"ဟဲ့..ဟိုကလေး မျက်နှာကmaskကြီးကဘာလို့တပ်ထားတာလဲ?ငါ့နှယ်..သူပုန်ဝင်လာတာကျနေတာဘဲ.."
ဆရာမကလှမ်းပြောပြီးWhite boardမှာ သူ့စာသူပြန်ဆက်ရေးနေလေသည်..။ချောင်ကပ်ပြီးခပ်ကုတ်ကုတ်လေး ထိုင်နေတာတောင်မှဆရာမကမြင်ဖြစ်အောင်မြင်သွားသေးသည်။ ဟိန်းထက်ယံ maskလေးကိုမချွတ်ချင်ချွတ်ချင်နဲ့ဆွဲချွတ်လိုက်ရတော့။ တစ်တန်းလုံးကလူတွေအကြည့်ကဟိန်းထက်ယံဆီမှာသူတို့အားလုံးမျက်နှာတွေကပြုံးစိစိ။
အေးပေါ့လေ..။ သူတို့လဲသိတန်သလောက်သိပြီးကြပီပေါ့..ဟင့်။
"ကလင်...ကလင်...ကလင်.."
နေ့လည်စာစားဖို့အချက်ပေးခေါင်းလောင်းလဲအတီးဟိန်းထက်ယံဗိုက်ဆီကဂွီခနဲဆန္ဒပြလေပြီ..။အတန်းထဲကသူတွေဆရာမကိုနူတ်ဆက်ပြီးတော့ဆရာမကအတန်းအပြင်ဘက်သို့ထွက်သွားလေပြီ။
"ဟေ့ရောင်..ဝင်းမြင့်..ငါ့အတွက်ကြက်သားထမင်းဝယ်လာပေးပါလား?"
"အမ်..မင်းမလိုက်ဘူးလား?ကန်တင်းကို.."
ဝင်းမြင့်ကထရပ်လိုက်ပြီးပုဆိုးပြင်ဝတ်ရင်းမေးသည်။ မေးရက်တယ်.သူငယ်ချင်းရယ်။ .ဒီလိုအခြေအနေမှာ လူများတဲ့ဘယ်နေရာကိုမှမသွားချင်။ ကျောင်းကန်တင်းဆိုပိုဆိုး..။
"မလိုက်ချင်လို့ပေါ့ဟ..လုပ်ပါနော်!ဝယ်ပေးပါ.."
နောက်ထပ်တစ်ခါဝင်းမြင့်ကိုထပ်ပြီးအပူကပ်မိသည်။
"နေ..နေ..မဝယ်ပေးဘူး..အလုပ်ရူပ်တယ်။ စားချင်လိုက်လာခဲ့"
"မင်းကလဲ..ငါကန်တင်းမသွားချင်လို့ပါနော်..နော်"
"ဘာမှလာနော်မနေနဲ့..လိုက်ချင်လိုက်လာမလိုက်ချင်အငတ်နေခဲ့ ငါသွားပြီ.."
"ဟာ..ဟေ့ကောင်"
အဲ့နေ့လည်စာလေးဝယ်ပေးတာဘာများဖြစ်သွားမှာလဲလို့!!!မတတ်နိုင်ဘူးလေ။ မနတ်ကတည်းကဘာမှမစားရသေးသည်မို့ဗိုက်ကဘယ်လိုမှတောင့်မခံနိုင်တော့။ နေတော့ဟာာ..။ အပြောခံလဲခံရပစေတော့ အစားမစားဘဲနဲ့တော့မနေနိူင်ဘူး။ ဟိန်းထက်ယံတစ်ယောက်စိတ်ထဲမှတွေးနေရင်း ခုနကချွတ်ထားသော maskကလေးကိုကောက်ယူပြီး ဝင်းမြင့်နောက်အပြေးလိုက်သွားရသည်။ ."ဟေ့ကောင်..မင်းmaskချွတ်ရင်လဲချွတ်ထားအဲ့လိုကြီးစားမနေနဲ့.."
