အခန်း (၇၄) : ဒြပ်ငါးမျိုး ကင်းမဲ့နယ်
"ဒါက ကိစ္စသေးသေးလေးပါ.... ညီလေးမို မင်းလွတ်လွတ်လပ်လပ် သွားပါ..... မင်းအတွက် စီစဉ်ပေးထားမယ်.... ပြီးတော့ ရှုန်းရှုကျူနဲ့ ထောင်အောင်းတို့ နေဖို့ပါ ဆောက်ပေးထားမယ်...." ဝူခိုင်းက အာမခံ လိုက်လေသည်။
မိုဝူကျီက သူ့အား ထိုမျှသေးငယ်သော ကိစ္စအတွက် စွမ်းအားဖြည့် ဆေးခြောက်လုံး ပေးခဲ့သည်။ ထို့ကြောင့် သူသည် ထောင်အောင်းတို့အတွက် နေစရာ ဆောက်ပေးမည့်အကြာင်း ပြောလိုက်ခြင်း ဖြစ်လေ၏။
ဘေးမှ ရပ်နေသည့် ရှုန်းရှူကျူက နောက်ဆုံးတွင် တုံ့ပြန်လာလေသည်။ သူမက မိုဝူကျီမှ အလုပ်ပေးထားကြောင်း နားလည်၏။ နောက်ဆုံးတွင် သူမ၌ မျှော်လင့်ချက် အချို့ ရှာတွေ့လာလေပြီ။ အကယ်၍ ထို့ကြောင့်သာ မဟုတ်ပါက ထောင်အောင်းနှင့် သူမသည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
လူသားများ၏ မြို့နေဘဝနှင့် ခြားနားလှစွာ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းတွင် အလုပ်ရုံများနှင့် မြို့များသည် ကျင့်ကြံသူများအတွက် စီမံထားလေသည်။ တချို့သော မကျင့်ကြံနိုင်သော သေမျိုးလူသားတချို့ ရှိနေသော်ငြား သူတို့ကြားတွင် လူမှုပတ်ဝန်းကျင် ဖွဲ့စည်းထားကြ၏။ သို့သော်လည်း ရှုန်းရှုကျူကဲ့သို့ သေမျိုးလူသားအနေနှင့် ထောင်အောင်းကို ပြုစုစောင့်ရှောက်ရဦးမည် ဖြစ်သည့်အပြင် အာဏာလည်း မရှိသည့်အတွက် ထိုလူမှုစက်ဝိုင်းအတွင်းသို့ မဝင်ရောက်နိုင်ချေ၊
အကယ်၍ သူမက သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းမှ ထွက်သွားပြီး အနီးဆုံးသေမျိုး မြို့တစ်ခုသို့ သွားလိုလျှင် သူမသည် မိုင်ပေါင်းသောင်းချီ၍ သွားရလိမ့်မည်။ ပို၍ အရေးကြီးသည်က ထိုမိုင်သောင်းချီ ဧကသည် ကျတ်တီးမြေများဖြစ်ကာ လူသူမရှိကြချေ။ သူမကဲ့သို့ သေမျိုး အနေနှင့် မဖြစ်နိုင်သော အရာဖြစ်လေသည်။
"ကျွန်မတို့ကို ကယ်တင်ပေးလို့ ဒီက ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်ရှင့်....." ရှုန်းရှုကျူသည် မိုဝူကျီက သူမကို ဘာလုပ်ချင်ပါစေ ဂရုမစိုက်ပေ။ သူမတွင် အလုပ်ရှိသရွေ့ လုံလောက်လေချေပြီ။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး "ပြန်ပြီး အထုပ်သိမ်းလိုက်ပါ့လား...ပြီးသွားရင် ကျွန်တော့ နေရာလာခဲ့လိုက်..... ကျွန်တော်က သွေးပဒုမ္မာကြာကန်မှာနေတာ..... ခင်ဗျားကို ကျွန်တော် ညီမလေး ယန်အာကို စောင့်ရှောက်ခိုင်းမလို့ပါ......ယန်အာက ကိစ္စအကြီးကြီး ကြုံတွေ့ခဲ့ရလို့ အခု ကလေးလို ဖြစ်နေတယ်.... အဲကြောင့် သူမအပေါ် စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးစေချင်တယ်....."
