L❤VE in the 1st sight(Complet...

By ThetTantYoung

2.2M 149K 8.9K

UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
ThetTantYoung's appology
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32(ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
Building the love bond💋
Leaving the best memories👣
Love Reborn-1
Love Reborn-2
Love Reborn-3
Love Reborn-4
Love Reborn-5
အချစ်ဆုံးReaderများသို့ပေးစာ✉
preorderအကြောင်းအသိပေးကြေညာခြင်း
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 (Unicode)
Part-32 (Unicode)
Building the love bond💋 (Unicode)
Leaving the best memories👣 (Unicode)
Love Reborn-1 (Unicode)
Love Reborn-3 (Unicode)
Love Reborn-4 (Unicode)
Love Reborn-5 (Unicode)

Love Reborn-2 (Unicode)

7K 545 8
By ThetTantYoung


"မမလေးတို့ရေ...သားသားရောက်နေပြီ.."

ခြံစောင့်ဦးလေးကြီးအိမ်ရှေ့တံခါးမကြီးကလှမ်းအော်ပြောသောစကားကြောင့် မကြီး..မလတ်..မငယ်..မလေးတို့အကြည့်တွေကအကုန်အိမ်ရှေ့တံခါးမကြီးဆီရောက်ကုန်သည်..။

"ဟယ်..သားသားရောက်ပြီတဲ့.."

မလေးကပြောရင်းချက်ချင်းမငယ်လက်ကိုလှမ်းပုတ်တော့

"လာ..လာ..သားသားကိုသွားကြိုရအောင်.."

မကြီး၏ဦးဆောင်မူနဲ့အတူလေးကောင်သား ဖုတ်ဖတ်ခါထပြီးအပြေးထသွားသည်..။

"ဝိုင်းစိန်မရေ..အထုပ်တွေသွားသယ်အုံး.."

မလတ်ကအိမ်မှာအကူလုပ်တဲ့ကောင်မလေး ကိုလှမ်းအော်လိုက်သေး..။သားသားဆိုတဲ့အသံကြားတာနဲ့တင်ကို ဧည့်ခန်းမှာအမေဖြစ်သူနဲ့စကားပြောနေရင်းနဲ့ ပျာယာတွေခတ်ပြီး ချက်ချင်းကောက်ကတ်ထသွားတဲ့ သမီးချောလေးယောက်..။

အို..အိမ်ကိုရောက်နေရသည့်ကိစ္စကလဲဒီနေ့သားသားပြန်လာမယ်လို့ဖုန်းဆက်ပြီးလှမ်းအကြောင်းကြားထားလို့သာ..။မဟုတ်ရင် သူတို့လင်တွေ..သူတို့သားတွေနဲ့အမေအိမ်ကိုခြေဦးတောင်လှည့်တာမှမဟုတ်တာ..။တွေးရင်ဒေါ်ဝင်းလဲ့ရီစိပ်ပုတီးလေးတဂျောက်ဂျောက်နဲ့တရားသာဆက်မှတ်နေလိုက်သည်..။လေဆိပ်ကိုသွားပြီးအကြိုတော်လွှတ်ခိုင်းထားတဲ့အိမ်က Driverရဲ့ကားပေါ်မှဆင်းလာတဲ့မောင်လေးဖြစ်သူကိုအမလေးယောက် အိမ်ရှေ့တံခါးမကနေကြည့်လို့မဝနိုင်...ရူလို့မဝနိူင်။

"ကြည့်စမ်း..သားသားနဲနဲလေးများပိန်သွားသလားလို့..မလေး ကြည့်အုံး."

"အို..မငယ်ကလဲ..အိမ်ထောင်ကျပီလေBodyလေးဘာလေးထိန်းမှပေါ့.."

"ပိန်ပိန်ဝဝ..မလတ်တို့သားသားကချစ်ဖို့ကောင်းနေတုန်း..ခုထိမပျက်စီးသေးဘူး.."

အမလေးယောက်လုံးတစ်ယောက်ကိုတစ်ယောက်တွန်းထိုးရင်းပြောနေတုန်းမှာဘဲ သက်ဝေယံအိမ်ရှေ့ဆင်ဝင်အောက်ကိုခြေချလိုက်သည်နှင့်အမလေးယောက်လုံးအိမ်တံခါးဝမှဝုန်းဆိုပြေးဆင်းချလာပြီး

"သားသားရယ်..ကြည့်အုံး..မတွေ့ရတာကြာလို့လားမသိ..ပိုချစ်ဖို့ကောင်းလာလိုက်တာ!!"

စလာသည်နှင့်မလေးက သက်ဝေယံပါးနှစ်ဖက်ကိုလိမ်ဆွဲရင်းပြောသည်..။မလတ်ကလဲသက်ဝေယံကိုခြေဆုံးခေါင်းဆုံးကိုကြည့်ပြီး..

"အသားတွေလဲပိုတောင်ဖြူလာသလားလို့ "

ပိုဖြူလာမှာပေါ့..ဟွန်း။အိမ်ပေါ်ကအိမ်အောက်ခြေမနင်းဘဲနေမထိလေမထိနှစ်ထပ်ဆောင်တိုက် မီးမလင်းတဲ့ပပဝေယံ လုပ်လာရတာကိုး..။လူကပင်ပန်းလာပါတယ်ဆိုတစ်ယောက်တစ်ပေါက်နဲ့စကားတွေကျွတ်ကျွတ်ညံနေတဲ့အမတွေကြားထဲမှအတင်းတွန်းဖယ်ဝင်ရင်းသက်ဝေယံဧည့်ခန်းဆီသို့သာသွားလိုက်သည်...။အမတွေကိုတွန်းဖယ်ပြီးအိမ်ထဲဝင်သွားတဲ့သက်ဝေယံကိုအမလေးယောက်ကြောင်ကြည့်နေရင်းမှ..

"ဒါနဲ့မောင်လေးဟိန်းထက်ယံရော??"

မလတ်ကမျက်လုံးလေးအဝိုင်းသားနဲ့ထမေးမှ ဟိန်းထက်ယံပါမလာသည်ကိုကျန်သုံးယောက်သတိရမိတော့သည်..။

"အယ့်..ဟုတ်သားတူတူလာလည်မယ်ထင်နေတာ.."

မငယ်ကထပြောတော့...လေးကောင်သားတစ်ယောက်မျက်နှာတစ်ယောက်အရင်ကြည့်လိုက်သည်..။ပြီးတော့..သုတ်သုတ် သုတ်သုတ်နဲ့ဧည့်ခန်းကဆတ်တီခုံတွေမှာအမောဖြေနေတဲ့သက်ဝေယံဘေးနားဝိုင်းထိုင်လေသည်...။သက်ဝေယံက အမေဖြစ်သူနားကပ်သွားပြီး

"မေမေရော..နေကောင်းရဲ့လား??"

နေကောင်းရဲ့လားလို့မေးဖော်လေးရတော့လဲဒေါ်ဝင်းလဲ့ရီ တို့ကျေနပ်ရပြန်သည်..။တစ်ဦးတည်းသောသားလေးဆိုတော့လဲဘယ်လောက်ဘဲစိတ်နာခဲ့..စိတ်နာခဲ့..ပစ်တော့မထားနိုင်ဘူးလေ..။

"ဒီလိုပါဘဲ..သားသားရယ်..ဒါနဲ့သားတို့ရောအဆင်ပြေရဲ့လား?"

သားဟိန်းထက်ယံနဲ့အခြေအနေကိုလှမ်းမေးလိုက်ခြင်း..။သို့သော်..ဒေါ်ဝင်းလဲ့ရီလှမ်းမေးလိုက်တဲ့အချိန်မှာဘဲသက်ဝေယံကတစ်ဖက်သို့လှည့်ပြီးဒေါ်ခန့်လက်ထဲကရေခွက်ကိုလှမ်းယူနေလေသည်မို့ဘာမှဆက်မပြောဖြစ်တော့..။အမလေးယောက်ကလဲဒေါ်ခန့်ယူလာချပေးထားတဲ့ရေခွက်ကိုသက်ဝေယံမော့သောက်နေတာပြီးတဲ့အထိအခြေအနေစောင့်ကြည့်ပြီးမှ..မကြီးကအသံလေးထိန်းရင်း

"ဒါနဲ့..မောင်လေးဟိန်းထက်ယံရော..ပါမလာဘူးလား??"

"သူပါလာမယ်လို့ကျွန်တော်ပြောမိလို့လား??"

ရေကုန်သွားတဲ့ဖန်ခွက်အလွတ်လေးကို စားပွဲပေါ်တင်ရင်းသက်ဝေယံ ပုံမှန်လေသံနှင့်ပင်ပြောလိုက်သည်..။

ပိတ်ပြောလိုက်သောကြောင့် လေးယောက်လုံးဘာဆက်ပြောရမှန်းမသိတော့..မငယ်ကစပြီးဖြဲတဲတဲမျက်နှာလေးနဲ့..

"မမတို့ကတူတူလာမယ်ထင်နေတာပေါ့လို့.."

"အင်းလေ..အင်းလေ.."

