""""""""""""""""""""""
လက္ထဲကစာရြက္အခ်ိဳ႕ကိုၾကည့္ၿပီး
သက္ျပင္းေလးေလးခ်မိတယ္..
ခုတေလာ မၾကာခဏေနမေကာင္းျဖစ္
လာတဲ့Krist ေၾကာင့္ Nammon လည္း
ေဆးရံုဆီအလာစိတ္ေနရတယ္..
" သူ႔ႏွလံုးရဲ႕ အေျခအေနကတျဖည္းျဖည္းဆိုးလာတယ္...ထပ္ၿပီးေတာ့ ႏွလံုးကိုထိခိုက္ေစမယ့္
အလုပ္မ်ိဳး ျဖစ္လို႔မရေတာ့ဘူး
ထပ္ျဖစ္လာဦးမယ္ဆိုရင္အစားထိုးကုသဖို႔
ကလြဲၿပီးနည္းလမ္းမ႐ွိေတာ့ဘူးေနာ္..''
မ်က္မွန္ေအာက္ကမ်က္လံုးေတြက
သတိေပးခ်က္အျပည့္နဲ႔...
သူ႔ကိုယ္သူေနေကာင္းတယ္ထင္ေနေသး
တဲ့ Kit ကိုသူဘယ္လိုေျဖာင့္ဖ်ရပါ့...
ျပန္လာခဲ့တဲ့ေျခလွမ္းကသူ႔စိတ္လိုပဲ
ေလးလံလို႔
"""""""""""""""""""""
လက္စြပ္ေလးႏွစ္ကြင္း...
ကိုကို႔ပစၥည္းေတြမွနိသမွ်အကုန္ပို႔ေပး
လိုက္ၿပီဆိုေပမယ့္ ဒီလက္စြပ္ေလးႏွစ္ကြင္း
ကိုေတာ့သူခ်န္ထားခဲ့မိသည္...
ဒီပစၥည္းေတြကကိုကို႔အတြက္တန္ဖိုး
အ႐ွိဆံုးျဖစ္ေနတာမို႔ အတၱႀကီးစြာ
ယူထားခဲ့မိျခင္းပါ
တစ္ေန႔တစ္ခ်ိန္မွာ ကိုကိုျပန္လာေတာင္း
ခဲ့ရင္ တစ္ခါေလာက္ေလးမ်က္ႏွာခ်င္းဆံု
ဖို႔ေပါ့...
ခုေတာ့မလိုေတာ့ပါဘူး
ကိုကိုကသူ႔ကို ျပန္ၿပီးဂ႐ုစိုက္ေပးေနလို႔ေလ
ဆြဲေနက်ဆဲြႀကိဳး႐ွည္မွာ လက္စြပ္ႏွစ္ကြင္း
ကိုခ်ိတ္လိုက္ၿပီး အက်ႌ ေအာက္ကို
ထိုးသြင္းထားလိုက္တယ္..ႏွလံုးခုန္သံနဲ႔
အနီးဆံုးေနရာေလး...
ကိုကိုတန္ဖိုးထားတဲ့အရာကသူ႔တြက္လည္းတန္ဖိုးမျဖတ္ႏိုင္တာပဲေပါ့...
ေဘးကဖုန္းကိုလွမ္းယူလိုက္ၿပီး
ကိုကို႔ကိုဖုန္းေခၚလိုက္တယ္...
ဒီေလာက္ေလးစြန္႔စားရတာနဲ႔တင္
တေဖာက္ေဖာက္အခုန္ျမန္ေနတဲ့
ႏွလံုးကေအာင့္သက္သက္လိုလို
ကိုကိုနဲ႔ပတ္သက္ရင္ သူ႔ရဲ႕ကိုယ္ကပါ
သူအစိုးမရေတာ့
"Hello...ကိုကို....''
"အင္း...ေျပာ...''
ေတြ႔ဆံုေနတဲ့အေရးႀကီးပုဂိၢဳလ္ကို
ေတာင္းပန္လိုက္ၿပီး စကားဝိုင္းနဲ႔
ခပ္လွမ္းလွမ္းဆီေလွ်ာက္ခဲ့လိုက္တယ္..
"ကိုကို ဘာလုပ္ေနလဲ....''
"အမ္း......ဘာမွမလုပ္ပါဘူး...ဘာလို႔လဲ..''
လွမ္းလွမ္းက ဧည့္သည္ကိုငဲ့ၾကည့္လိုက္ၿပီး
ခပ္တည္တည္ပဲ ေျဖလိုက္တယ္...
" ကိုကို.....အားရင္ ညစာအတူစားၾက
မလား...ဟင္...''
မဝံ့မရဲ ေမးသံေလးအဆံုးမွာ ျဖစ္ပ်က္ေနမယ့္မ်က္ႏွာေလးကိုပါ
ျမင္ေယာင္မိတယ္...
လက္မကလက္သည္းကိုတတိတိကိုက္
ေနလိမ့္မယ္...
နဖူးေၾကာေတြတြန္႔သည္အထိ
မ်က္ေမွာင္ၾကံဳ႕ထားလိမ့္ဦးမယ္....
ဒါေပမယ့္....
