"အဖေ.."
ချက်ချင်းတခြားတစ်ဖက်သို့မျက်နှာလွှဲသွားသောအဖေဖြစ်သူကြောင့်ဆက်ပြောမယ့်စကားတွေကိုဟိန်းထက်ယံခဏတာမေ့ပျောက်ကုန်သည်..။မင်း..ငါ့ကို အဖေလို့လာမခေါ်နဲ့လို့ပြန်မအော်ထုတ်တော့သည်မို့အခြေအနေကောင်းလာပြီဟုတော့ပြောလို့ရသည်။ဟိန်းထက်ယံသက်ပြင်းခပ်သဲသဲ့လေးခိုးရိူက်လိုက်ပြီး
"အဖေ..ညောင်းနေရင်ဒီမှာထိုင်.."
စကားတောင်မဆုံးသေးဘဲဟိန်းထက်ယံလက်ထဲကခုံကိုဆတ်ခနဲဆွဲယူပြီး ထိုင်လေသည်..။မျက်နှာကတော့တစ်ဖက်ကိုလွှဲထားတုန်း..တစ်ဦးတည်းသောသားကယောကျင်္ားယူမယ့်ကိစ္စကဖေဖေ့အတွက်တော်တော်လေးလက်မခံနိုင်တဲ့ကိစ္စတစ်ရပ်ဖြစ်ခဲ့တာအမှန်။တောင်ကြီးပြန်တုန်းကအိမ်မှာဝုန်းဒီုင်းတွေပါကြဲကုန်သည်မို့မေမေသာဝင်မပါရင် သားအဖနှစ်ယောက်လုံးသတ်ပွဲတွေဖြစ်ကုန်မှာ..။မေမေ့ကိုကြည့်လိုက်တော့ မေမေက ပြုံးပြီးဟိန်းထက်ယံဆီကိုကြိတ်ပြီးလက်မထောင်ပြလေသည်မို့ မေမေ့ကို ပြန်ပြီးပြုံးပြလိုက်သည်..။ဆင်စွယ်ရောင်ဇာဂါဝန်အကျပ်လေးဟာမေမေရဲ့သွယ်လျလျခန္ဓာကိုယ်နဲ့လိုက်ဖက်လွန်းလှသည်..။အညိုရောင်ဆံပင်တွေကိုနောက်တွဲဆံထုံးဆန်းဆန်းလေးထုံးထားတဲ့မေမေ့ပုံစံဟာအသက်၄ရနှစ်လို့မထင်ရအောင်ကိုနုပျိုလွန်းသည်..။နောက်ဆိုအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့သဘောနဲ့မေမေကမျက်ခုံးလေးပင့်ပြပြန်သည်။အဲ့လောက်ထိနားလည်ပေးနိုင်လို့ကိုမေမေ့ကိုချစ်ရခြင်း..။
"ခိုင်..အဲ့မှာရပ်ပြီးသားကိုကြိတ်မြောက်ပေးမနေနဲ့!! .အစ်ကိုအကုန်သိတယ်.."
ဖေဖေက မေမေနဲ့ဟိန်းထက်ယံ မျက်လုံးခြင်းစကားပြောနေတာကိုရိပ်မိသွားသည်မို့ဟိန်းထက်ယံမှင်သေသေနဲ့ပြန်ငြိမ်နေလိုက်သည်..။မေမေကလေပြေသံလေးနဲ့
"အို..အစ်ကိုကလဲ..စိတ်တွေလျှော့ပါတော့"
"ဘာစိတ်လျှော့ရမှာလဲ??ငါအဲ့အကောင်ကိုခုချိန်ထိဆွဲထိုးချင်နေတုန်း"
ဖေဖေ့စကားကြောင့်ထိုးခံခဲ့ရတဲ့ညာဘက်ပါးပြင်ကဒဏ်ရာကအရှင်းမပျောက်သေးသည့်အလားပြန်နာချင်လာသည်မို့ပါးကိုအသာပွတ်လိုက်မိသည်..။
"ဘယ့်နှယ်အမွေတောင်အဖြတ်ခံပြီးအဲ့ကောင်လေးနဲ့ဘဲနေပါ့မယ်တဲ့..ငါထပ်ပြီးအမွေဖြတ်ပစ်လိုက်ရ ."
တကယ်လဲပြသနာတွေတက်ပြီးသတင်းစာထဲကြေညာပြီးအမွေဖြတ်ပစ်ခဲ့တာ..နောက်မှ ပြန်ရုတ်သိမ်းပါတယ်ဆိုပြီးသတင်းစာထဲပြန်ပါလာရော..မျိုးရိုးအစွဲကြီးတဲ့ဖေဖေဟာသူ့လုပ်ငန်းအကုန်လုံးကိုတခြားသူလက်ထဲထိုးအပ်မှာမဟုတ်ဘူးဆိုတာမေမေကသိပီးသား..။
"အစ်ကို့တုန်းကလဲ ခိုင့်ကိုမှမရရင်အမွေဖြတ်ခံမယ်ဆိုပြီးလုပ်ခဲ့တာဘဲလေ..ခုဘာကွာလို့လဲ?ခိုင်ကမိန်းကလေး..သားလက်ထပ်မယ့်သူကယောကျင်္ားလေး..ဒါလေးဘဲကွာတာကို.."
"အဲ့တာကွာနေလို့ပေါ့..!!"
ဖေဖေကထိုင်နေရင်းနဲ့ဒေါသတကြီးလှည့်အော်ထုတ်ပစ်လိုက်တာမို့မေမေ ဇက်လေးပုသွားရသည်..။ဒါတောင်မေမေ့မျက်နှာကပြုံးစိစိလုပ်နေတုန်း..။
"တော်ပီ..မပြောတော့ဘူး..ငါစိတ်တွေတိုလာပြီ..သွေးတိုးတယ်..."
နောက်ဆုံးတော့လဲဖေဖေမျက်မှောင်ကြီးကြုံ့ပြီးပြန်လှည့်သွားလေသည်..။မေမေကဖေဖေ့ပုခုံးလေးကိုသွားကိုင်ပြီးအသံချိုချိုလေးနဲ့..။
"ဒီနေ့က ကလေးတွေရဲ့မင်္ဂလာရှိတဲ့နေ့လေပျော်ပျော်နေပါ အစ်ကိုရယ်.."
