တာလဲ...
အဖ ဘုရားသခင္က သူ႔ရဲ႕ သားသမီးေတြအေပၚ တကယ္ပဲမွ်တရဲ႕လားေလ....
"""""""""""""""""""""""
ကိုယ္ေျပာမယ္....
ဒီအပိုင္းက ပ်က္သြားတဲ့အပိုင္းရဲ႕တစ္ဝက္ေတာင္မမွီဘူး...
အဲ့ဒါ တကယ္...
Birthday cake မဟုတ္တဲ့
Birthday update ပါ႐ွင္....
အေစာႀကီး ေကြၽးလိုက္ပါတယ္ေနာ္...
Birthday wish ေတြလည္းအားမနာတမ္းပို႔ေပးလို႔ရပါၿပီ...
Sotus Book ေလးကိုလည္း
Birthday Gift အျဖစ္ေနာက္က်မွေပးလည္းစိတ္မဆိုးပါဘူးေနာ္😁😁
စတာပါ...
ကိုယ္ေတာ့ဝယ္ဖို႔အတြက္ပိုက္ဆံစုထားေတာ့မွာပါ...
ခင္ဗ်ားေလးတို႔လည္းစုၾကေတာ့...
Love you All😘😘😘😘😘😘
""""""""""""""""""""""
""""""""""""""""""""""
ခန့်မှန်းရခက်သောကောင်ငယ်လေးသည်
သူ့ရှေ့တွင်အေးစက်စွာရှိနေပြန်သည်..
ဒူးနှစ်လုံးကိုလက်နဲ့ပွေ့ပိုက်ထားတဲ့အနေအထားနဲ့ပဲ...
ချောင်ကျနေတဲ့မျက်နှာလေးက
အိပ်ရေးပျက်နေတာကြောင့်ဖြစ်နေပုံမကပဲ ပိန်သွယ်တဲ့ကိုယ်လေးကပါ
အားမရစရာ...
ဘယ်လိုသတ္တိနဲ့များ ကလေးယူဖို့ဆုံးဖြတ်ခဲ့တာတဲ့လဲ...
ပြီးတော့ တခြားနည်းလမ်းနဲ့မဟုတ်ပဲ
ယောကျ်ားလေးတစ်ယောက်အတွက်
ခက်ခဲပြီးအန္တရာယ်များလွန်းတဲ့နည်းလမ်းနဲ့တဲ့...
ဒီကလေး ဘာတွေတွေးနေလဲသိချင်လှပါ၏....
"Krist....''
"ကျွန်တော်အရင်ပြောမယ် ကိုကို..''
ဆုံးဖြတ်ချက်ချထားသလိုအမူအရာနဲ့
မျက်လုံးထဲကလေးနက်မှုတွေက
သူ့စိတ်ကိုလေးသွားစေတယ်...
ဒီကလေး ကိုသူဘယ်တုန်းကမှမသိခဲ့ဖူးသလိုမျိုး..
ဒါမှမဟုတ်
သူ ဂရုမစိုက် လျစ်လျူရှု ခဲ့တာတွေကြောင့် နားမလည်နိုင်တော့တာလား...
ကုတင်ပေါ် ပုံချထားသလိုထိုင်နေတဲ့ကောင်လေးအနား ကိုယ်တိုင်လည်းတိုးထိုင်လိုက်တယ်..
လက်တစ်ဆန့်အကွာအဝေးနဲ့
မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးမှပြောပြလာမယ့်စကားအတွက်ခေါင်းညိတ်ပြလိုက်တယ်...
" ကျွန်တော်....ကျွန်တော် ကိုကို့အတွက်
ကလေးယူပေးချင်တယ်....အဲ့ဒါ
စိတ်ရူးပေါက်လို့လည်းမဟုတ်ဘူး...
ဘယ်သူ့ကြောင့်မှလည်းမဟုတ်ဘူး...
ကိုကို့ရဲ့သွေးသားကိုယူပေးနိုင်တဲ့သူက
ကျွန်တော်ပဲ...ကျွန်တော်တစ်ယောက်ထဲပဲဖြစ်ချင်လို့... ကိုကို မတားနဲ့....''
အဆုံးသတ်စကားက တားမြစ်တော့မယ့်
သူ့အကြံကိုပိတ်ပစ်လိုက်သလိုပဲ...
