Rewrite the Stars

By khinnyeinchanwai

60.6K 5.2K 883

ကြၽန္ေတာ္က ေကာင္းကင္ႀကီးပဲ ျဖစ္ခ်င္တယ္ ကိုကို လမင္းႀကီးနဲ႔တူတဲ့ကိုကို႔ကို အျမဲတမ္းေငးၾကည့္ေနခြင့္ရဖို႔ေပါ့... More

အခန္း / ၁(z&u)
အခန္း / ၂(z&u)
အခန္း / ၃(z&u)
အခန္း / ၄(z&u)
အခန္း / ၅(z&u)
အခန္း / ၆(z&u)
အခန္း / ၇(z&u)
အခန္း / ၈(z&u)
အခန္း / ၉(z&u)
အခန္း / ၁၀(z&u)
အခန္း / ၁၁(z&u)
အခန္း / ၁၂(z&u)
အခန္း / ၁၃(z&u)
အခန္း / ၁၄(z&u)
အခန္း / ၁၅(z&u)
အခန္း / ၁၆(z&u)
အခန္း/ ၁၇(z&u)
အခန္း / ၁၈(z&u)
အခန္း / ၁၉(z&u)
အခန္း /၂၁(z&u)
အခန္း /၂၂(z&u)
အခန္း /၂၃(z&u)
အခန္း /၂၄(z&u)
အခန္း /၂၅(z&u)
အခန္း/ ၂၆(z&u)
အခန္း/ ၂၇(z&u)
အခန္း /၂၈(z&u)
အခန္း / ၂၉(z&u)
အခန္း / ၃၀(z&u)
အခန္း / ၃၁(z&u)
အခန္း / ၃၂(z&u)
အခန္း / ၃၃(z&u)
အခန္း / ၃၄(z&u)
အခန္း / ၃၅(z&u)
အခန္း / ၃၆(z&u)
အခန္း / ၃၇(z&u)
အခန္း / ၃၈(z&u)
အခန္း/ ၃၉ (z&u)
အခန္း/ ၄၀(z&u)
အခန္း / ၄၁(z&u)
အခန္း / ၄၂(z&u)
အခန္း / ၄၃
အခန်း ၄၃(unicode)
အခန္း / ၄၄
အခန္း / ၄၄( အဆက္)
အခန်း/ ၄၄(unicode)
အခန္း / ၄၅
အခန်း / ၄၅(unicode)
အခန္း / ၄၆(z&u)
အခန္း/ ၄၇(z&u)
အခန္း / ၄၈
အခန်း ၄၈(unicode)
အခန္း / ၄၉(z&u)
အခန္း /၅၀(z&u)
အခန္း/ ၅၁
အခန်း / ၅၁(uni)
အခန္း / ၅၂
အခန်း/၅၂(uni)
အခန္း / ၅၃
အခန်း /၅၃ (uni)
အခန္း / ၅၄
အခန္း / ၅၄ (uni)
အခန္း / ၅၅
အခန်း / ၅၅(uni)
အခန္း / ၅၆
အခန်း/၅၆(unicode)

အခန္း / ၂၀(z&u)

1K 96 9
By khinnyeinchanwai

""""""""""""""""""""""

ျပင္းထန္တဲ့ေလ့က်င့္ခန္းတစ္ခုကို သံုးခ်ီေလာက္ဆက္တိုက္ျပဳလုပ္အၿပီးမွာေတာ့ ႏွစ္ေယာက္သားေျခကုန္လက္ပန္းက်သြားခဲ့ၿပီ...

Aus ေပၚေနရာယူထားရာကေန
ေဘးကိုလွဲခ်လိုက္ေတာ့
Aus ရဲ႕ကိုယ္တြင္းမွာ႐ွိေနဆဲညီငယ္ကအျပင္ေရာက္လာေလရဲ႕..

"ခင္ဗ်ား...ဇြတ္ႀကီးပဲ....''

