"ဟုတ်ကဲ့.အမေ..ဒီမှာအားလုံးအဆင်ပြေတယ်..."
"...."
"ဒါဖြင့်ရင်ကျွန်တော်ဖုန်းချလိုက်တော့မယ်.."
အမေဖြစ်သူဆီကဝင်လာတဲ့ဖုန်းကိုလက်ခံပြောကြားပြီးနောက်ဟိန်းထက်ယံဖုန်းချလိုက်သည်။အနောက်ကိုလှည့်ကြည့်လိုက်တော့ကာလနဂါးပေါက်စလေးကအိပ်လို့ကောင်းတုန်း။Hotel check inစဝင်တယ်ဆိုတည်းက ရေချိုးအဝတ်လဲဖို့နေနေသာသာ မျက်နှာတောင်မသစ်ဘဲနှစ်ယောက်အိပ်ကုတင်ကိုသူတစ်ယောက်တည်း မောင်ပိုင်စီးပြီးအိပ်နေတာများ ခုထိကိုထမလာတော့။အဲ့တော့လဲဒီကလူကဘဲ ဖိနပ်မချွတ်ဘဲတက်အိပ်လိုအိပ်တဲ့သူရဲ့ဖိနပ်ကိုချွတ်ပေး..။ခရီးဆောင်အိတ်ထဲကအကျႌတွေအကုန်ဗီရိုထဲပြန်ပြောင်းထည့်ဝင်လာသမျှ သူ့အမေတွေ သူအမတွေဖုန်းcallတွေအကုန်လက်ခံပြောပေးနေရနဲ့ရေချိုးတာတောင်ကောင်းကောင်းချိုးလို့မရ။ ဟိန်းထက်ယံ ဖုန်းကိုခုံပေါ်လှမ်းတင်လိုက်ပြီး ကုတင်ပေါ်မှာတင်ပလွှဲလေးဝင်ထိုင်လိုက်သည်။ အပူအပင်ကင်းကင်းနဲ့အိပ်ပျော်နေတာများ တကယ့်sleeping cuttieလေး.။
အပြုံးတစ်ခုကဟိန်းထက်ယံနူတ်ခမ်းထက်မှာ အလိုအလျောက်ချိတ်ဆွဲပြီးသား.။ခြေကားယားလက်ကားယားနဲ့မှောက်ရက်လေး အိပ်နေလို့ပုံမှန်ထက်ပိုပြီးစူထော်နေတဲ့အပေါ်နူတ်ခမ်းလေးကို လက်နဲ့အသာလေး တို့ထိလိုက်သည်..။
"Peek..peek!!"
သူ့အပေါ်နူတ်ခမ်းကိူနှာခေါင်းနားထိလန်သွားတဲ့ အထိ လုပ်တာတောင်တစ်ချက်ကလေးမှလူပ်မလာ..။အင်းပေါ့လေ..။လေယာဉ်လက်မှတ်အဝယ်တော်သူကြီး ECရဲ့ကောင်းမူကြောင့်မင်္ဂလာဦးညကို လေယာဉ်ခရီးစဉ်မှာတင်ကုန်ဆုံးပစ်လိုက်ရတော့သူလဲပင်ပန်းရှာမှာပေါ့..။YUFLတက်တုန်းကနားရွက်ဖုံးသည့်အထိထားခဲ့သည့်ဆံပင်ကို သူ့Tourguideအလုပ်နဲ့အဆင်မပြေဘူးဆိုပြီးခပ်တိုတိုညှပ်ခဲ့ရာမှာခုပြန်ရှည်လာပြီဖြစ်တဲ့ နဖူးကဆံနွယ်စလေးတွေကိုအသာပြန်သပ်တင်ပေးလိုက်သည်..။ကြည့်နေရင်း ကြည့်နေရင်းနဲ့ကို ဟိန်းထက်ယံအသည်းယားပြီးပိုကလိချင်လာသည်..။မျက်တောင်ရှည်ရှည်လေးတွေ ဝန်းရံထားတဲ့မျက်ခွံမို့မို့လေးတွေကိုငေးကြည့်နေရင်း သူ့ပါးနုနုလေးကိုဖွဖွလေးတို့လိုက်သည်။နူတ်ခမ်းလေးတစ်ချက်ရွဲ့သွားရုံမှအပ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြန်သည်..။ဒီကလေးကတော့..အိပ်ပုတ်ချက်ဘဲ..။ ဒီတစ်ခါတော့ဟိန်းထက်ယံသူ့နှာခေါင်းလုံးလုံးလေးကို လက်ညိုးနဲ့လက်မကိုသုံးပြီးဆွဲညှပ်လိုက်သည်။
"အွန့်..အွန့်.."
အသက်ရူကျပ်ပြီး တအွန့်အွန့်နဲ့လူးလွန့်လာတဲ့ကလေးလေးမျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြီးမျက်လုံးလေးပွင့်သွားချိန်မှာတော့..
"ဖုန်း...!!"
ဟိန်းထက်ယံမျက်နှာကိုခေါင်းအုံးတစ်လုံးကလာမိတ်ဆက်သည်..။
"အိပ်နေတာကို ဘာလို့လိုက်နှောင့်ယှက်နေတာလဲ???!!!!"
လက်ကလဲမြန်မှမြန်ဘဲ..။တန်ပါတယ်..။အသည်းတယားယားနဲ့ကလိလို့ကောင်းနေတာကို။ခေါင်းအုံးကိုကုတင်ကိုပြန်ပစ်တင်လိုက်ကာ နာရီကိုလှမ်းကြည့်တော့ ၄နာရီခွဲနေပြီ..။ဒီကလေး ရေချိုးမှာဘာညာနဲ့ဆို အချိန်ကပေးရအုံးမှာ..။နိူးမှဖြစ်တော့မယ်..။လူကိုထအော်ပြီးတစ်ဖက်ကိုပြန်လှည့်အိပ်သွားတဲ့ သက်ဝေယံရဲ့လက်တစ်ဖက်ကို ဟိန်းထက်ယံအတင်းဆွဲယူပြီး
"ထသင့်နေပြီ..ညနေပိုင်းအိပ်ရင်နေမကောင်းဖြစ်လိမ့်မယ်.."
ထပါဆိုနေတာကိုတအွန်းအွန်း တအဲအဲလုပ်ပြီး ကုတင်ပေါ်မှာဟိုလိမ့်ဒီလိမ့်လုပ်နေတဲ့သူ့ကို ဖမ်းရတာကတစ်လုပ်..။လက်နှစ်ဖက်လုံးကိုလှမ်းဆွဲချလိုက်တော့လူကို အိပ်ချင်မူးတူးမျက်လုံးနဲ့ဘုကြည့်,ကြည့်သည်..။ဟိန်းထက်ယံ... စကားကိုတတ်နိုင်သလောက်ချိုချိူလေးပြော..။သူအိပ်ချင်နေတယ်..။ကိုယ့်ကိုယ်ကိုအတန်တန်သတိပေးနေရင်း
"လိမ္မာပါတယ်..နော်..ကလေး..ထ...ထတော့"
ကိုယ့်အသံကြီးကိုယ်ပြန်ကြားရတာ နားကလောရတဲ့အထဲဒီလောက်စကားကောင်းပြောနေတာတောင် သက်ဝေယံကထုံပေပေမျက်နှာပေးနဲ့တစ်ချက်ကြည့်ပြီး ဟိန်းထက်ယံလက်ကို ပုတ်ထုတ်ကာ
"ဖယ်ဟာ..မထချင်သေးဘူး!"
ဟိန်းထက်ယံကိုခြေထောက်နဲ့တောင်တစ်ချက် ဆတ်ခနဲကန်လိုက်ပြီးဘေးနားကဖက်လုံးကိုဆွဲယူကာပြန်အိပ်နေသည်..။ဒီသောက်ကလေးစုတ်ကတော့!!!!ကောင်းကောင်းနိူးတာကောင်းကောင်း မထချင်ဘူး..တွေ့မယ်!
ခြေထောက်ကိုဆောင့်ဆွဲခံလိုက်ရတာနဲ့အတူ ကုတင်ခေါင်းရင်းနားကနေ ပက်လက်အနေအထားနဲ့ သက်ဝေယံရဲ့ ခန္ဓာကိုယ်ကတစ်ဝက်နီးပါးလျှောဆင်းသွားသည်မို့လန့်သွားပြီး သက်ဝေယံ ရဲ့အိပ်ချင်စိတ်တွေအကုန်လွင့်ပျောက်သွားသည်..။
"မင်းထမှာလား??ငါမင်းကိုကုတင်ပေါ်ကဆွဲချရမလား??!!"
အာ...။သက်ဝေယံရဲ့ခြေကျင်းဝတ်နှစ်ဖက်လုံးကို ကိုင်ထားတဲ့ဟိန်းထက်ယံကိုတွေ့လိုက်တော့
"အာ..ထပြီ..ထပြီ..!!!!အိပ်ကောင်းခြင်းကိုမအိပ်ရဘူး..!!!"
ဆောင့်ကြီးအောင့်ကြီးပြော
အိပ်ရာပေါ်ကနေကြွက်စုတ်ပုံစံနဲ့ ခေါင်းကိုတဗျင်းဗျင်းမြည်အောင်ကုတ်ပြီးကုန်းရုန်းထလာတဲ့သက်ဝေယံ တစ်ယောက် ရေချိုးခန်းတံခါးကိုဝုန်းဒိုင်းကြဲဆောင့်ပိတ်သွားလေသည်..။
.......................❤💋❤.................."ရေကကြည်ပြာနေတာဘဲ..ဟိုမှာ..ဟိုမှာ..ဟိုးအောက်ကငါးလေးတွေကိုတောင် မြင်နေရတယ်.တွေ့လား??"
ဘန်ဂလိုထဲကထွက်ထွက်လာချင်း သက်ဝေယံ ဟိန်းထက်ယံရဲ့အကျႌလက်မောင်း ကိုအတင်းဆွဲယူပြသည်..။ရေပြာပြာထက်မှာခြေတံရှည်ဘန်ဂလိုလေးတွေ ဆောက်ထားတဲ့Hotelမို့ ဘန်ဂလိုလေးတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ သစ်တားတံတားလေးတစ်လျှောက် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဟိန်းထက်ယံလက်မောင်းကိုအတင်းဆွဲယူပြီး ဟိုနေရာပြလိုက် ဒီနေရာပြလိုက်နှင့် သူတစ်ယောက်တည်းအလုပ်တွေပတ်ရူပ်နေတာ..။ Honeymoonဆိုတာထက်ကလေးကစားကွင်းလိုက်ပို့နေရသလိုကို ဖြစ်နေသည်.။ သူလျှောက်ပတ်ဆော့လို့ဝတော့ ဟိန်းထက်ယံရဲ့လက်မောင်းတစ်ဖက်ကို လာဖက်ထားရင်းသူ့စိတ်ကြည်နေတဲ့ထုံးစံ အတိုင်းခပ်ချွဲချွဲမျက်နှာပေးနဲ့..
"မနတ်ဖြန်မှစလည်ရမှာလား??"
"အင်းလေ..ဒီနေ့မှီမှမမှီတော့တာ.."