ခိုင်လုံတဲ့အကြောင်းပြချက်လည်းမဟုတ်ပဲ
သူ့သွေးသားကိုယူပေးနိုင်သူဖြစ်ချင်တာတဲ့လား...
အဲ့ဒါကတကယ်ပဲ ယောကျ်ားတစ်ယောက်ရဲ့စည်းမျဉ်းတွေကိုချိူးဖောက်ရမယ့်အကြောင်းပြချက်ပေါ့.....
ဒီကလေး တကယ်စိုးရိမ်နေခဲ့တာကဘာလဲ...
သူ့အတွက်...
သူ့အတွက် ဒီလောက်ထိစွန့်စားရမယ့်အကြောင်းပြချက်က တကယ်တမ်းဘာလဲ...
"ကိုယ် မလိုချင်ဘူး... ''
ကိုယ်ဆိုတဲ့ညင်သာနွေးထွေးတဲ့အသုံးအနူန်းက Krist ရဲ့နားထဲတောင့်မတ်စွာသာစီးဝင်တယ်..
နောက်ဆုံးသောကောက်ရိုးမျှင်လေး
သူ့ရဲ့နောက်ဆုံးထွက်သက်အထိ
ကိုကို့ကိုဆွဲခေါ်ထားနိုင်မယ့် နှောင်ကြိုးသေးသေးလေး...
လွယ်လွယ်ကူကူချခဲ့ရတာမဟုတ်တဲ့ဆုံးဖြတ်ချက်က ကိုကို့ရဲ့စကားတစ်ခွန်းမှာပဲ
အားနည်းစွာပျက်ပြယ်တယ်...
အများကြီးမဟုတ်ပါဘူး..
ကိုကို့ကိုသူ့အနားမှာထားချင်ရုံလေးပါပဲ..
ကိုကိုသူ့ကိုပြန်ချစ်လာဖို့်ကိုလည်းမမျော်လင့်ရဲတော့ပါဘူး...
သူလိုချင်တာက သူ ရှင်သန်နိုင်ဦးမယ့်
နှစ်နှစ် ကျော်ကျော်လေးဆိုတဲ့သက်တမ်းလေးအတွင်းမှာ
ကိုကို့ကိုဆွဲထားချင်ရုံလေးပါပဲ...
ကိုကို့အတွက် အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်ချင်မိရုံလေးပါပဲ...
အားနည်းလွန်းစွာထွက်ပြူကျလာတဲ့မျက်ရည်တွေကို ကိုကိုမမြင်နိူင်အောင်ခေါင်းငုံ့ချလိုက်တယ်...
အဆုံးသတ်မှာတော့ သူက ကိုကို့အနားရှိနေဖို့ အရည်အချင်းမရှိတဲ့သူတစ်ယောက်ဖြစ်နေတုန်းပဲ...
" ကိုယ် မလိုချင်ဘူး ဆိုတာက......
ကိုယ့်မှာ မင်းရှိနေပြီမို့လေ...''
ထိတ်လန့်စေတဲ့စကား...
သူနားကြားမှားသွားတာလား...
မျက်စိမွဲရုံတင်မကပဲနဲ့ အကြားအာရုံတွေကပါ ဆိုးရွားလာပြီလား...
ပါးပြင်တစ်ဖက်တစ်ချက်စီက အုပ်ကိုင်လာတဲ့ လက်ဖဝါးနွေးနွေး...
ပင့်မော့ချီခံလိုက်ရခြင်းနဲ့အတူ
မျက်ရည်တွေက ကိုကို့ရဲ့လက်ဖဝါးထဲစီးကျတယ်...
ကြားလိုက်ရတဲ့စကားကတကယ်မှဟုတ်ရဲ့လားလို့သူတွေးတောနေရတုန်းပဲ...
" ကိုယ် က မင်းကို အခုမှ ချစ်ရတာလေ..
ကိုယ်မင်းကိုချစ်တယ်လို့တောင်မပြောရသေးတာကို...
သူစိမ်းအဝင်ခံလို့မဖြစ်ဘူးလေ လူဆိုးလေးရဲ့...''
ထိုကဲ့သို့သော ကြင်ကြင်နာနာစကားပြောနေသူက
Singto prachaya မှဟုတ်ရဲ့လားလို့
ထင်ရမိမတတ်....
