ကိုကိုလူဆိုး ( Z + U ) 🍀 Com...

De HaSoonnie

972K 102K 12.2K

Chanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမှ... Mais

1 🌱
2 🌵
3 🌿
4 🌳
5 🌲
6 🌴
7 🍀
8 🍃
9 🍁
10 🍂
11 🌾
12 😔
13 😙
14 💥
15 🌼
16 🙈
17 😒
18 😭
19 😠
Please Read ✋
20 😏
21 😋
22 💫
23 😒
24 😡
25 😤
26 😭
27 😊
28 😁
29 😵
30 😪
31 😕
32 😚
33 😭
34 🐕
35 😚
36 😁
37 😚
38 😚
39 😏
40 🥃🍸
41 💋
42 😔
43 😘
44 😝
45 🤗
46 🤓
47 😖
48 😢
49 ⚡🌧
50 🤗
51 😔
52 😂
53 😡
54 😆
55 😟
56 😠
57 😢
58 😁
59 😚
60 😠
61😢
62 💞
63 😁
64 🤣
65 😔
66 😢
67 😔
68 😆
70 🎁
71
72 😔
73 😔
74 😭
75 😊
76 😊
77 😿
78 👨‍❤️‍💋‍👨
79 🌙
80 😙
81 ❤
82 😕
83 😞
84 🎂
85 🤗
86 🤒
87 😒
88 😚
89 🤕
90 🌹
🤗 Hello
Order စကောက်ပါပြီ😁

69 😊

9.3K 1K 169
De HaSoonnie


( Zawgyi )




“ အင်းးးး....”


“ အွန်း....”

“ Burger ရောပဲ...
ဝါးရတာ ပါးညောင်းလို့...”

“ အင်း ရမယ်...”


“ အိုကေ....”

“ အင်းးးးးပြီးတော့....

“ ဟင်...ဟို တစ်ပတ်ကတင်
စားချင်သေးတာလား....”


“ ဟုတ်.... Baek ဘာလို့
စားချင်တာလဲ သိလား..."


“ ဟင့်အင်း...”




“ မွ.... မွမွ.... အဟိ....”


“ အ... နာဝါးဘီ...”

မပီတော့ဘူး ကြည့်စမ်း....”

ဟု နောက်လိုက်တော့




ပြန်ဆက်ပြောလေသည်...

“ ဟုတ်ပြီ....”

ပြောနေရင်းဖြင့်

“ ကိုကို... ကိုကို....”


“ အင်း ပြော...”

ဆက်ပြောလာသည်က


ဟု ရုတ်တရက် ထမေးလာသည်...

“ မင်းစားချင်လို့လား...”


“ ဘာပြောမလို့လဲ...”

“ကျောင်းတက်တုန်းကလေ..."

" အင်း...."

" စီနီယာ အစ်ကိုကြီး
မေးဖူးတယ်...”


သူပဲရှိတာကိုး...”


" ဟီးဟီး နည်းနည်းပါ..."

မေးတာလား...


သူတို့က ထူးဆန်းတာတွေ
ပြန်လှည့်ပြေးလာတာ..."

“ ဘာထူးဆန်းတာလဲ...”

လုပ်ထားတာ...

စောပြီးရောက်သွားတယ်...

“ အင်း...ဘာတွေပြောနေကြလဲ....”


မသိဘူးလေ...သူပြောတော့
ပြေးနေရမှာလဲပေါ့...

မသာကောင်....ငါ့ကလေးကို
မကောင်းကြံချင်နေတာ...

“ အင်း...အဲ့တော့
ဘယ်လိုဆက်ဖြစ်သွားလဲ...”

ဟု မေးလိုက်တော့

“ သူက ဆက်ပြောတယ်....
မစားရတော့လည်း


နောက်ပိုင်း အတန်းထဲက
အဓိပ္ပာယ်ကလေ...”


“ အတူတူ အိပ်မလားတဲ့....”

သူက မော့ကြည့်လာကာ



“ တော်သေးတယ်နော်...


“ ငတ်ကြီးကျတာကိုး...”

ဟု ပြောမိတော့ သူလေးက
မျက်စောင်းထိုးကာ


“ အခုရော ခေါက်ဆွဲပြုတ်
စားချင်သေးလား....”

မေးလိုက်တော့ သူလေး





“ ကိုကို့ သဘောပါ....”





“ ဟုတ်....”

ဟု ပြန်ဖြေလေသည်...

စားချင်တယ်..."

ချက်ချင်းထကာ

“ ခဏစောင့်နော် ကိုကို...
Baek သွားပြုတ်ပေးမယ်....”

