L❤VE in the 1st sight(Complet...
By ThetTantYoung
2.2M 149K 8.9K
UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
ThetTantYoung's appology
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32(ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
Building the love bond💋
Leaving the best memories👣
Love Reborn-1
Love Reborn-2
Love Reborn-3
Love Reborn-4
Love Reborn-5
အချစ်ဆုံးReaderများသို့ပေးစာ✉
preorderအကြောင်းအသိပေးကြေညာခြင်း
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-31 (Unicode)
Part-32 (Unicode)
Building the love bond💋 (Unicode)
Leaving the best memories👣 (Unicode)
Love Reborn-1 (Unicode)
Love Reborn-2 (Unicode)
Love Reborn-3 (Unicode)
Love Reborn-4 (Unicode)
Love Reborn-5 (Unicode)
Part-30 (Unicode)
9.1K 759 31
By ThetTantYoung
"ဒါကဂျပန်တက္ကသိုလ်ကိုဝင်ခွင့်ရတဲ့အတွက် Cheers.."
သူငယ်ချင်းတွေနဲ့ဟိန်းထက်ယံဖန်ခွက်ချင်းတေ့လိုက်ပြီးမော့သောက်လိုက်တော့..colaရဲ့ချိုတိုတို စူးရှရှအရသာဟာလည်ချောင်းတစ်လျှောက်စီးဆင်းသွားသည်..။
"အရက်သမားကိုရည်းစားမတော်နိုင်ဘူး!!"
ရှေ့မှာထိုင်နေတဲ့ကိုယ်တော်ချောလေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကကြိမ်းခဲ့တဲ့စကားကြောင့်ဘေးကသူငယ်ချင်းတွေကအတင်းကာရောလိုက်တိုက်နေတာကိုအားနာပေမယ့်လဲအဲ့ကလေးမျက်နှာထားကိုအကဲခတ်ပြီးငြင်းငြင်းနေရတဲ့အဖြစ်..။သူငယ်ချင်းတစ်ယောက်ကသူ့ဘီယာခွက်ကိုဟန်ပါပါမြောက်ရင်း
"ငါတို့ကောင်ကြီးကတကယ်အပိုးကျိူးသွားတာပါကွာ"
"အေးပေါ့..ကောင်လေးချောချောလေးရထားတာဘဲအဲ့လောက်တော့စကားနားထောင်ပေါ့.."
သူငယ်ချင်းနှစ်ယောက်အပြန်အလှန်ပြောတဲ့စကားကိုဟိန်းထက်ယံပြုံးပြီးသာနားထောင်နေလိုက်သည်..။လက်ထဲကcolaခွက်လေးကတော့သနားစရာ..LGBTဆိုတာကိုအခြေအနေတစ်ခုအထိလက်ခံလာပြီဖြစ်တဲ့အချိန်မှာဟိန်းထက်ယံရဲ့အတန်းဖော်သူငယ်ချင်းတွေကလဲအကုန်နားလည်ပေးလာကြသည်..။ပတ်ဝန်းကျင်ဒဏ်ကတော့အထိုက်အလျောက်ခံရပေမဲ့ စိတ်ရူပ်ခံပြီးဂရုစိုက်မနေတော့..။နောက်တစ်ပတ်လောက်နေရင်ဂျပန်သွားရမှာဖြစ်တဲ့အတွက်ကြောင့်နဲနဲရင်းနှီးနေတဲ့သူငယ်ချင်းတွေကိုရွှေကောင်းမှာသီးသန့်အခန်းတစ်ခုနဲ့ကျွေးမွေးနေရခြင်း။ရင်းနှီးနေတဲ့သူငယ်ချင်းဆိုရုံလောက်မို့၁ဝယောက်လောက်သာရှိသည်..။ဝင်းမြင့်ရောနှင်းပွင့်ရောကအိမ်ပြန်နောက်ကျလို့အဆင်မပြေဘူးဆိုပြီးခုနကတင်ပြန်သွားကြပြီ..။Officialဆိုတဲ့အရာကိုမိန်းကလေးတွေဘဲသဲသဲလူပ်အဖြစ်သည်းတယ်ထင်တာအဲ့ကလေးလဲအဖြစ်သည်းတာဘဲ..။သူ့များမခေါ်မိရင် Silentတွဲတာလားဆိုတာကပါလာတာမို့ ခုပွဲလဲသူ့ကိုခေါ်ရသည်..။ခေါ်သာခေါ်ရတာ..။သက်ဝေယံကတော့ဟိန်းထက်ယံအနားမှာမရှိမြတ်မွန်နဲ့မေလေးတို့နှစ်ကောင်ကြားညပ်ထိုင်နေပြီး ..မမတွေရဲ့အချစ်တော်ပီပီဟိန်းထက်ယံရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့တရုံးရုံး။ဘာတွေပြောလို့ပြောနေသည်တော့မသိတခွိခွိရယ်နေပြီးတစ်ချက် တစ်ချက်တော့ဟိန်းထက်ယံဘက်ကိုမျက်လုံးလေးစွေကြည့်တာတွေ့နေရသည်..။
"ဟေ့ကောင်..မင်းတို့ဟိုလိုဒီလိုဖြစ်ပြီးပီလား??"
သူငယ်ချင်းတစ်ယောက်ကနား,နားကပ်ပြီးခပ်တိုးတိုးကြိတ်မေးတဲ့မေးခွန်းအဆုံးမှာဟိန်းထက်ယံတစ်ချက် ရယ်ပြီးခေါင်းခါပြလိုက်သည်..။ပြောရင်သူတိူ့ယုံမှာတောင်မဟုတ်မိန်းကလေးexတွေနဲ့ပတ်သက်ပြီးလက်ရဲဇက်ရဲရှိခဲ့တဲ့အကောင်ကအဲ့ကလေးအလှည့်ကျမှ မျက်နှာကလွဲပြီးဘယ်နေရာမှမနမ်းဖူးဘူးဆိုတာ..ကျောင်းပိတ်တဲ့လတွေဆိုတောင်ကြီးပြန်ရင်တောင်အလွန်ဆုံးတစ်ပတ်..။ပြီးရင်ရန်ကုန်ပြန်လာပြီးသင်တန်းတူတူတက်ရင်းတစ်အိမ်တည်းနေဖြစ်တာများတာမို့တော်တော်များများက Living Togetherလို့တောင်ထင်ကြသည်။နေတာတော့နေတာဘဲ..။အချိန်တန်တော့ သူလဲကုတင်နဲ့ကိုယ်လဲဆိုဖာနဲ့။
"ဟာကွာ..ညံ့လိုက်တာ!!ငါနဲ့သာနေရာချင်းလဲလိုက်ချင်တယ်.."
