L❤VE in the 1st sight(Complet...

By ThetTantYoung

2.2M 149K 8.9K

UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
ThetTantYoung's appology
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32(ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
Building the love bond💋
Leaving the best memories👣
Love Reborn-1
Love Reborn-2
Love Reborn-3
Love Reborn-4
Love Reborn-5
အချစ်ဆုံးReaderများသို့ပေးစာ✉
preorderအကြောင်းအသိပေးကြေညာခြင်း
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 (Unicode)
Part-32 (Unicode)
Building the love bond💋 (Unicode)
Leaving the best memories👣 (Unicode)
Love Reborn-1 (Unicode)
Love Reborn-2 (Unicode)
Love Reborn-3 (Unicode)
Love Reborn-4 (Unicode)
Love Reborn-5 (Unicode)

Part-25 (Unicode)

9.1K 833 2
By ThetTantYoung

ကိုယ့်မျက်စိရှေ့စားပွဲပေါ်ကခေါက်ဆွဲပြုတ် ဟု အမည်ရသည် ဟူသောအရာ ထည့်ထားသည့်ပန်းကန်ကိုငုံ့ကြည့်သည်.။ပြီးတော့သက်ဝေယံ ဟိန်းထက်ယံကိုပြန်မော့ကြည့်သည်..။


"စားလေ..ဘာလုပ်နေတာလဲ??"


ခေါက်ဆွဲပြုတ်စားချင်သပဆိုလို့ပြုတ်ပေးထားရတာကိုအခုကျ မစားဘဲ ဟိန်းထက်ယံကိုပြူးပြဲကြည့်နေတဲ့ အဲ့ကလေးကို ပြောလိုက်သည်..။


"ခင်ဗျားခေါက်ဆွဲပြုတ်ရုပ်ကိုလဲခင်ဗျားပြန်ကြည့်အုံး..."


ဟိန်းထက်ယံပန်းကန်ထဲကိုလှမ်းကြည့်လိုက်တော့အင်း..ဘာဖြစ်လို့လဲ??လုံးလုံးရှည်ရှည် အချောင်းလိုက်လေးတွေပါရုံနဲ့ခေါက်ဆွဲလို့သိရတာဘဲကို..။အရည်မရှိတော့တာလေးဘဲရှိတာ။


"မင်းကို ခုနတည်းကလာစားဖို့ပြောတာဘဲ..Computerရှေ့ကမှမထတာ.."


အမှန်ကတော့ အစတည်းကအရည်မှန်းထည့်တာနည်းသွားတဲ့အပြင်Phပွတ်နေရင်းနဲ့မို့ အရည်ကခန်းသွားသေးသည်။ဟိုကလေးကလဲcomputerရှေ့ကတော်ရုံနဲ့ ကြွချီမလာတော့ခေါက်ဆွဲဖတ်တွေကပွသွားပြီးခေါက်ဆွဲပြုတ်က နေ ဆီချက်ဘဝရောက်သွားခြင်း။


"ဘယ်လိုဘဲဖြစ်ဖြစ်စားချင်စရာကိုမရှိတော့ဘူး.."


သက်ဝေယံ ပါးစပ်ကပွစိပွစိပြောနေရင်း အရည်တစ်စက်မှမရှိတော့တဲ့ခေါက်ဆွဲဖတ်တွေကို ခရင်းနဲ့ဆွဲလိပ်ပြလိုက်ပြီး


"..ဒီမှာကြည့်စမ်း..တီကောင်တွေအကောင်လိုက်လိပ်ထည့်ထားတာကျနေတာဘဲ!!!"


ခေါက်ဆွဲဖတ်အထွေးလိုက်ပါတဲ့ခက်ရင်းကြီး မျက်စိရှေ့နားထိရောက်လာသောကြောင့် ဟိန်းထက်ယံ ကျောရိုးထဲထိစိမ့်တက်သွားသည်..။ဘုရား..ဘုရား..ဆောင့်သာထိုးထည့်လိုက်ရင်..မျက်စိနားကနေ သူ့ခက်ရင်း သူပြန်ဖယ်သွားတော့မှဟိန်းထက်ယံအသက်ဝဝပြန်ရူနိုင်တော့သည်..။ဒါတောင်သူ့ခက်ရင်းကို ပန်းကန်ထဲဆောင့်ဆောင့် ချနေလို့ တဂျစ်ဂျစ်နဲ့အသံကြားနေရသေးသည်..။မီးဝင်းဝင်းတောက်မတတ် မျက်လုံးတွေနဲ့လဲစိုက်ကြည့်နေသေးသည်..။လွန်ခဲ့တဲ့၂နာရီလောက်ကတင်ကြက်သားခြင်းလိုက်ကြီးစားခဲ့သေးတယ်။အခုလဲသူ့ဗိုက်က အသံစုံအော်နေပြီလားမသိ။မဖြစ်ဘူး..မဖြစ်ဘူး..။စိတ်မကြည်တဲ့အချိန်မှာဗိုက်ဆာတဲ့အချိန်ကလဲပါနေသေးသည်မို့..။ဟိန်းထက်ယံမျက်နှာကိုအချိုတကာ့အချိုဆုံးဖြစ်အောင်ထားလိုက်ပြီး


"ကိုယ် တခြားဘာစားစရာလုပ်ပေးရမလဲ?"


"ခင်ဗျားကောင်းကောင်းချက်တတ်တာဘာရှိသေးလို့လဲ??"


တိန်!!ဟိန်းထက်ယံတစ်ချက်ခေါင်းကုတ်ပြီးစဉ်းစားနေသေးသည်..။ဘာမှမရှိ..။သွားလေး ကမန်းကတန်းဖြဲပြပြီး


"ဒါဖြင့် တစ်ခုခုသွားဝယ်ပေးရင်ရော.."


"ကျွန်တော့်ဗိုက်ကအဲ့လောက်အချိန်ထိတောင့်ခံနိုင်လိမ့်မယ်လို့ခင်ဗျားထင်လို့လား??"