ဒီညေနအတြက္က အေရးႀကီးဧည့္သည္ကို ညစာစားဖို႔
ဖိတ္ထားၿပီးသားျဖစ္ေနၿပီ...
ဘယ္လိုလုပ္ရင္ေကာင္းမလဲ....
" ကိုကို........အာ...ကိုကိုမအားဘူးလား...
ဒါဆိုလည္း.ေနာက္ေန႔မွစားတာေပါ့...''
ေျဖဖို႔ၾကာေနပံုအရ ကိုကိုမအားဘူးဆိုတာ
ကို အလိုက္တသိ သိေပးလိုက္ရတယ္..
အလိုက္သိမွလည္းျဖစ္မွာေလ...
ကိုကို႔ကိုအရမ္း အပူကပ္လို႔မျဖစ္ဘူး...
အေႏွာက္အယွက္ျဖစ္ေစလို႔မရဘူး...
ဒါေပါ့....
ေ႐ွ႕မွာ အေတြ႔အၾကံဳေတြကနည္းတာမွ
မဟုတ္ပဲကို....
" ဒါဆို....ကြၽန္ေတာ္ဖုန္းခ်လိုက္ေတာ့မယ္
ေနာ္.....''
တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ဖုန္းခ်ဖို႔လက္ျပင္
ေနဆဲမွာပဲ....
"ခဏေလး.....ခဏ...''
ထပ္ထြက္လာတဲ့ကိုကို႔အသံေၾကာင့္
ဖုန္းကိုနားဆီျပန္ကပ္လိုက္တယ္....
" ညစာအတူစားၾကတာေပါ့....''
"တကယ္လား....ဒါဆို.........
.........@?@?@?...''
စီစဥ္စရာေတြကို ညႇိႏိုင္းအၿပီးမွာေတာ့
ႏွစ္ေယာက္သားအျပံဳးကိုယ္စီနဲ႔...
ခုမွေရာက္႐ွိလာခဲ့တဲ့
ေပ်ာ္ရြင္မႈေလးေတြကို အခ်ိန္ေတြအၾကာ
ႀကီးအထိ တည္ျမဲေနခ်င္တယ္....
အဲ့ဒီအတြက္လည္း ႀကိဳးစားရေပဦးမယ္...
"""""""""""""""""
စားပြဲေနရာကိုအထပ္ထပ္အခါခါစစ္ေဆး
ရင္း လိုအပ္တာမ႐ွိေအာင္
ဂ႐ုစိုက္ေနရတယ္...
ဒီညကအေရးႀကီးတဲ့ညေလ...
ကိုကိုအိမ္ကထြက္သြားၿပီးတဲ့ေနာက္
ပထမဆံုးအိမ္ျပန္လာတဲ့ညျဖစ္သလို
Company ရဲ႕အေရးႀကီးတဲ့႐ွယ္ယာ႐ွင္
ကိုပါ ညစာစားဖို႔ဖိတ္ထားတာမို႔
ကိုကို႔ေ႐ွ႕မွာမ်က္ႏွာေကာင္းရခ်င္တယ္ေလ....
သူတို႔ရဲ႕ တစ္ဦးတည္းပိုင္ ဟိုတယ္လ္က
အေကာင္းဆံုးစားဖိုမႉးကို အိမ္ေခၚၿပီး
ဟင္းပြဲစီစဥ္ခိုင္းထားတယ္...
စားပြဲကိုဂ႐ုစိုက္ေပးမယ့္ စားပြဲထိုးဝန္ထမ္းကအစ ေသခ်ာ
ေရြးခ်ယ္ထားတယ္...
ဧည့္သည္ႀကိဳက္တဲ့ဟင္းလ်ာေတြကိုပါ
စံုစမ္းၿပီး အျပည့္စံုဆံုးျပင္ဆင္မိတယ္...
အိမ္မွာဆိုေပမယ့္ ပီယာႏိုတီးမယ့္သူက
အစ...
စားပြဲျပင္ဆင္ရာ ျမက္ခင္းျပင္အဆံုး
မ်က္စိ႐ႈပ္စရာမျဖစ္ေစရပဲ
လြပ္လပ္ေပါ့ပါးၿပီးသက္ေသာင့္သက္သာ
ျဖစ္ေနဖို႔ သူ႔စိတ္တိုင္းက်.....
" အစ္ကိုေလး...ဧည့္သည္ေတြ ျခံဝေရာက္
ေနၿပီတဲ့....''
လာအေၾကာင္းၾကားတဲ့အိမ္ရဲ႕ဝန္ထမ္း
ေလးကိုေခါင္းညိတ္ျပလိုက္ၿပီး
Phi Nammon ကိုမ်က္စိေဝ့႐ွာလိုက္ေတာ့
အိမ္မ်က္ႏွာစာေလွကားနားမွာမတ္မတ္ရပ္ေနၿပီ...
ကိုကိုနဲ႔သူ ျပန္အဆင္ေျပကတည္းက
Phi ကိုၾကည့္ရတာတစ္မ်ိဳးျဖစ္ေနသည္..
ခုတေလာသူ႔ကိုအစားအေသာက္ကအစ
အရမ္းဂ႐ုစိုက္ေပးေနၿပီး
ညအိပ္ခ်ိန္အထိ အခန္းထဲလာေစာင့္
ေပးတတ္သည္
အလုပ္ေတြကိုလည္း အေရးႀကီးတာေတြ
ကိုလက္မွတ္ထိုးေပးရတာကလြဲၿပီး
စာရင္းဇယားပင္မစစ္ခိုင္း...
