"ဘယ်ကိုသွားမာလဲဟင်"
"အနောက်ဘက်ဥယျာဉ်ကို"
.....
"အိမ်တွေကရော?"
"ဖျက်လိုက်ပြီ"
"အဲ့ဒါဆိုသူတို့ကရော"
"သွားကြပြီ"
"သွားလောက်ပါပြီ"
"ကလေး"
အမလေး ငါလေးရည်းစားကကားပြောခံနေရပြီ အဲလေဟုတ်ဘူးယောက်ျားစကားပြောခံနေရတာလား အာသိတော့ဘူး
"ဖြည်းဖြည်းချင်း"
"ဝမ်ရယ် ဝမ်ရယ်?"
"ငင့်"
🌺🌺🌺🌺🌺
#HanMay
Plz vote too
အိပ်ပုပ်လေးတွေmorneeကျရင် supriseဖြစ်အောင်၅နာရီမှာတင်တာ😁😎
.......
My Dear Empress 36
"မင်္ဂလာနံနက်ခင်းပါ ကလေးလေး"
နိုးနိုးချင်းလီမင့်ကို ကုတင်ဘောင်ကိုလက်ထောင်ပြီးပြုံးကြီးနေတာမြင်တော့ကြောင်သွားတာအမှန်
စကားပြန်ပြောမလို့လုပ်ပြီးမှ မျက်နှာမသစ်ရသေးတာသတိရပြီး လက်ဟန်ခြေဟန်နဲ့ထွက်သွားခိုင်းတာကိုလူကြီးကကြောင်ကြည့်နေတယ်
ပါးစပ်လေးလက်နဲ့အုပ်ပြီးရှက်နေတဲ့ချောင်အာကို လီမင်ဆွဲပြီးနဖူးကိုနမ်းလိုက်တယ်
ကြောင်အနေတဲ့ကလေးမလေးက မျက်လုံးလေးပြူးပြီး လီမင့်အမြင်မှာ တကယ့်ချစ်စရာ
"အင်္ကျီလဲပြီးထွက်လာခဲ့ကလေး မင်းလေးအတွက်ကိုလိုက်ပြစရာရှိတယ်"
ချိုင်ယွဲ့တို့အင်္ကျီကူလဲပေးတော့မနေ့ကအဖြစ်အပျက်ကို နဲနဲအကြမ်းဖျင်းတော့သိလိုက်ရတယ်
"လာ ကိုယ့်လက်ကိုတွဲ ချော်လဲကျမယ်"
လက်ကိုချိတ်ဖို့ပေးတဲ့လီမင့်ကို ချောင်အာကြည့်ပြီးတွေဝေနေမိတယ် လီမင်နောက်တခါလက်ကိုထိုးပေးမှအသိဝင်ပြီး ချောင်အာခပ်ဖွဖွလက်ချိတ်လိုက်တယ်
"ဘယ်ကိုသွားမာလဲဟင်"
"အနောက်ဘက်ဥယျာဉ်ကို"
"အနောက်ဘက်ဥယျာဉ်?" အနောက်ဘက်မှာကိုယ်လုပ်တော်တွေဘဲရှိတာလေ ဘယ်မှာဥယျာဉ်ရှိလို့လဲရော
.....
အလုပ်သမားတွေဟာ ဝေလီဝေလင်းကနေ မွန်းတည့်တဲ့အထိ သခင်ကြီးရဲ့အမိန့်နဲ့ကိုယ်လုပ်တော်တွေအဆောင်ကိုဖျက်ထားပြီး အသာယာဆုံးဥယျာဉ်ကိုတည်ဆောက်စိုက်ပျိုးထားရတယ်
ဟိုးတနေ့ကလာတုန်းကနဲ့တခြားစီ ပန်း ပန်းတွေ ဟိုမှာလဲပန်းတွေ ပန်းတကာ့ပန်းတွေ ဘယ်လိုဖြစ်ကုန်တာလဲ
"အိမ်တွေကရော?"
