Eternal love of dream-Three l...

By maple1960

23.5K 1.5K 86

ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world... More

အပိုင်း ၁
page 3 &4
page 5 &6
page 7 -13
page 14-16
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
page 247-253
page 381- 390
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၈ -၂
အခန်း ၁၉
Series posters
408-413
414-420
412-423
424-428
429-432
433-436
437-440
441-444
441-444
445-453
454-459
460-463
464-473
474-480
481-484 (final)

အခန်း ၁၃

457 23 1
By maple1960

Page 247-253

Page-247

အခန်း (၁၃)

အဲ့ဒီညက ဖုန်းကျို အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ ကောင်းကင်တစ်ခုလုံး တိမ်တွေနဲ့အုံ့ဆိုင်းနေတယ်။ ကွင်းပြင်ကျယ်ကြီးထဲမှာ မီးတောက်မီးလျှံတွေ နေရာအနှံ့ တောက်လောင်နေပြီးတော့ အမဲရောင်မီးခိုးတွေရောနေတဲ့လေတွေကလဲ တဝူးဝူးတိုက်ခတ်လို့နေတယ်။ ဝမ်းနည်းညှိုးငယ်နေတဲ့မြစ်တစ်စင်းဟာ ကွင်းပြင်တွေကိုဖြတ်ကာ ကွေ့ကောက်စွာဖြတ်သန်းစီးဆင်းနေပြီး  မြစ်ကမ်းပေါ်မှာ တဖြတ်ဖြတ်လှုပ်ရှားနေတဲ့ ပုံရိပ်လေးတစ်ခု ရပ်နေလေတယ်။

မြစ်ကမ်းပါးမှာရပ်နေတဲ့သူက တစ်ကိုယ်လုံး အနီရောင်ဝတ်စုံဝတ်ထားတယ်ဆိုတာ ဖုန်းကျို တပ်အပ်ပြောနိုင်တယ်။ ထိုသူရဲ့ရုပ်သွင်ပြင်ကို သဲသဲကွဲကွဲမမြင်ရပေမယ့် အဲ့ဒီသူက Aranya ဆိုတာ သူမသိတယ်။ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာနဲ့အတူ ဖုန်းကျို သူမအနားကိုတိုးကပ်သွားချင်တဲ့အတွက် ရှေ့မြက်ခင်းခြောက်ပေါ်ကို ခြေလှမ်းလှမ်းလိုက်တယ်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အရှေ့ကိုတိုးလို့မရဘူးဖြစ်နေခဲ့တယ်။

အနီရောင်ပုံရိပ်လေး မီးခိုးမဲတွေကြားကို တိုးဝင်ပျောက်ကွယ်နေတာ မြင်လိုက်ရတဲ့အခါ သူမ အလောတကြီး လှမ်းအော်မေးလိုက်တယ် "ရှင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေချင်ရတာလဲ? ရှင့်ရဲ့ဝိဉာဉ် ပျက်ဆီးသွားတဲ့ထိကိုစွန့်စားပြီး သေချင်လောက်အောင် တကယ်ဘာတွေများဖြစ်ခဲ့လို့လဲ?"

မိန်းမပျိုလေးရဲ့ လှောင်ရယ်သံဟာ လေတိုက်သံတွေကြားမှာပဲ ပျံ့လွင့်လာခဲ့တယ်။ Su Moye ပြောပြခဲ့တဲ့ တည်ငြိမ်အေးဆေးတဲ့ပုံစံနဲ့ သူမပြောလေတယ် "ဟုတ်ပါရဲ့ တကယ်ဘာလို့များလဲ?" မီးတောက်တွေဟာ ရုတ်တရက်ပိုမိုကြီးမားလာပြီး ဖုန်းကျိုရဲ့ခြေထောက်ရှေ့ကို သားရဲတစ်ကောင်လို အမြန်ရောက်လာခဲ့တယ်။ သူမလန့်ဖြတ်ပြီး လေထဲမှာပျံမိသွားတယ်။ တဖြည်းဖြည်းနဲ့ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး လေလိုပေါ့ကာ အိပ်ရာကလန့်နိုးလာခဲ့တော့တယ်။

မနက်ရောက်တော့ အဲ့ဒါ နိမိတ်ပြတဲ့အိမ်မက်များလားလို့ ဖုန်းကျိုတွေးမိတယ်။ ဒါပေမယ့် ဘာကိုနိမိတ်ပြတာလဲဆိုတာ သူမစဉ်းစားမရနိုင်ခဲ့ဘူး။ မနေ့ကမှ Mo Shao နဲ့အတူပြန်ရောက်လာတဲ့ Chacha တစ်ယောက် ဆရာ Mo Shao ဗိမ္မာန်တော်ကိုပြန်တော့မှာဖြစ်ကြောင်း သူမရဲ့ဂါဝန်ကိုမြှောက်ကာ အပြေးအလွှားလာသတိပေးလေတယ်။ မနေ့က သူမ စာဖတ်ခန်းသန့်ရှင်းရေးလုပ်ရင်း တော်ဖီခဲတွေထည့်ထားတဲ့အိတ်တစ်အိတ်နဲ့ Mo Shao အတွက်ဆိုပြီးရေးထားတဲ့ စာတစ်စောင်ရယ်ကို တွေ့မိတဲ့အတွက် ဖုန်းကျိုကို အဲ့ဒီတော်ဖီခဲအိတ် ဆရာ Mo Shao ကိုပေးအုန်းမှာလားလို့ လာမေးခြင်းဖြစ်သည်။ ဖုန်းကျို ကိုယ့်နဖူးကိုယ် ပြန်သာရိုက်ပလိုက်ချင်တော့တယ်။ ဟုတ်ပါရဲ့ Chacha သာသတိမပေးရင် သူမမေ့တော့မလို့။ ချက်ချင်းပဲ စာဖတ်ခန်းထဲကိုသွားကာ တော်ဖီခဲအိတ်ယူပြီး Mo Shao ကိုရှာရန် ထွက်သွားတော့သည်။

တစ်ညတာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခွင့်ရပြီးနောက် နောက်ဆုံးတော့ Su Moye တစ်ယောက် လူရုပ်သူရုပ်ပေါက်လာခဲ့လေပြီ။

Page-248

ဖုန်းကျို တော်ဖီခဲအိတ်ကို သူ့ရှေ့ ယဉ်ယဉ်ကျေးကျေးပစ်ပေးလိုက်တဲ့အချိန်မှာ Su Moye သောက်နေဆဲလက်ဖက်ရည် သီးသွားလေတယ် "ငါလဲဝေစုရတယ်လား?" (Mo Shao မေးရှာပြီလေ😂 အင်းလေ ညပေါင်းများစွာအိပ်ရေးပျက်ခံရပြီး တော်ဖီခဲတစ်အိတ်ပြန်ရတာ မဆိုးပါဘူး🤣)

"အင်းပေါ့" ဖုန်းကျို ရက်ရောတဲ့လေသံနဲ့ ပြန်ဖြေလိုက်တယ် "ကျွန်မရဲ့ သန့်ရှင်းရေးအစေခံတောင်ရတာ ရှင့်အတွက်ချန်မထားဘူးဆိုရင် ဘယ်အဓိပ္ပာယ်ရှိမလဲ" ထို့နောက် ချီးကျူးမှုကို ထိုက်တန်တဲ့သူတစ်ယောက်လို ဝံ့ကြွားစွာဆက်ပြောလိုက်တယ် "ဒါပေါ့ သူတို့ရတဲ့ဝေစုထက် ရှင့်ရတဲ့ဝေစုကပိုများမှာပေါ့ ပြီးတော့ ရှင့်အတွက်လုပ်တဲ့တော်ဖီခဲတွေမှာ ကျွန်မ သကြားမှုန့်တွေတောင် ပိုထည့်ထားသေးတယ် Chen Ye ကိုပေးတဲ့တော်ဖီခဲတွေနဲ့ ရှင့်ကိုပေးတဲ့တော်ဖီခဲတွေက တူတူပဲ Chen Ye တောင် ကျွန်မပေးတဲ့တော်ဖီတွေကို အစေခံငယ်လေးတွေကို ပေးပလိုက်တယ်တယ်လို့ကြားတယ် သူတို့အားလုံး တော်ဖီခဲတွေက အရသာရှိတယ်လို့ ချီးကျူးနေကြတယ်"

သူမပြောနေစဉ်အတွင်း Su Moye ရဲ့မျက်နှာအမူအရာဟာ အမျိုးမျိုးပြောင်းလဲနေပြီး နောက်ဆုံးတော့ သနားစရာကောင်းပြီး အကူအညီမဲ့နေတဲ့ရုပ်လေးမှာ အဆုံးသတ်သွားလေတယ်။ ဖုန်းကျိုကမ်းပေးတဲ့ တော်ဖီအိတ်ကိုလက်ခံယူပြီး သူပြောလေတယ် "မင်းငါ့ကိုတော်ဖီခဲပေးတဲ့အကြောင်းကို Xize သိလား?"

"သူ့ကိုပြောဖို့လိုလို့လား?" ဖုန်းကျို နားမလည်နိုင်စွာ ပြန်မေးလိုက်တယ်။

Mo Shao ရဲ့မျက်နှာလေးဟာ ဇီးရွက်လေးလို သေးသထက်သေးလာခဲ့တယ် "အမ်.. မပြောနဲ့ မပြောတာအကောင်းဆုံးပဲ အဲ့ဒါ မင်းအတွက်ပိုကောင်းတယ်" (မုသာဝါဒမပြောကောင်းဘူးလေ စော်ကြည်ဘဲကြီးရ😂 မင်းအတွက်မုတ်ဘူး ငါ့အတွက်လို့ပြောရမှာ)

ဖုန်းကျို ပိုနားလည်ရခက်သွားတယ် "ဘာဖြစ်လို့လဲ?"

'ငါအသက်ရှည်ရှည်နေချင်သေးလို့ပေါ့' Mo Shao စိတ်ထဲက ကျိတ်ပြောလိုက်တယ်။ သို့သော် ဖုန်းကျိုကိုတော့ လိမ်ဆင်လုပ်ဖို့လိုသေးတယ်လေ "အိုး.. အဲ့ဒါက မင်းရဲ့အခုသရုပ်နဲ့ဆိုရင် ကိုယ်တိုင်မုန့်တွေလုပ်ပြီး ဆရာဖြစ်သူနဲ့ အစေခံတွေကို လက်ဆောင်တွေလိုက်ပေးနေလို့ သိပ်မသင့်တော်ဘူးလေ အရင်တုန်းက Aranya မှဒီလိုမလုပ်ခဲ့တာ မင်း Xize ကိုပြောပြလိုက်ရင် သူသံသယတွေဝင်ပြီး အားလုံးရှုပ်ကုန်လိမ့်မယ်"

"အော်.. အင်းအင်း ကျွန်မသိပြီ" ဖုန်းကျို ရုတ်တရက်သဘောပေါက်သွားလေတယ် "ဒီအကြောင်းကို ကျွန်မမစဉ်းစားမိလိုက်ဘူး ရှင်တော်တော်စေ့စပ်တာပဲ"

ထိုအချိန်မှာပဲ အရင်က Xize သူမကို မကြာခဏပြောပြောနေတဲ့အရာတစ်ခုကို ရုတ်တရက်သတိရမိပြီး Su Moye ကိုမေးလိုက်တယ် "ဒါနဲ့.. ကျွန်မ ခုမှရုတ်တရက်သတိရလို့ ရှင့်ကိုမေးရအုန်းမယ် ကျွန်မကကုန်းနေသတ္တဝါဆိုတော့ ရေနေသတ္တဝါတွေအကြောင်းကိုသိပ်မသိဘူး ဒါပေမယ့် ရှင်ကပင်လယ်ကမလို့ သိရင်သိနိုင်တယ် ဟိုလေ.. မြွေနဂါးတစ်ကောင်ရဲ့သွေးကအဆိပ်အတွက် ဖြေဆေးကဘာလဲဟင်?"

အခုဆို Xize ကိုယ်ထဲမှာ မြွေနဂါးကြီးရဲ့အဆိပ်တွေပျံ့နေတာ ၁၀ ရက်တောင်ကျော်ပြီ။ ဒါပေမယ့် အဆိပ်ကခုထိ မသန့်စင်သေးဘူး။ ဘယ်လိုပဲပြောပြော Biyiniao သမားတော်တွေကလဲ ကုန်းနေသတ္တဝါတွေပဲလေ။ ဒီအဆိပ်နဲ့ပတ်သက်ပြီး မသိကြဘူးထင်တယ်။ ဒါကြောင့်မို့ အဆိပ်က ခုထိမပျောက်နိုင်သေးတာ။ Xize ပြောပုံအရ မစိုးရိမ်ရဘူးဆိုပေမယ့် ဖုန်းကျိုကတော့ နည်းနည်းစိုးရိမ်နေတုန်းပဲ။

Page-249

Su Moye ခေါင်းရှုပ်သွားတယ် "မြွေနဂါးရဲ့သွေး? မြွေနဂါးရဲ့သွေးက အဆိပ်မှမရှိတာ အမှန်တော့ အဲ့ဒီသွေးက အရမ်းကိုရှားပါးတဲ့ဖြေဆေးပဲ တော်ရုံတန်ရုံအဆိပ်တွေဆို မြွေနဂါးတစ်ကောင်ရဲ့သွေးနဲ့ ထိလိုက်ရုံနဲ့တင် ပျောက်သွားတယ် အဆိပ်ပေါင်းစုံနဲ့ဖန်တီးထားတဲ့ အရမ်းပြင်းတဲ့အဆိပ်တွေကိုကုရင်တောင် မြွေနဂါးရဲ့သွေးကို အခြေခံဖြေဆေးအနေနဲ့သုံးပြီး ကုလေ့ရှိကြတယ် ဒါမှ သန့်စင်လို့လွယ်တဲ့အဆိပ်က အရင်သန့်စင်သွားပြီး ကျန်တဲ့အဆိပ်တွေကို ကုဖို့ပိုလွယ်သွားတာ မင်းကိုဘယ်သူက မြွေနဂါးရဲ့သွေးကအဆိပ်ရှိတယ်လို့ပြောလို့လဲ?"

ဖုန်းကျို Su Moye ကို စိတ်ရှုပ်ထွေးစွာကြည့်နေလျက်က ပြောတဲ့စကားတွေတောင် အားထစ်ကုန်လေသည် "ဒါ..ဒါပေမယ့် မြွေနဂါးရဲ့သွေးကြောင့် သူအဆိပ်မိနေတယ်လို့ပြောတာပဲ သူအဲ့.. အဲ့လိုတွေပြုမူနေတာ မြွေနဂါးအဆိပ်ကြောင့်တဲ့ သူကိုယ့်သူထိန်းချုပ်လို့မရဘူးတဲ့"

Su Moye လက်ဖက်ရည်ထပ်ဖြည့်ရင်း မျက်ခုံးပင့်ကာ ပြန်ပြောလိုက်တယ် "မင်းကိုဘယ်သူကပဲပြောသည်ဖြစ်စေ သူမင်းကိုညာနေတာပဲ" ရေနွေးခွက်ရဲ့အနားလေး သူ့နှုတ်ခမ်းကို ထိရုံပဲရှိသေးတယ် ရုတ်တရက်ရပ်ပြီး သူမကိုကြည့်ကာ သူပြန်မေးလိုက်တယ် "သူအဲ့လိုတွေပြုမူနေတယ်လို့ မင်းပြောလိုက်တယ်နော်? 'အဲ့လို' ဆိုတာ ဘယ်လိုမျိုးကိုမင်းပြောတာလဲ?"

ဖုန်းကျို ဘာမှပြန်ဖြေတော့ဘူး။

Su Moye မဝံ့မရဲ မှန်းမေးကြည့်လိုက်တယ် "သူမင်းကို အသားယူခဲ့တာတော့မဟုတ်ပါဘူးနော် ဟုတ်တယ်မလား?"

ဖုန်းကျို မျက်နှာတစ်ခုလုံး ဖြူလျော့သွားပြီး ချက်ချင်းပဲ ပန်းရောင်အဖြစ်ကို ပြောင်းသွားလေတယ်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရဲ့ရှက်သွေးဖြာမှုက အနီရောင်အဆင့်ကို ရောက်ရှိသွားခဲ့တယ်။

Su Moye ရဲ့နှုတ်ခမ်းလေး ဆတ်ခနဲကွေးတက်သွားလေတယ်။ သူဆိုတာ ဘယ်သူလဲဆိုတာ သူခန့်မှန်းပြီးသားပါ။

သီကျွင်းပဲပေါ့။

ဒီနေ့ သူ ကိုယ့်သေတွင်းကိုယ် ဆက်တိုက်တူးမိနေတာပါ့လား။ မဟုတ်သေးဘူး သူ လန်ရှန်းရဲ့အကူအညီတောင်းဆိုမှုကို လက်ခံပြီး ဒီကမ္ဘာထဲကိုဝင်ကာ သီကျွင်းနဲ့ဆုံလေတည်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။ တကယ်တော့ သီကျွင်းရဲ့မိန်းမပိုးပန်းမှုက အရမ်းကိုတီထွင်ဆန်းသစ်လွန်းလို့ အသားယူမှုအတွက် ခွင့်လွှတ်ပေးဖို့တောင်းခံစရာတောင် မလိုခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူသာ သီကျွင်းရဲ့အကြံကို ဖျက်စီးပလိုက်မယ်ဆိုရင် သူ့အတွက် အကျိုးဆက်ကဘာဖြစ်မလဲဆိုတာ သူကောင်းကောင်းကြီးသိတယ်လေ။

Page-250

ဖုန်းကျိုတစ်ယောက် သစ်တော်သားနဲ့လုပ်ထားတဲ့ ကုလားထိုင်ပေါ်မှာ နေရောင်ကိုမျက်နှာမူထိုင်လျက် တစ်ယောက်တည်း အတွေးထဲမျောနေတော့သည်။

Su Moye လဲ ကျိုးကြောင်းမှန်ကန်မှုကို ခဏဘေးချိတ်ကာ ချောင်းဟန့်ပြီး လွန်သွားတဲ့အခြေအနေကို ပြန်လည်ဖာထေးဖို့ ကွင်ဆင်ရတော့တယ် "အမှန်တော့ မြွေနဂါးရဲ့သွေးက အဆိပ်တော်တော်များများအတွက် ဖြေဆေးဆိုပေမယ့် အဲ့ဒီအဆိပ်တွေထဲမှာ အချစ်အဆိပ်တော့မပါဘူး အကယ်၍ အချစ်အဆိပ်သာ မြွေနဂါးရဲ့သွေးနဲ့ ရောနှောသွားခဲ့မယ်ဆိုရင်..."

