Eternal love of dream-Three l...

By maple1960

22.8K 1.4K 86

ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world... More

အပိုင်း ၁
page 3 &4
page 5 &6
page 7 -13
page 14-16
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
page 247-253
page 381- 390
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၈ -၂
အခန်း ၁၉
Series posters
408-413
414-420
412-423
424-428
429-432
433-436
437-440
441-444
441-444
445-453
454-459
460-463
464-473
474-480
481-484 (final)

အခန်း ၆

376 24 0
By maple1960

Page 114-123

Page-114

အခန်း (၆)

မြစ်ပြင်ကျယ်ကြီးက အရှေ့အရပ်သို့ စီးဆင်းနေတယ်။ မြစ်ရဲ့နာမ်မည်က Si’xing ဖြစ်ပြီး စီးဆင်းရာအရှေ့ဘက်ပိုင်းမှာ မြို့တော်တည်ရှိလေတယ်။ ဒီတစ်ခေါက်အပြန်ခရီးက ရေစုန်ခရီးဆိုတော့ သွားရတာ ပိုပြီးအဆင်ပြေချောမွေ့တယ်လေ။ ၃.. ၄ ရက်အတွင်းမှာပဲ အသည်းကွဲတောင်ကိုရောက်လာခဲ့တယ်။

အသည်းကွဲတောင်ဘေးမှာ Mingxi ပင်လယ်အော်ရှိတယ်။ ဖုန်းကျို သူမနဲ့ Xize တို့ ဒီမှာ Yueling ပန်းတွေသွားကြည့်ခဲ့တာကို ဘယ်မေ့နိုင်ပါ့မလဲ။ Xize အကြောင်းပြောမှ ဟိုတစ်နေ့ညက သူမတို့နှစ်ယောက် အခန်းထဲမှာစကားပြောပြီးကတည်းကတိုင် သူ့ကိုမမြင်ရတာ ၃ရက်လောက်ရှိနေပြီပဲ။ သူမကိုယ်သူမ ကျေးဇူးတရားနားလည်တဲ့သူလို့ ယူဆတယ်။ ဒါ့ကြောင့် သူ့ပေးတဲ့ငါးတွေ၊ သကြားရည်တွေလက်ခံယူပြီး ကျေးဇူးတင်တဲ့အကြောင်းကို လူကိုယ်တိုင်တွေ့ပြီး ပြောချင်နေတာ။ တစ်ချိန်တည်းမှာ သူအသိတရားပြန်ရလာပြီလားလို့လဲ သိချင်တယ်လေ။ အဲ့ဒီနေ့ညက သူထွက်သွားတာကိုမမြင်လိုက်ရလို့ သူမနောင်တရသလိုလိုတောင် ခံစားရတယ်။

ခုတလော Mo Shao ရဲ့ဂရုစိုက်မှုကြောင့် သူမ အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ အိပ်လိုက်စားလိုက်လုပ်နေတာကြာပြီ။ Jiuqu လှောင်အိမ်ကရခဲ့တဲ့ ဒဏ်ရာတွေသက်သာပြီးရုံမပြောနဲ့ သူမရဲ့ဗိုက်လေးတောင် အနည်းငယ်ပူထွက်လာခဲ့ပြီ။ သူမဗိုက်ပူလာပြီလို့သိတဲ့အချိန်ကနေစပြီး ဖုန်းကျိုတစ်ယောက် အိပ်လိုက်စားလိုက်အလုပ်အပြင် သူမဗိုက်ခေါက်လေးကို ရံဖန်ရံခါဆွဲလိမ်ကြည့်တဲ့အလုပ်တစ်ခုပါ ပိုတိုးလာခဲ့တော့တယ်။