နာက်င္ သြားပံုရတဲ့ Aus က ခပ္တိုးတိုးဆဲေရးရင္း သူ႔ကိုလွမ္းေငါက္လာတယ္...

"Sorry....''

စိတ္မပါလက္မပါနဲ႔ ေတာင္းပန္စကားဆိုလိုက္ၿပီး
ေဘးစားပြဲေပၚက စီးကရက္တစ္လိပ္ကိုမီးညႇိလိုက္တယ္..

မူမမွန္တဲ့လမ္းေလ်ာက္ဟန္နဲ႔ Aus ဟာ
မီးခိုးေငြ႔ေတြၾကားက မႈန္ဝါးဝါး...

Kit က သူလွမ္းယူဖို႔မမွီႏိုင္တဲ့ၾကယ္တစ္ပြင့္ဆိုရင္
Aus က သူ႔အတြက္အလိုလိုေႂကြက်ေပးလာမယ့္
ၾကယ္ငယ္ေလး..

Kit ကို အျမတ္တႏိုးနဲ႔တန္ဖိုးထားခ်စ္ခင္ပါသည္ဆိုလ်င္
Aus ကေတာ့ သူျပဳရာႏုရမယ့္အ႐ုပ္ကေလးသာသာ....

စေတြ႔ခ်ိန္ထဲက Aus အေပၚမတရားမႈေတြသာသူလုပ္ခဲ့တယ္..
Kit နဲ႔ဆင္တူလြန္းတဲ့႐ုပ္ရည္ေၾကာင့္
အထက္တန္းေက်ာင္းသားဆိုးေလး
Aus ဟာ သူ႔မ်က္လံုးထဲထိုးေဖာက္ဝင္ေရာက္လာႏိုင္ခဲ့တယ္...

တျခားသူေတြနဲ႔ဆို ဂ်စ္ကန္ကန္႐ွိတတ္တဲ့
ေကာင္ဆိုးေလးဟာ သူနဲ႔သာဆို
အစြယ္က်ိဳးေနတဲ့ေႁမြဆိုးေလးလိုသာ
႐ွိေနတတ္တယ္...

Kit ကိုသူပိုင္ဆိုင္ခ်င္တယ္...
ပိုင္ဆိုင္ရဖို႔အတြက္လည္းႀကိဳးစားမယ္..
ဒါေပမယ့္...
Aus ကိုလည္းသူလက္လြတ္မွာမဟုတ္ဘူး...

"ခင္ဗ်ားရဲ႕Kit အေၾကာင္းပဲလား...''

Boxer တစ္ထည္သာကိုယ္ေပၚဝတ္ဆင္ထားတဲ့
ေကာင္ေလးက သူ႔အၾကည့္ေတြေ႐ွ႕မွာ
မတ္မတ္ရပ္လို႔...

ဟန္မေဆာင္တတ္တဲ့ေကာင္ေလးမို႔
သူ႔ကိုၾကည့္ေနတဲ့အၾကည့္ေတြထဲမွာမေက်နပ္ရိပ္တို႔စြန္းထင္းေနတယ္...

"အင္း.....မင္းတို႔ႏွစ္ေယာက္အေၾကာင္းေပါ့...''

မသိမသာေလးမ်က္ခံုးပင့္ၿပီး
ႏူတ္ခမ္းေထာင့္စြန္းတစ္ဖက္ကိုမဲ့ျပလာတယ္..

"ခင္ဗ်ား ေရမခ်ိဳးဘူးလား.. ''

"မင္းခ်ိဳးတုန္းကဘာလို႔မေခၚလဲ...''

"ကြၽန္ေတာ္ မတတ္ႏိုင္ေတာ့လို႔ေလ..''