ကြိတ်မနိုင်ခဲမရဟန်ပန်နဲ့ပြောလာတဲ့ကောင်ကိုရှေ့ကပုလင်းတွေကိုလက်ညိုးထိုးပြပြီး
"ဟေ့ကောင်..ရှေ့မှာရှိနေတာမင်းတို့မြိုထားတဲ့ပုလင်းတွေနော်.."
"ဟိန်းထက်ယံ..ဒီမှာ..လုပ်အုံး!!"
ECမ လှမ်းခေါ်တဲ့အသံကြောင့်အဲ့အကောင်တွေကိုကြိမ်းနေရင်းဟိန်းထက်ယံလှည့်ကြည့်လိုက်တော့
ငင် !!မေလေးပုခုံးကိုဆွဲဖတ်ပြီးအတင်းနမ်းဖို့လုပ်နေတဲ့သက်ဝေယံ..။မေလေးအတင်းတွန်းဖယ်နေရင်းနဲ့
"ဟဲ့အကောင်..ဒီမှာ..လုပ်အုံး!!!"
ဟိန်းထက်ယံထိုင်နေရာမှမြန်မြန်ထပြီးအဲ့ကလေးမျက်နှာကြီး မေလေးမျက်နှာနားမရောက်ခင်မှာတွန်းဖယ်ပစ်လိုက်ရသည်..။တော်သေးလို့..လက်မတင်လေးမေလေးရည်းစားသာသိလို့ကတော့မျက်ခွက်စုတ်မယ့်ကိန်း..။တွန်းလိုက်တဲ့အရှိန်နဲ့သက်ဝေယံတစ်ပတ်လည်ပြီးတော့မြတ်မွန်ဆီရောက်သွားသည်..။
"အမမြတ်~~မွန်.!!"
မြတ်မွန်မျက်လုံးလေးကလယ်ကလယ်နဲ့
"အင်း..juju.."
သက်ဝေယံမျက်လုံးလေးတွေမှိတ်သွားတဲ့အထိပြုံးလိုက်ပြီး
"Daisuki..!!"
"ဟယ် ..jujuကငါ့ကိုချစ်တယ်တဲ့!"
သေစမ်း!!အစုတ်ပလုတ်မ..။သူကပါးစပ်ကိုလက်ဝါးနဲ့အုပ်ပီးတော့တောင်ထရယ်နေသေး။ဟိန်းထက်ယံမှာသာနူတ်ခမ်းကိုတစ်တောင်လောက်ရှေ့ကိုထော်ပြီးမြတ်မွန်ဆီအတင်းကုန်းရုန်းသွားနေတဲ့သက်ဝေယံကိုအတင်းနောက်ကဖမ်းဆွဲထားရတာ..။
"နင်တို့ဘာတွေတိုက်ချလိုက်တာလဲ??"
ECဘက်ကိုလှည့်မေးတော့ECကလက်မနဲ့လက်ညိုးလေးထိပြပြီး
"Black spyနဲနဲလေးတိုက်လိုက်တာ.."
ကျော်လို့မကောင်း..ကြားလို့မကောင်းBlack spyလောက်နဲ့ လူမြင်မကောင်းအောင်မူးရတယ်လို့အေးပေါ့လေ..တစ်ခါမှအဲ့တာတွေမသောက်ဖူးတဲ့အူရိုင်းကိုသွားတိုက်ချလိုက်တော့..ပြီးတော့ဒီကလေးမူးရင် ကြမ်းတာကတစ်မျိူး။ချစ်တယ်ပြောပြီးအတင်းလိုက်ဖက်နမ်းတာ။အနောက်ကခါးကိုကုန်းရုန်းဆွဲဖက်ထားတာတောင်
"မမတွေကိုချစ်တယ်!!!"
အော်ပြီးတွေ့ရာမိန်းကလေးလိုက်ဆွဲဖို့လုပ်နေပြန်သည်မို့မိန်းကလေးတော်တော်များများလဲလန့်ဖျန့်ပြီးချောင်ကပ်ကာကြည့်နေသည်..။မြတ်မွန်မကသာထိုင်နေရာကမထတာ..!သီးသန့်ခန်းယူထားလို့တော်တော့သည်။မဟုတ်ရင်တစ်ဆိုင်လုံးပွဲဖြစ်မယ့်ကိန်း..ကိုယ့်ကိုယ်ကျမသောက်နဲ့တဲ့ ..။သူကျသောက်သည်..။ဒါကလဲဟိုမိန်းမတွေအတင်းတိုက်တာနေမှာဟုသာတွေးလိုက်ပြီး
"EC .ငါသူ့ကိုအပြင်ခေါ်ထုတ်သွားတော့မယ်.."
"ဘယ်~သူက~~ငါ့ကိုခေါ်ထုတ်မှာလဲ??!!"
အမယ်..လေသံကအာလေးလျှာလေးတာတောင်ခပ်မာမာနဲ့နောက်ပြန်လှည့်ပြီးတောင်ရန်ထောင်လိုက်သေး..။
"ငါ..ငါ..!!"
ဟိန်းထက်ယံကိုမျက်ခုံးလေးတစ်ဖက်ပင့်ကြည့်ပြီးပြီးမှမှတ်မိသွားတဲ့ပုံနဲ့
"အာ..ခင်~ဗျား~~ကိုး..လူယုတ်မာကြီးအဟီး..ခင်~ဗျားကိုလဲချစ်~~တယ်..အာ..."
လည်ပင်းကိုလာဖက်ပြီးအတင်းအာဝါးပေးဖို့လုပ်နေတဲ့သူ့မျက်နှာကိုဖယ်ပစ်လိုက်ပြီးကောက်ပွေ့ပစ်လိုက်သည်..။
"ခင်~ဗျားက~ကျွန်တော်နမ်းတာမခံဘူး..နောက်မှ~~တွေ့~~မယ်..အဲ့..ကျွန်တော့်~~လွယ်အိတ်..ကျွန်တော့်."
ရင်ခွင်ထဲပွေ့ချီထားတာကိုအတင်းတွန့်လိမ်ရုန်းကန်ပြီးသူ့ကျောပိုးအိတ်ကိုအတင်းတောင်းနေသေးသည်..။မူးနေတာတောင် ဥစ္စာကခြောက်နေသေး။
"နောက်မှယူတော့!!"