ဖုန်းကျို မေးထောက်ကာ နားထောင်လို့နေ၏။ သူမရဲ့ရှက်သွေးဖြာမှုက အနည်းငယ်လျော့ပါးသွားလေသည် "ရှင်ပြောချင်တာ အဲ့ဒီမြွေနဂါးက အချစ်အဆိပ်မိထားပြီး တခြားသူကိုကူးသွားတယ် အဲ့လိုလား? ဒါဆိုရင် တကယ်လို့ ကျွန်မသာ အချစ်အဆိပ်မိထားလို့ ရှင် ကျွန်မရဲ့သွေးကိုထိလိုက်မယ်ဆိုရင် ရှင်လဲပဲ ကျွန်မဆီကအဆိပ်ကူးသွားမှာလား? ဒီကမ္ဘာပေါ်မှာ ဘယ်နေရာမှာများ အဲ့လိုအချစ်အဆိပ်မျိုးရှိလို့လဲ? Mo Shao.. ရှင် ကျွန်မကို အယုံလွယ်လွန်းတယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်?"

Su Moye ခြောက်ကပ်ကပ် ရယ်လိုက်တယ်။ သီကျွင်း သူ့လည်ပင်းမှာ Canghe ဓားနဲ့ လာထောက်ဖို့ကတော့ သေချာနေပါပြီ။ (Mo Shao သီကျွင်းကိုအတော်ကြောက်တာပဲ😂) ခဏကြာတော့ သူသက်ပြင်းချလိုက်ပြီး ဖုန်းကျိုကို ပြောလိုက်တယ် "မင်းငါ့ကိုပြောတော့ ပိုပြီးကောင်းတဲ့သူတဲ့တွေ့ချင်တယ်ဆို? မင်းအန္တရာယ်နဲ့ကြုံတိုင်း အမြဲလာကယ်ပေးတဲ့သူ၊ မင်းကိုကယ်ပေးပြီးရင်လည်း ဘယ်တော့မှပစ်မထားတဲ့သူ၊ မင်းဝမ်းနည်းနေရင်လဲ အားပေးနှစ်သိမ့်ပေးမယ့်သူ.. မင်းပဲ အဲ့လိုသူမျိုးနဲ့ ဆုံချင်တယ်ဆို? အခုမင်းကိုညာတဲ့သူက မင်းရှာနေတဲ့သူဖြစ်မယ်လို့ရော တစ်ခါမှမတွေးကြည့်မိဘူးလား?"

ဖုန်းကျို ခဏတာတိတ်ဆိတ်သွားတယ် "ကျွန်မ သူနဲ့အတူရှိနေရင် ပျော်တာတော့မှန်ပါတယ် ဒါပေမယ့်..."

"တကယ်က သူက ဘယ်သူလဲဆိုတာ ငါခန့်မှန်းကြည့်လို့ရပါတယ် တစ်ခါတစ်ခါ သူ့ရဲ့စိတ်ဝင်စားမှုနဲ့ အကျင့်စရိုက်တွေက သုံဟွာသီကျွင်းနဲ့တူတယ်လို့ မင်းမထင်ဘူးလား?" ဖုန်းကျိုရဲ့အဖြေကိုမစောင့်ဘဲ Mo Shao ဆက်ပြောလေတယ် "ငါထင်တာတော့ မင်းသူ့ကိုမကြိုက်တာမဟုတ်ဘူး မင်း သူ့နေရာမှာ သုံဟွာသီကျွင်းကိုပဲ အစားထိုးမြင်ပြီး ခံစားနေတာ မင်းလက်လွှတ်လိုက်တော့မယ်လို့ အကြိမ်ကြိမ်အခါခါပြောခဲ့ပေမယ့် နောက်ဆုံးတော့ မင်းသူ့ကိုလက်မလွှတ်နိုင်သေးဘူး မင်းအဲ့လိုတွေးနေတာမလား ဟုတ်တယ်ဟုတ်?"

အမှန်တော့ Su Moye ပေါက်တတ်ကရတွေ ပြောလိုက်ခြင်းပင်။ သူ့ကိုယ်သူ အဓိပ္ပာယ်မရှိတာတွေ ပြောနေမှန်းသိပေမယ့် သူမကို နားလည်အောင်တော့ အတတ်နိုင်ဆုံး ယုတ္တိရှိရှိ ကြံဖန်အကြောင်းပြခဲ့ပါတယ်။ သူမသာ သူပြောတဲ့စကားတွေကို အားလုံးတစ်ခေါက်ပြီးအောင်စဉ်းစားပြီးရင် သေချာပေါက် ဒုတိယတစ်ခေါက် ပြန်စဉ်းစားမှာပဲ။ ဒီလိုနဲ့ အကြိမ်အနည်းငယ်လောက်စဉ်းစားပြီးရင် သူမ Xize ကိုကြိုက်နေတာပါ့လားလို့ ယုံကြည်လာလိမ့်မယ်လေ။ (Su Moye ဖုန်းကျိုကို သီကျွင်းဆီအရောက်ပို့နေတာ😂)

ဒါမှ ခုနကလွန်သွားတဲ့အခြေအနေကို သူပြန်ပြီးဖာထေးနိုင်မှာပေါ့။

Page-251

ဖုန်းကျို အတန်ကြာနှုတ်ဆိတ်နေတော့၏။ သူမနှုတ်ဆိတ်နေစဉ်အတွင်း Su Moye လက်ဖက်ရည် ခွက်ပေါင်းများစွာ သောက်လို့ပြီးလေပြီ။ သူ့စိတ်ထဲမှာ ဖုန်းကျို ခုလိုနှုတ်ဆိတ်နေတာဟာ သူပြောတဲ့စကားတွေကို သဘောမတူတဲ့အကြောင်း ဒေါသတကြီး ပြန်လည်ခွန်းတုံ့ပက်ဖို့ အားယူနေတယ်လို့ ထင်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင် အဲ့ဒီပေါက်တတ်ကရတွေကို စခဲ့တာလေ။ ဖုန်းကျိုရဲ့ပေါက်ကွဲလာမှုကို ခံယူဖို့အသင့်စောင့်နေခဲ့တယ်။

အတန်ကြာသွားပြီးတဲ့နောက် နောက်ဆုံးတော့ ဖုန်းကျို ပုံမှန်အသံတုန်းထက်တောင် လျော့တဲ့အသံလေးနဲ့ ပြောလာခဲ့တယ် "အင်း... ရှင်ပြောတာမှန်လောက်တယ်"

Su Moye ရဲ့ ရေနွေးတစ်ဝက်သာကျန်တော့တဲ့ခွက်ထဲက ရေနွေးတွေဟာ သူ့အင်္ကျီကော်လံပေါ် ဖိတ်ကျကုန်တော့တယ်။ သူ သူမကို အံ့အားသင့်စွာ မော့ကြည့်လိုက်တယ်။

ဖုန်းကျိုတစ်ယောက် ဘာမှထပ်မပြောခင် ခဏတာတိတ်ဆိတ်နေပြန်တယ် "ဒီနေ့ ရှင်ပြောခဲ့သမျှအားလုံးက ကျွန်မလုံးဝနားလည်သွားစေဖို့အတွက် အကြံကောင်းတွေပဲ ရှင်ကျွန်မကို ထပ်ပြီးအကြံပေးချင်တာ ရှိသေးလား?"

Su Moye ရဲ့ရင်ထဲမှာ ပြောမပြတတ်တဲ့ အိမ်မက်ဆန်ဆန်ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လို့လာပေမယ့် သူ့ရဲ့အသံကတော့ တည်ငြိမ်နေခဲ့တယ် "အိုး.. မရှိပါဘူး ဒါလေးပဲ မင်းသူ့ကိုတကယ်ကြိုက်တယ်ဆိုရင်လဲ ကိုယ့်ကိုကိုယ် အရမ်းစိတ်ရှုပ်ခံမနေပါနဲ့ ဒီလိုပဲ.. အဲ့လိုပုံစံက မင်းသဘောကျနှစ်သက်တဲ့ပုံစံဖြစ်နေလို့ ပြီးတော့ သီကျွင်းရော သူရော နှစ်ယောက်လုံးက အဲ့ဒီပုံစံမျိုးဖြစ်နေလို့နေမှာပေါ့"

Mo Shao ထွက်သွားပြီး အတော်ကြာတဲ့အထိ ဖုန်းကျို သူ့အခန်းထဲမှာ တစ်ယောက်တည်းထိုင်ကာ အတွေးများနေခဲ့၏။ ခုနက Mo Shao နဲ့စကားပြောနေစဉ် အချိန်ခဏအတွင်းမှာပဲ သူမ အံ့အားလဲသင့်ခဲ့တယ်၊ စိတ်လဲဆိုးခဲ့တယ်၊ စိတ်လဲရှုပ်ထွေးခဲ့တယ်၊ သဘောလဲပေါက်ခဲ့တယ်။ ရုတ်တရက်ကြီး စိတ်ခံစားချက် ၄ မျိုးလုံးကို ခံစားခဲ့ရတဲ့အတွက် သူမခေါင်းအတော်မူးသွားပြီ။ သူမ ထပ်ပြီးစဉ်းစားချင်သေးပေမယ့် စဉ်းစားလို့မရတော့ဘူး။ Xize သူမကိုညာခဲ့မှန်းသိလိုက်ရလို့ သူမအံ့သြခဲ့တယ်။ Xize အဲ့လိုညာလို့ပဲ သူမစိတ်ဆိုးခဲ့တယ်။ Xize ဘာလို့ညာခဲ့တာလဲနဲ့ ပတ်သက်ပြီးတော့လဲ သူမစိတ်ရှုပ်ခဲ့တယ်။ နောက်ဆုံးတော့ Xize သူမကိုကြိုက်လို့ အဲ့လိုညာခဲ့တာပဲလို့ သူမနားလည်သဘောပေါက်သွားခဲ့တယ်။

သူမ ရုတ်တရက် အဲ့လိုနားလည်သဘောပေါက်သွားပြီး ပထမတော့ လန့်သွားမိတာ အမှန်ပဲ။ သို့ပေမယ့်လဲ ဟိုးအရင်က သူမအဒေါ်ပိုင်ချန်း သူမကို အနာဂတ်ကိုဟောတဲ့ ဂမ္ဘီရဉာဏ်နဲ့ပတ်သက်ပြီး သင်ပေးခဲ့ဖူးတယ်။ စကားပုံတောင် ရှိသေးပါရောလား။ 'အဲ့လိုဉာဏ်မရှိတဲ့သူဟာ အတန်းကိုအောင်ချင်ရင် ခန့်မှန်းတဲ့နည်းကို ကောင်းကောင်းအသုံးချရတယ်' တဲ့။ နောက်ဆုံးကျန်တဲ့ဖြစ်နိုင်ချေဟာ မဖြစ်နိုင်ဘူးလို့ထင်စရာရှိတယ်ဆိုရင်တောင် ဖြစ်နိုင်ချေအများဆုံးပဲ။ ဒါဟာ ကမ္ဘီရဉာဏ်အတွက် အောင်မြင်မှုလျှို့ဝှက်ချက်ပဲ။

Page-252

သူ သူမကိုကြိုက်နေတာ၊ မနေတာနဲ့ပတ်သက်ပြီး Xize ငြင်းဆိုခဲ့ပေမယ့် အချစ်ကိစ္စမှာ သူမက သူအတွေ့အကြုံရှိတဲ့သူလို့ ယူဆလို့ရတယ်။ သူမရဲ့ထင်မြင်ချက်တွေက အရင်ကလို ဗဟုသုတမနည်းပါးတော့ဘူး။ သူမကောင်းကောင်းသိတယ် လူတစ်ယောက်ဟာ ချစ်မိသွားပြီဆိုရင် သူမဦးလေးရဲ့ဟွာလို ရှိရှိသမျှအရာအားလုံးကို စွန့်လွှတ်နိုင်တယ်၊ သူမသူငယ်ချင်း ရှောင်ရန်လို အရာအားလုံးကို လုပ်ရဲတယ်၊ ဒါမှမဟုတ် Xize လိုမျိုး ခေါင်းမာစွာ အားလုံးကိုငြင်းဆန်တာမျိုးလဲ ဖြစ်နိုင်တယ်။

ပထမတော့ သူမရဲ့ Xize ပေါ်မှာရှိတဲ့ခံစားချက်က ဘယ်လိုခံစားချက်မျိုးလဲဆိုတာ နားမလည်ခဲ့ဘူး။ သူမရဲ့သူငယ်ချင်းတွေအားလုံးထဲမှာ Xize က ပညာဗဟုသုတအကြွယ်ဆုံးနဲ့ နေပုံထိုင်ပုံ အဆင့်အတန်းအမြင့်ဆုံးပဲ။ ဒါကြောင့်မို့ သူမ Xize ကို အထင်ကြီးလေးစား သဘောကျတာ မဆန်းဘူးလေ။ ဒါကြောင့်မို့လို့လဲ Xize သူမကို မြွေနဂါးအဆိပ်နဲ့ညာပြီး လွယ်လွယ်ကူကူ အသားယူလို့ရခဲ့တာပေါ့။ ဟိုအရင်တုန်းက သူမတို့ဆော့ကစားကြရင်းနဲ့ မီးခိုးရောင်ဝံပုလွေ didi သူမကို မတော်တဆ ကိုက်မိပြီး သူမပါးပ်ါမှာ သွားကိုက်ရာလေးပေါ်သွားလို့ သူမသူ့ကို လူမဆန်အောင်ရိုက်နှက် ပညာပေးလိုက်တာ ဝံပုလွေ didi ကြောက်ပြီး သူမကို သုံးလလုံးလုံးစကားမပြောရဲခဲ့ဘူးလေ။

သို့သော် သူမ Xize ကိုကြိုက်နေဆိုရင် သူ သူမကိုသဘောကျနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူမဘာလို့ကြောက်သွားတာလဲ? ဒီနေ့ Su Moye ပြောခဲ့တဲ့စကားတွေ သူမနားထဲမှာ ပြန်လည်ကြားယောင်မမိခင်အထိ သူမ အဖြေကိုရှာလို့မတွေ့ခဲ့ဘူး။ သူမခေါင်းထဲကို အပေါက်လေးတစ်ပေါက် ဖောက်လိုက်သလို သူမရဲ့စိတ်ထဲကို အလင်းတန်းတစ်ခု ဝင်ရောက်လာခဲ့တယ်။ နာကျင်ရပေမယ့် သူမ အားလုံးရှင်းလင်းသွားခဲ့တယ်။ Mo Shao က တကယ် Mo Shao ပဲ။ သူ့ရဲ့စကားလေးတစ်ခွန်းက သူမစိတ်ထဲကိုဝင်ပြီး လေပွေမုန်တိုင်းတစ်ခုလိုမွှေကာ ဝေဝါးနေတဲ့မြူခိုးတွေကို ရှင်းထုတ်သွားခဲ့တယ်။

ဟုတ်တယ် Xize ကို သူမရင်းနှီးနေသလို ခံစားရတယ်။ သူက သုံဟွာသီကျွင်းနဲ့ တော်တော်ကိုတူတယ်။ ဒါပေမယ့် သူမ Xize ကိုကြိုက်တဲ့ခံစားချက်က သုံဟွာသီကျွင်းနဲ့တူလို့ ဖြစ်ပေါ်လာတာမဟုတ်ဘူး။ အဲ့ဒီအစား သူက သူမသဘောကျတဲ့ပုံစံဖြစ်နေလို့၊ သူတို့နှစ်ယောက်လုံးက သူမသဘောကျနှစ်သက်တဲ့ ပုံစံမျိုးဖြစ်နေကြလို့ပဲ။

Mo Shao ရဲ့စကားက အဓိပ္ပာယ်ရှိတယ်။ Xize က သူမရှာနေတဲ့သူပဲ။

အခု သူမပြန်စဉ်းစားကြည့်တယ်။ သူမ ဘာများကျေးဇူးကြွေးဆပ်ဖို့ ကျန်သေးလဲ?

Page-253

Ye Qingti က အရေးကြီးဆုံးပဲ။ Shui’yue စိမ့်မြေမှာ Xize နဲ့မြွေနဂါးကြီးတို့ရဲ့ တိုက်ပွဲအပြီး သူမ Xize နဲ့လမ်းခွဲတော့ သူမရဲ့အင်္ကျီလက်ထဲမှာ Saha သီးထည့်ထားတဲ့ အိတ်တစ်အိတ်ကို စမ်းမိခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ဒီခန္ဓာကိုယ်ဟာ သူမရဲ့ကိုယ်ပိုင်ခန္ဓကိုယ်ဆိုတာ သူမသိခဲ့တယ်။

Saha သီးကိုသာ လုံလုံခြုံခြုံသိမ်းထားနိုင်ရင် သူမ Fanyin တောင်ကြားကထွက်တာနဲ့ Ye Qingti ကို ပြန်လည်ရှင်သန်အောင် လုပ်လို့ရပြီ။ ဒါဆိုရင် သူမအပေါ်မှာတင်နေတဲ့ သူ့ရဲ့ကျေးဇူးကြွေးတွေအားလုံး ပြန်လည်ဆပ်နိုင်ပြီးတော့ သူ့အတွက် သတိရဝမ်းနည်းပူဆွေးနေပါမယ်ဆိုတဲ့ကတိကိုလဲ ချေဖျက်လို့ရပြီ။

ထို့နောက် 'သုံဟွာ' ဆိုတဲ့နာမ်မည် သူမစိတ်ထဲမှာ ပေါ်လာတဲ့အချိန်မှာ သူမ ခဏတာအေးခဲသွားတယ်။ သီကျွင်း သူမကို မျက်နှာသာပေးကူညီခဲ့တာတွေ တကယ်များပါတယ်။ သူ သူမကို ခက်ခဲအောင်လုပ်ခဲ့တာတွေလဲ အများကြီးပဲ။ ဒါပေမယ့် အခု သူနဲ့ Jiheng တို့က စုံတွဲတွေဖြစ်နေကြပြီ။ သီကျွင်းက သူမနဲ့ဘာမှမသက်ဆိုင်တော့ဘူး။ တကယ်လို့သာ နှစ်အနည်းငယ်ကြာသွားပြီးနောက် သူ သူမကိုမှတ်မိနေအုန်းမယ်ဆိုရင် သူမဟာ တစ်ချိန်က သူ့အတွက် စလို့နောက်လို့ကောင်းတဲ့ ရွှင်မြူးစရာ သူငယ်ချင်းလေးတစ်ယောက်အနေနဲ့ပဲ ရှိလိမ့်မယ်။

အားလုံးကို နှံ့နှံ့စပ်စပ်စဉ်းစားတွေးတောပြီးတဲ့နောက်မှာ သူမမှာ ဆပ်စရာဘာကျေးဇူးကြွေးမှ မရှိတော့ဘူးဆိုတာ နားလည်သွားတယ်။ ဒီလိုဆိုမှတော့ မိုးကောင်းကင်က သူမအတွက် လူတစ်ဦးပို့ပေးလိုက်သနှောင့် သူမသူ့ရဲ့လက်က်ို ဘာလို့ဖမ်းကိုင်မထားရမှာလဲ?

