"ဂွီ....."ခနဲအော်မြည်လာတဲ့ဗိုက်ကိုလက်နှစ်ဖက်နှင့် ပိုက်ပြီးဖိထားလိုက်မိသည်။Yrrrr...ဗိုက်ဆာလိုက်တာ.!!!လောလော..လောလောနဲ့ကျောင်းကားပေါ်မှာထမင်းချိုင့်မေ့ကျန်ခဲ့သည့်ကိုယ့်ကိုယ်ကိုဘဲဒေါသထွက်နေမိသည်..။သွားဝယ်စားဖို့ပိုက်ဆံကလဲပါမလာ။သူငယ်ချင်းမတွေကလဲမနတ်ကကျောင်းလစ်ပြီးရုပ်ရှင်သွားကြည့်တာခုထိကိုပြန်ပေါ်မလာတော့။သီချင်းနားထောင်ဖို့ကြည့်လိုက်တော့Garrrrrr...ဖုန်းဘဲပါလာသည်။Earphone ကအခန်းထဲကလွယ်အိတ်ထဲကျန်နေခဲ့သည်။သက်ဝေယံ..နင်ဒီနေ့တော်တော်ကံဆိုးနေပါလား?
"ဟူး........."
လေပူတစ်ချက်ကိုမူတ်ထုတ်လိုက်တော့နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေပင်လေထဲဝဲပျံတက်သွားသည်..။
"ဝုန်း!"
"အမေ့..!"
ရုတ်တရက်ကြီးသက်ဝေယံထိုင်နေတဲ့ခုံတန်းလေး လူပ်ခါသွားသဖြင့်လှည့်ကြည့်လိုက်မိတော့..ဟာ..ဟိုလူကြီး..။ဒူးကိုချိတ်ခုံတန်းရဲ့နောက်အမှီကို မှီပြီးဟန်ပါပါနှင့်ကို ထိုင်ချလိုက်သောထိုလူသည်သက်ဝေယံဘက်ကိုတစ်ချက်လေးမှလှည့်မကြည့်။Earphoneကို နားမှာတပ်လိုက်ပြီးမျက်လုံးလေးမှိတ် လက်လေးပိုက်ကာဇိမ်ကျနေသည့် ထိုသူကို သက်ဝေယံကြည့်မရတော့။တခြားခုံတွေကိုကြည့်လိုက်တော့လွတ်နေသည့်ခုံတွေကအများကြီး။ဒီခုံမှာမှထိုင်ချင်တယ်ဆိုရင်လဲခွင့်တောင်းရမယ်ဆိုတာ နားမလည်ဘူးလား မသိ။ယဉ်ကျေးမူကိုမရှိတာ။
"ဒီမှာ..ဒီမှာ..!!"
အမယ်..မျက်မှောင်တစ်ချက်ကျုံ့ပြီးမျက်နှာကိုတစ်ဖက်သို့နည်းနည်းစောင်းသွားသေး..။Earphoneတပ်ထားလဲသက်ဝေယံ ပြောနေသည့် အသံ volumeကကြားနိုင်လောက်သည့်ပမာဏမျိုး။တမင်တကာကိုမကြားချင်ယောင်ဆောင်နေတာအသိသာကြီး။မကြားချင်ယောင်ဆောင်နေတော့လဲ..
"ဒီမှာ!!!!"
Earphone တစ်ဖက်ကိုသူ့နားမှဆွဲဖြုတ်လိုက်ပြီးအကျယ်ကြီးအော်ချလိုက်သည်။သူ့မျက်လုံးတစ်ဖက်ဖျတ်ခနဲပွင့်လာပြီးနားတစ်ဖက်ကိုလက်နှင့်အုပ်ကာကိုယ်ကိုအနောက်ဘက်သို့နဲနဲယို့သွားပြီးသက်ဝေယံကိုမကြည် ကြည့် ကြည့်နေလေသည်။
"တခြားနေရာမှာထိုင်ခုံတွေအများကြီးသွားထိုင်ပါလား???"