ဟု ပြောလေသည်....
ဖြစ်သွားသည်....

“ ကိုကို့...ယားတယ်...ခစ်...ခစ်...”

ဆိုကာ ရယ်နေသော သူလေး၏
ကိုယ်ထိန်းပြီး




အငတ်တော့ မထားဘူးပေါ့...”

ခေါင်းလေးညိတ်ပြကာ



တကယ်လား...”


“ သေချာတယ်နော်...ကိုယ်က

ဟု ထပ်ပြောလိုက်ကာ

“ ဟာကွာ...ကိုကိုကလည်း

သွားတော့သည်...


လုပ်လိုက်တော့သည်....

~~~~~~~~~~ကိုကိုလူဆိုး~~~~~~~~~~

“ ကိုကို့.... Baek လေ...”




ပန်းထုပ်လေးရောပဲ..."

ကျွေးလိုက်သည်...

" အသားလုံးတွေက ဘယ်ကရလဲ..."

" ရေခဲသေတ္တာထဲက..."

လုပ်လာတာလား..."

" ဟာ...ကိုကိုကလည်း လူကို
မယုံသက်ာနဲ့...တကယ်ကြီး
ပြုတ်လာတာပါနော်...

ဟု နောက်လာသည်....တကယ်ကို

ခေါက်ဆွဲပြုတ်ထဲတွင်
တော်တော်ကောင်းသည်....

" ဖူး....ဖူး...."



စဉ်းစားနေတာ သူက...


“ မရဘူး...”





“ Baek လေ တက္ကသိုလ်
ပြန်တက်ချင်တယ်....”

“ ဟင်....”


ဟု ပြောလာသည်....

“ ဘာလို့တက်ချင်တာလဲ...”


အကုန်ပညာတတ်တွေလေ....


“ မလိုပါဘူးကွာ...


မင်းရဲ့တက်လမ်းအတွက်
မင်းစဉ်းစားထားသမျှ

လိမ္မာတဲ့ ကလေးလေးပဲ..."

ဟု သူ့ပါးအိအိလေးအား

ကူညီမယ်..."

" ဘာအလုပ်လုပ်မှာလဲ..."

ဟုမေးလိုက်တော့

ဆက်ပြီးလုပ်မှာပေါ့...
မကောင်းဘူးလား..."


"ကောင်းပါတယ်... ဘဝအတွက်

ဟု ချီးကျူးလိုက်တော့

" ကိုကို... Baek တော်လား..."

ဟု ပြုံးကာမေးလာသည်...

" တော်ပါ့ဗျာ...တော်ပါ့...


" ကိုကို့ အီးပေလေး..."




အစားစားနေတုန်းကို


ဟုထပ်ပြောလိုက်တော့...

အကျင့်ပုတ်တယ်..."


" ရော့...စားလို့ပြီးပြီ...

"ဟင်....ဘာပေးမှာလဲ..."

"ပြီး​ရင် သိရမယ်လေ..."

ထွက်သွားတော့သည်...

~~~~~~~~~~to be continued 💛💚💙

💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐

( Unicode )

ကျွန်တော်အလုပ်လုပ်နေသည့်
စားပွဲဘေးနားက ကြမ်းပြင်ပေါ်တွင်
ငုတ်တုပ်ထိုင်နေကာ ကျွန်တော့ ဒူးပေါ်ကို
မေးစိလေးတင်ပြီး သူခေါင်းထဲပေါ်လာသမျှ
အစားအစာတွေကို ရေရွတ်နေလေသည်...

ဟိုတစ်ပတ်က သူဆိုးချင်ရင်
ကျွန်တော့ကိုဆိုး ဆိုပြီး ပြောလိုက်သည်ကို မှတ်ထားပြီး အလုပ်လုပ်နေသည့်
ကျွန်တော့ကိုလာပြီး ချွဲနေခြင်း
နောက်တစ်နည်းပြောရရင်တော့
နှောင့်ယှက်နေခြင်း ဖြစ်သည်....

“ ကိုကို့...Baek ရေခဲမုန့်စားချင်တယ်...”

“ အင်းးးး....”

“ Hot Dog လည်း စားချင်တယ်....”

“ အွန်း....”

“ Burger ရောပဲ...
Burger ကို အသားပြားကြီး မထည့်ဘူး...
ဝါးရတာ ပါးညောင်းလို့...”

“ အင်း ရမယ်...”

“ နောက်ပြီးတော့ ကန်စွန်းဥပြုတ်လည်း
စားချင်တယ်....ကင်ချီလေးနဲ့....”