ဒီ Xize ဆိုတဲ့သူက ခေါင်းမာလှတဲ့ဘဲတစ်ကောင်ပဲ။ သုံဟွာသီကျွင်းလိုသူမျိုးကိုတောင် သူမကြိုးစားခဲ့သေးတာ ဒီ Xize က ဘယ်လောက်များခက်မှာမလို့လဲ? သူမဒီလိုတွေးပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ လက်ဖက်ရည်တစ်ခွက် ငှ့ဲသောက်လိုက်တော့တယ်။
Page 254-255

Page 254

နောက်သုံးရက်ကြာတော့ Juno တော်ဝင်မြို့တော်ကနေ ထွက်ခွာသွားခဲ့တယ်။ Lingshu စင်မှာ သူမရဲ့ပြစ်ဒဏ်စီရင်ချက်ကို ခံယူတဲ့နေ့တုန်းက သူမရဲ့ကိုယ်ဝန် အနည်းငယ်ထိခိုက်သွားခဲ့တယ်။ Lady Qinghua ရဲ့အသနားခံမှုကြောင့် နောက်ဆုံးတော့ ဘုရင်ကြီးလဲ သူမကို ပြန်ပြီးသက်သာလာချိန်အထိ မြို့တော်မှာ နေခွင့်ပြုခဲ့တယ်။

ဖုန်းကျို Mo Shao ဆီကကြားတာတော့ Aranya Juno နဲ့ Chen Ye တို့ကို နှစ်ယောက်သား နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်တွေ့ဆုံဖို့အတွက် ကူညီပေးခဲ့တယ်လို့ကြားတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမ ပြစ်ဒဏ်ပေးတဲ့အရာရှိနဲ့ နည်းနည်းပါးပါးအချိန်းအချက်လေးလုပ်ပြီး မြို့ပြင်က မြစ်ကမ်းပါးမှာ သူတို့နှစ်ယောက်ကို တွေ့ဆုံဖို့စီစဉ်ပေးခဲ့တယ်။ Mo Shao ပြောပုံအရ အဲ့ဒီနှစ်က Aranya သူတို့နှစ်ယောက်ဆုံတွေ့ရာဆီ လိုက်မသွားခဲ့ဘူးတဲ့။ ဒါပေမယ့်လဲ ဘာမှထွေထွေထူးထူး လုပ်စရာမရှိတာနဲ့ သူမနည်းနည်းပါးပါးသွားချောင်းကြည့်လဲ ပြဿနာမရှိပါဘူးလို့တွေးပြီး ဖုန်းကျိုလိုက်သွားခဲ့တယ်။ (ဒေါ်စပ်စု😒)

ညနေဆည်းဆာချိန်ရဲ့ နေလုံးကြီးဟာ ရေပြင်ပေါ်မှာ ရောင်ပြန်ဟပ်လို့နေတယ်။ မြစ်ကမ်းတစ်လျှောက် အကိုင်းအခက်တွေညွတ်ကျနေတဲ့ မိုးမခင်ပင်တွေ ပေါက်ရောက်လျက်ရှိတယ်။ Biyiniao တွေရေးလေ့ရှိတဲ့ ခရီးသွားဂျာနယ်တွေထဲမှာဆို ဒီလိုမျိုး စိတ်ထိရှဖွယ်မြင်ကွင်းတွေကို ခွဲခွာနှုတ်ဆက်မှုအကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြရေးသားလေ့ရှိတယ်။

Juno မိုးမခပင်တစ်ပင်အောက်မှာ ရပ်လို့နေ၏။ နဂိုကမှပိန်ပါးလှတဲ့ သူမရဲ့ခန္ဓာကိုယ်လေးက ခုဆို သစ်ကိုင်းခြောက်သာသာပဲရှိတော့သည်။ Chen Ye လဲ သူမဘေးမှာရပ်ပြီး အဝေးကမြစ်ပြင်ကြီးဆီ ငေးကြည့်လို့နေသည်။ မုတ်ဆိတ်မွှေးထူထူနဲ့ ပြစ်ဒဏ်ပေးအရာရှိလဲ သူမတို့နဲ့ခပ်လှမ်းလှမ်းမှာ ရှိနေ၏။ တောက်ပတဲ့မီးလုံးကြီး ၂ လုံးလို မျက်လုံးတွေနဲ့ အပြစ်သားကို စောင့်ကြည့်လျက်ရှိသည်။ အချိန်တော်ကြာကုန်သွားသည်အထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတုန်းရှိသေးလေသည်။

ကမ္ဘာပေါ်မှာ ဒီလောက်ဆွံ့အနေသူတွေလဲ ရှိသေးသကိုး! အေးလေ.. ဘေးမှာတခြားသူရှိနေရင် ရင်တွင်းခံစားချက်တွေ ပွင့်ဟလာဖို့ခက်မပေါ့။ ဖုန်းကျို သက်ပြင်းချပြီး အလိုက်သိစွာနဲ့ ပြစ်ဒဏ်ပေးအရာရှိကို သူမနဲ့လက်ဖက်ရည် အတူလာသောက်ဖို့ သွားခေါ်လိုက်တယ်။ အရင်က သူမ Xize နဲ့အတူရှိတုန်းက မြစ်ဘေး၊ ကန်ဘေးမှာ လက်ဖက်ရည်ရဲ့အရသာကို ဘယ်လိုခံစားသောက်ရမလဲဆိုတဲ့ပညာနဲ့ပတ်သက်ပြီး သင်ယူခဲ့ရတယ်။ ဒါကြောင့်မို့ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချတဲ့အနေနဲ့ လေ့ကျင့်ဖို့အတွက် လက်ဖက်ရည်တစ်ဆက် တမင်ယူလာခဲ့တာဖြစ်တယ်။

သူမတွက်ထားတဲ့အတိုင်းပဲ ပြစ်ဒဏ်ပေးအရာရှိ သူတို့နှစ်ယောက်ဘေးက ခွာလာတာနဲ့တစ်ပြိုင်နက် သူမတို့ရဲ့နောက်မှာ Juno ဘက်က အရင်စလှုပ်ရှားလာခဲ့တယ်။ သူမရဲ့အသံဟာ အရမ်းကိုတီးတိုးညင်သာနေခဲ့တယ်။ ကံမကောင်းစွာနဲ့ ဖုန်းကျိုရဲ့ မြေခွေးနားရွက်တွေက ထိုအသံကို ရှင်းလင်းပြတ်သားစွာကြားနိုင်တဲ့အထိကို စူးရှပါးနပ်တယ်လေ။

Juno ရဲ့အသံဟာ နောင်တတွေနဲ့ပြည့်လို့နေတယ် "ဒီဘဝမှာတော့ ကျွန်မ ရှင့်ရဲ့အချစ်တွေကို ကျောပဲခိုင်းနိုင်တော့မယ် ကျွန်မ အရမ်းအရမ်းကို နုံအခဲ့တာပါ ရှင့်ရဲ့အချစ်တွေနဲ့ ကျွန်မမထိုက်တန်ဘူး တစ်ခုပဲ.. ဒီတစ်ခုပဲ ကျွန်မမျှော်လင့်တယ် နောင်ဘဝမှာ ကျွန်မတို့ရဲ့ကတိကို အသစ်ပြန်စလို့ရချင်တယ် တကယ်လို့ နောင်ဘဝသာရှိခဲ့မယ်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှကျောမခိုင်းကြရအောင်"

ဖုန်းကျိုရဲ့လက်မောင်းတွေမှာ ကြက်သီးမွေးညှင်းတွေတောင် ထသွားတယ်။ သူမလက်ထဲက လက်ဖက်ရည်ခွက်လေးတောင် အနည်းငယ်လှုပ်ရှားသွားခဲ့တယ်။ Chen Ye ဘယ်လိုပြန်ပြီးတုံ့ပြန်မလဲ သိချင်တဲ့အတွက် သူမရဲ့နားကိုသေချာစွင့်ထားသော်ငြား အချိန်အတန်ကြာတဲ့အထိ Chen Ye ဘာမှတုံ့ပြန်မလာခဲ့ဘူး။ တော်တော်လေးကြာသွားမှ သူ သဘောမပေါက်တဲ့ပုံနဲ့ ပြန်မေးလာခဲ့တယ် "ဘယ်လိုအချစ်တွေ ငါမင်းအပေါ်မှာရှိခဲ့လို့လဲ?"

Juno ရဲ့အသံထဲမှာ တုန်ရီမှုအရိပ်အယောင်တွေ ရောလို့နေ၏ "ရှင်.. ရှင်ပဲပြောတော့ ကျွန်မက ရှင်နဲ့တူတူကြီးပြင်းလာခဲ့တဲ့ အမတော်ဆို? ကျွန်မအမှားလုပ်ထားတာရှိရင်တောင် ကျွန်မကိုလုံးဝမစွန့်ပစ်ဘူးလို့ ရှင်ပြောခဲ့တာလေ ပုံမှန်အားဖြင့် ရှင်က အဲ့လိုသူများကိစ္စတွေကို ဝင်စွက်တတ်တဲ့သူမဟုတ်ပါဘူး ကျွန်မကိုလာကယ်ရင် အကျိုးဆက်ဆိုးတွေရှိမယ်ဆိုတာ သိရဲ့သားနဲ့ ရှင့်ရဲ့အသက်ကိုတောင်စွန့်စားပြီး ကျွန်မကိုကယ်ခဲ့တယ် ဒါတွေအားလုံးက ရှင်ကျွန်မအပေါ်မှာ ခံစားချက်ရှိနေတာကြောင့်မလို့ မဟုတ်ရင်..."

Page-255

Chen Ye ပေါ့ပါးစွာပဲ ပြန်ဖြေလေတယ် "မင်းဖခင်ရဲ့သွေးသားရင်းမပျောက်အောင်လို့ ငါမင်းကိုကယ်ပေးခဲ့တာ သူ့ရဲ့ကျေးဇူးကြွေးကိုမှ ပြန်မဆပ်ဘူးဆိုရင် ငါလူမဟုတ်တော့ဘူး ငါ့အပေါ်မှာ ကြင်နာမှုထားခဲ့လို့ မင်းဖခင်ကိုကျေးဇူးတင်သင့်တယ်"

"ဒါဆိုရင်လဲ ဒီနေ့ရှင်ကျွန်မကို ဘာလို့လာနှုတ်ဆက်နေသေးလဲ?" Juno မယုံကြည်နိုင်စွာ ပြန်မေးလေတယ် "ရှင်ကျွန်မကို စွန့်မပစ်နိုင်လို့ မဟုတ်လား?"

"ငါဒီတိုင်း အပြင်ဘက်လမ်းလျှောက်ထွက်ချင်လို့လာခဲ့တာ"

Juno ရဲ့အသံ တုန်ယင်နေလေသည် "Changdi နဲ့ Aranya ကို ရှင်လုံးဝသဘောမကျပေမယ့် ကျွန်မကိုဆို ရှင်အမြဲကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိတာပါ"

Chen Ye ရုတ်တရက် အထင်အမြင်သေးတဲ့ပုံနဲ့ ပြန်ပြောလေတယ် "အဲ့ဒါက မင်းမယ်တော်ရဲ့ ရွံရှာဖို့ကောင်းတဲ့ မစင်ကြယ်တဲ့သွေးကြောင့်မလို့ တကယ်တော့ မင်းနဲ့ Changdi က တစ်ဝမ်းတည်းကမွေးလာတာမလို့ ဘာမှမကွာဘူးဆိုတာ ငါသိခဲ့ရမှာ ငါမှားပြီး မင်းကိုအကောင်းထင်ခဲ့မိတယ်"

Juno ဒေါသချောင်းချောင်းထွက်ကာ ငိုသံပါနေလေပြီ "ကျွန်မက ရွံရှာဖို့ကောင်းတဲ့ မစင်ကြယ်တဲ့သွေးကဆိုရင် ဒါဆို Aranya ကရော? သူမလဲ တစ်မိခင်တည်းကမွေးလာတာပဲ အခြားသူတစ်ယောက်နဲ့ လက်ထပ်ထားတာတောင် ရှင့်ကိုမြူဆွယ်ဖို့ကြိုးစားသေးတယ် သူမကမှ ပိုပြီးရွံရှာဖို့ကောင်းတာ မစင်ကြယ်တာမဟုတ်ဘူးလား? သူမကမှ တကယ်အကျင့်ပျက် ဖောက်ပြားတဲ့သူ မဟုတ်ဘူးလား? ဒါကိုတောင် ရှင်က သူမရဲ့ထောင်သွင်း အကျဉ်းချမှုကို လိုလိုလားလားခံယူနေတယ်..."

Chen Ye သရော်ပြုံးပြုံးကာ "မင်းပြောတာမှန်တယ် ငါသူမရဲ့အကျဉ်းချမှုကို လိုလားတယ် အဲ့တာဘာဖြစ်လဲ?"

ဖုန်းကျိုရဲ့စူးရှပါးနပ်လွန်းတဲ့နားတွေလဲ ရုတ်တရက်ရှော့ခ်ရကာ သူမရဲ့လက်ပါ မြေပြင်ပေါ် ပြုတ်ကျကုန်တော့သည်။ ပြစ်ဒဏ်ပေးအရာရှိကတော့ သူမကို စိတ်ပူစွာနဲ့မေးရှာပါတယ် "သွားကိုက်နေလို့လား.. အရှင်မင်းသမီး?" ဖုန်းကျို ခေါင်းရမ်းပြပြီး လက်ဖက်ရည်တစ်ခွက် ထိုးပေးကာ သောက်လို့ပြီးရင် မင်းပြန်လို့ရပြီလို့ပြောချင်တဲ့သဘောနဲ့ မြစ်ကမ်းပါးဆီကို လက်ညှိုးထိုးပြလိုက်တယ်။

ဒီနေ့ သူမ ပွဲကြီးပွဲကောင်း ကြည့်ဖို့လာတာပဲ။ ကြည့်လဲကြည့်ခဲ့ရပါတယ်။ Chen Ye Juno ကိုကယ်ခဲ့တဲ့ အကြောင်းရင်းက ဒီလိုမျိုးဖြစ်လိမ့်မယ်ဆိုတာ လုံးဝမမျှော်လင့်မိခဲ့တာ အမှန်ပဲ။ ဒါပေမယ့်လဲ Chen Ye ရဲ့အကျင့်စရိုက်နဲ့ ကိုက်ညီပါတယ်။ Chen Ye ရဲ့ပုံစံက မိန်းကလေးတွေကို ကြင်နာသနားပြီး ကူညီပေးတတ်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ သူ့ရဲ့ပါးစပ်ဟလိုက်တာနဲ့ လူတစ်ယောက်ကို နာကျင်သွားအောင် လုပ်နိုင်တဲ့သူဆိုတာ သူမကောင်းကောင်းသိတယ်။ အခုတော့ လေပြေတွေကြားထဲမှာ တဆတ်ဆတ်တုန်နေတဲ့ သစ်ရွက်တစ်ရွက်လိုဖြစ်နေရှာတဲ့ Juno ကိုကြည့်ရင်း သူမစိတ်ထဲမှာ စာနာသနားမှုတွေ ပြည့်နေတော့တယ်။

Juno တစ်ယောက် ငိုယိုကာ ထွက်သွားလေတော့သည်။ Chen Ye ကတော့ မြစ်ကမ်းဘေးကရှုခင်းတွေကို ငေးကြည့်နေလေ၏။ မြို့ပြင်ဆိုတော့ တောင်ကုန်းတောင်တန်းတွေနဲ့ ရေစီးနေတဲ့စမ်းချောင်းလေးတွေ အရမ်းပေါတယ်။ အိမ်တော်ထဲကနေ လှမ်းမြင်ရတဲ့ရှုခင်းနဲ့ယှဉ်ရင် ဒီမှာကပိုပြီးကျယ်ပြောလွတ်လပ်တယ်လေ။

(Chen Ye တကယ် သီကျွင်းရဲ့အရိပ်လို့မပြောရဘူး ကိုယ်ချစ်တဲ့မိန်းကလေးကို ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့သူကို စကားနဲ့တင် ရင်အစိတ်စိတ်အမွှာမွှာကွဲအောင်လုပ်တာ😅 ဒီနေရာမှာ ရဲ့ဟွာသာဆိုရင် ဘာမှပြောမနေဘူး ပိုင်ချန်းကိုထိတဲ့သူကို စုဂျင်းကိုဓားနဲ့ထိုးသလို တစ်ချက်ပဲထိုးပြီး လက်စားပြန်ချေမှာ😂 ကွာတယ် ကွာတယ်)
Page 256-260

Page-256

ခုနကမှ Chen Ye Juno နဲ့စကားများခဲ့တာဆိုတော့ သူ ရေဆာရင်ဆာနေရောပေါ့။ လည်ချောင်းများရှင်းချင်လေမလား ဖုန်းကျို သူ့ကို လက်ဖက်ရည်သောက်ဖိတ်သင့်၊ မဖိတ်သင့် ဝေခွဲရခက်လို့နေတယ်။ ထို့နောက် လှမ်းအော်ခေါ်ပြီးခါမှ ရင်ထဲမှာနောင်တရသလို ခံစားရလိုက်တယ်။ Chen Ye Aranya ပေါ်မှာ အထင်မြင်သေးပုံနဲ့ဆိုရင် သူ မလာဖို့ကများတယ်။ သူမ နေရင်းထိုင်းရင်း အကျိုးမရှိတာလုပ်မိတာပဲလို့တွေးမိပြီး အနေရခက်နေခဲ့တယ်။ ကျန်တဲ့လက်ဖက်ရည်တွေကို အကုန်ငှဲ့သောက်ပြီး လက်ဖက်ရည်ခွက်တွေသိမ်းကာ ထွက်သွားတော့မယ်လို့ စဉ်းစားလိုက်တယ်။

မမျှော်လင့်စွာနဲ့ Chen Ye တကယ်ကြီးရောက်လာခဲ့တယ်။ သူမဖိတ်တာ လာရုံတင်မက သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူ့ရဲ့ခြေနှစ်ချောင်းကိုပါ ချိတ်ထိုင်လိုက်သေးတယ်။ သူ သူမကိုမော့ကြည့်လာပြီး မေးလေတယ် "မင်းပြောတဲ့လက်ဖက်ရည်က ဘယ်မှာလဲ?"

Chen Ye ကိုကြိုက်နေတဲ့ Aranya သရုပ်ကိုဟန်ဆောင်မှု ပီပြင်အောင် သူမ စိတ်ပူပန်တဲ့စကားလေးအနည်းအကျဉ်း ပြောပေးသင့်တယ်လေ။ သူ့ရဲ့နှုတ်ခမ်းတွေ လက်ဖက်ရည်ခွက်အနားကိုမထိခင်မှာပဲ သူမ စိတ်ပူပန်စွာစကားစလိုက်တယ် "ခုနကပဲ လက်ဖက်ရည်က ကျိုထားတာမလို့ နည်းနည်းပူသေးတယ် မှုတ်သောက်ပါ" Chen Ye လက်ဖက်ရည်ကို သောက်ပြီးချိန်မှာလဲ သူမမျှော်လင့်တကြီး မေးပြန်တယ် "ဒီလက်ဖက်ရည်က ဘာမှတော့သိပ်မထူးခြားပါဘူး သာမာန်လက်ဖက်ခြောက်နဲ့ပဲ ကျိုထားတာပါပဲ ဒါပေမယ့် ရေကိုတော့ ကြာရွက်ပေါ်က နှင်းစက်တွေကိုသုံးထားတာ မြည်းကြည့်ပါ ရှင်ကြိုက်ရဲ့လားလို့" Chen Ye လက်ဖက်ရည်ခွက်ကို အောက်ချပြီး ထွင်းဖောက်မျက်လုံးတွေနဲ့ သူမကိုကြည့်နေလေတယ်။ သူမ သူ့ထံ ပိုးသားလက်ကိုင်ပုဝါလေးတစ်ခု တည်ငြိမ်စွာကမ်းပေးရင်း ဂရုစိုက်မှုတွေအပြည့်နဲ့ဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်နေခဲ့တယ် "ရှင်အာရုံတွေတခြားရောက်နေတာဖြစ်ရမယ် ကြည့်အုန်း ရှင့်ပါးစပ်မှာ လက်ဖက်ရည်တွေ ပေကျံကုန်ပြီ ဒါနဲ့သုတ်လိုက်"

Chen Ye လက်ကိုင်ပုဝါကို လက်ခံမယူခင် သူမကို အကြာကြီးစိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့အသံထဲမှာ သရော်သလိုအရိပ်အယောင်မျိုး ရောလို့နေတယ် "ငါမင်းကိုနားမလည်ဘူး လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ မင်းနဲ့ အရှင် Xize တို့နှစ်ယောက်ရဲ့အချစ်က တော်ဝင်မျိုးနွယ်ထဲမှာ စံနမူနာယူထိုက်တဲ့အတွဲလို့ သတင်းတွေပျံ့နေတာ ဒီနေ့ဘာလို့ မင်းငါ့ကိုဂရုတွေစိုက်ပြနေတာလဲ?"

