"ပြန်တွေးကြည့်..ငါသိပ်ချစ်မိသွားပြီ..မြတ်နိုးရတဲ့မင်းရဲ့အပြုံး... 🎶"
လိုက်ပါစီးမျောနေသောတေးသီချင်းသံသဲ့သဲ့လေးသည်နားမှနားကျပ်ပြုတ်ထွက်သွားသည်ဆိုသောအသိတစ်ခုနှင့်အတူပျောက်ကွယ်သွားသည်..။အာ...ဘယ်အကောင်feelလာဖျတ်ဟိန်းထက်ယံထောင်းခနဲဒေါသထွက်သွားပြီးမော့ကြည့်လိုက်တော့ပုခုံးကျော်ကျော်လောက်ရှည်သောဆံပင်တွေလေထဲဝဲကျနေလောက်အောင် ငုံ့ကြည့်နေသောမြတ်မွန်မ။သူ့လက်တစ်ဖက်မှာအဖြူရောင် earphoneလေး။
"ကျစ်စ်..ပြန်ပေးဟာ ငါ့earphone"
ဟိန်းထက်ယံလှမ်းဆွဲယူလိုက်ပေမဲ့မမှီလိုက်မြတ်မွန်သည်ဟိန်းထက်ယံရှေ့မှာခုံတန်းအပြာလေးပေါ်သို့ဝင်ထိုင်လိုက်ပြီဖြစ်သည်။မြတ်မွန်ရဲ့ဘေးမှာနှင်းပွင့်သည်ခွက်ထဲမှကော်ဖီကိုပိုက်နှင့်စုပ်ယူပြီးစိမ်ပြေနပြေသောက်နေသည်။ဘေးမှာထိုင်နေသောဝင်းမြင့်ကဖုန်းပွတ်မပျက်ဘဲနှင့်
"မေလေးရော??"
နှင်းပွင့်က
"ဟိုမှာ..သူ့ရည်းစားနဲ့ဖုန်းပြောနေတယ်"
လှမ်းကြည့်လိုက်တော့ခပ်လှမ်းလှမ်းသစ်ပင်ရိပ်အောက်မှာနောက်ကျောပေးထားသောဆံပင်ရှည်ရှည်နှင့်မိန်းကလေးတစ်ယောက်။အနောက်မှကြည့်ရုံနှင့်မေလေးဆိုတာသိပြီးသားအေးပေါ့လေ RSတွေဆိုတော့လဲသာယာကြပေါ့။
"ဟိန်းထက်ယံ..နင်ဟာလေအသုံးကိုမကျဘူး.."
အစမရှိ အဆုံးမရှိထပြောသောမြတ်မွန်စကားကြောင့် ဟိန်းထက်ယံ မျက်မှောင်ကျုံ့ကာမြတ်မွန်ကိုလှည့်ကြည့်မိသည်။
"မနတ်က ငါတို့နဲ့ဝင်းမြင့် အရှေ့ကမြန်မြန်သွားတယ်ဆိုတာ နင်တို့နှစ်ယောက်ကိုသီးသန့်လွှတ်ပေးထားတာဟဲ့။ နင် သက်ဝေယံကိုဘာမှမပြောလိုက်ဘူးဆို"
သတင်းကမြန်လှချည်လား??ဟိန်းထက်ယံတွန့်ချိုးထားတဲ့မျက်မှောင်တွေကိုမဖြေလျော့ပါဘဲ ဝင်းမြင့်ဘက်ကိုပါတစ်ဆက်တည်းလှည့်ကြည့်လိုက်သည်..။ဝင်းမြင့်သည်ဖုန်း screenကိုအကြည့်မပျက်ပါဘဲပုခုံးတစ်ချက်တွန့်ပြသည်။ခွေးကောင်!!သူဘဲသွားပြန်ပြောလိုက်တာနေမှာပေါ့။မြတ်မွန်ကပွစိပွစိနှင့်ဆက်ပြီးတော့
"နဲနဲပါးပါးတစ်ခုခုပြောလေဟယ်နင်တို့နှစ်ယောက်ခင်မင်ဖို့လမ်းစရှာပေးပါတယ်ဆိုမှာဘဲ"
"အဲ့တာပြောတာသဲရေ.."