"ဖျက်လိုက်ပြီ"
"အဲ့ဒါဆိုသူတို့ကရော"
"သွားကြပြီ"
"အဲ့ဒါ အဲ့ဒါဆိုနျူ ကိုယ်လုပ်တော်နျူရော"
"သွားလောက်ပါပြီ"
အပင်ကြီးရဲ့နောက်မှာကွယ်ပြီးကြည့်နေတဲ့ ကိုယ်လုပ်တော်နျူဟာ ထွက်လာတယ်
"ကျမမသွားသေးပါဘူးဝမ်ရယ်ရယ် ဝမ်ရယ်ကျမကိုခွင့်လွတ်မပေးနိုင်တော့ဘူးလားဟင်အချစ်ရယ်" သူမနောက်ဆုံးအနေနဲ့ဘဲဖြစ်ဖြစ် အချစ်ဆိုတဲ့နာမ်စားကိုသုံးလိုက်မိတယ်
ကြည်လင်နေတဲ့လီမင့်မျက်နှာချက်ချင်းကိုပျက်သွားတယ်
ချောင်အာကဒီလိုလီမင့်မျက်နှာကိုမမြင်ဖူးသလို စောစောကလိုကြည်လင်နေတဲ့မျက်နှာကိုလဲ နျူမမြင်ဖူးခဲ့ဘူး
ခံပြင်းတယ် ငါခံပြင်းတယ် ခံပြင်းတယ်
ချောင်အာကိုယ်လုပ်တော်နျူကိုကြည့်လိုက်တော့ ဟိုနေ့ကတည်ကြည်တဲ့အမူအယာတွေတစက်မှမရှိတော့ဘူး
ဟိုနေ့ကလိုတောက်တောက်ပပမဝတ်ဆင်နိုင်တော့ဘူး
"မင်း မြင်တဲ့အတိုင်းဘဲ မင်းတို့အတွက်ကိုယ်တော့်မှာနေရာမရှိတော့ဘူး အကုန်လုံးကိုယ်တော့ဖူးရန်အတွက်ဘဲ"
ပြောပြောဆိုဆိုနဲ့ ချောင်အာလက်ကိုလီမင်ကိုင်တော့ ကြားထဲကချောင်အာနေရအရမ်းခက်စေတယ်
နျူအရမ်းပြာယာခတ်သွားတယ် စိတ်လွတ်သွားတယ်ဆိုပိုမှန်ပါတယ် ချောင်အ့ာကိုလက်ညိုးထိုးပြီး
"မင်း မင်းနေရာကိုသေချာထိန်း မင်းယောင်္ကျားမင်းကိုချစ်မယ်ထင်လား ဟားဟား " နျူသူမကိုသူမရည်ညွှန်းရင်း
"ငါ့လို၇နှစ်တာသံယောဇဉ်ကိုတောင်မထောက်တာ မင်းကတော့လှည့်စားခံရတော့မာဘဲ သူ့မှာနှလုံးသားမရှိဘူး!!!!!"
ချောင်အာလေးကတော့ကြောက်နေပြီးလက်ညိုးထိုးပြီးပြောခံရတော့ တဖြည်းဖြည်းမျက်ရည်လေးတွေဝဲလာတယ်
အော်ဟစ်နေတဲ့နျူကို အစေခံတွေဆွဲခေါ်သွားတယ်
လီမင်ချောင်အာကိုယ်လေးကိုဖက်ထားပြီးနားလေးကိုအသာယာအုပ်ထားပေးလိုက်တယ်
ခဏလောက်ကြာတော့ရင်ခွင်ထဲကနေမျက်ရည်လေးတွေဝဲပြီးမော့ကြည့်လာတဲ့ကလေးငယ်
"မတူဘူး ကလေးမင်းလေးကကိုယ့်တွက်တစ်ဦးတည်းသောသူလေး တစ်ဘဝလုံးစာမင်းကိုဘဲချစ်သွားမှာ အဲ့ဒါကြောင့်စိတ်ထဲမှာတောင် မယဉ်ပါနဲ့မတူဘူး"
ချောင်အာ ဘာကြောင့်မှန်းမသိမျက်ရည်တွေဝဲလာပြီးငိုချလိုက်မိတယ် ဟုတ်တယ်လေဒီဇာတ်လမ်းမှာတရားခံကငါမှမဟုတ်ဘဲဘာလို့အပြောဆိုခံနေရတာလဲ
"ကလေးနှင်းကျလာပြီ ဒီဆောင်းရဲ့ပထမဆုံးနှင်း"