သူမက ကောင်မလေးတစ်ယောက်ကို ဂရုစိုက် စောင့်ရှောက်ပေးရုံသာ ဖြစ်ကြောင်း ကြားသောအခါ ရှုန်းရှုကျူက ပို၍ပင် ကျေးဇူးတင်သွားလေသည်။ အနည်းဆုံးတော့ သူမဘဝသည် ယခုထက် ပို၍ မခက်ခဲတော့ချေ။
ရှုန်းရှုကျူက မြန်မြန်ဆန်ဆန်ပင် ပြောင်းရွှေ့လာလေသည်။ ယန်အာကို အခြေအနေရှင်းပြပြီးသည့်နောက်တွင် မိုဝူကျီက အိမ်မှ ထွက်သွားခါနီးတွင် ရှုန်းရှူကျူကား သူမ ဒုက္ခိတအမျိုးသားနှင့်အတူ တံခါးပေါက်ဝသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
ရှုန်းရှူကျူ အမျိုးသား ထောင်အောင်းတွင် သာမန်တည်ဆောက်မှုမျိုး ရှိကာ အလွန်ပင် ခန့်ညားလှ၏။ သို့သော်လည်း သူ့ခြေထောက်နှစ်ဖက်လုံးက ကျိုးနေသောကြောင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ကွေးကွေးလေး ရှိနေလေသည်။ ကြည့်ရသည်မှာ သူက ပြဿနာရှာတတ်မည့်ပုံ မဟုတ်ချေ၊ ထို့ကြောင့် သူ့ခြေထောက် အချိုးခံရခြင်းမှာ သေချာပေါက် အနိင်ကျင့်ခံရခြင်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။
သို့သော်လည်း မိုဝူကျီက သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်ပြီး ထောင်အောင်းအား ဘာမှ မမေးခဲ့ချေ။ သေမျိုးများအတွက် ကျင့်ကြံသူများကြားတွင် နေထိုင်ရန် ခက်ခဲလှပေ၏။ မိုဝူကျီက ထောင်အောင်း၏ ဒဏ်ရာကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်သည်။ သူ့၏ လက်ရှိအနေအထားဖြင့် သူက ထောင်အောင်းကို မကုသနိုင်ချေ။
ဇနီးမောင်နှံက မိုဝူကျီကို ထောင်အောင်း၏ ခြေထောက်ကို ကုသပေးရန် မတောင်းဆိုချေ။ သူတို့သည် မိုဝူကျီက သူတို့ကို လက်ခံပေးပြီး အလုပ်တစ်ခု ပေးရုံနှင့်တင် ကျေးဇူးတင်လှပြီ ဖြစ်၏။
နောက်သုံးရက်အကြာတွင် ယန်အာက စိတ်ရှည်လှသည့် ရှုန်းရှုကျူနှင့် နေသားကျလာလေသည်။ ထို့အပြင် ဝူခိုင်း၏ အကူအညီဖြင့် ထောင်အောင်းနှင့် ရှုန်းရှုကျူတို့၏ အိမ်နေရာသည် ပြီးစီးသွားခဲ့လေပြီ။
မိုဝူကျီက နေရာမှ ထွက်သွားဖို့ရန် စိတ်အေးသွားလေ၏။ ထိုသို့သော ပတ်ဝန်းကျင်မျိးနှင့် မိုဝူကျီသည် တစ်ရက်လေးမျှ စိတ်ချလက်ချ မရှိပေ။ သူက များများ ကြိုးစားပြီး သူ့ကိုယ်ပိုင်စွမ်းအား တိုးတက်လာအောင် လုပ်ဖို့ လိုအပ်လေသည်။ ထိုမှသာ သူကိုယ်တိုင်နှင့်ယန်အာကိုပါ ကာကွယ်နိုင်မှာ ဖြစ်လေသည်။
သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်း၏ အလုပ်ခန်းမ
မိုဝူကျီ ရောက်လာသည့်အခါ ခန်းမတွင် လူများနှင့် ပြည့်နှက်နေလေသည်။ မိုဝူကျီက အစေခံတပည့်တစ်ယောက်သည် မစ်ရှင်များ တောင်းဆိုချက်များကို လက်ခံရန် အရည်အချင်း မပြည့်မှီကြောင်း သိထားလေ၏။ သူသည် တာဝန်ယူထားသော တပည့်များမှ အကူအညီလိုအပ်လားဟု သိချင်၍ လာခြင်း ဖြစ်လေသည်။
ဤတစ်ကြိမ် အလုပ်ခန်းမသို့ လာခြင်းက မိုဝူကျီအတွက် ပထမဆုံး အကြိမ် မဟုတ်ချေ။ မကြာသေးခင်က သူသည် ဆေးလုံးသခင်ရှီအတွက် ဆေးပင်များကို လာယူပေးဖူး၏။
သို့သော်လည်း အလုပ်ခန်းမကား အရင်နှင့်မတူ တမူထူးခြားနေလေသည်။ အရင်က တပည့်များသည် အမြဲတမ်း ရောက်ယက်ခတ်နေပြီး အဖွဲ့တွေ ဖွဲ့လိုက်၊ မစ်ရှင်တွေ လက်ခံလိုက် သို့မဟုတ် ဂိုဏ်းရမှတ်များနှင့် လဲလှယ်လိုက်ဖြင့် အလုပ်ရှုပ်နေတတ်ကြသည်။ သို့သော်လည်း လက်ရှိ အနေအထားကား ခြားနားလှ၏၊။ အစေခံတပည့်များက တရုန်းရုန်းဖြင့် ကိစ္စတစ်ခုကို အသည်းအသန် ဆွေးနွေးနေကြသည်။
"ဂျူနီယာညီလေးမို.... ဂုဏ်ယူပါတယ်....." မိုဝူကျီက ထိုဆွေးနွေးနေသည်များကို နားထောင်ရန် ရည်ရွယ်လိုက်ပေမဲ့ တစ်ယောက်ယောက်က သူ့အား လှမ်းခေါ်လိုက်လေသည်။
ခေါ်လိုက်သည့်သူကား ဝိညာဉ်ဆေးပင် သိုလှောင်ခန်းမှ ဖေးပင်းကျူသာ ဖြစ်လေ၏။ ဖေးပင်းကျူ၏ အကူအညီဖြင့် မိုဝူကျီက ရေဗေဒါကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ဖေးပင်းကျူသည် သူ့အား အခွင့်ကောင်းမယူချေ။ မိုဝူကျီအား ရေဗေဒါကို သင့်တော်သော ဈေးနှုန်းဖြင့်သာ ရောင်းချပေးခဲ့လေသည်။
ကြည့်ရသည်မှာ ဆေးလုံးသခင်ရှီ၏ အောင်မြင်မှုကို ကြားသိပြီး ဖြစ်လောက်မည်။
"ကျွန်တော် ကံကောင်းသွားတာပါ..... ဆေးလုံးသခင်ရှီရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဖွယ်ပဲ......" မိုဝူကျီက ရယ်မောရင်း လျှောက်လှမ်းလာလိုက်သည်။
သူက ဖေးပင်းကျူဆီ တိုးသွားလိုက်ပြီး မိုဝူကျီက တီးတိုး ပြောလိုက်သည် "စီနီယာအစ်ကိုဖေး... ဒီနေ့ ဘာတွေဖြစ်နေတာလဲ.... အားလုံးက တစုတရုံး ဖြစ်နေကြတာလဲ...... ဘာတွေများ ဆွေးနွေးနေကြတာလဲဗျ......."