ဟူသောစကားသံနှင့်အတူခါးကိုနောက်သို့ပြန်လန်နေအောင်ခပ်ကော့ကော့လျှောက်တတ်သောအရိပ်တစ်ခုသည်မေလေးမှန်းတန်းသိလိုက်သည်။သေပြီ!!မေလေးဆို ပိုတောင်ပိုးစိုးပက်စက်ပြောခံရတော့မည်။အပြာရောင်ခုံတန်း၏အစွန်းတစ်ဖက်မှာထိုင်ချလိုက်ပြီး
"မနေ့ကတုန်းကတော့သေမလိုဖြစ်ပျက်နေတဲ့ရုပ်နဲ့အဲ့အကောင်က..ဒီမနတ်ကျတော့သောက်အချေဒီဇိုင်း"
လာသည်နှင့် ဆောက်နှင့်ထွင်းခံရလေပြီ။ ခံဟ .ဟိန်းထက်ယံတည်တည်တန့်တန့်ဆိုလို တည့်တန့်ပေးတော့လည်း သောက်အချေဒီဇိုင်းတဲ့။
"အဲ့တာကို ငါကအကောင်းနဲ့ မျက်နှာထားပြောင်းဆိုတော့ သူတောင်းစားမျက်နှာဖြစ်သွားပြန်ရော.."
ဟိန်းထက်ယံလက်ထဲမှဖုန်းကိုထိုင်နေသည့်ခုံပေါ်သို့ချလိုက်ကာမျက်နှာကိုမဲ့ရွဲ့ပြလိုက်သည်။
"စကားပြောရင်လဲရှေ့မကြည့် နောက်မကြည့်နဲ့နင်အဲ့ကလေးကိုဖွင့်ပြောတဲ့ကိစ္စကအတည်မှန်းတော့သိတာပေါ့ဒါပေမဲ့သူ့ရှေ့မှာအဲ့လိုကြီးသွားပြောရလား??"
မေလေးသည်မနတ်တည်းက မကျေနပ်ချက်တွေစုပုံပြီး ကရားရေလွှတ်တ တွတ် တွတ်လိုကိုပြောနေသည်..။မြတ်မွန် နှင့် နှင်းပွင့်ကလဲထောက်ခံသည်ဆိုသည့်သဘောနှင့်ခေါင်းတဆတ်ဆတ်ညိမ့်သည်။အာ ....နားညည်းလိုက်တာEarphoneတပ်ထားဖို့ကလည်းEarphoneကမြတ်မွန်ရဲ့လက်ထဲမှာ။
"ငါ့ pencil heelက ၃သောင်းကျော်တယ်သိလား??နင့်ကိုတက်နင်းရတာငါ့ဖိနပ်လေးနာတယ်"
နောက်ဆုံးပိတ်အနေဖြင့်ဟိန်းထက်ယံဘက်ကိုမျက်စောင်းထိုးကာဆောင့်ကြီး အောင့်ကြီး နဲ့ပြောချလေသည်။ ငကြွားမ..သူ့ဖိနပ်ဘယ်လောက်လဲဆိုတာကြွားသွားသေးသည်။ မနတ်က တက်နင်းခံထားရသည့် ဒဏ်ရာကပျောက်သေးသည်မဟုတ်။နှင်းပွင့်က ကော်ဖီသောက်လက်စကိုခဏရပ်လိုက်ပြီး
"နင့်ကို ငါတို့ဒီအချိန်ဘဲဒီလောက်ထိလိုက်ပြောပြနေလို့ရတာအဲ့ကလေးနဲ့ရှေ့ဆက်ဖို့ကိုနင်တစ်ယောက်တည်းကြိုးစားရမှာ.."