မလေးကပါဝင်ပြီးထောက်ခံနေသည်လည်း သက်ဝေယံကရူတည်တည်မျက်နှာနှင့်မို့ လေးယောက်လုံး ဘာဆက်ပြောရမှန်းမသိ..။

ဒေါ်ဝင်းလဲ့ရီလဲဘေးကနေအခြေအနေကိုမသိမသာလေးအကဲခတ်နေသည်..။မကြီးက အရင်ဆုံးသက်ဝေယံရဲ့လက်မောင်းလေးကိုဖွဖွလေးပုတ်ရင်း

"မောင်လေးဟိန်းထက်ယံအလုပ်တွေများ မအားလို့လားကွယ်..အဲ့တာဆိုလဲသားသားကသူနဲ့မှတူတူလာပေါ့.မမတို့ကမမတို့ရဲ့ မတ်လေးကိုလဲသတိရနေတာကို.."

"အင်းလေ..အင်းလေ.."

ကျန်သုံးယောက်ကလဲဝင်ထောက်ခံနေလေသည်..။ဟိန်းထက်ယံကိုအတကြီးတနေတဲ့ အမလေးယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ သက်ဝေယံ သက်ပြင်းလေးခပ်ဖွဖွရိူက်ချရင်း

"ကျွန်တော်အခုသူနဲ့ကွာရှင်းလာတာ.."

"ဘာ!!!!!!!!!!"

အမလေးယောက်လုံး၏မျက်လုံးပြူးမျက်ဆံပြူးသံပြိုင်အော်သံကြောင့်သက်ဝေယံတွန့်သွားရသည်..။

"အမတို့ကလဲဘာထူးဆန်းလို့လဲ..??"

အမတွေကိုတစ်ချက်ပြန်ကြည့်ရင်းရွဲ့တဲ့တဲ့မျက်နှာလေးနဲ့သက်ဝေယံပြန်ပြောလိုက်တော့..

"ဘာပြောလိုက်တယ်~~"

ဘေးနားကအသံကြောင့်လှည့်ကြည့်လိုက်တော့စိပ်ပုတီးလေးတန်းလန်းနဲ့ရင်ဘတ်လေးဖိရင်းပြောရှာတဲ့အမေဖြစ်သူ ဒေါ်ဝင်းလဲ့ရီ...။ကျန်အမလေးယောက်ကမျက်လုံးလေးတွေပြူးရုံမှအပဘာစကားမှပြန်မပြောနိုင်သက်ဝေယံကိုသာပြူးပြဲကြည့်နေကြသည်..။ကျောက်ရုပ်ပမာငြိမ်သက်နေတဲ့အမလေးယောက်ကိုဥပေက္ခာပြုလိုက်ပြီး..အမေဖြစ်သူဘက်ကိုသက်ဝေယံကိုယ်ကိုစောင်းထိုင်လိုက်သည်..။မေမေ့လက်ထဲမှာကိုင်ထားတာကစိပ်ပုတီးလေး..။သက်ဝေယံအိမ်ထောင်ကျသွားတည်းကမေမေ လောကကြီးကိုစိတ်ကုန်တယ်ဆိုပြီးဖြစ်သွားတာ...။အမှန်ကသက်ဝေယံကိုစိတ်ကုန်သွားတာ..မလေးကိုအိမ်ထောင်ပြုပေးမယ့်ကိစ္စတောင်စိတ်မဝင်စားနိုင်တော့တဲ့အထိ..ဟူး..အမေ့ကိုနားလည်အောင်ရှင်းပြရမှာဘဲ..။ပုတီးကိုင်ထားတဲ့မေမေ့လက်လေးကိုအသာကိုင်လိုက်ရင်း..

"မေမေလဲတရားသမားဘဲ..သိမှာပေါ့.. ဖြစ်ပြီးရင်ပျက်တတ်တဲ့သဘာဝကိုလေ.."

ဒေါ်ဝင်းလဲ့ရီယောင်တောင်တောင်နဲ့ခေါင်းလေးညိမ့်ပြသည်..။

"အဲ့လိုဘဲပေါ့..အခုလက်ထပ်ပြီးရင်ကွာရှင်းတာဘာထူးဆန်းလို့လဲ??မေမေကလဲ.."

ငင်..ဘုရား..ဘုရား..။ဘုရားတသံတွေကဒေါ်ဝင်းလဲ့ရီရင်ထဲမှာသာပလုံစီသွားတာ..အပြင်မှာဘာအသံမှထွက်မလာ...။လက်ထပ်ပြီးရင်ကွာရှင်းတာဘာထူးဆန်းလို့လဲ??အိမ်ထောင်သည်ဖြစ်တဲ့ မကြီး..မလတ်..မငယ်.သုံးကောင်သား အကြောင်သားလေးနဲ့ထိုင်နားထောင်နေမိသည်..။

"အိမ်ထောင်မူ..ဘုရားတည်..ဆေးမှင်ရည်စုတ်ထိုး..ဆိုတာရှိတယ်လေ..သားသားရဲ့."

အပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့မလေးကဝင်ဖြောင်းဖြဖို့ကြိုးစားသည်..။သက်ဝေယံအမေဖြစ်သူဆီမှမျက်နှာလွှဲလိုက်သည်...။

"ေဩာ်..မလေးရယ်..။ဘုရားတွေလဲငလျင်ဒဏ်ကြောင့်ပြို..အဲ့စုတ်ထိုးတာတွေလဲပြန်ဖျတ်လို့ရနေတဲ့ခေတ်မှာ အိမ်ထောင်ရေးတွေလဲမခိုင်မြဲတော့တာမဆန်းပါဘူး..မလေးကလဲ.."

အင်း..သူပြောတော့လဲဟုတ်သလိုလိုရှိသား..။လေးယောက်သား ခေါင်းလေးတညိမ့်ညိမ့်။ဘာတစ်လုံးမှမဟနိုင်တော့တဲ့အမဖြစ်သူနဲ့အမေဖြစ်သူကိုသက်ဝေယံဟန်ပါပါနဲ့တစ်ချက်ဝှေ့ကြည့်လိုက်ရင်း..

"ဒါပေမဲ့..ကျွန်တော်ကဒီတိုင်းကွာရှင်းလာတာမဟုတ်ဘူးနော်..နစ်နာကြေးပါတောင်းလာတာ...."

"နစ်နာကြေး???"

မကြီးကမျက်လုံးအဝိုင်းသားလေးနဲ့မေးလာတော့..သက်ဝေယံကမျက်ခုံးလေးတစ်ချက်ပင့်ပြလိုက်ပြီး..

"ဒါပေါ့.မကြီးရဲ့..သက်ဝေယံကိုမတရားလုပ်လို့ရမလား??!!ဒေါ်ဝင်းလဲ့ရီသားလေ..အကုန်တွက်ပြီးချက်ပြီးတောင်းပြီးမှကွာလာတာ..အဟင်း.ဟင်း..."

အင်း..အမေထက်လက်စောင်းထက်တယ်ဆိုတာဒီလိုသားမျိုး..။ဒေါ်ဝင်းလဲ့ရီရင်ဘတ်ဖိပြီးသာကြည့်နေရတော့သည်..။

"ဒါနဲ့..နေပါအုံး..သားသားရယ်..ဘာကိစ္စကြောင့်ကွာရှင်းတဲ့အထိဖြစ်လာရတာလဲ??!!"

မလတ်ကပြာပြာယာယာနဲ့ဝင်မေးလေသည်..။မလေးကလဲနူတ်ခမ်းနားလက်ညိုးလေးတင်ပြီး..

"မဟုတ်မှလွဲရော...."

မလေးဆက်ပြောမယ့်စကားကို ကျန်သုံးယောက်သေချာဂရုစိုက်နားထောင်နေသည်။

"မောင်လေးဟိန်းထက်ယံကပွေလို့ရူပ်လို့များလား??"

"ဒီမယ်..မငယ်!!!"

မောင်ဖြစ်သူရဲ့ခေါ်သံကြောင့်မငယ်ချက်ချင်းတုန်တက်သွားသည်..။ပြီးမှ "ဟင်.."သက်ဝေယံနူတ်ခမ်းတစ်ချက်ရွဲ့လိုက်ရင်း..

"အဲ့ပွေတဲ့ရူပ်တဲ့ကိစ္စကြောင့်သာဆိုရင်လေကွာရှင်းရုံလောက်နဲ့သားသားဘက်ကမပြီးဘူး..သိလား??"

"အင်း.."

မငယ်ခေါင်းလေးညိမ့်ပြသည်..။

"မီးဖိုချောင်ထဲကအသားခုတ်တဲ့ဓားမနဲ့ပါအဲ့လူကြီးကိုခုတ်သတ်ပြီးမှရန်ကုန်ပြန်လာမှာ!!!

အိ..!!ဘုရား..ဘုရား..

ဒေါသကုမ္မာရကိုမောင်တော်ထားရတဲ့အမတော်တွေဘဝတဖြန်းဖြန်းထလာတဲ့ကြက်သီးတွေကိုပြန်သပ်ချ..ထောင်ထလာတဲ့ခေါင်းမွှေးတွေကိုပါလက်နဲ့ပြန်ဖိနေရတဲ့ဘဝ..။

"ဒါဖြင့်..ဘယ်လိုဖြစ်ပြီးကွာတဲ့အထိဖြစ်လာရတာတုန်း??သားသားရယ်"

ဆံပင်တွေဘာတွေသပ်သပ်ရပ်ရပ်ပြန်လုပ်ပြီးမှမလတ်ကလှမ်းမေးသည်..။

"အိမ်အလုပ်ဝိုင်းမကူပေးလို့..."