"ငါတို့ရဲ့ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းရဲ့ သဏ္ဍာန်မဲ့ နတ်ဓားတောင်ဖွင့်တော့မယ်လေကွာ..... သဏ္ဍာန်မဲ့ နတ်ဓားတောင်ရော သိလားကွ...... ကောင်းကင်ဘုရားကျောင်းဂိုဏ်းရဲ့ ကောင်းကင်ဆေးတောင် တောင် ငါတို့ရဲ့ သဏ္ဍာန်မဲ့နတ်ဓားတောင်ကို မယှဉ်နိင်ဘူး......."အဲတောင်ကို မဖွင့်တာ နှစ်ပေါင်းထောင်ချီနေပြီကွ အထဲမှာ ဘာတွေရှိနေမယ် ထင်လဲ..... ကံဆိုးတာက ငါတို့နဲ့ မဆိုင်တာပဲ....." ဖေးပင်းကျူက သက်ပြင်းချကာ ပြောလိုက်လေသည်။
မိုဝူကျီက လူအများ စိတ်ဝင်စားနေကြသည့် ထိပ်တန်းအကြောင်းအရာကို သိရှိသွားလေ၏။ ထိုသည်က ပုံမှန် ပင် ဖြစ်လေသည်။ အကယ်၍ သူသာ ပြန်လည် ဖွင့်ရန် နှစ်ပေါင်းထောင်ချီကြာနေသည့် တောင်သို့ ဝင်ရောက်ခွင့် ရခဲ့ပါက သူသည်လည်း သူတို့ဆွေးနွေးပွဲသို့ ပါဝင်မည် ဖြစ်လေ၏။
"စီနီယာ အစ်ကိုဖေး.... အဲဒီ နတ်ဓားတောင်က နှစ်ထောင်ချီမဖွင့်ခဲ့ဘူးဆိုတော့ အခုမှ ဘာလို့ ရုတ်တရက်ကြီး ထဖွင့်တာလဲ......" မိုဝူကျီက ထိုတောင်ကို ဝင်ရောက်ရန် အရည်အချင်း မပြည့်မှီမှန်း သိသော်ငြား ထပ်၍ မမေးဘဲ မနေနိုင်ချေ။
ဖေးပင်းကျူက ကောင်းကင်ကို ညွှန်ပြရင်း နူးညံ့စွာ ပြောလိုက်လေသည် "လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ပထမအဆင့်ကို ဖွင့်လှစ်ခဲ့တယ်...... သူတို့ ခံစားရမည့် အကျိုးတွေ တိုးပွားရန်အတွက် အင်ပါယာငါးခုက စစ်မက် ဖြစ်ပွားခဲ့တယ်..... အားလုံးက ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်..... အင်ပါယာငါးခုက ဒီ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲက အရင်းအမြစ်တွေအတွက် ပြိင်ပွဲ ပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့ကြတယ်......."
"ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ဘာကြီးလဲ...." မိုဝူကျီက ပို၍ပင် ရှုပ်ထွေးသွားလေ၏။
ဖေးပင်းကျူက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်ရသည် "မင်းက အခုမှ အသစ်ဆိုတော့ မင်းမသိသေးလောက်ဘူး...... အင်ပါယာငါးခုထဲက လူတချို့သာ ကောင်းကင်အဆင့်ထိ တက်လှမ်းနိုင်တာ သိတယ်မလား..... ပြီးတော့ ဒီမှာ ကောင်းကင်အဆင့်ဂိုဏ်း တစ်ဂိုဏ်းတောင် မရှိကြဘူး......"
မိုဝူကျီက ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် ကြားဖူးတယ် အဲဒါက ဒြပ်ငါးမျိုး ကင်းမဲ့နယ် နဲ့ သက်ဆိုင်လို့လား....."
