"Shit"
နေပူပူကိုမော့ကြည့်ပြီးဟိန်းထက်ယံတစ်ယောက်ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ဒီနေ့Fresher Welcomeမသွားဘူးလို့ဆုံးဖြတ်ပြီးကာမှECကအတင်းကိုphဆက်ပြီးလာခိုင်းသည်မို့စိတ်ကသိပ်မကြည်ချင်။ ဒီနှစ် Fresher Welcomeကိုအကြီးအကျယ်ပြင်ဆင်ထားသည့်အပြင်King Selectionထဲမှာထည့်ထားသည်မို့ လာဖြစ်အောင်လာပေးပါတဲ့။
အေးပေါ့လေ ကိုယ်ကKingလဲ kingဆိုတော့တကူးတကကိုဖိတ်ရသည်ပေါ့။
စိတ်ကြီးကနဲနဲဝင်ချင်သွားသေးသည်။ဒါတောင်ကမန်းကတန်းနှင့်ထွက်ခဲ့ရသည်မို့ဘာမှသိပ်မပြင်ခဲ့ရသော်ညားလည်းG&Gက မှန်မှာတော့မြင့်မားလွန်းသောအရပ်။
ဒါပေါ့လေ ..။မြန်မာပြည်လိုနိုင်ငံမျိုးမှာတော့၅ပေ ၁ဝလက်မဆိုတာနည်းတဲ့အရပ်မှမဟုတ်တာ။ Musclesတွေအများကြီးရှိတယ်မဟုတ်ပေမဲ့သူ့ဟာနဲ့သူကြည့်ကောင်းနေတဲ့ခန္ဓာကိုယ်။ နီညိုရောင်မကျတကျဆံပင်တွေကိုဘေးစောင်းထောင်ထားလေသည်။နှာတံပေါ်ပေါ်နူတ်ခမ်းပါးပါးနှင့်သန့်ပြန့်နေသည့် ကိုယ့်ရုပ်သွင်ကိုကိုယ်ပြန်ကြည့်ပြီးကျေနပ်သွားမိသည်။
လက်ပတ်နာရီကိုလှမ်းကြည့်လိုက်တော့နာရီလက်တံက ၁ဝနာရီခွဲသို့။
သေစမ်း!၁ဝနာရီအရောက်လာခိုင်းထားသည်ကိုမှမရောက်ဘူးဆိုရင် ECမ က ပွစိပွစိပြောအုံးမည်။ ECကအဲ့လောက်မဟုတ်။ ECမထံတွင် အပွားခံရမည့်အကြောင်းကိုတစ်ဆက်တည်းစဉ်းစားလိုက်မိတော့G&G ရှေ့က မှန်မှခွာကာသုတ်ခြေတင်ပြေးရသည်။
"Baby..I'm Perfect"
ပြောရင်းဆိုရင်း One direction၏Perfect songက ထမြည်လေပြီ။ မကိုင်ဘူးဆိုရင်လဲခေါ်လို့ပြီးတော့မှာမဟုတ်။
"Perfect for u.."
"Hello.."
"...@$&=^*(^@$*"
တစ်ဖက်မှာစာကလေးသိုက်ပျက်သလိုထွက်လာသည့်အသံများကြောင့် ဖုန်းနှင့်နားကိုဆတ်ခနဲခွာလိုက်ပြီးကိုယ်နားကိုယ်ပြန်ပွတ်နေမိသည်။
နားကန်းသွားပြီလားတောင်မသိ!
"@$&())#/&("
Speakerမဖွင့်ထားတာတောင်တစ်ဖက်ကအသံကစူးထွက်နေသည်။
"တိုးတိုးပြောပါဟ!နင်ကလဲ"
"...."
အခုမှတစ်ဖက်ကEC၏ လေသံကနဲနဲပြန်ပြေလျော့သွားသည်။
"အင်း...အခုEBဆောင်ထဲဝင်လာပြီ."
"..."
အရေးထဲဖိနပ်ကအဆင်မပြေ။ ဟိန်းထက်ယံတစ်ယောက်EBဆောင်၏လှေကားတွေဆီသို့လှမ်းတက်လိုက်သည်။ ကျွတ်ကျချင်နေသည့်ပုဆိုးကိုလက်တစ်ဖက်ကထိန်းလိုက်ရသေးသည်။ ဖုန်းကိုလဲကိုင်ထားရသေးသည်။ ဟိုဘက်ကလဲပြောနေတာမပြီးတော့ဘာတွေပြောလို့ပြောနေသည်ကိုမှန်းကိုမသိ။ လှေကားထစ်တွေအတိုင်းတက်လာရင်း
"အင်း..အင်း.."