ဟိန်းထက်ယံပြန်ဖြေလိုက်တော့..
"ဒီလိုမှန်းသိရင်ကျွန်တော်မအိပ်ပါဘူး.."တဲ့။
သူ့ဟာသူအိပ်တုန်းကအိပ်ပြီးတော့.. စကားတပြောပြောနဲ့ခုန်ဆွခုန်ဆွလုပ်နေတဲ့ကလေးကိုထိန်းနေရင်း Hotelရေကူးကန်ဘက်ရောက်လာတော့..လက်မောင်းကိုတွဲထားရာကရုတ်တရက် ဆွဲဖြုတ်ချလိုက်တဲ့သက်ဝေယံကြောင့်ဟိန်းထက်ယံကြောင်သွားသည်.. ။ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ရှေ့တည့်တည့်ဆီကနေလာနေတဲ့Bikiniဝတ် ခပ်ကိတ်ကိတ်နိုင်ငံခြားသူလေးနှစ်ယောက်..။စလာပြီ..အကိတ်မြင်ရင်မနေနိုင်မထိုင်နိုင်ဖြစ်တဲ့ရောဂါ..။ဟိန်းထက်ယံတစ်ဖက်ကိုသာမျက်နှာလွှဲနေလိုက် တော့သည်..။ထိန်းလဲနိုင်မှာမှမဟုတ်သည်မို့ ထိန်းဖို့ကြိုးစားမနေတော့..
"Hi!!"
လက်လေးလှမ်းပြပြီးပြုံးပြလိုက်တဲ့ သက်ဝေယံကိုအဖတ်တောင်မလုပ်သွားတော့ပြမိတဲ့လက်လေးတောင်ရှက်ချင်သွားသည်..။သို့သော် သက်ဝေယံတို့ကိုကျော်သွားတာတောင်အဲ့နိုင်ငံခြားသူ လေးနှစ်ယောက်သမင်လည်ပြန်လှည့်ကြည့်သွားသူက...ဟိုလူကြီး!!!သက်ဝေယံဘေးနားမှာတွဲရက် လမ်းလျှောက်နေတဲ့ ဟိန်းထက်ယံကိုချက်ချင်းဘုကြည့်,ကောက်ကြည့်လိုက်သည်..။ကြယ်သီးအပြည့်မတပ်ထားလို့ ခပ်ဟဟဖြစ်နေတဲ့ရှပ်အကျႌအဖြူပါးပါးလေးကြားက ရင်အုပ်ကျယ်ကျယ်တွေ..၊မကိုင်ဘဲနဲ့ကြည့်ရုံနဲ့တင်သိနိုင်တဲ့ တောင့်တောင့်တင်းတင်းလက်မောင်းကြွက်သားတွေ..။၆နှစ်အတွင်းဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးလူကောင်ထွားလာတာပါလိမ့်..။YUFLက ဟိန်းထက်ယံဆိုတာ ရုပ်ကလေးနဲနဲချောတာကလွဲလို့အရမ်းမပိန် အရမ်းမဝ ကြည့်ပျော်ရုံခန္ဓာကိုယ်လောက်ဘဲရှိခဲ့တာ..အခုများကျတော့... အဲ့လူကြီးbodyကို ကြည့်ပြီးကိုယ့်bodyကိုယ်ပြန်ကြည့်လိုက်တော့..စိတ်ဓာတ်ကအဝီစိထဲထိထိုးဆင်းသွားသည်..။အလေးတုံးမပိကျရုံတမယ် ဆော့ခဲ့ရတဲ့လေ့ကျင့်ခန်းတွေကအရပ်၂လက်မလောက်ပိုတိုးရုံကလွဲပြီး ဘာမှထူးမလာ..။အအေးပိုင်းဒေသမှာနေခဲ့လို့လားမသိ နဂိုကအဝါဘက်သန်းတဲ့ဟိန်းထက်ယံအသားအရေတွေက ပိုပြီးလတ်လာတော့ဖြူပြီးကြည်လှပါတယ်။လို့မိန်းကလေးချင်းကတောင် အားကျခဲ့ရတဲ့ သက်ဝေယံအသားရောင်ကမှိန်သွားရသည်..။ရေကူးကန်ဘောင်မှာထိုင်နေတဲ့မိန်းကလေးတွေရော..၊ရေကူးနေတဲ့တချို့နိုင်ငံခြားသူလေးတွေဆို ရေကူးတာရပ်ပြီးကို ကန်ဘောင်ပေါ်မေးတင်ပြီးငမ်းနေကြတာများ။မိန်းကလေးတွေတောင်မဟုတ်တော့ဘဲတချို့ ကျားကျားယားယား နိုင်ငံခြားသားကြီးတွေတောင် ဟိန်းထက်ယံကိုပေါ်တင်ကြီးငမ်းကြည့်လာတော့ သက်ဝေယံ သိပ်မကြည်ချင်တော့..။မနာလိုမူတွေရော သဝန်တိုမူတွေရော နှစ်ခုလုံးရောသမမွှေသွားရတဲ့ခံစားချက်ကတော်တော်ဆိုးရွားတာ..ရင်ဘတ်ထဲထိပုရွတ်ဆိတ်အုံလိုက်ကြီးရောက်ချလာပြီးတရွရွပြေးတက်နေသလို..။ပင်လယ်ပြင်ဆီကလေပြည်လေးတွေတိုက်လိုက်တိုင်းလွင့်ခနဲ..လွင့်ခနဲဖြစ်သွားတဲ့ နီညိုရောင်ဆံပင်လေးတွေကိုစိတ်ရှိတိုင်းသာဆိူ သက်ဝေယံ ကတ်ကြေးနဲ့သာဆွဲကိုက်ပစ်ချင်လာသည်။ သက်ဝေယံကပုတော့ အောက်ကနေမော့ကြည့်နေရသည်မို့ယောကျင်္ားပီသစွာနဲ့ထင်းနေတဲ့Jaw shapeတွေ၊ချောကလက်ရောင်မှင်သေသေမျက်ဝန်းတွေ
တောက်!!ဒီလောက်ထိချောလာစရာဘာအကြောင်းမှမရှိဘူး!!!!
ဒူးအထက်ဘောင်းဘီတိုလေးရဲ့ အိတ်ထဲကိုလက်နှစ်ဖက်ထည့်ရင်းဟန်ပါပါလျှောက်နေတဲ့ဟန်နဲ့အတူ.. မလိုအပ်ရင်သိပ်မပြုံးတတ်တဲ့သူ့အချေဒီဇိုင်းကအခုပြန်ပေါ်လာလေသည်။အေးပေါ့လေ..အားလုံးရဲ့attentionတွေကိုစုပုံရနေတာဆိုတော့လဲ.. နတ်သမီးပုံပြင်တွေထဲကမင်းသားလေးအထာဖမ်းနေတဲ့လူကြီး..တွေ့မယ်..တွေ့မယ်!!
"ပြန်မယ်!!"
"ဟမ်..ဘယ်..ဘယ်ကို..??"
ရုတ်တရက်ကြီးလက်ကိုဆောင့်ဆွဲပြီး နောက်ပြန်လှည့်သွားတဲ့သက်ဝေယံကို ဟိန်းထက်ယံမေးလိုက်သည်..။
"အခန်းကို!!"
ခပ်ပြတ်ပြတ်စကားသံကစူးခနဲ
"ဘာလုပ်ဖို့ပြန်မှာလဲ??ရောက်တော့မယ်လေ.."
"ခင်ဗျားလျှာမရှည်နဲ့!!!ပြန်မယ်ဆိုပြန်မယ်..!!"
လက်ကိုဆွဲပြီးခေါ်သွားရာမောင်နောက်သို့ဟိန်းထက်ယံကို့ရိုးကားရားနဲ့ပြန်ပါသွားလေသည်..။....................❤💋❤........................"These are the special dinner set menus For honeymoon couples.."
အစိမ်းရောင်မျက်ဝန်းလှလှလေးတွေနဲ့ ဒူးအထက်စကဒ်အနက်ရောင်လေးကို ဝတ်ထားတဲ့ Hotelဝန်ထမ်းကောင်မလေး ညွန်ပြတဲ့ menuတွေကိုသက်ဝေယံ တစ်ခုချင်းစီ လိုက်ကြည့်နေသည်..။
"Ahh..i got it..then.."
သက်ဝေယံ menuစာအုပ်လေးကိုသေချာထိုင်ဖတ်နေရင်း..
"This one.."
တစ်ခုကိုလက်ညိုးလေးထောက်ပြလိုက်တော့ ထိုဝန်ထမ်းကောင်မလေးက ခေါင်းလေးညိမ့်ပြပြီး စာအုပ်သေးသေးလေးထဲမှတ်နေသည်..။
"ကျွန်တော်ဒီဟာမှာမလို့!!ခင်ဗျားလဲကြိုက်တယ်မဟုတ်လား??"
အမဲရောင်ကုတ်အကျႌကြီးကိုမပူမလောင် ဝတ်ထားပြီးနေကာမျက်မှန်အနက်ကြီးနဲ့ ဦးထုပ်အညိုအဝိုငိးကြီးဆောင်းထားတဲ့သူကို သက်ဝေယံလှမ်းပြောတော့ ဝန်ထမ်းမလေးဆီမှခွိခနဲအသံတစ်ချက်ထွက်လာသည်.။
"မင်း အဆင်ပြေသလိုသာလုပ်လိုက်ပါ~~"
အားမရှိအင်မရှိအသံခပ်ပျော့ပျော့လေး ထွက်လာတဲ့နောက်မှာ
"Ok.."
လက်ထဲကmenuစာအုပ်ကိုဟိုတယ် ဝန်ထမ်းကောင်မလေးဆီ သက်ဝေယံပြန်ပေးလိုက်သည်..။
ဝန်ထမ်းကောင်မလေးကတော့ သက်ဝေယံကိုတလှည့် အမည်းရောင်ကုတ်ကြီးနဲ့သူကိုတလှည့်ကြည့်ပြီး ခါးလေးကိုင်းပြီး ပြုံးစိစိနဲ့လှည့်ထွက်သွားလေသည်..။
"ခင်ဗျားကကုတ်အကျႌနဲ့သိပ်လိုက်တာဘဲ!!"
ရှေ့ကစားပွဲပေါ်လက်လေးထောက်ပြီး မချိုမချဉ်အပြုံးလေးနဲ့ပြောလာတဲ့သက်ဝေယံ..။နေကာမျက်မှန်ကိုဟိန်းထက်ယံဆွဲချွတ်လိုက်ရင်း
"ဒီမှာ...မင်း.."
"Stop..!!"
"အဲ့နေကာမျက်မှန်ကိုပြန်တပ်ထားလိုက်..."
ငင်!လွန်လွန်းနေပြီ..။တညနေလုံးလဲနေကာမျက်မှန်တပ်ထားပြီးတာတောင်ညရနာရီအချိန်ကြီး..။ဟိုတယ်ရဲ့စားသောက်ခန်းထဲမှာ ရှိနေတာတောင် နေကာမျက်မှန်ကြီးမချွတ်ခိုင်းသေး...။
"ဟိုမှာ..ခင်ဗျားကိုကောင်မလေးတွေကြည့်နေတယ်..တွေ့လား??"