Page-257

ဖုန်းကျို ရင်ထဲဒိန်းကနဲဖြစ်သွားလေတယ်။ ဟုတ်သားပဲ အရင် Aranya တုန်းက Xize တစ်ခါမှ Qinan တောင်ပေါ်က ဆင်းမလာခဲ့ဖူးတော့ Aranya နဲ့ Chen Ye တို့ရဲ့ဇာတ်လမ်းမှာ ဘာအရေးကြီးကဏ္ဍအဖြစ်နဲ့မှ မပါဝင်ခဲ့ဘူး။ ဒါပေမယ့် Xize က အခု ပြောင်းလဲတွေမှုတွေထဲကတစ်ခုဆိုတာ သူမမေ့နေတာ။ သူမလုပ်ချင်တာလုပ်လို့ရတယ်၊ ဒါပေမယ့် Aranya နဲ့ Chen Ye တို့ရဲ့ဆက်ဆံရေးကိုတော့ ရလဒ်တွေက ဆက်ပြီးဘာဖြစ်လာနိုင်မလဲဆိုတာ ထိုအပေါ်မှာပဲမူတည်တဲ့အတွက် အတိတ်ကအတိုင်းပဲ မလွဲမသွေလုပ်ဆောင်ရမယ်လို့ Mo Shao သူမကို သတိပေးခဲ့ပြီးပြီ။

ဖုန်းကျို Chen Ye ရဲ့လက်ကိုကိုင်လိုက်ကာ စိတ်ရင်းခံနဲ့ ပြန်ပြောလိုက်တယ် "Xize နဲ့ ကျွန်မက တစ်ယောက်နဲ့တစ်ယောက် ကစားနေကြတာပါ ဒါပေမယ့် ရှင့်အပေါ်မှာထားတဲ့ ကျွန်မရဲ့ခံစားချက်ကတော့..." သူမ ရှေ့နောက်မစဉ်းစားဘဲ 'အမြဲစစ်မှန်တယ်' ဆိုတဲ့စကားကို ဆက်ပြီးထွက်မိတော့မလို့ပဲ။ ဒါပေမယ့် ဟိုတုန်းကဒီလိုအချိန်မှာ Aranya က Chen Ye အပေါ်မှာ တိတ်တခိုးအချစ်နဲ့ပဲ ရှိသေးတယ်ဆိုတာ သတိရမိပြီး အလျင်အမြန် လျှာကိုကိုက်ပလိုက်ခဲ့တယ်။

ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Qinan ဗိမ္မာန်ကနေ ဆိုင်းမဆင့်ဗုံမဆင့်ပြန်ရောက်လာတဲ့ Xize ကို Chacha မြစ်ကမ်းပါးနားမှာရှိနေတဲ့ သူမထံသို့ ခေါ်လာတာနဲ့သွားတိုးလေတယ်။ နှစ်ယောက်သား သူမတို့ရဲ့မြင်ကွင်းကို အတိအကျ အစလယ်အဆုံး အားလုံးမြင်လိုက်ရလေတယ်။ (ပွဲတော့စပြီ😂)

ကမ်းပါးတစ်လျှောက် မိုးမခပင်တွေ ယိမ်းထိုးနေကြလေသည်။ မြစ်ပြင်တစ်ဖက်နေ လေနုအေးလေးတစ်ခု ဖြတ်သန်းတိုက်ခတ်လို့သွား၏။ မြက်ခင်းပြင်ကျယ်ကြီးပေါ်မှာ လက်ဖက်ရည်ခွက်တွေတင်ထားတဲ့ စားပွဲတစ်လုံးရှိနေ၏။ ခုလောလောဆယ် ထိုစားပွဲဘေးမှာ Chen Ye နဲ့ ဖုန်းကျိုတို့ မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။ စားပွဲတစ်ဖက်ကနေပြီး ဖုန်းကျို Chen Ye ရဲ့လက်ကိုလှမ်းကိုင်လို့ထား၏။ သူမပါးစပ်ကလဲ တစ်စုံတစ်ခုကို တီးတိုးညင်သာစွာပြောဆိုလျက်ရှိသည်။ သူမရဲ့မျက်လုံးတွေထဲမှာ အဆုံးမရှိတဲ့ နူးညံ့ကြင်နာမှုတွေ ပြည့်လို့နေသည်။

Chacha လုံးဝကိုစိတ်ရှုပ်ထွေးသွားတယ်။ အရှင် Xize အရှေ့ကို ခြေလှန်းအနည်းငယ် ဆက်တိုးသွားတာ မြင်လိုက်ရတဲ့အချိန်မှာ သူမ သူ့အနောက်မှာ မလှမ်းချင်လှမ်းချင်နဲ့ ခြေထောက်တွေက တရွတ်တွဲဆွဲနေလေပြီ။ ထိုအချိန်မှာပဲ သူမရဲ့သခင်ဖြစ်သူမင်းသမီးရဲ့ သိမ်မွေ့ညင်သာလွန်းလှတဲ့အသံဟာ သူမနားထဲကို ပျံ့လွင့်လာခဲ့တယ် "Xize ကကောင်းတဲ့သူတစ်ယောက်ပါ 'တစ်ယောက်နဲ့တစ်ယောက် ကစားနေတာ' ဆိုတဲ့အသုံးအနှုန်းက သိပ်ပြီးမတိကျလောက်ဘူး ဒါပေမယ့် ရှင်အဲ့လိုပြောတော့ ကျွန်မတကယ်စိတ်ပူတယ် သူနဲ့ကျွန်မက တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန် အပြန်အလှန်ကူညီပေးကြတဲ့မိတ်ဆွေသက်သက်ပါပဲ ကျွန်မ မိုးကောင်းကင်ကို တိုင်တည်ပြီးပြောရဲတယ် သူနဲ့ကျွန်မက ဘာဆိုဘာမှမသက်ဆိုင်ဘူး အရင်ကရော၊ အခုရော၊ နောင်ရော.. ရှင်ကျွန်မကိုယုံမလား?" (ဖုန်းကျိုရေ တော်သင့်ပြီ😕 ရှေ့မကြည့်နောက်မကြည့်ဆိုတာ နင်မှတကယ်အစစ်ပဲ🙄)

Page-257

Chacha ကိုယ်တိုင်တောင် သူမသခင်မရဲ့ ကြင်နာနူးညံ့လှတဲ့အသံမှာ ကြွေစင်းသွားတာအမှန်ပဲ။ သို့သော် ဖုန်းကျိုပြောတဲ့စကားတွေကို တစိမ့်စိမ့်တွေးဆဖို့တော့ အချိန်မရလိုက်ပါဘူး။ မတော်တဆ သူမ ရုတ်တရက်နှာချေမိသွားတယ်။ ထို့နောက် သူမခေါင်းကို ဘေးကိုတစ်ဖန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ အရှင် Xize ရဲ့ ကြက်သေသေနေတဲ့အမူအရာကို မြင်လိုက်ရတယ်။ သူ့ရဲ့မျက်နှာဟာ နှင်းလိုဖြူလျော့နေပြီး သူ့ရဲ့မျက်လုံးတွေဟာလဲ ကျစ်ကျစ်ခဲနေတဲ့ရေခဲတွေလို အေးစက်လို့နေသည်။

Chacha မဝံ့မရဲ အသာလေး ရှေ့ကိုပြန်လှည့်ကြည့်လိုက်တယ်။ လက်ဖက်ရည်စားပွဲဘေးမှာထိုင်နေတဲ့ မောင်နှံနှစ်ဖော်ဟာ သူမတို့ဘက်ကိုစိုက်ကြည့်နေတာ မြင်လိုက်ရတယ်။ တစ်ယောက်ကတော့ ပုံမှန်ပါပဲ၊ နောက်တစ်ယောက်ကတော့ အတော်လေးအံ့သြနေပုံရတယ်။ ခုနကသူမရဲ့နှာချေသံကြောင့် သူမတို့ကို ခုမှမြင်တာထင်ပါရဲ့။

Chacha စားပွဲပေါ်ကို လှမ်းကြည့်ပြန်တယ်။ သူမရဲ့သခင်မ Chen Ye ရဲ့လက်ကို ခုထိကိုင်ထားဆဲပဲ။ သခင်မဖြစ်သူရဲ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေရှိနေပေမယ့် နူးညံ့ကြင်နာမှုတွေကိုလဲ မြင်နေရတုန်းပဲ။ ဒါ့အပြင် ဒီနေ့ အရှင်မ တစ်ကိုယ်လုံး အနီရောင်ဝတ်စုံကို ဝတ်လို့ထားတယ်။ သူမနဲ့ မျက်နှာချင်းဆိုင်မှာ တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံဝတ်ထားတဲ့ Chen Ye နဲ့ ယှဉ်တွဲလိုက်တဲ့အခါ နှစ်ယောက်သားက မိုးကောင်းကင်ကစုံဖက်ပေးထားတဲ့ ချစ်သူနှစ်ဖော်အလား အင်မတန်မှလိုက်ဖက်ညီ ကြည့်ကောင်းလှတယ်။

Xize ရဲ့မျက်လုံးတွေဟာ ထိုချစ်သူနှစ်ဖော်ထံမှာပဲ အချိန်တန်ကြာရပ်လို့နေတယ်။ အရှင့်ရဲ့မျက်နှာမှာ အဲ့ဒီလိုအမူအရာမျိုး သူမတစ်ခါမှမမြင်ဖူးဘူး။ သို့သော်ငြား အဲ့ဒီလိုအမူအရာဆိုတာ ဘယ်လိုအမူအရာမျိုးလဲ သူမလဲသေချာမပြောတတ်ဘူး။ အရှင် Xize အရှေ့ကို ခြေတစ်လှမ်းတိုးပြီး ရုတ်တရက် ရပ်သွားလေတယ်။ ထို့နောက် စားပွဲဘေးမှာငြိမ်သက်စွာထိုင်နေတဲ့ ထိုချစ်သူနှစ်ဖော်ကိုကြည့်ပြီး ဘာမှပြောမလာဘဲ နောက်ဆုံးတော့ ပြန်လှည့်ကာထွက်သွားလေတယ်။ အုပ်ချုပ်သူအရှင်ရဲ့ကျောပြင်က အမြဲတမ်းခံ့ညားနေလေ့ရှိတာ သူမမှတ်မိတယ်။ ဘယ်လိုအရေးကြီးကိစ္စပဲရှိရှိ အမြဲအေးဆေးနေတတ်တဲ့ သူ့ရဲ့ပုံရိပ်က တစ်မျိုးလေးဆွဲဆောင်မှုရှိတယ်လို့ သူမထင်တယ်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အခုအရှင့်ရဲ့ခြေလှမ်းတွေက အနည်းငယ်အလျင်လိုနေပုံရတယ်။

ဒီတစ်ခါတော့ Chacha သူ့နောက်ကိုလိုက်မသွားသင့်ဘူးဆိုတာ နားလည်တဲ့အတွက် နေရာမှာတင်ရပ်နေခဲ့တယ်။ Chen Ye သူမရဲ့သခင်မကို ကျိုးကြောင်းဆီလျောစွာမေးလိုက်တာကို သူမကြားလိုက်ရတယ် "မင်းတို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူးဆိုရင် သူဘာဖြစ်လို့ထွက်သွားတာလဲ?"

သူမရဲ့သခင်မ လေးနက်စွာနဲ့ ယောင်တိယောင်ဝါးပြန်ဖြေလေတယ် "အိုး.. Xize နဲ့ကျွန်မကြားမှာ တကယ်ဘာမှမရှိပါဘူး ရှင်ကျွန်မကိုစမ်းသပ်နေစရာမလိုပါဘူး သူထွက်သွားတာ.. ဒီလိုပဲ ကျွန်မတို့လက်ဖက်ရည်သောက်ရင်း ရှုခင်းကြည့်နေကြတာကို နှောင့်ယှက်မိသွားတယ်လို့ ထင်လို့ရှိမှာပေါ့ ဒါမှမဟုတ် လူများရင် ပိုပျော်စရာကောင်းတယ်လို့ ရှင်ထင်လို့လား? တကယ်လို့ ရှင်လူစည်တာကြိုက်တယ်ဆိုရင်လဲ ကျွန်မသူ့ကိုပြန်သွားခေါ်ပေးပါ့မယ်"

Chacha အုပ်ချုပ်သူအရှင်ရဲ့ကျောပြင်လေး ရုတ်တရက် အနည်းငယ်တန့်သွားတာကို လှမ်းမြင်ဖြစ်အောင်မြင်လိုက်ရတယ်။ ထိုအချိန်ခဏလေးမှာ အရှင် မြိုသိပ်ထားတဲ့ခံစားချက်တွေ ပေါက်ကွဲထွက်လာလေမလားလို့တောင် ခံစားရတယ်။ သို့ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ သူမတို့ရဲ့မြင်ကွင်းကနေ ပျောက်သွားခဲ့တယ်။ Chacha လဲ အုပ်ချုပ်သူအရှင်ရဲ့ကျောပြင်ပုံရိပ်လေးကို ပြန်မြင်ယောင်ရင်း အုပ်ချုပ်သူအရှင်က တကယ်ကိုနှစ်ယောက်မရှိတဲ့ အုပ်ချုပ်သူအရှင်ပဲလို့ သူမကိုယ်သူမ တွေးနေမိတယ်။ လေပြေလေညှင်းတွေကြားမှာ ခံ့ညားထည်ဝါစွာရှိနေတဲ့ ကျောက်စိမ်းသစ်ပင်တစ်ပင်လို သူရှိနေတဲ့ရှုခင်းကို ကျက်သရေရှိအောင် တကယ်လုပ်နိုင်တာပဲ။ သို့သော်ငြား လေကအနည်းငယ်ထန်သွားခဲ့လို့ ကျောက်စိမ်းသစ်ပင်လေးခမျာ ဝမ်းနည်းညှိုးငယ်သွားရရှာတယ်။

ရုတ်တရက် Chacha ရဲ့ရင်ထဲမှာ စာနာသနားမှုတွေ ပြည့်လာခဲ့တော့တယ်။

               _________________

Page-259

ဖုန်းကျိုတစ်ယောက် အပြင်ဘက်မှာရွာကျနေတဲ့ မိုးစက်လေးတွေကို ပြတင်းတံခါးမှတစ်ဆင့် မှင်သက်ငေးမောကာ လှမ်းကြည့်နေမိသည်။

နေ့လည်က သူမတို့မြစ်ကမ်းပါးကပြန်လာတုန်းက Chen Ye ကို သူ Mengchun အဆောင်မပြန်ခင် သူမ သူ့ကို လက်ဖက်ရည်သောက်ရင်း အဖော်ပြုပေးနေတဲ့အချိန်တုန်းက Xize ပြန်လှည့်ထွက်သွားတာကို မြင်လိုက်ရတာ သူမကိုယ်သူမ အတော်လေးဂုဏ်ယူမိတယ်။ ဒါဟာ သူမရဲ့လိမ္မာကျွမ်းကျင်မှုတွေထဲက တစ်ခုပဲ။ ထိုမြင်ကွင်းက တကယ်တော့ သူ့ရဲ့အငယ်အနှောင်းဆွီတီလေးကိုတွေ့ဖို့ ဆောင်ကြာမြိုင်ကိုရောက်လာတဲ့ တဏှာရမ္မက်ပြည့်လျှမ်းလှတဲ့ဧည့်သည်တစ်ယောက်က မမျှော်လင့်ဘဲ သူ့ရဲ့ခွေးဇာတ်ခင်းမှုကို အမိဖမ်းဖို့ရောက်လာတဲ့မယားကြီးနဲ့မှ တည့်တည့်တိုးတဲ့အဖြစ်နဲ့သွားတူတယ်။ ပြစ်မှုခဏခဏကျူးလွန်နေတဲ့ ရာဇဝတ်သားတောင် သူမလောက် သရုပ်ဆောင်ကောင်းမယ်မထင်ဘူး။ တစ်ဖက်မှာ ဝါရင့်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့တွက် လုံးဝမလွယ်ကူလှသလို တစ်ဖက်မှာလဲ သူမ အဲ့လောက်ကြီးမားတဲ့လုပ်ဆောင်မှုကြီးကို ပြီးမြောက်ခဲ့တာ မွေးရာပါအရည်အချင်းလို့ပဲ ဆိုရမှာပဲ။ (ဘာ.. Xize လှည့်ထွက်သွားတာ ပျော်နေတယ်ပေါ့!😠)

Chen Ye Mengchun အဆောင်ကိုပြန်သွားပြီးတည်းက တစ်နေ့လည်ခင်းလုံး သူမ Xize ကိုလိုက်ရှာနေခဲ့တယ်။ သို့သော် ကောင်းကင်မှာ မိုးလေးဖွဲဖွဲရွာကျလာတဲ့အချိန်အထိ သူ့ရဲ့အရိပ်အယောင် အပိုင်းအစလေးတစ်ခုတောင် ရှာလို့မတွေ့သေးဘူး။ သူမ လှည့်ပြီးပြန်တော့ဖို့ တွေးလိုက်တယ်။ အကယ်၍ သူမခန့်မှန်းတာမမှားဘူးဆိုရင် Xize သဝန်တိုနေတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် သူက စဉ်းစားချင့်ချိန်တတ်တဲ့သူတစ်ဦးဆိုတော့ သူမသူ့ကို ချက်ချင်းကြီးသွားရှင်းပြစရာ မလိုဘူးလေ။ Chen Ye ကိုကိုင်တွယ်ခဲ့ရတာနဲ့တင် အရမ်းပင်ပန်းဖို့ကောင်းလှတာ.. အနားလေးဘာလေးယူပြီး အားပြန်ဖြည့်ဖို့လုပ်တာမှ ဟုတ်အုန်းမယ်။ တော်ကြာ မိုးရွာထဲသွားရင်း နေမကောင်းဖြစ်နေအုန်းမယ်။