ဖေးပင်းကျူက ပြန်ဖြေလိုက်လေသည် "ဒါပေါ့ သူတို့က ဆက်စပ်နေတာ .... ဒြပ်ငါးမျိုး ကင်းမဲ့နယ်က အင်ပါယာငါးခုရဲ့ ဝိညာဉ်စွမ်းအား အရင်းမြစ်တွေကို ဖြတ်တောက်ထားတာတဲ့..... အဲဒီ ဝိညာဉ်စွမ်းအား အရင်းမြစ်မရှိဘဲ ကောင်းကင်အဆင့် တက်လှမ်းဖို့က အလွန်အမင်း ခက်ခဲလိမ့်မယ်......ဒီမရေတွက် နိုင်တဲ့နှစ်တွေ အတွင်းမှာ အင်ပါယာရဲ့ ထိပ်ဆုံးတွေကပဲ ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတယ်... ဒါပေမဲ့လဲ သူတို့က ကောင်းကင်အဆင့် တစ်နဲ့သုံးကြားမှာ ရပ်တန့်ကုန်ကြတယ်ကွာ.....တစ်ဖက်မှာ ဒြပ်စင်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ ကောင်းကင်အဆင့် ပါရမီရှင်တွေက အများအပြားတော့ မဟုတ်ပေမဲ့ ငါတို့ အင်ပါယာငါးခုထက်စာရင်တော့ တော်တော် များသေးတယ်ကွ..... "
"အဲလိုဆိုရင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ထဲကို ဘာလို့ အားလုံးအတူတူ မဝင်ကြတာလဲ....." မိုဝူကျီက တွေဝေစွာ မေးလိုက်လေသည်။
ဖေးပင်းကျူက ကျိတ်ရယ်လိုက်ပြီး "မင်းစကားလုံးတွေက ချိုမြိန်ချက် ဒါပေမဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကို အတူတူ ဝင်ဖို့လား..... ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကို ဝင်ဖို့ အဲလောက် လွယ်မယ် ထင်နေလား...... ပြီးတော့ ပထမအဆင့်ပဲ ပွင့်သေးတယ် မင်းက ပထမအဆင့်ကို ဖြတ်ကျော်နိုင်ရင်တောင် ဒုတိယအဆင့်က ဘယ်နေရာမှာဆိုတာ မသိဘဲနဲ့ ဝင်လို့ မရဘူး..... အင်ပါယာငါးခုက ပါရမီရှင်များစွာက ဒုတိယအဆင့် လိုက်ရှာကြပေမဲ့ ဘယ်သူမှ ပြန်မလာနိုင်ခဲ့ဘူး...... ဝင်သွားတဲ့သူထဲ ကောင်းကင်အဆင့် တစ်ယောက်တောင်ပါတယ်လို့ ကြားသေးတယ်.......ပြီးတော့ သူတို့က နောက်တဆင့်ကို တက်လှမ်းသွားသလား ဒါမှမဟုတ် သေသွားသလားဆိုတာ ဘယ်သူမှ မသိကြဘူး..... "
ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို အတင်းကျပ် ဖွင့်လို့မရမှန်း သိပြီးနောက်တွင် အားလုံး လုပ်ခဲ့ကြသည့် ပထမဆုံးအရာကား ပထမအဆင့်ရှိ အရင်းအမြစ်များအတွက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်လေ၏။ များစွာသော ကျင့်ကြံသူများက ထိုနှစ်တွေအတွင်းမှာ သေဆုံးသွားလေပြီ။ ထိုကြောင့် ဂိုဏ်းများသည် တပည့်အရေအတွက် များများ ခေါ်ယူနေခြင်း ဖြစ်ကြ၏။
"သူတို့ရဲ့ပါရမီရှင်တွေ လွတ်ရုံနဲ့ မလုံလောက်ဘူးလား.... တပည့်အများကြီး လက်ခံလို့ ဘာအသုံးဝင်မှာလဲ....." မိုဝူကျီအတွက် ပို၍ နားထောင်လေလေ ပို၍ ရှုပ်ထွေးလေလေ ဖြစ်နေ၏။
"ဒြပ်ငါးမျိုး ကင်းမဲ့နယ်က သာမာန်နေရာတွေနဲ့ မတူဘူး..... ကောင်းကင်ဘုံ ပြဌာန်းချက်နဲ့ ကန့်သတ်ထားတယ်လို့ ကြားတယ်...... ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်နဲ့ ဝိညာဉ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့သူတွေပဲ ပထမအဆင့်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တာ.......အားကောင်းတဲ့ ကျင့်ကြံသူတွေအနေနဲ့ ကောင်းကင်ဘုံ ပြဌာန်းချက်ကနေ ဖိအားပေးတဲ့အတွက် ကြာကြာနေလို့မရဘူး....... ကောင်းကင်အဆင့် ကျင့်ကြံသူတွေ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲကို ဝင်ပြီး ချက်ချင်း ပျောက်ဆုံးသွားတယ်လို့ ကောလဟာလတွေတောင် ရှိဖူးတယ်...... အဲဒါက ကောင်းကင်ဘုံ ပြဌာန်းချက်ကြောင့်ပဲ......"