"မ~ရဘူး~~~အရေး~~ကြီးတာပါတယ်အဲ့ထဲမှာ~~.အေ့"
ပွေ့ချီထားတာတောင်အတင်းအောက်ကိုကုန်းရုန်းဆင်းသည်..။ကျော်ပိုးအိတ်မှမရရင်ဒီသောင်ကမ်းကသူခွာနိုင်မှာမဟုတ်သည်မို့..မြတ်မွန်လှမ်းပေးတဲ့သူ့ကျောပိုးအိတ်လေးကိုဟိန်းထက်ယံလှမ်းယူပေးလိုက်သည်..။အဲ့တော့မှသူ့ကျောပိုးအိတ်သူရင်ခွင်ထဲပိုက်ပြီးပြန်ငြိမ်ကျသွားပြန်သည်..။.....................".........."
ဟိန်းထက်ယံ သက်ဝေယံကိုမျက်လုံးပြူးပြီးကြည့်တော့ .
"ဘာ~ကို~~လာကြည့်တာလဲ??!!ခင်ဗျားအိမ်~~သွားမို့..ဦး~လေးကြီး~~ကျွန်~~တော်ပြောတဲ့နေရာ~~သာပို့ပေး.."
အာလေးလျှာလေးနဲ့ပြောလာတဲ့အဆုံးမှာဟိန်းထက်ယံဘာမှထပ်မပြောတော့အစက သူ့အိမ်ဘဲပြန်ပို့ပေးမလို့အခုတော့သူ့အမေကိုဖုန်းဆက်ပေးရုံဘဲပေါ့..။မနတ်မှအိမ်ပြန်ပို့ပေးရမှာဘဲ..။Skillတော့ Skillမူးတာတောင် ဟိန်းထက်ယံအိမ်ရဲ့လိပ်စာကိုတော့မှတ်မိနေရောဘဲ..။အရူးပါးဘဲရှိမယ်ထင်တာ..အမူးပါးလဲရှိနေသား..။Taxiပေါ်မှာမသောင်းကျန်းဘဲငြိမ်ငြိမ်လေးလိုက်လာတာဘဲကျေးဇူးတင်ရမယ်။Taxiသမားကိုပါဆွဲဖက်နမ်းရင်ကားaccidentတွေဖြစ်ပြီးနှစ်ကောင်လုံးမာလကီးယားအုံးမှာ။တိုက်ခန်းကိုရောက်တော့မူးရူးနေတဲ့သူကိုကောက်ပွေ့ပြီးတော့သာကုတင်ပေါ်ပစ်တင်ထားလိုက်ပြီးအကျႌလဲဖို့ဗီရိုဆီသွားလိုက်သည်..။သက်ဝေယံကုတင်ပေါ်မှာဟိုလှိမ့်ဒီလှိမ့်လုပ်နေရင်းနဲ့အကျႌဆွဲထုတ်နေတဲ့ဟိန်းထက်ယံကိုကြည့်ပြီး
"ခင်~ဗျားအဲ့တာဘာ~လုပ်နေတာလဲ??"
"အကျႌလဲမလို့ဟေ့..!!"
ဟိန်းထက်ယံအကျႌကိုခပ်မြန်မြန်ဆွဲချွတ်ပြီးညဝတ်အကျႌအကွက်လေးကိုဝတ်လိုက်ရင်းလှည့်ပြီးအော်ပေးလိုက်သည်..။ဒုက္ခဘဲ!!အကျႌလဲတာလဲလိုက်အမေးခံနေရတဲ့ဘဝ.။
"အာ...နောက်လဲ~ချွတ်ရမှာဘဲကိုလဲမနေနဲ့.."
နောက်ဆုံးကြယ်သီးတစ်လုံးကိုတပ်လက်စဟိန်းထက်ယံလက်တွေရပ်တန့်သွားရသည်..။ဘာသဘောနဲ့များ..အာ..လျှောက်မတွေးနဲ့!!ခေါင်းကိုခါပြီးရေသောက်ချင်သလိုဖြစ်လာလို့လဲဖို့လုပ်နေတဲ့ဘောင်းဘီကိုခဏပစ်ထားလိုက်ပြီးရေခဲသေတ္တာနားကိုအသွား
"ဟေ့..လူကြီး..ဘယ်သွားမလို့လဲ??"
ကိုယ့်ဟာကိုယ်ရေသောက်ချင်လို့သွားလဲအနောက်ကလှမ်းခေါ်နေပြန်ပြီ..။
"သွားအိပ်တော့မလို့ဟေ့..အိပ်တော့မလို့!"
"မအိပ်နဲ့..ကျွန်တော်နဲ့လာအိပ်.."
ရွဲ့ပြောတာကိုလဲရွဲ့ပြောမှန်းမသိဘဲကုတင်ပေါ်ကနေကုန်းရုန်းထပြီးအတင်းလက်ယပ်ခေါ်နေပြန်သည်။
"မူးနေရင်ကိုယ့်ဟာကိုယ်အိပ်တော့!လာမရစ်နဲ့"
သူ့နဖူးကိုတစ်ချက်တွန်းပစ်လိုက်တော့နောက်ကိုပစ်လဲကျမလိုဖြစ်သွားပြီမှလက်ကိုအတင်းဆွဲထားပြီး
"ခင်~ဗျား ~~ကုတင်ပေါ်~တက်မှာလား??~မတက်ဘူးလား??!!"
အမ်..မျက်မှောင်ကိုအကြီးအကျယ်ကုပ်ပြီးကိုကြည့်နေတာ..။
"လာ~~ပါဆိုနေ!!!
လက်ကိုဆောင့်ဆွဲပစ်လိုက်တာဟိန်းထက်ယံကုတင်ပေါ်ကိုမှောက်ရက်ပြုတ်ကျသည်..။ဝမ်းဗိုက်ဆီကအောင့်တက်သွားတဲ့နာကျင်မူကိုခံစားနေလို့မှမဆုံးသေး..။ပုခုံးကိုအတင်းလာဆွဲပြီးလူကိုဆွဲလှန်ပစ်သည်..။မျက်စိတမှိတ်အတွင်းမှာပင်ဟိန်းထက်ယံကုတင်ပေါ်မှပက်လက်အနေအထား။သူကအပေါ်ကနေခွလျက်စောင်အမူးသမားက အားကျတော့သန်သား..!!ရင်ဘတ်နားကကော်လံစကအဲ့ကလေးလက်ထဲကိုအလိုအလျောက်ပါသွားပြီး
"ခင်~ဗျားကို ကျွန်~တော်ကဂျပန်ကိုဒီအတိုင်းလွှတ်~~လိုက်မယ်ထင်နေတာလား??!!"