အံကိုကြိတ်ပြီး ပြောနေတဲ့ပုံကိုကကြက်သီးထစရာ..။သူတကယ်ကြီးဗိုက်ဆာနေတဲ့အချိန်ဆိုရင်တော့ဟိန်းထက်ယံလန့်ရသည်..။


"သိပ်မကြာပါဘူး..အလွန်ဆုံး ၁၅မိနစ်..နစ်.."


"အဲ့လောက်အချိန်အတွင်းမှာတင်ခင်ဗျားကိုနုတ်နုတ်စင်းပြီးစားပြီးနေပြီ..!!!!"


စကားတောင်မဆုံးသေး..လူကိုပြဲလန်နေတဲ့ခုနှစ်အိမ်ချီအသံနဲ့အော်ပြီ။အေးပါကွာ..။ထပ်ပြီးလုပ်ကျွေးမယ်ဆိုတော့လဲမဟုတ်ဝယ်ကျွေးမယ်ဆိုတော့လဲမစောင့်နိုင်။ထိုင်ခုံမှာထိုင်ပြီး ဒီတိုင်းကြီးငြိမ်နေသည့်ဟိန်းထက်ယံ ကိုကြည့်ပြီးသက်ဝေယံသက်ပြင်းသာ ချလိုက်မိတော့သည်။ငါတော့လူရွေးမှားပြီထင်တယ်..ရှေ့က အရည်မပါတဲ့ ခေါက်ဆွဲကိုတော့ကြိတ်မှိတ်စားဖို့စိတ်ကူးမရှိ။


"ကိုယ့်ဟာကိုယ်ဘဲပြုတ်စားရတော့မယ်.."


ခပ်တိုးတိုးလေးရေရွတ်ရင်းထိုင်ခုံမှအသာ ထ ရေခဲသေတ္တာဆီသွားမွှေတော့ခေါက်ဆွဲထုပ်တွေချည့် တန်းစီတွေ့ရသည်..။ဟင်း..နောက်နေ့တော့ လိုအပ်တာလေးတွေဝယ်ထည့်ပေးအုံးမှပါ..။ပိုက်ဆံမတတ်နိုင်တာလဲမဟုတ်ဘဲနဲ့အမြဲရေခဲသေတ္တာထဲဗလာကျင်းတွေ့ရာခေါက်ဆွဲထုပ်တစ်ထုပ်ကိုကောက်ယူသည့်အချိန်မျက်နှာငယ်လေးနဲ့ကြည့်နေသည့်သူ့ကိုသတိထားမိလိုက်တော့လက်က နောက်တစ်ထုပ်ကိုပါအလိုအလျောက်ယူပြီးသားဖြစ်သွားသည်..။


"မင်း နှစ်ထုပ်တောင်စားမှာလား?"


ပြောတာကိုက...လူကိုအငတ်လို့ထုတ်မပြောရုံလေသံနဲ့စေတနာပျက်အောင်တကယ်လုပ်သည်။


"ခင်ဗျားရောမမြိုဘူးလား??!!"


ခေါက်ဆွဲပြုတ်တစ်ထုပ်ကိုမြောက်ပြရင်းပိတ်ပြောပစ်လိုက်တော့မှ"စားမှာပေါ့..."တဲ့။အိုးထဲကိုရေထည့်..ဆူအောင်ခဏစောင့်နေရသည်အဲ့လူကြီးကတော့စားပွဲကနေငုတ်တုတ်လေးထိုင်ပြီးသက်ဝေယံကိုလိုက်ကြည့်နေသည်..။နဲနဲပါးပါးလာကူမယ်ကိုမရှိဘူး..။အလိုက်ကိုမသိဘူး..။စိတ်ထဲကပွစိပွစိရေရွတ်နေရင်းခေါက်ဆွဲထုပ် နှစ်ထုပ်လုံးကိုဖောက်ပြီးရေနွေးဆူဆူထဲထည့်လိုက်တဲ့အချိန်ခါးတစ်ဝိုက်နားကိုရစ်ပတ်လွှမ်းခြုံလာတဲ့အထိအတွေ့တစ်ခု။ညာဘက်နားရွတ်ဖျားလေးဆီမှနွေးခနဲ အငွေ့အသက်တစ်ခုနဲ့အတူပါးပြင်နှစ်ဖက်လုံးရှိန်းခနဲပူတက်သွားသည်မှာအရှေ့ကအိုးထဲကရေနွေးငွေ့တွေကြောင့်မဟုတ်တာတော့သေချာသည်..။ဒါပေမဲ့ခုချိန် ဗိုက်ဆာတာမှအပဘယ်အထိအတွေ့မှမခံစားနိုင်..။


"ခင်ဗျားခန္ဓာကိုယ်ကြီးနဲ့လာဖိနေရအောင်ကျွန်တော်ခေါင်းကြီးရှေ့ကအိုးထဲနစ်သွားစေချင်လို့လား??!!"


စူးခနဲ ဆောင့်အော်လိုက်တဲ့အသံကြောင့်ဟိန်းထက်ယံ အဲ့ကလေးခါးကိုဖတ်ထားတဲ့လက်တွေကိုမလွှတ်ချင်လွှတ်ချင်နဲ့မြန်မြန်ုပြန်ရုတ်လိုက်ရသည်။မဟုတ်ရင် လက်ထဲကရှိတဲ့ ဇွန်းနဲ့ ဟိန်းထက်ယံခေါင်းကိုကောက်ခေါက်နေမှနောက်ကနေအသာလေးဖွဖွလေးဖက်တာကိုဘဲသူ့ကိုလာဖိနေသည် တဲ့။ဇာတ်လမ်းတွေထဲကလို Romanticဆန်ချင်တာတောင်ဆန်လို့မရတဲ့ဘဝဟိန်းထက်ယံမကျေမနပ်နဲ့ နူတ်ခမ်းတစ်ဖက်ကိုမဲ့ရွဲ့ပြီးနံရံကိုသာမှီရပ်နေလိုက်သည်..။ခဏကြာတော့ခေါက်ဆွဲပြုတ်ရနံ့လေးကမွှေးလာသည်မို့ဟိန်းထက်ယံနှာခေါင်းရူံ့ပွ ရူံ့ပွလုပ်ပြီးအနံ့ခံနေမိသည်..။ကိုယ်ပြုတ်တုန်းကဒီလောက်မမွှေးပါဘူးဒီကလေးပြုတ်မှဘဲမွှေးနေရော..။သက်ဝေယံလက်ကိုအနောက်သို့ကမ်းပေးထားတာတောင် တုံ့ပြန်မူတစ်စုံတစ်ရာမရသည်မို့နောက်သို့လှည့်ကြည့်လိုက်သည်..။မောင်မင်းကြီးသားကမျက်လုံးလေးမှိတ်ပြီးဘာတွေ feelနေမှန်းမသိ..။


"ဒီမှာ..!!"