ကလေးတစ်ယောက် လိုတအိအိငိုရှိူက်လာတဲ့ကောင်လေးဟာ
သူ့ရင်ခွင်ထဲပြိုလဲကျလာတော့ရဲ့...
အနီးဆုံးဖြစ်အောင် ဆွဲယူသိမ်းပွေ့လိုက်ပြီး လှုပ်ခါနေတဲ့ကျောပြင်လေးကို
ပွတ်သပ်ပေးနေမိတယ်....
ဘယ်လောက်တောင် ပင်ပန်းနေခဲ့လိုက်မလဲ...
တစ်ယောက်ထဲ ဘယ်လောက်ထိ နာကျင်နေခဲ့မလဲ....
သူမတွေးနိူင်လောက်တဲ့အတိုင်းအတာထိလား...
သူ ဥပေက္ခာ ပြုထားခဲ့တဲ့နှစ်တွေအတွင်း
ဒီကလေးဆီက ဘာမှရယူမထားခဲ့မိဘူးလို့တွေးခဲ့တယ်....
အသေးစိတ်လေးတွေကအစဂရုစိုက်ပေးတတ်တဲ့ကောင်လေးကို
အပိုအလုပ်တွေလုပ်နေတယ်လို့ထင်ခဲ့တယ်...
သူ့ဘေးက မိန်းကလေးတွေကိုဖယ်ထုတ်ဖို့်ကြိုးစားတဲ့အခါ သူ့ အလုပ်ကိုဝင်စွတ်ဖက်တယ်လို့ထင်ခဲ့တယ်....
အိမ်ထောင်ရေးမဖောက်ပြန်တာနဲ့တင်
သူ့တာဝန်ကျေပြီလို့တွေးခဲ့တယ်...
တကယ်တမ်းကျ
သူကအတ္တသမား.....
ဒီကလေးကိုအမြဲနာကျင်စေခဲ့တဲ့လူ...
ကိုယ်တွေးတာကိုယ်မြင်တာတွေက အမှန်ပဲလို့တစ်ဖက်စောင်းနင်းပြုမှုတတ်သူတွေထဲ သူက ထိပ်ဆုံးကဖြစ်နေခဲ့တယ်...
ပြန်ပေးဆပ်ဖို့နောက်မကျသေးတာကိုပဲကျေးဇူးတင်ရမယ်...
ဒီကောင်လေးကို အကောင်းဆုံးဂရုစိုက်ပေးမယ်...
သူရယူခဲ့တာတွေရဲ့ အဆထောင်ပေါင်းများစွာအထိချစ်ပေးမယ်...
သူ....
ဒီလူဆိုးလေးနဲ့ သံသရာတစ်ပတ်လည်သည်အထိအတူရှိသွားချင်သေးတယ်...
"""""""""""""""""""""""
သူမြင်နေရတာက
ကိုကို့ရဲ့လည်တိုင်နဲ့မေးဖျားလေးပဲ...
သူ့ခေါင်းက ကိုကို့ရဲ့ဝဲဘက်ရင်ဘတ်နဲ့နီးနီးမှာ..
စည်းချက်မှန်မှန်ခုန်နေတဲ့ကိုကို့ရဲ့နှလုံးသားနဲ့အနီးဆုံးနေရာ...
အပြည့်အဝလုပ်ဆောင်နိူင်စွမ်းမရှိခဲ့တဲ့
သူ့ရဲ့နှလုံးကတောင် ခုချိန်မှာတော့ခြပ်မန်မြန်ပဲခုန်လှုပ်နေတယ်...
ဘယ်ကဘယ်လိုအိပ်ပျော်သွားမိမှန်းမသိတဲ့သူဟာ
သတိရလာချိန်မှာကိုကို့ရင်ခွင်ထဲရှိနေခဲ့တယ်...
ကိုကိုက သူ့ကိုတစ်ညလုံးဖက်ထားပေးခဲ့တာ...
ပြီးတော့ အဲ့ဒါအိမ်မက်မဟုတ်ဘူး..