မှေးစင်းကြည့်နေတဲ့ သူ့ရီဝေဝေမျက်ဝန်းထဲမှာကအရောင်တွေတဖျတ်ဖျတ်နဲ့ဖြူဖွေးနုဖတ်နေတဲ့ပါးပြင်လေးနှစ်ဖက်ကဆေးနီတွေဖြန်းပက်ထားသလိုကိုနီရဲတွတ်နေသည်...။နှာခေါင်းလုံးလုံးလေးကလဲထိပ်မှာခရမ်းချဉ်သီးလေးတပ်ထားတဲ့အတိုင်း..။Black Spyက သူ့အပေါ်မှာအဲ့လောက်ဘဲ effect သက်ရောက်သွားတာလား??အဖြူနုနုပေါ်မှာအနီရောင်ယှက်ပြေးနေတဲ့ပန်းချီကားတစ်ချပ်ဆီကနေဟိန်းထက်ယံအကြည့်မလွှဲနိုင်တော့..။မျက်တောင်နက်ရှည်ရှည်လေးတွေနဲ့ရီဝေဝေမျက်လုံးပိုင်ရှင်ကသူ့လက်ချောင်းသေးသေးလေးတွေနဲ့နူတ်ခမ်းဆီကိုအသာလေးတို့ထိလာသည်..။ဒီလောက်ဆိုသဘောပေါက်သွားပြီ..။သူကအရင်စလာမှတော့ဟိန်းထက်ယံကလဲဘာအသားနဲ့ထုထားတာမို့လို့လဲ??
"မင်းအရင်လာစတာနော်..ကလေး.."
နူတ်ခမ်းလေးတွန့်ကွေးရုံတစ်ချက်ပြုံးပြီးပြောလိုက်တော့သူကခေါင်းကိုမော့ သွားဖြူဖြူလေးပေါ်တဲ့အထိရယ်ပြီးတော့မှ
"အဟက်...ခင်~ဗျားစိတ်မပျက်စေရပါဘူး.."
သက်ဝေယံအောက်နူတ်ခမ်းကိုတစ်ချက်ကိုက်ပစ်လိုက်ပြီးဝတ်ထားတဲ့မီးခိုးရောင်တီရှပ်လေးကိုဆွဲချွတ်ပြီးအနောက်ကိုလွှတ်ပစ်လိုက်သည်..။ပြီးတော့ဟိန်းထက်ယံရဲ့ရင်ဘက်နားကကော်လံစကိုဆောင့်ဆွဲယူကာ
"စရအောင်..!!"
(နဲနဲလေး..matual warningပါမယ်နော်)
ဟိန်းထက်ယံမျက်ခုံးနှစ်ဖက်ပင့်တက်သွားပြီးဘာမှတောင်ပြန်မပြောနိုင်လိုက်ခင်..ပါးနှစ်ဖက်ကိုသူ့လက်နဲ့ကိုင်ပြီးနူတ်ခမ်းတစ်ခုလုံးကိုစုပ်ယူပစ်လိုက်သည်..။နွေးထွေးတဲ့အရာတစ်ခုကပါးစပ်ထဲမှာနေရာအနှံ့လိုက်ပြီးမွှေနှောက်လာတော့အပေါ်မှာတက်ခွထားတဲ့သူ့ခါးကိုဟိန်းထက်ယံအလိုက်သင့်လေးပြန်ဖက်ပေးထားလိုက်သည်..။စည်းချက်မမှန်တော့တဲ့ရင်ခုန်သံတွေကိုပြန်ကာရန်ညှိဖို့ဟိန်းထက်ယံကြိုးစားမနေတော့..နူးညံ့တဲ့နူတ်ခမ်းလွှာရဲ့ခေါ်ဆောင်ရာနောက်ကိုသာလိုက်ပါနေမိသည်..။
"အ!"
ဟိန်းထက်ယံတစ်ချက်အော်မိတော့စင်းကျနေတဲ့သူ့မျက်တောင်လေးတွေဖျတ်ခနဲအပေါ်သို့ပြန်တက်လာသည်..။မအော်ဘဲခံနိုင်ရိုးလား??နူတ်ခမ်းတစ်ခုလုံးကိုJellyဝါးသလိုကိုကိုက်ဝါးနေတာ..ရှိနေတဲ့feelတောင်ပျောက်ထွက်သွားတယ်..။ဟိန်းထက်ယံနာသွားမှန်းသိတော့သူမချိပြုံးလေးတစ်ချက်ပြုံးပြီးနားရွက်ဖျားကိုဖွဖွလေးလှမ်းကိုက်သည်..။ပြီးတော့လည်ပင်းတွေဆီ..လျှာဖျားလေးနဲ့မထိတထိလေး တို့ထိပြီးနမ်းနေရင်းမှ ဂုတ်ပိုးကိုကိုက်ပြီးစုတ်နေရင်းကအတန်ကြာတဲ့အထိပြန်မလွှတ်တော့။ရင်ထဲကလိူက်ခနဲတက်လာခံစားချက်တစ်ခုနဲ့အတူ မျက်လုံးတွေကိုမှိတ်ထားပစ်လိုက်ပြီးသူ့ရဲ့ဆံပင်ပျော့ပျော့လေးတွေကိုဖွဖွလေးဆုပ်ကိုင်ထားလိုက်မိသည်.။.ရင်ဘတ်တစ်ခုလုံးအေးခနဲဖြစ်သွားလို့မျက်လုံးပြန်ဖွင့်ပြီးကြည့်လိုက်တော့ကလေးစုတ်လေးကရှပ်အကျႌကြယ်သီးတွေကိုအကုန်ဆွဲဖြုတ်ပစ်လိုက်တဲ့အပြင်သူ့လက်တစ်ဖက်ကရင်ဘတ်ကိုပွတ်သပ်နေသေးသည်.။ကုန်ပြီ..ငါ့ကြယ်သီးတွေပြုတ်ကုန်ပြီလားမသိအဲ့အမူးသမားလေးကတော့စိတ်ထဲကနေခပ်တိုးတိုးကြိတ်ပြီးကျိန်ဆဲနေတာကမှမပြီးသေး။သူ့လျှာဖျားလေးကရင်ဘတ်ပေါ်မှာဟိုဟိုဒီဒီလျှောက်ရွေ့လာတော့လူကနေလို့ထိုင်လို့မရတော့ဘဲကုတင်ပေါ်ဟိုတွန့်ဒီတွန့်ဖြစ်နေရပြန်သည်..။စစနမ်းတုန်းက မနမ်းတတ် နမ်းတတ်နဲ့မို့ဟိန်းထက်ယံကတောင်သင်ပေးခဲ့ရတဲ့အဖြူထည်လေးရဲ့အထိအတွေ့တွေကြားမှာရုန်းကန်နိုင်ဖို့အားတောင်မရှိတော့သလိုခံစားလာရသည်..။အနီးစပ်ဆုံးခံစားချက်တစ်ခုဟာချားရဟက်စီးနေသလိုမျိုးဝတ်ထားတဲ့ဘောင်းဘီတလျှောက်ပွတ်သပ်လာတဲ့လက်ချောင်းတွေနဲ့အထိအတွေ့မှာတော့..ဟင်..ဒါနဲ့အဲ့တာတွေငါလုပ်ရမှာတွေမဟုတ်ဘူးလား??ပြီးတော့သူကဦးဆောင်နေတာလား??ငါကဦးဆောင်နေတာလား??ဟိန်းထက်ယံမျက်လုံးဖျတ်ခနဲပြန်ပွင့်ပြီးအပြေးအလွှားစဉ်းစားနေမိသည်..။တင်ပါးတစ်ဖက်ကိုဖျစ်ညစ်ခံလိုက်ရတဲ့အဆုံးမှာတော့ ဟိန်းထက်ယံမျက်လုံးတွေပြူးကျယ်သွားရသည်...။တွန့်လိမ်လူပ်ရှားနေမူတွေရပ်သွားတဲ့အဆုံးမှာရင်ဘတ်နေရာမှသူ့မျက်နှာကဟိန်းထက်ယံမျက်နှာနားကိုပြန်ရောက်လာပြီး
"ခင်~ဗျားကြောက်~နေတာလား???"