နားထဲကိုကန့်လန့်ဖြတ်ဝင်လာတဲ့အော်သံခပ်စူးစူးကြောင့်ဟိန်းထက်ယံဖျတ်ခနဲသတိပြန်ဝင်လာသည်..။


"ပန်းကန်လုံး ကြီးကြီးတစ်လုံး လှမ်းယူပေး!!.."


ဟိန်းထက်ယံပန်းကန်စင်ပေါ်ကနေ သူလိုချင်တဲ့ပန်းကန်လုံး ခပ်ကြီးကြီးတစ်လုံးကိုလှမ်းယူပြီးကမ်းပေးလိုက်သည်..။သက်ဝေယံ သူပေးတဲ့ပန်းကန်ကိုလှမ်းယူပြီး ခေါက်ဆွဲပြုတ်ပူပူနွေးနွေးကိုလှယ်ထည့်လိုက်သည်..။


"ဝါး....မွှေးနေတာဘဲ"


ခေါက်ဆွဲပြုတ်ပန်းကန်ကိုအသာကိုင်မပြီးတော့စားပွဲခုံပေါ်သွားတင်သည့်အချိန်ဟိန်းထက်ယံကမျက်နှာချင်းဆိုင်ခုံလေးမှာဝင်ထိုင်သည်။ဟွန့်..အဲ့လူကြီးကအခန့်သားနဲ့ထိုင်စားတော့မယ်..။ပူပူနွေးနွေးခေါက်ဆွဲပြုတ်တစ်ပန်းကန်တည်းကိုနှစ်ယောက်တူတူလုစားရင်းခေါင်းချင်းတိုက်မိတော့ ဘာရယ်မဟုတ်ဘဲနှစ်ကောင်သားရယ်မိပြန်သည်..။


"Perfect...🎶"


သက်ဝေယံအကြည့်က ဟိန်းထက်ယံထက်အရင်ဟိန်းထက်ယံဘေးက ဖုန်းလေးဆီအကြည့်ကရောက်သွားသည်..။ခေါက်ဆွဲပြုတ်စားနေရင်းအဲ့ကလေးငေးစိုက်ကြည့်နေသည့်ဖုန်းကိုငုံ့ကြည့်လိုက်တော့..။ခက်တစ်လုံးတည်းသော Contact Nameလေးဟိန်းထက်ယံခေါင်းနပမ်းတွေပါကြီးတက်သွားရသည်..။သွားပြီ ! ဟိန်းထက်ယံကိုတည့်တည့်မကြည့်ဘဲဖုန်းကိုဘဲစိုက်ကြည့်နေတဲ့အဲ့ကလေးမျက်လုံးထဲကဒေါသအငွေ့အသက်တွေကို မြင်နေရသည်..။ခုနေတည့်တည့်များသာကြည့်ချလိုက်ရင်ဟိန်းထက်ယံတို့ အရိုးပြာမူန်တောင် ကောက်လို့ရရင်ကံကောင်းဖုန်းသံရပ်တန့်သွားပြီမို့ခုမှအသက်ဝဝရူနိုင်သည်..။သက်ဝေယံ ဖုန်းထဲမှအကြည့်လွှဲလိုက်ကာရှေ့ကခေါက်ဆွဲတွေကိုခက်ရင်းနဲ့အသာလိပ်နေကာ


"နာမည်ကိုတောင်အတိုကောက်လေးမှတ်ထားတယ်ပေါ့လေ.."


"အဲ့တာက အလွယ်မှတ်လိုက်တာဒီအတိုင်း.."


လို့ဟိန်းထက်ယံပြောတော့ သက်ဝေယံမျက်လုံးလှန်ပြီးခပ်စူးစူးစိုက်ကြည့်လာသည်။


"Perfect🎵"


အာ...ဖုန်းကထမြည်လာပြန်ပြီ..။ဒီမှာရာသီဥတုအခြေအနေက သိပ်မကောင်းပါဘူးဆို..။ဖုန်း screen ပေါ်ကခက်ဆိုတဲ့စကားလုံးတစ်လုံးက ဟိန်းထက်ယံကိုလှောင်နေသည့်နှယ်။ဖုန်း Contact Nameမှတ်တုန်းကနဲနဲလေးများလက်ညောင်းခံလိုက်ရင်ဘာဖြစ်သွားမှာလဲလို့...။ခုမှတော့ကိုယ့်ကိုယ်ကိုအပြစ်တင်နေလို့လဲဘာမှမထူးတော့။


"ကိုင်လိုက်!"


"ဟမ်????"


ဟိန်းထက်ယံနားကြားများမှားသွားသလားလို့။


"ကိုင်လိုက်လို့ခင်ဗျားကိုပြောနေတယ်လေ.."


အေးစက်စက်လေသံနောက်မှာကပ်ပါလာတဲ့ခက်ရင်းကိုဆောင့်ချတဲ့အသံကြောင့်ဟိန်းထက်ယံ အထွန့်တက်မနေတော့ဘဲဖုန်းကိုကောက်ကိုင်လိုက်ရသည်..။


"Speakerဖွင့်!!"


ရှေ့ကခေါက်ဆွဲကိုတောင်ဆက်မစားတော့ဘဲသက်ဝေယံစားပွဲခုံပေါ်မေးလေးထောက်ရင်းပြောလိုက်သည်..။ဟင်း...အဲ့မိန်းမဘာတွေပလီပလာလုပ်မလဲကြည့်ရသေးတာပေါ့..။ဟိန်းထက်ယံဖုန်းကိုကောက်ကိုင်ပြီး


"Hello.."