Chacha ပြတင်းပေါက်ခုံပေါ်မှာ ဖယောင်းတိုင်မီးလေးထွန်းပေးပြီး မိုးသည်းနေတဲ့ညကောင်းကင်ကို ငေးကြည့်လို့နေ၏။ သူမ စိတ်ပူပန်စွာ ဖုန်းကျိုကြည့်ပြီး ပြောလိုက်တယ် "မိုးတွေကအရမ်းသည်းနေတာ အရှင်တော့ တစ်ကိုယ်လုံးရွှဲနေလောက်ပြီ"

ဖုန်းကျို သန်းဝေလိုက်တယ် "သူမိုးခိုဖို့နေရာရှာတွေ့မှာပါ ဘာမှစိတ်ပူစရာမရှိဘူး"

"မင်းသမီး သူ့ကိုရှာလို့မတွေ့ခဲ့ဘူးဆိုရင်.." Chacha သက်ပြင်းချလေတယ် "သူမင်းသမီးကို တမင်ရှောင်နေတာပဲဖြစ်မယ် သေချာတယ်.. သူမင်းသမီးကို တွေ့ချင်ပေမယ့် တွေ့ဖို့ကြောက်နေတာရှိမှာ သူကမင်းသမီးကို မင်းသမီးနဲ့ အရှင် Chen Ye တို့ကြားမှာဘာမှမရှိဘူးလို့ ရှင်းပြစေချင်နေတာ ဒါပေမယ့် မင်းသမီးကသူ့ကို အရှင်မတို့ကြားမှာ ခံစားချက်တွေရှိနေတယ်လို့ ပြောလာမှာကြောက်နေတာ"

Page-260

"သူအဲ့လောက် စိတ်ရှုပ်ခံမယ့်သူမဟုတ်ပါဘူး..." ဖုန်းကျို ပြန်ပြောလိုက်တယ်။

Chacha သက်ပြင်းချပြန်တယ် "စဉ်းစားကြည့်ပါ အရှင်ကလူသူရှင်းတဲ့နေရာကိုထွက်သွားတာ ပြီးတော့ အခုမိုးကလဲသဲကြီးမဲကြီးရွာနေတာ ဒါပေမယ့် အရှင့်ရဲ့စိတ်တစ်ခုလုံးကတော့ ဝမ်းနည်းမှု၊ ထိတ်လန့်မှုတွေနဲ့ပဲပြည့်နေမှာ ဘယ်လိုလုပ်မိုးကိုသတိထားမိမှာလဲ? အေးစိမ့်နေတဲ့မိုးရေတွေ သူ့အင်္ကျီကြားထဲကိုစိမ့်ဝင်လာရင်တောင် အဲ့ဒီအေးစက်မှုက သူ့နှလုံးသားထဲကညှိုးငယ်မှုလောက် ပြင်းမှာမဟုတ်ဘူး"

"သူအဲ့လောက်ကြီးထိမဖြစ်နိုင်ပါဘူးဟယ်..."

Chacha သူမကို မကျေချမ်းတဲ့မျက်လုံးတွေနဲ့ လှည့်ကြည့်လေတယ် "မိုးရွာနေတာ သူသတိထားမိတဲ့အချိန်မှာ ခုလိုမိုးတွေရွာနေပေမယ့် အရှင်မများသူ့ဆီရောက်လာလေမလား မျှော်လင့်နေမှာသေချာတယ် အဲ့လိုသာဆိုရင် သူအရှင်မကို ရင်ခွင်ထဲမှာဖက်လိုက်ရရုံနဲ့ အရှင်မသူ့ကိုပေးခဲ့တဲ့ဒဏ်ရာတွေအားလုံးမေ့ပျောက်သွားမှာ ဒါပေမယ့် အရှင်မက.." သူမ ထပ်ပြီး ဖုန်းကျိုကို မကျေနိုင်မခဲနိုင် ကြည့်ပြန်လေတယ် "ကောင်းကင်မှာ မိုးဖွားလေးအနည်းငယ်မြင်တာနဲ့ပဲ အိမ်ကိုပြန်ရောက်လာတယ် အရှင်မရဲ့ရင်ထဲမှာ အုပ်ချုပ်သူအရှင့်အတွက် နေရာရောရှိရဲ့လား? သူအခုဘယ်လောက်တောင် နာကျင်နေမလဲ? မိုးမိရင်းသေသွားရင်အကောင်းသားလို့တောင် သူတွေးရင်တွေးနေလောက်မှာ"

ဖုန်းကျို Chacha ရဲ့အပြစ်တင်တိုက်ခိုက်မှုတွေကြားက ဘယ်လိုမှရှောင်တိမ်းလို့ရဖို့ လမ်းမမြင်ဘူး "မဖြစ်နိုင်တာ.. အဲ့လောက်ထိမဆိုးဝါးနိုင်ပါဘူး"

Chacha ဒီထက့်ပိုပြီးအချိန်နောက်ကျမခင် ထပ်ပြီးမေးလိုက်တယ် "မင်းသမီး အုပ်ချုပ်သူအရှင်ကို နောက်တစ်ခေါက် ထပ်သွားရှာချင်သေးလား?"

ဖုန်းကျို စိတ်ထဲမှာ Xize မိုးရေတွေကြား စိုရွှဲနေတဲ့ပုံကို မြင်ယောင်ကြည့်လိုက်တယ်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးခွက်ဘေးမှာ မိုးသံတွေနားထောင်ရင်း စိမ်ပြေနပြေထိုင်နေတဲ့ Xize ရဲ့ပုံရိပ်ကိုသာ ဆက်တိုက်မြင်ယောင်နေမိတယ်။ အေးလေ.. မိုးတွေဒီလောက်သည်းနေတာကို မိုးရေအောက်မှာ မှိုင်မှိုင်တွေတွေနဲ့ ဘာထိုင်လုပ်နေမှာတုန်း? Chacha စိတ်ပူလွန်နေပြီလို့တွေးကာ ဖုန်းကျို ချောင်းတစ်ချက်ဟန့်လိုက်တယ် "ငါအိပ်တော့မယ် Xize လဲ သူ့ဘာသာသူ အိပ်နေလောက်ပြီ မနက်ဖြန် ကောင်းကင်မှာတိမ်တွေကြည်သွားတော့မှပဲ ငါသူ့ကိုထပ်ပြီးသွားရှာတော့မယ်"

Chacha အကျိုးမရှိ လေတွေကိုသက်သက်ဖြုန်းမိလေပြီ။ ပြောလို့မောသွားတာပဲ အဖတ်တင်၏။ သက်ပြင်းကိုသာ အကြိမ်ကြိမ်ချရင်း ခေါင်းကိုခါရမ်းကာ ဖုန်းကျိုအတွက် အိပ်ရာပြင်ပေးဖို့ တစ်ဖက်သို့လှည့်လိုက်တော့သည်။
Page 261-273

Page-261

အပြင်မှာတော့ မိုးတွေကဆက်လက်သည်းကောင်းနေဆဲပဲ။ ပြီးခဲ့တဲ့ရက်တွေက နေချည်းပဲသာနေတာ တော်တော်ကြာပြီ။ ဒီနေ့ မိုးကအချိန်ကိုက်ရောက်လာတာပဲလို့ ဖုန်းကျို အိပ်ချင်မူတူးတွေးနေမိတယ်။ ထို့နောက် တဖြည်းဖြည်းနဲ့ မိုးသံတွေကိုနားထောင်ရင်း အိပ်မောကျသွားခဲ့တော့သည်။ ညသန်းခေါင်ကျော်လောက်ရောက်တော့ သူမရဲ့အိပ်ရာက ခါတိုင်းထက်ပိုပြီးကျဉ်းလာသလို ခံစားရတယ်။ ပြီးတော့ အိပ်ရာက စိုထိုင်းထိုင်းဖြစ်နေသလိုပဲ။ ဒီနေ့ည သူမသိပ်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမို့ အိပ်နေရာက ချက်ချင်းပဲနိုးလာခဲ့တယ်။ ကြည့်လိုက်တော့ အိပ်ရာရဲ့ခန်းဆီးလိုက်ကာဘေးမှာ ဖယောင်းတိုင်တစ်တိုင် မှိန်မှိန်လေးလင်းနေလေတယ်။

ပါးလွှာတဲ့လိုက်ကာတစ်ဖက်က ဖယောင်တိုင်မီးရဲ့အလင်းကြောင့် ဖုန်းကျို သူမဘေးကလူရဲ့ပုံသဏ္ဍန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လေ။ လက်စသတ်တော့ သူမအိပ်ရာဘေးတစ်ဖက်မှာ အရှင် Xize နေရာယူထားတာကိုး။ ချမ်းအေးမှုက သူ့ကိုဝန်းရံလို့ထားတယ်။ လှုပ်ရှားမှုကိုသတိပြုမိပြီး သူ့ရဲ့မျက်လုံးတွေ တဖြည်းဖြည်းဖွင့်လာခဲ့တယ်။ ခဏလောက် မှင်သက်နေပြီးနောက် သူဖုန်းကျိုကြည့်ကာ မေးလေတယ် "မင်းဒီမှာဘာလုပ်နေတာလဲ?"

ဖုန်းကျို သူ့ကိုတည့်တည့်ပြန်ကြည့်ပြီး ပြောလိုက်တယ် "ကျွန်မကရှင့်ကိုမေးရမှာ"

နားမလည်မှုအရိပ်အယောင်လေး Xize ရဲ့မျက်လုံးထဲမှာ ဖြစ်ပေါ်သွားလေတယ်။ သူမသန်းဝေရင်း ထပ်ပြောလိုက်တယ် "ဒါကျွန်မရဲ့အိပ်ရာ" ။ ဒီည Xize အရာအရာကိုတုံ့ပြန့်တာ ခါတိုင်းကထက် အနည်းငယ်နှေးကွေးနေသလိုပဲ "ရှင်အဆောင်ကိုအစောကြီးပြန်သွားတာ ဟုတ်တယ်မလား? တစ်နေ့လည်ခင်းလုံး ကျွန်မရှင့်ကိုဘယ်မှာမှရှာလို့မတွေ့ဘူး ရှင်အရှေ့ဆောင်မှာနေနေတာလား အနောက်ဆောင်မှာနေနေတာလား? ရှင်အခုကျွန်မအခန်းထဲရောက်နေတာ.. အိပ်ရင်းနဲ့ယောင်ပြီး အခန်းမှားဝင်လာတာမို့လား?"

Xize အချိန်အတန်ကြာ တိတ်ဆိတ်လို့နေသည် "ငါလမ်းလျှောက်ထွက်သွားတာ အချိန်ကိုသတိမထားမိလိုက်ဘူး ခုနလေးကမှပြန်ရောက်လာတာ မတော်တဆ မင်းအခန်းထဲကိုမှားဝင်မိတာဖြစ်မယ်"

ပြတင်းပေါက်အပြင်ဘက်မှာ မိုးသံတွေ လေသံတွေ ဆက်လက်အော်ညည်းဆဲပဲရှိသည်။ သူမ ညပုလဲလုံးကို အင်္ကျီလက်ထဲကမထုတ်ခင် အိပ်ရာပေါ်မှာ အတော်ကြာဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေခဲ့တယ်။ ရုတ်တရက် ပုလဲလုံးရဲ့အလင်းကြောင့် အခန်းတစ်ခုလုံး လင်းထိန်သွားလေတယ်။ ထိုအချိန်မှပဲ Xize တစ်ကိုယ်လုံး ရေတွေနဲ့စိုရွှဲနေတာကို ဖုန်းကျိုမြင်မိတော့တယ်။ သူလဲလျောင်းနေတဲ့နေရာက အိပ်ရာခင်းလဲ သူ့ကိုယ်ပေါ်ကအစိုဓာတ်နဲ့ အားလုံးရွှဲနစ်နေလေပြီ။

ဖုန်းကျို ခဏကြက်သေသေသွားတယ်။ လက်စသတ်တော့ Chacha က ဗေဒင်ဆရာတစ်ယောက်ကိုး။

သူမ Xize ရဲ့အေးခဲနေတဲ့လက်ချောင်းလေးတွေကို သွားစမ်းကြည့်လိုက်တယ်။ သူ့ရဲ့လက်ချောင်းတွေကိုကိုင်ရတာ နှင်းခဲတုံးကြီးကိုများ ကိုင်နေသလားမှတ်ရတယ်။

Page-262

ဖုန်းကျို အံကိုကြိတ်လိုက်တယ် "မိုးတွေဒီလောက်ရွာနေတာ မိုးခိုဖို့နေရာရှာတာပဲဖြစ်ဖြစ် အကာအကွယ်တံတိုင်းဖန်တီးတာပဲဖြစ်ဖြစ် ရှင်လုပ်ရမယ်မှန်းမသိဘူးလား?"

Xize အိပ်ချင်မူးတူး မျက်လုံးတွေကိုမှိတ်ထားလေတယ် "ငါအတွေးထဲမြောနေတာ မိုးကိုသတိမထားမိဘူး"

ဖုန်းကျို သူ့ကိုကျော်ခွပြီး အိပ်ရာပေါ်ကဆင်းဖို့ပြင်လိုက်တယ်။

ထိုအချိန်မှာပဲ Xize သူမလက်ကိုဆွဲလာလေတယ် "အတင်းအဖျင်းရှောင်ဖို့ ချက်ချင်းကြီးထသွားစရာမလိုပါဘူး" သူရဲ့အသံဟာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံ ပေါက်လို့နေတယ် "ငါဒီအခြေအနေနဲ့ မင်းကိုဘာများလုပ်နိုင်မှာမလို့လဲ"

ဖုန်းကျို သူ့ရဲ့ဖမ်းချုပ်ထားမှုကနေ ရုန်းထွက်လိုက်တယ်။

"မင်းကိုငါဘာမှမလုပ်ပါဘူး ငါနည်းနည်းခေါင်းမူးနေလို့ ခဏလောက်အဖော်ပြုပေးပါလား" (သုံဟွာအမြဲအဲ့လိုပဲ.. သူတစ်ခုခုနေမကောင်းရင်ပဲဖြစ်ဖြစ် ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် ဖုန်းကျိုကိုအမြဲဘေးမှာနေခိုင်းတယ်😆)

ဖုန်းကျို နားထင်ကသွေးကြောတွေပါ ဖောင်းလာလေတယ် "အတင်းအဖျင်းတွေ အဖော်ပြုတာတွေခဏထားပါအုန်း ရှင်မိုးထဲမှာနှစ်နာရီလုံးလုံးနေခဲ့တာ ရှင့်ခေါင်း မမူးဘဲနေမလား! ကျွန်မရှင့်အတွက် ရေစိမ်ဖို့ဇလားသွားပြင်လိုက်အုန်းမယ် ရှင်ထပြီးအင်္ကျီချွတ်နိုင်လို့ရှိရင် ချွတ်ပြီးကျွန်မကိုပေး ကိုယ်ကိုခဏစောင်နဲ့ပတ်ထားလိုက် တကယ်လို့မထနိုင်ဘူးဆိုလဲ မထနဲ့"

"ငါမထနိုင်ဘူး" သူပြန်ပြောလေတယ်။

မာရဘင်ရဲ့တစ်ဖက်ကနေ ဖုန်းကျို အင်္ကျီလက်တွေကို အပေါ်လိပ်တင်ပြီး ရေစိမ်ဖို့ဇလားပြင်ပေးနေရင်းက လှမ်းပြောလိုက်တယ် "ဒါဆိုလဲ ရှင်ဒီတိုင်းအင်္ကျီမချွတ်ဘဲနဲ့ ရေစိမ်လိုက်"

Xize ခဏလောက်စဉ်းစားနေပြီးမှ ပြန်ပြောလေတယ် "တကယ်တော့.. ငါအခုထနိုင်သွားပြီထင်တယ်" (အမျိုးမျိူးပဲ😒)

ဒီလိုမျိုးအချိန်မှာ မှော်ပညာကအသုံးဝင်လာတာပဲ။ ခုချိန် ညသန်းခေါင်ဆိုတော့ အစေခံလေးတွေအိပ်မောကျသွားကြပြီဆိုပေမယ့် သူမဘာသာသူ ရေပူဇလားပြင်တတ်သားပဲ။ ဖုန်းကျို ရေပူချိန်စမ်းဖို့ ရေထဲကိုလက်နှစ်ကြည့်လိုက်တယ်။ ထို့နောက် ဇလားပတ်ပတ်လည်ကို မာရဘင်နဲ့ကာပြီး သူမမျက်နှာကိုတံခါးဘက်သို့လှည့်ထားလျက် သူမအတွက်ထိုင်ဖို့ခွေးခြေခုံလေး နောက်ပြန်လှမ်းယူလိုက်တယ်။ ထို့နောက် Xize ကို ရေစိမ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလို့ပြောလိုက်တယ်။

ဝုန်းခနဲ၊ ဒုန်းခနဲအသံတွေနဲ့ ရေဗွမ်းခနဲအသံတွေ ဆက်တိုက်ကြားလို့အပြီးမှာ ဖုန်းကျို Xize ဘေးမှာရှိနေတဲ့ပရိဘောဂတွေကို ဝင်တိုက်မိတာလားလို့ တွေးမိတယ်။ ဒါပေမယ့် သူအခုချိန် အင်္ကျီဗလာဖြစ်နေမှာကို စဉ်းစားမိပြီး သူမရဲ့ပူပန်မှုကို စိတ်ထဲမှာပဲမြိုသိပ်လိုက်တယ်။ မာရဘင်နောက်က ရေသံတွေကြားခါမှ မာရဘင်နားမှာ ခွေးခြေခုံလေးကို ချထိုင်လိုက်တယ်။ ဒါမှ Xize တစ်ခုခုလိုတာရှိရင် သူမချက်ချင်းထလုပ်ပေးနိုင်မှာလေ။

Page-263

ဖုန်းကျို ကိုယ့်ပေါင်ကိုယ် အပျင်းပြေဆိတ်နေတုန်းမှာပဲ Xize မာရဘင်ရဲ့တစ်ဖက်ကနေ လှမ်းပြောလာခဲ့တယ် "ငါလမ်းလျှောက်ထွက်နေတုန်းက မင်းငါ့ဆီကိုပို့ခဲ့တဲ့စာအကြောင်းစဉ်းစားနေတာ"

"ဘာစာလဲ?"