နှင်းပွင့်ပြောသောစကားလုံးကမြတ်မွန်လောက်မပြင်းထန်။မေလေးလောက်လဲမကြမ်းတမ်းသို့သော် ..ဟိန်းထက်ယံခေါင်းကိုကျိမ်းခနဲဖြစ်သွားစေသည်..။ဟိန်းထက်ယံကမန်းကတန်းနှင့်။
"ဘာ???ငါ..ငါတစ်ယောက်တည်း??"
နှင်းပွင့်က ထုတ်ချင်ပေါက်မြင်နေရသောပလတ်စတစ်ခွက်အကြည်ထဲမှရေခဲတုံးနှင့်ရောနေသည့်ကော်ဖီကိုကြည့်လိုက်ပြီးခပ်အေးအေးနှင့်
"အေးလေ..ငါတို့ကကန့်လန့်ကန့်လန့်နဲ့လိုက်ပါနေလို့မှမရတာ..အကြံဉာဏ်လောက်ဘဲပေးလို့ရမယ်.."
မေလေးသည် သူ့ဆံပင်ရှည်ရှည်တွေကိုအနောက်မှအရှေ့သို့လက်တစ်ဖက်နှင့်ဆွဲယူလိုက်ပြီးခေါင်းတစ်ချက်ညိမ့်သည်..။ဒူးချိတ်ထိုင်နေသော မြတ်မွန်၏ခြေထောက်ဖျားလေးတွေကလဲတလူပ်လူပ်နှင့်ဟိန်းထက်ယံခြေမကိုင်မိ လက်မကိုင်မိနှင့်ဘယ်သူ့ခြေသလုံးဖက်လို့ ဖက်ရမှန်းမသိတော့။
"ငါ..နဲ့..သူနဲ့ကအခုမှအဆင်ပြေခါစလေဟာ"
မြတ်မွန်က သူ့မျက်ခုံးပါးပါးလေးတွေကိုတွန့်ချိုးလိုက်ပြီးတော့
"အမယ်လေးတော်...နင်ယောကျင်္ားလေးသူငယ်ချင်းတွေနဲ့ ဘယ်လိုပေါင်းလဲ?အဲ့အတိုင်းဘဲရအောင်ပေါင်းပေါ့.."
ဟိန်းထက်ယံမျက်နှာငယ်လေးဖြင့်
"ဟိုကသူငယ်ချင်းလေ..ဒါကငါချစ်တဲ့သူ.မတူ..တူ.."
"ဟဲ့အကောင်..ဟိန်းထက်ယံ!!"
မေလေး၏ အော်ချလိုက်တဲ့အသံအောက်မှာဟိန်းထက်ယံစကားလုံးတွေပျောက်ဆုံးသွားသည်။
"ဗျာ..."
ခပ်တိုးတိုးလေးပြန်ထူးလိုက်တော့
"နင်လိုက်မှာ ယောကျင်္ားလေးနော်...မိန်းကလေးမဟုတ်ဘူး..အဲ့တာခေါင်းထဲမြဲမြဲမှတ်ထား.နင်မိန်းကလေးကိုလိုက်သလိုလိုက်လို့မရဘူး!!"
မေလေး ရဲ့လက်ညိုးမှရှည်လျားလှတဲ့လက်သည်းချွန်ချွန်တစ်ခုဟာယခုပင် ဟိန်းထက်ယံကိုထိုးစိုက်တော့မည့်အတိုင်း။
"ဟုတ်...."
အသာလေးပြန်ကုတ်ပြီးငြိမ်နေလိုက်ရသည်။သူငယ်ချင်းတို့ရယ်..မရက်စက်ကြပါနဲ့။နှင်းပွင့်က
"မြတ်မွန်..အဲ့ကလေးလေးကိုဘယ်လိုမြင်လဲနင်ပြောကြည့်.."
မြတ်မွန်သည်သူ့ဆံပင် မတိုမရှည်လေးတွေကိုလက်ညိုးလေးနှင့် လိမ်ကြည့်နေပြီးတွေးတွေးဆဆဟန်နှင့်
"အင်း....ငါကြည့်ရသလောက်ဆိုရင်တော့Straight ဘဲထင်တာဘဲ.သူ့ဟာသူသာ မိန်းမချောချောပြီးဖြူနွဲ့နေတာ.."