ဝတ္လစ္စားလစ္ နဲ႔႐ွိေနဆဲတစ္ဖက္လူကို
အံႀကိတ္ရင္း Austin ေျဖရတယ္....
မညႇာတာတတ္တဲ့လူႀကီးေၾကာင့္
သူ႔မွာ မတ္တတ္ရပ္ဖို႔ေတာင္ခက္ခဲတယ္....

မေက်နပ္ခ်က္ေတြစုပံုေနေပမယ့္လည္း
ဘာမွျပန္မေျပာရဲသည္အထိ
ဒီလူ႔အေပၚမွာ သူဦးက်ိဳးေနခဲ့တယ္...

ဆႏၵေတြအတြက္လိုအပ္တဲ့အခ်ိန္မွသာသူ႔ကိုလာ႐ွာတတ္တဲ့လူက
သာယာမႈကိုအတူ႐ွာေနတဲ့အခ်ိန္မွာေတာင္
Kit ဆိုတဲ့အမည္ကိုသာေရရြတ္တတ္ခဲ့တယ္.....

ရင္နာစရာေကာင္းလြန္းတယ္...

တစ္စံုတစ္ေယာက္ရဲ႕အစားထိုးဆက္ဆံခံရတာက အရမ္းကိုနာက်င္ရေပမယ့္လည္း
သူမွ Jade ကိုမနာက်ည္းႏိုင္ပဲ...

" Aus....မင္း ဒီေန႔ဘယ္သြားခဲ့တာလဲ....''

႐ုတ္တရက္ ဆန္တဲ့အေမးက Austin
ကို တစ္ခ်က္တြန္႔သြားေစတယ္..
သူဒီေန႔သြားခဲ့တဲ့ေနရာေတြကအမ်ားႀကီးေပမယ့္ Jade တကယ္သိခ်င္တာကတစ္ခုထဲပဲ..

" ကြၽန္ေတာ္ ခင္ဗ်ား ရဲ႕ Kit ကိုသြားၾကည့္ခဲ့တာ...''

ဟုတ္တယ္.....
သူ Jade မက္ေမာလြန္းတဲ့ Kit ဆိုတဲ့လူကို ၾကည့္ဖို႔သြားခဲ့တာ...
ဒီအတိုင္းၾကည့္ခ်င္မိရံုေလးပဲ...

"အဲ့ေတာ့....ေတြ႔ခဲ့လား...''

"အင္း.....''

"သူ ဘယ္လိုေနလဲ...''

"ေခ်ာတယ္.....''

သူ႔ကိုမၾကည့္ပဲတိုတိုတုတ္တုတ္ျပန္ေျဖတဲ့ေကာင္ေလးဟာစိတ္ေကာက္ေနသလိုပဲ...

ေခ်ာ့လိုက္ဖို႔ေတာ့သူမစဥ္းစားမိဘူး..
ဒီေကာင္ေလးက အလိုလိုစိတ္ေျပတတ္တာမ်ိဳးမို႔...

"အဲ့ဒါေမးခ်င္လို႔ဒီလာတာလား..''

ခံျပင္းစိတ္ကို အႏိုင္ႏိုင္မ်ိဳသိပ္ရင္း
ေမးလိုက္ရတဲ့ေမးခြန္းဟာ
သူ႔ႏွလံုးကိုေၾကကြဲေစမယ့္အေျဖမ်ိဳးပဲရလိမ့္မယ္လို႔ Austin ေတြးထင္ထားမိပါရဲ႕..

"Aus....မင္း.....serie တစ္ခုမွာ သ႐ုပ္ေဆာင္ခ်င္လား...''

အေျဖနဲ႔မသက္ဆိုင္တဲ့ေမးခြန္းေၾကာင့္
ႀကိဳတင္နာက်င္ထားမိတဲ့ ႏွလံုးသားဟာ
ေယာင္နနနဲ႔..

"ဘာကိုလဲ...''

"Kit ကမင္းကို သူ႔ company အတြက္လာကမ္းလွမ္းတယ္...
မင္းစိတ္ဝင္စားရင္ series တစ္ခုစာေလာက္ေတာ့ မင္းကိုေပးလိုက္မလို႔....''