ကြောက်နေတာလား??ဘာ..ဘာကို.ဟမ်...ဟိန်းထက်ယံကိုကြည့်ပြီးတခိခိနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်နေလိုက်သေး..။ပြီးတော့ပါးပြင်တစ်ဖက်ကိုခပ်ဖွဖွလေးတို့ထိပြီး..
"မကြောက်ပါနဲ့..ကျွန်~တော်~~Gay Pornတွေကိုသေချာကြည့်ပြီးသင်ထားတယ်."
Gay...Gay Pornဆိုတော့မှမေလေးရဲ့မချိုမချဉ်မျက်နှာကြီးကမျက်လုံးထဲကွက်ကွက်ကွင်းကွင်းကြီးပေါ်လာသည်..။မဟုတ်မှလွဲရော..
"ေဩာ်..မေ့~တော့မလို့..ခဏ.."
ပြောပြီး သက်ဝေယံ..ဟိန်းထက်ယံဗိုက်ပေါ်မှလှစ်ခနဲခုန်ဆင်းသွားပြန်သည်...။ပြီးမှဟိုကြည့်ဒီကြည့် နဲ့လှည့်ကြည့်ပြီးတော့
"ကျွန်..ကျွန်တော့်ကျောပိုးအိတ်ရော..??"
ဟိန်းထက်ယံစာကြည့်စားပွဲပေါ်ကိုလက်ညိုးထိုးပြလိုက်သည်..။သူစာကြည့်စားပွဲရှိရာကိုသွားပြီးကျောပိုးအိတ်လေးထဲကစာအုပ်တွေထီးတွေ တစ်ခုပြီးတစ်ခုဆွဲထုတ်နေသည်။တစ်ခုခုကိုရှာနေတဲ့ပုံစံ။
"တွေ့ပြီ!!"
ဆိုတဲ့အသံနဲ့အတူ သူ့လက်ထဲပါလာတာကမျက်နှာသစ်ဆေးဘူးလိုအရာလေးတစ်ခု..။
"အာ..ကိုယ့်အိမ်မှာမျက်နှာသစ်ဆေးရှိတယ်လေ..ယူလာစရာမှမလို..."
ဟိန်းထက်ယံပြောလို့မှမဆုံးသေး...။သူက သူ့ဘူးကိုလက်ထဲကိုင်မြောက်ပြပြီး
"အာ~~ဒါမျက်နှာသစ်ဆေးဟုတ်ဘူး..ဒါ.~~.lubricant"
"လူ .ဘ..ရီ .. ကတ်."
သက်ဝေယံပြောတဲ့အတိုင်းဟိန်းထက်ယံပြန်ပြီးသံယောင်လိုက်မိသည်..။အင်း..ကြားတော့ကြားဖူးသလိုဘဲ...။Phယူပြီး Dictionaryထဲပြန်ဘဲရှာရမလားဘာလား??engအသံထွက်မှန်းတော့သိတယ်..။သက်ဝေယံကုတင်နားကိုပြန်ရောက်လာပြီးဟိန်းထက်ယံမျက်နှာနားကပ်ပြီး..
"ဒါ..Lubricant..ပီ~အောင်ပြောမမမြတ်~မွန်ဂျပန်ကနေတောင် orderမှာပေးထားရတာ.."
ဘာ...ဘာ...ဂျပန်ကနေ???အူတူတူဖြစ်နေတဲ့ဟိန်းထက်ယံမျက်နှာလေးကိုသူမေးစေ့ကနေတစ်ချက်ဆွဲမော့ယူလိုက်ပြီး
"ဒါနဲ့ဆို..ခင်~ဗျားအနာသက်သာမှာ..ကျွန်~တော်ကခင်ဗျားအတွက်အကုန်စဉ်း~စားပေးထားတာ.."
Gay porn..lubricant..အနာသက်သာ..
"ဘာ!!!".. .........."🎵🎶🎼🎵🎵🎼🎼"နှင်းပွင့် ကုတင်ပေါ်မှာစာအုပ်ဖတ်နေတုန်းဖုန်းသံကြားရတာမို့လက်တစ်ဖက်ကဖုန်းကိုလှမ်းကိုင်လိုက်သည်..။
"Hello.."
"ဟဲလို..နှင်းပွင့်လား??"
ဟင်!!တစ်ဖက်ကအသံကမောဟိုက်နေတဲ့အသံနဲ့ဖုန်းကိုပြန်ကြည့်တော့ ဟိန်းထက်ယံဆီကဒီကောင်..ဘာဖြစ်တာပါလိမ့်??နှင်းပွင့်ဖုန်းကို နား,နားပြန်ကပ်လိုက်ပြီး
"ခဏ..ခဏ..နင်ဘာဖြစ်တာလဲ???"
ဟိန်းထက်ယံသက်ပြင်းတစ်ခုကိုရိူက်ချလိုက်သည်..။ပြောတာတော့ပြောရမှာဘဲအစာကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ဒင်းတို့နှစ်ကောင်အကြောင်းကိုနှစ်နှစ်လုံးကျွေးမွေးလာတဲ့ကျေးဇူးကိုမှမထောက်..။
"ငါ့ကို မေလေးနဲ့မြတ်မွန်နှစ်ကောင်ပေါင်းပြီးကြံထားတယ်.!!"