မေမေကချော့လည်းဖေဖေက မျက်နှာစူပုပ်ပြီးကောက်နေတုန်းအသက်၂ဝတိတိကွာတဲ့ဖေဖေနဲ့မေမေရဲ့အိမ်ထောင်ရေးမှာဖေဖေက ကလေးဆိုးကြီးလိုဖြစ်ပီး မေမေက ကလေးထိန်းလိုဖြစ်နေသည်..။ဖေဖေနဲ့မေမေ ကောက်ပွဲ..ချော့ပွဲလုပ်နေချိန်မှာဟိန်းထက်ယံလာသမျှဧည့်သည်တွေကိုဧည့်ခံရသည်...နူတ်ဆက်ရသည်..။ရန်ကုန်ကဂေါက်ကွင်းတစ်ခုမှာဘဲကျင်းပလိုက်သည့်ပွဲဖြစ်သည့်အပြင်အရမ်းရင်းနှီးနေတဲ့မျက်နှာသိတွေသာဖိတ်ထားသည့်ပွဲမို့ လူကြီးတွေဆိုတာထက် သူငယ်ချင်း..မိတ်ဆွေကပိုများသည်..။တတ်နိုင်သလောက်အမြန်ဆုံးလက်ထပ်ချင်ပါတယ်ဆိုတဲ့အာဏာရှင်လေးရဲ့တစ်ချက်လွှတ်အမိန့်တော်အရနှစ်ပတ်အတွင်းမင်္ဂလာဆောင်တစ်ခုကိုစီစဉ်ခဲ့ရတာလွယ်သည်တော့မဟုတ်..။မင်္ဂလာဆောင်တစ်ပွဲကိုငှက်ပျောသီးအခွံနွှာစားသလိုလွယ်တယ်လို့များအဲ့ကလေးစိတ်ထဲထင်နေလားမသိ..။ယခုအချိန်မှာပွဲအခမ်းအနားစီစဉ်သူအဖြစ်ရပ်တည်နေတဲ့ ECမ ကိုသာ ကျေးဇူးတင်ရမည်။ECမလို့ကျောင်းတည်းကနူတ်ကျိုးနေသည်မို့ဟိန်းထက်ယံနာမည်တောင်မမှတ်မိချင်တော့..။မျက်စိတဆုံးမြင်နေရတဲ့မြက်ခင်းပြင်စိမ်းစိမ်းထက်မှာအဖြူရောင်စားပွဲဝိုင်းလေးတွေကအနီရောင်ကတ္တီပါကော်ဇောရဲ့တစ်ဖက်တစ်ချက်စီမှာ..ဒါတွေအကုန်လုံးဟာသက်ဝေယံရဲ့စိတ်ကူးထဲကမင်္ဂလာဆောင်အတိုင်းအကုန်ပုံဖော်ခဲ့ရခြင်း..။ECမတော့သက်ဝေယံရဲ့ဂျီတိုက်တာကိုတော်တော်နားပူခံလိုက်ရမည်ထင်သည်..။ဝင်ပေါက်က မုခ်ဦးကိုရောလှမ်းမြင်နေရတဲ့အဖြူရောင်စင်လေးတွေရော နေရာတော်တော်များများမှာဆင်ထားတဲ့အလှပန်းတွေပုစွန်ဆီရောင်နဲ့ အဖြူရောင်ကိုတော်တော်များများသုံးထားသည်..။အစိမ်းရောင်သစ်ရွက်လှလှလေးတွေလဲကပ်ပါနေသေး။တချို့ပန်းတွေဆိုဟိန်းထက်ယံနာမည်တောင်မသိအကုန်လုံးကနှင်းပွင့်လက်ရာတွေ..။ခဏနေတော့ဧည့်သည်တွေကိုနူတ်ဆက်နေတဲ့ ဟိန်းထက်ယံနား မေမေရာက်လာပြီးဝတ်ထားတဲ့အနောက်တိုင်းsuitဝတ်စုံကိုသေချာသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးနေရင်း..
"မေမေ သားကိုအရမ်းနားလည်ပေးထားတာသားသိပါတယ်နော်.."
မျက်လုံးလေးတစ်ချက်ဝင့်ကြည့်ပြီးပြောလာတဲ့မေမေ့ကိုခေါင်းအသာအယာညိမ့်ပြလိုက်သည်..။တောင်ကြီးပြန်တုန်းကခြံထဲကသစ်ခွရနံ့တွေကြားမှပြောခဲ့တဲ့မေမေ့စကားတွေကိုပြန်ကြားယောင်မိသည်..။
[သားတောင်မှသူ့ဖြစ်တည်မူကိုလက်ခံနိုင်သေးတယ်ဆိုရင်မိဘဖြစ်တဲ့ မေမေတို့ကလက်မခံနိုင်စရာအကြောင်းမရှိဘူးလေ..]ငယ်ငယ်လေးတည်းကိုယ်တိုင်ဆုံးဖြတ်ခွင့်ကိုယ်တိုင်ရွေးချယ်ခွင့်..ကိုယ်တိုင်ရပ်တည်ခွင့်ကိုပေးတဲ့မေမေက ဒီကိစ္စမှာလည်းနားလည်ပေးခဲ့သည်..။နားလည်ပေးလို့ကျေးဇူးတင်ပါတယ်..မေမေနူတ်ခမ်းဆီကအသံထွက်မလာပေမယ့်ရင်ထဲကနေတော့လိူက်လိူက်လှဲလှဲကျေးဇူးတင်စကားကိုထုတ်ဖော်လိုက်မိသည်..။သားမျက်ဝန်းတွေကိုမြင်ရုံနဲ့တင်သားဆန္ဒတွေကိုမေမေနားလည်တယ်မဟုတ်လား??
"ဒီလိုနားလည်ပေးမူအတွက်သားပြန်လုပ်ပေးရမှာတစ်ခုရှိတယ်..."
ရုတ်တရက်ရင်ဘက်နားမှာကပ်ထားတဲ့အဖြူရောင်ရင်ကပ်ပန်းလေးကိုအသာတို့ထိရင်းပြောလာတဲ့မေမေ..။ဟိန်းထက်ယံကိုအသာလေးမော့ကြည့်လာတဲ့မေမေ့မျက်ဝန်းထဲကပြုံးရိပ်တစ်ခုနဲ့အတူရွှေအိုရောင်နူတ်ခမ်းပါးတစ်စုံဟာအလိုအလျောက်တွန့်ကွေးလာပြီး...
"သူ့ရဲ့လက်ကိုသေချာတွဲပြီးလာမယ့်နေ့ရက်တွေတိုင်းမှာပျော်ပျော်ရွှင်ရွှင်ရှင်သန်သွားပေးပါ.."
ဒါကိုဘဲလိုချင်တာတဲ့လား?မေမေရယ်..။စီးကျလာတော့မယ့်မျက်ရည်တွေထိန်းတဲ့အနေနဲ့ရယ်သာရယ်နေရင်းခေါင်းကိုတွင်တွင်ညိမ့်ပြလိုက်တော့မေမေကဟိန်းထက်ယံရင်ခွင်ထဲတိုးဝင်လာသည်မို့ ပြန်ဖက်ထားလိုက်မိသည်..။ထိုင်နေတဲ့ဖေဖေက မျက်မှောင်ကြုံ့ကြည့်ပြီးကြိတ်ထိုးသွားပြီးဟိန်းထက်ယံတို့သားအမိကိုကြည့်မရတော့လို့ထင်သည်..။ချက်ချင်းပွဲတွင်းသို့ထထွက်သွားလေသည်..။
"ေဩာ်..ဒီကလေးတောင်အိမ်ထောင်ပြုတော့မှာပါလား??နောက်ဆိုဒီရင်ခွင်ကျယ်ကတခြားသူအပိုင်ဖြစ်သွားတော့မှာ.."
ရင်ခွင်ထဲကနေမေမေကခပ်တိုးတိုးအသံလေးနဲ့ဟိန်းထက်ယံမေမေ့ကိုပိုပြီးတင်းတင်းကျပ်ကျပ်။
"ဟေ့ရောင်..သားကြီး.."
လှမ်းခေါ်သံကြောင့်ကြည့်လိုက်တော့ဟိန်းထက်ယံဆီကိုလျှောက်လာတဲ့ဝင်းမြင့်နဲ့ခက်သဇင်ကား Companyတစ်ခုမှာManagerဖြစ်နေပြီဖြစ်တဲ့ဝင်းမြင့်ဟာကျောင်းတုန်းကနဲ့မတူတော့တာအမှန်..။စတိုင်ဘောင်းဘီရှည်အနက်နဲ့တီရှပ်အစင်းကိုကုတ်နဲ့တွဲဝတ်ထားဟန်ကအရင်ကဗရုတ်သုတ်ခကောင်လို့ပြောလျှင်ဘယ်သူမှယုံတော့မည်မဟုတ်..။ဘေးနားကခက်သဇင်ရဲ့ပြောင်းလဲပေးမူတွေလဲပါမည်ထင်သည်..။ဝင်းမြင့်တို့အတွဲဟိန်းထက်ယံနားရောက်လာတော့
"သားသူငယ်ချင်းတွေထင်တယ်..စကားပြောလိုက်အုံး..မေမေ သားဖေဖေနောက်လိုက်သွားတော့မယ်.."