“ အိုကေ....”

“ အင်းးးးးပြီးတော့....
တော့ပိုကီလည်းစားချင်တယ်....”

“ ဟင်...ဟို တစ်ပတ်ကတင်
တော့ပိုကီ စားထားတာကို
စားချင်သေးတာလား....”

စားထားတာမှ မကြာသေးဘူး...
ထပ်စားချင်သေးတာလားဟု မေးလိုက်တော့

“ ဟုတ်.... Baek ဘာလို့
စားချင်တာလဲ သိလား..."

ဟု ကျွန်တော့အား မေးခွန်းထုတ်လာသည်...

“ ဟင့်အင်း...”

ဟု Lap top နှိပ်နေရင်း ဖြေလိုက်တော့

“ ကိုကို့ကို အာဘွားပေးချင်လို့...”

ဟု တိုးတိုးလေး ပြောလာသည့် သူ့ကို
ရူးများသွားပြီလားဆိုသည့်
အကြည့်ဖြင့် ငုံ့ကြည့်လိုက်တော့
ကျွန်တော့ကို မော့ကြည့်ကာ

“ မွ.... မွမွ.... အဟိ....”

ဆိုပြီး နှုတ်ခမ်းလေးကို ချွန်ပြီး
နမ်းသည့်ပုံစံလုပ်ပြကာ လှမ်းစနေသည့်
သူ့နဖူးလေးအား တောက်လိုက်တော့

“ အ... နာဝါးဘီ...”

“ အယ် ကလေးက စကားတွေတောင်
မပီတော့ဘူး ကြည့်စမ်း....”

ဟု နောက်လိုက်တော့

“ ဟုတ်ရယ်... ချကားမပီရော့ဝူး...”

ဟု စကားကို မပီအောင်ပြောပြီး
ပြန်နောက်လေသည်...တကယ့်အီးပေ...

“ ပြီးတော့ ခေါက်ဆွဲပြုတ်လည်းစားမယ်...”

ဟု သူပြောနေသည့်အရာအား
ပြန်ဆက်ပြောလေသည်...

“ ဟုတ်ပြီ....”

ပြောနေရင်းဖြင့်

“ ကိုကို... ကိုကို....”

ဟု ဒူးပေါ်ကို မေးစိလေးဖြင့်
ကြိတ်ရင်းခေါ်လာသည်ကြောင့်
သူ့ကိုမကြည့်ဘဲ Lap Top ကို
ကြည့်နေရင်းဖြင့် မေးဆတ်ကာ

“ အင်း ပြော...”

ဟု ပြောလိုက်တော့ သူလေး
ဆက်ပြောလာသည်က

“ ကိုကို ခေါက်ဆွဲပြုတ်စားမလား....”

ဟု ရုတ်တရက် ထမေးလာသည်...
ပြီးရင် အရင်တစ်ခါကလို ခေါက်ဆွဲထုပ်
ကုန်နေလို့ အပြင်ထွက်စားရဦးမယ်....

“ မင်းစားချင်လို့လား...”

“ မဟုတ်ပါဘူး...ကိုကို့ကိုပြောပြမလို့...”

“ ဘာပြောမလို့လဲ...”

“ကျောင်းတက်တုန်းကလေ..."

" အင်း...."

" စီနီယာ အစ်ကိုကြီး
ချောချောလေး တစ်ယောက်က
Baek ကို သူ့အိမ်လိုက်ပြီး
ခေါက်ဆွဲပြုတ်စားမလားလို့
မေးဖူးတယ်...”

“ မင်းနဲ့ရင်းနှီးလို့လား...”

“ ဗျာ...ရင်းနှီးလားဆိုတော့
သူက Baekရဲ့ စီနီယာပဲလေ...
Baek ထက်ဆို အသက် ငါးနှစ်လောက်
ကြီးတယ်...နောက်ပြီးတော့ Baek ကိုကျောင်းမှာ ဂရုစိုက်ပေးတာဆိုလို့
သူပဲရှိတာကိုး...”

" အဲ့တော့မင်းကသူ့ကို ကြွေခဲ့တယ်ပေါ့..."

" ဟီးဟီး နည်းနည်းပါ..."

အဲ့ကောင်က ခေါက်ဆွဲပြုတ်စားမလား
ဆိုတာကို ရိုးရိုးသားသားပဲ မေးတာလား...
ဘယ်လို အဓိပ္ပာယ်ဆိုတာကို သိလျက်နဲ့
မေးတာလား...

“ အဲ့တော့ သွားစားလိုက်လား....”