"ငင်.."

နူတ်ခမ်းကိုရှေ့ကိုတစ်တောင်လောက်စူထော်ပြီးပြောလာတဲ့သက်ဝေယံစကားအဆုံးမှာအကုန်လုံးဆွံ့အကုန်သည်..။

ေဩာ်...။.ပြသနာကတော်တော်ကြီးကြီးမားမားဘဲကို..မကြီးကဖျောင်းဖျောင်းဖျဖျနဲ့

"ပြန်ပြီးညိကြည့်ပါလားမောင်လေးရယ်..တစ်ယောက်နဲ့တစ်ယောက်မချစ်တာမှမဟုတ်တာကို..."

"အဲ့ချစ်တာကဝါးစားလို့မှမရတာ.!!."

တိန်..!!!

အမလေးယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်မိကြသည်..။အစကချစ်ခြင်းကိုမခွဲပါနဲ့..ကိုယ်ချစ်တဲ့သူကိုမှမရရင်သေပါတော့မယ်ဆိုတဲ့သားသားကအခုကျအချစ်ကဝါးစားလို့မရဘူးတဲ့..။၂နှစ်အတွင်းအပြောင်းအလဲကမြန်လွန်းလှချည်လား???သက်ဝေယံစူထော်နေတဲ့နူတ်ခမ်းလေးကိုရွဲ့ရင်းနဲ့ကို

"အဲ့ချစ်တာကြီးထက်အခုအိမ်အလုပ်လုပ်ပေးမယ်လူဘဲလိုချင်တော့တယ်.."

ေဩာ်..ဟုတ်ပီ..ဟုတ်ပီ..။အမလေးယောက်လုံးခေါင်းတညိမ့်ညိမ့်..။သားသား..ပြောတာလဲမှန်ပါတယ်လေ..အချစ်ကတကယ်လဲဝါးစားလို့မရဘူးဘဲ..။

"ေဩာ်..ဒါနဲ့..မမ"

ရုတ်တရက်ဖြဲတဲတဲမျက်နှာလေးကိုသက်ဝေယံချက်ချင်းဖန်တီးလိုက်ပြီးအမဖြစ်သူတွေရှေ့မျက်နှာချိုသွေးလိုက်သည်..။အဲ့လိုမျိုး မောင်ဖြစ်သူကအားကိုးတကြီးလေသံနဲ့ခေါ်လာတော့အမဖြစ်သူလေးယောက်ကချက်ချင်းကိုခေါင်းထောင်ထလာသည်..။

"ပြောသားသား.မကြီးကိုဘာပြောဖို့လဲ??."

"ဟုတ်တယ်..ကွာရှင်းတယ်ဆိုပြီးသားသားစိတ်ညစ်စရာမလိုဘူးနော်.မငယ်တို့ရှိတယ်..."

"ဟုတ်တယ်..ပျော်သလိုသာနေ.."

မောင်ဖြစ်သူမျက်နှာတစ်ချက်မညိုးစေဖို့အရေးအစွမိးကုန်ကြိုးစားမည်ဟုလေးယောက်လုံးပြိုင်တူဆုံးဖြတ်ချက်ချလိုက်သည်။မျက်နှာထားတွေနဲ့..သက်ဝေယံခေါင်းလေးကုတ်လိုက်ပြီးအမတွေကိုကြည့်ကာ..သွားလေးဖြဲပြရင်း

"သားကိုမိန်းမရှာပေး..!!"

"ဟင်..!!!"

လေးယောက်လုံးထပ်ပြီးမျက်လုံးပြူးရပြန်သည်..။အဟောင်းသားဖွင့်နေသောပါးစပ်တွေကနဲနဲရွဲ့တဲ့တဲ့

"ဘာလဲ!!မမတို့ကမရှာပေးချင်ဘူးလား??!!"

အမတွေဖြစ်သွားတဲ့ပုံစံကိုမြင်တော့ သက်ဝေယံ မျက်မှောင်ကျုံ့ပြီး ဆောင့်ဆောင့်အောင့်အောင့်အော်ချပစ်လိုက်သည်..။

မောင်ဖြစ်သူကမျက်မှောင်လေးကုတ်သွားတော့လဲ မကြီးခမျာကမန်းကတန်းနှင့်

"မဟုတ်ပါဘူး..သားသားရယ်..ဒါပေမဲ့ကွာရှင်းတာကအရမ်းမကြာသေးဘဲနောက်ထပ်အိမ်ထောင်ထပ်ပြုတာက..နည်းနည်း"

"ဒီမှာ..ကျွန်တော်ဟိုလူကြီးထက်အရင်မိန်းမစောယူမှကိုဖြစ်မှာ..လုံးဝအကြောမခံနိုင်ဘူး!!.."

မကြီးစကားတောင်မဆုံးသေးဘဲသက်ဝေယံကထအော်ပြောလေသည်..။

.ဒါသားသားရဲ့တစ်ချက်လွှတ်အမိန့်..လေးယောက်လုံးငြိမ်ကျသွားသည်..။ခဏနေတော့မှဘယ်လိုလုပ်မလဲ ဆိုတဲ့သဘောနဲ့တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြကြသည်..။အမတွေရဲ့ဖြစ်နေတဲ့ပုံစံကိုသက်ဝေယံတစ်ချက်အကဲခတ်လိုက်ပြီ..။ရပြီ..ဒီလောက်ဆို အမတွေကိုချုပ်လို့ပြီးသွားပြီ။သက်ဝေယံ မခို့တရို့လေးပြုံးလိုက်ရင်း

"ဒါဖြင့်ဒါဘဲနော်..ကျွန်တော်အပေါ်တက်ပြီး နားတော့မယ်..ရှာပေးထားနော်..မမတို့.."

ထိုင်နေရာမှထပြီးအကြောလေးဘာလေးဆန့်ရင်းနဲ့အပေါ်ထပ်သို့တက်သွားလေတဲ့မောင်ဖြစ်သူကိုလေးယောက်သားငေးငေးလေးကြည့်နေတုန်း.

"ေဩာ်..ဒါနဲ့ခဏ.."

မောင်ဖြစ်သူအသံကထွက်ပေါ်လာတော့အမလေးယောက်လုံးပြိုင်တူလိုခေါင်းညိမ့်ရပြန်သည်..လှေကားကွေ့နားလေးဆီမှမျက်နှာဖြူဖြူလေးကလှစ်ခနဲပေါ်လာပြီး

"ရှာပေးရင်..အကိတ်တွေကိုဘဲရှာပေးနော်..ဝါးခြမ်းပြားတွေကြိုက်ဘူး.."

အင်း.အင်း..အင်း..အင်းအမလေးယောက်လုံးတအင်းအင်းနဲ့ခေါင်းလေးတွေကိုယ်စီလိုက်ညိမ့်ရသည်..။

"ချောလဲချောရမယ်နော်..ကျွန်တော့်ထက် ၂နှစ် ၃နှစ်လောက်ကြီးတာမျိုးလေး."

အင်း...အင်း..အင်း..အင်..။

"ပြီးတော့အိမ်မူကိစ္စလုပ်တတ်ရမယ်.အဲ့တာအရေးကြီးဆုံး..မမတို့ကိုယုံလိုက်မယ်..တာ့တာ.."

အင်း..အင်း..အင်း..အင်း..

"အဲ့တာမို့ မမတို့ကိုချစ်တာ..မွ.."

ချစ်စရာဟန်ပန်လေးနဲ့မွဆိုတော့လဲလေးယောက်လုံးအရည်ပျော်ကြရပြန်သည်..။လှေကားကွေ့နားမှာပြူတစ်ပြူတစ်လုပ်နေတဲ့သက်ဝေယံပျောက်သွားတော့မှလေးယောက်လုံးခေါင်းငြိမ့်တာရပ်တော့တဲ့သမီးလေးယောက်ကိုဒေါ်ဝင်းလဲ့ရီ ကြည့်နေရင်း..ဟွန်း..။မွေးထုတ်ပေးတုန်းကလူ...။သူတို့မောင်နဲ့မှပုတ်သင်ညိုဘဝကိုအရှင်လတ်လတ်ကူးပြောင်းသွားတဲ့လေးကောင်..တွေ့မယ်..

"ဒီမှာ!!!ညည်းတို့မောင်ကိုငါတစ်ချက်ကလေးမှ

မအော်လိုက်ဘူးနော်..ညည်းတို့တွေ့တယ်ဟုတ်..?"ဒေါ်ဝင်းလဲ့ရီဒူးချိတ်ထိုင်လိုက်ပြီးခပ်ဆတ်ဆတ်လေးအော်လိုက်တော့..

"ဟုတ်..တွေ့ပါတယ်..မေမေ.."

လေးယောက်လုံးမျက်နှာငယ်လေးတွေနဲ့ခေါင်းလေးတွေကိုယ်စီငုံ့ရင်းဖြေကြသည်..။

"အေး..သူ့အစားညည်းတို့ကိုအော်မှာ..ခုချက်ချင်းလေးကောင်လုံးငါရှေ့ကခုံမှာထိုင်စမ်း..!!!!"