ရေသံတွေ ရပ်သွားလေတယ် "Juno အပေါ်မှာထားတဲ့ Chen Ye ရဲ့ခံစားချက်တွေကို အတ်ာလေးစိတ်လှုပ်ရှားမိလို့ Lingshu စင်မှာ ငါ့နာမ်မည်ကိုသုံးပြီး သူ့ကိုကယ်ချင်တယ်ဆိုတဲ့အကြောင်း မင်းပြောထားတာလေ"

နောက်ဆုံးတော့ ဖုန်းကျို သူမ Xize ဆီကို တော်ဖီခဲတွေနဲ့ Chen Ye ရဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောထားတဲ့စာတစ်စောင်နဲ့ ပို့ခဲ့တဲ့အကြောင်းကို မှတ်မိသွားခဲ့တယ်။ သူမ စာပေပညာရှင်ဆန်ဆန် စာကြောင်းအနည်းငယ်ရေးထားခဲ့မှာပေါ့။ ဒါပေမယ့် ဘာတွေရေးခဲ့လဲဆိုတာတာ့ သူမ မမှတ်မိတော့ဘူး။ Xize ခုမှ ဒီအကြောင်းကို ဘာလို့လာပြောနေတာလဲလဲ သူမမသိဘူး။ ဖုန်းကျို ယောင်တိယောင်ဝါးပြန်ဖြေလိုက်တယ် "အာ.. အင်း ဟုတ်တယ်"

"ပထမတော့ မင်းငါ့ကိုညာလိမ့်မယ်မထင်လို့ ငါအဲ့ဒါကိုယုံခဲ့မိတယ်"

ဖုန်းကျိုရဲ့နှလုံး လည်ပင်းအထိရောက်သွားပြီလား မှတ်ရတယ်။ သူမက Aranya မဟုတ်ဘူးဆိုတာ၊ Mo Shao နဲ့ပေါင်းပြီးဟန်ဆောင်နေကြတာဆိုတာ သူသိသွားတာလား? ချွေးအေးတစ်စက် သူမနဖူးပေါ်မှာ စီးကျလို့လာတယ်။

Xize ဆက်ပြောပြန်တယ် "တကယ်က မင်းသူ့ကိုကြိုက်နေလို့ ကယ်ခဲ့တာပဲ" သူ့ရဲ့လေးနက်တဲ့အသံက မြူထဲမှာဝေဝါးနေသလို တကယ်ပြောနေတာလို့တောင် ထင်စရာမရှိဘူး။ ဖုန်းကျို စိတ်သက်သာရာရသွားတယ်။ လက်စသတ်တော့ သူစဉ်းစားနေတာဒါကိုး "ကျွန်မရှင့်ကိုမညာခဲ့ပါဘူး ရှင်အတွေးလွန်နေပြီ" သူမပြန်ပြောလိုက်တယ်။ သူမစိတ်သက်သာရာရနေတဲ့အတွက် သူမရဲ့အသံက ပေါ့ပါးလန်းဆန်းလို့နေတယ်။ သို့သော် Xize အတွက်တော့ သူမအသံက Chen Ye ဆိုတဲ့နာမည်ကို ပြောရုံနဲ့တင် အရမ်းပျော်နေသလို ထင်ရတယ်။

အခန်းလေးက တစ်ဖန်ထပ်ပြီးတိတ်ဆိတ်သွားပြန်သည်။

Xize အေးဆေးစွာမေးလာပြန်တယ် "မင်းသူ့ကို ဘယ်ချိန်တည်းကကြိုက်နေတာလဲ?" သူမဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ သူဆက်ပြောပြန်တယ် "သူမင်းကို Jiuqu လှောင်အိမ်က ကယ်ပေးခဲ့ပေမယ့် ငါကတော့လာမကယ်လို့လား? မင်းအန္တရာယ်နဲ့ကြုံတိုင်း မင်းကိုအမြဲလာကယ်ပေးတဲ့သူကိုလိုချင်လို့ အဲ့ဒီသူက သူလို့မင်းထင်တာလား?" 😢

Page-264

ဖုန်းကျို အနည်းငယ်ရှုပ်ထွေးသွားတယ်။ သူမတို့ကမိတ်ဆွေကောင်းတွေဆိုပြီး Xize ပဲသူမကိုပြောပြောနေပြီးတော့ ဒါ မိတ်ဆွေကောင်းတွေအချင်းချင်း ပြောသင့်တဲ့စကားလား? ပြီးတော့ သူမဆုံတွေ့ချင်တဲ့သူရဲ့အကြောင်းကို Mo Shao ကိုပဲပြောဖူးတာပါ။ အခုသူက သူမဘယ်လိုသူမျိုးကိုလိုချင်လဲဆိုတာကို ဘယ်လိုလုပ်ပြီးသိနေတာလဲ?

ဘဲသေတစ်ကောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုပြည့်နေသလိုပုံစံမျိုးနဲ့ ဖုန်းကျို Xize ကိုရှင်းပြဖို့အတွက် လည်ချောင်းကိုအရင်ရှင်းလိုက်တယ် "ရှင်ကကျွန်မရဲ့မိတ်ဆွေကောင်းပါ ကျွန်မအန္တရာယ်နဲ့ကြုံတာနဲ့ ရှင်က အရင်ဆုံးရောက်လာတဲ့သူ ဖြစ်စရာမလိုပါဘူး ရှင်လဲသိသားနဲ့.. ရှင်နဲ့ Chen Ye က တစ်ယောက်နဲ့တစ်ယောက် တူမှမတူတာ"

သူမ Xize ရဲ့တုံ့ပြန်မှုကိုစောင့်နေခဲ့တယ်။ သို့သော် မာရဘင်ရဲ့တစ်ဖက်မှာ တိတ်ဆိတ်မှုတွေပဲရှိနေခဲ့တယ်။ အချိန်တော်တော်ကြာစောင့်ပြီးသွားတဲ့အခါမှာ အဲ့လောက်ကြာတိတ်ဆိတ်မှုက ပုံမှန်မဟုတ်ဘူးလို့ ခံစားလာရတယ်။ ရေသံလေးဘာလေးတောင် သူမမကြားရတော့ ဖုန်းကျို ရုတ်တရက်လန့်လာခဲ့တယ်။ ခုနက သူခေါင်းမူးနေတယ်လို့ပြောတယ်။ ရေထဲမှာများ သူသတိလစ်သွားတာလား?

ဒီတစ်ခါတော့ သူမ Xize ကိုလျစ်လျူမရှုနိုင်တာနဲ့ အရှေ့ကိုခြေလှမ်း၃လှမ်း အလှမ်းကျဲကျဲလှမ်းသွားပြီး မာရဘင်အကျော်ကိုလှမ်းကြည့်လိုက်တယ်။ ခုနက အအေးဓာတ်ပျောက်အောင် ဇလားထဲကို သူမ ဂျင်းခြောက်နဲ့ speranskia ရွက်တွေထည့်ထားခဲ့တာမို့ ရေကအနည်းငယ်နောက်ကျိလို့နေတယ်။ သို့သော် ရေပြင်ပေါ်မှာ Xize တော့မရှိဘူး။

ဖုန်းကျို သူ့ကိုခေါ်ကြည့်တယ်။ ဘာမှပြန်ထူးမလာခဲ့ဘူး။ သူမတုန်တုန်ယင်ယင်နဲ့ ဇလားအနားကို တိုးကပ်သွားလိုက်တယ်။ သူမရဲ့အင်္ကျီလက်ကိုတောင် မခေါက်နိုင်ဘဲ လက်ကို ရေထဲနှစ်ပြီးစမ်းကြည့်လိုက်တဲ့အခါ မာကျောကျောအရာတစ်ခုကို သွားစမ်းမိလေတယ်။ ထိုအရာကို ရေထဲကနေဆွဲထုတ်လိုက်တဲ့အခါမှာ Xize ရေပြင်ပေါ်ကို ပြန်ပေါ်လာခဲ့တယ်။ ရေပြင်ပေါ်မှာ သူ့ရဲ့အပေါ်ကိုယ်တစ်ပိုင်းက အင်္ကျီဗလာဖြစ်လို့နေတယ်။ သူ့ရဲ့လက်တစ်ဖက်က သူမရဲ့ဆွဲကိုင်မှုကို ခံထားရပြီး အခြားလက်တစ်ဖက်က ရေစိုနေတဲ့ သူ့ရဲ့ငွေရောင်ဆံနွယ်တွေကို ဘေးကိုသပ်လို့ထားတယ်။ သူ သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလေတယ်။ ညပုလဲရဲ့ မှိန်ဖျော့ဖျော့အလင်းရောင်အောက်မှာ ရေစက်တွေဟာ သူ့ရဲ့ဗလာကိုယ်ပေါ်ကနေ အဆက်မပြတ် တတောက်တောက်စီးကျလို့နေတယ်။ ဖုန်းကျိုရဲ့မျက်လုံးတွေဟာ ပထမ သူ့ရဲ့ညှပ်ရိုး၊ ညှပ်ရိုးကနေ လည်ဇလုတ်၊ လည်ဇလုတ်ကနေ ထို့နောက် သူ့ရဲ့မျက်နှာဆီကို တဖြည်းဖြည်းဖြတ်သန်းသွားလေတယ်။ (ဖုန်းကျိုလဲမခေဘူး အခွင့်ရတုန်း ရသလောက်ကြည့်တာ😂) ဖုန်းကျို ရှက်သွေးဖြာနေတဲ့ သူမရဲ့ပါးကို ပုန်းကွယ်ဖို့ကြိုးစားရင်း တည်ငြိမ်နေတဲ့ပုံစံဖမ်းကာ မေးလိုက်တယ် "ကျွန်မကိုအဲ့လိုမခြောက်နဲ့ အောက်မှာဘာလုပ်နေတာလဲ?"

"စဉ်းစားနေတာ မင်းအရမ်းနားငြီးတာပဲ" (သူလိုချင်တာမရတော့ ချက်ချင်း😒)

သူ့လက်ကိုကိုင်ထားတဲ့ သူမရဲ့လက်လေးတောင် တောင့်တင်းသွားတယ်။ Xize သူမအပေါ်မှာ ခံစားချက်ရှိနေတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အခုသူ့ပြောတဲ့စကားက သူမကို မရေမရာဖြစ်စေတယ်။ သူမကပဲ သူ့ကိုတစ်ဖက်သတ်ကြိုက်နေတာလား? Xize ရဲ့အမူအရာတွေက အမြဲတမူထူးခြားလေ့ရှိတာဆိုပေမယ့် သူတကယ်ပဲ သူမအပေါ်ဘာခံစားချက်မှမရှိခဲ့ဘူးလား? ထိုအကြောင်းကို အရေးပေါ်တိုင်ပင်ဖို့ သူမရဲ့အချစ်အကြံပေး စစ်သည်တော်ရှောင်ရန်ကလဲ ဒီမှာမရှိ။ ဖုန်းကျို ခဏလောက်ကြောင်နေပြီးမှ ရှက်ကိုးရှက်ကန်းနဲ့ သူ့ရဲ့လက်ကို လွှတ်လိုက်တယ် "ကောင်းပြီလေ ရှင့်ဘာသာရှင် ဆက်ပြီးစဉ်းစားနေခဲ့ ရေစိမ်ပြီးရင် အင်္ကျီပြန်ဝတ်ပြီး အရှေ့ဆောင်ကိုလိုက်ခဲ့ ကျွန်မအဲ့ဒီကို ရှင့်အတွက်အခန်းပြင်ပေးဖို့ အရင်သွားနှင့်မယ်"

Page-265

သူမ သွားဖို့လှည့်လိုက်တယ်ဆိုရင်ပဲ သူမရဲ့လက်မောင်းကို ဆွဲထားခြင်းခံလိုက်ရတယ်။ သူမအနောက်ကနေ ချုပ်တည်းထားသလို အက်ကွဲကွဲအသံတစ်ခု ထွက်ပေါ်လာခဲ့တယ် "Chen Ye ကငါ့ထက်ကောင်းလို့လား?" ဖုန်းကျို နေရာမှာတင် မှင်တက်မိသွားတယ်။ သူ သူမကိုသံသယဝင်နေတာမဟုတ်ဘူးဆိုရင် သဝန်တိုနေတာပဲဖြစ်ရမယ်လို့ သူမတွေးခဲ့တာ။ ဒါပေမယ့် ဒီတစ်ခါတော့ သူမတကယ်ရှုပ်ထွေးသွားတယ်။ ဒါမှမဟုတ် သူ ဒီတိုင်းသဘောရိုးနဲ့ မေးနေတာများလား?? သူမခဏလောက်စဉ်းစားနေပြီးမှ ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ် "အဲ့လိုမျိုးတော့ ကျွန်မတစ်ခါမှမစဉ်းစားဖူးဘူး"

Chen Ye နဲ့ပတ်သက်ပြီး သူမ ဘယ်လိုမတော်တရော်အတွေးမျိုးမှ မရှိခဲ့ဖူးတော့ သေချာပေါက် Xize နဲ့သူ့ကို ဘယ်ယှဉ်ခဲ့ဖူးမလဲ? သို့ပေမယ့် Xize ရဲ့နားထဲမှာတော့ သူမရဲ့အဖြေက သူမက Chen Ye အပေါ်အရူးအမူးချစ်နေလို့ အခြားသူတွေက သူနဲ့နှိုင်းယှဉ်ဖို့တောင် မထိုက်တန်ဘူးဆိုတဲ့သဘောမျိုး ပေါက်နေခဲ့တယ်။ ပတ်ဝန်းကျင်က ခဏတာတိတ်ဆိတ်သွားလေတယ်။ အခန်းကတိတ်ဆိတ်လွန်းလို့ သူမတို့နှစ်ယောက်ရဲ့အသက်ရှူသံနဲ့ အပြင်မှာတိုက်နေတဲ့လေသံတွေကိုတောင် ကြားနေရတယ်။ ဘာကြောင့်မှန်းမသိ ဖုန်းကျိုအာခေါင်ခြောက်လာသလို ခံစားလာရတာနဲ့ သူ့ရဲ့ဖမ်းဆွဲထားမှုကနေ ရုန်းထွက်လိုက်တယ်။

ရုတ်တရက်ဆိုသလို အားတစ်ခုက သူမရဲ့လက်မောင်းပေါ် ကျရောက်လာခဲ့တယ်။ သေချာရပ်မထားတာကြောင့် သူမဟန်ချက်ပျက်ပြီး ဇလားထဲသို့ဝုန်းခနဲပြုတ်ကျကာ နေရာတိုင်းမှာ ရေတွေစင်ကုန်လေတယ်။ ထည့်ထားတဲ့ဆေးပင်တွေရဲ့အနံ့က သူမနှာခေါင်းတွင်းသို့ ဝင်ရောက်လာခဲ့တယ်။ ကြက်သီးနွေးနွေးရေတွေဟာ သူမရဲ့ဂါဝန်တွေထဲအထိစိမ့်ဝင်ပြီး အထဲမှာဝတ်ထားတဲ့ ဇာအပါးလေးပါစိုကာ သူမရဲ့ဖြူစွတ်နေတဲ့အသားလေးတွေပါ ပေကျံကုန်တော့သည်။ ဖုန်းကျို ကိုယ်ကိုအနည်းငယ်လှုပ်လိုက်တယ်။ ထိုအခါမှပဲ သူမ Xize ရဲ့ပေါင်ပေါ်မှာ ထိုင်နေမိပါလားဆိုတာ သတိရမိပြီး လန့်ဖြတ်သွားလေတယ်။ သူ့ရဲ့မျက်နှာဟာလဲ သူမနဲ့အတော်လေးနီးကပ်နေလေပြီ။

စိုရွှဲနေတဲ့ ငွေရောင်ဆံနွယ်တွေနဲ့ ရေစိုနေတဲ့မျက်နှာလေး.. ချောမောပြီး ဆွဲဆောင်မှုရှိလှတဲ့ ဒီယောကျာ်းပျိုဟာ ပုံမှန်ဆိုရင် သူ့ရဲ့လည်ပင်းကို မမြင်ရလောက်အောင်ကို လုံလုံခြုံခြုံဝတ်ထားလေ့ရှိတာ။ သို့ပေမယ့် ဒီအချိန်မှာ သူ့ရဲ့အပေါ်ကိုယ်တစ်ပိုင်းလုံးက ရေပေါ်မှာ အဝတ်ဗလာနဲ့ ဟာလာဟင်းလင်းဖြစ်လို့နေတယ်။ နက်နဲလှတဲ့ သူ့ရဲ့မျက်လုံးတွေက ဖြစ်ပေါ်ဖို့အစပျိုးနေတဲ့ မုန်တိုင်းတစ်ခုလိုပဲ။ သို့ပေမယ့် သူ့ရဲ့မျက်နှာအမူအရာကတော့ တည်ငြိမ်လို့နေတယ်။

ဖုန်းကျိုတစ်ယောက် စတော်ဘယ်ရီတစ်လုံးလို နီရဲနေလေပြီ။ သူ့ရဲ့ပေါင်ပေါ်မှာ ထိုင်မိသားဖြစ်နေလျက်က တုတ်တုတ်မျှတောင် လှုပ်ဖို့သတ္တိမရှိတော့။ ဒီလိုမျိုးအခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်းလဲ သူမမသိ။ လောလောဆယ် ဘာလုပ်လို့လုပ်ရမှန်းတောင် သူမမသိတော့။

Page-266

ထိုအချိန်မှာပဲ Xize ရဲ့အခြားလက်တစ်ဖက်က သူမရဲ့မျက်နှာဆီကို တိုးမြှောက်လာပြီး သူ သူမကို တီးတိုးမေးလေတယ် "Chen Ye က မင်းပျော်အောင် စကားချိုချိုလေးတွေ ပြောတတ်လို့လား? မင်းကလှတယ်၊ သဘောကောင်းတယ်၊ တော်တယ်လို့ သူပြောလို့လား?" သူ စကားခဏရပ်ပြီး သူမရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လို့နေတယ် "ငါကတော့ မင်းကြားချင်တဲ့စကားချိုချိုလေးတွေကို မပြောလို့လား? ဒါမှမဟုတ် မပြောတတ်လို့လား? ဒါပေမယ့် မင်းအပေါ်ထားတဲ့ ငါ့ရဲ့ခံစားချက်တွေကို မမြင်နိုင်ဘူးလား?" (ရစ်တယ်ကွာ ဒီလူကြီးတော့ အကုန်လိုက်ရစ်နေတာပဲ🤣)

ဖုန်းကျို အထစ်ထစ်နဲ့ "အင်း" လို့ပြန်ဖြေလိုက်တယ်။ နောက်စက္ကန့်ပိုင်းလောက်ကြာတော့ "အင်း" ဆိုပြီး ထပ်ပြောမိပြန်တယ်။

ပထမ 'အင်း' လို့ဖြေလိုက်ချိန်မှာ ရှုပ်ထွေးနေတဲ့ သူမရဲ့စိတ်တွေက သူ့ပြောတဲ့စကားတွေကို အပြည့်အဝနားမလည်မိသေးဘူး။ စက္ကန့်ပိုင်းလောက် စဉ်းစားပြီးတော့ ဖြစ်နိုင်ချေမှန်သမျှကိုစီစစ်ပြီး သူဘာကိုဆိုလိုတာလဲဆိုတာ နားလည်သွားခဲ့တယ်။ ဒါကြောင့်မို့ သူမဒုတိယဖြေတဲ့ 'အင်း' က အံ့အားသင့်မိသွားလို့ဖြေလိုက်တဲ့ 'အင်း' ပဲဖြစ်သည်။

သူ ဟိုဟိုဒီဒီကွေ့ပတ်နေပြီး နောက်ဆုံးမှ အဲ့ဒီဆိုလိုရင်းကိုရောက်ခဲ့တာပဲ။

ဖုန်းကျို ရင်ထဲကအတိုင်းမသိပျော်ရွှင်မှုတွေကို ထိန်းချုပ်ပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်တယ်။

"ငါအဲ့လောက်နောက်ကျသွားမယ်လို့ မထင်ခဲ့ဘူး" Xize ဆက်ပြောလေတယ် "မင်းငါ့ကိုမလိုချင်လောက်ဘူးလို့ ငါတစ်ခါမှမတွေးခဲ့မိဘူး" သူပြောတဲ့ပုံက သူမကပဲ တစ်ကမ္ဘာလုံးမှရှိသမျှ နာကျည်းမုန်းတီးမှုတွေကို သူ့အပေါ်ပုံချထားသလိုပုံစံနဲ့။

"အဲ့ဒါကြောင့် ရှင်သဝန်တိုလို့ မိုးရေထဲမှာနေနေတယ်ပေါ့?"