“ ဟင့်အင်း...သွားမစားဖြစ်ဘူး...
သူတို့က ထူးဆန်းတာတွေ
ပြောနေကြလို့...ကြောက်ပြီး
ပြန်လှည့်ပြေးလာတာ..."

“ ဘာထူးဆန်းတာလဲ...”

“ အဲ့ကိုကြီးက ကျောင်းဆင်းရင်
ကျောင်းထဲက တစ်နေရာကို အရင်ချိန်းတယ်
အဲ့ကနေမှ သူ့အိမ်ကိုသွားမယ်ဆိုပြီး
လုပ်ထားတာ...

ဖြစ်ချင်တော့ အဲ့နေ့က Baekအတန်းချိန်က
စောပြီးလို့ ချိန်းထားတဲ့နေရာကို
စောပြီးရောက်သွားတယ်...
သူက သူ့သူငယ်ချင်းတွေနဲ့
Baek ကိုမမြင်ဘဲ စကားပြောနေတာ..."

“ အင်း...ဘာတွေပြောနေကြလဲ....”

“ သူ့သူငယ်ချင်းတွေက ပြောတယ်...
မင်း ထောင်ကျဦးမယ်နော်...
အဲ့ကောင်လေးက Psycho ဆို...
သွားမလုပ်နဲ့ဦး....သူ့ကိုမစားလိုက်ရဘဲ
Jail ထဲပြေးနေရမယ် ဆိုပြီးပြောနေတာ...

Baek လည်း ဘာအဓိပ္ပာယ်တွေမှန်း
မသိဘူးလေ...သူပြောတော့
Baek နဲ့အတူတူ ခေါက်ဆွဲစားမှာဆိုပြီး
Baek ကိုဘာလို့စားမှာလဲ....
Baek က ခေါက်ဆွဲမှ မဟုတ်တာ...
နောက်ပြီးတော့ ဘာလို့ ထောင်ထဲ
ပြေးနေရမှာလဲပေါ့...
လုံးဝကို စဉ်းစားမရဘူး....”

မသာကောင်....ငါ့ကလေးကို
မကောင်းကြံချင်နေတာ...
ဘယ်လိုဆက်ဖြစ်သွားလဲ သိချင်တာကြောင့်

“ အင်း...အဲ့တော့
ဘယ်လိုဆက်ဖြစ်သွားလဲ...”

ဟု မေးလိုက်တော့

“ သူက ဆက်ပြောတယ်....
Baek ကို စားရရင်စားမယ်....
မစားရတော့လည်း
ပြန်လွှတ်ပေးလိုက်မှာပေါ့တဲ့....

Baek လည်း သူတို့ပြောနေတာတွေကို
နားထောင်ပြီး ကြောက်လာတာနဲ့
ပြန်လှည့်ပြီး ပြေးလာတာ....
လိုက်မစားဖြစ်လိုက်ဘူး....

နောက်ပိုင်း အတန်းထဲက
သူငယ်ချင်း ပြောပြမှ သိတာ…..
အဲ့ဒီ ခေါက်ဆွဲစားမလားဆိုတဲ့
အဓိပ္ပာယ်ကလေ...”

ဟု ပြောပြီး ရပ်သွားသည်ကြောင့်
ကျွန်တော်သူ့ကို ငုံ့ကြည့်လိုက်မိသည်....
သူ အဲ့ အဓိပ္ပာယ်ကိုများသိနေတာလား....

“ အတူတူ အိပ်မလားတဲ့....”

ဟု ကျွန်တော်က ကြိုပြောလိုက်သည်ကြောင့်
သူက မော့ကြည့်လာကာ

“ ဟုတ်တယ်...အဲ့ဒီ့ အဓိပ္ပာယ်တဲ့...”

ဟု တိုးတိုးလေးပြောလာသည်...
သူပြောပြီး သူရှက်နေသည့် လုံးတစ်

“ တော်သေးတယ်နော်...
Baek ကတော့ ရိုးရိုးသားသားမှတ်လို့
လိုက်စားမလို့ကို... အောင်မလေး
တွေးလိုက်ရင် ကြက်သီးထတယ်...”

ဟု ကိုယ်လေးကို တွန့်ကာပြောလာသည့်
သူ့ခေါင်းလေးကို ပွတ်လိုက်ပြီး

“ ငတ်ကြီးကျတာကိုး...”

ဟု ပြောမိတော့ သူလေးက
မျက်စောင်းထိုးကာ

“ ငတ်ကြီးတောင် မကျလိုက်ရပါဘူးနော်...
ကြောက်ပြီး ပြန်ပြေးလာတာ...”