Kit......Kit......Kit....
Jade ရဲ႕ထြက္သမွ်စကားအခြန္းတိုင္းမွာ
အဲ့နာမည္ကႀကီးစိုးထားတယ္...

မနာလိုရလြန္းလို႔.......
အရမ္းကိုမနာလိုရလြန္းတာမို႔...

လက္ႏွစ္ဖက္ကိုသာ က်စ္ေနေအာင္ဆုပ္ထားမိေတာ့တယ္...

ထို႔ထက္လည္း သူတတ္ႏိုင္တာဘာမွမ႐ွိတာမို႔...

""""""""""""""""""""

ကားကိုအိမ္ေ႐ွ႕မွာ ထိုးရပ္လိုက္ေပမယ့္
Krist မဆင္းမိေသးဘူး...
အိမ္ေရာက္လာတာအရမ္းျမန္တာပဲလို႔ေတာင္ေတြးမိလိုက္ေသးတယ္...

တစ္လမ္းလံုးကားေမာင္းေနတဲ့ကိုကို႔ကို
ၾကည့္ေနရတာနဲ႔ပဲ အခ်ိန္ေတြကုန္လို႔ကုန္မွန္းမသိ...

"Krist.....''

"ကိုကို.......''

ႏွစ္ေယာက္လံုးၿပိဳင္တူေခၚမိၾကေတာ့
ကိုကိုကမ်က္ခံုးတစ္ခ်က္
ပင့္သြားတယ္...

"ကိုကို ဘာေျပာမလို႔လဲ ေျပာေလ...''

ကိုကို႔ကိုဦးစားေပးမိတာကအက်င့္တစ္ခုလိုပဲ..

"မင္းအရင္ေျပာပါ....''

"ကိုကို အရင္ေျပာ....''

သူ႔ကိုပဲ အရင္ေျပာခိုင္းေနတဲ့ Krist ကို
တစ္ခ်က္ၾကည့္လိုက္ရင္း
သူေျပာမယ့္စကားအတြက္အားတင္းလိုက္တယ္...

" စေနေန႔က်ရင္ ပြဲတစ္ခုသြားစရာ႐ွိတယ္...
အဲ့ဒါ....မင္းလိုက္ခ်င္လား....''

ဒီလိုေမးတယ္ဆိုထဲက ကိုကို သူ႔ကိုလိုက္ေစခ်င္ေနတာမလား...
အေပ်ာ္ေတြက သူ႔ရင္ဘတ္ထဲဆို႔နင့္သြားၿပီထင္ပါရဲ႕...

ဒါ....ပထမဆံုးပဲ.....

စလို႔လက္ထပ္ၿပီးထဲက ကိုကိုနဲ႔ပြဲအတူတက္တယ္ဆိုတာသူ႔ဘဝမွာ
မၾကံဳဖူးဘူး...

ခုေတာ့.....
ကိုကိုက....သူ႔ကို...ပြဲအတူတက္ေစခ်င္တယ္...

အား...........
ေပ်ာ္လြန္းလို႔ေသေတာ့မယ္....

"မင္း မအားဘူးလား...မအားရင္လည္းရပါတယ္..ငါပဲ..''

"အားတယ္.....ကြၽန္ေတာ္အားတယ္...
လိုက္ခဲ့မယ္....''

ကိုကိုျပန္မ႐ုပ္သိမ္းေသးခင္ အေလာတႀကီးေျပာရတာမို႔ လွ်ာပင္ေခါက္ရမတတ္..

"ဒါဆိုရင္ လာေခၚလိုက္မယ္...ဒါနဲ႔မင္းေျပာမွာဘာလဲ...''

""ဘာမွမဟုတ္ေတာ့ဘူး...ေနာက္မွေျပာေတာ့မယ္....''