"ဟင်..အဲ့တာဆိုငါ့အတွက်မျှော်လင့်ချက်မရှိတော့ဘူးပေါ့နော်.."
ဟိန်းထက်ယံမျက်နှာသည်ချက်ချင်းပင်အပြောင်းအလဲမြန်လွန်းသောမိုးသားတိမ်စိုင်တစ်ခုလို။နှင်းပွင့်က လေးလေးနက်နက် ဟန်နှင့်
"အဲ့တာကတော့နင့်ရဲ့ကြိုးစားမူပေါ်မူတည်တာပေါ့!"
တိန်!!ကြိုးစားမူ..ဘာဆက်လုပ်လို့ လုပ်ရမှန်းတောင် မသိဘဲလမ်းပျောက်နေတဲ့သူကိုဟိန်းထက်ယံခေါင်းတစ်ချက်ကုတ်လိုက်မိသည်။
"ဒီမှာဟာ..ငါပြောပြမယ်.."
ဟူသော နှင်းပွင့်စကားသံအောက်မှာဟိန်းထက်ယံမျက်ဝန်းတွေဟာအရောင်ဖျတ်ခနဲလက်သွားသည့်နှယ်။
"နင်သူ့ကိုအတင်းကြီးသွားမလုံးနဲ့Senpaiနဲ့ Kouhaiဆိုတဲ့ဆက်ဆံရေးအတိုင်းပုံမှန်နေဟာ.."
"အဲ့လိုကြီးနေရင်း ဝေးသွားရင်းရော"
ဟိန်းထက်ယံ လျှာရှည်လိုက်မိတော့"ပါးစပ်ပိတ်!ငါတို့ပြောတာသေချာနားထောင်"
မေလေး၏ဝင်ဟန့်သောစကားက ကပ်လိုက်လာသည်။နှင်းပွင့်က လက်ညိုးလေးတစ်ချောင်းထောင်လိုက်ပြီး
"ဟုတ်ပီ!!နောက်တစ်ချက်သူနဲ့တွေ့ဖြစ်ရင်တော့နဲနဲခင်ခင်မင်မင်စကားပြောဟာ..တမင်တွေ့တာမျိုးကြီးမဟုတ်ဘဲ အကြောင်းတိုက်ဆိုင်လို့တွေ့တဲ့ပုံမျိုးဘဲဖြစ်ပါစေနော်.."
ဟိန်းထက်ယံခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်။မြတ်မွန်ကဆက်ပြီးတော့
"ဟုတ်တယ်..နင်သူ့နောက်ကနေ ပိုးစိုးပက်စက်Stalkနေရင်တောင်သူမသိစေနဲ့"
"နောက်ဆုံးအရေးကြီးဆုံးတစ်ချက်က..."
နှင်းပွင့်သည်ဟိန်းထက်ယံကိုသေချာစူးစိုက်ကြည့်လိုက်ပြီး
"နင်သူ့ကိုဂရုစိုက်ပေးရမယ်.."
"ဟမ်! အတင်းမလုံးနဲ့လို့လဲပြောသေးတယ်ဂရုစိုက်ပေးရမယ်ဆိုတော့.."
ဟိန်းထက်ယံ နားမလည်နိုင်စွာမေးလိုက်မိသည်။
"အာ...ဟိုလိုကြီးတကောက်ကောက်လျှောက်လိုက်အလိုက်မသိ ပေါက်ကရတွေလျှောက်လုပ်ပေးတာမျိုးမဟုတ်ဘူးလေဟာ.."
တော်သေးသည်ပေါ့..။နှင်းပွင့်ကနဲနဲစိတ်ရှည်စွာရှင်းပြလေသည်မို့မေလေးကိုသာပြန်မေးမိရင် နရင်းထအုပ်ခံရလောက်သည်။အခုလဲဟိန်းထက်ယံကို မေလေးကတုံးရန်ကော ဟူသည့်အကြ့ည်နှင့် ကြည့်နေလေသည်။
"ဘယ်လိုပြောရမလဲ??သူတကယ်လိုအပ်နေတဲ့အချိန်မှာနင်သူ့ဘေးနားမှာအမြဲရှိပေးရမယ်အဲ့လိုမျိုး."