“ အခုရော ခေါက်ဆွဲပြုတ်
စားချင်သေးလား....”

ဟု သူ့မေးစိလေးကို ဆွဲမော့ကာ
မျက်လုံးချင်း အကြည့်ဆုံစေပြီး
မေးလိုက်တော့ သူလေး
ပါးတွေရော နားတွေရော နီရဲတက်လာကာ

“ ကို....ကိုကိုက စားချင်လို့လား...”

ဟု စကားလေးတွေထစ်ကာမေးလာသည်...

“ အင်း...ကိုယ်စားချင်တယ်ဆိုရင်ရော...”

ဟု မေးလိုက်တော့ မျက်လွှာလေးချကာ

“ ကိုကို့ သဘောပါ....”

ဟု တိုးတိုးလေးပြန်ဖြေလေသည်....
အသည်းတွေယားလိုက်တာနော်....

အရင်ကလို အတင်းငြင်းတာမျိုးတွေလည်း
မရှိတော့ဘဲ ကျွန်တော့သဘောပါဟု
လိုက်လျောပေးလာသည်ကိုကြည့်ရတာ
တော်တော်တော့ အဆင်ပြေလာပါပြီ...

“ အိုကေနော်... မင်းပြောပြီးပြီနော်...
နောက်ကို ယူပြီးလို့ ကိုယ်က
ခေါက်ဆွဲပြုတ်စားမယ်ဆိုရင်
မငြင်းရဘူးနော်...ကြားလား...”

ဟု ပြောလိုက်တော့ မျက်လုံးလေးကို
ပုတ်ခတ်ပုတ်ခတ်လေးလုပ်ကာ

“ ဟုတ်....”

ဟု ပြန်ဖြေလေသည်...

“ အခုတော့ မဂ်လာမဆောင်ရသေးတော့
မစားသေးဘူး... အဲ့ကျမှ စားမယ်...
အခုတော့ တကယ့်ခေါက်ဆွဲပြုတ်
စားချင်တယ်..."

ဟု ပြောလိုက်တော့ သူလေးက
ချက်ချင်းထကာ

“ ခဏစောင့်နော် ကိုကို...
Baek သွားပြုတ်ပေးမယ်....”

ဟု ပြောလေသည်....
မတ်တပ်ရပ်လိုက်သည့် သူလေးအား
ဆွဲခေါ်ကာ ကျွန်တော့ပေါင်ပေါ်သို့
ဘေးတစ်စောင်းထိုင်ခိုင်းပြီး
သူ့ခါးလေးအား ဖက်ထားလိုက်ကာ
သူ့လည်ပင်းလေးအားနမ်းတော့
ယားလို့ထင်သည်...တွန့်ခနဲ တွန့်ခနဲ
ဖြစ်သွားသည်....

“ ကိုကို့...ယားတယ်...ခစ်...ခစ်...”

ဆိုကာ ရယ်နေသော သူလေး၏
ပါးအိအိလေးအား ဖိနမ်းပစ်လိုက်သည်...
သို့သော် ထိုကဲ့သို့ နမ်းလိုက်ရုံနှင့်တင်
စိတ်က မရသည်ကြောင့် သူလေးကို
မြန်မြန်လွှတ်လိုက်ကာ ကိုယ့်စိတ်ကို
ကိုယ်ထိန်းပြီး

“ ခေါက်ဆွဲက ပြုတ်နိုင်တာသေချာလား...”

ဟု သူ့လက်ကောက်ဝတ်လေးကို ကိုင်ထားကာ
မေးလိုက်တော့ ခေါင်းလေးညိတ်ပြကာ

“ Baek ဒါတော့ သေသေချာချာ
လုပ်နိုင်တယ်...အကျွမ်းဆုံး ဟင်းကို
ပြောပြပါဆိုရင် အဲ့ဒါ ခေါက်ဆွဲပြုတ်ပဲ...”

“ အဲ့ဒါဆို ယူပြီးရင် ကိုယ့်ကို
အငတ်တော့ မထားဘူးပေါ့...”

ဟု မေးလိုက်တော့ ရယ်ပြီး
ခေါင်းလေးညိတ်ပြကာ

“ Baek တို့ ယူပြီးလို့ ထမင်းချက်ပြီး
မကျွေးတတ်ရင်တောင် ကိုကို့ကို နေ့တိုင်း
ခေါက်ဆွဲပြုတ် ပြုတ်ကျွေးနိုင်တယ်...”