အင်းတစ်လုံးတည်းကိုသာပြန်ပြောရင်း ခပ်သွက်သွက်လမ်းအလျှောက်လှေကားဆီမှကော်ရစ်တာဘက်သို့အချိုး ဘယ်ဘက်လက်မောင်းကိုဝင်တိုက်သွားသည့်အထိအတွေ့နဲ့အတူ မွှေးပျံ့သည့်ရနံ့သင်းသင်းလေး။
အိုး...မွှေးလိုက်တာ..။
မွှေးပျံ့တဲ့ရနံ့ရဲ့ဆွဲဆောင်ရာနောက်သို့လိုက်ပါမိသည်လား?
တိုက်မိတဲ့အရှိန်ကြောင့်ဘဲနောက်ဘက်သို့ပြန်ကြည့်လိုက်သည်လားမသိတော့။
ရွှေအိုရောင်ဆံပင်တွေကလိမ်ခွေပြီးခါးလယ်နားတွင်ဝဲကျနေသည်။ ရဲရဲနီနေတဲ့နူတ်ခမ်းတစ်စုံကဖြူဖွေးတဲ့မျက်နှာသွယ်သွယ်လေးကိုပိုပြီးလင်းလက်သွားစေသလို ဦးထုပ်အဝိုင်းခပ်ကြီးကြီးအောက်ကတစ်စွန်းတစ်စမြင်နေရသောမျက်ဝန်းလေးတွေ။ တွေတွေလေးနဲ့ပြန်ငေးကြည့်နေသည့်သူမဟန်ပန်လေး။ ပတ်ဝန်းကျင်ဆိုသည်မှာသူမ၏အလှအပအောက်တွင်တိတ်ဆိတ်ပျောက်ကွယ်သွားလေပြီလား???
ဘာဆိုဘာမှသတိမမူနိုင်မိသော အခြေအနေလေးတွင်ဘယ်ဘက်ရင်ဘက်ထဲဆီမှ ထွက်ပေါ်လာသောအသံတိုးတိုးလေးတစ်ခု။
"ဒုတ်..ဒုတ်..."
သူမရဲ့နူတ်ခမ်းနီနီရဲရဲလေး။ ရွေအိုရောင်ဆံနွယ်တွေ..။ တွေတွေလေးငေးနေသည့်မျက်ဝန်းလှလှလေး..။တစ်ကမ႓ာလုံးဟာထိုအရာလေးတွေနဲ့တင် ပြီးပြည့်စုံသွားတာမျိုးခုနကခပ်တိုးတိုးလေးခုန်နေသည့်ရင်ခုန်သံဟာ ပိုပြီးကျယ်လောင်လာသည်.။
"ဒုတ်!ဒုတ်!ဒုတ်.."
ဒီ..ဒီခံစားချက်ဟာ..
"ဟေ့ကောင်!"
ပုခုံးကိုဖျတ်ခနဲပုတ်ပြီးဆွဲလှည့်ခံလိုက်သည်မို့
ဟမ်!
မျက်ပေါက်ကခပ်ကျဉ်းကျဉ်း။ နှာခေါင်းကအနဲငယ်ပုတိုတို။ ဆံပင်တွေကထိုးထိုးထောင်ထောင်နဲ့။ဒါ..ခုနက..ကျွန်တော့်နတ်သမီးလေးမှမဟုတ်တာ။
"ဟေ့ကောင်!ဘာဖြစ်နေတာလဲ??"
သတိဝင်ဝင်လာချင်းကြည့်လိုက်မိသည်က လက်ထဲကဖုန်းလေးဆီသို့ငါခုနကဖုန်းပြောနေခဲ့တာဘဲ..ပြီးတော့ ဟိန်းထက်ယံအနောက်ကိုမန်းကတန်းပြန်လှည့်ပြီးကြည့်လိုက်တော့ ဘယ်သူမှရှိမနေ..။
"ဟမ်!"
သွားပါပြီကွာ!ကျွန်တော့်နတ်သမီးလေးဘယ်ရောက် သွားပြီလဲမသိ!
"ဟေ့ကောင်..ဘာကိုဟမ်လဲ?"