နှင်းပွင့်ကသူ့စကားဆုံးတော့သူ့ကော်ဖီခွက်လေးကိုသူပြန်ကောက်ကိုင်လိုက်သည်။
".ပြီးတော့မထင်မှတ်တဲ့အချိန်မျိုးမှာနဲနဲ လေး မသိမသာ Romanticဆန်တာမျိုးလုပ်လိုက်ရင် wowwww...Perfect..."
မြတ်မွန်၏မျက်လုံးလေးမှိတ်ပြီးလက်အုပ်ချီသည့်ဟန်လုပ်ပြီးပြောနေသည့်ပုံစံကို ဟိန်းထက်ယံခပ်ငေးငေးကြည့်လိုက်မိပြီး
"ခက်လိုက်တာဟာ.."
ထားခဲ့ဖူးသည့် မိန်းကလေးexတွေနဲ့တုန်းကနဲနဲစိတ်ရူပ်မခံခဲ့ဖူးသည့်ဟိန်းထက်ယံသည် အစီအစဉ်တွေကိုနားထောင်နေရင်းဖြင့်ပင်ရင်မောလာသည်။
"တကယ်ဘဲငါတို့နှစ်ယောက်အဆင်ပြေပါ့မလား???"
မြတ်မွန်၏ ဖျတ်ခနဲပွင့်လာပြီးခပ်တွေတွေကြည့်နေသည့်မျက်ဝန်းတွေကိုမျက်ဝန်းထောင့်စွန့်နားဆီမှ မြင်လိုက်ရသည်။ကြွေလွင့်သွားတဲ့သစ်ရွက်ဝါကလေးကိုငေးမောကြည့်နေမိရင်းသက်ပြင်းတစ်ချက်ရိူက်လိုက်ကာ
"ပြီးတော့ သူက ယောကျင်္ားလေးလေ"
ထိုစကားစုကိုစိတ်ထဲမှရေရွတ်လိုက်မိသော်လည်းမရည်ရွယ်ဘဲ ဟိန်းထက်ယံ နူတ်ခမ်းတို့ဆီမှပွင့်အန်ကျလာသည်..။တစ်ချိန်လုံးဖုန်းscreenကိုသာသဲကြီးမဲကြီးကြည့်နေခဲ့သောဝင်းမြင့်သည်ပင့်သက်တစ်ခုကိုခိုးရိူက်ရင်းဟိန်းထက်ယံဘက်သို့ လှည့်ကြည့်လာသည်။မရှိတော့တဲ့ကော်ဖီတွေကိုပိုက်နှင့်မွှေနေသည့်နှင်းပွင့်မျက်ဝန်းတွေကမြေပြင်တစ်နေရာကိုငေးစိုက်လျက်မေလေးသည်ခေါင်းတစ်ချက်ခါလိုက်ရင်းဘယ်ဆီမှန်းမသိသည့်တစ်နေရာသို့ငေးကြည့်ကြည့်သည်..။
"ဒီမှာ!ဟိန်းထက်ယံ.."