မိုဝူကျီက နားလည်ဖို့ရန် ခက်ခဲနေသေး၏။ ကောင်းကင်ဘုံ ပြဌာန်းချက် ဖိအားက ဘာလဲ...... မိုဝူကျီက ဖေးပင်းကျူကို ထပ်မေးချင်သော်လည်း ဖေးပင်းကျူသည်လည်း တခြားလူဆီမှ ကြားခဲ့ခြင်း ဖြစ်သည့်အတွက် သူလည်း အလုံးစုံ မသိရှိချေ။
"အင်ပါယာတွေကို အဓိက ဂိုဏ်းတွေက ထိန်းချုပ်ထားတာ မဟုတ်ဘူးလား.... စစ်ပွဲက အင်ပါယာတွေကြားမှာ ဖြစ်ပြီး ဂိုဏ်းတွေမဟုတ်ဘူးပေါ့....."မိုဝူကျီက ဖေးပင်းကျူသည်လည်း ပြန်၍ မဖြေကြားနိုင်မှန်း သိနေ၍ နက်နဲသော မေးခွန်းများကို ထပ်မမေးတော့ချေ။
ဖေးပင်းကျူက ရယ်မောလိုက်ပြီး "အတူတူပဲ မဟုတ်ဘူးလား.... ဂိုဏ်းတွေက အင်ပါယာနာမည်တွေ ဌားပြီး နယ်မြေလုကြတာပဲလေ..... တကယ့်စစ်ပွဲကျ ဂိုဏ်းရဲ့ ကျင့်ကြံသူတွေပါ သွားတိုက်ပေးရတယ်.... ငါတို့ရဲ့ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းလဲ အပါအဝင်ပဲ...... နောက်ဆုံးကျတော့ ဂိုဏ်းအကြီးကြီးတွေရဲ့ ဆုံးရှုံးမှုက တော်တော်များလာတဲ့အခါ ပိုကောင်းမွန်တဲ့ အပြူအမူနဲ့ ယှဉ်ပြိုင်ပွဲ လုပ်ဖို ဆုံးဖြတ်ခဲ့ကြတယ်.....
ဒြပ်ငါးမျိုး ကင်းမဲ့နယ် ထဲက ဝိညာဉ်ဆေးပင်နဲ့ အရင်းအမြစ်တွေက တကယ့် ထိပ်တန်းတွေချည်းပဲ.... တစ်ခုချင်းစီကိုက အဖိုးမဖြတ်နိုင်ဘူး.... ထိုဆေးပင်တွေက မြေကမ္ဘာအဆင့် တောင် ကောင်းကင်အဆင့် တက်လှမ်းသွားစေနိုင်တယ် အဲဒါကြောင့် အင်ပါယာငါးခုက သုံးနှစ်တကြိမ် ဆေးဖော်စပ်ခြင်းနဲ့ အတူ ယှဉ်ပြိုင်ပွဲ ကျင်းပလေ့ရှိတယ်.....ဘယ်သူ ဝင်ခွင့်ရမလဲဆိုတဲ့ နေရာ အကန့်အသတ်ဖြစ်လို့ အင်ပါယာတွေက အဲဒီနေရာတွေအတွက် ပြိုင်ဆိုင်ကြတာပဲ......."