လေးယောက်လုံး ပြာလောင်ခတ်ပြီးအမေရှေ့ကခုံအရှည်ပေါ်မှာတန်းစီပြီးဝင်ထိုင်လိုက်သည့်ပုံစံကိုက ကျုံ့ကျုံ့ယုံ့ယုံ့လေးဒေါ်ဝင်းလဲ့ရီ လက်ထဲကစိပ်ပုတီးကိုဆွဲဆောင့်ပြီး..လွှတ်ပစ်ချလိုက်သည်..။လေးယောက်သားတုန်သွားတာဆတ်ခနဲ..လက်ထဲကစိပ်ပုတီးပါပစ်ချသည့်အဆင့်ဆိုတော့အခြေအနေမဟန်တော့မှန်းသိနေပြီ..။

"မြင်လား???!!မြင်ကြလား??!!ညည်းတို့မောင်သောက်ချိုးတွေ!!"

ဒေါ်ဝင်းလဲ့ရီအော်ချပစ်လိုက်တော့..

"မြင်..မြင်ပါတယ်..မေမေရယ်.."

လေးယောက်လုံးအမေဖြစ်သူကိုမဝံ့မရဲလေးတွေကြည့်ပြီးကတုန်ကယင်အသံလေးတွေနဲ့ပြန်ဖြေကြသည်..ဒေါ်ဝင်းလဲ့ရီခုံပေါ်မှာမတ်မတ်ထိုင်လိုက်ပြီးခါးတစ်ဖက်ထောက်ကာ လက်ညိုးငေါက်ငေါက်ထိုးပြီး..

"အိမ်ထောင်မူ ဘုရားတည် ဆေးမှင်ရည်စုတ်ထိုးဆိုတဲ့ငါတို့ငယ်ငယ်တည်းကလက်ကိုင်ထားတဲ့စကားပုံကိုတောင် ကလော်ကလယ်တွေလုပ်သွားတာမြင်ကြလား??!!!"

"လက်ညိုးကြီးလဲမျက်လုံးထဲဝင်သွားပါအုံးမယ်မေမေရယ်.."

အလယ်မှာထိုင်နေရင်းတည့်တည့်ကြီးအထိုးခံနေရတဲ့ မလတ်ကလက်ညိုးလေးကိုဖယ်ရင်းပြောသည်..။

ကျန်သုံးယောက်လုံးကတော့ငြိမ်ကုပ်ပြီးဘာမှပြန်မပြော..။

"သားသားပြောတာမှန်တော့လဲမှန်တာဘဲ..မေမေရဲ့!!"

"ညည်းပါးစပ်ပိတ်ထား.!!မငယ်!!"

တုန်တက်သွားတဲ့ရင်ဘတ်လေးကိုဖိရင်း မငယ် ငြိမ်ကျသွားရသည်..။

"အခုမြင်လား??ညည်းတို့သဘောတူလှပါချည်ရဲ့ဆိုပြီးညည်းတို့ကိုယ်တိုင်စီစဉ်ပေးတဲ့အိမ်ထောင် ရေးကို အခုသူ့သဘောနဲ့သူကွာရှင်းချလာပြီ..ကျပ်ကျပ်အလိုလိုက် ညည်းတို့ခေါင်းပေါ်ချီးတက်ယိုသွားမယ်.."

ဒေါ်ဝင်းလဲ့ရီပြောနေရင်းနဲ့ မောတောင်မောချင်လာပြီ..။

အဲ့သားတော်မောင်ကြောင့်ဘဲအရင်ကဟန်ဆောင်ပန်ဆောင်နှလုံးရောဂါကြီးကတကယ်ကြီးကောက်ဖြစ်လာတာ..မလေးက ဒေါ်ဝင်းလဲ့ရီကိုမရဲတရဲလေးကြည့်ပြီး

"သားသားစိတ်ချမ်းသာမယ်ဆို..ခေါင်းမကလို့ဘယ်နေရာတက်ယိုယိုပါ..အမေရယ်.."

"တော်!တန်!တိတ်!"

မလေးကိုယ့်ပါးစပ်လေးကိုယ်လက်နဲ့ပြန်ပိတ်ပီးငြိမ်ကျသွားရသည်..။

မောနေပြီးမိုဒေါ်ဝင်းလဲ့ခုံနောက်အမှီကိုပြန်လှဲမှီထိုင်နေရင်း.

"အဲ့တာညည်းတို့ငယ်ငယ်တည်းကအဲ့လိုပစားပေးလို့ကန်းတက်နေတာ.. ပြောကိုမပြောချင်ဘူး...ယောကျင်္ားလိုချင်တုန်းကလဲသူဘဲငမ်းငမ်းတက်..အခုကျမိန်းမယူမယ်တဲ့..ငါမွေးမိတာလူလားမျောက်လားတောင်မသိတော့ဘူး..စိတ်ကအမျိုးမျိုးပြောင်းနေတာ.."

ရှေ့က ဝမ်းရေစပ်တဲ့ဟာမလေးတွေကိုအော်ရင်းနဲ့ အပေါ်ထပ်ကသားဆီကိုပါ ဒေါသကကူးစက်သွားသည်..။မောင်ဖြစ်သူကိုထိလာတော့အမလေးယောက်လုံးနဲနဲရူးရူးရှရှဲဖြစ်သွားသည်..။သူတို့ကိုသာထိရုံမကလို့ဘာလုပ်လုပ်မောင်ဖြစ်သူကိုတော့တစ်စက်ကလေးတောင်အပြောမခံစေချင်တာအမတွေရဲ့မေတ္တာမလေးကစပြီး မထီမဲ့မြင်လေသံခပ်ဆတ်ဆတ်နဲ့..

"ေဩာ်..မေမေကလဲသားသားယောကျင်္ားယူမယ်ဆိုတော့လဲယောကျင်္ားပေါ့..ခုမိန်းမလိုချင်တယ်ဆိုတော့လဲမလေးတို့ကမိန်းမရှာပေးရမှာပေါ့..!!ဒါအမတွေတာဝန်ဘဲကို.."

"ယောကျင်္ားရောမိန်းမရောနှစ်ခုလုံးပါတဲ့ဟာယူမယ်ဆိုရင်ရော..နင်တို့ရှာပေးအုံးမှာလား??!!ဟမ်.."

ဒေါ်ဝင်းလဲ့ရီအသံကြီးတစ်ဖန်ပြန်အာပြဲလာတော့ပြန်ငြိမ်ကျသွားပြန်သည်..။

ဒါတောင် မကြီးကလက်ဟန်ခြေဟန်လေးနဲ့..

"အဲ့အခါကျတော့လဲ..ဒီလိုဘဲမဖြစ်ဖြစ်အောင်လုပ်.."

"ပါးစပ်ပိတ်ထားလိုက်တော့!!!!"

အား..မေမေရယ်..နားတွေလဲကွဲကုန်ပါပြီ..

လေးယောက်လုံးအူထွက်သွားတဲ့နားလေးတွေကိုပြန်ကလော်နေရသည်..။

"ညည်းတို့လေးကောင်ကျပ်ကျပ်အလိုလိုက်နေ..မြောက်ပေးနေလို့အဲ့ကလေး အဲ့လိုဖြစ်နေတာ..တရားခံကနင်တို့..ငါနင်တို့ကိုဘဲ..တွယ်မှာ..သိလား??"

ဒေါ်ဝင်းလဲ့ရီမတ်တပ်ထရပ်ပြီးကိုအော်တော့သမီးလေးကောင်စလုံးတုပ်တုပ်မှမလူပ်တော့..။

"ညည်းတို့ဦးနှောက်ရှိရင်စဉ်းစားကြစမ်းပါ..အစကယောကျင်္ားယူတယ်အခုယောကျင်္ားနဲ့ကွဲပြီးမိန်းမထပ်ယူတယ်..ပတ်ဝန်းကျင်ကမေးငေါ့ပြီးဘာပြောမလဲ..??"

မငယ်ကမဝံ့မရဲအသံလေးနဲ့မျက်လုံးလေးလှန်ကြည့်ပြီး..

"မသကာ. biပေါ့ မေမေရယ်.."

"ဘာ....ညည်းတို့ပါးစပ်တွေပိတ်တော့..အဲ့ဘိုင်တွေဘက်တွေငါ့လာမပြောနဲ့..ငါနားမလည်ဘူး.."

ပြောရတာတွေရော..အော်ရတာတွေရောနဲ့ပေါင်းပြီးဒေါ်ဝင်းလဲ့ရီမောမောနဲ့ပြန်ထိုင်ချရသည်..။

မအေကိုသိတတ်လှပါချည်ရဲ့..တော်လှပါချည်ရဲ့..ငယ်ငယ်တည်းကမအေစကားကိုတစ်လုံးမကျန်မြေဝယ်မကျနားထောင်ခဲ့တဲ့သမီးတွေ..။.သူတို့မောင်နဲ့ပတ်သက်တော့ ဆတ်ဆတ်ထိမခံကိုပြန်ပက်နေကြတာ...။

"အကုသိုလ်တွေလဲတကယ်များတယ်..

ငါဥပုသ်စောင့်ထားပါတယ်ဆိုမှဘဲ.."

ဒေါ်ဝင်းလဲ့ရီဘေးနားကစိပ်ပုတီးကိုလှမ်းယူရင်း အမောဖြေနေရင်းပြောလိုက်သည်.။

"ေဩာ်..မေမေရယ်..မေမေ့ဘာသာမေမေ အေးအေးဆေးဆေးနေပါ..သားသားမိန်းမယူဖို့ကမကြီးတို့တာဝန်ထား.."

