Catching a Serial Killer to G...
By YeeYweOo
69.5K 8.9K 204
ဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ More
Part-1(Z+U)
Part-2(ဂိုအွန်ယောင်း၏ဒိုင်ယာရီ) Z+U
Part-3 (Z+U)
Part-4
Part-5
Part-6
Part-7
Part-8
Part-9(ချွဲယောင်ဟီး)
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17( ဗြောင်ဂျီအွန်း)
Part-18
Part-19
Part-20
Part-21(တမန်တော်၏မွေးဖွားခြင်း)
Part-22
Part-23
Part-24
စီရင်ခြင်း(၁)
စီရင်ခြင်း(၂)
စီရင်ခြင်း(၃)
Hello
Part-25 (Final)
3.1K 353 30
By YeeYweOo
UNICODE❤
ယနေ့ကားArsenic Killer လီဆူယော့ကိုပြစ်ဒဏ်ချမည့်နေ့ဖြစ်သည်။
တရားရုံးတော်အဆောက်အဦးအရှေ့၌သတင်းစာနှင့်စာနယ်ဇင်းသမားများ၊မီဒီယာအသီးသီးမှာတာဝန်ခံများ၊အမှုကိုလေ့လာချင်သူများအပြင်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးရန်ဆန္ဒပြသူများနှင့်အုံးအုံးကျက်ကျက်ဆူညံလျက်ရှိသည်။လီဆူယော့ကားပေါ်ကဆင်းလာသည်နှင့်လူအစုအဝေးတစ်ခုလုံးမှဆဲရေးတိုင်းထွာခြင်း၊ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်းများလုပ်လာကြသဖြင့်ရဲအရာရှိများကလီဆူယော့ကိုကာကွယ်၍အဆောက်အအုံအတွင်းသို့ခေါ်ဆောင်သွားရပေသည်။
အမှုကြားနာခြင်းစမည့်အချိန်တွင်တရားခွင်ထဲသို့ဝင်ရရေးအတွက်အလုအယက်တိုးဝှေ့နေကြသောသတင်းထောက်များနှင့်အမှုကိုလေ့လာရန်ရောက်လာသည့်ဥပဒေဘက်တော်သားများလည်းရှိသေးသည်။
လီဆူယော့မှာသူတို့ထင်ထားသလိုပုံစံမျိုးနဲ့အနည်းငယ်တော့ကွာဟနေသည်။ချောမောခံ့ညားသည့်မျက်နှာပေါ်တွင်အေးစက်သည့်အလွှာတစ်ခုအပြင်ဂုဏ်ယူဝမ်းမြောက်ခြင်းဟူသောအမူအရာတစ်ချို့ပါရှိနေသေးသည်။