မေမေ ဟိန်းထက်ယံလက်မောင်းကိုတစ်ချက်ပုတ်ပြီးပွဲအတွင်းထဲသို့ဝင်သွားလေသည်..။
"Congratulationsကွာ..သားကြီးဖိတ်စာရတုန်းကယုံတောင်မယုံနိုင်ဘူး..ဒီလောက်မြန်သွားမယ်လို့မထင်ခဲ့တာ.."
ရင်ဘက်ကိုခပ်ဖွဖွထိုးလိုက်တဲ့ဝင်းမြင့်ကြောင့်ဟိန်းထက်ယံတစ်ချက်ရယ်လိုက်ရင်း
"သိတဲ့အတိုင်း..သောက်ကလေးလေးကြောင့်.."ဆိုတော့ ဝင်းမြင့်က "ကြားရင်လာသတ်နေမယ်"ဆိုပြီးဟက်ဟက်ပက်ပက်ရယ်သည်..။ဝင်းမြင့်နဲ့ သက်ဝေယံအကြောင်းပြောဖြစ်ရင်ကျောင်းတုန်းကအသုံးအနူန်းအတိုင်း"သောက်ကလေး"လို့ဘဲသုံးနေကျ။
"မင်းများနော်..ဂျပန်ကပြန်ရောက်ရောက်ချင်းကိုအိမ်ထောင်တန်းကျတော့တာဘဲ..ငါကျတော့အိမ်ထောင်ကျချင်တာတစ်ပိုင်းသေနေပြီ.ငါ့ကိုမယူသေးလို့သာ.."
ဝင်းမြင့်စကားကြောင့်ခက်သဇင်ကိုသတိထားကြည့်တော့ခက်ကအရင်ကအတိုင်းလန်းနေတုန်း..။ဝတ်ပုံစားပုံလေးလူကြီးဆန်လာတာကလွဲရင်ဘာမှသိပ်မပြောင်းလဲ..။
"ခက်ရယ်..ယူလိုက်ပါတော့ မဟုတ်ရင်ခက်လဲအပျိုကြီးစာရင်းဝင်တော့မယ်.."
"အိမ်ထောင်ပြုရင်အလုပ်တွေရူပ်တယ်..ဟိန်းရဲ့..လင်ကျွေးမူ..သားကျွေးမူတွေနဲ့လှအောင်ပအောင်ပြင်နိုင်တော့မှာမဟုတ်ဘူး.."
ညုတုတုလေသံလေးနဲ့ပြောလာတဲ့ခက်ကြောင့် မျက်နှာရူံ့မဲ့နေတဲ့ဝင်းမြင့်ကိုပုခုံးကိုသာခပ်ဖွဖွလှမ်းရိုက်လိုက်ရသည်..။
"နောက်ကျနေပြီ..ခုထိသတို့သားလေးက ထွက်မလာသေးဘူးလား??"
ဝင်းမြင့်ပြောမှနာရီကိုကမန်းကတမ်းငုံ့ကြည့်တော့တော်တော်နောက်ကျနေပြီ..။မြတ်ခင်းစိမ်းပေါ်ကခုံဝိုင်းအဖြူလေးတွေကိုလှမ်းကြည့်တော့ဧည့်သည်တွေတော်တော်လေးစုံနေကြပြီ။ခန္ဓာကိုယ်ပြည့်ပြည့်မှာအပြာရင့်ရောင်ဒူးအထက်ဂါဝန်ဝတ်ထားတဲ့ECမကပွဲကျင်းပရာနေရာကနေ ဟိန်းထက်ယံဆီသုတ်သုတ် သုတ်သုတ်နဲ့ပြေးလာပြီး
"ငါအကျွေးအမွေးအစီအစဉ်စထားလိုက်ပီနော်ဒါနဲ့သတို့သားလေးမလာသေးဘူးလား..မင်္ဂလာအချိန်ကျနေပြီလေ.."
"အေး..ငါလဲစောင့်နေတာဘဲ.."
ECအမေးကိုပြန်ဖြေရင်းဘောင်းဘီအိတ်ထဲကဖုန်းကိုဆွဲထုတ်ယူပြီးဖုန်းထုတ်ပြီး Babyဆိုတဲ့ Contact nameလေးကို နှိပ်ဖို့ပြင်လိုက်သည့်အချိန်။
"ဟဲ့..ဟိုမှာ.."ဆိုတဲ့အသံတစ်ခုကြောင့်ဖုန်းဆီကနေ အကြည့်ခွာပြီးမော့ကြည့်လိုက်သည့်အခိုက်အတန့်ခက်ရဲ့ပြူးကျယ်ဝိုင်းစက်သွားတဲ့မျက်ဝန်းတစ်စုံကိုသတိထားမိသွားသည်နှင့်အတူECမရဲ့လက်ညိုးညွန်ပြမူကြောင့်ဟိန်းထက်ယံနောက်ကိုလှည့်ကြည့်လိုက်တော့..မြစိမ်းရောင်မြက်ခင်းပြင်ထက်မှာလေပြည်တစ်စင်းလိုလျှပ်တိုက်လာတဲ့အဖြူရောင်အရိပ်တစ်ခုကိုမြင်လိုက်ရချိန်မှာ ဘယ်ဘက်နှလုံးသားဆီကသိမ့်ခနဲ။လက်ထဲကဖုန်းဟာအလိုအလျောက်ခုန်ထွက်သွားလေသလားမပြောတတ်..။ဖြူသွယ်တဲ့လက်ချောင်းတွေဆီမှာကအပြာနုရောင်နဲ့အဖြူရောင်တို့အချိုးကျရောစပ်သော နှင်းဆီတို့ကိုအနားသပ်ထားတဲ့Baby's breathပန်းပွင့်လေးကြားမှာကိုယ့်ရဲ့စိတ်အစဉ်ဟာငြိတွယ်သွားတာမျိုးShoulder off ဇာအဖြူအနားသပ်အကျႌလေးရဲ့အထက်မှာသွယ်ပြောင်းနေတဲ့ပုခုံးသားတွေနဲ့ လည်တိုင်ကျော့ကျော့ဟာတန်ဆာမဆင်ထားပါဘဲ သဘာဝကျကျတွဲဖက်ညီလွန်းလှသည်..။ချယ်ရီရောင်နူတ်ခမ်းဖူးဖူးလေးတွေနဲ့လိုက်ဖက်ညီစွာစတော်ဘယ်ရီရောင်သမ်းနေတဲ့ပါးပြင်နုနုတွေ..။အမြဲလိုရှေ့မှာဝဲကျနေတဲ့ဆံနွယ်အနက်လေးတွေကိုဘေးတစ်ဖက်ဆီကိုအသိမ်းခံထားရတာမို့ဖြူစင်နုဖက်နေတဲ့မျက်နှာသွယ်သွယ်လေးကအထင်းသား..။ခပ်နိမ့်နိမ့်လေးနဲ့ရိုးရိုးရှင်းရှင်းလေးထုံးထားတဲ့ဆံထုံးနားမှာပန်ဆင်ထားတဲ့Baby's breathပန်းပွင့်သေးသေးလေးတစ်ပွင့်စီတိုင်းဟာနှလုံးသားရဲ့ကမ႓ာဦးတေးသွားကိုခပ်တိုးတိုးလေးသီဆိုနေသလိုမျိုး.။ကောင်းကင်ထက်ဆီကAngelတစ်ပါးများနတ်သက်ကြွေလာတာလား??မျက်လွှာချထားတဲ့မျက်ဝန်းလှလှတွေဟာမျက်တောင်တစ်ချက်အပင့်မှာထင်းခနဲပေါ်ထွက်လာတော့..။
"ဟဲ့..ဟဲ့..လုပ်ပါအုံး..သတို့ထားမတ်တပ်ကြီးမေ့သွားပြီလားမသိဘူး.."