ဟိန်းထက်ယံစကားအဆုံးမှာမျက်မှန်အောက်ကနှင်းပွင့်မျက်လုံးတွေပြူးကျယ်ဝိုင်းစက်သွားသည်..။
"မေလေးနဲ့မြတ်မွန်ကနင့်ကိုကြံတယ်??ဟယ် .ဘယ်.ဘယ်လိုဖြစ်လို့မေလေးကရည်းစားငုတ်တုတ်နဲ့လေမြတ်မွန်က သူငယ်ထောင်တာမရလို့ တွေ့ရာလူများကောက်ဆွဲနေတာလား??"
"အာ..နင်ကလဲ..သူတို့ကကြံမလား??ဟို .. ဟိုကလေးကတဆင့်ကြံထားတာ.."
စိတ်ညစ်ပါတယ်ဆိုနေ...။နှင်းပွင့်ကဘာတွေလိုရာဆွဲတွေးနေသည်မသိ..။
"ရှင်းရှင်းပြောလေ..ဟိန်းထက်ယံရယ်..ဘာကိုကြံထားတာလဲ??"
လို့နှင်းပွင့်ကပြောလာတော့ဟိန်းထက်ယံအနောက်ကကုတင်မှာကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေတဲ့သူကိုတစ်ချက်လှည့်ကြည့်ပြီးခပ်တိုးတိုးလေသံလေးနဲ့...
"ဒီလိုဟာ..ဟိုကလေးကTမယ်တဲ့.."
"ဘာ!!!!"
အသံကspeakerမဖွင့်ထားတာတောင်အကျယ်ကြီး ပြဲကွဲထွက်လာသည်မို့ဟိန်းထက်ယံကမန်းကတန်း ဖုန်းspeakerကိုအုပ်ပစ်လိုက်ရသည်...။
"ဒါလုံးဝမဖြစ်သင့်ဘူးလေ...Mangaတို့ BL moviesထဲမှာဆိုရင်အကောင်ကြီးကြီး..အမြီးရှည်ရှည် .အဲ့မဟုတ်ပါဘူး..အကောင်ကြီးကြီးအရပ်ရှည်ရှည်တွေဘဲT ဖြစ်ကြတာလေ..."
နှင်းပွင့်စိတ်တိုပြီးကုတင်ပေါ်ကနေကြမ်းပြင်ပေါ်ကိုတောင်ခုန်ဆင်းလိုက်မိသည်..။ဒါ..ဟိုမိန်းမနှစ်ကောင်သပ်သပ်မဲ့ညစ်ပတ်တာကြည့်တာနဲ့တင် ဘယ်သူ Tလဲဆိုတာအသိသာကြီးကြံတယ်ဆိုတည်းကနှင်းပွင့်တို့ကလဲဒက်ခနဲသိပြီ..။ဟိုကလေးကိုအရောင်တွေဆိုးပြီးမြောက်ပေးလိုက်တာနေမှာ..။
"ငါပြောချင်တာအဲ့တာလေ.."
အနောက်ကိုအရိပ်တကြည့်ကြည့်နဲ့ဟိန်းထက်ယံခမျာ ခပ်တိုးတိုးပြောရသည်..။နောက်မှာထိုင်နေတာကလူမဟုတ်ဘူး..။သူစားမယ့်အစာ ပါးစပ်နားရောက်မှပုတ်ချခံလိုက်ရလို့ ဒေါခွီးနေတဲ့ကျား..။
".ငါဘယ်လိုလုပ်ရမလဲ?မသိဘူး..အတင်းကိုဝုန်းဒိုင်းကြဲနေတာမို့ငါ့မှာပတ်ပြေးနေရတယ်..ဟို၂ကောင်ကိုဖုန်းဆက်လို့လုံးဝမဖြစ်ဘူးနင့်ကိုဘဲအားကိုးရမှာ.."
ဟိန်းထက်ယံလေသံလေးကတကယ့်အားကိုးတကြီးနဲ့..နှင်းပွင့်သူ့ဆံပင်တွေကိုဆွဲကုတ်ဖွပြီး
"အင်း..ဘယ်လိုလုပ်ရပ..ဟို..ညှိ ကြည့်ပါလားဟင်???"
"ညှိရမယ်..??"
"အင်းလေ..ဒီလိုဟာ..ဟို1st timeကိုတော့နင်Tမယ်လို့ .နောက်ဟာတွေကျရင်နင်B..B.."
"မဖြစ်နိုင်ဘူး!!!ငါတသက်လုံး Tလာတာ..နှင်းပွင့်.တသက်လုံးTလာတာ..ဒီကလေးအလှည့်ကျမှမBနိုင်ဘူး..."
အသံကမာန်နဲနဲပါပါသွားတာမို့ကိုယ့်ပါးစပ်ကိုယ့်ပြန်အုပ်ပြီးအနောက်ကိုမသိမသာလေးလှည့်ကြည့်တော့စူးစူးရဲရဲစိုက်ကြည့်နေတဲ့မျက်လုံးတွေ..။ထိုအကြည့်တွေကိုတန်းပြီးတိုးတာကြောင့်ချက်ချင်းမျက်နှာလွှဲပစ်လိုက်သည်..။
"အာ...ငါလဲဘယ်လိုအကြံပေးရမှန်းမသိတော့ဘူး..အယ့်ဒီလိုလုပ်ပါလား??"
ဒီလိုလုပ်ပါလားဆိုတော့ ဟိန်းထက်ယံဖုန်းကိုနား,နားလေးပိုကပ်ပြီး နားစွင့်ထားလိုက်ကာ
"အင်း..."
"ဒီလိုဟာ..နင်ကသူ့ထက်လူကောင်လဲကြီးဗလလဲတောင့်တာဘဲဟာ.."
ဟိန်းထက်ယံကိုဖုန်းနားကပ်ပြီးသေချာအာရုံစိုက်လိုက်ကာ..
"အဲ့တော့..""ဆွဲဆတ်ပြီးဆောင့်လုပ်ပစ်လိုက်ဟာ!!!!!"
တစ်ဖက်ကအားရပါးရကြီးနဲ့ကိုမာန်ပါပါအော်ပြောလိုက်တဲ့နှင်းပွင့်အသံကြီးဟိန်းထွက်လာမှာစိုးလို့ဟိန်းထက်ယံဖုန်းspeakerနားကိုလက်နှင့်ကမန်းကတန်းအုပ်လိုက်ရပြန်သည်..။ကုတင်ပေါ်ကကိုယ်တော်ကဆင်းလာပြီး ဖုန်းကိုကောက်ဆွဲလုနေမှ..