ဟု ယုံကြည်မှုရှိရှိပြောလာသည့် သူလေးကို
စချင်လာတာကြောင့် သူ့ကိုစိုက်ကြည့်လိုက်ပြီး

“ ခေါက်ဆွဲပြုတ်ကို နေ့တိုင်းပြုတ်ကျွေးမှာ
တကယ်လား...”

ဟု မေးလိုက်တော့ ကျွန်တော်မေးသည့်
အဓိပ္ပာယ်ကို သဘောမပေါက်သည့်
သူလေးက သဘောရိုးလေးနှင့်ပင်
ခေါင်းလေးညိတ်ပြလာသည်...

“ သေချာတယ်နော်...ကိုယ်က
နေ့တိုင်း ခေါက်ဆွဲပြုတ် စားရမှာ...”

ဟု ထပ်ပြောလိုက်ကာ
ကျွန်တော်က ပြုံးစိစိလုပ်လိုက်တော့မှ
ကျွန်တော် ဘာကိုဆိုလိုချင်နေမှန်း
သိသွားသည့် သူလေးက ပါးလေး
နှစ်ဖက်ကို ရဲခနဲဖြစ်သွားကာ

“ ဟာကွာ...ကိုကိုကလည်း
ဘာတွေပြောနေမှန်းလည်း မသိဘူး...”

ဟု ကျွန်တော့လက်ထဲက သူ့လက်ကလေးကို
ရုန်းကာ အခန်းထဲကနေ ထွက်ပြေး
သွားတော့သည်...

ကျွန်တော့ ပေါင်ပေါ်ကိုမေးစိလေးတင်ကာ
လာချွဲနေသော အချွဲလေးအား ဒီလိုနည်းနှင့်
ပ ထုတ်လို့ရပြီမှန်း သိလိုက်ပြီလေ....