"Hello..ဟိန်း..လား..??"


တောက်..စလာတာနဲ့ရုံးပတီသီးဆီ သုပ်ထားတဲ့အသံနဲ့


"အင်း..ဘာပြောဖို့လဲ?ခက်.."


ဖုန်းကိုလက်ခံစကားပြောနေတဲ့အဲ့လူကြီးမျက်နှာကိုလဲအကဲခတ်ရသေးသည်..။နဲနဲလေးလန့်နေတာကလွဲရင်မူတော့မပျက်..။


"ေဩာ်..ဟိန်းကလဲ...ပြောစရာရှိမှဖုန်းဆက်ရမှာလားလို့???"


တစ်ဖက်ကချွဲပြစ်ပြစ်လေသံကြောင့်သက်ဝေယံတစ်ယောက်စားထားတဲ့ခေါက်ဆွဲတွေတောင်ပြန်အန်ထုတ်ချင်လာသည်..။


"အဲ့..ဒါပေမဲ့ပြောစရာမရှိရင်ဖုန်းချလိုက်တော့မယ်လေ.."


ဟိုကလေးမျက်နှာကရှစ်ခေါက်ချိူးနေပြီမို့ဟိန်းထက်ယံဖုန်းကိုမြန်မြန်ချပစ်ချင်လာပြီ..။


"အို..စိမ်းကားလိုက်တာ..ရှိတာပေါ့လို့ဟိန်းအိမ်ကို ကောင်းကောင်းပြန်ရောက်ရဲ့လား?ခက်စိတ်ပူလို့"


အရေးထဲစိတ်ကပူနေရသေးသည်..။အဲ့လူကြီးခန္ဓာကိုယ်ကြီးကိုဘယ်သူမှဆွဲမသွားဘူး...အပိုတွေသက်ဝေယံနှာခေါင်းပင်ရူံ့မိလိုက်သည်..။


"ရောက်ပါတယ်..အခုအိမ်မှာ.."


"ေဩာ်...တော်သေးတာပေါ့..သက်ဝေလေးနောက်ကိုကမန်းကတန်းပြေးလိုက်သွားတော့ ဘာတွေများဖြစ်တာလဲလို့??"


သက်ဝေလေးဆိုတဲ့နာမည်ပါလာတော့သက်ဝေယံ ထိုင်နေရင်းကိုယ်ကိုအရှေ့သို့ပိုတိုးလိုက်သည်မို့ စားပွဲခုံပေါ်ကိုကိုယ်တစ်ပိုင်းလောက်တင်ပြီးသားဖြစ်သွားသည်..။


"ေဩာ်..ဘာမှမဖြစ်ပါဘူး.."


ကိုယ့်အတွင်းရေးကိုတခြားသူကိုမသိစေချင်တာမို့..ဟိန်းထက်ယံတိုတိုတုတ်တုတ်ဘဲပြန်ဖြေလိုက်သည်..။အရှေ့ကကလေးကလဲလူတစ်ကိုယ်လုံးစားပွဲပေါ်ရောက်မတတ်ကိုစူးစိုက်ပြီးနားထောင်နေသည်။


"သက်ဝေလေးကလူမူရေးမသိတတ်ဘူးနော်အဖွဲ့ထဲကလူတွေကိုအားမနာရင်တောင်ဟိန်းကိုအားနာသင့်တယ်လေ..အဲ့လိုကြီးဖွင့်ပြောချတော့ဘယ်ကောင်းမလဲလို့.."


ကြည့်စမ်း...ကြည့်စမ်း...။ဒီမိန်းမကတော့..ကုန်းချောနေတာဟိန်းထက်ယံတစ်ခုခုပြောဖို့ပြင်ရုံရှိသေးသက်ဝေယံ က ဖုန်းကိုလှမ်းတောင်းလေသည်..။ဟိန်းထက်ယံကဘာလို့လဲ သဘောနဲ့မျက်ခုံးပင့်ပြတော့သက်ဝေယံက ပေးမှသာပေးဆိုတဲ့ပုံစံနဲ့မျက်မှောင်ကြုံ့ပြသည်။


"Hello..ဟိန်း..."


တစ်ဖက်က လဲ ဟိန်း..ဟိန်း..ဟိန်း..နဲ့စွတ်စပ်အော်ခေါ်နေသည်။ဟိန်းထက်ယံကမ်းပေးလာတဲ့ဖုန်းကိုသက်ဝေယံလှမ်းယူလိုက်ပြီး


"ဒီမှာ..တဟိန်းထဲဟိန်းမနေနဲ့ကျွန်တော်လဲရှိတယ်.မမ"


တစ်ဖက်ကနဲနဲအံ့ဩသလိုပုံစံတစ်ချက်ဖြစ်သွားသည်..။အေးပေါ့လေ..သူခိုးလူမိဆိုသလိုဖြစ်သွားတာကိုးခဏကြာမှ


"ေဩာ်..သက်ဝေလေးပါရောက်နေတာကိုး.."


အသံကတော့ထုံးစံအတိုင်းချွဲပြစ်ပြစ်။


"ဒါပေါ့ မမရဲ့ .ကိုယ့်ချစ်သူအိမ်ကိုယ်ရောက်နေတာလေ..အဲ့လောက်မအံ့ဩသွားပါနဲ့.."


ချစ်သူလို့အဲ့မိန်းမရှေ့မှာသုံးနူန်းပြလိုက်ရလို့သက်ဝေယံအကျေနပ်ကြီးကျေနပ်သွားသည်..။


"အဟင်း..မအံ့ဩပါဘူး..မမက ဟိန်းကိုစိတ်ပူလို့ဖုန်းဆက်တာ.."


"မလိုပါဘူး ..မမရယ်..ကျွန်တော်တစ်ယောက်လုံးသူ့ဘေးမှာရှိပါတယ်.."