"ဖြစ်..ဖြစ်ပါ့မလား???"
နှင်းပွင့်ကိုယ့်နဖူးကိုသာလက်ဝါးနဲ့ပြန်ရိုက်လိုက်မိသည်..။
"ဟိန်းထက်ယံရယ်..နင်ဟာလေ..ဇမရှိဘူးပြောရင်လဲမကြိုက်ချင်ဘူး.."
ဇကမရှိတာမဟုတ်ဘူး။.ကျန်တဲ့နေရာမှာအကုန်ရှိတယ်..။အဲ့ကလေးမျက်စောင်းတစ်ချက်အောက်မှာဟိန်းထက်ယံရဲ့ရှိသမျှဇ တွေအလိုလိုပျောက်ကုန်ပြီးအစတောင်ရှာလို့မရဘူးဆိုတာသူတို့သိရင်အရမ်းကောင်းမှာ...။ပြီးတော့..အဲ့လိုကြီးဆွဲဆတ်တာမျိုးကျတော့..အိကြက်သီးတွေတောင်ထတယ်..။
"ကျားဒိန်းကျင့်သလိုတော့မလုပ်နဲ့ပေါ့..ဘယ်လိုပြောရမလဲ..ဟိုလို..နဲနဲနူးညံ့..ကြမ်းသင့်တာကျ..ကြမ်း..အာတော်ပြီငါမပြောတတ်တော့ဘူး..တစ်ခါတည်းအပိုင်သိမ်းပစ်လိုက်ဟာ.နင်Tရရင် ပြီးရောမဟုတ်ဘူးလား???!!"
နှင်းပွင့်ပြောနေရင်းစိတ်မရှည်ချင်တော့..သူ့ခန္ဓာကိုယ်ကြီးမှအားမနာ..ကောက်လုပ်လိုက်ရင်ပြီးနေတာကို...။
"ငါTသွားတာကဟုတ်ပါပြီ..ဒါပေမဲ့ ."
နှင်းပွင့်မျက်မှန်လေးကိုတစ်ချက်ပြန်ပင့်တင်လိုက်ရင်း
"ဒါပေမဲ့ဘာဖြစ်??"
"သူနာသွားရင်ဘယ်လိုလုပ်မလဲဟင်???!!"
တစ်ဖက်ထွက်ပေါ်လာတဲ့ခပ်ပျော့ပျော့လေသံလေးကြောင့်နှင်းပွင့်ရင်ဘက်ကိုဖိချလိုက်ပြီး..
"အောင်မယ်လေး..ဟိန်းထက်ယံရယ်အဲ့တော့နင်ဘဲခံလိုက်ဟေ့..နင်ဘဲခံလိုက်!!"............ဖုန်းကျသွားပြီဖြစ်တဲ့ဖုန်း screenကိုဟိန်းထက်ယံငေးစိုက်ကြည့်နေမိသည်..။တစ်ဦးတည်းသာအားကိုးရာကြီးကခံလိုက်တော့တဲ့..တကယ်ဘဲခံရတော့မှာလား??
"ကဲ.."
နောက်ကျောဘက်ဆီကထွက်ပေါ်လာတဲ့အေးစက်စက်အသံအဆုံးမှာ ဟိန်းထက်ယံကျောပြင်ဆီကစိမ့်ခနဲ။
"ခင်ဗျားဖုန်းပြောလို့ပြီးပြီဆိုရင်..."
ဟိန်းထက်ယံ ကုပ်ကုပ်လေးနဲ့တဖြည်းဖြည်းနောက်လှည့်ကြည့်တော့ချစ်ရသူက လက်ညိုးလေးကွေးချည်ဖြန့်ချည်လုပ်ပြီး
"ကုတင်ပေါ်တက်လာခဲ့.."
ဟိန်းထက်ယံကုတင်အစွန်နားမှာခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သည်..။သက်ဝေယံကတင်ပလ္လင်ခွေထိုင်ပြီးမိန့်မိန့်ကြီးခုနကနှစ်ကောင်လုံးစိမ်ပြေးလိုက်တမ်းကစားထားရတာသူလဲအမူးပြေသွားလိုဟိန်းထက်ယံလဲမောနေပြီ။ဟိန်းထက်ယံအသက်ဝဝရူသွင်းလိုက်ပြီး
"ကိုယ်တို့ညှိကြည့်ရအောင်လား??"
"ဘာမှညှိကြည့်စရာအကြောင်းမရှိဘူး!!!"
အော်ထုတ်လိုက်တာ့ကြောင့်ဟိန်းထက်ယံမျက်လုံးလေးတစ်ဖက်မှိတ်သွားသည်..။အမူးလဲပြေသွားရောအသံကနှစ်ဆပိုပြဲလာသည်..။ရှင်းရောဘဲ..ညှိတာတောင်လက်မခံနိုင်ဘူး..။
"မမခက်သဇင်ကိစ္စမှာတည်းကကျွန်တော်အခဲမကြေတာနော်..."
"သူလဲအခုဆိုဝင်းမြင့်နဲ့ဘယ်ကမ႓ာရောက်နေပြီတောင်မသိ..."
"အဲ့စနိူက်ကြော်တဲ့ကိစ္စမဟုတ်ဘူး!!ကျွန်တော့်ကိုအခြောက်လိုပြောသွားတဲ့ကိစ္စ.!!"
မွေ့ယာကိုဝုန်းခနဲရိုက်ချပြီးထအော်လို့ဟိန်းထက်ယံဆတ်ခနဲတုန်သွားသည်..။ဒီနေ့ညတော့အဲ့ကလေးအသံနဲ့တင်လူလဲလန့်ပြီးသေမလားမသိ..။ပြီးတော့မှသက်ဝေယံကဟိန်းထက်ယံကိုသေချာစိုက်ကြည့်ပြီးအံကြိတ်တဲ့လေသံနဲ့။
"ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်မှာကျွန်တော့်ကိုဘဲအခြောက်လို့ထင်တာခင်ဗျားမေ့နိုင်ပေမဲ့ ကျွန်တော်ခုထိမမေ့နိုင်ဘူး..!!"
Kanjiတစ်လုံးတစ်မျက်နှာရေးပြီးကျက်ရင်တောင်၂နာရီကြာရင်မေ့တဲ့သူကအဲ့တာကျ၂နှစ်ကြာတာတောင်မမေ့ဘူး..။တတ်လဲတတ်နိုင်ပ..ဟိန်းထက်ယံစိတ်ရူပ်ရူပ်နဲ့ခေါင်းကိုသာနာနာကုတ်နေလိုက်သည်..။
"အဲ့တော့ ခင်ဗျားကို ကျွန်တော်Tရမှကိုကျေနပ်မှာ.."