ဆူဆောင့်ဆောင့်ပြောလာတာကြောင့် ဘေးဘက်ကိုမျက်လုံးလေးစွေကြည့်လိုက်တော့ခပ်လှမ်းလှမ်းဝိုင်းတွေကနေ ဟိန်းထက်ယံတို့ ဘက်ကိုကြည့်ပြီး တိုးတိုး တိုးတိုးပြောနေတဲ့သူတွေ..။တချို့ကရယ်တောင်ရယ်နေကြသေး..။သူတို့ရဲ့စကားဝိုင်းလေးအကြောင်းကတော့ညနေကဟန်ပါပါနဲ့လမ်းလျှောက်နေတဲ့ ဟိန်းထက်ယံအကြောင်းတော့ဟုတ်ဟန်မတူသနားစရာမျက်မမြင်အဘိုးကြီးနဲ့ သူ့ရဲ့သိတတ်တဲ့မြေးကလေးအကြောင်းဘဲနေမှာပေါ့လေ..။ရှေ့မှာထိုင်နေတဲ့သက်ဝေယံကမေးလေးထောက်ပြီးဟိန်းထက်ယံကိုမျက်လုံးလေးမှေးစင်းကြည့် နေသည်..။နဂါးမျက်စောင်းတွေဝုန်းဒိုင်းကြဲဝင်မလာခင် ဟိန်းထက်ယံ အောင့်သက်သက်နှင့်နေကာမျက်မှန်အမည်းကြီးကိုသာ ပြန်တပ်လိုက်ရသည်..။ခဏနေတော့ ခုနကဟိန်းထက်ယံကို ပြုံးစိစိနဲ့ကြည့်နေခဲ့တဲ့မျက်ဝန်းစိမ်းမလေးပြန်ရောက်လာပြီး..
"Plz..on this way.."
............................👣👣........................."ကိုယ်..ဒါကြီးတွေကိုချွတ်လို့ရပြီလား??"
ဟိန်းထက်ယံရဲ့စကားအဆုံးမှာသက်ဝေယံဟိုဟိုဒီဒီကြည့်လိုက်သည်..။လာပိုပေးခဲ့တဲ့ဟိုတယ်ဝန်ထမ်းကောင်မလေးလဲပြန်သွားပြီ..။ပင်လယ်ပြင်ရဲ့တဝုန်းဝုန်းလိူင်းရိုတ်ခတ်သံတွေနဲ့ဟိုးခပ်ဝေးဝေးကခပ်ပြပြမီးပြတိုက်ရယ်..စီတန်းနေတဲ့အုန်းပင်လေးတွေကြားက သီးသန့်လိုဖြစ်နေတဲ့ ခပ်သေးသေးအဆောင် လေးမှာ အဲ့လူကြီးကိုကြည့်မယ့်သူဆိုလို့ သက်ဝေယံကလွဲရင် ရှေ့မှာတည်ခင်းထားတဲ့ဟင်းအမယ်တွေက ကျောက်ပုစွန်ရဲ့မျက်လုံးဘဲရှိတော့မည်..။
"ရပြီ..ချွတ်လိုက်တော့.."
ခက်ရင်းသံ ဇွန်းသံတွေနဲ့အတူ အဲ့ကလေး အမိန့်ချမှတ်လိုက်ချိန်မှာတော့ ဆောင်းထားတဲ့ဦးထုပ်ရော..မျက်မှန်ရော..ကုတ်အကျႌရောအကုန်ဆွဲချွတ်ပစ်လိုက်သည်..။ဟူး...အခုမှနေသာထိုင်သာရှိတော့တယ်။ လူတစ်ကိုယ်လုံးလဲချွေးတွေနစ်ဝင်နေတာများ လောလောလတ်လတ်ကြီးချွေးထုတ်ခန်းထဲကထွက်လာသလို...။၁နာရီခွဲလောက် ကုတ်အကျႌကြားထဲမှာချွေးထုတ်လိုက်ရတာအဲ့လောက်တော့ရှိမှာပေါ့..။နဖူးပေါ်ကချွေးတွေကိုဟိန်းထက်ယံလက်ခုံနဲ့သုတ်လိုက်ရင်း
" မင်းအဲ့လောက်Jဝင်တတ်ရင်ဒီလောက်ချောတဲ့ယောကျင်္ားမယူသင့်ဘူး..!!"
စိတ်ပေါက်ပေါက်နဲ့ပြောချလိုက်တော့ သက်ဝေယံကမျက်ခုံးလေးတစ်ဖက်ပင့်ကြည့်လိုက်ပြီး မှမျက်နှာသေအနေအထားပြန်ထားကာ
"ခင်ဗျားကိုကျွန်တော်ကယူချင်လို့ယူတယ်များထင်နေလို့လား??"
ခက်ရင်းလေးနဲ့ရေဘဝဲကောင်ကိုဆောင့်ထိုးလိုက်ရင်း
"ဟိုလော်လီပေါ့မကိုယူရမှာစိုးလို့ ခင်ဗျားကိုယူတာ..."
ဟိန်းထက်ယံ ဟက်ခနဲတစ်ချက်သာ အသံထွက်လိုက်နိုင်သည်..။ဟုတ်ပြီ..။ဂျပန်ကပြန်လာလာချင်း လေဆိပ်မှာတင် တော်လာကောက်သွားတာ အဲ့ကလေးမကိုမယူချင်ရုံသက်သက် ကြောင့်ပေါ့လေ..။ရှေ့မှာရှိနေတဲ့ ပင်လယ်စာတွေဆီကိုသာ အာရုံကျသွားတဲ့သက်ဝေယံကတော့ ဟိန်းထက်ယံရဲ့မကြည်တဲ့အကြည့်တွေကို ဂရုစိုက်မိပုံမပေါ်..။ Honeymoonခရီးမှာ ရန်မဖြစ်ချင်တာမို့ဟိန်းထက်ယံဘက်ကဘဲအလျှော့ပေးလိုက်သည်..။ခပ်တိုးတိုးနဲ့ငြိမ့်ငြိမ့်လေးစီးဆင်းနေတဲ့ သံစဉ်တေးသွားနဲ့မလိုက်ဖက်စွာ အနီရောင်ဖယောင်းတိုင်လေးနှစ်ချောင်းကြားက ခပ်မှိန်မှိန် အလင်းရောင်လေးကြားမှာ တွေ့နေရတာက တစ်ဖြဲနှစ်ဖြဲအပီအပြင်ထိုင်စားနေတဲ့ အဲ့ကလေးရဲ့ပါးဖောင်းဖောင်းမျက်နှာလေး..။ ဒီအချိန်မှာဖွင့်သင့်တဲ့သီချင်းဟာ Celion Dionရဲ့အချစ်သီချင်းတွေအစား
"စားမှာဘဲ..ဝါးမှာဘဲ..ငါ့ကိုလာမတားနဲ့"
ဆိုတဲ့သီချင်းဖြစ်ရင်ပိုတောင်feelလို့ ကောင်းအုံးမယ်..။နေ့လည်စာနဲ့ညစာလေးပေါင်းစားရတာကို ၆နှစ်လောက်အငတ်ဘေးကပ်လာတဲ့သူစားနေသလိုစားနေတဲ့ စူဇကာပုဏ္ဏားအသေးစားလေးကြောင့်မင်္ဂလာဦးစုံတွဲတွေအတွက်ပြင်ပေးထားတဲ့ စားပွဲပေါ်ကအလှဆင်ထားတဲ့ပစ္စည်းလေး တွေကို တောင် ဟိန်းထက်ယံ သနားချင်သွားသည်။
ဒါလား??Romantic Dinner
Romance moviesတွေထဲက မင်းသားနဲ့မင်းသမီးတွေလို အပြန်အလှန်ချစ်ရည် ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေရင်း ပဲလေးနဲ့စားရမယ့်အစား အစားတွေနဲ့သာနှစ်ပါးသွားပြီး ဟိန်းထက်ယံကိုတစ်ချက်လေးမှအဖက်မလုပ်တဲ့ သက်ဝေယံ။
ဟူး...။စားတဲ့သူကစားနေတော့လဲ ဒီကလူကကိုယ့်တာဝန်ကိုယ်ကြေရအုံးမှာပေါ့..။ပေပွနေပြီဖြစ်တဲ့နူတ်ခမ်းနားကို ဟိန်းထက်ယံတစ်သျှူးနဲ့လှမ်းသုတ်ပေးလိုက်..၊ရှေ့ဂဏန်းတွေကိုဖဲ့ပေးလိုက်..၊ကမာကောင်တွေကိုအခွံခွာပေးလိုက်..၊ရေလိုရင်ရေထည့်ပေးလိုက်...၊သစ်သီးဖျော်ရည်တွေကိုလှမ်းယူပေးလိုက်.၊ဝိုင်တော့မတိုက်ရဲ..ငါးပါးတွေမှောက်ကုန်မှာ။ခဏနေတော့ခုနကသက်ဝေယံအပေါ်စိတ်တိူနေတာလေးတွေတောင် ဘယ်ဆီဘယ်ဝယ်ရောက်ကုန်မှန်းမသိ..။သူစားနေတာလေးကိုပြုံးလျက် ခပ်ငေးငေး လေးကြည့်နေမိသည်..။ဟုတ်ပီ!!Romanticမဆန်ရင်တောင် Perfectတော့ဖြစ်နေသေးတာဘဲ..။မင်္ဂလာဦးညစာလေးဟာ အစာစားရလို့ကြည်လင်နေတဲ့အဲ့ကလေးမျက်နှာလေးနဲ့တင် အရာအားလုံးပြီးပြည့်စုံသွားတာမျိုး။
.........................❤💋❤..........................[ဟိန်းထက်ယံ.နင်Tမှဖြစ်မှာနော်..]
Hotelက wifiကိုjoin လိုက်သည်နှင့်တောင်ခနဲတက်လာသောmesgတစ်ခု..နှင်းပွင့်ဆီက..
[ငါနင့်ဘက်ကလောင်းထားတာ..]
တိန်..သေစမ်း!!
အလောင်းအစားလုပ်စရာမရှိကြံဖန်လောင်းရတယ်လို့..အခြေအနေကအခုထိဘယ်လိုမှန်းကိုမသိသေးတာ..။
[နော်..ဟိန်းထက်ယံ😢..fighting💪💪]
ဆက်တိုက်ဆက်တိုက်တက်လာတဲ့mesgတွေကြောင့်
[အေးပါ..😎]
Like a boss emojiလေးပြန်ပို့လိုက်ပြီးသည့်အချိန် ရေချိုးခန်းတံခါးကိုဆွဲဖွင့်တဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ကာတွန်းရုပ်လေးတွေပါတဲ့ ညအိပ်ဝတ်စုံလက်ရှည်ဝမ်းဆက်လေးနဲ့ မတ်တပ်လေးရပ်နေတဲ့သက်ဝေယံ..။နဂိုတည်းက ကလေးပေါက်စနပုံပေါက်နေပါတယ်ဆိုဘယ်လိုဖြစ်ပြီးကာတွန်းရုပ်
ဝတ်စုံကြီးနဲ့ ကြည့်ရတာ ခရီးဆောင်အိတ်ကအစ မမတွေပြင်ပေးလိုက်တာလားမသိ..။အမေနဲ့ကခုထိစကားကောင်းကောင်း မပြောသေးဘူးဆိုတော့အမတွေဘဲကျန်တော့တာ..ရေချိုးတံခါးကိုအသာပြန်တွန်းပိတ်ရင်း သက်ဝေယံ ဟိန်းထက်နားကိုလျှောက်လာသည်..။ရေချိုးပြီးခါစမို့ ကြည်လင်ပြီးရှင်းသန့်နေတဲ့ သက်ဝေယံ မျက်နှာလေးကိုကြည့်ရင်း၈နှစ်လုံးထိန်းချုပ်ခဲ့ရတဲ့ ခံစားချက်တွေကအကုန်ပေါက်ကွဲပစ်ဖို့ခန္ဓာကိုယ်ကအချက်ပြလာသည်....။
"ခင်ဗျားဘာလုပ်နေတာလဲ?အဲ့မှာရပ်ပြီးတော့.."