ဝင်းမြင့်ပြောလဲပြောချင်စရာဘဲလေ။Maskကိုခဏခွာလိုက်။ ထမင်းတစ်လုတ်ပါးစပ်ထဲထည့်လိုက်Maskပြန်တပ်ပြီးဝါးနေလိုက်။ ပြန်ခွာပြီးထည့်လိုက်နှင့် သံသရာလည်နေသည်မှာပုံမှန်ဆို ၅မိနစ်လောက်နဲ့ပြောင်သောထမင်းက ဒီနေ့မှမိနစ်နှစ်ဆယ်လောက်ကြာနေသည်။ YUFL၏ကျောင်းကန်တင်းက နေ့လည်စာစားချိန်ဆိုနဲနဲလေးနောက်ကျရင်ထိုင်စရာနေရာပင်မရလောက်အောင်ပြည့်ကျပ်ညပ်တတ်သည်။ ခုလဲလူတွေကထူ ကန်တင်းကပူ Maskကလဲတပ်။ ပုံမှန်ဆိုဆံပင်ထောင်ထားတတ်သော်လည်းမျက်နှာပေါ်မည်စိုး၍ဒီနေ့မှဆံပင်ကိုမထောင်ဖြစ်ခဲ့သည်မို့ နဖူးပေါ်မှာဆံပင်ကဝဲကျနေသည်။ သူများမြင်မှာစိုး၍လည်းထမင်းကိုခေါင်းငုံ့ပြီးစားနေရသေးသည်။ ဒါတောင် အစောင်းအမြောင်းလေးတချို့ကိုကြားဖြစ်အောင်ကြားရသေးသည်..။
"ဟယ်..maskကြီးနဲ့တော့!!"
"မျက်နှာတောင်မဖော်ရဲရှာတော့ဘူး။ နင်တို့ကလဲသနားပါတယ်ဟယ်.. "
"နှာဘူးတုန်းကဘူးပြီး ခုမှလာရှက်နေတယ်"
"စတိုင်ထုတ်ပီးတစ်မျိုးဆန်းလာတာနေမှာပါဟာ."
ဘာမှဆက်မပြောဘဲထမင်းကိုဘဲဆက်ပြီးငုံ့စားနေဖြစ်သည်။ ပြန်ပြောချင်စိတ်လဲမရှိ။
"အဲ့လောက်ဖြစ်နေရင်လဲ မင်းမျက်နှာကြီးကိုဓားနဲ့လှီးလာပါလား?"
စိတ်ဓာတ်ကအဝီစိထိထိုးကျနေသောအချိန်လေးတွင်သူငယ်ချင်းဖြစ်သူ၏အားပေးစကားက နဖူးကနေစီးကျလာတဲ့ချွေးတွေနဲ့အတူမျက်ရည်ကပေါက်ခနဲကျချင်လာသည်။ အရင်ကကန်တင်းမှာအချေဒီဇိုင်းနှင့် ဒူးချိတ်ထိုင်ပြီး စတိုင်ကျကျနေနေတတ်တဲ့ဟိန်းထက်ယံကအခုတော့ဖြင့်ကိုယ်လေးကိုကျံူ့ရုံ့ပြီး ခေါင်းလေးငုံ့ထမင်းစားနေသည်။ ေဩာ်..ကံကြမ္မာအနိမ့်အမြင့်က မြန်လွန်းလှပါလား?
"ဟဲ့..ဟဲ့..သက်ဝေ.အဲ့တာဟိုနေ့ကနင့်ကိုဘူးတဲ့လူကြီးမဟုတ်လား?"