တစ်ယောက်နဲ့တစ်ယောက်စကားလုံးတွေနဲ့အပြန်အလှန်သတ်နေသည်ကိုဟိန်းထက်ယံလက်လေးပိုက်ပြီးသာထိုင်ကြည့်နေလိုက်သည်..။ခက်ကလဲအပြတ်ငြင်းပြီးသားကြီးကိုအတင်းလိုက်ကပ်သည်..။မိန်းခလေးဆိုတဲ့ အားနာစိတ်နဲ့ဒီတိုင်းလွှတ်ထားတာ..။


"ထားပါ..မမကသက်ဝေယံလေးနဲ့စကားပြောချင်တာမဟုတ်ဘူးလေ..အခုဟိန်းကိုဖုန်းပြန်ပေးလိုက်.!!"


ဟိန်းကိုဖုန်းပြန်ပေးလိုက်ဆိုတဲ့နေရာမှာခက်သဇင်၏အသံ Volumeက နဲနဲမြင့်တက်သွားသည်..။ဟင်း..ဒီလိုလေသံတင်းတင်းနဲ့သက်ဝေယံကိုလာပြောလို့ကတော့Ha Haဘဲရမယ်လေ မမရယ်..။


"Hello ..ဖုန်းပြန်ပေးလိုက်..!!"


တစ်ဖက်က ဖုန်းပြန်ပေးလိုက်ဆိုတာကိုဘာမှပြန်မဖြေဘဲ ဟိုလူကြီးကိုတစ်ချက်ကြည့်လိုက်တော့လုပ်ချင်တာလုပ်ဆိုတဲ့သဘောနဲ့မေးဆတ်ပြသည်။ဟုတ်ပြီလေ..။


"တီ!"


သက်ဝေယံဖုန်းချပစ်ပြီးတာနဲ့ Ph noကိုBlacklistထဲတန်းထည့်လိုက်ပြီး ph Noကိုပါဖျတ်ပစ်လိုက်သည်။


"ရော့..ခင်ဗျားဖုန်း.."


သက်ဝေယံ..ဟိန်းထက်ယံကိုဖုန်းလှမ်းပေးလိုက်တော့ သူ့ဖုန်းသူပြန်ကြည့်ပြီး


"Blacklistပါလုပ်လိုက်တာလား??"


သက်ဝေယံခပ်တည်တည်နဲ့ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်..။


"Project groupတစ်ဖွဲ့တည်းသားချင်းအဲ့လောက်ထိလုပ်ပစ်လိုက်တော့ဘယ်ကောင်းမလဲ??"


ဟာ..blacklistထဲဘဲထည့်လိုက်တာကိုအဲ့လောက်ထိလုပ်ပစ်လိုက်တယ်တဲ့။အဲ့လူကြီးတော့ သက်ဝေယံရဲ့ဒေါသတွေကိုပိုဆွပေးနေသည်လားမသိ..။ဖြစ်နိုင်ရင် အဲ့မိန်းမကိုငရုတ်ကျည်ပွေ့ထဲပါ ထည့်ထောင်းချင်နေတာ..။


"ဘာလို့မကောင်းရမှာလဲ??!!"


သက်ဝေယံပြန်အော်ပစ်လိုက်တော့..


"မဟုတ်ဘူးလေ ..သင်တန်းမှာတွေ့နေရမယ့်သူတွေ..ပြီးတော့Projectအတွက် Groupထဲမှာတစ်ခုခု ပြောစရာရှိတာတွေဘာတွေဆိုရင်.."


"အဲ့ Groupဆိုတာပါလာပြီကျွန်တော် ဒီနေ့ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးအဲ့Groupကို ကြည်သေးတာမဟုတ်ဘူးနော်."


ဒီနေ့ကိစ္စကတော့သူမပြောနဲ့ဟိန်းထက်ယံလဲမကြည်ဘူး..။ဆွဲပါထိုးပစ်ချင်တာ မနည်းထိန်းခဲ့ရတာ..ဒါပေမဲ့ နဲနဲပါးပါးအလိုက်သင့်တော့နေရမည်လေ။


"ကိုယ်ပြောတာက .."


"ဒီမှာ! အဲ့Groupနဲ့ပြန်အဆင်မပြေဘူးဆိုရင်Group changeမယ်..ကျန်တဲ့Groupတွေကပါလက်မခံရင်ကျွန်တော်တို့ဘာသာနှစ်ယောက်တည်းProjectလုပ်မယ်.."


ဟိန်းထက်ယံစကားကိုဆုံးအောင်တောင်မစောင့်။ပြောချင်တာတွေစွတ်စပ်ပြောနေပြန်ပြီမို့ဟိန်းထက်ယံမျက်နှာကိုသာလက်ဖဝါးနဲ့ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး


"..နှစ်ယောက်တည်းနဲ့ဘယ်လိုလုပ်ပြီးProjectသွားလုပ်မလဲ??"


"အဲ့တော့ခင်ဗျားအဲ့groupထဲမှာဘဲဆက်နေမှာလား??"


စားပွဲခုံကိုဝုန်းခနဲလက်ဝါးနဲ့ရိုက်ချပြန်ပြီမို့ဟိန်းထက်ယံသူ့ကိုမော့ကြည့်လိုက်မိသည်..။ဆူပွက်နေတဲ့ဒေါသငွေ့တွေကြောင့်သူ့မျက်နှာဟာနီရဲတက်နေသည်..။ဒီကလေးတော်တော်စိတ်ကြီးတာဘဲ..။


"ကိုယ်ပြောတာ နားထောင်.."


ဟိန်းထက်ယံပါ ထိုင်ခုံကထရင်းသူ့လက်တွေကိုအသာဆွဲကိုင်တော့..