"အာ..မင်းရေချိုးပြီးတာကိုစောင့်နေတာလေ.."
"ကျွန်တော့်ဘာသာကျွန်တော်ရေချိုးတာကို ခင်ဗျားကဘာလို့စောင့်.."
ဖြန်းခနဲရဲတက်သွားတာပါးပြင်နှစ်ဖက်ကို သူမမြင်အောင်ချက်ချင်းဆတ်ခနဲနောက်ကိုလှည့်ပစ်လိုက်သည်..။ဒီ..ဒီညက..ငင်..မင်္ဂလာဦးည...။သူ့အနားရောက်ခါနီးမှရုတ်တရက်ကြီး သက်ဝေယံ နောက်လှည့်ပစ်လိုက်တာသူကတော့ ဘယ်လိုမြင်သွားလဲမသိ..။နောက်ကနေသိုင်းဖက်လာတဲ့လက်နှစ်ဖက်ကြောင့်လူတစ်ကိုယ်လုံးလဲအလိုအလျောက်သူ့ရင်ခွင်ကျယ်ထဲရောက်သွားလေသည်..။ခဏလေး..ဒီပုံစံအတိုင်းသာဆို...။မဖြစ်ဘူး..ငါTရမယ်..TကိုTမှဖြစ်မှာ
"ခဏ...!!"
ရင်ခွင်ထဲကနေဆတ်ခနဲခုန်ထွက်ပြီးနောက်ဆုတ်သွားတဲ့သက်ဝေယံ
"ကျွန်တော်တို့အဲ့ကိစ္စညှိရအုံးမယ်လေ..."
ကျစ်စ်!!လွန်ခဲ့တဲ့၆နှစ်တည်းကကိစ္စကခုချိန်ထိအဲ့ကလေးအစာကြေသေးပုံမရ..။အဲ့တုန်းကလဲ ဟိန်းထက်ယံကိုကောက်သွားတာများဂျပန်သွားတာကိုတောင်လေယာဉ်ကွင်းကိုလုံးဝလိုက်မပို့ဘဲနဲ့ဂျပန်ရောက်ပြီး၂လတိတိ ကြာမှ ပြန်စကားပြောတာ..။ဒါပေမဲ့ဒီညမှအဲ့ကိစ္စကြီးမရှင်းရင်ပြီးမှာမဟုတ်..။
"ဟုတ်ပီ...ဘယ်လိုညှိမလဲ..ပြော!!"
"ကျွန်တော်Tမယ်.."
ဟမ်..အဲ့တာညှိတာလား..
ဗီတိုအာဏာသုံးပြီးတစ်ဖက်သတ်အမိန့်ပေးတာလားမသဲကွဲ..ရတယ်လေ..ဒါမျိုးမတရားတာတော့မခံနိုင်ဘူး..ဟိန်းထက်ယံတို့ကလဲခပ်ပြတ်ပြတ်ဘဲ..။
"ကိုယ်မBနိုင်ဘူး.."
"အဲ့လိုဘယ်ရမလဲ?ကျွန်တော်Tပါမယ်ဆိုခင်ဗျားBရမှာပေါ့.."
"မင်း Tရမယ်ဆိုတဲ့အကြောင်းပြချက်လေးပြောကြည့်လေ.."
အွန်!!လက်ပိုက်ပြီး ဟန်ပါပါနဲ့ပြောလာတဲ့ဟိန်းထက်ယံကြောင့် သက်ဝေယံကိုယ့်လည်ပင်းကိုယ်အယောင်ယောင်အမှားမှားပြန်ကိုင်လိုက်သည်..။အင်း..စဉ်းစား..စဉ်းစားစမ်း!!ဟင်း..မြတ်မွန်တို့ပြတဲ့အစုတ်ပလုတ်ကားတွေလောက်ကိုကြည့်ရုံလောက်နဲ့တက်လာတဲ့အဲ့ကလေးတိုင်ပတ်နေပြီ..။ဟိန်းထက်ယံစိတ်ထဲမှတွေးလိုက်ပြီး..
"ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရဆိုကိုယ်ကပိုပြီး ကြံ့ခိုင်တယ်လေ..စိတ်သွားတိုင်းကိုယ်မပါနိုင်ဘူး ဆိုတာဒီနေရာမှာလဲသက်ဆိုင်တယ်..ကလေးရဲ့"
ပြောရင်း ပြောရင်းနဲ့ သက်ဝေယံမျက်နှာနားကိုတိုးကပ်လာတဲ့အဲ့လူကြီးမျက်နှာကြီး..။
"သဘောပေါက်တယ်ဟုတ်??အဲ့တော့ကိုယ်ဘဲTမယ်.."
ေဩာ်..အဲ့လူကြီးကအဲ့လိုပေါ့လေ..စကားကိုခပ်ချေချေပြောပြီးမျက်နှာကတစ်ဖက်ကိုတောင်လွှဲသွားသေး..။
"ရတယ်လေ..ခင်ဗျားမBဘူးဆို ကျွန်တော် ခင်ဗျားကိုဆက်မပေါင်းနိုင်ဘူး..ကွာရှင်းမယ်.."
ဒီလိုဘဲဖြစ်ရလေ..။လွှဲသွားတဲ့အဲ့လူကြီးမျက်နှာကချက်ချင်းသက်ဝေယံဘက်ပြန်လှည့်လာပြီ..သက်ဝေယံကိုမခွဲနိုင်ဘူးဆိုတာသိပြီးသား..။ဒါနောက်ဆုံးထုတ်သုံးတဲ့အကွက်..အလိုလိုကိုBပေးတော့မှာ..အဟင်း..ပင့်တက်သွားတဲ့သူ့မျက်ခုံးတွေပြန်ကျုံ့သွားပြီးရယ်သံတစ်ချက်ခပ်ဟဟထွက်လာပြီးနောက်မှာ..
"လုပ်လိုက်လေ..ကွာဆိုလဲကွာတာပေါ့..!!"
ဘာ!!!!ဘာဆိုတာကြီးသက်ဝေယံပါးစပ်ထဲကနေခုန်မထွက်သွားဖိူ့တော်တော်လေးထိန်းယူလိုက်ရသည်..။အရင်ကလမ်းခွဲမယ်ဘာညာပြောရင်တောင်ခြေသလုံးဖက်မတတ်တောင်းပန်တဲ့သူကအခုကျ...။မျက်လုံးလေးဝိုင်းစက်ပြီးပါးစပ်အဟောင်းသားဖြစ်နေတဲ့သက်ဝေယံကိုဟိန်းထက်ယံ ညစ်ကျယ်ကျယ်မျက်နှာပေးနဲ့တစ်ချက်ကြည့်လိုက်ရင်း
"မင်း ငါနဲ့ကွာပြီးပြီဆိုရင်မင်းမေမေကမင်းကိုဒီအတိုင်းထားမယ်ထင်လို့လား??.."
အင်း..အဲ့ကလေးမျက်နှာကနဲနဲစဉ်းစားတဲ့ဟန်ပေါ်သွားပြီ..။
"အဲ့အခါကျရင်..မင်းကဟိုလော်လီပေါ့မဆိုတာနဲ့ညား..ငါလဲမင်းအမ ပန်းဝေယံနဲ့ညား..."
မထီမဲ့မြင်အပြုံးမျိုးနဲ့ပြောနေတဲ့ဟိန်းထက်ယံကြောင်.
"ခင်ဗျား ကျွန်တော့်အစ်မကိုကြိတ်ကြံနေတာမဟုတ်လား???!!!!"
နှာခေါင်းတွေ နားရွက်တွေ မျက်လုံးတွေထဲကမီးတောက်တွေလျှံမထွက်ရုံတမယ်ဒေါသတွေအလိပ်လိုက်ထွက်နေတဲ့ကလေးစုတ်လေးကိုသဘောကျစွာကြည့်နေမိသည်..။ဘာတတ်နိုင်သေးလဲ??
"မင်းကိုမရရင်...မင်းအစ်မရလဲနည်းသလား??"
ကြည့်စမ်း!!ဒီလူကြီး..ထွက်လာသမျှဒေါသတွေအကုန်လုံးကိုပြန်မျိုချနေရသည်..။ဟူး...စိတ်လျှော့..သက်ဝေယံ..စိတ်လျှော့...အပိုင်သိမ်းပစ်ကလဲခန္ဓာကိုယ်ချင်းကမမျှဘူး..။တက်လုပ်မယ့်သူကခံဘက်ရောက်သွားရင်ဗလက္ကာရကျင့်တဲ့သူတွေအကုန်နာမည်ပျက်ကုန်မယ်..။သက်ဝေယံ ကိုယ့်ကိုယ်ကို ခပ်တိုးတိုးလေးပြန်သတိပေးလိုက်ပြီးသက်ပြင်းခပ်ဖွဖွလေးရိူက်ချကာ..
"ရတယ်..အဲ့ပြသနာနောက်မှရှင်းတာပေါ့..ညှိမရဘူးဆိုတော့လဲ ထုံးစံအတိုင်းခင်ဗျားဆိုဖာပေါ်သွားအိပ်..ကျွန်တော်ကုတင်ပေါ်မှာအိပ်မယ်.."
မှန်ပြတင်းပေါက်ကျယ်ဘက်ကိူမျက်နှာမူထားတဲ့ခပ်လှမ်းလှမ်းကဆိုဖာခုံကိုလက်ညိုးညွန်ပြတဲ့သက်ဝေယံကုတင်နားကိုမရောက်ခင်မှာတင်ဟိန်းထက်ယံကကုတင်ပေါ်ကိုအရင်ထိုင်ချပစ်လိုက်သည်..။
"ဒီညကိုယ်ကုတင်မှာအိပ်မှာ.."
ဘာ...!!လက်ထပ်တာကမှနှစ်ရက်နဲ့တစ်ပိုင်းတောင်မပြည့်ချင်သေးဘူး..။တွဲလာတဲ့တစ်သက်လုံးဖျာလိုလိပ်ထိပ်ပေါ်တင်ထားပြီး အခုမှဖျာလိုခင်း ခြေနဲ့နင်းဖို့ကြံနေတာ..။
"ခင်ဗျားကုတင်မှာအိပ်မယ်ဆိုတော့ ကျွန်တော်ကဆိုဖာပေါ်သွားအိပ်ရမှာလား??