ဒီခံစားချက်ကြီးကထူးဆန်းတယ်
ပိုင်ဆိုင်နိူင်မယ်လို့မယုံကြည်ရဲခဲ့တဲ့
ကိုကို့ရဲ့အချစ်တွေကို တကယ်ကြီးသူရယူနိုင်ခဲ့တယ်...
ဒါပေမယ့်လည်း.....
အချိန်အတိုင်းအတာ တစ်ခုလောက်ထိပဲ
သူရှိနေနိူင်တော့မှာလေ...
သူနဲ့ကိုက်ညီတဲ့နှလုံးကိုရှာမတွေ့နိုင်ခဲ့ရင်......
သူ့ကိုယ်သူ နေကောင်းတယ်လို့အထင်မှားနေခဲ့တာ...
သူမွေးလာထဲကနေ နေ့စဉ်ရက်ဆက် ဆေးနဲ့အသက်ဆက်နေခဲ့ရတယ်ဆိုတာ
မေ့လျော့နေခဲ့မိတာ...
မနေ့က သူသာကား
Accident ဖြစ်တော့မလို မဖြစ်ခဲ့ရင်..
သူ့အမြင်အာရုံတွေသာ မှုန်ဝါးဝါးမဖြစ်ခဲ့ရင်...
သံသယစိတ်နဲ့ ဆေးရုံကိုသာမသွားခဲ့ဘူးဆိုရင်
သူအသက်ရှည်ရှည်နေနိူင်ခဲ့လိမ့်မယ်လို့သေသည်အထိထင်မြင်နေခဲ့မှာ...
မွေးကတည်းကနေ နှလုံးအစားထိုးလိုအပ်သူစာရင်းထဲရှိနေခဲ့တဲ့သူက...
နှစ်ဆယ့်ငါးနှစ်ကြာခဲ့တာတောင်
သူနဲ့ကိုက်ညီတဲ့နှလုံးကိုရှာမတွေ့နိုင်သေးတဲ့သူက...
သူ မသေချင်သေးဘူး....
သူတကယ်မသေချင်သေးဘူး...
မနေ့က ကလေးယူမယ်လို့ပြောခဲ့တာက
သူသေသွားရရင်တောင် ကိုကို သူ့ကိုအမြဲအမှတ်ရနေစေမယ့်လက်ဆောင်ပေးထားခဲ့ချင်လို့...
ခုမဟုတ်တော့ဘူး...
သူ အသက်ရှည်ချင်သေးတယ်...
ကိုကိုနဲ့အတူ နှစ်တွေအများကြီးထိ
နေသွားချင်သေးတယ်...
သူ့ခါးပေါ်ရောက်နေတဲ့ကိုကို့လက်တစ်ဖက်ကိုအသာဖယ်ချလိုက်ပြီး
အိပ်ရာပေါ်ကလျှောဆင်းလိုက်တယ်...
ညအိပ်မီးကိုပိတ်လိုက်ပြီး ဝရန်တာ တံခါးကိုသွားဖွင့်လိုက်တယ်..နေမထွက်လာသေးပေမယ့်ကောင်းကင်ကလင်းကျင်းနေပြီ...
ခြံရဲ့တစ်နေရာမှာတော့ ဂေါ်အသေးတစ်လက်နဲ့ ပန်းပင်တွေကိုပေါင်းသင်မြေဖို့ပေးနေတဲ့ Phi....
ညစာစားနေရင်းက ထထွက်သွားခဲ့တဲ့Phi ဒေါသကိုသူနားလည်တယ်...
ဖေဖေတို့ဆုံးပြီးထဲက သူ့ကျန်းမာရေးကိုတာဝန်ယူခဲ့သူက Phi လေ...
နှလုံးအလှူရှင်ပေါ်တိုင်းအပြေးအလွှားရောက်လာတတ်တဲ့ Phi အကြောင်းကို
ဆရာဝန်ကြီးပြောပြလို့လည်းသိခဲ့ရပြီ...
သူနဲ့မကိုက်ညီတိုင်းစိတ်ဓာတ်ကျစွာနောက်ဆုတ်ခဲ့ရတာတွေ....
ဒါတွေကို သူကမစာနာမိပါပဲနဲ့ အသက်နဲ့ရင်းပြီး
ကလေးယူဖို့တောင်ဆုံးဖြတ်လိုက်မိသေးတယ်....