စူးစူးလေးထွက်လာသည့်မြတ်မွန်၏အသံလာရာသို့ဟိန်းထက်ယံစိတ်မပါစွာလှည့်ကြည့်ဖြစ်လိုက်ပါသည်..။မြတ်မွန်သည် ဟိန်းထက်ယံကိုသေချာစူးစိုက်ကြည့်လိုက်ပြီး
"အချစ်ဆိုတဲ့အရာမှာ ယောကျင်္ား မိန်းမခွဲခြားခြင်းတွေမရှိဘူး..ရှိခဲ့ရင်လဲ အဲ့တာတွေက လောကကြီးကသတ်မှတ်ထားတဲ့ဘောင်တွေစည်းမျဉ်းတွေသက်သက်ဘဲ"
ဒိတ်ခနဲတုန်ခါသွားသောရင်ခုန်သံတစ်ချက်နဲ့အတူ နှလုံးသားထဲထိ တိုးဝင်လာသော ခံစားချက်တစ်ခု။ကလေးဆန်သည်ဟု ဟိန်းထက်ယံအမြဲ ကောက်ချက်ချတတ်သော မြတ်မွန်၏မျက်နှာတွင် တည်ငြိမ်နေသည့်ဟန်သည်အပြည့်အဝနေရာယူထားသည်။
"ပြီးတော့စစ်မှန်တဲ့ ချစ်ခြင်းတရားတွေကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောကျင်္ားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ်ဘယ်သူမဆိုအဲ့ချစ်ခြင်းတရားတွေရှေ့မှာဒူးထောက်အရူံးပေးရလိမ့်မယ်"
မြတ်မွန်၏ခပ်စူးစူးလေသံခပ်တိုးတိုးမှာမာန်အပြည့်ပါနေသည်ကိုဟိန်းထက်ယံသတိထားမိလိုက်သည့်ခဏမှာပင်တည်နေသောမျက်နှာလေးသည်အနဲငယ်ပြုံးယောင်သန်းသွားပြီး
"အခုတောင်နင်ကိုယ်တိုင်ဘဲအရူံးပေးခဲ့ရပြီးပြီမဟုတ်လား?"
ဟိန်းထက်ယံပြုံးမိသွားသည်ထင်ပါသည်။မြတ်မွန်၏စကားသံသည်ခပ်တိုးတိုးလေးသာသာလေးဖြစ်သွားပြီး
"အဲ့တော့ ..အဲ့ကလေးလေး အရူံးပေးဖို့ဘဲလိုတော့တယ်ဟုတ်တယ်ဟုတ်??"
ဟိန်းထက်ယံဆီသို့ မျက်လုံးလေးတစ်ဖက်မှိတ်ပြကာ လက်မနှင့် လက်ညိုးလေးကွေးပြီးသေနတ်ပုံစံပစ်ပြသည့်မြတ်မွန်ကြောင့်ဟိန်းထက်ယံရယ်မိသွားသည်လွတ်လပ်ပေါ့ပါးသွားသည့်ခံစားချက်တစ်ခုလား..။ခွန်အားတွေအပြည့်ရသွားသလိုခံစားချက်တစ်ခုလား ဟိန်းထက်ယံမသိသေချာသည်ကတော့ ဟိန်းထက်ယံခုနကထက်နေလို့ထိုင်လို့ပိုကောင်းသွားသည်။Wowwwwww...။ဝင်းမြင့်သည်လက်ခုပ်တဖြောင်းဖြောင်းထတီးသည်။နှင်းပွင့်ကလက်ထဲမှကော်ဖီခွက်ကိုအမိူက်ပုံးထဲသို့လှမ်းပစ်ထည့်လိုက်ပြီး လက်မထောင်ပြကာ
"တော်တယ်ကွာ...မြတ်မွန်"
မေလေးကတော့သူ့ထုံးစံအတိုင်းနူတ်ခမ်းမတွန့်တတွန့်ပြုံးကာ
"Fujoushi ပီသပါတယ်ကွာ..လေးစားတယ်.."
မြတ်မွန်ကတော့မျက်နှာလေးတစ်ချက်ညိုးပြလိုက်ပြီး
"ရင်ထဲကတော့နည်းနည်းနာတာပေါ့လေငါ့သူငယ်ပါသွားတော့မှာဆိုတော့..ဟင့်"
ဟိန်းထက်ယံတို့၏စကားဝိုင်းလေးသည်ရယ်မောသံတို့နှင့်ညီစီသွားသည်။ဟိန်းထက်ယံ၏သူငယ်ချင်းမလေးတွေသည်ဒီလိုတော့လဲချစ်ဖို့ကောင်းကြသား။
"အဟီး..နင်တို့ပြောနေကြတာနဲ့ငါတောင်ယောကျင်္ားချင်းကြိုက်ချင်စိတ်ပေါက်လာပြီ.."