ယခုလက်ရှိတွင်နယ်ပယ်အရပ်ရပ်တွင်အောင်မြင်နေကြသောပညာရှင်များ၏စကားဝိုင်းများတွင်ဤအမှုနှင့်ပတ်သတ်၍သူ့အမြင်ကိုယ့်အမြင်ဖလှယ်မှုများရှိကြသည်။မီဒီယာပေါင်းစုံမှာလည်းထိုအမှုအကြောင်းဖော်ပြကြပြီးစိတ်ပညာပေးအစီအစဥ်များတွင်တင်ပြဆွေးနွေးခြင်းများလုပ်လာကြသည်။ထို့အပြင်ထိုအမှုကိုမှီငြမ်း၍ဝတ္ထု၊Fan Fictionရေးသူများပါရှိလာခဲ့သည်။လီဆူယော့မှာသူ၏လုပ်ဆောင်ချက်များအတွက်ကျေနပ်နေပုံပေါ်သည်။
"မင်းသိလား...ငါသတ်လိုက်တဲ့လူတွေရဲ့မျက်လုံးတွေထဲမှာငါရုပ်ငါပြန်မြင်ရတာကြိုက်တယ်။ငါကသူတို့ရဲ့ဘုရားသခင်လိုဘဲ"
"ငါလူတစ်ယောက်ကိုသတ်ရတာဘယ်လိုခံစားရသလဲသိချင်နေခဲ့တာ"
စသည့်စကားများအပြင်သူ၏ထူးချွန်ပြောင်မြောက်သည့်ပြစ်မှုကျူးလွန်မှုများနှင့်စိတ်နေသဘောထားများကိုပါရှင်းပြတတ်သေးသည်။
သူ၏နှလုံးသားဝယ်လီဗြောင်ဟိုကြောင့်ကျခဲ့ရသောမိစ္ဆာမျိုးစေ့သည်တစ်ဦးတည်းသောတွယ်တာရာဖြစ်သည့်မိခင်ကိုဆုံးရှုံးခဲ့ပြီးနောက်မှာအပင်ပေါက်လာခဲ့သည်။စိန့်ပေါလုဘုရား​ကျောင်းမှာနေခဲ့စဥ်တစ်လျှောက်လီဆူယော့ဟာသူ၏နှလုံးသားထဲကမိစ္ဆာသစ်ပင်ကိုတိတ်တဆိတ်ပျိုးထောင်ခဲ့ပြီးအမတ်မင်းParkနှင့်တွေ့ချိန်တွင်လီဆူယော့၏မိစ္စာသစ်ပင်မှာသူ၏စိတ်နှလုံးသားတစ်ခုလုံးကိုကောင်းစွာအမြစ်တွယ်နေခဲ့ပြီဖြစ်လေသည်။
Baekhyun၏ရှေ့တွင်တော့အမှုစစ်Kimဟာရှာဖွေစုဆောင်းခဲ့ရသမျှသက်သေအချက်အလက်များဖြင့်အပြင်းအထန်ဆွဲချက်တင်နေသည်။လီဆူယော့၏ရှေ့နေမှာတော့တရားခံ၏ပြစ်မှုကျူးလွန်မှုများကိုအတည်ပြုပြီးဆေးမှုမှတ်တမ်းများဖြင့်ပြန်လည်ချေပပြောဆိုနေသည်။
"တရားခံကသူလုပ်ခဲ့တဲ့အလုပ်တွေအတွက်နည်းနည်းမှနောင်တရပုံမပေါ်သလိုစိတ်လှုပ်ရှားတဲ့အရိပ်အယောင်တောင်မပြဘူးနော်"
Baekhyunသူ့ဘေးမှာဘောပင်ကိုက်လိုက်၊ရေးလိုက်၊မှတ်ချက်ပြုလိုက်လုပ်နေသည့်လူငယ်လေးကိုကြည့်လိုက်သည်။ထိုလူငယ်မှာအရပ်ရှည်ပြီးထူးဆန်းတဲ့မျက်နှာပေါက်မျိုးရှိသည်။သူကြည့်နေတာကိုသတိထားမိတဲ့အခါကျမှသူ့ဘက်ကိုလှည့်ပြီးတောင်းပန်ရှာသည်။
"စိတ်အနှောင့်အယှက်ဖြစ်သွားရင်ခွင့်လွှတ်ပါ"
"ရပါတယ်"
"ကျွန်တော်ကမှုခင်းစိတ်ပညာကိုလေ့လာနေတဲ့ကျောင်းသားပါ။Taoလို့ခေါ်ပါတယ်"
Tao?