သူလေးဖြစ်သွားသည့်ပုံလေးကို
ခေါင်းရမ်းပြီး ရယ်လိုက်ကာ
အလုပ်ကိုသာ ပြန်ပြီးအာရုံစိုက်ကာ
လုပ်လိုက်တော့သည်....

~~~~~~~~~~ကိုကိုလူဆိုး~~~~~~~~~~

“ ကိုကို့.... Baek လေ...”

" ခေါက်ဆွဲပြုတ်သာ အရင်စားပါကွာ...
စကားများပြီး သီးဦးမယ်..."

ဟု ပြောကာ တူနှင့်ညှပ်ယူထားသော
ခေါက်ဆွဲကို အမြန်အေးအောင်

လေမှုတ်နေရင်းဖြင့် ပြောကာ
ထိုခေါက်ဆွဲကို ခွံ့ကျွေးလိုက်တော့
ရှလွတ် ရှလွတ်ဖြင့် စားနေလေသည်...

"ကိုကို့ ကန်စွန်းရိုးကျွေးဦး...
ပန်းထုပ်လေးရောပဲ..."

ဟုပြောလာသည်ကြောင့် ခေါက်ဆွဲအိုးထဲမှ
ယူကာ အေးအောင် မှုတ်ပြီး
ကျွေးလိုက်သည်...

" အသားလုံးတွေက ဘယ်ကရလဲ..."

" ရေခဲသေတ္တာထဲက..."

"တကယ်ကြီး ကိုယ့်ဘာ့သာကိုယ်
လုပ်လာတာလား..."

" ဟာ...ကိုကိုကလည်း လူကို
မယုံသက်ာနဲ့...တကယ်ကြီး
Baek ကိုယ်တိုင် ကိုကို့အတွက်
ပြုတ်လာတာပါနော်...
ယုံယုံကြည်ကြည်စား ဗိုက်ဝတယ်...."

ဟု နောက်လာသည်....တကယ်ကို
သူပြုတ်လာမှန်းသိသာပါတယ်....
ကျွန်တော်တို့အိမ်မှာ ခေါက်ဆွဲပြုတ်ရင်
သူ့လို တစ်ခါမှ မပြုတ်ဘူးလေ...

ခေါက်ဆွဲပြုတ်ထဲတွင်
ကန်စွန်းရွက်တွေလည်းပါသည်...
ပန်းထုပ်ကလေးတွေလည်းပါသည်...
အသားလုံးတွေလည်းပါသည်...
ကြက်ဥလည်း ထည့်ပြုတ်ထားသည်...
စုံနေအောင် ထည့်ပြုတ်ထားသည့်
ခေါက်ဆွဲပြုတ်ကို ကျွန်တော်အခုမှ
စားဖူးခြင်းဖြစ်သည်...အရသာကလည်း
တော်တော်ကောင်းသည်....

" ဖူး....ဖူး...."

တူနှင့်ညှပ်ယူထားသော ခေါက်ဆွဲကို
အပူလျော့သွားစေရန် နှစ်ခေါက်လောက်
မှုတ်ပြီး ထပ်ခွံ့ကျွေးရပြန်သည်....
ဟုတ်တယ်...အခုခင်ဗျားတို့ ထင်နေသလို
ကျွန်တော်သူ့ကို ခွံ့ကျွေးနေရတာ အမှန်ပဲ...

ယူလာကတည်းက အကြံအဖန်နှင့်
တူတစ်ချောင်းတည်းပဲ ယူလာကာ
သူ့ကိုပါခွံ့ကျွေးဆိုပြီး ခိုင်းလာသည်...

နောက်ကိုလည်း ထမင်းဆို
တစ်ပန်းကန်တည်းပဲအတူတူစားမည်
ကျွန်တော်ထမင်းမစားလျှင် သူလည်းမစားဘဲ
အတူတူစောင့်ပေးမည်ဟု ပြောသည်...
အချွဲလေး... ဘယ်လိုချွဲရမလဲဘဲ
စဥ်းစားနေတာ သူက...
ကျွန်တော်ကိုယ်တိုင်ကလည်း
အချွဲခံချင်နေတော့ ခက်သားဗျ...

" ကိုကို့...ကိုကို့...Baek လေ..."

“ မရဘူး...”

“ ဟင်...ဘာမှလည်း မပြောရသေးဘဲနဲ့...”

“ မဟုတ်တာ ပြောမလို့မလား...”

“ မဟုတ်တာ မဟုတ်ပါဘူး ကိုကိုရဲ့...
Baek လုပ်ချင်တာလေးရှိလို့...
နားထောင်ပေးပါ ကိုကိုကလည်း...”

ဟု ပြောလာသည်ကြောင့် ခေါက်ဆွဲစားရင်း
ခေါင်းညိတ်ပြလိုက်တော့

“ Baek လေ တက္ကသိုလ်
ပြန်တက်ချင်တယ်....”

“ ဟင်....”

“တက္ကသိုလ် ပြန်တက်ချင်လို့...
အခုဆို Baek လူတွေကိုလည်း
မကြောက်တော့ဘူး...ရင်လည်းဆိုင်နိုင်ပြီ...
တစ်ယောက်တည်းလည်း သွားနိုင်နေပြီ...
အဲ့ဒါ တက္ကသိုလ်တက်ချင်လို့...
ကိုကို ခွင့်ပြုပေးမယ်မလား....”

ဟု ပြောလာသည်....
ခွင့်ပြုပေးပါ မဟုတ်ဘဲ ခွင့်ပြုပေးမယ်မလား
ဆိုသည့် ပြောဆိုပုံကိုကြည့်ရတာတော့
သူ ဆုံးဖြတ်ချက် ချထားပြီးပြီ ဖြစ်ရမည်...

“ ဘာလို့တက်ချင်တာလဲ...”

ဟုမေးလိုက်တော့ ချက်ချင်းကိုပြန်ဖြေလာသည်

“ အနည်းဆုံးတော့ ဘွဲ့လေးတစ်ခု
လိုချင်လို့... ကိုကိုတို့မိသားစုက
အကုန်ပညာတတ်တွေလေ....