ေနလို႔ေကာင္းရဲ႕လား...
ႏွလံုးေအာင့္ေနလား...
စတဲ့ေမးခြန္းေတြကတစ္မ်ိဳး
ေနရတာတစ္မ်ိဳးႀကီးျဖစ္ေနရင္ခ်က္ခ်င္း
ေျပာေနာ္ ဆိုတာကတစ္ဖံုနဲ႔...
သူ႔မွာနားမလည္ႏိုင္ေတာ့....
မ်ားမၾကာမီမွာပဲ ကိုကိုနဲ႔အတူ
ဧည့္သည္ပါပါလာၿပီး အစားထက္အရင္
ေသာက္ပြဲေလးစၾကတယ္...
" ဟန္ျပေလးပဲေသာက္...''
ဆိုတဲ့စကားက ကိုကို႔ဆီကေရာ
Phi ဆီကပါ....
....ငါ တကယ္ကံေကာင္းတာပဲ.....
ဆိုတဲ့အေတြးမ်ိဳးေတြးမိတယ္...
သူကခ်စ္ရသလို သူ႔ကိုလည္းျပန္ခ်စ္ေပး
ၾကတဲ့သူေတြ႐ွိေနေသးလို႔ေပါ့...
Company ရဲ႕ကိစၥေတြမွာဝင္မပါတတ္တဲ့
သူ႔ကို ဧည့္သည္ကမသိ...
ကိုကိုက '' ကြၽန္ေတာ့ အမ်ိဳးသားပါ..''
လို႔မိတ္ဆက္ေပးေတာ့
အံ့ၾသ သြားဟန္ႀကီးက ထိတ္လန္႔စရာပင္
ေကာင္းေနေသးေတာ့...
အေနာက္ႏိုင္ငံသားပီပီ ကြၽမ္းဝင္ေနၿပီးသားကိစၥမို႔ မၾကာခင္ပဲ
အဖြဲ႔က်သြားေတာ့တယ္...
လူငါးေယာက္နဲ႔ညစာစားပြဲကလည္း
အျပန္အလွန္စေနာက္ေနၾကၿပီး
စိတ္ေပါ့ပါးစြာ႐ွိေနခဲ့ၾကတယ္...
အရြယ္ခ်င္းကလည္းမတိမ္းမယိမ္းမို႔လား
ေတာ့မသိ....
အေတာ္ေလးညဥ့္နက္မွ ဧည့္သည္ကို
သူေနထိုင္ရာဟိုတယ္လ္အထိ
လိုက္ပို႔ေပးၿပီးမွ ကိုကိုနဲ႔သူနဲ႔
အတူျပန္ခဲ့ၾကတယ္....
ကိုကို႔ရဲ႕ကားကအိမ္မွာပဲက်န္ခဲ့တာမို႔
ကိုကို႔ကိုမေမးေတာ့ပဲအိမ္ကိုပဲေမာင္းျပန္
ခဲ့လိုက္တယ္...
နည္းနည္းမ်ားမ်ားေသာက္ထားၿပီးတဲ့ကိုကိုက ေခါင္းကိုႏွိပ္ေနတာမို႔...
အိမ္မွာပဲအိပ္လိုက္ဖို႔ေျပာခ်င္ေပမယ့္
အခြင့္အေရးယူတယ္ထင္မွာလည္း
စိုးရေသးသည္...
့ အားကိုးရာျဖစ္တဲ့
Phi ကို အတင္းအက်ပ္ ေျပာခိုင္းလိုက္မွသာ မၾကည္မသာနဲ႔
ေျပာေပးေလရဲ႕...
ေနာက္ဆံုးမွာေတာ့ ကိုကိုနဲ႔သူ
အတူျပန္အိပ္ဖို႔အေၾကာင္းျဖစ္လာခဲ့ေတာ့
တယ္...
႐ွဴိးတိ့႐ွန္းတန္႔ျဖစ္ေနမိတယ္ဆိုတာေတာ့
သူဝန္ခံရလိမ့္မယ္...
ကိုကိုလည္းအတူတူပဲျဖစ္ေနမလား...
ေရခ်ိဳးေနတဲ့ကိုကို႔ကို ေစာင့္ေနမိတယ္...
သူ႔ရဲ႕မဝတ္ရေသးတဲ့ ညအိပ္ဝတ္စံု
တစ္စံုကိုအသင့္ထုတ္ထားေပးရင္း
ကိုကိုျပန္ထြက္လာမွာကိုေစာင့္ေနရတာက.......
အား......
ခုမွ မဂၤလာဦးညကိုေက်ာ္ျဖတ္မယ့္
အပ်ိဳျဖန္းေလးလိုပဲ...
သူ႔တစ္ကိုယ္လံုးၾကက္သီးေမြးညႇင္းေတြ
ေထာင္ထလို႔....
သူ႔အေတြးနဲ႔သူ လက္တင္းတင္းပိုက္လို႔
႐ွက္ေသြးျဖာေနတဲ့ Krist က
သူေစာင့္ေနတဲ့သူ ေရခ်ိဳးၿပီးလာတာကို
မျမင္မိေတာ့ဘူး...