"ကျွန်တော်ကတရုတ်စပ်ပါ"
Aww
"စုံထောက်ကြီး...တကယ်လို့အပန်းမကြီးရင်လေ...နောက်တစ်ခါဒီလိုစိတ်ဝင်စားစရာမှုခင်းမျိုးနဲ့ကြုံရင်ကျွန်တော့ကိုအသိပေးလို့ရမလား။စိတ်ရောဂါသည်လူသတ်သမားတို့ရဲ့Mindsetကိုစာရင်းပြုစုနေလို့"
"ငါသတိရရင်ခေါ်လိုက်ပါ့မယ်"
"ဟုတ်ကဲ့...ဒါကကျွန်တော့်ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ပါ"
အမှုစစ်နှင့်ရှေ့နေနှစ်ဦးနှစ်ဖက်အပြန်အလှန်စစ်ထိုးပြီးနောက်မှာဂျူရီလူကြီးများတိုင်ပင်ဆွေးနွေးနိုင်ရန်အတွက်တရားခွင်ကို၁၀မိနစ်ခန့်နားထားသည်။
ဆယ်မိနစ်ကြာပြီးနောက်တရားသူကြီးများနှင့်ဂျူရီလူကြီးမင်းတို့ဆုံးဖြတ်ပြီးစီရင်ချက်ချရန်အချိန်သို့ရောက်လာခဲ့သည်။
"တရားခံမှာနစ်နာသူများကိုသူ၏လက်နှင့်ကိုယ်တိုင်မသတ်ခဲ့သော်လည်းသက်သေရန်တွန်းအားပေးခဲ့ကြောင်းထင်ရှားနေသည့်အတွက်တရားရုံးတော်ကအောက်ပါအတိုင်းအမိန့်ချလိုက်သည်။တရားခံလီဆူယော့သည်လျှော့ရက်မရှိထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရမည်ဖြစ်ပြီးထောင်ကျနေစဥ်အတွင်းမြောင်ရှင်းစိတ်ရောဂါသည်အကျဥ်းထောာင်တွင်ဆက်လက်ကုသမှုခံယူရမည်ဖြစ်ကြောင်းအမိန့်ချမှတ်လိုက်သည်"
တရားသူကြီးမင်း၏အမိန့်ချသံအဆုံးထွက်ပေါ်လာသောတူသံနှင့်အတူသူ့စိတ်တစ်ခုလုံးပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ဒါပေမယ့်Park Chanyeolအတွက်မူအမတ်မင်းPark၏မီးလောင်သေဆုံးမှုကိုအမှုပြန်မဖွင့်ခဲ့သည့်အတွက်သူ့လိုစိတ်ပေါ့ပါးသွားနိုင်ပါ့မလား။သူလီဆူယော့ကိုဖမ်းပြီးပြန်ပေးဆွဲခဲ့သည့်ကိစ္စကိုနားလည်လာသလိုခံစားလိုက်ရသည်။
ဤသို့ဖြင့်ခြောက်လနီးပါးကြာမြင့်ခဲ့သောအမှုကြီးကိုဒီဇင်ဘာ၂၇ရက်နေ့တွင်ပိတ်သိမ်းနိုင်ခဲ့ပေသည်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
မနက်ငါးနာရီခွဲလောက်ပေမို့နေတောင်ထွက်ခါစဘဲရှိသေးသည်။ဂိတ်ဝကသူ့ကိုနှုတ်ဆက်နေသောဦးလေးကြီးကိုလက်ပြပြီးနောက်အပြင်သို့ထွက်လာခဲ့သည်။သူအပြင်ရောက်ရောက်ချင်းအနောက်ကတံခါးရွက်ကြီးကဖြည်းဖြည်းခြင်းပြန်ပိတ်သွားသည်။ပိတ်သွားတဲ့တံခါးရဲ့နောက်မှာသူ့ရဲ့နာကြည်းစရာအတိတ်တွေနဲ့အမုန်းတွေကိုထားခဲ့လိုက်သည်။အရှေ့ကိုကြည့်လိုက်တော့သူနှင့်မလှမ်းမကမ်းမှာရပ်နေတဲ့လူငယ်တစ်ဦး...
Baby?!
"တက်"
သူ့ကိုBaekhyunလာစောင့်လိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး။လမ်းတစ်လျှောက်လုံးစကားတစ်လုံးမှမပြောဘဲမောင်းလာပြီးနောက်မှာဟန်မြစ်ကမ်းနံဘေးသို့ရောက်လာသည်။
"ဘာလို့လဲBaby"
"ဘာကိုလဲ"
"ကိုယ့်ကိုယ်မမုန်းဘူးလား
ကိုယ်မင်းကိုလှည့်စားခဲ့တာလေ"
"မုန်းသင့်လား"
"....."