သက်ဝေဆိုတဲ့နာမည်ကိုကြားလိုက်ရတော့ ထမင်းလုတ်ကိုဝါးနေရင်းနင်တက်သွားသည်။ ဟိုနေ့ကတည်းက အဲ့သောက်ကလေးနာမည်ကသက်ဝေမှန်း ဟိန်းထက်ယံသိခဲ့ပါသည်။မသိဘဲနေမလား??အဲ့ကလေးအော်ငိုတော့ သူရဲ့သူငယ်ချင်းမတွေဖြစ်ပုံရသည့်မိန်းကလေးတစ်သိုက်ကတစ်သက်ဝေတည်းဝေနေပြီး အကြီးအကျယ်ကိုဝိုင်းချော့နေသည်လေ.။ခေါင်းလေးအသာငဲ့ပြီးမော့ကြည့်လိုက်တော့ မျက်နှာမဲ့ကာရွဲ့ကာနှင့်ပွစိပွစိပြောနေသောမိန်းကလေးနှစ်ယောက်နှင့် အဲ့မိန်းကလေးနှစ်ယောက်နောက်မှာတစ်စွန်းတစ်ပေါ်နေသောမျက်နှာဖြူဖြူနုနုဖတ်ဖတ်လေးကလန့်နေတဲ့ဟန်လေး။ ဟိန်းထက်ယံလှမ်းကြည့်သည်ကိုလဲ သိရော ဖျတ်ခနဲသူ့မျက်နှာကိုသူ့သူငယ်ချင်းမတွေနောက်မှာကွယ်ပစ်လိုက်သည်။ ဒင်းကြောင့်..ဒင်းကြောင့်။ ငါဒီလိုဖြစ်ရတာ။ဆူပွက်လာသောဒေါသတွေကို နှိမ်ချလိုက်ပြီးဝါးလက်စထမင်းကိုဘဲသက်ဝေအမှတ်နှင့်ဆက်ဝါးနေလိုက်သည်။
"လာ...လာ..သက်ဝေ။မြန်မြန်သွားမယ်..ဒီမှာကြာကြာနေလို့မကောင်းဘူး.."
ဖြစ်ရလေ..သက်ဝေလက်ကို ဆောင့်ဆွဲပြီးကော့တော့ကော့တော့နှင့်ထွက်သွားကြသည်။ မျက်စောင်းနှစ်ခုကိုတောင်လက်ဆောင်အဖြစ်ဟိန်းထက်ယံရလိုက်သေး..။
"မိန်းကလေးတွေဖြစ်ပြီးတော့ ယောကျင်္ားလေးတစ်ယောက်လက်ကိုများပိုင်စိုးပိုင်နင်းနဲ့"
"အဟ..ဘာလဲ..မနာလို့ဖြစ်နေတာလား?မင်းမကိုင်ရလို့!"
ဝင်းမြင့်နောက်ပြီးမေးသည်ကိုလည်းသိတယ်။ဒါပေမဲ့ ဘာရယ်မဟုတ် စိတ်ကတော့နဲနဲခလုခလုဖြစ်သွားသည်လေ။
"တော်စမ်းပါ။ ကိုင်ချင်စရာတစ်ကွက်မှမရှိပါဘူး.."
"ဟုတ်လို့လား??မင်းမျက်လုံးတွေကအခုထိကိုအဲ့ကလေးဆီကမခွာသေးဘူး.."
ဝင်းမြင့်ပြောမှကိုယ့်ကိုယ်ကိုပြန်သတိထားမိသည်။ ကန်တင်းကနေထွက်သွားပြီးသူ့အဆောင်ဘက်သို့လျှောက်သွားသည်ကို ပြတင်းပေါက်ကနေတစ်ဆင့်လှမ်းကြည့်နေမိတုန်းကြည့်အုံး..!ပိုက်လေးကိုစုပ်ပြီး အအေးလေးသောက်လိုက်။ သူ့သူငယ်ချင်းမတွေနဲ့ရယ်လိုက်မောလိုက်နဲ့ခုနကမျက်ခွက်နဲ့များတခြားစီ။ ဆက်မမြင်ချင်တော့လိုချက်ချင်းအကြည့်လွှဲမိလိုက်။ သည်က စားလက်စထမင်းပန်းကန်ပြားဆီ ဖင်ကပ်သာကျန်တော့သည့်ထမင်းစိတွေကြားထဲတွေ့လိုက်ရသည်က မြတ်စွာဘုရား!!..သူ...အဲ့..အဲ့..သောက်ကလေးမျက်နှာ။
..............