တကယ္က ကိုကို႔ကိုအိမ္ျပန္လာေနဖို႔ေျပာမလို႔...
ဒါေပမယ့္ ခုအေပ်ာ္ေတြဆို႔ေနတာမို႔
စေနေန႔က်မွပဲေျပာဖို႔ဆံုးျဖတ္လိုက္တာ..

အဲ့ေန႔က် ဘုရားလည္းဖူး လိပ္ဥလည္းတူး
လုပ္ရမယ္...

"အဲ့လိုဆိုရင္...ျပန္ေတာ့မယ္....''

အဲ့ဒီေတာ့မွ ကားေပၚကဆင္းဖို႔ျပင္တဲ့
Krist ဟာ ခ်ီတံုခ်တံုနဲ႔စဥ္းစားေနေသးတယ္...
သူ႔ကိုၾကည့္လိုက္ ကားတံခါးကိုဖြင့္ေတာ့မလိုလုပ္လိုက္နဲ႔...

"ဘာေျပာစရာ႐ွိလို႔လဲ....''

ေမးလိုက္ေတာ့မွ ႐ုတ္ခ်ည္းေျပးကပ္လာတဲ့ ႏူတ္ခမ္းသားႏုႏုက သူ႔ပါးျပင္ေပၚက်ေရာက္လာတယ္...

Krist ကေတာ့သူလုပ္ခ်င္တာအရဲစြန္႔လုပ္ၿပီး
ကားေပၚကဆင္းေျပးသြားၿပီ...

႐ုတ္တရက္ လက္ခံလိုက္ရတဲ့အနမ္းေၾကာင့္
ေက်ာက္႐ုပ္ျဖစ္ေနသူမွာသာ အသက္မ႐ွဴမိေလာက္ေအာင္ေတာင့္ခဲေနမိတာ...

သူတို႔လက္ထပ္ၿပီးတဲ့ေနာက္....
ပထမဆံုးရတဲ့အနမ္းက...

တကယ္ပဲ......
ေႏြးေထြးေပမယ့္ သူ႔ကိုေတာ့ ေအးခဲေစႏိုင္တယ္...

"""""""""""""""""""""""""
(Unicode)
""""""""""""""""""""""

ပြင်းထန်တဲ့လေ့ကျင့်ခန်းတစ်ခုကို သုံးချီလောက်ဆက်တိုက်ပြုလုပ်အပြီးမှာတော့ နှစ်ယောက်သားခြေကုန်လက်ပန်းကျသွားခဲ့ပြီ...

Aus ပေါ်နေရာယူထားရာကနေ
ဘေးကိုလှဲချလိုက်တော့
Aus ရဲ့ကိုယ်တွင်းမှာရှိနေဆဲညီငယ်ကအပြင်ရောက်လာလေရဲ့..

"ခင်ဗျား...ဇွတ်ကြီးပဲ....''

နာကျင် သွားပုံရတဲ့ Aus က ခပ်တိုးတိုးဆဲရေးရင်း သူ့ကိုလှမ်းငေါက်လာတယ်...

"Sorry....''

စိတ်မပါလက်မပါနဲ့ တောင်းပန်စကားဆိုလိုက်ပြီး
ဘေးစားပွဲပေါ်က စီးကရက်တစ်လိပ်ကိုမီးညှိလိုက်တယ်..

မူမမှန်တဲ့လမ်းလျောက်ဟန်နဲ့ Aus ဟာ
မီးခိုးငွေ့တွေကြားက မှုန်ဝါးဝါး...

Kit က သူလှမ်းယူဖို့မမှီနိုင်တဲ့ကြယ်တစ်ပွင့်ဆိုရင်
Aus က သူ့အတွက်အလိုလိုကြွေကျပေးလာမယ့်
ကြယ်ငယ်လေး..