မေးငေါ့ရင်းပြောလိုက်သောမျက်နှာဆီကိုလှည့်ကြည့်လိုက်ပြီး
"ခွေးကောင်!အဲ့တာမင်းလုပ်လို့!"
"ဘာ!"
နားမလည်နိုင်သလိုမျက်နှာပေးမျိုးဖြင့် ဝင်းမြင့်တစ်ယောက်ကျွန်တော့်ကိုကြောင်ကြည့်နေသည်ကို လျစ်လျူရူလိုက်ပြီး COEအဆောင်ဘက်ကိုဦးတည်လိုက်သည်။
"ECကခေါ်ခိုင်းလို့လာခေါ်တာကိုအသားလွတ်ကြီးလာဆဲတယ်"
"မင်းလုပ်လိုက်လို့ငါ့feelလေးပျက်သွားတာလေ!"
ဟိန်းထက်ယံပြန်အော်လိုက်သည့်အသံကနဲနဲကျယ် သွားသည်ထင်သည်။ မျက်လုံးပေကလပ်ကလပ်နှင့်ဖြစ်နေသော ဝင်းမြင့်ကို
"အခုငါ့နတ်သမီးလေးဘယ်ပျောက်သွားပြီလဲမသိဘူးheartထိနေတဲ့ခံစားချက်လေးလဲဘယ်ရောက်သွားပြီလဲမသိဘူး.."
ဟိန်းထက်ယံမျက်လုံးတွေကိုမှေးစင်းပြီးကြည့်ရင်းပြောလိုက်သည်။ ဝင်းမြင့်သည်အခုအချိန်ထိဘာမှနားမလည်နိုင်သေးသည့်အူကြောင်ကြောင်ပုံစံ။ တော်ပါပီ။ အဲ့အူကြောင်ကြောင်ကိုဆက်ပြောနေလို့ဘာမှထူးမှာမဟုတ်..။
"ဟာကွာ..အဲ့ကောင်မလေးကိုသာတစ်ပတ်လောက်စောတွေ့ခဲ့ရင်ငါCulturePaper tutoဖြေနိုင်မှာ.."
ဟိန်းထက်ယံတစ်ယောက် မျက်နှာလွှဲလိုက်ရင်းမကျေမချမ်းနဲ့ရေရွတ်လိုက်မိသည်။
"မင်းဟာမင်း ရမ်းရွှီးခဲ့ရင်ရတာကိုဘဲ!Heartမထိဖူးလို့မရေးတတ်ဘူးလို့သွားပြောတော့ဆရာမတွယ်ခံရတာနည်းတောင်နည်းသေး.."
"ရမ်းမရွှီးချင်လို့ပေါ့ ..ကိုယ်တွေကခံစားချက်အစစ်အမှန်တွေဘဲချရေးတတ်တာ."
ဟိန်းထက်ယံပြန်ပြောလိုက်တော့ဝင်းမြင့်တစ်ယောက်မျက်နှာမဲ့ရွဲ့ပြီးတစ်ဘက်သို့လှည့်သွားသည်။
"ငါ့နတ်သမီးလေးကိုမရရအောင်ကိုပြန်ရှာမယ်"
ဟိန်းထက်ယံတစ်ယောက်တည်းကြုံးဝါးလိုက်မိသည်။ ဘေးကဝင်းမြင့်ကတော့သွားရှာလေပြီ ဟူသောအကြည့်နှင့်ကြည့်နေသည်။ COE ခန်းမထဲသို့ရောက်သည်နှင့်ECမက ကလော်တုတ်လေသည်..။
"အမယ်လေးဟဲ့ သိကြားမင်းပင့်တာကမှကြွအုံးမယ်..နင့်ကိုပင့်ရတာသေတောင်သေချင်တယ်..။ ဒီကြားထဲဖုန်းပြောရင်းနဲ့ဘယ်ချောင်များကပ်သွားတာလဲလို့အသံတောင်မကြားရတော့ဘူး@$"*@^,("
ဘယ်ချောင်မှကပ်သွားတာမဟုတ်ဘူး..။ ဟိုနတ်သမီးလေးဆီမှနစ်မျောသွားတာ။ စဉ်းစားရင်းနဲ့မှရွေအိုရောင်နတ်သမီးလေးဆီသို့ စိတ်ကပြန်ရောက်သွားတော့နူတ်ခမ်းကအလိုအလျောက်ပြုံးမိလျက်သား..။
"အမယ်လေးဟဲ့..ပြုံးနိုင်သေးတယ်ကိုယ်တော်က..ကဲကဲ..kingကြီးအခန်းထဲမှာသွားနေတော့ငါလဲဒီမှာအလုပ်တွေရူပ်နေတာSlection kingတွေခေါ်ထုတ်ချိန်ရောက်မှထွက်လာ"
"ရတယ်..မသွားဘူး..!ဒီHallထဲမှာဘဲနေမယ်"
ဟိန်းထက်ယံပြန်ပြောလိုက်သည့်စကားမှာEC ပါးစပ်အဟောင်းသားဖြစ်သွားသည်..။ အေးပေါ့..ပုံမှန်ဆိုလူအရမ်းများတဲ့နေရာမျိုးမှာနေလေ့မှမရှိသည်ကို.။ ဒီနေ့ပွဲတောင်အတင်းမရမကပင့်ထားရသည်လေ
"ဒီလိုဟေ့!!သူက သူ့နတ်သမီးကိုရှာ.."