ေခါင္းပါေလွ်ာ္လာတာမို႔တဘက္နဲ႔
ေခါင္းကိုသုတ္ရင္းထြက္လာတဲ့
Sing က Krist ရဲ႕ျဖစ္ပ်က္ေနပံုကို
လွမ္းျမင္မိၿပီးသား...
အက်ႌ လြတ္ေနတဲ့လက္ဖ်ံလိုေနရာကို
လက္ညိဳးေလးနဲ႔ေထာက္ၿပီး
ေက်ာင္းသားေပါက္စလိုလက္ပိုက္ထား
ျပန္တယ္....
သူအိပ္ေနက်အိပ္ရာရဲ႕ တစ္ဖက္စြန္းမွာ
ငုတ္တုတ္ေလးထိုင္လို႔သူ႔ကိုေစာင့္ေနပံု
ပါပဲ...
သည္ေတာ့မွ တဘက္ပတ္ထားတဲ့
သူ႔ေအာက္ပိုင္းနဲ႔သူငံု႔ၾကည့္မိတယ္...
Krist ရဲ႕ေ႐ွ႕မွာဒီပံုနဲ႔ရပ္ဖို႔က
နည္းနည္း....
႐ွက္ဖို႔ေကာင္းေနသလားလို႔....
ဒါေပမယ့္လည္း....
သူဝတ္ဖို႔အဝတ္အစားက....
Krist ဆီမွာပဲငွါးရဦးမည္ေလ..
ေျခာက္ေသြ႔သလိုလိုျဖစ္ေနတဲ့
ႏူတ္ခမ္းကိုလွ်ာနဲ႔တစ္ခ်က္သပ္လိုက္ၿပီးမွ...
"အမ္.....Krist....ငါ့ကိုအဝတ္တစ္စံုေလာက္....ငွါးႏိုင္.......''
"ဒီမွာ ကိုကို....ဒီမွာ...ကြၽန္ေတာ္လံုးဝမဝတ္ရေသးဘူးေနာ္....ဒါက အသစ္..တံဆိပ္ေတာင္မျဖဳတ္ရေသးဘူး..
ကိုကိုစိတ္ခ်လက္ခ်ဝတ္လို႔ရတယ္..''
ျပဴးျပဴးပ်ာပ်ာနဲ႔ ေမးခြန္းမဆံုးခင္မွာပဲ
အလန္႔တၾကား ထေျပာတဲ့ေကာင္ေလး...
သူတို႔စေတြ႔စႏွစ္မ်ားကလိုပင္...
အျမဲတမ္း ပ်ာတိပ်ာေလာင္ နဲ႔ အလြဲလြဲ
အေခ်ာ္ေခ်ာ္
အဝတ္ေတြယူဝတ္ၿပီးသည္အထိ
သူတို႔စကားထပ္မေျပာျဖစ္ၾကေတာ့...
Krist ကေတာ့ စကားထပ္ေျပာရင္
အၿမီးအေမာက္ မတည့္မွာစိုးရိမ္ေနမိျခင္း
ျဖစ္သည္..
ရင္ေတြပါမက တစ္ကိုယ္လံုးတုန္ယင္ေန
တာ ကုတင္တစ္ဖက္က ခ်စ္ရတဲ့
ကိုကို႔ေၾကာင့္....
" အိပ္ေတာ့ေလ....ခါတိုင္းဆို
မင္းအိပ္ေမာက်ေနတဲ့အခ်ိန္ေတာင္
ေရာက္ေနၿပီ...''
Krist စိတ္ထင္လို႔ပဲလားမသိ...
ကိုကို႔ရဲ႕အသံက ႏူးညံ့ညင္သာေနသလိုလို...
" ကို...ကိုကို လည္းအိပ္ေတာ့ေလ...
စာဖတ္မေနနဲ႔ေတာ့....''
ကုတင္ေဘးစားပြဲေပၚကစာအုပ္တစ္အုပ္ကို ဟန္ေဆာင္ပန္ေဆာင္နဲ႔ ယူဖတ္
ေနတဲ့ Sing မွာလည္း Krist စကား
ေၾကာင့္ေခ်ာင္းတစ္ခ်က္ဟန္႔မိတယ္...
အရင္ကလည္းအတူအိပ္ဖူးေပမယ့္
ဒီညမွဘာျဖစ္ေနမွန္းမသိ...
ရင္တုန္တာလိုလို...ေၾကာက္လန္႔ေနတာ
လိုလိုနဲ႔....
အိပ္ရာတစ္ဖက္စီကိုေမာင္ပိုင္စီးထားၾက
တဲ့ ေယာက်္ားေလးႏွစ္ေယာက္ဟာ..
အမ်ိဳးအစားခြဲမရတဲ့ခံစားမႈမ်ားနဲ႔
ညတာ႐ွည္ခဲ့ၾကတယ္...
မိုးလင္းဖို႔ႏွစ္နာရီေလာက္ပဲလိုေတာ့တဲ့
အခ်ိန္မွသာ သူတို႔ရဲ႕ေက်ာျပင္ေတြထိကပ္
လို႔ အိပ္ေပ်ာ္သြားၾကေလရဲ႕.....