ဗိုက်ဆာလို့စိတ်တိုနေတာနှင့်ပါရောပြီးသူ့ကိုအော်ချလိုက်သည်။သူကဂရုမစိုက်သလိုဟန်နှင့်
"ဟက်..ဘာလို့ထိုင်ရမှာလဲ?ဒီခုံ က ငါထိုင်နေကျခုံ"
ဖြစ်ရတယ်..။YUFLမှာ ထိုင်ခုံမူပိုင်ခွင့်ရှိတယ်လို့လဲမကြားဖူးပါဘူး။
"ခင်ဗျားထိုင်နေကျ ခုံဆိုလဲ အခုကျွန်တော်ထိုင်နေတယ်လေ..ခင်ဗျားမမြင်ဘူးလား??!!!!"
အသံVolumeကိုနဲနဲပိုတိုးမြှင့်ပြီးအော်ပစ်လိုက်တော့သူ့ဖုန်းကိုသာ သူပြန်ကြည့်နေပြီး
"မြင်ရအောင် ငါကမင်းကိုလိုက်ကြည့်နေတာမှမဟုတ်တာ.."
တောက်!ကြည့်စမ်း..ကြည့်စမ်း..!ဟိုတလောကမှ အမမြတ်မွန်ကြောင့်ပြန်အဆင်ပြေသွားသေးသည်။အခုပြန်ထဖောက်လာလေပြီ။ဒီလူဟာလေ ဘယ်လိုမှန်းကိုမသိ။သက်ဝေယံကို တမင်တကာများလိုက်နှောက်ယှက်ဖို့မွေးလာသလားမှတ်ရသည်။
"ဖြစ်ရတယ်...မျက်လုံးကျွတ်ထွက်မတတ် ငမ်းတုန်းကငမ်းပြီးတော့များ.."
သူ့မျက်နှာရဲခနဲဖြစ်သွားသည်။ဒီလိုဘဲဖြစ်ရမယ်လေ..။သက်ဝေယံဟာ မရ ရတာနဲ့ကိုအနိုင်ပိုင်းချလိုက်ရမှဖုန်းကိုကြည့်နေရာမှသူ့အကြည့်တွေကသက်ဝေယံဆီကိုတန်းခနဲရောက်လာသည်..။ဘုရား..ဘုရား..အစိမ်းလိုက်ဝါးစားမလိုကြည့်တဲ့အကြည့်တွေသက်ဝေယံနဲနဲတွန့်သွားသည်ကိုတော့ဝန်ခံရမည်..။ဖုန်းကိုခုံပေါ်သို့တင်လိုက်သည်။သူ့မျက်နှာကသက်ဝေယံမျက်နှာနားထိတိုးကပ်လာပြီးသက်ဝေယံနားထဲသို့လေသံတိုးတိုးလေးတစ်ခု။
"မင်းကရော..အရင်ကငါ့ကိုမြင်ရင်တောင် တန်းနေအောင်ပြေးတဲ့လူကများ..ဘာလဲ?ခုထိငါ့ကိုမြင်ရင် ရှက်နေတုန်းလား??"
သက်ဝေယံပါးပြင်နှစ်ဖက် ရှိန်းခနဲဖြစ်သွားသည်။
"ခင်ဗျား..တော်လိုက်တော့!!"