Kanji စာအုပ်တစ်ပုံတပင်ကို ဆရာမ၏စားပွဲပေါ်သို့တင်ချလိုက်သည်။
"Sensei ဘာလုပ်ပေးရအုံးမလဲ??"
(Sensei-ဂျပန်လိုဆရာကိုခေါ်ပါတယ်)
"ရပြီ..သား"
ဆရာမ၏လက်ကာပြပြီးပြောသည့်စကားနောက်မှာလှစ်ခနဲဟိန်းထက်ယံလစ်ထွက်ခဲ့သည်။
"ဟဲ့..ဟဲ့..ငါ့ကိုဝိုင်းကူအုံး"
ကုတ်ကအကျႌစကိုလှမ်းဆွဲခံသည်မို့ ECမမှန်းတန်းသိလိုက်သည်။
"ဒီမှာ..ကျောင်းမွေးနေ့ပွဲမှာရောင်းမယ့်Sushi လက်မှတ်တွေတစ်ချက်လောက်ညှပ်ပေး"
အဲ့ECမဟာလေ လူကိုတွေ့ရင်ခိုင်းမယ်ဆိုတာချည်းဘဲ။
"တခြားသူခိုင်းလို့မရဘူးလားဟာ။ နင်ကလဲငါအတန်းတက်ရအုံးမှာ"
"အမယ်လေး..ကိုယ်တော်။ အခုမှလာပြီးလိမ္မာပြမနေနဲ့ပြီးရင်canteenထဲရောက်နေမယ်ဆိုတာ။ ငါသိတယ်..ကျောင်းအလုပ်ကိုကူကိုမလုပ်ချင်ဘူး.."
ECထံမှနောက်ထံစက်သေနတ်ပစ်သံတွေကို ဆက်မကြားချင်တော့သည်မို့ဟိန်းထက်ယံခေါင်းကိုကုတ်ပြီး မျက်နှာမဲ့မဲ့နှင့်ပင်သူ့လက်ထဲမှ A4 sizeစာရွက်တွေကိုယူလိုက်ရသည်။
"မျက်နှာကလဲရှစ်ခေါက်ချိုးနဲ့ လာ..။မြန်မြန်ညှပ်ရမှာ.."