အထဲကိုပြန်ဝင်လိုက်ပြီးမျက်နှာသစ်သွားတိုက်လုပ်ပြီးမှ အောက်ကိုဆင်းလိုက်တယ်...
Phi ရှိနေတဲ့နေရာထိသွားလိုက်ပြီးမှ
Phi အနားမှာဘာမှမပြောပဲရပ်နေလိုက်တယ်..
ပန်းပင်ခြေရင်းကပေါင်းပင်တွေကိုနူတ်လိုပ်ဂေါ်လေးနဲ့မြေဆွလိုက်လုပ်နေတဲ့Phiကသူ့ကိုမြင်မှာအသေအချာ...
ဒါပေမယ့်စကားမပြောသေးပုံထောက်တော့ မနေ့ညကကိစ္စကိုစိတ်ဆိုးနေသေးတယ်ထင်သည်...
"Phi.......''
မထူး...
လုပ်လက်စပင်မပျက်...
"Phi လို့...''
နောက်တစ်ပင်ဆီကူးသွားကာ
သူ့ကိုသိသိသာသာကြီးဥပေက္ခာပြုသည်..
"Phi... မနေ့ညကကိစ္စ..''
"မင်း အဲ့လိုလုပ်ချင်ရာလုပ်နေမယ်ဆိုရင်
ငါလည်းဒီနေရာမှာဆက်နေစရာမလိုတော့ဘူး Krist...''
ဂေါ်ပြားကိုပစ်ချကာသူ့ကိုမျက်နှာချင်းဆိုင်လာမှ Phi ရဲ့မျက်နှာကကျောက်သားထက်တည်တင်းနေတာကိုမြင်ရတော့သည်..
တစ်သက်နဲ့တစ်ကိုယ် အလွန်ဆုံးစိတ်ဆိုးမှ Ai Kit လို့ပဲခေါ်တတ်တဲ့
Phi က
Krist လို့ခေါ်တာ နှစ်ခါတောင်ရှိပြီ...
"ကျွန်တော် အဲ့ဒါကိုဆက်မလုပ်တော့ပါဘူး...''
မျက်နှာငယ်လေးနဲ့ မော့ကြည့်ရင်းပြောလိုက်မှ မျက်နှာကျောနည်းနည်းလျှော့လာတော့သည်...
"မင်း သေသွားနိုင်တယ်ဆိုတာသိလား...
မင်းကိုယ်မင်း နေကောင်းကျန်းမာတယ်များထင်နေတာလား...''
"ကျွန်တော်သိပါတယ်...ကျွန်တော်တောင်းပန်ပါတယ်... ''
ဒီကောင်လေးရဲ့ကောင်းခြင်းဆိုးခြင်း
မှန်သမျှ အလုံးစုံသိနေတဲ့ Nammon အတွက် ဘယ်လောက်ထိစိုးရိမ်ဒေါသထွက်ခဲ့ရသလဲ.....
သူက ဒီကောင်လေး ကျန်းမာဖို့အတွက်
အသက်ရှည်ဖို့အတွက် အဖက်ဖက်ကကြိုးစားခဲ့ရတယ်...
တဖက်ကနေဒီကောင်လေးကအသက်တိုမယ့်လမ်းကိုရွေးချယ်တယ်...
သူ ဒေါသမထွက်ပဲရှိပါမတဲ့လား..
"ကျွန်တော် မသေချင်သေးဘူး Phi...
ကျွန်တော် အများကြီးမဟုတ်တောင်
နောက်ထပ်နှစ် နှစ်ဆယ် လောက်ထိတော့အသက်ရှည်ချင်သေးတယ်....နှစ်နှစ်လေးပဲမဟုတ်ဘူး...''
" Ai Kit မင်း.......''
သိသွားပြီလားဆိုတဲ့ အတွေးနဲ့ အတူ
စိတ်ပူမိခြင်းကထိန်းမရ...
"ကျွန်တော် မနေ့က ဆရာဝန်ကြီးဆီရောက်ခဲ့တယ်....
ကျွန်တော့ မျက်လုံးကတစ်ခါတစ်ခါဝါးတားတားဖြစ်နေလို့...ဆေးရဲ့ဘေးထွက်ဆိုးကျိုးများလားလို့ သွားမေးခဲ့တာ...''