ဘာမွန္းမသိတဲ့အိမ္မက္ေတြမက္ၿပီးေပါ့...
ဒါေပမယ့္....
အိမ္မက္ကဘယ္လိုမွန္းမသိရတာေတာင္
မွ သူတို္႔ေပ်ာ္ေနခဲ့ၾကတယ္....
အင္း.....
ေပ်ာ္ၾကတယ္ပဲထားလိုက္ပါေတာ့....
"""""""""""""
မေန႔ကႏွစ္သစ္ကူးမွာဆုေတာင္း
မေပးလိုက္ရလို႔ ဒီေန႔မွပဲ
ဆုေတာင္းေပးလိုက္ပါတယ္...
ႏွစ္သစ္ကစၿပီး လိုအင္ဆႏၵေတြၿပီးျပည့္
စံုၾကပါေစ႐ွင္....
Love you All😘😘😘😘
""""""""""""""""""""""
""""""""""""""""""""""
လက်ထဲကစာရွက်အချို့ကိုကြည့်ပြီး
သက်ပြင်းလေးလေးချမိတယ်..
ခုတလော မကြာခဏနေမကောင်းဖြစ်
လာတဲ့Krist ကြောင့် Nammon လည်း
ဆေးရုံဆီအလာစိတ်နေရတယ်..
" သူ့နှလုံးရဲ့ အခြေအနေကတဖြည်းဖြည်းဆိုးလာတယ်...ထပ်ပြီးတော့ နှလုံးကိုထိခိုက်စေမယ့်
အလုပ်မျိုး ဖြစ်လို့မရတော့ဘူး
ထပ်ဖြစ်လာဦးမယ်ဆိုရင်အစားထိုးကုသဖို့
ကလွဲပြီးနည်းလမ်းမရှိတော့ဘူးနော်..''
မျက်မှန်အောက်ကမျက်လုံးတွေက
သတိပေးချက်အပြည့်နဲ့...
သူ့ကိုယ်သူနေကောင်းတယ်ထင်နေသေး
တဲ့ Kit ကိုသူဘယ်လိုဖြောင့်ဖျရပါ့...
ပြန်လာခဲ့တဲ့ခြေလှမ်းကသူ့စိတ်လိုပဲ
လေးလံလို့
"""""""""""""""""""""
လက်စွပ်လေးနှစ်ကွင်း...
ကိုကို့ပစ္စည်းတွေမှနိသမျှအကုန်ပို့ပေး
လိုက်ပြီဆိုပေမယ့် ဒီလက်စွပ်လေးနှစ်ကွင်း
ကိုတော့သူချန်ထားခဲ့မိသည်...
ဒီပစ္စည်းတွေကကိုကို့အတွက်တန်ဖိုး
အရှိဆုံးဖြစ်နေတာမို့ အတ္တကြီးစွာ
ယူထားခဲ့မိခြင်းပါ
တစ်နေ့တစ်ချိန်မှာ ကိုကိုပြန်လာတောင်း
ခဲ့ရင် တစ်ခါလောက်လေးမျက်နှာချင်းဆုံ
ဖို့ပေါ့...
ခုတော့မလိုတော့ပါဘူး
ကိုကိုကသူ့ကို ပြန်ပြီးဂရုစိုက်ပေးနေလို့လေ
ဆွဲနေကျဆွဲကြိုးရှည်မှာ လက်စွပ်နှစ်ကွင်း
ကိုချိတ်လိုက်ပြီး အကျႌ အောက်ကို
ထိုးသွင်းထားလိုက်တယ်..နှလုံးခုန်သံနဲ့
အနီးဆုံးနေရာလေး...
ကိုကိုတန်ဖိုးထားတဲ့အရာကသူ့တွက်လည်းတန်ဖိုးမဖြတ်နိုင်တာပဲပေါ့...
ဘေးကဖုန်းကိုလှမ်းယူလိုက်ပြီး
ကိုကို့ကိုဖုန်းခေါ်လိုက်တယ်...
ဒီလောက်လေးစွန့်စားရတာနဲ့တင်
တဖောက်ဖောက်အခုန်မြန်နေတဲ့
နှလုံးကအောင့်သက်သက်လိုလို
ကိုကိုနဲ့ပတ်သက်ရင် သူ့ရဲ့ကိုယ်ကပါ
သူအစိုးမရတော့
"Hello...ကိုကို....''
"အင်း...ပြော...''
တွေ့ဆုံနေတဲ့အရေးကြီးပုဂ္ဂိုလ်ကို
တောင်းပန်လိုက်ပြီး စကားဝိုင်းနဲ့
ခပ်လှမ်းလှမ်းဆီလျှောက်ခဲ့လိုက်တယ်..
"ကိုကို ဘာလုပ်နေလဲ....''
"အမ်း......ဘာမှမလုပ်ပါဘူး...ဘာလို့လဲ..''
လှမ်းလှမ်းက ဧည့်သည်ကိုငဲ့ကြည့်လိုက်ပြီး
ခပ်တည်တည်ပဲ ဖြေလိုက်တယ်...
" ကိုကို.....အားရင် ညစာအတူစားကြ
မလား...ဟင်...''