Xize မျက်နှာကျက်ကို မော့ကြည့်လို့နေတယ် "ငါဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ သူ့ကိုရှင်းပစ်လိုက်ရင်လဲ မင်းကဝမ်းနည်းအုန်းမယ်" (အဲ့ကြောင့်ပြောပါတယ် သုံဟွာသဝန်တိုရင်ကြောက်ဖို့ကောင်းပါတယ်လို့😣)

ဖုန်းကျို ဝမ်းသာလုံးဆို့ကာ ပြန်ပြောလိုက်တယ် "တော်သေးတာပေါ့ ကျွန်မဝမ်းနည်းမှာကိုထည့်စဉ်းစားပြီး Chen Ye ကို စိတ်လိုက်မာန်ပါသတ်မပစ်သေးလို့"

"မင်းငါ့ကိုနာကျင်အောင်လုပ်ပေမယ့် ငါကယောကျာ်းတစ်ယောက်ပဲ ငါမင်းကိုဘယ်လိုလုပ် ပြန်ပြီးနာကျင်အောင် လုပ်ရက်နိုင်မှာလဲ?" (အောင်မလေး လုပ်သာလုပ်ရက်ရင် ဖုန်းကျိုလဲသေတာကြာပြီ😅)

"ရှင်တစ်ခါလောက်ပြောင်းပြီး စကားကောင်းကောင်းလေးပြောလို့မရဘူးလား?"

"အဲ့တာစကားကောင်းကောင်းပဲလေ" Xize ပင်ပန်းစွာပြန်ပြောလေတယ်။

သူမတို့စကားများနေကြရင်း ဇလားထဲကရေတွေ ပြန်အေးလာခဲ့တယ်။ Xize အတွက်စိတ်ချရပြီမို့ ဖုန်းကျို ဇလားထဲကထဖို့ ပြင်လိုက်တယ်။ Xize ကတော့ ပင်ပန်းလို့ထင်ပါရဲ့ မျက်လုံးမှိတ်ကာ အနောက်ဇလားဘောင်ကို မှီလို့နေတယ်။ သူမကိုမတားတော့သလို ဘာမှလဲထပ်မပြောတော့ဘူး။

Page-267

ဖုန်းကျို ရေဇလားအပြင်ဘက်ကနေ Xize ကိုငုံ့ကြည့်နေမိတယ်။ သူမတို့ရဲ့နှစ်ယောက်ရဲ့ အရပ်အကွာက ရုတ်တရက် သူမကိုရဲဆေးတင်ပေးသလိုဖြစ်စေတယ်။ Xize ကြည့်ရတာ တကယ်သဝန်တိုနေတဲ့ပုံပဲ။ သူမသူ့အတွက် စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် သူ့ကိုဘယ်သူက အဲ့လောက်ထိခေါင်းမာဖို့ပြောလို့လဲ?

ရေကိုပြန်ပြီးနွေးအောင်လုပ်ရင်း သူမသူ့အနားကို တိုးတိုးတိတ်တိတ်တိုးကပ်သွားကာ သူ့နားနားကိုကပ်ပြောလိုက်တယ် "ရှင်အဲ့လောက်သဝန်တိုနေတာ ကျွန်မယုံတောင်မယုံနိုင်ဘူး ကျွန်မ Chen Ye ကိုကြိုက်တယ်လို့ ပြောဖူးလို့လား?"

Xize ရဲ့မျက်လုံးတွေ ပြန်ပွင့်လာခဲ့တယ်။

ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးနေသလို သူမ သူ့နဖူးကို အသာအယာပွတ်သပ်ပေးနေခဲ့တယ် "နေ့လည်ကအဲ့ဒီကိစ္စက ရှင်နားလည်မှုလွဲရုံသက်သက်ပဲ ကျွန်မရှင့်ကိုကြိုက်နေတာ ဘယ်လိုလုပ်ရှင့်ကိုမလိုချင်ဘဲနေမလဲ?" သူမ ရင်ထဲမှာကြည်နူးပြီး သူ့ပါးလေးကို အနမ်းတစ်ချက်ပေးလိုက်တယ်။ Xize ဘာမှပြန်ပြီးမတုံ့ပြန်နိုင်ခင်မှာပဲ ရုတ်တရက် သူမနှာချေမိသွားတယ်။ အဲ့ဒီအချိန်မှပဲ သူမရဲ့အဝတ်အစားတွေအကုန်လုံး စိုရွှဲနေတာသတိထားမိပြီး ချမ်းအေးမှုက သူမရဲ့အရေပြားထဲကို စတင်စိမ့်ဝင်လာခဲ့တယ်။ သူမ ချက်ချင်းပဲ အဝတ်အစားလဲဖို့ မာရဘင်နောက်ကို ထွက်ခဲ့တော့တယ်။

ဒီညမှ ဖုန်းကျို ကိုယ့်ကိုကိုယ် ပိုပြီးသဘောကျချီးကျူးမိလို့နေတယ်။ သူမ မပင်မပန်းနဲ့ Xize ရဲ့နှလုံးသားကို ရယူနိုင်ခဲ့ပြီလေ။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူမရဲ့နည်းစနစ်တွေက နှစ် ၂၀၀၀ ကျော်လောက်လေ့ကျင့်ပြီးတဲ့အခါမှာ ပိုပြီးတိုးတက်လာတာပဲ။

သို့သော် သူမခေါင်းစားနေတာ တစ်ခုတော့ရှိတယ်။ သူမ ခုလို Aranya အဖြစ်ဟန်ဆောင်နေတာ ခဏတာပဲလေ။ သူမရဲ့တစ်ဘဝလုံး ဒီလိုနေထိုင်သွားလို့မှ မရတာ။ ပြီးတော့ Xize ကလဲ ဒီကမ္ဘာထဲကဆိုတော့ သူမ ဘယ်လိုလုပ်ပြီး သူ့ကိုအပြင်ခေါ်ထုတ်ရမလဲ? သူကရော သူမနဲ့အတူ ထွက်သွားချင်ပါ့မလား?

ခဏတာ တွေးတောကြည့်ပြီးတဲ့နောက်မှာ အဲ့ဒီကိစ္စတွေက ချက်ချင်းအရေးကြီးတာမှမဟုတ်တာ၊ ဖြေးဖြေးချင်း အချိန်ယူစဉ်းစားလဲ ရပါတယ်လို့တွေးလိုက်တယ်။ သူမ သီချင်းလေးညည်းကာ Xize ကြောင့်စိုထိုင်းသွားတဲ့ အိပ်ရာခင်းတွေကို လဲနေခဲ့တယ်။ အခုဆို သူမတို့နှစ်ယောက် နားလည်မှုရသွားကြပြီမလို့ ဘယ်သူမှ အရှေ့ဆောင်ကို သွားအိပ်စရာမလိုတော့ဘူး။ ပြီးတော့ Xize ကလဲ ခေါင်းမူးနေတာမလား? နှစ်ယောက်စလုံး ဒီမှာပဲနေရင်ဖြစ်သားပဲ။ ခါတိုင်းကလို အိပ်ရာဘေးမှာ ကုတင်ငယ်လေးတစ်လုံး ထားအိပ်မယ်လေ။

Page-268

Xize ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးသန့်ရှင်းဖို့လိုအုန်းမယ်ထင်တယ်။ သူမ ညပုလဲလုံးကိုပြန်သိမ်းပြီး Xize အတွက် မာရဘင်နားမှာ ဖယောင်းတိုင်တစ်တိုင် ထွန်းပေးလိုက်တယ်။ အချိန်က ညကြီးမင်းကြီးလဲဖြစ်တော့ Xize ဇလားထဲကထွက်လာရင် သူမ ရှက်ပြီးအနေရခက်နေမှာသေချာတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတာနဲ့ ကုတင်ငယ်လေးပေါ်တက်နှင့်ပြီး အိပ်ချင်ယောင်ဆောင်နေဖို့ ဆုံးဖြတ်လိုက်တယ်။ (သုံဟွာ့စက်ကွင်းက လွတ်မယ်ထင်တယ်ပေါ့😆)

အိပ်ချင်ယောင်ဆောင်တယ်ဆိုတာ သူမရဲ့ကျွမ်းကျင်မှုတစ်ခုလေ။

မကြာခင်မှာပဲ အနားကိုနီးကပ်လာတဲ့ခြေသံတွေကို ကြားလိုက်ရတယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ဖယောင်းတိုင် မီးငြိမ်းလို့သွားပြီး သူမရဲ့ကုတင်ငယ်လေးဟာလဲ ပိုပြီးကျဉ်းလို့လာခဲ့တယ်။ ရေစိမ်ပြီးသွားတာတောင် Xize သူမအိပ်ရာကို လုယူဖို့ကြိုးစားတုန်းပဲ။ (မရက်ရောလိုက်တာဟယ် ဟိုဘက်နည်းနည်းတိုးပေး ဘာဖြစ်မှာကျ🙄မင်မင်သာဆိုရင် တိုးပေးလိုက်မှာ😌) အိပ်ရာက စိုထိုင်းပြီးနွေးလာသလို ခံစားရတယ်။ ကြည့်ရတာ ရေနွေးငွေ့တွေက ဆေးရွက်နံ့တွေနဲ့ အဖြူရောင်စန္ဒာကူးနံ့တွေနဲ့ရောပြီး အိပ်ရာအထိပျံ့လာတာထင်တယ်။ မသိရင် အခန်းထဲမှာ စွဲပြီးကျန်နေတဲ့ရနံ့တစ်ခုလိုပဲ။

ဖုန်းကျို စောင်ကိုလိမ်ကာ စဉ်းစားရကျပ်လို့နေသည်။ သူမဆက်ပြီးပဲအိပ်ချင်ယောင်ဆောင်ရမလား? ဒါမှမဟုတ် Xize ကို သူမဟိုဘက်အိပ်ရာကို နွေးအောင်လုပ်ပေးထားပြီးပြီ၊ အဲ့ဒီမှာသွားအိပ်လို့ပြောရင်ပဲကောင်းမလား?

ကံကောင်းစွာနဲ့ Xize ဆီက ဘာထူးထူးခြားခြားလှုပ်ရှားမှုမှ မရှိလာခဲ့ဘူး။ သူမခြုံနေတဲ့စောင်တစ်ခြမ်းကို သူ့ကိုယ်ပေါ်မှာဆွဲခြုံပြီး သူမကိုတီးတိုးပြောလေတယ် "Chen Ye ပေါ်မှာ ဘာခံစားချက်မှမရှိဘူးဆိုရင်လဲ နေ့လည်တုန်းက မင်းဘာဖြစ်လို့အဲ့လိုစကားတွေပြောခဲ့တာလဲ?"

ဖုန်းကျို တိတ်တဆိတ်သက်ပြင်းချလိုက်တယ် 'အဲ့လောက်တိုက်ရိုက်ကြီးမေးရသလား ဒါပေမယ့် စိတ်မကောင်းပါဘူး ကျွန်မအိပ်ပျော်နေပြီ'

Xize သူမပုခုံးပေါ်ကို လက်တင်ပြီး အင်မတန်မှညင်သာပျော့ပျောင်းတဲ့အသံနဲ့ ပြောလာခဲ့တယ် "အဲ့လိုအိပ်ချင်ယောင်ဆောင်ရင် ဘာဖြစ်မလဲသိချင်လား?"

"အဲ့တာ ရှင့်ကိုရန်စဖို့ ကျွန်မနဲ့ Chen Ye ဟန်ဆောင်နေတာ ရှင်အဲ့တာကြောင့်စိတ်ဆိုးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး"

သူမလိမ်ပြောလိုက်တယ်ဆိုပေမယ့် သူ့ကိုအမှန်တိုင်းပြောဖို့က အချိန်မတိုင်သေးဘူးလေ။ ပြီးတော့ Xize ကလဲ သူမရဲ့လိမ်ဆင်ကို ယုံသွားပုံရတယ်။

Xize ရဲ့သဝန်တိုမှုက သူမကိုကြင်နာနူးညံ့စေတာ အမှန်ပဲ။ ဘေးကကြည့်ရင် ရယ်စရာတော့အကောင်းသား။ သူမသူ့ကိုစလိုက်တယ် "အဲ့ဒီကိစ္စလေးကြောင့်နဲ့ ရှင်အဲ့လောက်ထိသဝန်တိုသွားခဲ့တယ်ဆိုရင် နောက်တစ်ခါ အခြားတစ်ယောက်ယောက်က ကျွန်မကိုစကားလာပြောရင်လဲ ရှင်သဝန်တိုအုန်းမှာလား? သည်းခံခြင်းဆိုတာ အလေ့အထကောင်းတစ်ခုပဲ ရှင်အဲ့တာကိုသင်ယူရအုန်းမယ်"

ထိုအချိန်မှာပဲ လက်တစ်ဖက်ဟာ ကြားထဲကစောင်ကိုဖြတ်ပြီး သူမပါးကိုလာထိလေတယ်။ Xize ငြင်သာစွာသက်ပြင်းချလေ၏ "ငါအခုချိန်မှသဝန်မတိုရင် အရမ်းနောက်ကျသွားလိမ့်မယ်"

Page-269

ဖုန်းကျို ခဏတာနှုတ်ဆိတ်သွားတယ်။ သူမမျက်နှာမှာ အပူငွေ့တွေခံစားနေရသည်။

ကြည်နူးစရာကောင်းတဲ့ တိတ်ဆိတ်မှုတစ်ခုပါပဲ။

သူမ သတိမမူမိဘဲ တစ်ဖက်သို့လှည့်လိုက်သလိုပုံစံနဲ့ Xize ကိုကျောပေးကာ တစ်ခြားဘက်သို့လှည့်လိုက်တယ် "ဘယ်လိုလုပ်နောက်ကျမှာလဲ? ကျွန်မရှင့်ကို ဇာတ်လမ်းဟောင်းတစ်ပုဒ်ပြောပြမယ် အဲ့ဒါမှ ရှင်ကျွန်မဆီက သင်ယူဖို့လိုတယ်ဆိုတာ သိလာလိမ့်မယ်"

သူမ လည်ချောင်းရှင်းကာ ပုံပြောသူတစ်ယောက်ရဲ့အသံမျိုး ဖမ်းလိုက်တယ် "ရှင်မတိုင်ခင်တုန်းက ကျွန်မလူတစ်ယောက်ကိုချစ်ဖူးတယ် Yueling ပန်းတွေသွားကြည့်တုန်းက ကျွန်မရှင့်ကိုပြောခဲ့ဖူးပါတယ် ကျွန်မဘာပြောနေလဲ ရှင်သိမှာပါ သူ့ဘေးနားမှာနေခွင့်ရဖို့ ကျွန်မအိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် ဟန်ဆောင်ခဲ့တယ် ပထမတော့ သူကျွန်မအပေါ် အရမ်းကောင်းပါတယ် ဒါပေမယ့် သူ့နဲ့စေ့စပ်ထားတဲ့မိန်းကလေးရောက်လာတော့ အခြေအနေတွေက ကွာခြားကုန်တယ် အဲ့ဒီမိန်းကလေးကလဲ ကျွန်မအပေါ်မှာမကြည်ဘူး သူမရဲ့အချစ်တော်တိရစ္ဆာန်ကလဲ ကျွန်မပေါ်မှာမကြည်ဘူး ဒီလိုနဲ့ နောက်တော့ သူလဲ သူတို့ဘက်ပါသွားတာပဲ ဒါပေမယ့် အဲ့လောက်အခြေအနေထိ ရောက်သွားတာတောင် ကျွန်မသူ့ကိုချစ်လွန်းလို့ တစ်ခါမှနောက်ကျတယ်လို့ မတွေးခဲ့ဘူး"

အတိတ်ကအကြောင်းတွေ ပြောလို့ပြီးသွားတော့ သူမနောင်တတွေနဲ့ တိတ်ဆိတ်သွားလေတယ်။ ထို့နောက် ချောင်းဟန့်ကာ ဘေးမှာလှဲနေတဲ့ Xize ကိုဆူလိုက်တယ် "ကျွန်မကံမကောင်းခဲ့ဘူးဆိုပေမယ့် အများကြီးသင်ယူလိုက်ရပါတယ် ရှင်သဝန်တိုနေတဲ့အချိန်မှာ ကျွန်မလိုက်ရှာခဲ့တယ် ရှင်မိုးမိတဲ့အချိန်မှာ ကျွန်မရေစိမ်ဖို့ပြင်ပေးခဲ့တယ် အဲ့ဒါကိုနောက်ကျပြီလို့ ဘယ်လိုလုပ်ပြောနိုင်တာလဲ? ကျွန်မ..."