"ဟမ်..ငါအဲ့လောက်ကြိမ်းနေတာတောင်အဲ့မိန်းမရှာပေးဖို့ကအခုထိစဉ်းစားနေတယ်ပေါ့လေ.."

ချက်ချင်းကြီးပြန်တုန်တက်လာတဲ့ရင်ဘတ်ကိုပုတီးကြီးကိုင်ထားတဲ့လက်နဲ့ဖိနေရပြန်ပြီ...။အမေဖြစ်သူကလေသံအရမ်းမမာတော့တဲ့အတွက်အခြေအနေကိုတစ်ချက်အကဲခတ်ပြီးမငယ်က ချက်ချင်းကောက်ထ..ဒေါ်ဝင်းလဲ့ရီဘေးဝင်ထိုင်ကာ

"ေဩာ်..မေမေရယ်..စိတ်တွေလျှော့ပါ..ပတ်ဝန်းကျင်ဆိုတာချီးမွမ်းခုနှစ်ရက်..ကဲ့ရဲ့ခုနှစ်ရက်ပါ..ဟုတ်တယ်ဟုတ်.."

အမေဖြစ်သူရဲ့လက်မောင်းလေးကိုခပ်ဖွဖွလေးကိုင်ရင်းပြောလိုက်သည်..။

"ဒါပေါ့.."

ကျန်တဲ့သုံးယောက်လုံးကဝိုင်းပြီးထောက်ခံသည်မို့မငယ်အားတက်သွားပြီးအမေဖြစ်သူဘက်ပြန်လှည့်ကာ..

"ပြီးတော့..ယောကျင်္ားလေးဘဲ..လှေကားသုံးထစ်ဆင်းရင်လူပျိုပြန်ဖြစ်ပါတယ်..မေမေရဲ့..နော်"

ကျန်တဲ့သုံးယောက်လုံးကခေါင်းညိမ့်ပြီးလက်မလေးထောင်ပြီးကိုထောက်ခံလေသည်..။

"လှေကားသုံးထစ်ဆင်းရင်လူပျိုပြန်ဖြစ်တယ်..ဟုတ်စ??"

"ဟုတ်တယ်လေ.."

ဒေါ်ဝင်းလဲ့ရီပြန်မေးတော့မငယ်ယောင်တောင်တောင်လေးနဲ့ခေါင်းညိမ့်ပြလိုက်သည်..။

"အေး..ဒီမှာ.လှေကားတွေဘာတွေ။ဆင်းနေစရာမလိုဘူး.."

ငင်..!

မငယ်ကျန်တဲ့သုံးယောက်ဘက်လှည့်ကြည်မိလိုက်တော့ ပုခုံးလေးတွေကိုယ်စီတွနိ့ပြသည်..။

"ဝရံတာကနေသာဇောက်ထိုးကျအောင်တွန်းချပစ်လိုက်!!!သိလား??"

အိ..!!မငယ်မျက်လုံးလေးတစ်ဖက်မှိတ်ပြီးအောက်နူတ်ခမ်းလေးကိုကိုက်ပစ်လိုက်မိသည်..။မောင်လေးအစား ရင်မောပါဘိ..။ဒေါ်ဝင်းလဲ့ရီနားထင်ကြောတွေကိုဖိနှိပ်ရင်း..

"နင်သွားတော့..မငယ်..နင်ခုချက်ချင်းငါ့ဘေးနားကထွက်သွားတော့..ငါစိတ်တွေတိုလာပြီ.."

မငယ်ချက်ချင်းသုတ်သုတ် သုတ်သုတ်နဲ့ထပြေးပြီးခုနကနေရာလေးမှာကျန်သုံးယောက်နဲ့သွားပြီးပူးကပ်ထိုင်သည်...။

"ဒေါ်ခန့်ရေ..သံပုရာရည်တစ်ခွက်လောက်ယူလာစမ်းပါ..!!"

ခေါင်းပါမူးဝေတက်လာသောကြောင့်ဒေါ်ခန့်ကိုပါလှမ်းခေါ်ပြီးသံပုရာရည်လှမ်းမှာရသည်..။သမီးချောလေးယောက်ကရှေ့မှာငုတ်တုတ်လေးအမေဖြစ်သူကိုထိုင်ကြည့်နေသည်...။ခဏကြာတော့မှ

"မေမေ..ဆေးခန်းသွားမလား??"

မကြီးလှမ်းမေးသည်ကိုလက်ကာပြလိုက်ပြီးဒေါ်ခန့်ယူလာတဲ့သံပုရာရည်ခွက်ကိုသာဒေါ်ဝင်းလဲ့ရီလှမ်းယူသောက်လိုက်သည်..။သံပုရာရည်လေးသောက်လိုက်ရင်တော့သက်သာသွားမှာပါ

"ဒါနဲ့လေ..မလတ်..မလတ်.."

တစ်ယောက်ကျော်ကမလတ်ကိုမငယ်ကလှမ်းခေါ်တော့မလတ်ကလှည့်ကြည့်သည်..။

"ဟိုလေ..ဟိုတလောကdinnerပွဲမှာ

တွေ့လိုက်တဲ့ မလတ်အသိရဲ့တူမဆိုတာလေသူလေးဆိုမဆိုးဘူးမဟုတ်လား??"

"ဟူတ်တယ်..သူဆိုမဆိုးဘူး..မောင်လေးရဲ့စံနူန်းတွေနဲ့ကွက်တိဘဲ.."

မငယ်ကပါအားပါးတရထောက်ခံတော့မကြီးကကန့်ကွက်စရာမရှိတော့

"အင်း..နဲနဲလူချင်းတွေ့ကြည့်ကြ."

မကြီးစကားတောင်မဆုံးသေး..။ဖူးခနဲဝဲပျံတက်လာတဲ့သံပုရာရည်တွေကြောင့် လေးယောက်လုံးလန့်သွားကြသည်..။ရှေ့မှာသံပုရာရည်တွေပေကျံနေတဲ့အကျႌနဲ့အမဖြစ်သူမျက်လုံးဟာမီးဝင်းဝင်းတောက်လျက်

"ငါဒီလောက်ပြောနေတာကိုတောင်..မိန်းမကပေးစားအုံးမယ်လေ.."

လေးယောက်လုံးအသံမထွက်တော့..။

"အဲ့လောက်ထိမောင်ကိုအလိုလိုက်တဲ့ဟာမတွေ..နေနှင့်အုံး..ဒေါ်ခန့်ရေ..ဘယ်မလဲ..တံမြက်စည်း..!!!"

ဒေါ်ဝင်းလဲ့ရီသံပုရာရည်ခွက်ကိုဆောင့်ခနဲချပြီး တံမြက်စည်းလှမ်းတောင်းတော့လေးယောက်လုံးထိုင်နေရာကနေကောက်ထပြီးတစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားကြသည်..။

"ညည်းတို့မောင်ကိုမလုပ်ရသမျှနောက်ကနေမီးလောင်ရာလေပင့် နေတဲ့ညည်းတို့လေးကောင်ကိုရိုက်ပစ်မယ်!!လာစမ်း..ဟဲ့ကောင်မတွေ.."

"ကလေးနှစ်ယောက်ရပြီးမှအရိုက်ခံရတာကြားမကောင်းပါဘူး..မေမေရဲ့.."

"မလတ်တို့ကသားသားစိတ်ချမ်းသာဖို့အတွက်လုပ်ပေး..အ..နာတယ်..မေမေရဲ့.."

"မေမေ..စိတ်လျှော့..မငယ်တို့နာတာအကြောင်းမဟုတ်ဘူး..မေမေ မောမယ်.."

"ဟဲ့..ဟဲ့..မလေး..လုပ်အုံး..မေမေ မူးလဲသွားပီ..."

"ဆေးရုံ..ဆေးရုံကား..မြန်မြန်ခေါ်.."

အောက်မှပွက်လောရိုက်နေအောင် ဆူညံနေသလောက်အပေါ်ထပ်မှာနားကျပ်လေးတပ်ပြီးစက်တော်ခေါ်နေပြီဖြစ်တဲ့သက်ဝေယံကတော့..မကြားတော့..။

.......................💜💜💜........................

အိမ်ထဲဝင်လာသည်နှင့် ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့မီးခလုတ်ကိုဟိန်းထက်ယံရမ်းသမ်းစမ်းနေရသည်..။

ငါလဲနော်..ကိုယ့်အိမ်ကမီးခလုတ်ဘယ်နားမှန်းမသိတဲ့ဘဝ..။အတန်ကြာဟိုစမ်းဒီစမ်းလိုက်စမ်းပြီးမှကိုင်မိသည့်ခလုတ်လိုအရာလေးကိုနှိပ်လိုက်တော့ ဖြာကျလာတဲ့ငွေရောင်ဖျော့ဖျော့မီးရောင်အောက်မှာ အိမ်အောက်ထပ်ခန်းတစ်ခုလုံးကအရှင်းသား..။ရှင်းတာထက်ခြောက်ကပ်တိတ်ဆိတ်နေသလိုခံစားရသည်ဆိုပိုမှန်မည်..။နှစ်နှစ်တာလုံးနေလာခဲ့သည့်အိမ်ရဲ့အငွေ့အသက်ကဒီနေ့မှထူးထူးခြားခြား အေးစက်လို့နေသည်..။ပါလာတဲ့ခရီးဆောင်အိတ်ကိုဧည့်ခန်းထဲကဆိုဖာရှည်တစ်ခုပေါ်ပစ်တင်လိုက်ပြီးမီးဖိုချောင်ထဲသို့တန်းသွားလိုက်သည်..။ရေသောက်မလို့ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်တော့ရေဘူးဟူ၍တစ်ဘူးမှရှိမနေ..။

"ကျစ်စ်!"