"ခင်ဗျားဘာလို့ထောင်ထဲမှာနေနေတာလဲ...ခင်ဗျားထွက်ချင်ရင်အလွယ်လေးမဟုတ်လား"
"ကိုယ့်ရဲ့စိတ်တွေကိုရှင်းဖို့ကြိုးစားနေတာပါ"
"ခင်ဗျားဘာလို့သူ့ကိုပြန်ပေးဆွဲခဲ့တာလဲ"
"ကိုယ်မင်းရဲ့လက်ထဲသာတန်းထည့်လိုက်ရင်ကိုယ့်ရဲ့အမုန်းတွေနာကြည်းမှုတွေကပျောက်သွားမှာမဟုတ်ဘူး။မင်းကမင်းညီမကိုသတ်သွားတဲ့တရားခံကိုတရားဥပဒေအရအပြစ်ပေးချင်ပေမယ့်ကိုယ်ကသူ့ကိုအရက်စက်ဆုံးနည်းနဲ့အပြစ်ပေးချင်ခဲ့တယ်။အဲ့ဒါကြောင့်ကိုယ်သူ့ကိုပြန်ပေးဆွဲခဲ့တာ...ကိုယ့်ရဲ့လက်နဲ့အပြစ်ပေးချင်ခဲ့တာ..."
"ခင်ဗျားအတွက်လူတစ်ယောက်ကိုရှာဖွေပြီးသတ်ဖို့ဆိုတာကခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ဘာလို့အမှုအကြောင်းသိရဖို့ကျွန်တော့်နားကပ်နေခဲ့တာလဲ"
"အမှုအကြောင်းသိရဖို့မဟုတ်ပါဘူး...ကိုယ်ကမင်းဘေးမှာနေပြီးစောင့်ရှောက်ချင်ရုံလေးပါ"
"ခင်ဗျားလီဆူယော့ကလီဟွန်းမှန်းအစကတည်းကသိနေခဲ့တာပေါ့"
"မဟုတ်ဘူးဘေဘီ။မင်းကဒီအမှုကိုမင်းရဲ့လက်နဲ့ဖော်ထုတ်ချင်တယ်။အဲ့တော့မင်းရဲ့လမ်းကြောင်းမှာကိုယ်ရှုပ်ဖို့အစီအစဥ်မရှိဘူး။အဲ့တော့ဘာမှသိပ်မလုပ်ခဲ့ဘူး။ဒီအမှုတွေကအချိတ်အဆက်ရှိနေမယ်လို့လည်းကိုယ်မထင်ခဲ့ဘူး။
ဒါပေမယ့်ဂျီအွန်းရဲ့စျာပနမှာလီဆူယော့ကလီဟွန်းဆိုတာကိုမထင်မှတ်ဘဲသိခဲ့ရတယ်။
မင်းရဲ့စုံစမ်းမှုတွေကလီဆူယော့ကိုဦးတည်နေတယ်ဆိုတာလည်းကိုယ်သိတယ်။အဲ့တော့လီဆူယော့ကကိုယ်တို့နှစ်ယောက်လုံးလက်တုံ့ပြန်ချင်တဲ့လူဖြစ်နေတယ်"
"အဲ့တော့တမင်သက်သက်CCTVမှာခင်များမျက်နှာကိုမြင်အောင်ပြခဲ့တယ်ပေါ့။ပြီးတော့ကျွန်တော့်ကိုခင်ဗျားအိမ်လိုက်လာခိုင်းပြီးမသေမရှင်ဖြစ်နေတဲ့လီဆူယော့ကိုလာဖမ်းခိုင်းတယ်ပေါ့"
"အဲ့လိုလုပ်မှကိုယ်လည်းကိုယ့်ရင်ထဲကမီးတွေကိုငြိမ်းနိုင်ပြီးမင်းလည်းမင်းဖြစ်စေချင်တဲ့အတိုင်းတရားဥပဒေအရအပြစ်ပေးလို့ရမှာလေ"
"Park Chanyeol...