"ကိုယ်လဲမBနိုင်ဘူးလေကွာ.."
ခပ်ပြတ်ပြတ်ပြောလာတဲ့သူ့ကိုဟိန်းထက်ယံအသံတိုးတိုးလေးနဲ့ပြန်ပြောသည်..။
"ဒီညမှကျွန်တော့်မ Tရရင်ခင်ဗျားနဲ့ကျွန်တော်ပြတ်ပြီနော်.."
လက်ကိုပိုက်အနောက်ကကုတင်ခေါင်းရင်းကိုမှီပြီးတစ်ဖက်သို့မျက်နှာကလှည့်သွားပြီသိလိုက်ပြီ..။ဒါနောက်ဆုံးရာဇသံစကားတောက်!!လက်နက်ကြီးနဲ့ခြိမ်းခြောက်တာ..။သူ့ကိုမခွဲနိုင်မှန်းသိနေလို့တမင်လုပ်တာ.။ဒါပေမဲ့လဲဟိန်းထက်ယံခမျာတောက်ခတ်တာလေးတောင်အသံအပြင်ထွက်မလာစိတ်ထဲကဘဲကြိတ်ပြီးတောက်ခတ်လိုက်သည်..။ဟူး ..ရသေးတယ်။နောက်တစ်နည်းလေးတော့ရလိုရညားပေါ့။
"ဒီလိုလုပ်..စုံစွမ်စိမယ်လေ..ကိုယ်ရူံးရင်Bပါ့မယ် .ကိုယ်နိုင်ရင်..."
ဆိုတော့သက်ဝေယံတစ်ဖက်လှည့်နေရင်းကမျက်ခုံးလေးပင့်ပြီးမျက်လုံးလေးစွေကြည့်သည်..။
"ဒီတစ်ညတော့ချမ်းသာပေး.."
သက်ဝေယံနူတ်ခမ်းလေးတစ်ချက်ထော်သွားပြီးမေးလေးထောက်ပြီးစဉ်းစားနေသလိုလုပ်လိုက်ပြီးမှ
"ဟုတ်ပြီလေ..ခင်ဗျားကိုအခွင့်အရေးတစ်ခါတော့ပေးလိုက်မယ်.."
မပေးရင်အဲ့ကလေးကိုထရိုက်သတ်လိုက်ရုံဘဲရှိတာ..အရူံးအနိုင်ကြေးက အရမ်းမျှတနေတာဆိူတော့နှစ်ယောက်လုံးမျက်နှာချင်းထိုင်လိုက်ပြီးတစ်ယောက်ကိုတစ်ယောက်သေချာတစ်ချက်စိုက်ကြည့်ပြီး...ညာလက်တွေကိုနောက်ကျောဘက်သို့ဖွတ်ထားလိုက်သည်..။ဟိန်းထက်ယံမျက်လုံးအစုံကိုမှိတ်ချလိုက်ပြီး
"စုံ..စွမ်..စိ"
အော်ပြီးတာနဲ့နောက်ကျောဘက်ကလက်တွေကိုအရှေ့ကိုချလိုက်သည်..။ဘုရားသိကြားမလို့ ဒီစုံစွမ်စိလေးတော့နိုင်ပါစေ ..အရှင်ဘုရား..နိုင်ပါစေ..နိုင်ပါစေ...နိုင်ပါစေ ...။ဟိန်းထက်ယံမျက်လုံးလေးတစ်ဖက်အရင်ဖွင်ကြည့်လိုက်သည်..။ဟင်..အမြင်များ မှားနေတာလားလို့??သေချာအောင် မျက်စိနှစ်လုံး လုံးပြူးနေအောင်ဖြဲကြည့်လိုက်သည်..။ပူးချည်ကပ်ချည်လုပ်နေတဲ့ လက်ညိုးနဲ့လက်ခလယ်လေးတဆတ်ဆတ်တုန်ယင်နေတဲ့လက်ဖမိုးလေးကိုမြင်အပြီးမှာငါတော့သွားပြီ..။မော့ကြည့်လိုက်တော့ပါးမို့လေးနှစ်ဖက်ထင်းနေအောင်ကိုပြုံးပြီးစိုက်ကြည့်နေတဲ့မျက်နှာတစ်ခု။Ok..နောက်ဆုံးတစ်နည်းကိုဘဲသုံးရတော့မှာပေါ့..။ကုတင်ပေါ်ကလှစ်ခနဲပြေးဆင်းသွားတဲ့ဟိန်းထက်ယံကိုသက်ဝေယံလှမ်းဖမ်းဆွဲတာမမှီလိုက်..။ဝုန်းခနဲပိတ်ချလိုက်တဲ့ရေချိုးခန်းတံခါးကိုသက်ဝေယံအတင်းဝုန်းဒိုင်းကြဲထုပြီး..
"ခင်ဗျားခုချက်ချင်း ထွက်လာခဲ့!!!!!"
"ဝုန်း!!ဝုန်း!!"
တဝုန်းဝုန်းထုရိုက်ခံနေရတဲ့တံခါးကိုဟိန်းထက်ယံချက်ချပစ်လိုက်ပြီး
"ထွက်လာရင် ငါBရမှာပေါ့...!!"
"ခင်ဗျားကတိတည်ရမယ်လေ..ခုထွက်လာဆိုထွက်လာ..!!!!!"
No..No..လုံးဝမထွက်ဘူးဟိန်းထက်ယံခေါင်းကိုသာတွင်တွင်ခါရင်းအခန်းနံရံကိုမှီရင်းထိုင်ချပစ်လိုက်သည်.။
"ဝုန်း...ဝုန်း..."တံခါးထုရိုက်သံ..တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အော်ဟစ်သံတွေအဆုံးမှာတံခါးရဲ့တစ်ဖက်တစ်ချပ်စီမှာခပ်ခွေခွေလေးတူတူအိပ်နေကြတဲ့ကောင်လေးနှစ်ယောက်..။ကောင်းကင်ပြင်ဆီမှာတော့ကြယ်တွေဟာမှိတ်တုတ်မှိတ်တုတ်နဲ့ပြောင်ပြနေပြီးလေပြေညှင်းတွေကညှိမရတဲ့သံစဉ်တစ်ခုကိုဆက်လက်တီးခတ်နေလျက်...။
Continue Reading
You'll Also Like
473K 50.4K 70
We meet in somewhere we're unexpected
620K 48.3K 16
190K 25.5K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...
927K 76.3K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...