ပူထူပြီးကုန်းရုန်းအော်ပစ်ချလိုက်တော့သူနောက်သို့ပြန်ဆုတ်သွားသည်။နူတ်ခမ်းကိုမသိမသာ ရွဲ့လိုက်ပြီးသူ့ phသူပြန်ကိုင်သူ့ earphone သူပြန်ကောက်တပ်ကာသီချင်းနားထောင်နေသည်..။တော်ပြီ..အဲ့လူကြီးနဲ့ထပ်ပြီးစကားပြောချင်စိတ်ကိုမရှိတော့။သက်ဝေယံလဲခုံအစွန်းတစ်ဖက်မှာကုတ်ကုတ်လေးပြန်ထိုင်နေလိုက်သည်။ဗိုက်ထဲကဆန္ဒပြသံတွေကလဲမပြီးဆုံးသေး။ဗိုက်ဆာတာ..တော်တော်ခံရခက်ပါလားနော်..။ပန်းခြံတစ်ဝိုက်ကိုဟိုကြည့်ဒီကြည့်နဲ့ကြည့်ပြီးခုံရဲ့ဟိုတစ်ဘက်စွန်းကို အကြည့်ပြန်ရောက်သွားမိသည်..။ဟိုလူကြီး ဆီကိုတော့မဟုတ်။သူ့လက်ထဲမှာဖုန်းပါးပါးလေးနှင့်အတူတွဲ၍ကိုင်ထားသော ပိုက်ဆံအိတ်ပါးပါးလေးဆီသို့။အဟင့်...ပိုက်ဆံချေးလို့ရလားမသိ။မဖြစ်သေးပါဘူး..။ခုနကမှတိုက်ပွဲဖြစ်ထားတာ.။သက်ဝေယံကြည့်နေသည်ကိုထိုလူကြီးရိပ်မိသွားသည်ထင်သည်။မျက်ဝန်းလေးထောင့်ကပ်ကာသက်ဝေယံကိုကြည့်လာသည်။သူ့နားတစ်ဖက်မှနားကျပ်တစ်ခုကိုဆွဲဖြုတ်လိုက်ပြီးဟမ်..ဘာလုပ်တာလဲ??သက်ဝေယံငုံ့ကြည့်လိုက်မိတော့ဖြောင့်စင်းခိုင်မာလှတဲ့သူ့လက်ချောင်းတွေပေါ်မှာအဖြူရောင် နားကျပ်ကြိုးလေးတစ်ဖက်။
"ရော့..သီချင်းနားထောင်ချင်လို့မဟုတ်လား??.."
သေစမ်း..!!ဗိုက်ဆာနေတာပါဆိုနေ..။သက်ဝေယံ မျက်နှာလေးနဲနဲရူံ့မဲ့သွားမိသည်ထင်သည်။မဆိုးပါဘူး...။သီချင်းနားထောင်လိုက်ရင်ဗိုက်ဆာတာမေ့သွားနိုင်ပါရဲ့။သူ့လက်ထဲမှနားကျပ်ကြိုးလေးကိုဆွဲယူလိုက်မိတော့သူ့လက်ချောင်းတွေနှင့်ထိခတ်လိုက်မိသည့်ခဏမှာကျင်ခနဲတစ်ချက်ဖြစ်သွားသည်မို့သက်ဝေယံသူ့ကိုတစ်ချက်မော့ကြည့်လိုက်မိသည်။သူကတော့ပုံမှန်အတိုင်းပင်သူ့ဖုန်း screenကိုကြည့်ပြီးသီချင်းရွေးနေပုံရသည်..။အာ..ဘယ်လိုပါလိမ့်။သူ့earphoneက လျှပ်စစ်ဓာတ်များစီးနေတာလားမသိ။ဘာမဆိုင် ညာမဆိုင် စဉ်းစားမိသည်ကိုခဏရပ်ထားလိုက်ပြီးနားတစ်ဖက်ထဲသို့နားကျပ်ကိုထိုးထည့်လိုက်တော့လှပနူးညံ့တဲ့သံစဉ်တစ်ခုဟာ လူပ်ခတ်စီးဆင်းလာသည်။
"ပြန်တွေးကြည့်...ငါသိပ်ချစ်မိသွားပြီ..🎶"
သက်ဝေယံခပ်ဖွဖွလေးပြုံးလိုက်မိသည်ငယ်ငယ်က သူအရမ်းကြိုက်ခဲ့တဲ့သီချင်းလေး။နားမထောင်ဖြစ်တာတောင်ကြာခဲ့ပြီလေ။
"မြတ်နိုးရတဲ့ မင်းရဲ့အပြုံးဟန်လေး အမြဲဘဲတွေ့ချင်မိ..🎶"
".........🎼🎶🎵ရင်ထဲထိပစ်ခွင်းစူးနစ်သွားပြီမင်းအကြည့်များ...ဂန္တဝင်မြောက်လွန်းတဲ့ ကမ႓ာကျော်ပန်းချီလဲရူံးရပြီ..🎵🎶"
တေးသွားတွေ စာသားတွေအောက်မှာသူဘယ်လောက်ထိနစ်မျောသွားမိသည်မသိ။သီချင်းတွေရပ်သွားတော့ သူမျက်လုံးလေးပြန်ဖွင့်လိုက်မိသည့်အချိန်။ဟင်...သက်ဝေယံဘက်ကိုငေးစိုက်ကြည့်နေသည့်မျက်ဝန်းတစ်စုံ..။တွန့်ကွေးထားသည့်နူတ်ခမ်းပါးပေါ်ကအပြုံးတွေဟာ သက်ဝေယံကိုချက်ချင်းမျက်နှာလွှဲသွားစေလောက်တဲ့အထိပူထူသွားစေခဲ့မိသည်..။
"အဟမ်..အဟမ့်.."