ခပ်တိုးတိုးရေရွတ်လိုက်ပြီးရေသန့်စက်ဆီသာသွားရသည်..။ဒါတောင်ရေသန့်စက်ကဂျီးပိတ်ချင်နေသေးသည်။ဟူး..အသစ်ပြန်လဲအုံးမှပါ..။ဟိန်းထက်ယံလေပူတစ်ချက်ကိုသာမူတ်ထုတ်လိုက်ရင်း အိမ်အပေါ်ထပ်သို့တက်သွားလိုက်သည်..။အိမ်အပေါ်ထပ်အိပ်ခန်းထဲရောက်ပြန်တော့လဲမီးခလုတ်တွေကတစ်ခါလိုက်ပြန်စမ်းရပြန်သည်..။စမ်းမိတဲ့မီးခလုတ်ကို နှိပ်လိုက်တော့အဝါရောင်ခပ်ဖျော့ဖျော့မီးရောင်ကြားကနှစ်ယောက်အိပ်ကုတင်ကျယ်ကြီးကဟိန်းထက်ယံကိုလှောင်သလိုလို ပြောင်သလိုလိုဟက်..ဘာဖြစ်လဲ?တစ်ယောက်တည်းအိပ်ရတော့ပိုတောင်ကျယ်ကျယ်ဝန်းဝန်းရှိသေး..တွေးရင်း မျက်နှာသစ်ခြေလက်သန့်စင်ဖို့တောင်မစဉ်းစားနိုင်ဘဲအိပ်ရာပေါ်ခြေပစ်လက်ပစ်ကိုလှဲချလိုက်လေတော့ပင်ပန်းလာတဲ့အရှိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားလေသည်...။.........................💜💜💜...................နေရောင်ခြည်တွေကလိုက်ကာမပိတ်ထားတဲ့မှန်ပြတင်းမှတဆင့် မျက်နှာဆီကိုစူးခနဲဖြာကျလာချိန်မှာမျက်နှာကိုလက်နဲ့ကာရင်းဘယ်ဘက်ကိုစောင်းအိပ်ချလိုက်ရင်းအကျင့်ပါနေပြီဖြစ်တဲ့လက်တစ်ဖက်ကတော့ဘယ်ဘက်ဘေးကအိပ်ယာကိုဟိုစမ်းဒီစမ်း...။ဖြူနုအိစက်နေတဲ့ခန္ဓာကိုယ်လေးအစားမွေ့ယာ၏အထိအတွေ့ကိုသာရတော့ အိပ်မူန်စုံမွှားဖြစ်နေတဲ့ ဟိန်းထက်ယံရဲ့မျက်လုံးတွေဖျတ်ခနဲနိုးထလာရသည်..။ဘယ်ဘက်ဘေးမှာဘယ်သူမှရှိမနေ..အဲ့ကလေးအိပ်ရာထပြီးမနတ်စာသွားပြင်နေပြီထင်တယ်..။ခေါင်းထဲဝင်လာတဲ့အတွေးလေးနဲ့အတူခပ်ဖွဖွလေးပြုံးလိုက်ရင်း..အိပ်ရာထက်ကကုန်းထပြီးတော့မှဟမ်...သူနဲ့ကွာရှင်းထားတာနှစ်ပတ်ကျော်သွားပြီဘဲ.။ဟိန်းထက်ယံနူတ်ခမ်းပေါ်ကအပြုံးဟာစက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားရသည်..။မနတ်စောစောစီးစီး အဲ့ပူညံကောင်ကိုသတိရမိတဲ့ကိုယ့်ကိုယ်ကိုဘဲစိတ်တိုကာရေချိုးခန်းထဲဝုန်းဒိုင်းကြဲဝင်ချသွားလိုက်ကာမှအသင့်အနေအထားရှိနေတတ်တဲ့ မျက်နှာသုတ်ပုဝါတွေသွားတိုက်တံတွေဘာဆိုဘာမှရှိမနေ..

"ဘာဖြစ်သေးလဲ??သူမရှိလဲကိုယ့်ဟာကိုယ်လုပ်လို့ရတာဘဲ.."

စိတ်ပေါက်ပေါက်နဲ့တစ်ယောက်တည်းပွစိပွစိပြောရင်းလုပ်စရာရှိတဲ့မျက်နှာသစ်ခြင်းကိစ္စပြီးသွားချိန်သွားတိုက်တံနှင့်သွားတိုက်ချလိုက်တော့..မအီမသာအရာသာကြီးကပါးစပ်ထဲသို့ဝင်လာသည်မို့

"ဖွီး...ဖွီး..."

ဟိန်းထက်ယံ အသည်းအသန်ပြန်အန်ထုတ်ရသည်...သွားတိုက်ဆေးလိုထင်မှတ်ခဲ့သည်ဘူးကိုကောက်ကိုင်ကြည့်လိုက်တော့ဖွီး..မျက်နှာသစ်ဆေးတွေ..။....................💜💜💜........................."Okok..မင်းတို့ဘဲလုပ်စရာရှိတာလုပ်ထားလိုက်..စိတ်ချမယ်.."

ခရီးကပြန်လာတာသိပ်မကြာသေးတာမို့ဟိန်းထက်ယံအိမ်မှာဘဲနားနေဖို့ဆုံးဖြတ်လိုက်သည်..။

အိမ်ပေါ်ကဖုန်းပြောရင်းအိမ်အောက်ထပ်သို့ဆင်းလာပြီးမှ ဖုန်းပြောခြင်းကိစ္စရပ်ပြီးဆုံးသွားတော့ဖုန်းကိုခုံတစ်ခုပေါ်လှမ်းတင်လိုက်သည် ..။အရင်ကဒီအချိန်ဆို ကြော်သံတွေ လှော်သံတွေ..နဲ့ဆူညံနေတတ်တဲ့မီးဖိုချောင်ကလဲတိတ်တိတ်ဆိတ်ဆိတ်..။အပ်ကျရင်တောင်အသံအကျယ်ကြီးထမြည်လောက်မယ့်အခြေအနေမှာရှိတဲ့မီးဖိုချောင်ထဲဝင်သွားလိုက်သည်..အဲ့သောက်ကလေးမရှိမှတော့ကိုယ့်ဟာကိုယ်လုပ်စားရမှာပေါ့..။တစ်ကိုယ်တည်းတွေးနေရင်းမှ..သေပြီ..အဲ့တာမှဂွကျတာ..။မီးဖိုချောင်ထဲဘယ်ပစ္စည်းဘယ်နားထားလို့ထားမှန်းမသိ..။လွန်ခဲ့တဲ့၂နှစ်လုံးမီးဖိုချောင်ဆိုတာသက်ဝေယံရဲ့ခြေရာလက်ရာတွေသာထပ်နေပြီးဟိန်းထက်ယံ ခြေဦးတောင်မလှည့်တဲ့နေရာ..။ရှင်းလင်းနေတဲ့မီးဖိုချောင်ထဲကဟိုကြွေပြားကပ်စင်နားသွားကြည့်..အပေါ်မှာကပ်ထားတဲ့နံရံကပ်ဗီရိုအသေးစားလေးကိုဖွင့်ကြည့်..ဟိုကြည့်ဒီကြည့်နဲ့..။တော်ပြီဟာ!!ခေါက်ဆွဲပြုတ်ရင်တောင်သိပ်အချိုးမပြေတတ်တဲ့ကိုယ့်အကြောင်းကိုသိသည်မို့မနတ်စာဝမ်းကိုဖြည့်ဖို့..ရေခဲသေတ္တာကိုသွားပြန်မွှေပစ်လိုက်သည်..။အရင်ကစုံပလိစိနေအောင်တွေ့ရတတ်တဲ့ရေခဲသေတ္တာကလဲပြောင်သလင်းခါနေသည်..။ဟိုမွှေဒီမွှေ ရေခဲသေတ္တာတစ်ခုလုံးကိုအတန်ကြာမွှေပြီးတော့မှထွက်လာတာက ပေါင်မုန့်တစ်လုံးဒါတောင်expiredဖြစ်နေလားမသိ..။ကြည့်လိုက်တော့ expiredဖြစ်ဖို့နှစ်ရက်လိုသေးသည် .။ဒါဖြင့်မဆိုးပါဘူး..စားလို့ရသေးတာဘဲတွေးရင်းအဲ့ပေါင်မုန့်ထုပ်ကိုဘဲဆွဲယူလာပြီးကော်ဖီတစ်ခွက်နဲ့မျှောချပစ်ရသည်...။မနတ်စာနဲ့နေ့လည်စာနှစ်ခုပေါင်းပြီးစားနေရတဲ့Brunchကပေါင်မုန့်တစ်လုံးနဲ့ကော်ဖီတစ်ခွက်...။အဲ့ကလေးမရှိတဲ့ဘဝကြီးမှာအစားအသောက်ကအစစုတ်ချာညံ့ဖျင်းနေလို့ ကိုယ့်ကိုယ်ကိုတောင်ပြန်သနားသွားရသည်..။ဒါတောင်ကော်ဖီအရင်ရက်တွေကအဲ့ကလေးဖျော်ပေးခဲ့တဲ့ကော်ဖီလောက်အရသာမကောင်းသည်မို့ပေါင်မုန့်ကုန်ချိန်မှာဟိန်းထက်ယံဆက်မသောက်နိုင်တော့ဘဲဘေစင်မှာသွားသွန်ချပစ်လိုက်သေးသည်..။ကော်ဖီချင်းတူတူငါဖျော်တာဘာလို့မကောင်းပါလိမ့်..။ဟိန်းထက်ယံစိတ်ထဲကပွစိပွစိတွေးနေမိသေးသည်။ဘေစင်ကနေလက်ဆေးနေရင်းမီးဖိုချောင်ကဟင်းချက်ရာနေရာလေးကိုဘာရယ်မဟုတ် တစ်ချက်လှည့်ကြည့်မိတော့..ညားခါစတုန်းက စာအုပ်ဆိုင်တွေကနေဟင်းချက်နည်းစာအုပ်ကြီးတွေတအုပ်တမကြီးသွားဝယ်..ပြီးတော့ လူတတ်ကြီးလုပ်ပြီး..စာအုပ်တကားကားနဲ့ဟင်းချက်နေတတ်တဲ့အဲ့ကလေးပုံရိပ်တွေကိုပြန်မြင်ယောင်လာတော့ဟိန်းထက်ယံချက်ချင်းမျက်နှာပြန်လွှဲပစ်လိုက်သည်..။လက်ဆေးပြီးတော့ဘေစင်ဘုံဘိုင်ကိုပြန်ပိတ်ပစ်လိုက်ရင်း ခေါင်းကိုတစ်ချက်ဆတ်ခနဲခါကာမီးဖိုချောင်ထဲကပြန်ထွက်လာလိုက်သည်..။ဒါတောင် ငါးကြော်ကြော်နေရင်း ဆီပေါက်လို့မီးဖိုချောင်တစ်ခုလုံးပတ်ပြေးနေတတ်တဲ့အဲ့ကလေးပုံရိပ်ကဟိန်းထက်ယံအပေါ်ထပ်တက်သွားရာလမ်းတလျှောက်ကပ်ပါလာသေးသည်...။သူပထမဆုံးချက်တဲ့ချာတူးလန်နေတဲ့ဟင်းကိုမကောင်းဘူးဟု ပြောမိလို့အဲ့ဟင်းကိုအရသာပြန်ကောင်းအောင်၁ဝခါနီးပါး မရမကပြန်ပြင်ပြီး ပြန်လာကျွေးတတ်တာလေးတွေ..။အဝတ်လျှော်ရတာ..လှမ်းရတာ..မီးပူတိုက်ရတာအလုပ်ရူပ်တယ်ဆို ပင်မင်းဆိုင်တွေပို့ပေးပါ့မယ်ပြောတော့