ခင်ဗျားစကားတွေကိုကျွန်တော်ယုံသင့်လားမယုံသင့်လားမသိတော့ဘူး"
"တခြားဟာမယုံချင်နေပါ...ကိုယ်မင်းကိုချစ်တယ်ဆိုတာတော့မင်းယုံသင့်တယ်"
"ယုံပေးပါလို့ပြောရမှာမဟုတ်ဘူးလား"
"မင်းမယုံရင်နောင်တရလိမ့်မယ်"
ဟက်
ရုတ်တရက်ကြီးပြောင်းလဲသွားတဲ့အခြေအနေကိုသူ့မှာလိုက်လို့မမှီ...အခုတော့Baekhyunရဲ့မွတ်သိပ်တဲ့အနမ်းတွေကိုသူခံယူနေရသည်။
ထို့နောက်ထိုကောင်လေးကသူ့လည်ပင်းကိုသိုင်းဖက်ပြီးသူ့လည်ပင်းမှာပါးအပ်ထားသည်။
"အဖေ့ကိုကတိပေးခဲ့လို့ဘဲဖြစ်ဖြစ်
အားနာလို့ဘဲဖြစ်ဖြစ်
ကျွန်တော့်ကိုချစ်လို့ဘဲဖြစ်ဖြစ်
ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ်ကျွန်တော့်နားမှာဘဲနေပေးပါ"
"မင်းသဘောအတိုင်းပါဘဲ"
"ပြီးတော့ကျွန်တော့်ကိုနောက်ထပ်မလိမ်ပါနဲ့"
"ကိုယ်မင်းကိုဘာမှထပ်မလိမ်ထားပါဘူး"
"အေး...ပြီးတာပဲ...မဟုတ်ရင်"
Hyung!!!
နှစ်ယောက်သားပြိုင်တူလှည့်ကြည့်မိတော့သူတို့ဆီပြေးလာတဲ့Sehun
"Oh Sehunမင်းဘယ်လိုလုပ်ပြီးဒီကို..."
သို့သော်Sehunကသူ့ကိုကျော်သွားပြီးသူ့နောက်ကPark Chanyeolကိုသွားပြေးဖက်သည်။
Chanyeol Hyung!!!
Cha...Chanyeol Hyung?!
ထိုအခါမျက်ရည်တွေနှာရည်တွေထွက်နေတဲ့Sehunကသူ့ကိုလှည့်ကြည့်လာသည်။
Arr...
ထိုအခါမှတစ်ခုခုကိုသတိရသွားသည့်ဟန်ဖြင့်Sehunကသူ့ခေါင်းသူထုနေသည်။
"ဟို...Hyung စိတ်မဆိုးနဲ့နော်
တကယ်တော့Chanyeol Hyungကကျွန်တော့်အကိုနှစ်ဝမ်းကွဲတော်တယ်သိလား
သူကHyungကိုစောင့်ကြည့်ဖို့ကျွန်တော့်ကိုရဲဌာနထဲထည့်ထားတာ..."
"သူဘာလုပ်လုပ်ထိုလူသိနေတာကိုမအံ့သြတော့ပါဘူး။မထင်မှတ်ထားတဲ့အနီးဆုံးလူကထိုလူလွှတ်ထားတဲ့သူလျှိုဖြစ်နေတာကိုး...တယ်လည်းသရုပ်ဆောင်ကောင်းကြပါပေတယ်"
Park Chanyeol Shi!
"ကျွန်တော်ခုနကပြောခဲ့တာတွေကိုမပြောခဲ့ဘူးလို့သတ်မှတ်လိုက်ပါ"
ဟာ...Baby!!!
အဲ့လိုမဟုတ်
"....."
ကိုယ်ရှင်းပြပါရစေ
"ကျွန်တော့်နောက်လိုက်မလာပါနဲ့Park Chanyeol shi"
ကိုယ့်ကိုစောင့်အုံးလို့Baby!!!