"ခင်ဗျားကျွန်တော့်အသားလာမထိနဲ့"....................နာရီလှမ်းကြည့်လိုက်တော့၁၁နာရီတိတိ..။ဖုန်း ကိုဟိုပွတ်ဒီပွတ်လျှောက်ပွတ်နေရင်းတွေးမိနေသည်ကအဲ့ကလေး ခုထိမအိပ်သေးဘူးလား??လှမ်းကြည့်လိုက်တော့၅နာရီကတည်းက အခုချိန်ထိComputerရှေ့မှာဖင်ကကျောက်ချထားတုန်း။ပုံမှန်ဆို ၁ဝနာရီဆို အိပ်ချင်ပီဆိုပြီးကုန်းအော်တတ်တဲ့သူကိုသူအခုဆော့နေတဲ့ Gameထဲကဘယ်အရာကများ မအိပ်ချင်အောင်ဆွဲဆောင်ထားလဲမသိ..။ဟိန်းထက်ယံကြည့်မိသလောက်ကတော့အဲ့levelကနေကိုတက်မလာတာတော့သိသည်..။အိမ်ကိုဖုန်းမဆက်လို့လဲဟိန်းထက်ယံက သူ့အိမ်ကိုဆက်ပေးရသည်။စိတ်ပူနေမှာစိုးလို့..ဝုန်းဒိုင်းကြဲပြီးအိမ်ပေါ်ကဆင်းမသွားတာတော့ကျေးဇူးတင်ရမည်။မဟုတ်ရင် လိုက်ဖမ်းဆွဲလို့မလွယ်ရှင်းပြတာကိုနားမထောင်ဘဲသူလုပ်ချင်ရာတဇွတ်ထိုးလျှောက်လုပ်ပြီးရင် အော်ဟစ်နေတတ်တဲ့။အဲ့ကလေးကို ဟိန်းထက်ယံဘယ်လိုကိုင်တွယ်ရမည်မသိတော့..။အခုလဲကောက်နေသည်မှာမပြီးနိုင်..။ဟိန်းထက်ယံတို့ကလဲ ချေသည်။တစ်ခါနှစ်ခါ ချော့လို့မရရင် ဆက်ကိုမချော့တော့အဲ့အတိုင်းပစ်ထားလိုက်တာအေးရောနဂိုတည်းကမချော့တတ်တာကြောင့်လဲပါသည်..။သူအဲ့လိုလေးငြိမ်ကုတ်ပြီးတစ်ယောက်တည်းသီးသန့်နေတော့စိတ်ထဲကောင်းလားဆိုတော့လဲမကောင်း..။နားညည်းကတော့သက်သာတာပေါ့လေ..။ဟူး...အကြောင်းမဲ့လေပူတွေမူတ်ထုတ်နေသည်မှာဘယ်နှစ်ကြိမ်ရှိပြီလဲမသိ။တစ်ချက်တစ်ချက်သာ လူပ်ရှားသည့်သူ့ရဲ့အပြာရောင်ကျောပြင်လေးဒီတိုင်းသာဆက်ထားရင်အဲ့ကလေးအဲ့နေရာကတစ်ညလုံးထတော့မှာမဟုတ်။


"ထတော့.."


Computer ဘေးနားထိ လာပြောသည်ကိုပင်လူကိုတစ်ချက်လေးမှလှည့်မကြည့်..။Computer screenကိုသာခေါင်းဝင်တော့မတတ် ကြည့်နေသည်..။


"ထတော့လို့ပြောနေတယ်လေ.."


ဟာ..ဒီတစ်ခါထပ်ပြောလဲ လူကိုရှိလေတဲ့ငါးပိဖုတ်တယ်လို့တောင်ထင်ပုံမရ..။အဲ့တော့..Power buttonကို ကောက်နှိပ်ချပစ်လိုက်သည်..။


"ခင်ဗျား..."


တစ်ချက်သာ မော့ကြည့်ပြီးPower buttonကို ပြန်နှိပ်နေလေသည်..။


"တော်တော့..gameဆက်မဆော့နဲ့တော့ "


ဟိန်းထက်ယံထပ်ပြောလဲသူကအဖတ်ရော အရည်ရော မလုပ်။


"ခင်ဗျားဘယ်လိုဖြစ်နေတာလဲ?အိမ်မှာအမေပွမ်လို့ဒီမှာဆော့ပါတယ်ဆိုမှဘဲ.."


Gameဆော့ချင်တာထက်အကောက်ကြီးကောက်နေတာဒီကလူက မသိတာမှတ်လို့..။ဟုတ်ပြီလေ..။သူ့အသားလာမထိနဲ့ဆိုတဲ့စကားကိုချိုးဖောက်ရတော့မည်..။သူ့လက်ကိုအတင်းဆောင့်ဆွဲပြီးထခိုင်းတော့ခြေထောက်နဲ့ကန်ပြီးကိုရုန်းသည်..။ခြေထောက်ကိုဒရွတ်တိုက်ဆွဲပြန်တော့လဲလက်ကComputer တင်တဲ့ခုံကိုအတင်းကုတ်ကပ် ထားရင်း


"ကျွန်တော်ခင်ဗျား Computerကိုပါဆွဲချမှာနော်!!!!"


ငင်!မဖြစ်..တစ်လုံးတည်းရှိတဲ့computerလေးအဲ့ကလေးက ပြောရင်ပြောတဲ့အတိုင်းလုပ်တာဆွဲထားတဲ့ခြေထောက်ကိုလွှတ်ပစ်ချလိုက်တော့သက်ဝေယံဖင်ထိုင်ရက်ကျပြီးမြီးညောင့်ရိုးအောင့်တက်သွားသည်..။မြီးညောင့်ရိုးကိုအောင့်သွားပုံရသည်..။မျက်နှာလေးရူံ့မဲ့ပြီး သူ့ဖင်ကိုသူပြန်ပွတ်နေသည့်အဲ့ကလေးကို ဆွဲပွေ့ချီပစ်လိုက်သည်..။အိ...လေးသားဟ..။ပုံစံကြည့်တော့သာ ပိန်ပိန်သေးသေးလေးနဲ့သူ့ခန္ဓာကိုယ်ပိစိလေးကိုမနည်း မ ထားရတဲ့အပြင်ရင်ဘတ်ကိုပါ တဝုန်းဝုန်းနဲ့ရိုက်လာသည်..။လက်သံကတော်တော်ကိုပြောင်တာ!လက်သီးတွေက သေးသေးကျစ်ကျစ်နဲ့မို့ဟိန်းထက်ယံရင်ဘတ်တွေအောင့်တက်နေပြီ။သို့သော်ဒီတစ်ခါပစ်ချလိုက်ရင်ထပ်နာမှာစိုးလို့ ကုတင်ပေါ်ကိုအသာအယာသာချလိုက်သည်။


"ခင်ဗျားဘာလုပ်မလို့လဲ?"