တခိုးခိုးတခိခိရယ်သံတွေနဲ့အတူနောက်ကျောကိုတအုန်းအုန်းလာပုတ်မှဘဲလူကသတိနဲနဲပြန်ဝင်ချင်သလိုလိုဖြစ်သွားပြီးမြက်ခင်းပေါ်ကျသွားတဲ့ဖုန်းကိုရှက်ရှက်နဲ့ကုန်းကောက်ရသည်..။အဲ့ကလေးလေး မျက်နှာကတော့ဖြင့်ပြုံးစိစိ..။သူ့ဘေးနားကမြတ်မွန်..မေလေး..နှင်းပွင့်တို့သုံးယောက်ကတော့မချိုမချဉ်မျက်နှာပေးမျိုးဖမ်းထားကြသည်..။ကြည့်လိုက်တာနဲ့တန်းသိပြီ..အဲ့သုံးကောင်လက်ချက်ဆိုတာ..။
"ဒါ...ဒါ..ဘယ်လိုဖြစ်ရတာလဲ??"
အူတူတူဖြစ်နေတဲ့ဟိန်းထက်ယံကိုကြည့်ပြီးသုံးကောင်သားထရယ်ကြလေသည်..။ဘာရယ်စရာပါလို့လဲ??ကိုယ့်ရဲ့သတို့သားကမိန်းကလေးလိုကြီးဝတ်လာမယ်ဆိုတာကိုတစ်ကောင်မှကြိုမပြောထားကြ..။မြတ်မွန်ကစ၍လက်ခုပ်လေးဖွဖွတီးပြီး
"Surprise!!!!"
ဟုတ်ပြီ..surprise..ဒါမျိုးကျရင်သုံးကောင်လုံးကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့စီစဉ်တာများနဲနဲလေးတောင်သတိမထားမိခဲ့ဒါမျိုးနူတ်ကလဲအင်မတန်လုံသည်.။ဟိန်းထက်ယံနဲ့သက်ဝေယံတို့ရည်းစားဖြစ်တုန်းကများ YUFLတစ်ကျောင်းလုံးကိုမောင်းတီးပြီးကြေညာပစ်တာ။ပြီးတော့ဘယ်လောက်တွေတောင်ဆွယ်ချလိုက်လဲလဲမသိ..။
"Crossdressဆို လန့်သွားပါပြီ"လို့ပြောခဲ့ဖူးတဲ့သက်ဝေယံကပါအလိုတူအလိုပါဖြစ်သွားသည်။မေလေးကမခို့တရို့လေးပြုံးပြီး
"ကိုယ်တွေသူငယ်ချင်းကြီးဒီတစ်ခါလဲကြွေကျသွားပြန်ပီ..."
"အဟမ်း.."
ချောင်းတစ်ချက်ဟန့်ရင်းပြုံးတုံးတုံးနဲ့အကျေနပ်ကြီးကျေနပ်နေတဲ့သက်ဝေယံဆီမှမျက်နှာလွှဲလိုက်မိသည်..။ကြွေကျသွားတာတော့အမှန်ဒါပေမဲ့ဝန်မှမခံချင်တာ..။ဘေးနားမှာရပ်နေတဲ့ခက်သဇင်ကသက်ဝေယံကိုကြည့်နေရင်း..သက်ပြင်းလေးတစ်ချက်ချရင်း
"ခုမှဘဲကွက်ကွက်ကွင်းကွင်းကိုသိသွားတော့တယ်..ဟိန်းကိုဘာလို့မရခဲ့တာလဲဆိုတာ.."
ဆိုလာတော့ဝင်းမြင့်ကခက်သဇင်ကိုမျက်မှောင်ကြုံ့ရင်းလှမ်းကြည့်လို့သူတို့နှစ်ကောင်သားအကြည့်တွေနဲ့တိုက်ပွဲဆင်နေသေးသည်..။ခဏနေမှ
"ငါတို့သွားထိုင်တော့မယ်.."
ဝင်းမြင့်တို့အတွဲ ပွဲအတွင်းဝင်သွားတော့မှဟိန်းထက်ယံ နှင်းပွင့်နားကမန်းကတန်းသွားပြီး
"နင်တို့ဒီလိုလုပ်တာကဟုတ်ပါပြီ..ဒါပေမဲ့သူ့မိဘတွေနဲ့အစ်မတွေက.."
သက်ဝေယံအမေကအစတည်းကသူ့သားယောကျင်္ားယူမယ်ဆိုလို့တစ်ခါမှတကယ်မရှိခဲ့ဖူးတဲ့သွေးတိုးရောဂါကြီးချက်ချင်းကြီးကောက်ဖြစ်နေပါတယ်ဆိုနေ..။သက်ဝေယံအဖေကတော့အစတည်းကခပ်အေးအေးမို့ အစ်မတွေလက်ခံတယ်ဆိုတည်းကဘာမှသိပ်မပြောဘဲလက်ခံခဲ့တာ..မနိုင်တာလဲပါမှာပေါ့လေ..နှင်းပွင့် က အေးဆေးပါဆိုတဲ့မျက်နှာပေးမျိုးနဲ့
"သူ့ဘက်ကမိဘတွေနဲ့သူ့အစ်မတွေကိုအကုန်အသိပေးပြီးသား..သူတို့ခွင့်ပြုလို့လုပ်တာပေါ့..နင်နဲ့နင့်ဘက်ကမိဘတွေ..ဧည့်သည်တွေကိုဘဲအသိမပေးတာ.."
ဒါဖြင့်တော်ပါသေးရဲ့..အခုမှအသက်ဝဝရူနိုင်တဲ့ဟိန်းထက်ယံကိုနှင်းပွင့်ကရယ်သွမ်းသွေးပြီး
"ဒီလိုမျိုး Crossdressလိုက်တာကနင်တို့နှစ်ယောက်စတွေ့ခဲ့တဲ့အမှတ်တရတစ်ခုအနေနဲ့မင်္ဂလာပွဲမှာပါဒီလိုလုပ်လိုက်တာ.."
အဲ့ဟာမလေးတွေIdeaတော့ကောင်းသား..စတွေ့တုန်းကလဲမိန်းကလေးပုံစံလေးနဲ့မို့လက်ထပ်တော့လဲသတို့သမီးဂါဝန်လေးနဲ့လက်ထပ်ခိုင်းရတယ်လို့..
"ဟုတ်တယ်..ပြီးတော့..အဲ့တုန်းကနင့်ရဲ့ရင်ခုန်သံတွေကိုပြန်ပြောင်းမြင်ယောင်လာစေချင်လို့.."
ခြေလှမ်းသုံးလှမ်းစာလောက်ဘဲကွာတဲ့နေရာကနေမြတ်မွန်မကလှမ်းအော်လေသည်မို့ဟိန်းထက်ယံခပ်ဟဟလေးရယ်မောလိုက်သည်..။မြင်ယောင်လွန်းလို့ဟိုဘက်ကမ်းတောင်လွန်သွားတယ်..။အဲ့တုန်းကထက်တောင်ပိုတဲ့ရင်ခုန်သံတွေဝုန်းဒိုင်းကြဲခဲ့သလားမသိ..။မင်္ဂလာဆောင်တော့မယ့်သတို့သားတစ်ယောက်သူ့လက်တွဲဖော်ကိုတွေ့လိုက်ရတဲ့ခံစားချက်ကိုအဲ့အပျိုကြီးမမလေးတွေကိုပြောလဲနားလည်မှာမဟုတ်ပါဘူး..။
"စတွေ့တည်းကချစ်ခဲ့တဲ့အချစ်တွေဟာခုချိန်ထိခိုင်မြဲနေသေးလို့ Congratulationsပါ.."