မဝံ့မရဲ မေးသံလေးအဆုံးမှာ ဖြစ်ပျက်နေမယ့်မျက်နှာလေးကိုပါ
မြင်ယောင်မိတယ်...
လက်မကလက်သည်းကိုတတိတိကိုက်
နေလိမ့်မယ်...
နဖူးကြောတွေတွန့်သည်အထိ
မျက်မှောင်ကြုံ့ထားလိမ့်ဦးမယ်....
ဒါပေမယ့်....
ဒီညနေအတွက်က အရေးကြီးဧည့်သည်ကို ညစာစားဖို့
ဖိတ်ထားပြီးသားဖြစ်နေပြီ...
ဘယ်လိုလုပ်ရင်ကောင်းမလဲ....
" ကိုကို........အာ...ကိုကိုမအားဘူးလား...
ဒါဆိုလည်း.နောက်နေ့မှစားတာပေါ့...''
ဖြေဖို့ကြာနေပုံအရ ကိုကိုမအားဘူးဆိုတာ
ကို အလိုက်တသိ သိပေးလိုက်ရတယ်..
အလိုက်သိမှလည်းဖြစ်မှာလေ...
ကိုကို့ကိုအရမ်း အပူကပ်လို့မဖြစ်ဘူး...
အနှောက်အယှက်ဖြစ်စေလို့မရဘူး...
ဒါပေါ့....
ရှေ့မှာ အတွေ့အကြုံတွေကနည်းတာမှ
မဟုတ်ပဲကို....
" ဒါဆို....ကျွန်တော်ဖုန်းချလိုက်တော့မယ်
နော်.....''
တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဖုန်းချဖို့လက်ပြင်
နေဆဲမှာပဲ....
"ခဏလေး.....ခဏ...''
ထပ်ထွက်လာတဲ့ကိုကို့အသံကြောင့်
ဖုန်းကိုနားဆီပြန်ကပ်လိုက်တယ်....
" ညစာအတူစားကြတာပေါ့....''
"တကယ်လား....ဒါဆို.........
.........@?@?@?...''
စီစဉ်စရာတွေကို ညှိနိုင်းအပြီးမှာတော့
နှစ်ယောက်သားအပြုံးကိုယ်စီနဲ့...
ခုမှရောက်ရှိလာခဲ့တဲ့
ပျော်ရွင်မှုလေးတွေကို အချိန်တွေအကြာ
ကြီးအထိ တည်မြဲနေချင်တယ်....
အဲ့ဒီအတွက်လည်း ကြိုးစားရပေဦးမယ်...
"""""""""""""""""
စားပွဲနေရာကိုအထပ်ထပ်အခါခါစစ်ဆေး
ရင်း လိုအပ်တာမရှိအောင်
ဂရုစိုက်နေရတယ်...
ဒီညကအရေးကြီးတဲ့ညလေ...
ကိုကိုအိမ်ကထွက်သွားပြီးတဲ့နောက်
ပထမဆုံးအိမ်ပြန်လာတဲ့ညဖြစ်သလို
Company ရဲ့အရေးကြီးတဲ့ရှယ်ယာရှင်
ကိုပါ ညစာစားဖို့ဖိတ်ထားတာမို့
ကိုကို့ရှေ့မှာမျက်နှာကောင်းရချင်တယ်လေ....
သူတို့ရဲ့ တစ်ဦးတည်းပိုင် ဟိုတယ်လ်က
အကောင်းဆုံးစားဖိုမှူးကို အိမ်ခေါ်ပြီး
ဟင်းပွဲစီစဉ်ခိုင်းထားတယ်...
စားပွဲကိုဂရုစိုက်ပေးမယ့် စားပွဲထိုးဝန်ထမ်းကအစ သေချာ
ရွေးချယ်ထားတယ်...
ဧည့်သည်ကြိုက်တဲ့ဟင်းလျာတွေကိုပါ
စုံစမ်းပြီး အပြည့်စုံဆုံးပြင်ဆင်မိတယ်...
အိမ်မှာဆိုပေမယ့် ပီယာနိုတီးမယ့်သူက
အစ...
စားပွဲပြင်ဆင်ရာ မြက်ခင်းပြင်အဆုံး
မျက်စိရှုပ်စရာမဖြစ်စေရပဲ
လွပ်လပ်ပေါ့ပါးပြီးသက်သောင့်သက်သာ
ဖြစ်နေဖို့ သူ့စိတ်တိုင်းကျ.....
" အစ်ကိုလေး...ဧည့်သည်တွေ ခြံဝရောက်
နေပြီတဲ့....''
လာအကြောင်းကြားတဲ့အိမ်ရဲ့ဝန်ထမ်း
လေးကိုခေါင်းညိတ်ပြလိုက်ပြီး
Phi Nammon ကိုမျက်စိဝေ့ရှာလိုက်တော့
အိမ်မျက်နှာစာလှေကားနားမှာမတ်မတ်ရပ်နေပြီ...
ကိုကိုနဲ့သူ ပြန်အဆင်ပြေကတည်းက
Phi ကိုကြည့်ရတာတစ်မျိုးဖြစ်နေသည်..