"ငါတို့ရဲ့ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းက ကောင်းကောင်း မယှဉ်နိုင်ခဲ့လို့လား...... အဲကြောင့် ဂိုဏ်းက နတ်ဓားတောင်ကို ဖွင့်ပေးပြီးတော့ ဆေးလုံးဆရာတွေကို ပြုစုပျိုးထောင်ပေးမလို့လား....." မိုဝူကျီက နောက်ကွယ်က အကြောင်းအရာကို အကြမ်းဖျင်း မှန်းဆလိုက်သည်။
ဖေးပင်းကျုက ခေါင်းညိတ်လိုက်ပြီး "အဲလိုမျိုးပဲ...... ဒါပေမဲ့ ဂိုဏ်းက ဆေးလုံးဆရာတွေကိုပဲ ပြုစုပျိုးထောင်ပေးချင်တာ မဟုတ်သေးဘူး ရှိပြီးသားတွေကို အဆင့်မြင့်တက်စေချင်တာ..... အဲဒါမှသာ နောင်ကျ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ဖို့ နေရာအရေအတွက် ပိုရနိုင်မှာလေ...... ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲမှာ သေဆုံးသွားတဲ့လူတွေ အများကြီးပဲ..... ဒါပေမဲ့ နောက်ထပ်သာ သေဆုံးခဲ့ရင်တောင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်က ကျင့်ကြံသူတွေအတွက် ဆွဲဆောင်မှု ရှိနေတုန်းပဲ......ဝိညာဉ်ဆေးပင်တွေနဲ့ ရတနာ မြက်ပင်တွေက အမှန်တကယ်ကို ကောင်းကင်အံတုနိုင်တယ်...... မင်းမှာသာ ကမ္ဘာအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကောင်းကင်အဆင့် ဖြစ်သွားစေတဲ့ ဝိညာဉ်အသီးတစ်လုံး ရှိနေတယ်ထားပါတော့ မင်းဂိုဏ်းက ချက်ချင်းကို ကောင်းကင်တပိုင်းအဆင့်ဂိုဏ်း ဖြစ်သွားလိမ့်မယ်........"
"သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းက ရှင်းဟန်အင်ပါယာကို ကိုယ်စားပြုတာမလား..... ရှင်းဟန်အင်ပါယာမှာ နေရာရတာနဲ့ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းအတွက် နေရာ ရတာ မဟုတ်ဘူးလား...... အင်ပါယာအတွင်းမှာ နေရာပြန်လုရသေးတာလား....."
"မဟုတ်ပါဘူး.... အဲလိုတော့ မဟုတ်ပါဘူး......ယှဉ်ပြိုင်တဲ့ ပုံစံအသစ်နဲ့ ဂိုဏ်းအားလုံးက ကိုယ့်ဘာသာ ပြိုင်ရတယ်..... အင်ပါယာလိုက် မဟုတ်တော့ဘူး..... ရှင်းဟန်အင်ပါယာရဲ့ အနောက် ကာကွယ်သူက ကောင်းကင်ဘုရားကျောင်းဂိုဏ်းလေ ဒါပေမဲ့ သူတို့က နေရာပိုရမယ်လို့ မဆိုလိုဘူးကွ..... တကယ်လို့ ငါတို့ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းကသာ ဆေးလုံးဖော်စပ်ခြင်းမှာ ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ရင် ငါတို့အတွက် နေရာပိုရလာနိုင်တယ်......"
အမေးအဖြေတစ်လျှောက်တွင် မိုဝူကျီက မည်သို့ ဖြစ်ပျက်နေကြောင်း ကောင်းစွာ နားလည်သွားလေသည်။ မဖွင့်တာ ကြာပြီဖြစ်သည့် နတ်ဓားတောင်ကိုပါ ဖွင့်လှစ်ရခြင်း အကြောင်းကား အံ့ဩစရာ မရှိတော့ချေ။ ဂိုဏ်းများအတွက် ယခုအချိန်အခါသည် သူတို့အတွက် တိုးတက်အောင် လုပ်ပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဝင်နိုင်ရန် နေရာအတွက် ယှဉ်ပြိုင်ခြင်းသာ ဖြစ်လေသည်။ အကယ်၍ သဏ္ဍာန်မဲ့နတ်ဓားဂိုဏ်းသာ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ခွင့် များများ ရရှိပြီး အထဲရှိ ရတနာများကို ရှာနိုင်ခဲ့ပါက မြေကမ္ဘာဂိုဏ်းမှ ကောင်းကင်တပိုင်းအဆင့်သို့ တဟုန်ထိုး တက်လှမ်းသွားနိင်လိမ့်မည်။