"ဟေ့ကောင်!"
ဝင်းမြင့်ပါးစပ်ကိုကမန်းကတန်းလှမ်းအုပ်လိုက်ရသည်မို့ ဝင်းမြင့်တစ်ယောက်ဝူးဝူးဝါးဝါးဖြစ်သွားသည်။ မလွယ်ဘူးလေ! ECပါးစပ်ထဲဒီစကားရောက်သွားလို့ကတော့တစ်ကျောင်းလုံးပြန့်ပြီးသားဖြစ်သွားမှာ။
"ဟင်..ဘယ်နားကနတ်သမီး"
ဒါတောင်ECကမျက်လုံးလေးကလယ်ကလယ်နှင့်လိုက်မေးနေသေးသည်။
"အဟီး..ဘာမှမဟုတ်ဘူး..သွားလိုက်အုံးမယ်"
ဝင်းမြင့်ကိုအတင်းဆွဲချုပ်ခေါ်သွားပြီး စီတန်းထားတဲ့ခုံတွေထဲမှာဝင်ထိုင်လိုက်သည်..။
"မင်းဟာလေ..ဘာလို့ECကိုသွားပြောတာလဲ?"
ဟိန်းထက်ယံတစ်ယောက်ဝင်းမြင့်ကိုမာန်မဲလိုက်တော့
"ဘာဖြစ်လဲ?သူကကူတောင်ရှာပေးရင်ရှာပေးမှာတစ်ခါတည်းတောင်အောင်သွယ်ပေးလောက်တယ်"
သူကကျွန်တော့်ကိုတောင်ပြန်အော်လိုက်သေး။
"နေစမ်းပါ!ငါ့ဟာငါရှာနိုင်တယ်"
မိန်းကလေးတစ်ယောက်ရှာရတာများဘာခက်တာမှတ်လို့။ ပြီးတော့အဲ့မိန်းကလေးက japanese majorကဘဲဖြစ်ရမည်။ ဘာလို့လဲဆိုဒီနေ့ကစနေနေ့လေစနေနေ့မှMajor Fresher Welcome လုပ်သည်မို့တစ်ကျောင်းလုံးမှာ Japanese majorတစ်ခုတည်းရှိနေတာ..။ဒီထဲမှာမှဆက်ပြီးဝေဖန်ပိုင်းခြားရရင် သူမဟာ 1st yr Fresherဘဲဖြစ်ရမည်။သူမကိုအရင်ကကျောင်းထဲမှာတစ်ခါမှမမြင်ဖူးဘူးလေ။ Fresherမှန်းသိမှတော့ဘာခက်တော့သည်မှတ်လို့စင်ပေါ်တက်ပြီးမိတ်ဆက်နေရှာတဲ့Fresherကောင်မလေးတွေတစ်ယောက်ချင်းစီကို ငမ်းပြီးလိုက်ရှာကြည့်ရုံဘဲ။ ဟိန်းထက်ယံတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ပြုံးကြီးပြုံးနေမိသည်။
"အဲ့တစ်ယောက်လေ ချောတယ်နော်။ ဒီနှစ်အတွက် 1st yr Queenဖြစ်လောက်တယ်လို့မှန်းထားကြတယ်တဲ့"
ဝင်းမြင့်ကအသာလက်တို့ပြီးပြောသည်မို့လှမ်းကြည့်လိုက်မိသည်။ မီးခိုးရောင် ထားဝယ်ဝမ်းဆက်လေးဝတ်ထားပြီးဆံပင်အနက်ရောင် မျက်လုံးဝိုင်းဝိုင်းလေးနှင့်ေကာင်မလေးတစ်ယောက်.။
"အင်း မဆိုးပါဘူး"
မှတ်ချက်ချသံကိုကြားလိုက်ရတော့ဝင်းမြင့်မျက်နှာကခရမ်းသီးမီးဖုတ်ထားသလိုကိုရူံ့တွသွားသည်..။
"ဒီလောက်ချစ်ဖို့ကောင်းတာလေးကို..မင်းကလဲမဆိုးပါဘူး ဘဲလား?"