Kit ကို အမြတ်တနိုးနဲ့တန်ဖိုးထားချစ်ခင်ပါသည်ဆိုလျင်
Aus ကတော့ သူပြုရာနုရမယ့်အရုပ်ကလေးသာသာ....

စတွေ့ချိန်ထဲက Aus အပေါ်မတရားမှုတွေသာသူလုပ်ခဲ့တယ်..
Kit နဲ့ဆင်တူလွန်းတဲ့ရုပ်ရည်ကြောင့်
အထက်တန်းကျောင်းသားဆိုးလေး
Aus ဟာ သူ့မျက်လုံးထဲထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တယ်...

တခြားသူတွေနဲ့ဆို ဂျစ်ကန်ကန်ရှိတတ်တဲ့
ကောင်ဆိုးလေးဟာ သူနဲ့သာဆို
အစွယ်ကျိုးနေတဲ့မြွေဆိုးလေးလိုသာ
ရှိနေတတ်တယ်...

Kit ကိုသူပိုင်ဆိုင်ချင်တယ်...
ပိုင်ဆိုင်ရဖို့အတွက်လည်းကြိုးစားမယ်..
ဒါပေမယ့်...
Aus ကိုလည်းသူလက်လွတ်မှာမဟုတ်ဘူး...

"ခင်ဗျားရဲ့Kit အကြောင်းပဲလား...''

Boxer တစ်ထည်သာကိုယ်ပေါ်ဝတ်ဆင်ထားတဲ့
ကောင်လေးက သူ့အကြည့်တွေရှေ့မှာ
မတ်မတ်ရပ်လို့...

ဟန်မဆောင်တတ်တဲ့ကောင်လေးမို့
သူ့ကိုကြည့်နေတဲ့အကြည့်တွေထဲမှာမကျေနပ်ရိပ်တို့စွန်းထင်းနေတယ်...

"အင်း.....မင်းတို့နှစ်ယောက်အကြောင်းပေါ့...''

မသိမသာလေးမျက်ခုံးပင့်ပြီး
နူတ်ခမ်းထောင့်စွန်းတစ်ဖက်ကိုမဲ့ပြလာတယ်..

"ခင်ဗျား ရေမချိုးဘူးလား.. ''

"မင်းချိုးတုန်းကဘာလို့မခေါ်လဲ...''

"ကျွန်တော် မတတ်နိုင်တော့လို့လေ..''

ဝတ်လစ်စားလစ် နဲ့ရှိနေဆဲတစ်ဖက်လူကို
အံကြိတ်ရင်း Austin ဖြေရတယ်....
မညှာတာတတ်တဲ့လူကြီးကြောင့်
သူ့မှာ မတ်တတ်ရပ်ဖို့တောင်ခက်ခဲတယ်....

မကျေနပ်ချက်တွေစုပုံနေပေမယ့်လည်း
ဘာမှပြန်မပြောရဲသည်အထိ
ဒီလူ့အပေါ်မှာ သူဦးကျိုးနေခဲ့တယ်...

ဆန္ဒတွေအတွက်လိုအပ်တဲ့အချိန်မှသာသူ့ကိုလာရှာတတ်တဲ့လူက
သာယာမှုကိုအတူရှာနေတဲ့အချိန်မှာတောင်
Kit ဆိုတဲ့အမည်ကိုသာရေရွတ်တတ်ခဲ့တယ်.....

ရင်နာစရာကောင်းလွန်းတယ်...

တစ်စုံတစ်ယောက်ရဲ့အစားထိုးဆက်ဆံခံရတာက အရမ်းကိုနာကျင်ရပေမယ့်လည်း
သူမှ Jade ကိုမနာကျည်းနိုင်ပဲ...

" Aus....မင်း ဒီနေ့ဘယ်သွားခဲ့တာလဲ....''

ရုတ်တရက် ဆန်တဲ့အမေးက Austin
ကို တစ်ချက်တွန့်သွားစေတယ်..
သူဒီနေ့သွားခဲ့တဲ့နေရာတွေကအများကြီးပေမယ့် Jade တကယ်သိချင်တာကတစ်ခုထဲပဲ..