Chacha လဲ သူမမြင်တဲ့အတိုင်းပဲ ပြောတာပေါ့ "ခုတလော အရှင်မင်းသမီးကိုကြည့်ရတာ မင်းသားQing ကိုလွမ်းဆွတ်နေပုံရတယ်" သူမ စိတ်ပူစွာ Mo Shao ကိုလျှောက်တင်လေတယ် "နေ့တိုင်းနေ့တိုင်း သူမဗိုက်ကိုခဏခဏကိုင်ပြီး သက်ပြင်းတွေပဲချနေတယ် မင်းသား Qing ကလဲ အရှင် Xize လာလည်ပြီးကတည်းတိုင် အိပ်ပျော်နေတာ ခုထိမနိုးသေးဘူး မင်းသား Qing ကို အရှင်မင်းသမီးဘယ်လောက်ချစ်လဲသိတာမို့ ကျွန်မကိုယ်ကျွန်မ အပြစ်တင်နေမှာစိုးလို့ထင်တယ် အရှင်မင်းသမီးခမျာ မင်းသား Qing အကြောင်းကို တစ်ခွန်းမှတောင်မမေးရှာဘူး မင်းသား Qing ခုလိုဖြစ်ရတာ ကျွန်မအပြစ်ပါ အဲ့လောက်အရေးကြီးပြဿနာကြီးကို ဖြစ်စေခဲ့မိတယ်..." Chacha ရဲ့မျက်လုံးတွေထဲမှာ မျက်ရည်စတွေပြည့်လျှံလို့နေတယ် "ကြင်နာမှုရှိတဲ့ ကျွန်မတို့ရဲ့မင်းသမီးလေးက အဲ့လိုပဲ.. သူများတွေအတွက် အရမ်းစဉ်းစားပေးတာ"

Su Moye သက်ပြင်းချကာ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ရင်း သူ့စိတ်ထဲမှာပဲ ပြောလိုက်တယ် 'မင်းတို့ရဲ့မင်းသမီးက မင်းသား Qing ကိုလွမ်းဆွတ်ဖို့နေနေသာသာ ရှိသေးတယ်ဆိုတာတောင် သတိရပါအုန်းမလားမသိ သူမဗိုက်ကအဆီတွေကြောင့်သာ ရင်မောနေတာပါ' ထို့နောက် သူ့ပါးစပ်က ဒီစကားတွေပဲထွက်လာခဲ့တယ် "Aranya အယုံကြည်ရဆုံးအကူလို့ပြောတာ မထူးဆန်းတော့ပါဘူး မှန်းထားတဲ့အတိုင်း မင်းက တကယ်တော်ပြီး ဉာဏ်ပြေးတာပဲ အရှင်သခင်ဖြစ်သူရဲ့ စိတ်ထဲကိုတောင် ထိုးဖောက်မြင်နိုင်စွမ်းရှိတယ် သူမဘာလိုချင်လဲ မင်းသိနေတယ်ဆိုရင်လဲ သူမရဲ့ဆန္ဒအတိုင်းလုပ်ပေးလိုက်ပါ ဒါ သစ္စာရှိအစေခံတစ်ယောက်ရဲ့တာဝန်ပဲလေ သူမမင်းကိုဘာမှမပြောရင်တောင် ငါ့ကိုတော့ သေချာပေါက်ပြောလာမှာပဲ အဲ့ဒီအချိန်ကျမှ ငါသူမကိုသေချာပြောလိုက်ပါ့မယ်"

Page-115

ချီးကျူးစကားတွေနဲ့နှစ်သိမ့်ခံရပြီးနောက် Chacha ကျေးဇူးတင်ကြောင်းပြောကာ ဝမ်းသာအားရနဲ့ လှည့်ပြန်သွားလေသည်။ Su Moye ကတော့ ပြောခဲ့တဲ့စကားတွေကို စမြုံ့ပြန်ရင်း တစ်ယောက်တည်းကျန်ခဲ့လေတယ်။ အရှင်မင်းမြတ်က တကယ်ကိုစေ့စပ်သေချာတဲ့သူတစ်ယောက်ပါပဲ။ သူထွက်မသွားခင် ဖုန်းကျို မြွေကြောက်မှန်းသိလို့ မင်းသား Qing ကိစ္စကို ရှင်းသွားခဲ့သေးတယ်။ သနားစရာကောင်းလိုက်တဲ့ မင်းသား Qing.. သူ ဒီတစ်သက် ပြန်နိုးလာပါအုန်းမလားတောင်မသိ!

Su Moye ဝမ်းနည်းဖွယ်ကောင်းစွာ သက်ပြင်းချလိုက်တယ်။

                ________________

သင်္ဘောပေါ်ကအခန်းတစ်ခန်းမှာတော့ နန်းတော်မီးလောင်မှုကိစ္စကြောင့် ဘုရင်ကြီးလဲ ရက်အတန်ကြာ ဒေါပွလို့နေတယ်။ အခုတော့ ဆက်တိုက်ရွက်လွှင့်နေရတာ သူပျင်းလာပြီလေ။ ထိုအချိန်မှာ ဓလေ့ထုံးတမ်းရေးရာ မှူးကြီးမတ်ရာတွေက ဒီညကောင်းကင်မှာ ကြယ်တွေပြည့်နေပြီး လှပသာယာတဲ့ ညနေခင်းတစ်ခုဖြစ်မယ်လို့ ဟောပြောလာတော့ ကြားကြားချင်း သူစိတ်ဝင်စားသွားတာပေါ့။ ချက်ချင်းပဲ ပွဲကြည့်စင်နေရာကိုရှင်းပြီး မကြာခင်မှာ ညစာစားပွဲကျင်းပဖို့ စီစဉ်ခိုင်းပါတော့တယ်။