သက်ဝေယံချောင်းဟန့်သံပေးလိုက်တော့သူလဲတစ်ဖက်သို့ချက်ချင်းလှည့်သွားသည်ကိုမျက်ဝန်းထောင့်စွန်းမှမြင်လိုက်ရသည်လေ..။ဘယ်လောက်ကြာကြာတောင်လူကိုစိုက်ကြည့်နေသည်မသိ..။ဒါတောင်ခုနက မင်းကိုလိုက်ကြည့်နေတာမဟုတ်ဘူးဆိုဘဲ။နားထဲက earphoneလေးကိုဖြုတ်လိုက်ပြီးသူ့ဘက်ကိုမကြည့်ဘဲကမ်းပေးလိုက်သည်..။
"နားမထောင်တော့ဘူးလား??"
သူမေးလာသည့်စကားကိုခေါင်းဘဲတစ်ချက်ခါပြလိုက်တော့သူ earphoneကို ပြန်ယူသွားသည်။လက်ချောင်းတွေခပ်ဖွဖွလေးထိလိုက်သည့်အချိန်အား..လာပြန်ပြီ..အဲ့ခံစားချက်။သက်ဝေယံလက်ကိုဖျတ်ခနဲ ပြန်ရုတ်လိုက်မိသည်။သူလဲ earphoneကိုPhမှ ဆွဲဖြုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။Yrrrrr...ဗိုက်ဆာတာကပြန်ဆန္ဒပြလာလေပြီ။
"ဂွီ~~~~~"
ခုံတန်းရှည်မှထရပ်လိုက်ပြီဖြစ်သောသူသည် ဖျတ်ခနဲ သက်ဝေယံကိုငုံ့ကြည့်ပြီး
"မင်း..ဗိုက်ဆာနေတာလား..??"
ရှက်လိုက်တာ..။သူ့ဗိုက်ထဲကအသံဗလံတွေက အပြင်ကလူတောင်ကြားသွားပီ။သက်ဝေယံခေါင်းကိုခပ်လေးလေးငြိမ့်ပြလိုက်တော့သူကဘာတွေသဘောကျသည်မသိ။ထရယ်လေသည်။
"ဘာရယ်စရာပါလို့လဲ??"
စိတ်ပေါက်ပေါက်နှင့် ထပ်အော်ပစ်လိုက်သည်။သူလက်ကာပြပြီး
"အဟား..အဟား..ဘာမှမဟုတ်ဘူးမင်းမျက်နှာဖြစ်ပျက်နေတာကိုသဘောကျလို့.."
ဝဋ်လိုက်မှာ..သိလား??သူများဗိုက်ဆာနေတာကို လာလှောင်နေတယ်..။သူရယ်နေတာကိုရပ်တန့်လိုက်ပြီး
"ကြည့်ရတာ ဘာမှမစားရသေးဘူးထင်တယ်!"