အူကြောင်ကြောင်နှင့်ECခေါ်ရာလိုက်ECထိုင်ခိုင်းရာမှာထိုင်လိုက်ရသည်။ စာရွက်ညှပ်သည့်နေရာမှာ အတန်းထဲမှ နှင်းပွင့်, မြတ်မွန် နှင့်မေလေးအပြင်တခြားသူတွေကိုပါတွေ့ရသည်။ ဟိန်းထက်ယံဝင်လာတော့မြတ်မွန်နှင့်မေလေးကခွိခနဲရယ်သည်။ နှင်းပွင့်ကပြုံးစိစိ။နှင်းပွင့်-အတန်းထဲကစာအရာမှာ Hyperဟုပြောလျှင်မမှား။ အသားဖြူဖြူနှင့် မျက်နှာကပုံမှန်ဆိုတည်နေတတ်သည်။မြတ်မွန်ကမျက်နှာက ကလေးမျက်နှာနှင့် အရပ်ပုပုလေးဖြစ်သည်မို့ချစ်ဖို့တော့ကောင်းသည်။ မေလေးကတော့ဟိန်းထက်ယံလန့်ရသည့်အထဲက တစ်ယောက်!စကားပြောလိုက်ရင်ECလိုတုတ်ထိုးအိုးပေါက် ။ ဘာသဘောနှင့်သူတို့ရယ်သည်မှန်းသေချာ မသိပေမဲ့ ဟိုတစ်ပတ်ကကိစ္စကိုရည်ရွယ်မှန်းတော့သိနေသည်။ သို့သော်..ဟိန်းထက်ယံတို့ကခပ်ချေချေလေသိတယ်မဟုတ်လား?ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ဘဲအခုဆိုmaskတောင်မတပ်တော့။ သူတို့သုံးကောင်နှင့်လဲECနဲ့လိုပင်ပြောမနာဆိုမနာ။ မိန်းကလေးများသည့်YUFLကျောင်းထဲမှမိန်းကလေးတွေနှင့်သူငယ်ချင်းဖြစ်သည်မှာဆန်းသည်တော့မဟုတ်။ ထိုင်ခုံကိုဆွဲယူရင်းလက်မှတ်တွေကိုသာကတ်ကြေးနှင့်ထိုင်ညှပ်နေလိုက်သည်..။ ညှပ်နေရင်းခဏလောက်နေတော့
"နှင်းပွင့်"
မေလေးဆီမှထွက်ပေါ်လာသောစကား။
"အွန်း..ဘာလဲ?ပြော"
"ဟိုနေ့ကလေ ရွှေအိုရောင်ဆံပင်နဲ့ကောင်မလေးကငါပြင်ပေးလိုက်တာသိလား?လှတယ်ဟုတ်??"
"လှတာပေါ့..သဲရယ်!လှလွန်းလို့ကြွေကျသွားတဲ့သူတွေတောင်ရှိသေး.."
လုပ်ပြီ..လုပ်ပြီ..။မေလေးနှင့် နှင်းပွင့် ဒါသက်သက်မဲ့ကိုပြောနေတာဟိန်းထက်ယံကိုပြောနေမှန်းအသိသာကြီး။
"အို..သူ့ဟာသူကြွေကြွေအေငါကတော့ငါ့သူငယ်ကိုဘယ်သူမှမပေးဘူး.."
ဖြစ်ရလေ..မြတ်မွန်ရယ်။ သူ့ကလေးရုပ်နဲ့သူငယ်ကထောင်ချင်နေသေးတယ်။ ဟိန်းထက်တွေးနေရင်းတစ်ချက်မဲ့လိုက်မိသည်။
"တွေ့လား?တွေ့လား..အူတွေတိုနေတာ.."
"အဟိ..နင်တို့ကလဲသိပ်မပြောကြပါနဲ့။ အကိုကြီးက heartထိလာတာ.."
ဘာ!!heartထိတဲ့ကိစ္စ။ ဟိုခွေးကောင် ဝင်းမြင့်သွားပြောမိလိုက်တယ် ထင်သည်။သေစမ်း!!ရှက်လိုက်တာ ရှက်လိုက်တာ..။
"နင်တို့ပါးစပ်ပိတ်မှာလား?ငါကတ်ကြေးနဲ့ဆောင့်ထိုးရမလား?"ဟိန်းထက်ယံရှက်ရမ်းရမ်းပြီးလက်ထဲကကတ်ကြေးကိုထောင်ပြလိုက်တော့သုံးယောက်သားမျက်လုံးလေးတွေဝိုင်းစက်သွားပြီးဟိန်းထက်ယံကိုပြန်ပြူးကြည့်ကြသည်။သူတို့မကြောက်မှန်းတော့သိတယ်။ တမင်တကာကိုကြောက်တဲ့မျက်နှာလုပ်ပြနေခြင်း။
"ဟဲ့..ဟဲ့..ကတ်ကြေးကြီးနဲ့။ဖယ်စမ်း..အဲ့ကတ်ကြေးကို.."