"ဆရာဝန်ကြီး ပြောတာက ကျွန်တော့ နှလုံးရဲ့လုပ်ဆောင်နိုင်စွမ်းကပိုပြီးလျော့ကျလာတာမို့လို့...
ကျွန်တော့ရဲ့အာရုံကြောတွေအပေါ်မှာ
သက်ရောက်လာတာတဲ့...
ကျွန်တော်က နှလုံးအစားမထိုးနိုင်ရင်...
နောက်ထပ် နှစ်နှစ် သုံးနှစ်အပြင် အသက်မရှည်နိုင်တော့ဘူးတဲ့....''
စကားရှည်ကြီးပြောလိုက်ပြီးတော့ သူ့ကိုမော့ကြည့်လာတဲ့ ကလေး...
သူ့ကိုမိသားစုလိုချစ်ခင်ပေးခဲ့တဲ့ကလေး..
သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်လေး....
ဘယ်အရာကိုမှလက်မလျှော့တတ်ပဲ ခေါင်းကြောမာလှတဲ့ ဒီကလေးက
အားလျော့လှစွာ သူ့ကိုကြည့်နေခဲ့တယ်...
"Kit.....''
"ကျွန်တော် မသေချင်သေးဘူး Phi...''
သိသိသာသာတုန်ယင်သွားတဲ့အသံငယ်လေး...
ပခုံးကနေ ဆွဲဖက်ထားမိတယ်...
သူ့ကိုပြန်ဖက်တွယ်လာတဲ့ လက်ကလေးတွေ...
သူ့နှလုံးကသာ ဒီကလေးနဲ့ကိုက်ညီခဲ့မယ်ဆို ပေးဖို့လည်းလက်မတွန့်ပါဘူး...
သွေးအမျိုးအစားကအစ မတူညီနေခဲ့တဲ့
ဆေးစစ်ချက်ကို အားမလိုအားမရနဲ့
ထိုင်ငိုခဲ့ဖူးတယ်...
ဆေးရုံကဆေးစစ်ချက်တိုင်းကို
ဒီကလေး နဲ့ကိုက်ညီတာများပါလာမလားလို့ ဥပဒေနဲ့မညီပဲ တိုက်စစ်ခဲ့ဖူးတယ်...
တကယ်လို့များ ကိုက်ညီတဲ့သူရှိခဲ့ရင်
လူသတ်ပြီးပဲလ ုယူရ ယူရ
သူအရယူပေးမယ်လို့ ဆုံးဖြတ်ခဲ့ဖူးတယ်...
ဒါပေမယ့်....
အခုချိန်ထိ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး...
သူ ကြိုးစားခဲ့တယ်လို့ထင်မိသမျှက
ဘာမှအသုံးမဝင်ခဲ့ဘူး...
ဘုရားသခင်က သူ့ရဲ့ညီငယ်လေးကို
အဆုံးထိမျက်ကွယ်ပြုဖို့များဆုံးဖြတ်ထားလေသလား...
ဘာလို့ ဒီကလေးအပေါ်မှာမှ ကံဆိုးခြင်းတွေ ကျရောက်စေခဲ့တာလဲ...
အဖ ဘုရားသခင်က သူ့ရဲ့ သားသမီးတွေအပေါ် တကယ်ပဲမျှတရဲ့လားလေ....
"""""""""""""""""""""""
ကိုယ်ပြောမယ်....
ဒီအပိုင်းက ပျက်သွားတဲ့အပိုင်းရဲ့တစ်ဝက်တောင်မမှီဘူး...
အဲ့ဒါ တကယ်...
Birthday cake မဟုတ်တဲ့
Birthday update ပါရှင်....
အစောကြီး ကျွေးလိုက်ပါတယ်နော်...
Birthday wish တွေလည်းအားမနာတမ်းပို့ပေးလို့ရပါပြီ...
Sotus Book လေးကိုလည်း
Birthday Gift အဖြစ်နောက်ကျမှပေးလည်းစိတ်မဆိုးပါဘူးနော်😁😁
စတာပါ...
ကိုယ်တော့ဝယ်ဖို့အတွက်ပိုက်ဆံစုထားတော့မှာပါ...
ခင်ဗျားလေးတို့လည်းစုကြတော့...
Love you All😘😘😘😘😘😘
""""""""""""""""""""""