ဖြန့်ပြလာတဲ့နှင်းပွင့်ရဲ့လက်ဖဝါးကိုဆုပ်ကိုင်လူပ်ခါလိုက်ပြီးပြုံးရင်းနဲ့
"အေးပါ..."
"ကဲ..သတို့သားကြီးရေ..သတို့သားလေးကိုသွားခေါ်ပါအုံး.."
ECမ ပြောလာတဲ့အဆုံးမှာဟိန်းထက်ယံ ဒီနေ့အတွက်ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့အပြုံးတစ်ခုကိုဆင်မြန်းရင်းဂါဝန်ဖြူဝတ် Angelလေးဆီလှမ်းကြည့်လိုက်မိသည်..။ချယ်ရီရောင်အပြုံးတွေနဲ့မဟူရာရောင်မျက်ဝန်းပိုင်ရှင်ဆီခြေလှမ်းမည်လုပ်တုန်းရှိသေး..။
"ဟေ့.."
မေလေးက လက်လေးကာပြီးထအော်သည်မို့ဟိန်းထက်ယံလှမ်းလက်စခြေလှမ်းလေးရပ်တန့်သွားပြီးအူကြောင်ကြောင်ဖြစ်သွားသည့်ခဏမေလေးကလက်ညိုးလေးရမ်းခါပြပြီး
"ဆွဲမချွတ်နဲ့နော်.."ပူခနဲဖြစ်သွားတဲ့ပါးပြင်နှစ်ဖက်နောက်မှတခွိခွိရယ်သံတွေထပ်ထွက်လာပြန်သည်..အစုတ်ပလုတ်မတွေ..အတိတ်ဟောင်းကိုပြန်ဆွပြီး အရှက်ခွဲနေပြန်ပြီ.."အခုစိတ်ထိန်းထား..ဟိန်းထက်ယံညရောက်မှချွတ်.."
နှင်းပွင့်ကထပ်စပြန်သောကြောင့်ဟိန်းထက်ယံပါးတွေပူထူသွားရပြန်သည်..။ဒီတစ်ခါတော့ သူ့ပါးပြင်ထက်မှာပါစတော်ဘယ်ရီရောင်ဖြတ်ပြေးသွားသည်..။
"တော်ပါတော့..စမနေနဲ့တော့မင်္ဂလာအချိန်စနေပြီ..မြန်မြန်ထွက်ကြတော့.."
ECမရဲ့လောဆော်သံကြောင့်ခဏအနေမှာဘယ်ဘက်လက်မောင်းကိုချိတ်ကိုင်လာသောလက်ချောင်းတွေရဲ့အထိအတွေ့ဟာကုတ်အကျႌနဲ့ဇာလက်အိတ် နှစ်ခုခံထားတာတောင်သွေးကြောတွေထဲထိ စိမ့်ဝင်လာသည်..။သတို့သားအရံ..သတို့သမီးအရံတွေမပါဘဲပန်းကြဲတဲ့ကလေးလေးတစ်ယောက်နဲ့လက်စွပ်ဗန်းကိုင်ကလေးလေးတစ်ယောက်သာရှေ့ကဦးဆောင်လျှောက်သွားတဲ့မင်္ဂလာပွဲတစ်ခုစတင်ချိန်မှာED sheeranရဲ့ Thinking out loudတေးသွားတွေနဲ့အတူခြေလှမ်းနှစ်စုံဟာကတ္တီပါကော်ဇောနီထက်မှာယှဉ်တွဲလျက်တရွေ့ရွေ့ဖြူလွှလွှတိမ်စိုင်လိပ်တွေပန်းချီဆွဲနေတဲ့ကြည်ပြာရောင်မိုးကောင်းကင်ပြင်အောက်မှာရှင်းသန့်နေတဲ့သူ့မျက်နှာကိုခိုးပြီးမော့ကြည့်ရတာသက်ဝေယံအတွက်အကောင်းဆုံးဆုလာဒ်တစ်ခုလိုပင်..။ဆေးမဆိုးထားတဲ့နီညိုရောင်ဆံပင်တွေကိုအနောက်ကိုလှန်သိမ်းထားတဲ့အလျောက်ပြန့်ပြူးတဲ့နဖူးပြင်ဟာအထင်းသားတန်းနေတဲ့မျက်ခုံးတစ်စုံအောက်ကချောကလက်ရောင်မျက်ဝန်းတွေမှာကြည်နူးခြင်းအရိပ်အရောင်တွေဟာအပြည့်ခပ်ပါးပါးနူတ်ခမ်းတစ်စုံဟာအဖျားလေးတွေကော့တက်ပြီးပြုံးရောင်သမ်းနေတာမျိုး။အနောက်တိုင်းsuitအနက်ရောင်ဝတ်စုံလေးဟာမြင့်မားတဲ့သူ့အရပ်နဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်မှာလိုက်ဖက်လွန်းနေတာကိုတော့သက်ဝေယံမနာလိုလဲဘဲဝန်ခံရမည်..။သက်ဝေယံသာဝတ်လို့ကတော့၅'၅"အရပ်လေးနဲ့ပုတက်တက်လေးဖြစ်သွားမှာဘာရယ်မဟုတ်ဘဲတိတ်တိတ်လေးငုံ့ပြီးပြုံးလိုက်မိတာကိုပင်အသံထွက်မိသွားတော့
"ပျော်နေတာလား?ကလေး.."
တိုးတိုးကပ်ဝင်လာတဲ့အသံဖျော့ဖျော့လေးကြောင့် နားရွက်ဖျားလေးနွေးခနဲဖြစ်သွားရသည်။
"မပျော်လို့ကျွန်တော်ကစိတ်ညစ်ရမှာလား??"
ပျော်တယ် လို့ကြားချင်လို့မေးပါတယ်ဆိုမှလူကိုဘုဂလန့်လာတိုက်နေပြန်ပြီ..။ဟိန်းထက်ယံနူတ်ခမ်းကိုသာမဲ့ရွဲ့လိုက်ရင်းရှေ့မှာလှမ်းမြင်နေရတဲ့အဖြူရောင်စင်လေးကိုသာအာရုံစိုက်နေလိုက်တော့သည်..။သူ့ကိုမကြည့်တော့ဘဲပန်းဆီရောင်နှင်းဆီပွင့်ဖတ်လေးတွေထက်နောက်ထပ်သုံးလှမ်းလောက်လျှောက်လှမ်းပြီးချိန်မှာ..
"ခင်ဗျားသိလား??ကျွန်တော်အခုတော်တော်လေးအဆင်မပြေဘူး.."
အနားကိုကပ်ပြီးတိုးတိုးလေးကြိတ်ပြောလာတာကြောင့်ဟိန်းထက်ယံစိတ်ပူပြီးကမန်းကတန်းနဲ့
"ဘာဖြစ်လို့လဲ??"
"ဂါဝန်ကဝတ်ရတာအရမ်းလေးနေတယ်..ပြီးတော့အထဲကနေထည့်ထားတဲ့အခုအခံတွေကခုလုခုလုနဲ့ ဖိနပ်ကလဲခင်ဗျားအရပ်၆ပေကျော်ကိုမှီချင်ဇောနဲ့ ၅လက်မဒေါက်စီးထားတော့ခြေထောက်ကနာချင်နေပြီ..."
မျက်နှာကရူံ့မဲ့ပြီးစူထော်ထော်ဝက်နူတ်ခမ်းကပွစိပွစိနဲ့သူ့ခမျာဧည့်သည်တွေကြားမှာစိုးလို့ခပ်တိုးတိုးလေးပြောနေရသေးသည်..။တကယ်လဲအဆင်မပြေတဲ့ပုံလမ်းလျှောက်တာကနဲနဲထော့နဲ့ထော့နဲ့ဖြစ်နေသည်။လက်မောင်းကိုမှီပြီးတွဲလျှောက်တော့သူလုပ်တာနဲ့ ဟိန်းထက်ယံတောင်သူနဲ့အပြိုင် ထော့နဲ့ထော့နဲ့ဖြစ်ချင်နေပီ။
"ကိုယ့်ဒုက္ခကိုယ်ရှာလာတာလေ.ဘယ်သူကမင်းကိုအဲ့လောက်အမြင့်ကြီးဝတ်ခိုင်းလို့လဲ??"