"ခင်ဗျားအဝတ်အစားတွေသူများကိုင်တာမကြိုက်ဘူး"လို့ပက်ခနဲပြန်ပြောတတ်တာတွေ..

အဲ့ကလေးမီးပူတိုက်တဲ့skillကြောင့်ကျွမ်းသွားတဲ့အကျႌတွေကိုကိုင်ရင်းဟိန်းထက်ယံရယ်ရယ်မောမောနဲ့စတာတောင်သူအဲ့လောက်တောင်အသုံးမကျဘူးဆိုပြီးထိုင်အော်ငိုလို့ ချော့ရတာတွေ..။ဟိန်းထက်ယံ စာကြည့်ခန်းထဲဝင်ပြီးတံခါးကိုဝုန်းခနဲဆောင့်ပိတ်ချလိုက်သည်..။အဲ့ပုံရိပ်တွေအကုန်လုံးကိုစာကြည့်ခန်းအပြင်ဘက်မှာသာကျန်ရစ်စေပါတော့..။တစ်ကိုယ်လုံးဟာညွတ်ခွေလာပြီးတံခါးကိုမှီရင်းဖြည်းဖြည်းချင်းထိုင်ချပစ်လိုက်မိသည်..။အလိုက်မသိစီးကျလာတဲ့မျက်ရည်တွေကပါးပြင်တလျှောက်...။မျက်နှာကိုလက်နဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်းစာကြည့်ခန်းတစ်ဝိုက်ကိုဝေ့ကြည့်လိုက်သည်..။ဒီတစ်အိမ်လုံးမှာသက်ဝေယံ အလာအနည်းဆုံးနေရာမို့လို့လားမသိ..သူ့အငွေ့အသက်တွေဟာသိပ်ပြီးတွယ်ငြိမနေ..။ဒီအခန်းထဲမှာနေရင်တော့နဲနဲတော့သက်သာမှာဘဲ..။အဲ့ကလေးကိုမေ့မယ်..မေ့ကိုမေ့မှရမယ်..။ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်အခါအခါသတိပေးရင်း ငုတ်တုတ်ထိုင်နေရာမှထ..Computer ရှေ့ဝင်ထိုင်ကာHotelက စာရင်းတွေကိုသာပြန်စစ်ကြည့်နေလိုက်သည်..။အလုပ်ထဲဘယ်လောက်တောင်အာရုံမျောပါသွားသည်မသိ..။ဇက်ကြောတွေတက်လာပြီးတစ်ကိုယ်လုံးညောင်းညာကိုက်ခဲလာချိန်မှာနာရီကိုကြည့်လိုက်တော့ ညနေ၆နာရီထိုးနေပြီ..။ဒီအချိန်မှာအဲ့ကလေးဖျော်ပေးတဲ့သံပုရာရည်လေးတစ်ခွက်ကိုမမျှော်လင့်ဘူးလို့ပြောမိရင် ဟိန်းထက်ယံလိမ်ရာကျမည်လားမသိ..။ဗိုက်ကလဲတဂွီဂွီဆန္ဒပြလာပြီ..။စားစရာသောက်စရာကလဲဘာဆိုဘာမှမရှိသည်မို့ခပ်လှမ်းလှမ်းက Restaurantတစ်ခုဆီမှအစားအသောက်တွေကိုဖုန်းနှင့်လှမ်းမှာလိုက်သည်..။


ဟူး...ရှေ့နေ့ရက်တွေမှာအဲ့Restaurantကဟာတွေနဲ့ဘဲနှစ်ပါးသွားရမယ်ထင်တယ်..။တကိုယ်တည်းညည်းရင်းစုံလည်ကုလားထိုင်ပေါ်မှကုန်းရုန်းထစာကြည့်ခန်းထဲမှပြန်ထွက်ကာဧည့်ခန်းထဲထိုင်ပြီး အစားအသောက်Deliveryလာပို့မယ့်သူကိုထိုင်စောင့်နေလိုက်သည်...။အဲ့အချိန်ထိအကောင်း..။ခဏနေတော့Bellမြည်သံထွက်ပေါ်လာသည်မို့ခြံရှေ့ထွက်ပြီးမှာထားတဲ့အစားအသောက်တွေကိုသွားယူရသည်။ပိုက်ဆံရှင်းစရာရှိရှင်းထမင်းစားခန်းထဲမှာစားစရာရှိစားနေတဲ့အချိန်မှာမျက်လုံးထောင့်စွန်းဆီကရိပ်ခနဲဟိန်းထက်ယံကမန်းကတန်းဟိုဟိုဒီဒီဝေ့ကြည့်သည်..။ဘာမှမတွေ့...။အဲ့ကလေးမှအဲ့ကလေးပုံရိပ်အစစ်..။ပြန်ပြီးစားလက်စကိုဆက်စားနေတုန်း..နားဆီသို့ကပ်လာတဲ့အေးစက်စက်အငွေ့အသက်။

"ကျွန်တော်ချက်တာလောက်စားလို့ကောင်းလို့လား??!!"

ထိုင်နေရာမှဝုန်းခနဲကောက်ကတ်ထလိုက်မိသည်..။ဟင့်အင်း..ဘယ်သူမှရှိမနေ...။ဒါဖြင့်ဟိုကလေးအသံကဘယ်လိုဖြစ်လို့..ဒီလိုမျိုးအရိပ်တွေမြင်နေရ..အသံတွေကြားနေရတာဆို...ခဏ..ခဏ..ဟိုကလေးရန်ကုန်မှာများနေလို့ထိုင်လို့ကောင်းရဲ့လား??ဖုန်းကိုကမန်းကတန်းကောက်ယူလိုက်ပြီးသက်ဝေယံရဲ့အိမ်ဖုန်းကိုကောက်ခေါ်လိုက်သည်..။ကွာရှင်းထားတာကိုမျက်နှာပူမနေနိုင်တော့..။

"Hello..."

တစ်ဖက်မှဖုန်းလာကိုင်သူကအသံချိုချိုလေး..။ပန်းဝေယံဖြစ်ရမည်...။

"ဟို..သက်ဝေယံတို့အိမ်ကလား???"

"ဟုတ်..ဟုတ်ပါတယ်..ဘယ်သူများလဲမသိဘူး..."