မတတ်နိုင်..ဒီထက်ပိုပြီးဘာမှတ်ချက်မှချလို့မရသည်မို့ ပုခုံးဘဲတစ်ချက်တွန့်ပြလိုက်သည်။
"နေစမ်းပါအုံး..!အဲ့လိုကောင်မလေးကိုတောင်မဆိုးပါဘူးဆိုတော့ မင်းတွေ့ခဲ့တဲ့ကောင်မလေးကရောတော်တော်ကိုလှတာဘဲလား?"
"ဘယ်လိုတောင်ပြောလိုက်တာလဲ?ဝင်းမြင့်ရာ"
ဆက်ခနဲရုတ်တရက်လှည့်ကြည့်လိုက်သည်မို့ ဝင်းမြင့်တစ်ယောက်တွန့်ခနဲတစ်ချက်ဖြစ်သွားသည်။ မျက်လုံးအစုံကိုမှိတ်ပစ်လိုက်ပြီးတော့
"မင်းသိလား??ရွှေအိုရောင်ဆံပင်တွေ...။နီရဲရဲနူတ်ခမ်းလေးတွေ။မျက်ဝန်းလေးတွေ အရာအားလုံးကငါ့နှလုံးသားကိုသိမ်းပိုက်လိုက်သလိုဘဲ.."
"ရပီ..ရပီ..ပြန်ထိုင်ပြန်ထိုင်..အဲ့လက်ကြီးကိုပြန်ချ!"
ဝင်းမြင့်ကအကျႌစကိုဆွဲပြီးပြောမှ လက်တွေကလေထဲမှာမြောက်လျက်သားဖြစ်နေသည်ကိုသိသည်။
ရှက်လိုက်တာ!Feelတာနဲနဲလွန်သွားသည်..။အရှေ့တန်းကကောင်မလေးတွေကကွက်ကျိကွက်ကျိနှင့်
"မင်းဟာက ပိုလွန်းပါတယ်..။ ဘယ်လိုဖြစ်ပြီးမတ်တပ်တွေပါထရပ်ကုန်တာလဲ?ဟိုမှာကြည့်ကုန်ပြီ.."
ဝင်းမြင့်ကဘေးနာလာကပ်ပြီးပြောလေသည်။ မတတ်နိုင်ဘူးလေ။ သူမအကြောင်းလဲစဉ်းစားမိရော အလိုလိုနေရင်းကိုmoodတွေဝင်လာတာ။
"နေစမ်းပါအုံး!ရွေအိုရောင်ဆံပင်ဆိုတော့.."
ဝင်းမြင့်ကလေးလေးနက်နက်တွေးတောနေဟန်ဖြင့်
"ငါတို့တက္ကသိုလ်မှာဆံပင်အရောင်မှဆိုးလို့မရတာ"
သူပြောမှဟိန်းထက်ယံတွေးမိသွားသည်။ ဟုတ်သား..ဆံပင်အရောင်မှဆိုးလို့မရတာ။
"Fresherဖြစ်ပြီးဆံပင်ဆေးဆိုးထားရင်တော့အဲ့ကလေးမ skillကြမ်းတာဘဲ"
မေးစေ့ကိုပွတ်နေရင်းဝင်းမြင့်ကတွေးတွေးဆဆနှင့်ပြောလေသည်..။
"ပြီးတော့မြန်မာဝတ်စုံဝတ်ထားတာဟုတ်?"
ဆက်မေးလိုက်သောဝင်းမြင့်၏မေးခွန်းကိုဖြေရန် memoryတွေကိုအသဲအသန်ပြန်လည်တူးဆွနေရသည်။ ငမ်းနေတာနဲ့ဘဲဘာဝတ်ထားမှန်းကိုသတိမပြုလိုက်မိစဉ်းစားစမ်း..စဉ်းစားစမ်း!!ရွှေအိုရောင်ဆံနွယ်တွေဝဲနေတဲ့ခါးထက်..