"ကျွန်တော့်ကိုလာအပြစ်မပြောနဲ့!ခင်ဗျားအရပ်ကဘယ်လိုဖြစ်ပီး၆ပေ၁လက်မတောင်ဖြစ်သွားရတာလဲ??!!"
ဟုတ်တော့ဟုတ်နေပီ..။ရှည်လာတဲ့သုံးလက်မကိုဘဲသွားပြန်ဖြတ်ရတော့မလိုကိုပြောနေတာ။နောက်ဆုံးတော့လဲရှည်လာမိတဲ့အရပ်ပိုင်ရှင်ဟိန်းထက်ယံရဲ့အမှားဘဲပေါ့လေ..။ဆက်ပြောရင်ရန်ဖြစ်နေအုံးမည်မို့ဘာမှဆက်မပြောတော့ဘဲဘေးတစ်ဖက်တစ်ချက်မှာကဝိုင်းပြီးပြူးပြဲကြည့်နေတဲ့သူတွေချည့်ဘဲမို့မျက်နှာကိုပြုံးပြုံးလေးပြန်ထားပြီးဆက်လျှောက်နေသည်..။
"ခင်ဗျားကိုsurpriseဖြစ်စေရမယ်ဆိုလို့ကျွန်တော့်မှာအနစ်နာခံထားရတာ..ဒါပေမဲ့..ခင်ဗျားဖြစ်ပျကိသွားတဲ့ရုပ်ကြီးကရယ်ရတော့တန်တော့တန်သား..အူတူတူကြီးနဲ့လေ....အဟိ.."
သူ့ဟာသူ ပြောလဲပြော ပန်းစည်းကိုင်ထားတဲ့လက်တစ်ဖက်နဲ့ပါးစပ်ကိုအုပ်ပီးတခိခိရယ်နေပြန်ပြီ..လူကိုတမင်လိုက်ကလိနေတာသိသား..။
"အခုကျတော့ခြေထောက်နာတာမေ့သွားပီပေါ့လေ.."
ဟိန်းထက်ယံရွဲ့ပြောလိုက်တော့မျက်နှာလေးချက်ချင်းကိုပြန်ရူံ့မဲ့သွားပြီး
"အား..ခင်ဗျားပြောမှပြန်နာလာသလိုဘဲ"
လက်ထပ်ပွဲမှာ အိန္ဒြေမရဆုံးစုံတွဲဆိုဟိန်းထက်ယံနဲ့သက်ဝေယံတို့အတွဲကိုလက်ညိုးထိုးပြလို့ရလောက်သည်..။တစ်လမ်းလုံးပွစိပွစိနဲ့ပြောနေသည်အပြင်Face expressionတွေကဆယ့်နှစ်မျိုးဂျင်းသုပ်လိုကိုဖြစ်နေတာ..။ရယ်လိုက်တည်လိုက်ရူံ့မဲ့လိုက်နဲ့အဲ့ကလေးအဆိုးဆုံး..။
"ငြိမ်ငြိမ်နေတော့..လူတွေကြည့်နေတယ်.."
ဟိန်းထက်ယံကိုယ်လေးနဲနဲကိုင်းပြီးငုံ့ပြောလိုက်တော့မှသက်ဝေယံဟိုကြည့်ဒီကြည့်နဲ့"ဟုတ်သား.."ဆိုပြီးပါးစပ်လေးပြန်ပိတ်နေတော့သည်။ဖွင့်ထားတဲ့တေးသွားလေးအဆုံးသတ်သွားတဲ့နောက်အဖြူရောင်စင်လေးထက်မှာနှစ်ယောက်သား။တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်..။မင်္ဂလာပွဲအခမ်းအနားမှူးထံမှမင်္ဂလာအခါပေးမိန့်ခွန်းစတင်ဖတ်ကြားစဉ်မှာတော့ရှေ့ဆုံးဝိုင်းဆီကိုကြည့်မိတော့မေမေကလှမ်းပြုံးပြသည်..။ဖေဖေကထုံးစံအတိုင်းရူတည်တည်နဲ့သက်ဝေယံရဲ့အမေကတော့သံပုရာသီးကိုသာနှာခေါင်းထဲဝင်မတတ်ရူနေပြီးအစတည်းကခပ်အေးအေးနေတတ်တဲ့သက်ဝေယံအဖေကတော့ပုံမှန်အတိုင်းပင်..။အစ်မတော်လေးယောက်ကတော့ထမကရုံတမယ်ကိုပျော်နေဟန်ရပြီးဘာတွေပြောလို့ပြောနေသည်မသိ..။
"အီး...ဟီး...ဟီး..အဟင့်..ဟင့်.."
ဘေးနားကနေရိူက်ပြီးငိုချလိုက်တဲ့မြတ်မွန်ကြောင့်နှင်းပွင့်လန့်သွားပြီး
"ဟဲ့..ဟဲ့..ဘာဖြစ်တာလဲ???"
"Juju..jujuလေး"
ဒုက္ခပါဘဲ..သူ့ခမျာလဲသူ့jujuယောကျင်္ားရသွားလို့နှင်းပွင့်လဲအချစ်ဆုံးသူငယ်ချင်းကြီးကိုစာနာပေးနိုင်ပါသည်လေ။မြတ်မွန်ကျောလေးကိုအသာပွတ်သပ်ပေးရင်း
"မြတ်မွန်ရယ်..နင်jujuလေးကိုချစ်တာသိပါတယ် ..ဒီသူငယ်မရလဲတခြားသူငယ်ပေါ့.."
"ဘာတွေလာပြောနေတာလဲ??!!!!"
တစ်သျူးနဲ့နှပ်ချေးကို ညှစ်ချပြီးမြတ်မွန်ထအော်လို့ ကျောကိုပွတ်သပ်ပေးနေတဲ့နှင်းပွင့်လက်လေးတုန်သွားရသည်..။
"ငိုနေတာကဝမ်းသာလို့ဟ..ငါကိုယ်တိုင် ငါလက်နဲ့လုပ်ပေးထားတဲ့ဝတ်စုံလေးဝတ်ပြီးလက်ထပ်သွားတာ..အဟင့်..ဟင့်.."
"နင်ကလဲဟယ်..ငါတို့လဲဝမ်းသာတာဘဲ..ဒါပေမဲ့အရမ်းမငိုပါနဲ့..ဧည့်သည်တွေနဲ့ဟ.."
ညာဘက်ကမြတ်မွန်ကိုပြန်နှစ်သိမ့်နေတုန်းမှာရိူက်သံတစွန်းတစထွက်လာလို့ဘယ်ဘက်လှည့်ကြည့်တော့ဟာ..ဒီဘက်ကမေလေးကလဲကျလာတဲ့မျက်ရည်စလေးတွေကိုတစ်သျှူးလေးနဲ့တို့,တို့.ပြီး
"အဟင့်..ငါတို့အောင်သွယ်ပေးခဲ့တဲ့အတွဲလေးခုလက်ထပ်သွားပီ..ဘယ်လိုဘဲဖြစ်ဖြစ်အခုချိန်ထိ သူတို့ကိုsupportပေးနိုင်လို့ငါအရမ်းဝမ်းသာတာဘဲ."