ခုတလောသူ့ကိုအစားအသောက်ကအစ
အရမ်းဂရုစိုက်ပေးနေပြီး
ညအိပ်ချိန်အထိ အခန်းထဲလာစောင့်
ပေးတတ်သည်
အလုပ်တွေကိုလည်း အရေးကြီးတာတွေ
ကိုလက်မှတ်ထိုးပေးရတာကလွဲပြီး
စာရင်းဇယားပင်မစစ်ခိုင်း...
နေလို့ကောင်းရဲ့လား...
နှလုံးအောင့်နေလား...
စတဲ့မေးခွန်းတွေကတစ်မျိုး
နေရတာတစ်မျိုးကြီးဖြစ်နေရင်ချက်ချင်း
ပြောနော် ဆိုတာကတစ်ဖုံနဲ့...
သူ့မှာနားမလည်နိုင်တော့....
များမကြာမီမှာပဲ ကိုကိုနဲ့အတူ
ဧည့်သည်ပါပါလာပြီး အစားထက်အရင်
သောက်ပွဲလေးစကြတယ်...
" ဟန်ပြလေးပဲသောက်...''
ဆိုတဲ့စကားက ကိုကို့ဆီကရော
Phi ဆီကပါ....
....ငါ တကယ်ကံကောင်းတာပဲ.....
ဆိုတဲ့အတွေးမျိုးတွေးမိတယ်...
သူကချစ်ရသလို သူ့ကိုလည်းပြန်ချစ်ပေး
ကြတဲ့သူတွေရှိနေသေးလို့ပေါ့...
Company ရဲ့ကိစ္စတွေမှာဝင်မပါတတ်တဲ့
သူ့ကို ဧည့်သည်ကမသိ...
ကိုကိုက '' ကျွန်တော့ အမျိုးသားပါ..''
လို့မိတ်ဆက်ပေးတော့
အံ့သြ သွားဟန်ကြီးက ထိတ်လန့်စရာပင်
ကောင်းနေသေးတော့...
အနောက်နိုင်ငံသားပီပီ ကျွမ်းဝင်နေပြီးသားကိစ္စမို့ မကြာခင်ပဲ
အဖွဲ့ကျသွားတော့တယ်...
လူငါးယောက်နဲ့ညစာစားပွဲကလည်း
အပြန်အလှန်စနောက်နေကြပြီး
စိတ်ပေါ့ပါးစွာရှိနေခဲ့ကြတယ်...
အရွယ်ချင်းကလည်းမတိမ်းမယိမ်းမို့လား
တော့မသိ....
အတော်လေးညဥ့်နက်မှ ဧည့်သည်ကို
သူနေထိုင်ရာဟိုတယ်လ်အထိ
လိုက်ပို့ပေးပြီးမှ ကိုကိုနဲ့သူနဲ့
အတူပြန်ခဲ့ကြတယ်....
ကိုကို့ရဲ့ကားကအိမ်မှာပဲကျန်ခဲ့တာမို့
ကိုကို့ကိုမမေးတော့ပဲအိမ်ကိုပဲမောင်းပြန်
ခဲ့လိုက်တယ်...
နည်းနည်းများများသောက်ထားပြီးတဲ့ကိုကိုက ခေါင်းကိုနှိပ်နေတာမို့...
အိမ်မှာပဲအိပ်လိုက်ဖို့ပြောချင်ပေမယ့်
အခွင့်အရေးယူတယ်ထင်မှာလည်း
စိုးရသေးသည်...
့ အားကိုးရာဖြစ်တဲ့
Phi ကို အတင်းအကျပ် ပြောခိုင်းလိုက်မှသာ မကြည်မသာနဲ့
ပြောပေးလေရဲ့...
နောက်ဆုံးမှာတော့ ကိုကိုနဲ့သူ
အတူပြန်အိပ်ဖို့အကြောင်းဖြစ်လာခဲ့တော့
တယ်...
ရှိူးတိ့ရှန်းတန့်ဖြစ်နေမိတယ်ဆိုတာတော့
သူဝန်ခံရလိမ့်မယ်...
ကိုကိုလည်းအတူတူပဲဖြစ်နေမလား...
ရေချိုးနေတဲ့ကိုကို့ကို စောင့်နေမိတယ်...
သူ့ရဲ့မဝတ်ရသေးတဲ့ ညအိပ်ဝတ်စုံ
တစ်စုံကိုအသင့်ထုတ်ထားပေးရင်း
ကိုကိုပြန်ထွက်လာမှာကိုစောင့်နေရတာက.......
အား......
ခုမှ မင်္ဂလာဦးညကိုကျော်ဖြတ်မယ့်
အပျိုဖြန်းလေးလိုပဲ...
သူ့တစ်ကိုယ်လုံးကြက်သီးမွေးညှင်းတွေ
ထောင်ထလို့....
သူ့အတွေးနဲ့သူ လက်တင်းတင်းပိုက်လို့
ရှက်သွေးဖြာနေတဲ့ Krist က
သူစောင့်နေတဲ့သူ ရေချိုးပြီးလာတာကို
မမြင်မိတော့ဘူး...
ခေါင်းပါလျှော်လာတာမို့တဘက်နဲ့
ခေါင်းကိုသုတ်ရင်းထွက်လာတဲ့
Sing က Krist ရဲ့ဖြစ်ပျက်နေပုံကို
လှမ်းမြင်မိပြီးသား...