Baek တစ်ယောက်တည်း ဘွဲ့မရဘဲနဲ့...”

ဟု အားငယ်နေသည့်ပုံစံလေးဖြစ်နေတာကြောင့်

“ မလိုပါဘူးကွာ...
ကိုယ့်သဘောအတိုင်းသာဆိုရင်...
မတက်စေချင်ဘူး...တစ်ယောက်တည်း
လွှတ်ရမှာကိုစိတ်မချဘူး...

ကိုယ်ရှိနေတာပဲ ဘွဲ့ကလိုသေးလို့လားလို့
ပြောချင်ပေမယ့် မင်းစဉ်းစားပြီး
ဆုံးဖြတ်ထားပြီးသား ကိစ္စတစ်ခုကို
ကိုယ် မပိတ်ပင်ဘူး...မတားဆီးဘူး...

မင်းရဲ့တက်လမ်းအတွက်
မင်းလုပ်ချင်တာမှန်သမျှ
မင်းစဉ်းစားထားသမျှ
ဆုံးဖြတ်ထားသမျှကိုသာ
မကွယ်မဝှက်တမ်း ကိုယ့်ကိုအခုလို
ဖွင့်ပြောပေး ဟုတ်ပြီလား...

အခုခေတ်ကြီးမှာ ကျောင်းမတက်ချင်
အလုပ်မလုပ်ချင်တဲ့ လူတွေ
အများကြီးထဲမှာမှ ကျောင်းဆက်တက်ပြီး
ဘွဲ့လိုချင်တယ်ဆိုတော့ မင်းလေးက
လိမ္မာတဲ့ ကလေးလေးပဲ..."

ဟု သူ့ပါးအိအိလေးအား
ညှစ်ပြီးပြောလိုက်တော့
နှာခေါင်းလေးကို ရှုံ့ပြသည်...

" Baek ကျောင်းဆက်တက်ပြီး
ဘွဲ့ရရင် အလုပ်လုပ်မယ်... ကိုကို့ကို
ကူညီမယ်..."

" ဘာအလုပ်လုပ်မှာလဲ..."

ဟုမေးလိုက်တော့

" ဒယ်ဒီ့ ဟိုတယ်လ် တွေကို
ဆက်ပြီးလုပ်မှာပေါ့...
နောက်လုပ်ငန်းအသစ်တွေလည်း
ဆက်လုပ်သင့်ရင် လုပ်မယ်လေ...
မကောင်းဘူးလား..."

ဟု ရှေ့လျှောက်လုပ်ရမည့်ကိစ္စများကိုပါ
ကြိုတွေးထားသည်ကို တွေ့လိုက်ရသည်...

"ကောင်းပါတယ်... ဘဝအတွက်
ကြိုပြီး plan ချထားတာ ကောင်းတာပေါ့.."

ဟု ချီးကျူးလိုက်တော့

" ကိုကို... Baek တော်လား..."

ဟု ပြုံးကာမေးလာသည်...

" တော်ပါ့ဗျာ...တော်ပါ့...
ဘယ်သူ့ အီးပေလေးမှန်းကို မသိဘူး..."

ဟု ပြောလိုက်တော့ ​ပြန်ရယ်ပြကာ

" ကိုကို့ အီးပေလေး..."

ဟု ပြန်ဖြေသည့် သူ့ခေါင်းက
ဆံပင်လေးတွေကို လက်ဖြင့် ဖွလိုက်ကာ

" ကိုယ့် အီးပေလေး မဟုတ်ပါဘူး...
ကိုယ့်အီးတုံးလေးပါကွာ..."

"ဟင်...ကိုကိုကလည်း မုန့်စားနေတာကို..."

အစားစားနေတုန်းကို
အီးအကြောင်းပြောလို့တဲ့ဗျာ...

" ဘာဖြစ်လို့လဲ...အီးတုံးလေးမို့
အီးတုံးလေးလို့ပြောတာလေ..."

ဟုထပ်ပြောလိုက်တော့...

" ကိုကို ကလည်းဗျာ...မပြောပါနဲ့ဆို
အကျင့်ပုတ်တယ်..."

ဟု လူကို မျက်စောင်းထိုးလေသည်...

" ရော့...စားလို့ပြီးပြီ...
ပန်းကန်တွေအောက်ကို သွားပို့လိုက်ဦး...
မဆေးနဲ့နော်...ပြီးရင် မြန်မြန်အပေါ်ကို
တက်လာခဲ့...ကိုယ် ပေးစရာရှိတယ်..."

"ဟင်....ဘာပေးမှာလဲ..."

"ပြီး​ရင် သိရမယ်လေ..."

ဟုပြောတော့ ခေါင်းလေးညိတ်ပြကာ
ဆေးစရာများကို ပြန်သယ်ပြီး အခန်းထဲကနေ
ထွက်သွားတော့သည်...

~~~~~~~~~~to be continued 💛💚💙

Continue lendo

Você também vai gostar

6.5K 228 62
" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခ...
3.5K 79 1
𝐔𝐧𝐢𝐜𝐨𝐝𝐞 *One Shortလေးတွေ‌‌ပါ တစ်ပုဒ်တည်းမဟုတ်ဘူး စိတ်ကူးရှိသလောက် ဟာတွေအကုန်ရေးမှာ FanFicတိုင်းကို Idol Imageကျစေလိုသော စိတ်မရှိပါ FicကိုFicလိ...
400K 32.3K 27
ChanBaek [ Zawgyi + Unicode] Zawgyi BaekHyun -​ ပျော်​​ပျော်​​နေတတ်​ပြီး လူချစ်​လူခင်ပေါတဲ့ ချစ်စရာ​ကောင်​​လေး ၁​ယောက်​.. မာနကြီးပြီး homo ကိုမုန်...
293K 50.3K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)