ဟမ်!!!"သက်ဝေယံအကြီးအကျယ်လွတ်ပြီ..
"ကိုယ်အဲ့လိုမပြောမိပါဘူး..မင်းကိုယ်နဲ့တူတူကုတင်ပေါ်မှာအိပ်လို့ရပါတယ်...ဒါပေမဲ့..."
အင်း...ဒါပေမဲ့...ဘာဖြစ်လဲ??
"ဖြစ်လာမယ့်ကိစ္စတွေကိုကိုယ်တာဝန်မယူဘူး.."
နူတ်ခမ်းလေးရွဲ့ပြီးပြောလာတဲ့စကားလုံးတွေ အတွက်
"ဒါခင်ဗျားသက်သက်မဲ့ညစ်တာ!!"
ခုနှစ်သံချီဟစ်နေတဲ့သက်ဝေယံကိုဟိန်းထက်ယံပုခုံးလေးတွန့်ပြလိုက်ပြီး
"မင်းကြိုက်သလိုယူဆလို့ရတယ်..မကျေနပ်ဘူးဆိုဆိုဖာပေါ်သွားအိပ်..ကျေနပ်တယ်ဆိုကိုယ်နဲ့လာအိပ်.."
ဖြစ်ရတယ်..ကျေနပ်ရင်သူနဲ့လာအိပ်ဆိုဘဲ..။သေချင်နေတာ..အဲ့လူကြီး..။ဆွဲမလို့သာနိုင်ရင် ပြတင်းပေါက်ကနေပင်လယ်ထဲကိုပစ်ချထည့်လိုက်ပြီ..။အခုလောလောဆယ်တော့သူ့ခန္ဓာကိုယ်ကြီးမ,မနိုင်ဘူးဆိုတော့လဲ..အားမတန်ရင်မာန်သာလျှော့ထားတော့...။သက်ဝေယံရေ..ဟူး..။
"ခင်ဗျားနဲ့တော့မအိပ်နိုင်ဘူး..ဒီလောက်အကျင့်ပုတ်ပြီးညစ်ပတ်တဲ့သူနဲ့ မအိပ်ဘူး..!!"
သက်ဝေယံပါးစပ်ကပွစိပွစိနဲ့ရွတ်ပြီးကုတင်ပေါ်ကနေသက်ဝေယံဆွဲယူမယ်လုပ်တဲ့ခေါင်းအုံးကိုအရင်ဆွဲယူသွားတဲ့ဟိန်းထက်ယံ..။
"ဒီကုတင်နဲ့ပတ်သက်တာဘာမှမပေးနိုင်ဘူး.."
ဟာ..!!တကယ်..တကယ်..။အော်ရလွန်းလို့ မောနေပြီမို့ အမှန်ပြောရရင်သက်ဝေယံ အသံတောင်ကျယ်ကျယ်မထွက်နိုင်တော့...။အမေရေ...အမေကိုဂလန်ကဆန်လုပ်မိတာသားတကယ်မှားပြီ..ဒီလူကြီးကိုလက်မထပ်ဘဲဟိုလောလီပေါ့မကိုလက်ထပ်ရင်အနဲဆုံးတော့အနိုင်ကျင့်ခံရမှာမဟုတ်..။
"ခေါင်းအုံးတော့ပေးရမှာပေါ့..မဟုတ်ရင် ကျွန်တော်ဘယ်လိုသွားအိပ်မလဲ???"
မျက်နှာလေးကဒေါသထွက်တာထက်တော်တော်လေးစိတ်ညစ်နေတဲ့ရုပ်လေးပြောင်းလာပီဖြစ်တဲ့သက်ဝေယံကိုဟိန်းထက်ယံမသနားနိုင်သေး..။
"အဲ့ဆိုဖာခုံပေါ်မှာခေါင်းအုံးအသေးလေးတွေ ရှိတယ်..အိပ်ပေါ့.."
ပြောရင်း ဟိန်းထက်ယံဆိုဖာဘက်ကိုမေးငေါ့ပြလိုက်သည်..။
"ကျွန်တော်အဲ့လိုခေါင်းအုံးနဲ့မအိပ်တတ်ဘူးဆိုတာခင်ဗျားသိသားနဲ့..."
ဟိန်းထက်ယံသူ့ဘယ်ဘက်ဘေးနားကနေရာလွတ်လေးကိုအသာပုတ်ပြလိုက်ရင်း
"အဲ့ခေါင်းအုံးတွေနဲ့မအိပ်တတ်ရင်ကိုယ်နဲ့လာအိပ်လေ.."
"ခင်ဗျားကတော့..ကျွန်တော်ဆွဲထိုးမိတော့မယ်..!!!"
"ဟေး..ဟေး..ရှေ့တိုးမယ့်ခြေလှမ်းလေး အနောက်ပြန်ဆုတ်..ရွယ်ထားတဲ့လက်လေးလဲပြန်သိမ်းလိုက်.."
လက်နှစ်ဖက်ကာပြတဲ့ဟိန်းထက်ယံကြောင့်သက်ဝေယံရဲ့လက်သီးသေးသေးလေးလေထဲမှာတင်ရပ်တန့်သွားရသည်...။
"ကုတင်ကိုတစ်လက်မစာလေးလာထိမိတာတို့ ကိုယ့်အသားကိုလာထိတာတို့ဆို ကိုယ့် ကိုယ်ထဲကသောင်းကျန်းနေတဲ့စိတ်ရိုင်းတွေကို စိတ်လွတ်ကိုယ်လွတ်ကို လွှတ်ပေးလိုက်မှာနော်.."
ညစ်ကျယ်ကျယ်အပြုံးတွေပြည့်နှက်နေတဲ့ဟိန်းထက်ယံရဲ့စကားအဆုံးမှာရှေ့ကပေါက်ကွဲလုနီးပါသတ္တဝါကောင်လေးနဲ့တုံ့ပြန်မူက
"မအိပ်ဘူး..ခင်ဗျားနဲ့!!လုံးဝဘဲ.."
.....................❤💋❤........................ဟိန်းထက်ယံကုတင်ပေါ်မှာအိပ်နေရင်းမှခေါင်းလေးထောင်ထပြီးသက်ဝေယံဆီလှမ်းကြည့်မိသည်...။ရူခင်းလှလှကိုဦးစားပေးထားတဲ့ဟိုတယ်တို့ထုံးစံအတိုင်းမှန်ပြတင်းပေါက်ကျယ်ကျယ်တွေကိုတပ်ထားသည်..။မှန်ပြတင်းပေါက်ဆီမှဖြာကျနေတဲ့လမင်းရဲ့အလင်းရောင်အောက်မှာပင်လယ်ဘက်ကိုမျက်နှာမူပြီးငုတ်တုတ်လေးထိုင်နေတဲ့သက်ဝေယံ..။တစ်ချက်တစ်ချက်သက်ပြင်းရိူက်ချလိုက်သည်ထင်သည်..။သိမ့်ခနဲလျှောလျှောကျသွားတဲ့ကျောပြင်သေးသေးလေးကိုမြင်နေရသည်..။တော်တော်ဇွဲကောင်းတဲ့ဟာလေး..။ည၁၁နာရီထိုးနေပြီ..။ခုထိလဲအိပ်သေးပုံမရ.။ဘယ်လောက်ဘဲကောင်းတဲ့အိစက်တဲ့ဆိုဖာဖြစ်နေနေ သူလုံးဝအိပ်တတ်မှာမဟုတ်မှန်းသိနေလို့ကိုတမင်ညစ်ပေးလိုက်တာ..။အဲ့တာကိုညလုံးပေါက်အဲ့မှာငုတ်တုတ်ထိုင်နေတော့မည်လားကိုမသိ။အဲ့လိုလေးကျပြန်တော့လဲဟိန်းထက်ယံစိတ်ထဲမကောင်းချင်တော့..။သွားပြီးချော့မိလိုက်ပြန်ရင်လဲအဲ့Topနဲ့Bottomကိစ္စကပြီးတော့မှာမဟုတ်။တစ်သက်လုံးအလျှော့ပေးလာတဲ့ဟိန်းထက်ယံကိုဒါလေးအလျှော့ပေးလိုက်တော့ဘာဖြစ်သွားမှာလဲ?နေ့ပလေ့စေ..အဲ့တိုင်းသာနေတော့..။ဟိန်းထက်ယံစိတ်ကိုခပ်ပြတ်ပြတ်ထားပြီးသာအိပ်ဖို့ကြိုးစားလိုက်ရတော့သည်..။
ကောင်းကင်ကဝိုင်းဝိုင်းစက်စက်သာနေတဲ့ လမင်းကိုသက်ဝေယံငေးကြည့်မိသည်..။
တစ်ခါတစ်ခါ ပင်လယ်ပြင်ဘက်ကိုပြန်ငေးမိသည်..။ဟူး.....သက်ပြင်းကိုနောက်တစ်ခါထပ်ရိူက်ချမိပြန်သည်..။အေးစက်စက်လေတွေကလဲပြတင်းပေါက်တွေအကုန်ပိတ်ထားတာကိုဘယ်ကဘယ်လိုဝင်လာလဲကိုမသိ..။ချမ်းသလိုလိုဖြစ်လာတာကြောင့်ဒူးနှစ်ဖက်ကိုပိုပြီးခပ်တင်းတင်းလေးဖက်ထားလိုက်သည်..။အိပ်လို့ကလဲမရလူယုတ်မာကြီး...ညစ်ပတ်ကြီး...။အကျင့်ပုတ်ကြီး...အယုတ်တမာကြီးတော်တော်နှိပ်စက်တယ်..။စိတ်ထဲရှိသမျှမရိုးနိုင်သောဂုဏ်ပုဒ်တွေနဲ့အတူမျက်ရည်ကတပေါက်ပေါက်ကျလာပြန်ပြီမို့ကြိတ်ပြီးသုတ်ပစ်နေရသေးသည်..။နောက်ကကုတင်ကိုလှမ်းမျှော်ကြည့်လိုက်တော့အဝါရောင်ခပ်မှိန်မှိန်မီးရောင်အောက်မှာလူပ်ရှားမူတစ်စုံတစ်ရာမတွေ့ရ..။အင်း..ဟိုလူကြီးအိပ်ပျော်သွားပြီလားမသိ..။ဒူးထောင်လျက်လေးထိုင်နေရာမှထလိုက်ရင်းကုတင်နားကိုခြေသံမကြားစေရအောင်ခပ်ဖွဖွလေးတိုးကပ်သွားလိုက်သည်..။
တခြားတစ်ဖက်ကိုစောင်းပြီးဘေးတိုက်အနေ အထားနဲ့အိပ်နေတဲ့ဟိန်းထက်ယံကို အပေါ်ကနေသက်ဝေယံကုန်းကြည့်သည်..။မျက်နှာရှေ့ကိုလက်လေးနဲ့ကာကြည့်သည်..မနိုး။
ဟုတ်ပြီ..ပါးလေးကိုလက်ညိုးနဲ့အသာတို့ကြည့်သည်..တစ်ချက်လေးတောင်လွန့်လူးမလာ..။ဟုတ်ပြီ!!သက်ဝေယံ ခေါင်းအုံးကိုအသာလေးဆွဲယူလိုက်သည်..။ပြီးမှ..ဟိန်းထက်ယံဘေးကနေရာလွတ်လေးမှာဝင်ထိုင်လိုက်ပြီးစောင်လေးကိုခပ်ဖွဖွလေးဆွဲယူပြီးခြုံလိုက်သည်..။
"အမေ့!!"