အကျႌ လွတ်နေတဲ့လက်ဖျံလိုနေရာကို
လက်ညိုးလေးနဲ့ထောက်ပြီး
ကျောင်းသားပေါက်စလိုလက်ပိုက်ထား
ပြန်တယ်....
သူအိပ်နေကျအိပ်ရာရဲ့ တစ်ဖက်စွန်းမှာ
ငုတ်တုတ်လေးထိုင်လို့သူ့ကိုစောင့်နေပုံ
ပါပဲ...
သည်တော့မှ တဘက်ပတ်ထားတဲ့
သူ့အောက်ပိုင်းနဲ့သူငုံ့ကြည့်မိတယ်...
Krist ရဲ့ရှေ့မှာဒီပုံနဲ့ရပ်ဖို့က
နည်းနည်း....
ရှက်ဖို့ကောင်းနေသလားလို့....
ဒါပေမယ့်လည်း....
သူဝတ်ဖို့အဝတ်အစားက....
Krist ဆီမှာပဲငှါးရဦးမည်လေ..
ခြောက်သွေ့သလိုလိုဖြစ်နေတဲ့
နူတ်ခမ်းကိုလျှာနဲ့တစ်ချက်သပ်လိုက်ပြီးမှ...
"အမ်.....Krist....ငါ့ကိုအဝတ်တစ်စုံလောက်....ငှါးနိုင်.......''
"ဒီမှာ ကိုကို....ဒီမှာ...ကျွန်တော်လုံးဝမဝတ်ရသေးဘူးနော်....ဒါက အသစ်..တံဆိပ်တောင်မဖြုတ်ရသေးဘူး..
ကိုကိုစိတ်ချလက်ချဝတ်လို့ရတယ်..''
ပြူးပြူးပျာပျာနဲ့ မေးခွန်းမဆုံးခင်မှာပဲ
အလန့်တကြား ထပြောတဲ့ကောင်လေး...
သူတို့စတွေ့စနှစ်များကလိုပင်...
အမြဲတမ်း ပျာတိပျာလောင် နဲ့ အလွဲလွဲ
အချော်ချော်
အဝတ်တွေယူဝတ်ပြီးသည်အထိ
သူတို့စကားထပ်မပြောဖြစ်ကြတော့...
Krist ကတော့ စကားထပ်ပြောရင်
အမြီးအမောက် မတည့်မှာစိုးရိမ်နေမိခြင်း
ဖြစ်သည်..
ရင်တွေပါမက တစ်ကိုယ်လုံးတုန်ယင်နေ
တာ ကုတင်တစ်ဖက်က ချစ်ရတဲ့
ကိုကို့ကြောင့်....
" အိပ်တော့လေ....ခါတိုင်းဆို
မင်းအိပ်မောကျနေတဲ့အချိန်တောင်
ရောက်နေပြီ...''
Krist စိတ်ထင်လို့ပဲလားမသိ...
ကိုကို့ရဲ့အသံက နူးညံ့ညင်သာနေသလိုလို...
" ကို...ကိုကို လည်းအိပ်တော့လေ...
စာဖတ်မနေနဲ့တော့....''
ကုတင်ဘေးစားပွဲပေါ်ကစာအုပ်တစ်အုပ်ကို ဟန်ဆောင်ပန်ဆောင်နဲ့ ယူဖတ်
နေတဲ့ Sing မှာလည်း Krist စကား
ကြောင့်ချောင်းတစ်ချက်ဟန့်မိတယ်...
အရင်ကလည်းအတူအိပ်ဖူးပေမယ့်
ဒီညမှဘာဖြစ်နေမှန်းမသိ...
ရင်တုန်တာလိုလို...ကြောက်လန့်နေတာ
လိုလိုနဲ့....
အိပ်ရာတစ်ဖက်စီကိုမောင်ပိုင်စီးထားကြ
တဲ့ ယောကျ်ားလေးနှစ်ယောက်ဟာ..
အမျိုးအစားခွဲမရတဲ့ခံစားမှုများနဲ့
ညတာရှည်ခဲ့ကြတယ်...
မိုးလင်းဖို့နှစ်နာရီလောက်ပဲလိုတော့တဲ့
အချိန်မှသာ သူတို့ရဲ့ကျောပြင်တွေထိကပ်
လို့ အိပ်ပျော်သွားကြလေရဲ့.....
ဘာမှန်းမသိတဲ့အိမ်မက်တွေမက်ပြီးပေါ့...
ဒါပေမယ့်....
အိမ်မက်ကဘယ်လိုမှန်းမသိရတာတောင်
မှ သူတို့်ပျော်နေခဲ့ကြတယ်....
အင်း.....
ပျော်ကြတယ်ပဲထားလိုက်ပါတော့....
"""""""""""""
မနေ့ကနှစ်သစ်ကူးမှာဆုတောင်း
မပေးလိုက်ရလို့ ဒီနေ့မှပဲ
ဆုတောင်းပေးလိုက်ပါတယ်...
နှစ်သစ်ကစပြီး လိုအင်ဆန္ဒတွေပြီးပြည့်
စုံကြပါစေရှင်....
Love you All😘😘😘😘
""""""""""""""""""""""