ဝင်းမြင့်ကရုတ်တရက်ကြီးထပြောတော့ဟိန်းထက်ယံရယ်နေရာမှတံတွေးသီးသွားသည်အထိ။နှင်းပွင့်နှင့်မြတ်မွန်ကတော့အရယ်ပေါ်အရယ်ဆင့်ကာဗိုက်နှိပ်ပြီး ရယ်နေကြသည်မှာမပြီးတော့။မေလေးက
"အေး..နင့်ဆိုရင်တော့ဂိတ်ပေါက်ကဟိုကတုံးနဲ့ပေးစားမယ်.."
ပြောလဲပြောသုံးယောက်သားသုတ်ခနဲထပြေးလေသည်။ဝင်းမြင့် အယုတ္တ အနတ္တအော်ဆဲနေသည်မှာမပြီးတော့။ဟိန်းထက်ယံခေါင်းကိုသာခပ်ယမ်းယမ်းခါလိုက်ပြီးရှေ့ကခုံပြာတန်းလေးပေါ်မှာတင်ကျန်ရစ်ခဲ့သော earphoneအဖြူရောင်လေးကိုလှမ်းယူလိုက်သည်။
"ဟေ့ကောင် တော်တော့လူကြားမကောင်းဘူး.."
ဝင်းမြင့်ကိုပိတ်အော်လိုက်တော့ဝင်းမြင့်ငြိမ်သွားသည်။ဖုန်းလေးကိုကောက်ယူလိုက်ပြီးတော့Earphone ချိတ်လိုက်ကာနားထဲသို့ နားကျပ်ကိုထိုးသွင်းလိုက်သည်.။ဖြောင့်စင်းသွယ်တန်းသောလက်ညိုးတစ်ချောင်းက Play ဟူသော touchခလုတ်လေးတစ်ခုစီသို့မျက်ဝန်းအစုံကိုဖြည်းဖြည်းလေးမှိတ်ချလိုက်သည်။ခုနကရပ်တန့်ခဲ့သောတေးသွားတစ်စုံသည်သံစဉ် အနိမ့် အမြင့် အကွေ့ အကောက် တို့ဖြင့်နားထဲသို့စီးဝင်လာသည်..။
"🎵မင်းရဲ့ အပြုံးဟန်လေး အမြဲဘဲတွေ့ချင်မိ..🎼"
နူတ်ခမ်းအစုံဟာ မသိလိုက်သည့်အချိန်ခဏလေးမှာပင် အပြုံးတစ်ခုကိုဆင်မြန်းထားနှင့်ပြီ..။
"🎵ရင်ထဲထိ..ပစ်ခွင်းစူးနစ်သွားပြီ ..မင်းအကြည့်များ..🎶."
နူတ်ခမ်းအစုံဟာ ဖွင့်ချည် ပိတ်ချည်နှင့်တေးသွားအလိုက်စီးမျောနေလေသည်။
"🎵ဂန္တဝင် မြောက်လွန်းတဲ့ကမ႓ာကျော်ပန်းချီလဲရူံးရပြီ..🎼"
မဲမှောင်နေသော အရိပ်တစ်ခုနောက်ကွယ်မှပုံရိပ်လွှာလေးတစ်ခု ထင်ဟပ်လာသည်..။တွေတွေငေးငေး မျက်ဝန်းလေးတွေကလေးရယ်..။မင်းရဲ့မျက်ဝန်းတွေထဲမှာဘဲကိုယ်တစ်သက်လုံးအိပ်စက်နေပါရစေတော့..။.........ThetTantYoung's Noteသီချင်းလေးရဲ့ နာမည်က မိုးမိုး သီဆိုထားတဲ့ ပြန်တွေးကြည့်ဆိုတဲ့သီချင်းလေးပါ.တော်တော်များများ သိလိမ့်မယ်လို့ထင်ပါတယ်..တန့် ဒီစာကိုရေးနေတဲ့တလျှောက်လုံးအဲ့သီချင်းလေးနောက်မှာ စီးမျောလိုက်ပါပြီးရေးနေခဲ့တာ..အဆင်ပြေရင်နားထောင်ကြည့်ကြပါ