ပြောရင်းနဲ့ခပ်လှမ်းလှမ်းကရပ်နေတဲ့အတွဲလေးဆီမေလေးလှမ်းကြည့်လိုက်မိသည်..။ဖြူနုနေတဲ့မျက်နှာပြင်ထက်ကသဘာဝဆန်ဆန်မိတ်ကပ်လေးဟာမေလေးကိုယ်တိုင်ဖန်တီးပေးခဲ့တာ..။
"နင်တို့နှစ်ကောင်အဲ့လိုငိုတော့ငါလဲဘယ်လိုထိန်းနိုင်တော့မလဲ??အဟင့်..ဟင့်.."
ပြောနေရင်းနဲ့နှင်းပွင့်တစ်ကောင်ထအော်ငိုလေသည်..။အလယ်ကနေပြဲနေအောင်ငိုနေတဲ့နှင်းပွင့်ကိုမြတ်မွန်ကတစ်ချက်နှာခေါင်းရူံ့လိုက်ရင်း
"ဒုက္ခဘဲ..သူကပိုအသံပြဲနေတယ်.."
"လာပါဟာ..တူတူငိုရအောင်.."
မေလေးကစပြောတော့သုံးကောင်သားဖက်ပြီးတအိအိနဲ့ငိုကြလေသည်..။ကြည်စင်နေတဲ့မျက်ဝန်းတစ်စုံထဲနစ်ဝင်သွားတဲ့အခိုက်အတန့်ဟာဘယ်လောက်ကြန့်ကြာသွားလဲမသိ။မင်္ဂလာအခါပေးမိန့်ခွန်းအဆုံးသတ်တော့မှသာပန်းနုရောင်ဂါဝန်နဲ့မျက်ဝန်းတောက်တောက်ကလေးမလေးကမ်းပေးလာတဲ့လက်စွပ်ဘူးလေးကိုဟိန်းထက်ယံလှမ်းယူလိုက်သည်..။လှပတဲ့အပြုံးတစ်စုံဟာမြက်ခင်းပြင်ကိုဖြတ်တိုက်လာတဲ့လေပြည်တွေအဝှေ့ဖြစ်ထွန်းသွားချိန်မှာတော့ဆင်တူရွှေရောင်မောင်းကွင်းလက်စွပ်လေးဟာနှစ်ယောက်လုံးရဲ့လက်သူကြွယ်တွေမှာနေရာယူနှင့်ပြီ..။
"ဖြောင်း...ဖြောင်း...ဖြောင်း ..."
ကျယ်လောင်လှတဲ့လက်ခုပ်တီးသံတွေရဲ့အဆုံးမှာ
"နမ်းပါ...နမ်းပါ...နမ်းပါ"
ဘယ်သူဆီကစတင်လိုက်မှန်းမသိတဲ့အသံတွေကထွက်ပေါ်လာသည်မို့ ပါးနှစ်ဖက်ဟာရှိန်းခနဲရဲတက်လာသည်..။မေမေအပါအဝင်လူကြီးတော်တော်များများကပြုံးပြီး ကြည့်နေကြသည်..။တချို့လူကြီးတွေကျတော့ပြုံးပြီးမျက်နှာတွေတောင်လွှဲသွားကြသေး ..။သူငယ်ချင်းတွေကတော့သိတဲ့အတိုင်းအားကြိုးမာန်တက်ကိုအော်နေကြတာ.။ဂွတော့ကျပြီ...။လူတွေဒီလောက်အများကြီးထဲမှာနမ်းရင်ရှက်စရာကြီး..။အင်း..ပါးလောက်တော့နမ်းလို့ရမယ်ထင်တယ်ဆိုတဲ့အတွေးတစ်ခုဝင်သွားတုန်းရှိသေး။
"အွန့်.."
ဘယ်ဘက်ပုခုံးကိုဆောင့်ဆွဲခံလိုက်ရတာနဲ့အတူဟိန်းထက်ယံနူတ်ခမ်းပေါ်ကိုဖိကပ်လာတဲ့နူးညံ့တဲ့နူတ်ခမ်းလွှာတစ်စုံ..။ဘာလုပ်ရမှန်းမသိ လက်ကားယားနဲ့မျက်လုံးပြူးနေတဲ့အချိန်မှာလည်ပင်းကိုပါသိုင်းဖက်ချလာတဲ့လက်တစ်စုံနဲ့အတူ ပိုပြီးတင်းကြပ်လာတဲ့အနမ်းတွေ။
"ဝိုး...သတို့သားလေးကစနမ်းတာ.."
"ရွှီ..ဖြောင်း..ဖြောင်း.."
လက်ဖျောက်တီးတာတွေရော..။လက်ခုပ်တီးတာတွေရောလက်ခေါက်မူတ်တဲ့အသံတွေရောစုပြုံပြီးထွက်ပေါ်လာသည်..။
"ပြွတ်စ်..!!"
နူတ်ခမ်းချင်းဆွဲခွာလိုက်တဲ့အချိန်မှာသက်ဝေယံဟာ ပြုံးတုံ့တုံ့မျက်နှာပေးလေးနဲ့ဟိန်းထက်ယံကိုကြည့်ပြီး..
"မနမ်းတာကြာလို့လားမသိဘူး..ပိုတောင်ချိုလာတယ်.."
ခပ်တိုးတိုးလေးပြောပြီးတော့မှလည်ပင်းကိုသိုင်းဖက်ထားတာကိုလွှတ်လိုက်ပြီးပွဲလာပရိသတ်ဘက်ကိုမျက်နှာမူကာရဲတက်လာတဲ့သူ့ရဲ့စတော်ဘယ်ရီရောင်ပါးပြင်လေးနှစ်ဖက်ကိုလက်နဲ့အုပ်ပြီးတခွိခွိနဲ့ရယ်နေလေသည်..။ဟိန်းထက်ယံမှာသာအူကြောင်ကြောင်နဲ့ဧည့်သည်တွေကိုပြုံးပြလိုက်ရသည်..။ထိုစဉ်မှာပင်
"ပန်းစည်းပစ်ပေးပါ..ပန်းစည်းပစ်ပေးပါ.."
မင်္ဂလာအခမ်းအနားကတောင်ပြီးပါပြီလို့မကြေညာသေးရှေ့ဆုံးကမြတ်မွန်တို့သုံးကောင်ဦးဆောင်ပြီးခုန်ဆွခုန်ဆွနှင့်တခြားသူတွေကလဲအလုအယက်စင်ပေါ်ကိုမတက်ရုံတမယ်တိုးဝှေ့နေကြပြီးပန်းစည်းပစ်ပေးဖို့ တောင်းဆိုနေကြပြန်သည်။လူတွေအများကြီးတိုးဝှေ့လာတော့သက်ဝေယံမျက်လုံးလေးပြူးပြီးအနောက်ကိုနှစ်လှမ်းလောက်ဆုတ်ပြီးတော့မှ
"Ok..ခဏ.ပစ်ပေးမယ်.."
သက်ဝေယံ အော်ပြောလိုက်ပြီးအနောက်သို့လှည့်ကာ..
"Ready ...one..two..three!"
အပြာရောင်ကောင်းကင်ပြင်ထက်ကိုစွန်တစ်ကောင်လိုဝဲပျံတက်သွားတဲ့အဖြူရောင်ဖဲကြိုးရှည်တပ်လက်ကိုင်ပန်းဆီမှာအားလုံးရဲ့အကြည့်ကရစ်ဝဲလျက်..။တရှိန်ထိုးပြန်ခုန်ဆင်းလာတဲ့မင်္ဂလာလက်ကိုင်ပန်းစည်းလေးဟာတစ်ယောက်သောသူရဲ့လက်ထဲကိုတန်းတန်းမတ်မတ်သက်ဝေယံနောက်ကိုပြူးတူးပြဲတဲနှင့်ပြန်လှည့်ကြည့်လိုက်တော့မင်္ဂလာလက်ကိုင်ပန်းဟာခက်သဇင်ရဲ့လက်ထဲမှာဘေးကလူတွေအကုန်လုံးပန်းစည်းကိုထိတောင်မထိလိုက်ရ..။ဧည့်သည်တွေနဲ့အပြိုင်ပျော်ပြီးလက်ခုပ်တီးနေကာရယ်နေတဲ့သက်ဝေယံကိုကြည့်ပြီးဟိန်းထက်ယံပြုံးမိသေးသည်..။အခုတော့လဲသက်ဝေယံနဲ့ခက်သဇင်ကြားကရန်တွေဟာပြေပျောက်သွားခဲ့ပြီလေ..။
"သူ့အရပ်ကြီးကလန်ကလားနဲ့လူကိုအတင်းတွန်းတာကို.."