ခေါင်းအုံးပေါ်ခေါင်းလေးချမိရုံရှိသေးအပေါ်ကနေအုံ့မိုးလာတဲ့လူအကောက်လိုက်ကြီး။ဟိန်းထက်ယံနူတ်ခမ်းလေးတွန့်ကွေးရုံတစ်ချက်ပြုံးလိုက်ပြီး
"ကုတင်ပေါ်တက်လာရင်ဖြစ်လာမယ့် ကိစ္စတွေတာဝန်မယူဘူးလို့ကိုယ်ပြောခဲ့တယ်နော်.."
♡ Warning...ဒီနေရာကစပါပြီနော်♡..............................................
ကြောက်အားလန့်အားနဲ့ပြူးကျယ်နေတဲ့ မျက်ဝန်းတစ်စုံကိုလျစ်လျူရူလိုက်ပြီး နူတ်ခမ်းတွေဆီကိုသာဟိန်းထက်ယံ တန်းပြီးအာရုံစိုက်လိုက်သည်...။အပေါ်နူတ်ခမ်းကိုခပ်ဖွဖွလေးစုပ်ယူပြီးသည့်နောက်မှာ ဟိန်းထက်ယံရဲ့အောက်နူတ်ခမ်းကိုအသာလေး ပြန်စုပ်ယူတဲ့အထိအတွေ့တွေ..။
နူးညံ့မူနဲ့ချိုမြိန်မူနှစ်ခုအချိုးကျပေါင်းစပ်ထားတဲ့ အရသာတစ်ခုကိုမက်မက်မောမောနဲ့ကိုနှစ်သက်နေမိသည်..။စတော်ဘယ်ရီသီးတစ်လုံးကိုငုံစုပ်နေရသလိုအသိမျိူးဝင်လာချိန် အနမ်းတွေဟာပိုပြီးမွတ်သိပ်တင်းကြပ်လာတဲ့အခါမှာတော့ အသက်ရူခွင့်လေးတော့ပေးရမည်ဆိုတာဟိန်းထက်ယံ သတိပြုမိလိုက်သည်..။ရင်ဘတ်ဆီကို တွန်းဖယ်ရုန်းကန်လာတဲ့လက်တွေကို ချုပ်ကိုင်ထားလိုက်ပြီး
"အရမ်းချစ်တယ်.."
နားရွက်ဖျားလေးဆီသို့တိုးဝင်လာတဲ့လေသံတိုးတိုးလေးနဲ့ရီဝေဝေမျက်ဝန်းတွေက..သက်ဝေယံရဲ့ခန္ဓာကိုယ်တင်မဟုတ်ဘူး..။နှလုံးသားတစ်ခုလုံးကိုပါအပိုင်ပေးပစ်လိုက်ချင်တော့တာ...။တင်းခံထားတဲ့စိတ်တွေကိုလျှော့ချလိုက်တဲ့အချိန်မှာတော့လက်ချောင်းသွယ်သွယ်တွေကအကျႌကြားထဲထိတိုးဝင်လာပြီးသက်ဝေယံရဲ့ခန္ဓာကိုယ်အနှံ့ကိုပွတ်သပ်ချော့မြူနေပြီ..။နူတ်ခမ်းကစတင်ခဲ့သောအနမ်းတွေကလုံးဝရပ်တန့်မသွား..။မျက်ခုံးစပ်နားလေးတွေဆီရစ်သီရစ်သီလာလိုက်..။တစ်ခါတစ်ခါနှာခေါင်းလုံးလုံးလေးတွေကိုပင်ခပ်ဖွဖွလေးသူ့နူတ်ခမ်းတွေနဲ့အသာတို့ထိသွားသေးတာမျိုး..။မျက်နှာတစ်ပြင်လုံးစိတ်ကြိုက်နမ်းရိူက်ပြီးသွားတော့ လည်တိုင်ဆီကိုပါကူးစက်လာတဲ့အနမ်းတွေ..နားရွက်အောက်ဖျားနေရာလေးကို လျှာဖျားလေးတို့ထိချိန်တွန့်ခနဲတစ်ချက်ဖြစ်သွားပြီးသူ့လက်မောင်းကိုဆုပ်ကိုင်မိလိုက်တော့..
"နောက်ဆိုဒီနေရာကိုအရင်ထိရမယ်.."တဲ့
ရယ်ပြီးပြောသွားတဲ့ပုံများ..မုန်းစရာကောင်းလိုက်တာ..။ဒါပေမဲ့ခပ်ကြာကြာမုန်းဖို့အချိန်မရလိုက်..ရင်ဘတ်နားတဝိုက်ကိုနယ်ချဲ့လာတဲ့သူ့နူတ်ခမ်းတွေနဲ့အတူ အောက်ပိုင်းတစ်နေရာကိုလျှိူဝင်လာတဲ့သူ့လက်ချောင်းတွေရဲ့အထိအတွေ့အောက်မှာ..သက်ဝေယံတစ်ကိုယ်လုံးလူးလွန့်နေသည်..။ထိန်းထားတဲ့ကြားထဲကတဝက်တစ်ပျက် ထွက်ပေါ်လာတဲ့ညည်းသံလေးတွေကြောင့်ကျေနပ်ပြုံးတစ်ခုသူ့နူတ်ခမ်းထက်မှာ လှစ်ခနဲပေါ်ထွက်သွားတာကိုတွေ့မိလိုက်သည်....။လက်ချောင်းတွေဟာခပ်မြန်မြန်အလုပ်လုပ်ပြီးတဲ့နောက်မှာတော့
"အ..မရ..မရတော့ဘူး.."
မပီမသနဲ့ထွက်ပေါ်လာတဲ့အသံလေးတွေနောက်မှာဖွင့်အန်ချလိုက်မိတဲ့ပြီးမြောက်ခြင်းတစ်ခု..။ဟိန်းထက်ယံသူ့လက်ဖဝါးသူပြန်ကြည့်နေရင်းခပ်ဖွဖွလေးရယ်လိုက်ပြီး
"ဒီလောက်မြန်မယ်မထင်ထားဘူး.."
ခပ်နောက်နောက်ပုံစံလေးနဲ့ပေါ့ပေါ့ပါးပါးလေးပြောလိုက်ပေမဲ့သက်ဝေယံကတော့ရှက်လွန်းလို့ခေါင်းအုံးကိုသာမျက်နှာပေါ်ဆွဲတင်လိုက်မိတော့သည်..။
"ကိုယ်ကျန်သေးတယ်လေ.."
ဟိန်းထက်ယံခေါင်းအုံးကိုအတင်းဆွဲဖယ်လိုက်တော့..ခေါင်းအုံးအောက်ကဖွတ်ထားတဲ့ ခရမ်းချဉ်သီးလေးပေါ်ထွက်လာပြီး
"ခင်ဗျားကိုလဲကျွန်တော်အဲ့လိုလုပ်ပေးရမှာလား??"
"ကိုယ်ကမင်းလက်သေးသေးလေးနဲ့ပြီးမယ်ထင်လို့လား??"
အခုမှသက်ဝေယံမျက်လုံးတွေ တကယ်ပြူးကျယ်ဝိုင်းစက်သွားရခြင်း..။
ဟိန်းထက်ယံ ဝတ်ထားတဲ့T shirt အဖြူလေးကို ပုခုံးပေါ်ကနေမြောက်ချွတ်ပစ်လိုက်ပြီးခဏအကြာမှာတင် ကာတွန်းရုပ်ဘောင်းဘီလေးကကုတင်အောက်မှာ။ အကျႌကတော့ဘယ်အချိန်တည်းကဘယ်ဆီရောက်သွားမှန်းသက်ဝေယံမသိ..။ဘောင်းဘီရူံ့ကြိုးကိုအသာဖြေလျှော့နေတဲ့ဟိန်းထက်ယံကိုကြည့်နေရင်းတကယ့်ပွဲကအခုမှစပြီထင်တယ်!!
"အား!!!!!!"
"ဘာလို့အဲ့လောက်အော်တာလဲ??တခြားဘန်ဂလိုကသူတွေကြားကုန်တော့မှာဘဲ.."
စလာတည်းက ပြသနာကစတက်တာ..။အခုမှစရုံ ရှိသေးတာကို အဲ့ကလေးကကုန်းရုန်းအော်နေပြီ။ ဆက်ရမယ့် ခရီးကအရှည်ကြီးကျန်သေးတယ်..။ခြေတံဖြူဖြူလေးတစ်ဖက်ကိုအသာကိုင်မလိုက်ရင်း မသိမသာလေးရှေ့ကိုတိုးလိုက်တော့..
"အ..နာ..နာတယ်.."
မျက်နှာကိုရူံ့မဲ့ပြီးလက်မောင်းမွေ့ယာစကို အသေဆွဲကုပ်ထားသောသက်ဝေယံကို..ဟိန်းထက်ယံ ခပ်တိုးတိုးအသံလေးနဲ့..
"စိတ်လျှော့...စိတ်လျှော့ထား..စိတ်တင်းထားရင်ပိုနာလိမ့်မယ်..."
"အား!!!အမေရေ...သားယောကျင်္ားယူမိတာမှားပြီ..."
ဟိန်းထက်ယံက နဲနဲလေးတိုးမယ်ကြံလိုက်..။သက်ဝေယံ ပြဲနေအောင် အော်ငိုလိုက်နဲ့..။နှစ်ကောင်သားလိုက်ဖက်ကို ညီနေတာ..။အခုသက်ဝေယံဖြစ်နေတဲ့ပုံကိုကြည့်ရင်း ဟိန်းထက်ယံရှေ့ဘဲဆက်တိုးရမလို...နောက်ဘဲဆုတ်ရတော့မလို..။ဆူးကြားထဲကဘူးခါးဆိုတဲ့အခြေအနေကိုအခုမှလက်တွေ့ကြီးရင်ဆိုင်ရတာ..
"ခဏ..ခဏလေးဘဲ..ပြီးသွားရင်အဆင်ပြေသွားလိမ့်မယ်.."
သက်ဝေယံနဖူးလေးမှာသီးလာတဲ့ချွေးသီးလေးတွေကိုလက်နှင့်အသာသုတ်ပေးလိုက်မိရင်းရှေ့ကိုနဲနဲလေးပိုတိုးလိုက်မိသည်..။မတတ်နိုင်ဘူး..ဒီအခြေအနေကြီးထိရောက်မှတော့ရှေ့ဘဲတိုးလိုက်တော့မယ်
"အား....!!"
စိတ်ညစ်ပါတယ်...အဲ့ကလေးအော်ပြန်ပြီ...။ပါးစပ်ကိုအဝတ်နဲ့ဘဲစို့ထားရကောင်းမလားလို့တောင်ဟိန်းထက်ယံစတွေးမိလာသည်..။
"စိတ်အရမ်းမတင်းထားနဲ့လေ...လျှော့ချ..လျှော့ချလိုက် .."