သူမပြောနေတုန်းတန်းလန်း Xize အနောက်ကနေ လှမ်းဖက်လာတဲ့အတွက် ကျန်တဲ့စကားတွေကို ပြန်မြိုသိပ်လိုက်ရတယ်။ သူ တီးတိုးလေးကပ်ပြောလာခဲ့တယ် "အဲ့ဒီကောင်က အယုတ်တမာကောင်ပဲ" (ကိုယ့်ကိုယ်တော့သိသားပဲ😪)

ဖုန်းကျို အံ့သြလွန်းလို့ ဘာပြန်ပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။

ဒီည သူ့ရဲ့အပြုအမူတွေက ဘာလို့ထူးထူးဆန်းဆန်းနူးညံ့နေမှန်း သူမမသိဘူး။ သူ သူမကို လုံးဝအဆုံးရှုံးမခံနိုင်တဲ့ရတနာတစ်ခုလို သူ့ရဲ့ရင်ခွင်ထဲမှာ တင်းကျင်စွာထွေးပွေ့ထားခဲ့တယ်။

အပြင်ဘက်မှာ မိုးသက်မုန်တိုင်းတွေ ပြင်းထန်လို့နေ၏။ သူ့ရဲ့ထွေးပွေ့ထားမှုက အချိန်အတော်ကြာနေပြီဖြစ်သည်။ ဒီည ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သူမမတွေးမိတာတော့မဟုတ်ဘူး။ သူမ Xize ကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး အရမ်းကြိုက်ပေမယ့် အဲ့ဒီလင်မယားအဖြစ်အထမြောက်ခြင်းဆိုတဲ့အရာကြီးကိုတော့ နည်းနည်းကြောက်တုန်းပဲ။

Page-269

အခန်းထဲမှာ သူမတို့နှစ်ယောက်ရဲ့ အသက်ရှူသံကလွဲပြီး အရာရာတိတ်ဆိတ်လို့နေ၏။ ခဏလောက်ကြာတော့ သူမရဲ့ဆံနွယ်တွေကို အသာအယာပွတ်သပ်လာတဲ့ လက်တစ်ဖက်ကို ခံစားလိုက်ရတယ်။ (စပြီ ရေခဲတုံးကြီးစလှုပ်ရှားပြီ😆)

ခုတလော ညညဆို သူမစောင်ကိုထူထူခြုံပြီး ဂါဝန်ကိုပါးပါးလေးဝတ်အိပ်လေ့ရှိတာမို့ ပထမတော့ ညဝတ်အင်္ကျီပါးလေးပဲ ဝတ်မလို့ပဲ။ ဒါပေမယ့် အခန်းထဲမှာ Xize လဲရှိသေးတယ်ဆိုတာကို ထည့်စဉ်းစားပြီး ညဝတ်အင်္ကျီပါးပေါ်မှာ ခရမ်းရောင်ဝတ်ရုံပါးတစ်ထည်ကို ထပ်ဝတ်ထားခဲ့တယ်။

ဒီအချိန်မှာ Xize ရဲ့လက်ကလှုပ်ရှားမှုကြောင့် သူမရဲ့ဂါဝန်ရော၊ ဝတ်ရုံရောနှစ်ခုစလုံး သူမရဲ့ပုခုံးပေါ်က လျော့ရဲကျလာခဲ့တယ်။ အဝတ်လစ်ဟင်းသွားတဲ့နေရာမှာ ချမ်းအေးမှုကြောင့် သူမအနည်းငယ်တုန်ယင်လာလေတယ်။ သူမရဲ့အင်္ကျီဗလာဖြစ်နေတဲ့ ပုခုံးပေါ်မှာ Xize အနမ်းလေးပေးပြီး တဖြည်းဖြည်းနဲ့ သူမရဲ့ညှပ်ရိုးဆီသို့ ရွေ့လျားလာခဲ့တယ်။ သူ သူမအနားကိုပိုပြီးတိုးကပ်လာတာနဲ့အမျှ အဖြူရောင်စန္ဒာကူးနံ့လေးကလဲ တစနဲ့တစ ပိုပြီးသင်းပျံ့လာခဲ့လေသည်။

အခန်းတစ်ခုလုံး ပိန်းပိတ်မှောင်နေသော်ငြား သူ့ရဲ့လက်တွေကတော့ သူမရှိရာဆီ ဖြေးဖြေးမှန်မှန်ချဉ်းကပ်လာတုန်းပဲ။ ထိုလက်တွေကပဲ သူမရဲ့အင်္ကျီကြိုး၊ သူမရဲ့အတွင်းဝတ် တစ်လွှာပြီးတစ်လွှာကိုဖြည်ချလိုက်တယ်။ နောက်တော့ ရေချိုးပြီးစမှာရတဲ့ ထူးခြားတဲ့ခံစားချက်လိုအနွေးဓာတ်မျိုးနဲ့ နူးညံ့တဲ့သူမရဲ့အသားပြင်တွေကို ပွတ်သပ်ကျီစယ်လာတော့တယ်။

သူ့ရဲ့လက်ချောင်းထိပ်လေးတွေဟာ စကားလုံးလေးတွေကို စာစီနေသလို၊ ပေလွှာထက်မှာ ပန်းချီကားတစ်ချပ်ကို ခြယ်မှုန်းနေသလို၊ လှပတဲ့တေးတစ်ပုဒ်ကို တီးခတ်နေသလို.. ငြင်သာသိမ်မွေ့စွာလှုပ်ရှားနေပုံက အင်မတန်မှကိုကြော့ရှင်းပြီး စွဲမက်ဖွယ်ကောင်းလွန်းလှတယ်။

သူမအဖြစ်က မီးလင်းဖိုပေါ်မှာ ပွက်ပွက်ဆူအောင်အပူပေးခံနေရသလိုပဲ။ အပူချိန်ကို တောင့်ခံလေလေ သူမရဲ့အသွေးအသားတွေက တစ်စထက်တစ်စ ပိုပြီးပွက်ပွက်ဆူလာလေဖြစ်သည်။ မခံနိုင်တော့တဲ့အဆုံး အသက်ရှူသံတွေတောင် မူမမှန်ဖြစ်လာခဲ့တော့တယ်။ ခြေဦးတည့်ရာလျှောက်သွားနေတဲ့ သူ့ရဲ့လက်ချောင်းတွေကို ရပ်တန့်ဖို့ကြိုးစားလိုက်ပေမယ့် သူ့လက်ကိုဖမ်းဆုပ်လိုက်တဲ့ သူမရဲ့လက်တွေက အံသြဖွယ်ကောင်းလောက်အောင်ကို အားအင်တွေပျောက်ဆုံးလို့နေတယ်။

ဒီညသူ့ရဲ့အပြုအမူတွေက သူမမျှော်မှန်းထားတာထက် အဆမတန်ကျော်လွန်လို့နေပြီ။ ငြင်းဆန်ဖို့တွက် အသံကိုမြှင့်လိုက်ပေမဲ့ သူ့ရဲ့နာမည်ကို ခပ်တိုးတိုးခေါ်ပြီးတာနဲ့တစ်ပြိုင်နက် သူမရဲ့နှုတ်ခမ်းတွေ ပိတ်ပင်ခြင်းခံလိုက်ရတယ်။ ဒီအချိန်မှာတော့ အသွေးအသားတွေတင် ဆူပွက်ရုံသာမက သူမရဲ့ဦးနှောက်တစ်ခုလုံးပါ ကျိုက်ကျိုက်ဆူနေလေပြီ။ သူမတို့ကြားမှာ ရှိဖူးသမျှအနမ်းတွေအားလုံးကို သူမမှတ်မိပါတယ်။ ဒါပေမယ့် ဘယ်အနမ်းမှ ဒီလိုမျိုးမဟုတ်ဘူး။

သူမရဲ့လက်တစ်ဖက်က သူ့ရင်ဘတ်ကို တွန်းကန်ထားပြီး ကျန်တစ်ဖက်က သူ့ပုခုံးကို ကိုင်လို့ထားတယ်။ မူးမေ့မတတ်အနမ်းခံနေရပေမယ့် တစ်ချိန်တည်းမှာလဲ ဒီညသူ့ရဲ့အဝတ်အစားတွေ အတော်လေးလျော့ရဲနေတယ်လို့ သူမကိုယ်သူမတွေးနေမိတယ်။

Page-271

သူ့ရဲ့ရင်ဘတ်က နွေးထွေးနေပေမယ့် အမာရွတ်တစ်ချို့ရှိနေသလို ချောတော့မချောမွေ့လှဘူး။ သူမ သူ့ပုခုံးကို သတိမမူမိဘဲပွေ့ဖက်ထားမှုက သူမရဲ့ခါးအောက်ပိုင်းအား သူ့ရဲ့ညင်သာစွာပွတ်သပ်မှုတွေကို ပိုပြီးအားပြင်းအောင် လှုံ့ဆော်ပေးနေသလို ဖြစ်နေတယ်။ တစ်ချိန်တည်းမှာလဲ သူ့ရဲ့အနမ်းတွေဟာ ပိုပြီးနက်ရှိုင်းလာခဲ့တယ်။

နောက်ဆုံးတော့ မညီညာတဲ့အသက်ရှူသံတွေကြားမှာ သာယာမှုအရိပ်အယောင်လေးတစ်ခု စတင်ပေါ်ပေါက်လာခဲ့တယ်။ ခုနတုန်းက သူမသူ့ကို ဘာလို့တွန်းပစ်ချင်ခဲ့တာပါလိမ့်လို့တောင် စတင်သံသယဝင်လာခဲ့တယ်။ သို့ပေမယ် ဘာဖြစ်လို့လဲအဖြေကိုတော့ စဉ်းစားလို့မရခဲ့ဘူး။ တစ်ကြိမ်ထက်တစ်ကြိမ် သူ့ရဲ့အနမ်းတွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာပဲ သူမသိတော့တယ်။ ကျွမ်းလောင်နေတဲ့ သူ့မရဲ့အသွေးအသားတွေက နောက်ဆုံးတော့ ထွက်ပေါက်ရှာတွေ့သွားခဲ့ပြီထင်ပါရဲ့။ သူမရဲ့အဝတ်အစားတွေအားလုံး ပြောင်ရှင်းသွားတဲ့ချိန်မှာတော့ သူမရဲ့အဝတ်ဗလာဖြစ်နေတဲ့ခန္ဓာကိုယ်နဲ့ သူ့ရဲ့အဝတ်ဗလာဖြစ်နေတဲ့ခန္ဓာကိုယ်တို့ အချင်းချင်းပွတ်သပ်မှုက ပိုပြီးနူးညံ့နွေးထွေးလာခဲ့ပြီး သူမကိုစိတ်သက်သာရာရစေခဲ့သည်။

Page-272

အရင်တုန်းက ဒီလိုအရာမျိုးက အရမ်းကြောက်ဖို့ကောင်းတယ်လို့ သူမကြားဖူးခဲ့တာ။ ဒါပေမယ့် အခုလက်တွေ့ကြုံရတော့လဲ အဲ့လောက်ထိကြောက်ဖို့မကောင်းပါဘူး။ ငွေရောင်ဆံနွယ်နဲ့ယောကျာ်းပျိုရဲ့အနမ်းတွေက သာယာကျေနပ်ဖို့ကောင်းတယ်ဆိုတာ ထင်ရှားပါတယ်။

ဆက်ပြီးဘာတွေဖြစ်လာအုန်းမလဲ သူမမသိဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ မလွဲမသွေကြုံရမယ့်အရာပဲလေ။ သူမဒီလိုမျိုး စိတ်ကိုကြိုတင်ပြင်ဆင်ထားတာတောင် သူ သူမကိုယ်ထဲကို ဝင်ရောက်လာတဲ့အချိန်မှာ သူမအံ့သြထိတ်လန့်သွားခဲ့သေးတယ်။

မညီမညာဖြစ်နေတဲ့ သူ့ရဲ့အသံရှူတွေက သူမနားနားမှာ ရစ်ဝဲလို့နေ၏။ နူးညံ့တဲ့နာကျင်မှုလေးတစ်ခု သူမကိုယ်မှာပေါက်ဖွားလို့လာသည်။ အထိန်းအချုပ်ကင်းမဲ့နေတဲ့ သူ့ရဲ့လက်တွေဟာ သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ခြေဦးတည့်ရာလိုက်မီးမွှေးနေပြီး သူ့ရဲ့ရွေ့လျားမှုတစ်ခုတိုင်း သူ့ရဲ့အနမ်းတွေက ပိုပြီးနက်ရှိုင်းလို့လာသည်။

သူမရဲ့နာကျင်မှုတောင် သူ့ရဲ့ပွတ်သပ်မှုတွေ၊ အနမ်းတွေအောက်မှာ လျော့ပါးပျောက်ကွယ်သွားပုံရတယ်။ သူ ချွေးစို့နေတဲ့သူ့ရဲ့နဖူးကို သူမနဖူးပေါ်မှာထိကပ်လာပြီး မေးလေတယ် "နာလား?" မုန်တိုင်းမလာခင်တိုက်တဲ့ လေပြင်းတစ်ခုလို နက်ရှိုင်းလှတဲ့သူ့ရဲ့အသံကြောင့် သူမရင်တွေတောင် တလှပ်လှပ်ဖြစ်သွားသလိုပဲ။

သူမ ခေါင်းငြိမ့်ပြလိုက်တယ်။ သူ့ပုခုံးထက်မှာ သတိမမူမိစွာသိုင်းဖက်ထားတဲ့ သူမရဲ့လက်တွေနဲ့ သူမသူ့ကို တင်းကျပ်စွာဖက်ပြီး သူ့နားနားကိုတိုးကာကပ်ပြောလိုက်တယ် "နည်းနည်းပါ ရှင်မိုးမိထားတာ ခေါင်းမမူးဘူးလား?"

သူ သူမရဲ့ခါးကိုပွေ့ဖက်ထားလျက်က အက်ကွဲကွဲအသံနဲ့ ပြန်ဖြေလာခဲ့တယ် "ငါဂရုမစိုက်ဘူး"

တစ်ညလုံး မိုးသည်းထန်စွာရွာပြီးတဲ့နောက်မှာတော့ နောက်တစ်နေ့မနက်မှာ ကောင်းကင်တစ်လုံး ကြည်လင်သာယာလို့နေသည်။ ဖုန်းကျိုတစ်ယောက် စောင်ကိုကိုယ်မှာပတ်ကာ အိပ်ရာရဲ့တစ်ဖက်မှာ ပြတင်းတံခါးကိုမှီလျက်ထိုင်နေ၏။ ယောကျာ်းပျိုကတော့ ခါးမှာပိုးဝတ်ရုံတစ်ခုခြုံလျက် အိပ်ရာပေါ်မှာ တစောင်းအိပ်နေလေသည်။ မနက်ခင်းရဲ့နေရောင်က ခေါင်းအုံးပေါ်မှာ ပျံ့ကျဲနေတဲ့ သူ့ရဲ့ငွေရောင်ဆံနွယ်ရှည်တွေပေါ်ကို ကျရောက်ကာအလင်းပြန်နေတဲ့အတွက်ကြောင့် ချောမောလှတဲ့သူ့ရဲ့မျက်နှာလေးက ခါတိုင်းကထက် ပိုပြီးထင်းပေါ်လို့နေ၏။ ဖုန်းကျို ငေးကြည့်နေရင်း ရှက်သွေးတွေဖြာလာလေသည်။

အဟမ်း.. ညတုန်းက သူမနဲ့ Xize တို့ လင်မယားအဖြစ် အထမြောက်ခဲ့ကြတယ်ပေါ့နော်။ ထင်သလောက်လဲ ကြောက်ဖို့မကောင်းပါဘူး။ ပထမတော့ နာတာမှန်ပေမယ့် ရန်ပွဲတွေ၊ တိုက်ပွဲတွေကရတဲ့ ဒဏ်ရာတွေနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူး။ နောက်တော့လဲ အဲ့ဒီနာကျင်မှုက တဖြည်းဖြည်းပျောက်ကွယ်သွားတာပဲလေ။ သူမအနည်းငယ်ညည်းခဲ့မိတာတော့ ဝိုးတဝါးမှတ်မိတယ်။ ဒါပေမယ့် အဲ့တာ နာကျင်မှုကြောင့်ဖြစ်တာတော့မဟုတ်ဘူး။ သူမက ရိုးသားတဲ့ချင်းချူပြည်နယ်ကသူတစ်ယောက်ပဲ။ အဲ့ဒီအကြောင်းက ပြောဖို့မသင့်တော်ဘူး။ ဟိုအရင် သူမ သုံဟွာသီကျွင်းအတွက်ကြောင့်နဲ့ တတ်နိုင်သမျှဖြူစင်အောင်နေခဲ့တဲ့အကြောင်းက သူမရဲ့မျိုးနွယ်စုထဲမှာ ပိုပြီးတောင်ရှက်ဖို့ကောင်းသေးတယ်။

Page-273

သူမအမြင်မှာ Xize နဲ့ခုလို လင်မယားအရာအမြောက်လိုက်တာ ကောင်းတယ်လို့ထင်တယ်။ သူမ Xize ကိုကြိုက်တယ်၊ Xize ကလဲ သူမကိုကြိုက်တယ် ဒါဘာမှမမှားဘူး။ အနည်းငယ်ရုတ်တရက်ဆန်သွားဆိုပေမယ့် ဒါလဲဘာမှကိစ္စမရှိဘူး။ အမှန်တွေသာ ပေါ်လာခဲ့ရင် Xize သူမနဲ့ အပြင်ကမ္ဘာကိုလိုက်ခဲ့ပါ့မလားလို့ စိုးရိမ်နေတာ။ အခု သူမရဲ့အားလုံးကို သူအသားယူပြီးသွားပြီဆိုတော့ သူ မလိုက်ဘဲနေလို့မရတော့ဘူးလေ။ ထိုအတွေးနဲ့ သူမအားတက်သွားတယ်။

ဒီလူက သူမလူပဲ။

သူမ အားတက်မှုတွေအပြည့်နဲ့ မှီကာထိုင်နေရင်းက ပိုးဖဲကြိုးတွေကို တကျစ်ကျစ်အသံမြည်အောင် လုပ်မိသွားလေ၏။ Xize ကတော့ မလှုပ်မယှက်ငြိမ်သက်နေဆဲပဲ။ ကြည့်ရတာ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရတယ်။ သူမ စောင်ကိုပြန်ပြင်ခြုံပေးပြီး သူ့ရဲ့ဆံနွယ်ရှည်တွေကိုလဲ သပ်သပ်ရပ်ရပ် သိမ်းပေးလိုက်တယ်။ မမျှော်လင့်ဘဲ သူ မပွင့်တပွင့်ရေရွတ်လာခဲ့တယ် "ဘာလို့မအိပ်တာလဲ?"

သူမ ရှက်သွေးဖြာသွားပြီး အသံကိုလျော့လိုက်တယ် "ဘာလို့လဲဆိုတော့ ဓလေ့ထုံးစံတွေအရ ကျွန်မတို့လင်မယားအဖြစ် အထမြောက်ပြီးနောက်တစ်နေ့မှာ စောစောထပြီး ခရမ်းရောင်ကန်စွန်းဥကိတ်စားရမယ်လေ"

သူ့ရဲ့မျက်လုံးတွေကတော့ ပိတ်ထားဆဲပဲ။ သို့သော် သူ့နှုတ်ခမ်းတွေအပေါ်မှာတော့ အပြုံးရိပ်လေးသန်းသွားလေတယ်။ သူ့ရဲ့အသံက အိပ်ချင်မူးတူးဖြစ်လို့နေတယ် "မနေ့က ငါတို့လင်မယားအရာမြောက်တာ တခြားသူတွေကို သိစေချင်လို့လား? ဓလေ့ထုံးတမ်းတွေကို အဲ့လောက်ဂရုစိုက်မနေကြရအောင်"

သူ သူမရဲ့လက်ကို စမ်းတဝါးဝါးရှာကာ တင်းကျပ်စွာဆုပ်ကိုင်ပြီး "ငါနဲ့ခဏလောက်ထပ်အိပ်"

သူမ သူ့လက်ကိုတင်းတင်းပြန်ချိတ်ပြီး ဘေးမှာလှဲလိုက်တယ်။ သာယာလှပတဲ့ မနက်ခင်းအလင်းရောင်အောက်မှာ သူမရဲ့မျက်လုံးတွေကို ပျော်ရွှင်စွာမှိတ်ပြီး သူနဲ့အတူပြန်အိပ်ခဲ့တော့တယ်။ (အားကျလွန်းလို့ သရေကျနေပြီ🤤)

Continue Reading

You'll Also Like

791K 79.8K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...
256K 7.6K 45
စဝ်ခွန်နောင်= မင်းလူသတ်ရင် ကိုယ်ကအလောင်းဖျောက်ပေးမယ့်မဲ့ကောင်ပါ baby Gumkino =ကျွန်မက ပန်းကိုင်ရတာထပ် gunကိုင်ရတာပိုသဘောကျတဲ့မိန်းကလေးတစ်ယောက်မို့ ရှ...
537K 34.1K 69
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
3.4M 37.9K 30
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...