ဖုန်းကျိုလဲ ညစာစားပွဲတွေကို စိတ်မဝင်စားတတ်ပါဘူး။ ဒါပေမယ့် ခုတလော သူမသွားလို့ရတဲ့နေရာ ၂နေရာပဲရှိတယ် - သူမအခန်းနဲ့ သင်္ဘောဦးထိပ်ပဲ။ သူမ နေ့တိုင်းမြင်တွေ့ရတဲ့ လူကလဲ၂ယောက်ပဲရှိတယ် - Chacha နဲ့ Su Moye။ သင်္ဘောပေါ်မှာ အရှေ့ကနေ အနောက်၊ အနောက်ကနေ အရှေ့ကိုလျှောက်ရင်း ကြာတော့ သူမလဲပျင်းလာပြီပေါ့။ ဒါကြောင့်မို့ ညစားစာပွဲဆီကို သူမစောစောထွက်လာခဲ့လိုက်တယ်။

ဘုရင်၊ ဘုရင်မကြီးနဲ့ မင်းသမီး၂ပါး ပွဲကြည့်စင်ဆီသို့ရောက်လာချိန်မှာ ဖုန်းကျိုတစ်ယောက် လက်ဖက်ရည် ၂ခွက်၊ အချို ၃ ပန်းကန် စားပြီးတဲ့အပြင်၊ ကြမ်းပြင်မှာလဲ သစ်ကြားသီးခွံတွေနဲ့ ပျံ့ကြဲပြီးနေလေပြီ။

Changdi ရဲ့မျက်လုံးတွေဟာ ဖုန်းကျိုဆီသို့ ရောက်သွားတာနဲ့တစ်ပြိုင်နက် မနာလိုမုန်းတီးမှု၊ လှောင်ပြောင်သရော်မှုမီးတောက်တွေဟာ ချက်ချင်း ဝုန်းခနဲတောက်လောင်သွားလေတယ်။ ဖုန်းကျိုကတော့ အေးဆေးပဲ သူမပါးစပ်ထဲကို ကိတ်မုန့်တစ်ဝက်လောက် ပြွတ်ခနဲသွင်းလိုက်ပြီး သူမကိုမမြင်သလို ဟန်ဆောင်နေလိုက်တယ်။

Page-116

Changdi ဒီနေ့ မှန်ပေါက်မတတ်ကို အလှပြင်ထားတာပဲ။ လက်ထဲမှာ စောင်းတစ်လက်နဲ့.. သူမရဲ့အဖြူရောင်ဂါဝန်လေးဟာ မြစ်လေတွေကြားမှာ တဝဲဝဲလွင့်ပျံလို့နေတယ်။ သူမရဲ့မျက်နှာပေါ်မှာလဲ မိတ်ကပ်တွေကို အပြစ်ဆိုဖွယ်ရာမရှိ လှပအောင်ခြယ်လိမ်းထားတယ်။ ဘယ်လောက်အရေးကြီးတဲ့ ညစာစားပွဲဖြစ်ဖြစ် ညစာစားပွဲက ညစာစားပွဲလေ။ ဒီလောက်ကြီး အလှပြင်လာစရာလိုလို့လား? ပြီးတော့ မင်းသမီးတစ်ပါးအနေနဲ့ သီဆိုဖျော်ဖြေပြဖို့မှမလိုတာ။ ပထမတော့ ဖုန်းကျို တကယ်နားမလည်ခဲ့ဘူး။ နောက်တော့မှ ခပ်လှမ်းလှမ်းက ဧည့်သည်တွေရဲ့စကားကို နားစွင့်ကြည့်မိတဲ့အခါမှ အရှင် Xize က တေးဂီတနဲ့ပတ်သက်ပြီး ခုံမင်နှစ်သက်သူတစ်ယောက်ဆိုတာ သူမကြားလိုက်ရတယ်။ ဧည့်သည်တစ်ယောက်ဆို ဒီလိုတောင်ပြောလိုက်သေးတယ်.. Changdi နဲ့ Xize တို့က တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့ဝါသနာချင်း တော်တော်လိုက်ဖက်ညီကြတာပဲတဲ့။