"အာ..ဟုတ်ပီ!သိပီ!"
"အေး..မြန်မာဝတ်စုံလား?ဘာအရောင်လဲ?"
"မဟုတ်ဘူး!"
မဟုတ်ဘူးဆိုတဲ့စကားပြောလိုက်တော့ဝင်းမြင့်ရဲ့မျက်နှာတစ်မျိုးဖြစ်သွားသည်။ ဟိန်းထက်ယံတစ်ယောက်အသက်ဝဝရူသွင်းလိုက်ပြီးတော့
"ဂါဝန်ဝတ်ထားတာ!"
"အမ်!"
"ဟုတ်တယ်..သေချာတယ်!ဂါဝန်ဘဲနေမှာမြန်မာဝတ်စုံတော့မဟုတ်တာသေချာတယ်!"
ဝင်းမြင့်အူကြောင်ကြောင်ဖြစ်နေသည့်မျက်နှာပေးနှင့်လာကြည့်သည်။ သူမပြောနှင့်။ ကိုယ်တောင်ရူးချင်လာသည်။
"ဘယ်လိုလုပ်ပြီးဂါဝန်ကြီးနဲ့..Yuflထဲကိုဂါဝန်နဲ့မှဝင်လို့မရတာ..."
ဝင်းမြင့်စကားစရပ်သွားပီး
"ဒါမှမဟုတ်.."
မရှိရှိတဲ့မျက်လုံးကျဉ်းကျဉ်းကိုအသည်းအသန်ပြူးပြီးကြည့်နေတဲ့ဝင်းမြင့်မျက်နှာကရှေ့တည့်တည့်မှာလေသံခပ်တိုးတိုးလေးနှင်
"သရဲမများလား??"
"အုန်း"
"ဟကောင်ရ!နာလိုက်တာ.."
သူဇက်ပိုးကိုသူပြန်ပွတ်သပ်ပြီးဝင်းမြင့်တစ်ယောက်ညည်းညူနေပုံက အတော်ကိုအီစလံဝေသွားပုံရသည်။
"မင်းအမေကြီးတော်ကိုသရဲမဖြစ်စရာလား.??ငါနဲ့ဝင်တောင်တိုက်မိသွားသေးတယ်"
ဖြစ်ရလေ!ကျွန်တော့်နတ်သမီးကိုများသရဲမလေးဘာလေးနဲ့!ဟိန်းထက်ယံတစ်ယောက်မကျေမချမ်းနဲ့စိတ်ထဲကကြိတ်တွေးနေမိသည်။
"ဘယ်သိမလဲဟ!ဝင်တိုက်မိတာပြောမှမပြောဘဲမင်းက..ဒါပေမဲ့လဲသရဲမတွေလဲမင်းကံနိမ့်ရင်ဝင်တိုက်တိုက်.."
လေပေါ်မြောက်တက်လာတဲ့ဟိန်းထက်ယံရဲ့လက်တစ်ဖက်ကြောင့် ဝင်းမြင့်တစ်ယောက်အသံဆက်မထွက်တော့ဘဲငြိမ်ကျသွားလေသည်..။
ဘာဖြစ်သေးလဲ?တကယ်လို့သရဲမဖြစ်နေရင်တောင် ခေါစာသွားပစ်ပြီး ခေါ်ထားမှာ..အား!!ရူးတော့မှာဘဲ။ ဘာတွေတွေးနေတာလဲ??သူမကိုပြန်တွေ့ဖို့ဆိုတာအခုချိန်မှာဟိန်းထက်ယံအတွက်အလိုချင်ဆုံးသောတောင်းဆုတစ်ခုဘာလို့အဲ့လောက်ထိတောင်စွဲလမ်းသွားခဲ့ရတာလဲ?ဟိန်းထက်ယံတစ်ယောက်တည်းအသံတိတ်အော်ဟစ်နေမိလေသည်..။
.......ThetTantYoung's noteအရှေ့တစ်ပုဒ်ကိုရေးခဲ့တဲ့ပုံစံလေးတွေနဲ့နဲနဲလေးကွဲထွက်ပြီးရေးထားပါတယ်..အချိန်ပေးပြီးဖတ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်.. Feedbackလေးတွေပေးရင်ပိုပြီးတော့ကိုကျေးဇူးတင်မိမှာဘဲ.............................................................