ကလေးလေးလိုအူတူတူလေးနဲ့ကြည့်လာတဲ့ကလေးမလေးကို လီမင်ချယ်ရီပင်ကြီးအောက်ကပန်းဒါန်းလေးဆီ
ချောင်အာကိုခေါ်သွားတယ်
"ကလေး"
သူခေါ်တဲ့အသံကြောင့်ချောင်အာမော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက လေးနက်နေတယ်
ချောင်အာ့လက်သေးသေးအိအိလေးကိုကိုင်ရင်း
"ကိုယ်မင်းလေးကိုလေ အရမ်းချစ်တယ် အသက်ထပ်ဆုံးကာကွယ်စောင့်ရှောက်သွားချင်တယ် အရမ်းကိုချစ်တယ်
ကိုယ့်ကိုပြန်ချစ်လာဖို့အတွက်လဲကိုယ်ဘာဘဲလုပ်ရလုပ်ရပါ
မင်းလေးအတွက်ဆို ကိုအသက်ကိုတောင်မနှမြောဘူး
ပထမဆုံးကျတဲ့ဖြူစင်တဲ့နှင်းတွေနဲ့အတူကိုယ်သစ္စာဆိုတယ်"
အမလေး ငါလေးရည်းစားကကားပြောခံနေရပြီ အဲလေဟုတ်ဘူးယောကျ်ားစကားပြောခံနေရတာလား အာသိတော့ဘူး
ချောင်အာရင်တွေတော်တော်ခုန်နေမိတယ် အရမ်းရှက်တာမှန်ပေမဲ့ဒီဘဝမှာအခြေချရမယ်ဆို ဖြစ်သင့်ပါတယ်လေ
"ဖြည်းဖြည်းချင်း"
"ဟင်? အာဖြည်းဖြည်းချင်း ဒါပေါ့ကလေးရယ်ကိုမလောပါဘူး မင်းလေးဘက်ကလက်ခံလာတဲ့အထိကိုယ်စောင့်မှာပါ ပြီးတော့"
လီမင်အထက်ကနေ သူ့ကိုမော့ကြည့်နေတဲ့ကလေးမလေးရဲ့နှာခေါင်းထိပ်လေးကိုသာသာတို့လိုက်ရင်း
"ကိုယ် မင်းလေးဆန္ဒကိုလဲအလေးထားမယ် မင်းလေးစိတ်မပါဘဲမင်းလေးကိုမယူဘူးကတိပေးတယ်"
(May- Do you know what he mean?)
ချောင်အာ အတွင်းကျကျတော့မသိပေမဲ့ဘာကိုဆိုလိုတယ်ဆိုတာတော့သိလိုက်လို့ မျက်နှာတွေပူထူသွားတယ်
ရှက်လွန်းလို့မျက်နှာတွေရဲနေတဲ့ကလေးမလေးကိုကြည့်ရင်းအူတွေယား
"ဟိတ်ကလေးမလေး ဘာတွေတွေးနေလဲ ပါးတွေနီနေပြီနော်"
"ဟာ ဘာတွေလာပြောနေလဲသိဘူးသွား"
ချောင်အာ လီမင့်ကိုရိုက်ပြီးအမြန်အိမ်တော်ကိုပြန်ပြေးလာခဲ့တယ်
"ဝမ်ရယ် ဝမ်ရယ်?"
ချယ်ရီပင်ကြီးအောက်မှာ ရင်ဘတ်ကိုကိုင်ပြီး သွားကြီးဗြဲရီနတဲ့ဝမ်ရယ်ဟာ ကျန်းလော့မပြောချင်ပေမဲ့ အရူးကြီးလိုဘဲ
"ဝမ်ရယ် မတ်တပ်အိပ်ကျင့်နေတာတော့မဟုတ်ပါဘူးနော်"
"ကျန်းလော့ မင်းတို့သခင်မ ငါ့နှလုံးသားကိုကလူကျီဆယ်သွားတယ် "
ကျန်းလော့လဲဘာပြောချင်မှန်းမသိတာနဲ့ကြောင်ပြီးကြည့်နေတုန်း လီမင်မျက်နှာတည်သွားပြီး
"အင်းလေ မင်းကိုပြောလို့လဲသိမှာမှမဟုတ်တာ"
"ငင့်"
🌺🌺🌺🌺🌺
#HanMay
ကဲမေကတော့ဆွိတလိုင်းလိုက်ပြီ ခြေနေဝေဖန်ကာ
Plz vote too