" ကျွန်တော် ခင်ဗျား ရဲ့ Kit ကိုသွားကြည့်ခဲ့တာ...''

ဟုတ်တယ်.....
သူ Jade မက်မောလွန်းတဲ့ Kit ဆိုတဲ့လူကို ကြည့်ဖို့သွားခဲ့တာ...
ဒီအတိုင်းကြည့်ချင်မိရုံလေးပဲ...

"အဲ့တော့....တွေ့ခဲ့လား...''

"အင်း.....''

"သူ ဘယ်လိုနေလဲ...''

"ချောတယ်.....''

သူ့ကိုမကြည့်ပဲတိုတိုတုတ်တုတ်ပြန်ဖြေတဲ့ကောင်လေးဟာစိတ်ကောက်နေသလိုပဲ...

ချော့လိုက်ဖို့တော့သူမစဉ်းစားမိဘူး..
ဒီကောင်လေးက အလိုလိုစိတ်ပြေတတ်တာမျိုးမို့...

"အဲ့ဒါမေးချင်လို့ဒီလာတာလား..''

ခံပြင်းစိတ်ကို အနိုင်နိုင်မျိုသိပ်ရင်း
မေးလိုက်ရတဲ့မေးခွန်းဟာ
သူ့နှလုံးကိုကြေကွဲစေမယ့်အဖြေမျိုးပဲရလိမ့်မယ်လို့ Austin တွေးထင်ထားမိပါရဲ့..

"Aus....မင်း.....serie တစ်ခုမှာ သရုပ်ဆောင်ချင်လား...''

အဖြေနဲ့မသက်ဆိုင်တဲ့မေးခွန်းကြောင့်
ကြိုတင်နာကျင်ထားမိတဲ့ နှလုံးသားဟာ
ယောင်နနနဲ့..

"ဘာကိုလဲ...''

"Kit ကမင်းကို သူ့ company အတွက်လာကမ်းလှမ်းတယ်...
မင်းစိတ်ဝင်စားရင် series တစ်ခုစာလောက်တော့ မင်းကိုပေးလိုက်မလို့....''

Kit......Kit......Kit....
Jade ရဲ့ထွက်သမျှစကားအခွန်းတိုင်းမှာ
အဲ့နာမည်ကကြီးစိုးထားတယ်...

မနာလိုရလွန်းလို့.......
အရမ်းကိုမနာလိုရလွန်းတာမို့...

လက်နှစ်ဖက်ကိုသာ ကျစ်နေအောင်ဆုပ်ထားမိတော့တယ်...

ထို့ထက်လည်း သူတတ်နိုင်တာဘာမှမရှိတာမို့...

""""""""""""""""""""

ကားကိုအိမ်ရှေ့မှာ ထိုးရပ်လိုက်ပေမယ့်
Krist မဆင်းမိသေးဘူး...
အိမ်ရောက်လာတာအရမ်းမြန်တာပဲလို့တောင်တွေးမိလိုက်သေးတယ်...

တစ်လမ်းလုံးကားမောင်းနေတဲ့ကိုကို့ကို
ကြည့်နေရတာနဲ့ပဲ အချိန်တွေကုန်လို့ကုန်မှန်းမသိ...

"Krist.....''

"ကိုကို.......''

နှစ်ယောက်လုံးပြိုင်တူခေါ်မိကြတော့
ကိုကိုကမျက်ခုံးတစ်ချက်
ပင့်သွားတယ်...

"ကိုကို ဘာပြောမလို့လဲ ပြောလေ...''

ကိုကို့ကိုဦးစားပေးမိတာကအကျင့်တစ်ခုလိုပဲ..

"မင်းအရင်ပြောပါ....''

"ကိုကို အရင်ပြော....''