ဗိုက်ဆာပါတယ်ဆိုမှဘဲ ဘာမှမစားရသေးလို့ပေါ့။ဗိုက်ကိုလက်နှင့်ပြန်ဖိထားလိုက်မိသည်။
"ထ..ထ..ကိုယ်ဝယ်ကျွေးမယ်"
သက်ဝေယံကလေးတစ်ယောက်လိုလှစ်ခနဲပြုံးလိုက်ပြီးခုံမှထလိုက်သည်။သူကတော့သက်ဝေယံကိုပြုံးပြီးကြည့်နေလေသည်။............
"ခင်ဗျား..အဲ့လိုစိုက်ကြည့်မနေနဲ့ကျွန်တော်မြိုမကျတော့ဘူး.."
ရေခွက်ထဲမှရေကိုမော့သောက်ပြီးပြောလာသောအဲ့ကလေး။ပါးဖောင်းဖောင်းတစ်ဖက်ကအစာတွေဝါးလို့မကုန်သေးသည်ကိုပြနေသေးသည်..။ေဩာ်...မြိုမကျလို့ဘဲ။မြိုများသာကျရင်ပန်းကန်လိုက်ကိုဝါးစားမလားဘဲ။
"မင်းလဲနော်!မင်းစားတာနဲ့ မင်းခန္ဓာကိုယ်နဲ့လိုက်တောင်မလိုက်ဘူး. "
ဆိုတော့ သူ့မျက်စောင်းကဒိုင်းခနဲရောက်ချလာသည်။အမှန်ကတော့မျက်မှောင်ကျုံ့ပြီးစူပုပ်ပုပ်ကြည့်တာ။ဒါပေမဲ့ဟိန်းထက်ယံကတော့မျက်စောင်းထိုးသည်ဟုဘဲစွပ်စွဲထားသည်။ဟိန်းထက်ယံတစ်ချက်ပြုံးလိုက်ပြီးဘေးနားကစပျစ်ဆိုဒါခွက်ကိုယူပြီးသောက်လိုက်သည်။
"ခင်ဗျားအဲ့လိုပြုံးရင်တော်တော်အမြင်ကပ်ဖို့ကောင်းတာဘဲ"
ဟာ..blind ကြီး။
"အဲ့အပြုံးကိုဘဲမိန်းကလေးတွေကြွေကျနေတာလေ"
ဟိန်းထက်ယံခပ်ရွဲ့ရွဲ့ပြန်ပြောဖြစ်တော့ဖြစ်ရလေ ဆိုတဲ့သဘောနဲ့ကြည့်ပြီးနှာခေါင်းလေးရူံ့လိုက်ကာသူ့ရှေ့ကခေါက်ဆွဲကြော်ပန်းကန်တွေထဲမှခေါက်ဆွဲတွေကိုဆွဲယူနေသည်။အာ...ဟိန်းထက်ယံကြည့်နေရင်းမှာပင်သူ့နှာခေါင်းလုံးလုံးလေးကိုဆွဲညှစ်ချင်စိတ်ပေါက်လာသည်အထိ။
"ခင်ဗျားလဲ စားဦးလေဘာမှမစားတော့ဘူးလား???"
ဟိန်းထက်ယံစားပွဲပေါ်ကိုဝေ့ကြည့်လိုက်တော့ခေါက်ဆွဲကြော်ပန်းကန်ထဲမှာကဂေါ်ဖီတွေချည့်ဘဲကျန်တော့သည်။ဘေးနားကကြက်သားကအရိုးဘဲကျန်တော့သည်။ထမင်းက ဖင်ကပ်နဲ့။တကယ်တော့ ဟိန်းထက်ယံစားချင်စိတ်လဲမရှိပါ။အဲ့ကလေးစားနေတာလေးကိုထိုင်ကြည့်နေရရုံနဲ့ကိုဟိန်းထက်ယံအတွက်ဗိုက်ပြည့်နေပြီးသား..။ဒါပေမဲ့လည်း
"ဘာမှမကျန်တော့မှလာပြောနေတယ်"လို့ဟိန်းထက်ယံပြောတော့အဲ့ကလေးလေး သွားလေးဖြဲပြပြီး
"ခုနက စားချင်ဇောနဲ့မေ့သွားတာ ခုမှသတိရလို့.."