ကုန်းရုန်းထပြီးစွာကျယ်လုပ်လာတဲ့အဲ့ကလေးနဖူးကိုလက်ညိုးနှင့်တွန်းထည့်လိုက်ပြီး


"မင်းလုပ်ချင်တာတွေလျှောက်မတွေးနဲ့.."


"ဘာ..ခင်ဗျား.."


သူ့စကားတောင်မဆုံးသေး..။သူ့ခေါင်းနဲ့ ခေါင်းအုံးကိုမိတ်ဆက်မိအောင်လုပ်ပေးလိုက်သည်..။အခုကျတော့လေ အူဝဲကလေးလေးကုတင် ပေါ် ပက်လက်လှဲနေသလိုဘဲ..။


"မင်းအိပ်သင့်နေပြီ.."


ပြောရင်းသူ့ရဲ့ခပ်ကွေးကွေးခြေထောက်လေးတွေကိုဆွဲဆန့်လိုက်သည်..။


"အရမ်းနောက်ကျမှအိပ်ရင်မကောင်းဘူး.."


ကုတင်ခြေရင်းကစောင်လေးကိုဆွဲယူဖြန့်ရင်းသူ့ရင်ဘတ်နားထိစောင်ကိုဆွဲခြုံပေးလိုက်တော့ရုတ်တရက်ကြီးလည်ပင်းကိုဆွဲပြီးသိုင်းဖက်ခံလိုက်ရသည်..။အေးခနဲခံစားချက်လေးတစ်ခုသူ့အသက်ရူရိူက်သံလေးကဘယ်ဘက်နားစည်လေးမှတဆင့်နှလုံးသားထိခပ်တိုးတိုးရိုက်ခတ်လာသည်..။


"နောက်ဆို ခင်ဗျား ကျွန်တော့်ကိုမအော်နဲ့.."


ဟမ်!ဟိန်းထက်ယံအသည်းအသန်ပြန်စဉ်းစားရသည်..။တစ်ချက်ကလေးများအော်မိလိုက်သလားလို့။


"ကျွန်တော်မကြိုက်ဘူး...အထူးသဖြင့်တခြားသူတွေအတွက်ကြောင့်နဲ့ကျွန်တော့်ကိုမအော်နဲ့..."


ဖြစ်ရမယ်..။သူချည့်ဘဲစွတ်စပ်အော်သွားပြီးသူ့ဟာသူထိုင်ကောက်နေပြီးတော့ဟိန်းထက်ယံခပ်ဖွဖွလေးရယ်တော့သူကဘာလဲဆိုတဲ့သဘောနဲ့မျက်မှောင်ကုတ်ကြည့်သည်..။


"အင်း..မအော်တော့ဘူး..."


ဆိုတော့ အပြုံးခပ်နုနုလေးကသူ့နူတ်ခမ်းမှာချိတ်ဆွဲပြီးသား..အင်း...ဧည့်ခန်းဆီပြန်သင့်နေပြီထင်တယ်။မဟုတ်ရင်ရှိသမျှစျာန်အကုန်လျှောကျတော့မည်။မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြူးတူးတူးလေးကြည့်နေတဲ့အဲ့ကလေးကို အသည်းယားစွာတစ်ချက်ကြည့်လိုက်ရင်း


"အိပ်တော့..Good Night"


ကုတင်ပေါ်ကထမည်လုပ်ရုံရှိသေးပြန်ပြီးဆွဲ ချခံလိုက်ရပြန်သည်..။သို့သော်...ဒီတစ်ခါတော့နူတ်ခမ်းနှစ်လွှာကိုဖိကပ်လာတဲ့နွေးထွေးတဲ့အထိအတွေ့တစ်ခု..။တကိုယ်လုံးပူခနဲရှိန်းတက်သွားသည်အထိမျက်တောင်ခတ်ဖို့ဘဲမေ့လျော့သွားသည်လားမသိ။နမ်းတာနဲ့ပတ်သက်ပြီးအတွေ့အကြုံမရှိဖူးတဲ့လူလဲမဟုတ်ပါဘဲနှင့်ဒီလောက်ရိုးရှင်းတဲ့အနမ်းလေးတစ်ခုကနှလုံးသားတစ်ခုလုံး စည်းချက်မမှန်နိုင်တော့တဲ့အထိစွမ်းဆောင်နိုင်သည်ဟု မထင်ခဲ့..။အဲ့ကလေးကိုကြည့်မိတော့မျက်တောင်စင်းစင်းလေးတွေကအိပ်မောကျနေသည်။


"Mwah "ဟူသောအသံလေးတစ်ခုနဲ့အတူဟိန်းထက်ယံရဲ့မျက်နှာကိုသူ့လက်သေးသေးလေးနှစ်ဖက်နဲ့ဆွဲခွာပြီး အူတူတူမျက်နှာပေးနှင့်ဟိန်းထက်ယံကိုကြည့်ကာ


"ခင်ဗျားနူတ်ခမ်းနီဆိုးထားတာလား??"


"ဟမ်..မဆိုးပါဘူး..ဘာလို့လဲ?"


သက်ဝေယံသွားလေးဖြဲပြပြီး


"ဟီး..ချိုလို့.."


ပြောနေရင်း ဆတ်ခနဲ မျက်နှာကိုပြန်ဆွဲယူလိုက်ပြန်သည်။အလားတူနူးညံ့တဲ့အထိအတွေ့တစ်ခုကိုထပ်မံပိုင်ဆိုင်ရပြန်သည်..။အဲ့နူးညံ့မူလေးတစ်ခုထဲမှာဟိန်းထက်ယံ ပြန်ပြီးနစ်မြုပ်သွားရသည်။သူနမ်းတာက အသာလေးဖိကပ်ထားတာမျိုး။တစ်ခါတစ်ခါဆွဲခွာရင် တော့ မွ ဆိုတဲ့အသံတောင်ထွက်လာသေး။မျက်နှာကိုခွာလိုက်နမ်းလိုက်နဲ့ခဏခဏနမ်းပါများတော့ခုနက ရင်ခုန်တာလေးတွေပင်ပျောက်ပြီးဟိန်းထက်ယံခေါင်းပင်မူးလာသည်..။ဒီတစ်ခါပြန်ဆွဲခွာတဲ့အချိန်


"ဒါ 1st kissလား??"