သူ့ကိုပဲ အရင်ပြောခိုင်းနေတဲ့ Krist ကို
တစ်ချက်ကြည့်လိုက်ရင်း
သူပြောမယ့်စကားအတွက်အားတင်းလိုက်တယ်...

" စနေနေ့ကျရင် ပွဲတစ်ခုသွားစရာရှိတယ်...
အဲ့ဒါ....မင်းလိုက်ချင်လား....''

ဒီလိုမေးတယ်ဆိုထဲက ကိုကို သူ့ကိုလိုက်စေချင်နေတာမလား...
အပျော်တွေက သူ့ရင်ဘတ်ထဲဆို့နင့်သွားပြီထင်ပါရဲ့...

ဒါ....ပထမဆုံးပဲ.....

စလို့လက်ထပ်ပြီးထဲက ကိုကိုနဲ့ပွဲအတူတက်တယ်ဆိုတာသူ့ဘဝမှာ
မကြုံဖူးဘူး...

ခုတော့.....
ကိုကိုက....သူ့ကို...ပွဲအတူတက်စေချင်တယ်...

အား...........
ပျော်လွန်းလို့သေတော့မယ်....

"မင်း မအားဘူးလား...မအားရင်လည်းရပါတယ်..ငါပဲ..''

"အားတယ်.....ကျွန်တော်အားတယ်...
လိုက်ခဲ့မယ်....''

ကိုကိုပြန်မရုပ်သိမ်းသေးခင် အလောတကြီးပြောရတာမို့ လျှာပင်ခေါက်ရမတတ်..

"ဒါဆိုရင် လာခေါ်လိုက်မယ်...ဒါနဲ့မင်းပြောမှာဘာလဲ...''

""ဘာမှမဟုတ်တော့ဘူး...နောက်မှပြောတော့မယ်....''

တကယ်က ကိုကို့ကိုအိမ်ပြန်လာနေဖို့ပြောမလို့...
ဒါပေမယ့် ခုအပျော်တွေဆို့နေတာမို့
စနေနေ့ကျမှပဲပြောဖို့ဆုံးဖြတ်လိုက်တာ..

အဲ့နေ့ကျ ဘုရားလည်းဖူး လိပ်ဥလည်းတူး
လုပ်ရမယ်...

"အဲ့လိုဆိုရင်...ပြန်တော့မယ်....''

အဲ့ဒီတော့မှ ကားပေါ်ကဆင်းဖို့ပြင်တဲ့
Krist ဟာ ချီတုံချတုံနဲ့စဉ်းစားနေသေးတယ်...
သူ့ကိုကြည့်လိုက် ကားတံခါးကိုဖွင့်တော့မလိုလုပ်လိုက်နဲ့...

"ဘာပြောစရာရှိလို့လဲ....''

မေးလိုက်တော့မှ ရုတ်ချည်းပြေးကပ်လာတဲ့ နူတ်ခမ်းသားနုနုက သူ့ပါးပြင်ပေါ်ကျရောက်လာတယ်...

Krist ကတော့သူလုပ်ချင်တာအရဲစွန့်လုပ်ပြီး
ကားပေါ်ကဆင်းပြေးသွားပြီ...

ရုတ်တရက် လက်ခံလိုက်ရတဲ့အနမ်းကြောင့်
ကျောက်ရုပ်ဖြစ်နေသူမှာသာ အသက်မရှူမိလောက်အောင်တောင့်ခဲနေမိတာ...

သူတို့လက်ထပ်ပြီးတဲ့နောက်....
ပထမဆုံးရတဲ့အနမ်းက...

တကယ်ပဲ......
နွေးထွေးပေမယ့် သူ့ကိုတော့ အေးခဲစေနိုင်တယ်...

"""""""""""""""""""""""""

Continue Reading

You'll Also Like

287K 49.4K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
5.9K 602 6
historical fiction of water♡ wind
15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
81.8K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