ECဝင်လာလို့နင်တို့သက်သာသွားတယ် ဆိုတဲ့အကြည့်နဲ့ကြည့်ပေးလိုက်တော့သုံးယောက်သားပုခုံးလေးတွန့်ပြသည်။
"ဟိန်းထက်ယံ.ပြန်ချင်ပြန်တော့။ငါတခြားလုပ်စရာတွေရှိသေးတယ်"
"အေး..အေး"
ဟုပြောရင်းဟိန်းထက်ယံတစ်ယောက်သုတ်ခနဲထပြေးသည်။ပြန်ချင်သည်မှာကြာပြီလေ။ ဇတ်ကြောတွေကလဲတက်နေပြီလေအရေးထဲဟိုသုံးကောင်ကလဲလိုက်စနေသေးသည်.။
"နှင်းပွင့်..ငါကိုကူညီပါအုံး။1st yrဘက်ကိုလက်မှတ်လေးသွားရောင်းပေးပါလား?"
1st yrဆိုသည့်အသံကြားလိုက်တော့ အခန်းအပြင်ဘက်ခြေချတော့မည့်ဟိန်းထက်ယံခြေထောက်တွေလေပေါ်မှာတင်ရပ်တန့်သွားသည်။ ECမတို့ရှိရာဘက်သို့နောက်ပြန်လှည့်ကြည့်လိုက်မိသည်..။
"Okie okie..ငါတို့သွားရောင်းပေးမယ်ပေး.."
မြတ်မွန်ကလှမ်းပြောရင်ECလက်ထဲမှလက်မှတ်ထုပ်ကိုဖျတ်ခနဲလှမ်းယူသည်။
"အမယ်လေး.သူ့သူငယ်ရှိနေလို့.."
နှင်းပွင့်နှင့်မေလေးကရယ်ရယ်မောမော။မဖြစ်ဘူး..မဖြစ်ဘူး.။မြတ်မွန်လက်ထဲပါသွားမှဖြင့်။
"ငါပါလိုက်မယ်. "
လေးကောင်လုံးဟိန်းထက်ယံကိုပြူးပြီးကြောင်ကြည့်နေသည်။ လိုက်မယ်ပြောတာ ဘာများထူးဆန်းသွားလို့တုန်း?ECမက
"နင်ဘဲပြန်ချင်လှပြီဆို.."
"အေးလေ..အေးလေ..ခုနကဖြင့် မျက်နှာကပြန်ချင်လို့စူပုပ်နေပြီးတော့"
နှင်းပွင့်က ECစကားကိုထောက်ခံနေသည်။
"မရပါဘူး..ငါတို့ဘဲသွားရောင်းမှာ"
ဟိန်းထက်ယံဘေးနားတင်ကပ်ပြီးဖြတ်သွားကာလှေကားတစ်လျှောက်ပြေးဆင်းသွားသည့်မြတ်မွန် မြန်လွန်းလို့ဖမ်းလို့တောင်မမိလိုက်။
"ဟာ..ဟာ.လိုက်မယ်ဟ.."
အဲ့လိုနဲ့ နှင်းပွင့်ရယ် မေလေးရယ် မြတ်မွန်ရယ်နှင့်အတူ ပထမနှစ်တွေကိုထားတဲ့အဆောင်သစ်ဆီသို့ရောက်ခဲ့သည်။ပထမနှစ်အခန်းထဲသို့ရောက်တော့ နဲနဲသွက်သွက်လက်လက်ရှိသည့် နှင်းပွင့်က
"အမတို့ Japanese majorက ဒီနှစ်ကျောင်းမွေးနေ့ပွဲမှာ sushiရောင်းမှာတစ်စောင်မှ ၅ဝဝဘဲနော်..ဝယ်ချင်တဲ့သူတွေ လက်ထောင်ပေးပါ.."