နေမင်းကြီးလည်းအပြည့်အဝထွက်ပေါ်လာချေပြီ။
အတိတ်ကရုန်းမထွက်နိုင်တဲ့သူတို့ရဲ့ခြေလှမ်းတွေဟာလည်းချစ်ခြင်းအပြည့်ဖြင့်အနာဂတ်ကိုဦးတည်နေပေပြီ
THE END
Chanyeol ရဲ့မွေးနေ့မှာစတင်ခဲ့တဲ့ဒီficလေးဟာBaekhyunရဲ့မွေးနေ့မှာအပြီးသတ်နိုင်ခဲ့ပါပြီ။
ဒီFicကိုရေးဖို့စာတွေအများကြီးဖတ်ခဲ့ရတဲ့အတွက်ကျွန်တော့်အတွက်အသိပညာတွေအများကြီးရခဲ့ပါတယ်။အမှုကွင်းဆက်၊နစ်နာသူတို့၏နောက်ကြောင်း၊တရားခံရဲ့နောက်ကြောင်း၊တရားခံရဲ့စိတ်အခြေအနေနှင့်သဘောထားစသည်ဖြင့်ဘက်ပေါင်းစုံကလေ့လာခဲ့ရတာကြောင့်ကျွန်တော်နဲ့ရင်းနှီးမှုမရှိတဲ့နယ်ပယ်တွေနဲ့လည်းထိတွေ့ခွင့်ရခဲ့ပါတယ်။ဝါသနာရှင်အဆင့်သာသာရှိပြီးအခုမှအစပြုဖို့ကြိုးစားနေတဲ့ကျွန်တော့်ရဲ့အရေးအသားတွေမှာအမှားပါခဲ့သည်ရှိသော်ခွင့်လွှတ်ပေးကြပါလို့ပြောချင်ပါတယ်။
နောက်တစ်ခုကSerial Killer Season2ဖတ်ဖို့ဆန္ဒရှိပါသလား။
အကယ်၍ဆန္ဒရှိတယ်ဆိုရင်ကျွန်တော်Season2အတွက်ကုန်ကြမ်းစရှာပါ့မယ်။
ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်
Happy Essential Day pr
WE ARE ONE❤❤❤
LOVE YOU ALL EXO,EXOL&READERS🙆🙆🙆
BELIEVE IN CHANBAEK & LOVE THEM FOREVER💪💪💪
ZAWGYI❤
"ရပါတယ်"
Tao?
Aww
ဤသို့ဖြင့်ခြောက်လနီးပါးကြာမြင့်ခဲ့သောအမှုကြီးကိုဒဒီဇင်ဘာ၂၇ရက်နေ့တွင်ပိတ်သိမ်းနိုင်ခဲ့ပေသည်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
Baby?!
"တက်"
"ဘာလို့လဲBaby"
"ဘာကိုလဲ"
"မုန်းသင့်လား"
"....."
ဒါပေမယ့်ဂျီအွန်းရဲ့ဈာပနမှာလီဆူယော့ကလီဟွန်းဆိုတာကိုမထင်မှတ်ဘဲသိခဲ့ရတယ်။
"Park Chanyeol...
ဟက်
အားနာလို့ဘဲဖြစ်ဖြစ်
"မင်းသဘောအတိုင်းပါဘဲ"
"အေး...ပြီးတာပဲ...မဟုတ်ရင်"
Hyung!!!
Chanyeol Hyung!!!
Cha...Chanyeol Hyung?!
Arr...
Park Chanyeol Shi!
ဟာ...Baby!!!
အဲ့လိုမဟုတ်
"....."
ကိုယ်ရှင်းပြပါရစေ
THE END
Happy Essential Day pr
WE ARE ONE❤❤❤
Continue Reading
You'll Also Like
463K 64.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
23.5K 2.1K 70
ဖတ်ကြည့်နော်😉😉
81.7K 10.9K 40
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
22.8K 3.7K 27
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...