မြတ်မွန်ကမကျေမနပ်ပွစိပွစိပြောနေတာကိုခက်သဇင်ကနူတ်ခမ်းရွဲ့ပြီးလျှာထုတ်ပြသည်..။
"ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ပန်းစည်းလေး..ရှင်သေချာသိမ်းနော်"
နှင်းပွင့်ကသူများဆီရောက်သွားတဲ့သူ့ပန်းစည်းသူဥစ္စာပြန်ခြောက်နေပြန်သည်..။
"ရှင် ဝင်းမြင့်ကို၆လအတွင်းလက်ထပ်ရင်လက်ထပ်မဟုတ်ရင်အပျိုကြီးဖြစ်ပီဘဲ!!"
"ဟင်.တကယ်ကြီးလား?၆လအတွင်း??"
မေလေးစကားအဆုံးမှာခက်သဇင်ပြူးပြူးပြာပြာဖြစ်သွားတဲ့ပုံကိုကြည့်ပြီးရယ်ကြရသေးသည်..။
"မင်္ဂလာပွဲအခမ်းအနားအောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ.."
မိန့်ခွန်းပြောတဲ့ဆရာရဲ့ကြေညာချက်အဆုံးမှာလက်ခုပ်သံတွေကြားထဲကနေလက်ဖဝါးနုနုကိုအသာဆုပ်ကိုင်မိလိုက်တော့စောင်းငဲ့ကြည့်လာသည့်ပန်းသွေးရောင်မျက်နှာလေး။Peach colorပါးနီဟာလဲသဘာဝအတိုင်းရဲနေတဲ့မျက်နှာလေးကိုဖုံးအုပ်ခြင်းငှာမစွမ်းသာတော့။
"ကိုယ်တို့တွဲထားတဲ့လက်တွေဟာဒီနေ့အထိဒီအခိုက်အတန့်လေးအထိခိုင်မြဲခဲ့တာယုံတောင်မယုံနိုင်ဘူး.."
တစ်နေရာကိုငေးကြည့်နေတဲ့မျက်ဝန်းတွေကိုသက်ဝေယံမော့ကြည့်နေမိစဉ်ပန်းရောင်နူတ်ခမ်းနုနုပါးပါးကထွက်ကျလာတဲ့စကားလုံးတိုင်းဟာအကြားအာရုံတွေကတဆင့်သက်ဝေယံရဲ့နှလုံးသားဆီကိုရိုတ်ခတ်နေပြီ..။
"ဆက်တွဲပေးထားပါ..ရှေ့ဆက်ရမယ့်နေ့ရက်တွေမှာလည်းအတူတူရှိနေနိုင်ဖို့.."
လက်ကိုပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံလိုက်ယတဲ့အခါသက်ဝေယံရဲ့နူတ်ခမ်းဆီကအပြုံးကြောင့်မို့တက်သွားတဲ့ပါးမို့လေးတွေကိုသူမြင်သွားခိုက်မှာ အသံမထွက်ဘဲသူရယ်တော့သက်ဝေယံခေါင်းကအလိုအလျောက်ညိမ့်မိသွားသည်။မျက်ဝန်းတွေချင်းဆုံရုံနဲ့တင်နားလည်နိုင်ပြီဟုသတ်မှတ်ထားတဲ့အခြေအနေတစ်ခုမှာပထမဆုံးလှေကားထစ်ကိုနှစ်ဦးသားပြိုင်တူနင်းလိုက်မိသည်..။
"အာ..ခဏ"
သူ့ဆီကထွက်ကျလာတဲ့အသံကြောင့်လက်တစ်ဖက်ကမထားတဲ့ဂါဝန်စကိုအသာပြန်ချရင်းသက်ဝေယံယောင်တောင်တောင်လေးလှည့်ကြည့်မိသည်။
"မင်းခြေထောက်နာနေတယ်ဟုတ်.."
လေပေါ်မြောက်တက်သွားတဲ့ခံစားချက်တစ်ခုကြောင့်လက်နှစ်ဖက်လုံးကအလိုအလျောက်သူ့လည်ပင်းကိုသိုင်းဖက်ပြီးသား..။ဝိုင်းစက်သွားတဲ့မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားတဲ့ကလေးနဖူးပေါ်ကို ဟိန်းထက်ယံအနမ်းဖွဖွလေးတစ်ခုပေးလိုက်ပြီး..
"သေချာဖက်ထား.."
ကတ္တီပါကော်ဇောပြင်ထက်ခြေချလိုက်မိချိန်မှာတော့ပရိသတ်အပေါင်းတို့ကအလိုလိုဘေးကိုဖယ်ပေးကြသည်..။မြက်ခင်းပြင်ကိုဖြတ်သန်းလာတဲ့လေပြည်တွေနဲ့အတူခြေလှမ်းတွေကိုအရှိန်တိုးမြင့်လိုက်ချိန်မှာတော့အဖြူရောင်ဇာဂါဝန်အောက်ဖျားစဟာလှစ်ခနဲ..။သောင်းသောင်းဖျဖျလက်ခုပ်သံတွေကြားမှာထပ်တူကျနေတဲ့နှလုံးသားတစ်စုံဆီကပြိုင်တူပွင့်လန်းနေတဲ့အပြုံးတွေ..။အနီရောင်ကတ္တီပါကော်ဇောအဆုံးမှာအမျိုးစုံသောပန်းတွေနဲ့ ဆင်ထားတဲ့နှစ်ယောက်အတူဝင်လာခဲ့တဲ့ဝင်ပေါက်လေး..အဲ့တာကိုကျော်လွန်ပြီးတခြားတစ်ဖက်ဆီမှာတော့နှစ်ယောက်အတူတည်ထောင်မယ့်ကမ႓ာတစ်ခုဟာဟိန်းထက်ယံနဲ့သက်ဝေယံကိုစောင့်ကြိုနေလျက်....။L❤VE in the 1st sightThat special person who enter Your life out of nowwhere..But suddenly means the World to you..Believe..it..Love is juz a kind of mystery..It only took a second to fallIn love.........................The End.........................ThetTantYoung's noteဒီficစတင်ရေးတဲ့ကာလဟာဟိန်းထက်ယံနဲ့သက်ဝေယံတို့စတင်တွေ့ဆုံတဲ့2017ကိုအခြေတည်ထားပါတယ်၈နှစ်အကြာမှာလက်ထပ်ပါတယ်ဆိုတော့ 2025ဟိန်းထက်ယံက ၂ရနှစ်သက်ဝေယံက ၂၅နှစ်ပါဒီficမှာတကယ်လက်ထပ်သွားတဲ့ပုံစံနဲ့ရေးထားတာပါ..မြန်မာနိုင်ငံမှာအခုချိန်ထိ လိင်တူလက်ထပ်ခွင့်တရားဝင်မရှိသေးပါဘူး.ဒါပေမဲ့ 2025မှာတရားဝင်ရှိမယ်လို့မျှော်လင့်မိပါတယ်ဒါလေးတော့နားလည်ပေးစေလိုတယ်တန့်ဇာတ်ကောင်လေး နှစ်ယောက်ကိုတကယ်လက်ထပ်သွားစေချင်လို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်😇