အခုဟိန်းထက်ယံဖြစ်နေတဲ့ပုံစံကမြန်မာကားတွေထဲက ကလေးညစ်မရတဲ့မီးနေသည်ကို လက်သည်အဘွားကြီးကအားပေးနေရတဲ့အတိုင်း..။အောက်ဘက်ဆီကစူးခနဲဆောင့်တက်လာတဲ့နာကျင်မူကိုသက်ဝေယံဘယ်လိုမှသည်းမခံနိုင်တော့..
"ခင်ဗျားဟာ..ခုချက်ချင်းပြန်ထုတ်!!!"
ငင်!!ဟိန်းထက်ယံ၈နှစ်လုံးစိတ်ကူးထားတဲ့အိပ်မက်လေး..ဘာမှတောင်မစရသေး..တကယ်နဲနဲဆိုမှနဲနဲလေးဘဲဝင်သေးတာကို..။
"ပြောနေတယ်လေ!!!!"
သက်ဝေယံကအံကိုကြိတ်..မျက်ထောင့်နီကြီးနဲ့ပါကြည့်လာသည်မို့ဟိန်းထက်ယံ နောက်မဆုတ်ချင် ဆုတ်ချင်နဲ့ဆုတ်လိုက်ရသည်.။Feelကတော့တော်တော်ငုတ်သွားတာ..။သက်ဝေယံကုတင်ပေါ်မှာကုန်းရုန်းထထိုင်လိုက်ပြီး..
"ခင်ဗျားဟိုဟာဒီဟာတွေကြည့်ပြီးနဲနဲပါးပါး မသင်ထားဘူးလား..??ဟမ်!!"
"ကိုယ်တကယ်ကြည့်ပြီးသင်ထား..."
"အစစ်မတွေနဲ့ဟာဘဲကြည့်နေတာမဟုတ်လား??!!!"
ဘေးနားကခေါင်းအုံးကိုဆွဲယူပြီး ရှင်းပြမယ်ကြံနေတဲ့ဟိန်းထက်ယံမျက်နှာတည့်တည့်ကိုသက်ဝေယံပစ်ပေါက်ပစ်လိုက်သည်..။ဘယ့်နှယ်...ခုနကအပေါ်ပိုင်းတစ်ပိုင်းလုံးတကယ်အကောင်းကြီး..။အဲ့အောက်ပိုင်းကျမှသေမလို လာတစ်နေတယ်ဆိုတော့ အဲ့လူကြီးအစစ်မတွေနဲ့ဟာဘဲကြည့်နေတာနေမှာ..။သက်ဝေယံစိတ်ပေါက်ပေါက်နဲ့
"အသုံးကိုမကျဘူး..."
"ဘာ..ငါအသုံးမကျတာမဟုတ်ဘူး..မင်းမခံနိုင်တာ!!"
ဟိန်းထက်ယံလဲစိတ်တိူတိူနဲ့ပြန်ပိတ်ပြောလိုက်သည်..။
လူကခုနကfeelပျက်သွားတည်းကစိတ်ကြည်တော့တာမဟုတ်သိတယ်မဟုတ်လား??ယောကျင်္ားလေးလေ..အဲ့နေရာမှာအသုံးမကျဘူး။သွားပြောရင်စွန်းတင်းတာ..။သက်ဝေယံမေးငေါ့ပြလိုက်ရင်း
"ခံနိုင်ရအောင်ခင်ဗျားဟာကလူလိုမှမဟုတ်တာကိုယ့်ဟာကိုယ်ပြန်ကြည့်.!!."
"မင်းရဲ့လူစဉ်မမှီတာလေးနဲ့လာမယှဉ်နဲ့လေ.."
"ကျွန်တော်မမှီတာမဟုတ်ဘူး..ခင်ဗျားကအမှီလွန်နေတာ.."
နှစ်ကောင်လုံးတစ်ယောက်တစ်ပေါက်နဲ့ရန်ဖြစ်နေရာမှ မျက်ထောင့်နီတွေနဲ့အပြန်အလှန်ကြည့်ပြီးငြိမ်ကျသွားသည်..။ခဏနေတော့မှာ
"တော်ပီ..တူတူဆက်မနေနိုင်တော့ဘူး.."
ဘေးနားမှာပြုတ်ကျနေတဲ့အကျႌတွေဘောင်းဘီတွေကိုကုန်းရုန်းကောက်ရင်းပြောလာတဲ့သက်ဝေယံလက်ကိုဟိန်းထက်ယံဖမ်းဆွဲလိုက်ကာ
"အဲ့လိုမလုပ်နဲ့လေ...ကိုယ်တကယ်တန်းလန်းကြီး.."
"ခင်ဗျားလက်နဲ့ဘဲနှစ်ပါးသွားလိုက်!!!"
မစာမနာပြန်ပြောလာတဲ့အဲ့ကလေးစကား..။ကျော်မကောင်း..ကြားမကောင်း..။မင်္ဂလာဦးညမှာလက်နဲ့နှစ်ပါးသွားရမယ်လို့..။ဟိန်းထက်ယံခေါင်းကိုသာတဗျင်းဗျင်းကုတ်နေမိလိုက်သည်..။ရှေ့မှာဘောင်းဘီကိုကောက်ပြန်စွပ်နေတဲ့ သက်ဝေယံကိုသာ ဟိန်းထက်ယံကြောင်ပြီးငုတ်တုတ်လေး ကြည့်နေမိသည်..။
ဒီတစ်သက်ဘယ်တော့များမှတူတူနေရမှာလဲ??
မျက်နှာလေးမူန်ကုတ်နေတဲ့အဲ့လူကြီးကို သက်ဝေယံမျက်လုံးလေးထောင့်ကပ် ကြည့်လိုက်ပြီး..။အဲ့လိုကျတော့သနားစရာမျက်နှာလေးနဲ့
"ခင်ဗျားဘဲတန်းလန်းတာမဟုတ်ဘူး..ကျွန်တော်လဲတန်းလန်းတာဘဲ.."
ကြည့်..အူကြောင်ကြောင်မျက်နှာပေးနဲ့သက်ဝေယံကိုကြည့်နေပြန်ပြီ..။တုံးပါတယ်ဆိုရင်လဲ စိတ်ကြီးကဝင်အုံးမယ်။ကုတင်ပေါ်ကနေ ခုံပေါ်ကိုသက်ဝေယံလက်ညိုးထိုးပြလိုက်ပြီး..
"ကျွန်တော့်ခရီးဆောင်အိတ်ထဲမှာသွားရှာ..ကျွန်တော်ယူလာတယ်.."
ကုတင်ပေါ်ကမဆင်းချင်ဆင်းချင်နဲ့ ဟိန်းထက်ယံဆင်းသွားပြီး
"ဘာကိုရှာရမှာလဲ??"
"မျက်နှာသစ်ဆေး!!!"
"ဒီHotelမှာမျက်နှာသစ်ဆေး ပေးတယ်မဟုတ်ဘူးလား?ယူလာစရာမှမလိုတာ.."
တောက်!!တုံးပြန်ပြီ/ရွဲ့ပြောလို့ရွဲ့ပြောမှန်းမသိ..
"အဲ့မှာရှာဆိုရှာ..ဘူးအဖြူရောင်လေး.."
တစ်ချက်လွှတ်အမိန့်ကြောင့် ဟိန်းထက်ယံ ဘာမှပြန်မပြောတော့ဘဲ သက်ဝေယံရဲ့ခရီးဆောင်အိတ်ထဲ ကိုဟိုဟိူဒီဒီမွှေနှောက်ရှာနေလိုက်သည်..။ဘူးအဖြူလေးတွေ့လိုဆွဲထုတ်ကြည့်လိုက်တော့ လက်ထဲပါလာတာက
အာ..lubricant..။သက်ဝေယံဆီလှည့်ကြည့်လိုက်တော့တစ်ဖက်သို့လှည့်သွားတဲ့ မျက်နှာလေးနောက်ကိုကပ်လိုက်သွားတဲ့အနီရောင်ခပ်ပါးပါးလေး..။ဘူးကိုကြည့်နေရင်းဘာရယ်မဟုတ်ဘဲခေါင်းတစ်ချက်ခါရင်း ရယ်လိုက်မိသည်..။ကြည့်ရတာ..ဟိန်းထက်ယံအတွက်ယူလာတဲ့ပုံ။အခုကျသူ့အတွက်သူပြန်သုံးရကိန်းဆိုက်သွားသည်..။
"အစတည်းကယူလာတယ်ပြောပါလား??ကိုယ်သုံးပေးမှာပေါ့.."
"မေ့သွားလို့ပေါ့.."
နူတ်ခမ်းလေးစူထော်ပြီးမျက်နှာလွှဲနေတဲ့ သက်ဝေယံ နားကပ်တိုးလေးသွားလိုက်ပြီး
"Lubricantဆေးဘူးပြောပြတယ်ဆို တော့ကိုယ်နဲ့တူတူနေချင်စိတ်ရှိလို့မဟုတ်လား??~~"
နားရှက်စရာတွေ!!!
ခုချိန်သက်ဝေယံမျက်နှာရေနွေးပူနဲပက်ခနဲရသလိုပူထူနေမယ်ဆိုတာကျိန်ပြောစရာတောင်မလိုမချိုမချဉ်ပြံူးပြီးအနားတိုးကပ်ပြောလာတဲ့အဲ့လူကြီးကို မျက်စောင်းထိုးကြည့်လိုက်ပြီး..
"ဆုတောင်းလေ..သူများနိုင်ငံမှာဆေးရုံပါရောက်သွားမှာစိုးလို့.."