"ဟို..ဟိန်းထက်ယံပါ..အမ"

"ဘာ!!!ဟိန်းထက်ယံ??ဟုတ်လား??!!"

တစ်ဖက်ကပြဲနေအောင်ဆောင့်အော်တဲ့အသံကြီးကြောင့်လက်ထဲဖုန်းကိုလွတ်မကျသွားအောင်ဟိန်းထက်ယံမနည်းသတိထားလိုက်ရသည်..။

ပြီးမှအသံကိုငြိမ်ငြိမ်ထားလိုက်ပြီး

"ဟုတ်..အမ.."

ကြည့်စမ်း..အသံကိုကဒါသက်သက်မဲ့မျက်နှာပြောင်လာတိုက်နေတာ..။ပန်းဝေယံ လေသံကိုပိုတင်းထည့်လိုက်ပြီး.

"ဒီမှာဘာမှကျွန်မတို့မောင်လေးကိုလာပတ်သက်စရာအကြောင်းမရှိတော့ဘူး..အိမ်အလုပ်လေးတောင်ဝိုင်းမလုပ်ပေးနိုင်တဲ့ယောကျင်္ား..မောင်လေးကိုစိတ်ဆင်းရဲအောင်လုပ်မယ်ဆိုရင်..."

"ဒီမှာ..ဒီမှာ..အမ..ကျွန်တော်လဲမပတ်သက်ချင်ပါဘူး.."

"ဘာ!!!"

အဲ့...အဲ့အကောင်ကများ...ပန်းဝေယံဒေါသငယ်ထိပ်ထိဆောင့်တက်သွားပြီ..။ဟိန်းထက်လေပြေသံလေးပြန်ထားလိုက်ပြီး..

"သူနေကောင်းလားဆိုတာဘဲသိချင်တာပါ.."

ေဩာ်..ေဩာ်..နေကောင်းလားဆိူတာသိချင်တာတဲ့..။သားသားဆီပြန်လာကပ်တယ်ဆိုတာမသိတာမှတ်လို့..တစ်ဖက်ကလူမမြင်ရပေမယ့်လည်းပန်းဝေယံခါးလေးထောက်လိုက်ပြီး..

"ဒီမှာ..ကျွန်မတို့မောင်လေးနေကောင်းတာမှဒေါင်ဒေါင်ကိုမြည်နေတာဘဲ..ကွာရှင်းလိုက်ပီးတော့မှပိုပီးလှလာဝလာ.."

"ဟုတ်ကဲ့ပါ..ဒါဖြင့်ဒါဘဲနော်အမ.."

ဟိန်းထက်ယံပြောပြီးကမန်းကတန်းဖုန်းချပစ်လိုက်သည်..။

ဟူး..နေကောင်းတယ်ဆိုရပြီပေါ့..။အဲ့မလေးဆိုတာကဘာတွေအရစ်ရှည်နေမှန်းမသိ..။ဟိန်းထက်ယံဖုန်းချပစ်လိုက်တာမို့ဆွေ့ဆွေ့ခုန်ပြီးကျစ်ရစ်မှာတော့သေချာသည်..။သူလည်းဘဲ သက်ဝေယံရဲ့ဒုတိယversionလေးတော်ပီ..တော်ပီ..။အဲ့ပူညံပူညံနဲ့ပစီပဇာများတတ်တာတွေကိုကြောက်လွန်းလို့..။ဟိန်းထက်ယံတွေးရင်းအိမ်အပေါ်ထပ်ကိုပြန်တက်သွားပြီးအိပ်ခန်းတံခါးကိုဆွဲဖွင့်လိုက်တော့..

WTF!!!!!!!!!!

ကုတင်ပေါ်မှာငုတ်တုတ်ကြီးလန့်လန့်ဖြန့်ဖြန့်နဲ့တံခါးကိုဝုန်းခနဲပြန်ဆွဲပိတ်လိုက်သည်...။အသေအချာကြီးကိုအကောင်လိုက်ကြီးတွေ့လိုက်ရတာ..သူဝတ်နေကျကာတွန်းရုပ်ညဝတ်အကျႌလေးနဲ့..စိတ်လျှော့..ဟိန်းထက်ယံ..စိတ်လျှော့..။ဟိုကရန်ကုန်မှာလှလို့ဝလို့..။ဒီရောက်နေစရာဘာအကြောင်းမှမရှိဘူး..။ခဏနေမှအသက်ကိုဝဝပြန်ရူဟိန်းထက်ယံသေချာသတိကပ်ပြီးတံခါးကိုအသာလေးဟကြည့်လိုက်တော့ဘယ်သူမှရှိမနေ..။ဟိန်းထက်ယံစိတ်ထိန်းစမ်း...။ဒါနင့်စိတ်ကဖြစ်နေတာ....။ဟိုတုန်းက၁၉နှစ်ကောင်လေးမဟုတ်တော့ဘူး။ဟိန်းထက်ယံ ၂၉နှစ်ရှိနေပြီ..။ကလေးတစ်ယောက်ကြောင့်ရူးကြောင်ကြောင်ဂေါက်တောက်တောက်ဖြစ်ရမယ့်အရွယ်မဟုတ်ဘူး..။ကိုယ့်ကိုယ်ကိုအတန်တန်သတိပေးစိတ်ကိုသေချာပြန်ဖြေလျှော့လိုက်ပြီးဟိန်းထက်ယံအိပ်ခန်းဆီသို့ခပ်တည်တည်ဝင်သွားလိုက်သည်..။ကုတင်ရဲ့ဘေးဘက်စားပွဲပေါ်တင်ထားတဲ့Honeymoonတုန်းကရိုက်ထားခဲ့တဲ့နှစ်ယောက်တွဲဓာတ်ပုံကိုပါမဆီမဆိုင်မှောက်ပစ်လိုက်သည်..။ဓာတ်ပုံထဲကဖြူဖွေးဖွေးကောင်လေးကိုမြင်နေရရင် ရောဂါကပိုသည်းလာမှာ..အိပ်ချိန်မတန်သေးပေမယ့်လည်းအခုချိန်မှာအိပ်လိုက်တာကအကောင်းဆုံးမို့ အိပ်ရာထဲလှဲဝင်အိပ်လိုက်ဖို့ပြင်နေစဉ်..ကုတင်ဘေးမှာဖျတ်ခနဲတွေ့လိုက်ရတဲ့အဲ့ကလေးအရိပ်ကြီးကြောင့်ကုတင်ပေါ်ကဝရုန်းသုန်းကားပြန်ထလိုက်မိသည်..။ဘယ်သူမှရှိမနေပြန်တော့..ဒီပုံအတိုင်းဆို ငါစိတ်ကျန်းမာရေးဆေးရုံရောက်တော့မယ်ထင်တယ်..။ရှေ့တည့်တည့်ကမှန်တင်ခုံကြီးကိုပင်မလုံမလဲဖြစ်လာသည်မို့ဟိန်းထက်ယံစောင်ခပ်ပါးပါးတစ်ထည်ကိုကောက်ယူရင်းမှန်ကြီးကိုအုပ်ထားပစ်လိုက်သည်..။မှန်တင်ခုံကိုအုပ်ပြီးကုတင်ဆီပြန်လာတဲ့အချိန်မှာပင်အိပ်ခန်းတစ်ခုလုံး ရိပ်ခနဲ ရိပ်ခနဲတွေနေရာအနှံ့တွေ့နေရတော့ကြက်သီးတွေကဖြန်းခနဲထ,ထလာသလို..။ဟိန်းထက်ယံ မျက်လုံးလဲကျီးကန်းတောင်းမှောက်ထားသလိုကိုဂဏာမငြိမ်တော့..။ဘုရား..ဘုရား..ငါဟိုကလေးကိုကွာရှင်းခဲ့တာ..သတ်ခဲ့တာမှမဟုတ်တာ..။ဘယ်လိုဖြစ်လို့မြန်မာပေါကားတွေထဲကအတိုင်း အကောင်လိုက်ကြီးကိုဟိုဟိုဒီဒီတွေ့နေရတာလဲ??မဖြစ်ဘူး..မဖြစ်ဘူး..ဟိန်းထက်ယံအိပ်ခန်းထဲကအမြန်ပြေးထွက်ပြီးစာကြည့်ခန်းထဲမှာသာတစ်ညလုံးကုန်ဆုံးလိုက်ရလေသည်..။.........................💜💜💜..............

Continue Reading

You'll Also Like

656K 45.5K 52
Zawgyi+Unicode Myanmar BL Novel. မျက်​ရည်​ခိုင်​​အောင်​လုပ်​ပြီးမှဖတ်​ပါ... Author: :LeeSeungHan(Moepyhar)
837K 71.5K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
182K 12.1K 37
ကျွန်တော် သူ့ကိုချစ်နေမိတာသိတယ်။ အရမ်းချစ်မိနေမှန်းတော့ မသိခဲ့ဘူး။ [ Again Season 1 ] School Life Romance Drama BOY X BOY ZAWGYI / UNICODE
120K 13.5K 27
သစ်ပင်ဟာ နေမြဲအတိုင်း ရှိနေခဲ့ပါတယ်။ ဟိုအစကထဲကပါပဲ။ နေပြောက် က သာ.... #ဘုန်းစက်ရှိန် #နေမြဲဆက်နိုင်