လို့ဟိန်းထက်ယံမေးတော့ ပါးလေးရဲတက်သွားပြီးခေါင်းညိမ့်ပြသည်။ထင်သား..ဒါမို့ နို့စို့ကလေးတွေနမ်းတဲ့ပုံစံဖြစ်နေတာ..။ပြီးတော့သက်ဝေယံနူတ်ခမ်းစူစူလေးလုပ်ပြီး


"အိပ်ခါနီးရင် Goodnight kissပေးရမယ်ဆိုတာမသိဘူးလား???"


ေဩာ်...သူ့ကိုGood night kissမပေးမိဘဲထထွက်သွားမည်လုပ်လို့ စိတ်ကကောက်ချင်သေးသည်..။ဟိန်းထက်ယံ နူတ်ခမ်းတွေကိုတွန့်ကွေးရုံပြုံးလိုက်ပြီး


"အဟား..သိတာပေါ့...ဒါပေမဲ့ မင်းလုပ်လိုက်တာ ...ညလုံးပေါက် kissဖြစ်တော့မယ်ထင်တယ်.."ပြူးကျယ်ဝိုင်းစက်သွားတဲ့မျက်လုံးတစ်စုံကိုလျစ်လျူရူလိုက်ပြီးသူ့နူတ်ခမ်းထက်မှဘာစကားလုံးမှထွက်မကျလာနိုင်ခင်အနမ်းတွေနဲ့နူတ်ဆက်ပစ်လိုက်သည်..။နမ်းပြီဆိုလဲအဲ့ကလေးလိုတော့ကလေးကလားနမ်းရုံလောက်နဲ့ဟိန်းထက်ယံက ကျေနပ်နိုင်တာမျိုးမဟုတ်ဘူးလေ..။မျက်နှာတည့်တည့်ဆိုအဆင်မပြေလို့ဟိန်းထက်ယံခေါင်းကိုအသာစောင်းပြီးသူ့မျက်နှာမလှည့်နိုင်အောင်ကိုင်ထိန်းထားလိုက်သည်..။ခပ်ဖူးဖူးနူတ်ခမ်းတစ်စုံမှအောက်နူတ်ခမ်းလွှာကိုဖွဖွလေးဆွဲယူလိုက်တော့သူ့ထံမှအသံသေးသေးလေးတစ်ခုကထွက်ကျလာသည်..။ဒုက္ခ..ခုမှပထမအဆင့်ဘဲရှိသေးသူက ညည်းချင်နေပြီထင်သည်..။အောက်နူတ်ခမ်းပြီးတော့အပေါ်နူတ်ခမ်းအလှည့်ရောက်လာတော့ရင်ဘတ်နားကအကျႌစကခပ်တင်းတင်းဆုပ်ကိုင်ခြင်းခံလိုက်ရသည်..။သူ့ဆီကခင်သင်းသင်းကိုယ်သင်းနံ့လေးကိုရောဖွင့်ထားတဲ့ပြတင်းပေါက်ဆီကဝင်လာတဲ့လေပြည်ညှင်းကိုရောဘာကိုမှဂရုမစိုက်နိုင်လောက်အောင်သူ့နူတ်ခမ်းတစ်ခုတည်းကိုဘဲအာရုံစိုက်နေမိသည်..။ပူနွေးစိုစွတ်နေတဲ့အရာတစ်ခုကသူ့နူတ်ခမ်းအတွင်းထိဟိုဟိုဒီဒီပြေးလွှားနေတော့တစ်ချက်တွန့်ပြီးရုန်းကန်လာသည်မို့သူ့လက်ချောင်းတွေကိုဟိန်းထက်ယံလက်ချောင်းတွေနဲ့ယှက်ယူပြီး ကုတင်ပေါ်မှာဖိကပ်ထားလိုက်ရသည်..။ဟိန်းထက်ယံဘက်ကဦးဆောင်မူတစ်ခုအောက်မှာအနမ်းတွေကိုပြန်ပြီးတုံ့ပြန်ရရှိလာသည်..။သူတုံ့ပြန်ပုံလေးကအရမ်းမကျွမ်းကျင်သေးပေမယ့်လည်းအဆင်တော့ပြေသည်။အဟက်...ဒီကလေးကတတ်လွယ်သား..။တစ်ကမ႓ာလုံးက အချိုမြိန်ဆုံးသောအရာတွေကဒီတစ်နေရာတည်းမှာဘဲစုဝေးနေသလိုမျိုး..။အနမ်းတွေကိုဖလှယ်နေတဲ့နူတ်ခမ်းတွေ..ရင်ခုန်သံတွေစည်းချက်လိုက်ကကြိုးဆင်နေတဲ့နှလုံးသားတစ်စုံကထပ်တူကျလျက်..။

Continue Reading

You'll Also Like

657K 104K 63
Zawgyi/Unicode ဘဝမှာ ​နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလာ...
274K 26.3K 49
- မျဉ်းပြိုင်နှစ်ကြောင်းကဆုံချင်ရင် ဘာလုပ်ရမလဲသိလား???? သေချာတာပေါ့။သူတို့ထဲကတစ်ကြောင်းမဟုတ် တစ်ကြောင်းကတော့ကွေးပေးရမှာပေါ့😎 - မျဉ်းပြိ...
662K 45.7K 52
Zawgyi+Unicode Myanmar BL Novel. မျက်​ရည်​ခိုင်​​အောင်​လုပ်​ပြီးမှဖတ်​ပါ... Author: :LeeSeungHan(Moepyhar)
142K 10.4K 62
ရှားလော့တက္ကသိုလ်၏ ကြည်နူးပျော်ရွှင်ဖွယ်ရာ နဂ္ဂတစ်ပုံရိပ်များအကြောင်း။