တူတူနေချင်ပေမယ့်နာမှာကြောက်တယ်..အဲ့တာမို့lubricantသုံးချင်တယ်..။အဲ့လိုသဘောဘဲမဟုတ်လား??လင်နဲ့ခင်ပွန်းဘဲဖြစ်နေပြီကိုခုချိန်ထိအကြောကြီးနဲ့ဆက်ဆံချင်နေတုန်းဝန်ခံလိုက်ရင်ပြီးတာဘဲကို..။ဒါပေမဲ့ဒီအချိန်ကစကားအခြေအတင်ပြောလို့ကောင်းတဲ့အချိန်မဟုတ်..။ခပ်ကုပ်ကုပ်လေးထိုင်နေတဲ့ခန္ဓာကိုယ်လေးကိုဟိန်းထက်ယံဆွဲယူလိုက်တော့အလိုက်သင့်လေးပြန်ပါလာတဲ့သက်ဝေယံတစ်ယောက်တစ်ဖန်ရွာသွန်းလာတဲ့အနမ်းမိုးတွေကြားထဲပြန်လည်နစ်မွန်းသွားရသည်..။ဖြူဖွေးဖွေးခန္ဓာကိုယ်လေးထက်မှာဟိန်းထက်ယံပိုင်ဆိုင်ကြောင်းသက်သေဖြစ်တဲ့အနီရောင်အမှတ်လေးတွေကိုနေရာချထားပြီးချိန်မှာတော့...မျက်တောင်လေးတွေစင်းကျနေတဲ့မျက်နှာဖြူနုနုလေးကိုတစ်ချက်ကြည့်လိုက်ပြီးခုနကမပြီးပြတ်သေးတဲ့ကိစ္စကိုပြန်အစပျိုးလိုက်ချိန်.. လက်မောင်းအသားထဲကိုစိုက်ဝင်လာတဲ့ခပ်တိုတိုလက်သည်းစတွေ..။အ..ဒီကလေးကိုလက်သည်းအတိညှပ်ခိုင်းမှဖြစ်တော့မယ်..။ခါးနာသွားမှာစိုးလို့ခါးအောက်ဘက်ကိုခေါင်းအုံးတစ်လုံးထိုးထည့်ပေးလိုက်သည်..။အေးစက်စက်ခံစားချက်နှင့်အတူကပ်ပါလာတဲ့ခပ်နွေးနွေးအရာတစ်ခု..။မျက်ရည်ပူတွေဟာမျက်ဝန်းထောင့်စွန်းကနေအဆီးအတားမရှိ မွေ့ယာဆီကိုခုန်ပေါက်ထွက်သွားသည်..။နာတယ်...အရမ်းနာတယ်...။ကလေးလိုလိုခွေးလိုလိုနဲ့အော်မနေချင်တော့လို့အောက်နူတ်ခမ်းတွေကို သွားနဲ့ဖိကိုက်ထားလိုက်မိသည်..။မအော်မိအောင်အံကိုတင်းတင်းကြိတ်ပြီးချွေးစီးတွေပါစီးကျနေတဲ့မျက်နှာနုနုလေးကိုမြင်လိုက်ရတော့
သူအရမ်းနာနေမှာ..။
ဂယောက်ဂယက်အတွေးတစ်ခုရုတ်တရက်ဝင်လာချိန်မှာပြန်နောက်ဆုတ်ဖို့ကြိုးစားလိုက်ပေမဲ့..လက်မောင်းကိုဆုပ်ကိုင်လာတဲ့လက်တစ်ဖက်။
"ကျွန်တော်..အဆင်ပြေတယ်.."
ကြားနိုင်ရုံအသံလေးနဲ့တိုးတိုးတိတ်တိတ်လေးပြောလာတဲ့အဲ့ကလေးခန္ဓာကိုယ်လေးကိုထွေးပွေ့လိုက်ပြီး
"အင်း..မကြောက်နဲ့နော်..ခဏလေးဘဲ..ပြီးရင်အဆင်ပြေသွားလိမ့်မယ်.."
နဖူးစပ်နားကဆံနွယ်လေးတွေကိုအသာပင့်တင်ရင်း ခပ်ဖွဖွအပြုံးတစ်ခုနဲ့သူဆိုလာတော့နာကျင်မူတွေကြားမှ အပြုံးတစ်ခုကိုသက်ဝေယံတုံ့ပြန်ပေးမိသည်..။သက်ဝေယံခန္ဓာကိုယ်ပေါ်ကနေ ဟိန်းထက်ယံ ထလိုက်တော့
"ဟင့်အင်း..မထနဲ့.."
ဟိန်းထက်ယံလည်ပင်းကိုသက်ဝေယံအတင်းလှမ်းသိုင်းဖက်ရင်းခန္ဓာကိုယ်နှစ်ခုကိုပိုပြီးနီးကပ်အောင်ဆွဲယူလိုက်ကာ..
"ခင်ဗျားကိုယ် အနွေးဓာတ်ကိုရရင်ကျွန်တော်နာတာသက်သာတယ်.."
ကြင်ကြင်နာနာမျက်ဝန်းတွေနဲ့အတူတစ်ချက်လေးခေါင်းညိမ့်မူလေးကိုသက်ဝေယံလက်ခံရရှိပြီးချိန်မှာ..နူတ်ခမ်းတွေဆီကိုအနမ်းတွေကတစ်ခါပြန်မိတ်ဆက်လာလေသည်..။အောက်ပိုင်းဆီကနာကျင်မူဆိုတာကိုခဏတာမေ့လျော့သွားလောက်အောင်ကိုစွမ်းဆောင်နိုင်တဲ့အနမ်းတွေ..။သူ့ခန္ဓာကိုယ်ဆီကနေရနေတဲ့ခပ်နွေးနွေးကိုယ်ငွေ့လေး..။နှာသီးဖျားကိုရိုတ်ခတ်လာတဲ့ဝင်သက်ထွက်သက်တွေအရာအားလုံးကိုတစ်စက်ကလေးမှအဖိတ်အစင်မရှိစေရအောင် သက်ဝေယံသိမ်းကျံူးနေမိသည်..။
ခပ်ဖူးဖူးနူတ်ခမ်းလေးဆီကအသံလေးတွေ ခပ်ဟဟလေးထွက်လာတော့ အနမ်းတွေကိုခဏတာရပ်နားလိုက်သည်..။နာကျင်မူတွေဟာသာယာမူအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာချိန်မှာ ဟိန်းထက်ယံရဲ့အာရုံစိုက်မူက တခြားတစ်နေရာဆီမှာပိုတိုးမြင့်သွားသည်..။
အား....သေချာပြီ...ဂုတ်ပိုးနေရာမှာအကွင်းလိုက်အကွက်လိုက်ဖြစ်သွားပြီ...။ခုနကတည်းကကျောပြင်မှာလဲစူးခနဲရှခနဲ ခံစားနေရသည်..။ဒါပေမဲ့ အဲ့တာတွေကအတွင်းထဲကအသည်းခိုက်အောင်နာကျင်မူတွေရဲ့ထွက်ပေါက်တစ်ခုဆိုတာနားလည်တာမို့ဟိန်းထက်ယံခွင့်ပြုထားလိုက်မိသည်..။ရင်ထဲကလိူက်ခနဲတက်လာတဲ့ခံစားချက်တွေ..ပိုပြီးမြန်ဆန်လာတဲ့စုန်ချည်ဆန်ချည်လူပ်ရှားမူတွေရဲ့အဆုံးသတ်မှာခြေချောင်းဖြူဖြူ လေးတွေကုတ်သွားတာနဲ့အတူအဆုံးသတ်ပွင့်အန်ချလိုက်တဲ့ပြီးမြောက်ခြင်းတွေကတစ်ပုံတစ်ပင်...။မောဟိုက်နေတဲ့အသက်ရူသံနှစ်ခုဟာကာရန်ညီသွားချိန်မှာတော့အိစက်နေတဲ့မွေ့ယာထက်မှာငြိမ်သက်သွားတဲ့ဖြူနုနုခန္ဓာကိုယ်လေးကိုဟိန်းထက်ယံရင်ခွင်ထဲထွေးပွေ့ထားလိုက်မိသည်..။ဗရမ်းဗတာခုန်ပေါက်နေခဲ့တဲ့ရင်ခုန်ခြင်းတွေအဆုံးသတ်သွားလေတော့ပါးပြင်ပေါ်ဖိကပ်လာတဲ့နွေးထွေးတဲ့အငွေ့အသက်လေးကြောင့်သက်ဝေယံမျက်လုံးလေးပင့်ကြည့်လိုက်သည်..။
"ပြောကြည့်လေ..ကိုယ်အသုံးမကျဘူးဆို.."
အောင်နိုင်သူအပြုံးကိုဆင်မြန်ထားတဲ့ဟိန်းထက်ယံကို သက်ဝေယံအမြင်ကတ်ကတ်နဲ့
"ကျွန်တော်ယူလာတဲ့lubricantကောင်းမူကြောင့်ပါနော်..မဟုတ်ရင်ခင်ဗျားဟိုနေရာမှာတင် တစ်နေမှာ.."
"ဟုတ်ပီလေ..နောက်တစ်ခါLubricantမသုံးဘူး..ကြည့်နေ.."
ချက်ချင်းကြီးကုန်းရုန်းထလာပြီး သက်ဝေယံ ကိုယ်ပေါ်အုပ်မိုးလာတဲ့ သူ့ခန္ဓာကိုယ်ကြီးကိုအသာတွန်းဖယ်လိုက်ရင်း
"မလုပ်နဲ့နော်..ကျော်မကောင်းကြားမကောင်း ဆေးရုံမှာသွားပြန်ချုပ်နေရမယ်.."
"အဟား..ဟား.."
ကြည့်..သက်ဝေယံလန့်သွားတာကို သဘောကျပြီး ကုတင်ပေါ်မှာအားရပါးရကို ပက်လက်လှန်အော်ရယ်နေတာ..။အခုနှစ်ယောက်သားကုတင်ပေါ်မှာပက်လက်လေး မျက်နှာကျက်ကိုကြည့်လျက်..။ဟိန်းထက်ယံဘေးဘက်စောင်းလှည့်လိုက်ပြီး စူပုပ်ပုပ်ဖြစ်နေတဲ့သက်ဝေယံနှာခေါင်းလုံးလုံးလေးကိုဟိန်းထက်ယံဖွဖွလေးဆွဲညစ်လိုက်ရင်း
"အခုအမောပြေသွားပြီလား???"
သက်ဝေယံစောင်ထဲကိုပိုပြီးတိုးဝင်လိုက်ပြီးအိပ်ဖို့ပြင်နေရင်းနဲ့
"အွန်း.."
"ဒါဖြင့်နောက်တစ်ခါပြန်စရအောင်.."
"ဘာ!!!"
"လုပ်ပါ..နောက်တစ်ခါလေးဘဲ.."
လက်ညိုးလေးတစ်ချောင်းထောင်ပြရင်း ပြောလာတဲ့ဟိန်းထက်ယံကိုဆောင့်တွန်း လိုက်ရင်း
"ကျွန်တော်အိပ်ချင်နေပြီ.."
ဟိန်းထက်ယံကိုကျောပေးသွားတဲ့သက်ဝေယံပုခုံးကိုဆွဲလှည့်လိုက်ရင်း..
"နေ့လည်ကမင်းကိုညနေ၄နာရီခွဲလောက်ထိအိပ်ခွင့်ပေးထားတာဒီအတွက်နော်.."
"ခင်ဗျား.တော်တော်ညစ်ပတ်.."
စကားပြောခွင့်ကိုထိန်းချုပ်လိုက်တဲ့နူတ်ခမ်းလွှာတွေအောက်မှာဆွံ့အသွားရပြီ။မရိုးနိုင်တဲ့အနမ်းတွေနဲ့အတူအသစ်တစ်ဖန်ပြန်အစပျိုးလိုက်တဲ့အချစ်နွံတောထဲနှစ်ယောက်လုံးအတူပြန်ပြီးနစ်ဝင်သွားလေသည်...။........................❤💋❤.........................
ThetTantYoung's note
အတတ်နိုင်ဆုံးလေးကြိုးစားပြီးရေးထားတယ်လို့😪😪ယံကြီးfanလေးတွေကျေနပ်ပြီလား??တန့်ကအစတည်းက ယံကြီးကို Tပေးဖို့စိတ်ကူးပီးသားပါနော်..ကျားကကျား..ယုန်ကယုန်ဘဲလေလို့..အာ့ကို ယံကြီးမှ မTရင် Accကို rpမယ်ဆိုတဲ့အချစ်ဆုံးလေးတွေကရှိသေး..Whtever..အားလုံးကိုကျေးဇူးတင်ပါတယ်နော်😚😚