မေလေးနှင့်မြတ်မွန်ကတော့လက်မှတ်တွေလိုက်ဝေပြီးပိုက်ဆံကောက်နေလေသည်။ ဟိန်းထက်ယံကတော့အခန်းတံခါးဝမှာ တံခါးဘောင်လေးကိုမှီလျက်သာရပ်ကြည့်နေသည်။ အခန်းတစ်ဝိုက်မျက်လုံးဝေ့ကြည့်မိတော့ တတိယတန်းခုံမှာပိုက်ဆံအိတ်ထဲကပိုက်ဆံထုတ်နေသော ကောင်လေး.။ဘယ်လိုလေးလဲဟ!!၅ယောက်ထိုင်ရသည့်အတန်းမှာသူတစ်ယောက်တည်း ယောကျင်္ားလေး။ ဆံပင်နက်နက်လေးတွေနဖူးပေါ်ဝဲကျနေပြီးအပြာနုရောင် ရှပ်လေးဝတ်ထားသည့်သူ့ပုံကအားလုံးကြားထဲမှာထင်းခနဲ။ ဘေးနားကမိတ်ကပ်တစ်တောင်လောက်နှင့်သူ့သူငယ်ချင်းမတွေတောင်သူ့ကိုမမှီဘူး။ ငမ်းကောင်းကောင်းနှင့်ငမ်းနေတုန်းမှာပင်မြတ်မွန်မတစ်ယောက်သူတို့နားရောက်လာသည်။ အယ်!! လက်မှတ်ပေးစရာရှိပေး။ ပိုက်ဆံယူစရာရှိယူပြီးထွက်သွားတာမဟုတ်ဘူး။အဲ့မရွှေချောက ဟိုသောက်ကလေးနှင့် စကားတွေဖောင်ဖွဲ့နေလိုက်တာရယ်လို့ပြုံးလို့ မြူးလို့။
"မြတ်မွန်!!!"
"အမေ့.."
လှမ်းအော်ပစ်လိုက်တော့သူ့ထံမှအာမေဋိတ်သံခပ်သေးသေးလေးထွက်လာပြီး တစ်ကိုယ်လုံးဆတ်ခနဲတုန်သွားသည်။ ယောကျင်္ားလေးဖြစ်ပြီး နုလိုက်တာ။ ကျွန်တော့်ကိုတွေ့တော့ချက်ချင်းမျက်နှာလွှဲသွားသည်။ မြတ်မွန်ကတော့ဘာလဲဆိုသည့်သဘောနှင့်ကြည့်သည်။
"အချိန်မရဘူး..နောက်အတန်းတွေသွားရောင်းရအုံးမယ်.မြန်မြန်လုပ်"
ပြောလဲပြောပြီးရောဟိန်းထက်ယံအတန်းအပြင်ဘက်သို့ထွက်လာလိုက်သည်။အေးပါ..သောက်ကလေးလေးရာ။ ငါ့မျက်နှာတောင်ကြည့်ချင်ပုံမရတော့ဘူး။ဟိန်းထက်ယံအခန်းနံရံကိုမှီရင်းရေရွတ်လိုက်မိသည်။မျက်စိရှေ့ကအခန်းရဲ့ကာထားတဲ့မှန်မှာကိုယ့်ရုပ်သွင်ကိုယ် ကြည့်မိတော့တခြမ်းစောင်းထောင်ထားသည့်နီညိုရောင်ဆံပင်တွေကဟင်..အနက်ရောင်ဖြစ်နေတာလား?နှာတံပေါ်ပေါ်နူတ်ခမ်းပါးပါးကနေနှာခေါင်းလုံးလုံး နူတ်ခမ်းဖူးဖူးလေးဆီသို့အား!!!!ငါရူးပြီ။
.......ThetTantYoung's noteစာမေးပွဲကာလမှာရေးရတာမို့Updateပျက်ခဲ့ရင် ခွင့်လွှတ်ပေးကြပါFeedback plz