တော်တော်ကိုအစားပုတ်တာဘဲ။သူနဲ့များတွဲမိရင် အစားအသောက်ဖိုးနဲ့မွဲမယ့်ကိန်း။တွေးပြီး ကိုယ့် ဘာသာကိုယ် ကြိတ်ရယ်နေမိသည်။
"အတန်းတက်ရတော့မယ်..."
လို့ အဲ့ကလေးပြောလာတော့ဟိန်းထက်ယံ သက်ပြင်းတစ်ခုကိုမသိမသာ ရိူက်ချလိုက်မိသည်..။ဖြစ်နိုင်ရင် မင်းနဲ့တွေ့ဆုံခွင့်ရတဲ့အချိန်တွေကိုဆွဲဆန့်ထားချင်မိတယ် ကလေးရယ်။ပိုက်ဆံထုတ်ရှင်းလိုက်ပြီးနောက်ဟိန်းထက်ယံနဲ့သက်ဝေယံတို့အဆောင်တွေဘက်သို့ပြန်ထွက်လာခဲ့သည်။ဗိုက်ဝသွားလို့ကျေနပ်ပျော်ရွှင်နေတဲ့သူ့မျက်နှာမှာအပြုံးနုနုလေးကအထင်းသား။လမ်းလျှောက်နေတာကိုကခုန်ဆွခုန်ဆွနှင့်ဖြစ်နေသည်။
"အဟီး..ကျွန်တော်စားတာနဲနဲများသွားတယ်"
ခေါင်းလေးကုတ်ပြီး ပြောလာသောသူ့ကြောင့် ဟိန်းထက်ယံ ရယ်ချင်မိသွားသည်။
"နဲနဲမဟုတ်ဘူး..တော်တော်ကိုများတာ.. "
"အဲ့ကုန်ထားတဲ့ပိုက်ဆံတွေကိုကျွန်တော်ပြန်ပေးမှာပါ..ဟွန်း"
နူတ်ခမ်းကအရှေ့သို့စူထော်သွားတဲ့သူ့မျက်နှာလေးကိုဟိန်းထက်ယံငေးကြည့်နေလိုက်မိသည်..။ပြန်ပေးစရာမလိုပါဘူး။ဖြစ်နိုင်ရင်တစ်သက်လုံးစာကိုတောင်တာဝန်ယူပစ်လိုက်ချင်တာ။သို့သော်..တစ်ကယ်တမ်းတော့အဲ့စကားလုံးတွေက ရင်ထဲကနေ အပြင်သို့ထွက်မလာ..။အဆောင်သစ်ရှေ့ကိုရောက်လာတော့
"ကျွန်တော်သွားတော့မယ်.."
နူတ်ဆက်လာတဲ့သူကိုနှမြောတသစွာတဖန်ငေးကြည့်နေမိပြန်သည်။
"အင်း..."လို့တစ်လုံးတည်းရေရွတ်လိုက်တော့သူခေါင်းလေးတစ်ချက်ညိတ်ပြပြီးအဆောင်ထဲသို့ဝင်သွားသည်။ပိုင်ခွင့်မပြောနှင့် ဆိုင်ခွင့်တောင်မရသေး။တဲ့အခြေအနေ တစ်ခုမှာခွဲခွာချိန်တိုင်း ငေးကြည့်ခွင့်ရသည်ကိုပင်ဟိန်းထက်ယံ ပျော်မွေ့နေမိသည်လားမသိတော့သေချာသည်ကတော့အချစ်လို့နာမည်တပ်လို့ရတဲ့အရာတစ်ခုကတော့ဟိန်းထက်ယံရင်ထဲကိန်းဝပ်ကျန်နေလေပြီ..။