ဒါပေမယ့် ဖွင့်ပွဲအခမ်းအနားစတင်ပြီးသည့်တိုင် ဂီတကိုခုံမင်နှစ်သက်ပါတယ်ဆိုသူ အရှင် Xize ပေါ်မလာသေးဘူး။ Changdi တစ်ယောက်တည်း စင်ပေါ်မှာ စောင်းကိုကိုင်ရင်း မာခေါက်ခေါက်မျက်နှာနဲ့ ကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေတာပေါ့။ ဖုန်းကျို သူမကိုကြည့်ပြီး ဝမ်းသာအားရ တဖွားဖွားဖြစ်မိသလို သူမအတွက် အနည်းငယ်စိတ်မကောင်းလဲ ဖြစ်မိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Xize က တော်တော်အရေးပါပုံရတယ်။ သူ့ရဲ့ရောက်ရှိမှုကို Changdi တင်လိုလားတာမဟုတ်ဘဲ ဘုရင်မကြီးကတောင် သူ့အကြောင်းကို မေးလာသေးတယ်။ ပွဲကြည့်စင်မှာ ဧည့်သည်အားလုံးစုံလို့ ဖွင့်ပွဲအကလဲပြီးရော ဘုရင်မကြီးရဲ့ တည်ငြိမ်တဲ့အသံဟာ ဖုန်းကျိုဆီသို့ရောက်လာခဲ့တယ် "ငါ Xize ကိုမမြင်ရတာ ရက်အတန်ကြာပြီ သူဒီနေ့ပြန်မလာသေးဘူးလား? အခမ်းအနားတောင်စပြီးနေပြီ ဘာလို့ငါသူ့ကိုမတွေ့သေးတာလဲ?"

ဖုန်းကျို ဘုရင်မကြီးရဲ့စကားတွေကို တွေဝေငေးမောစွာ နားထောင်နေခဲ့တယ်။ ခုတလော Xize ကိုမမြင်မိလို့ သူသင်္ဘောပေါ်မှာမရှိဘဲ တစ်နေရာရာများထွက်သွားသလားလို့ သူမလဲတွေးမိပါတယ်။ ဒါပေမယ့် သူဘယ်ချိန်တည်းက ဘယ်လိုထွက်သွားမှန်းတောင်မသိတာ သူဘယ်ချိန်ပြန်လာမယ်ဆိုတာသိဖို့ ဝေလာဝေးပေါ့။ ချက်ချင်းကြီးဆိုတော့ ဖုန်းကျို ဘယ်လိုလိမ်ပြောရမှန်းမသိတဲ့အတွက် သူမရဲ့စကားကိုပဲ ပြန်ဖောရှောလိုက်လိုက်တယ် "သူပြန်လာတဲ့လမ်းမှာ ပုံမှန်မဟုတ်တဲ့ ကြန့်ကြာမှုတစ်ချို့ရှိနေလို့ထင်တယ် မယ်တော့်ကို ဒီလိုကိစ္စအသေးအမွှေးလေးအတွက်နဲ့ စိတ်ပူရအာင် လုပ်နေမိပြန်ပါပြီ"

ပွဲကြည့်စင်မှာ လိမ္မာပါးနပ်တဲ့လူတွေက အများကြီးပဲ။ သူမရဲ့မရေရာတဲ့အဖြေအတွက် ဘုရင်မကြီးစိတ်ကျေနပ်ရဲ့လားတော့ မပြောတတ်ဘူး။

"Kongshan တောင်တွေက မတ်စောက်ပြီးကျဉ်းမြောင်းတဲ့အပြင် ဝိဉာဉ်ထိန်းဆေးပင်တွေကို စောင့်ရှောက်နေတဲ့သားရဲတွေကလဲ ရက်စက်ကြမ်းကြုတ်ကြတယ်" ရုတ်တရက် Changdi ရဲ့စကားသံ ပေါ်ထွက်လာလေတယ် "တကယ်လို့ အဲ့ဒီဆေးပင်တွေကိုသွားယူတဲ့လမ်းမှာ အရှင် Xize ဒုက္ခရောက်နေတယ်ဆိုရင် ကျွန်မတော့ အမတော် Aranyaကို တောင်းပန်ရတော့မယ်ထင်တယ် အရှင် ဒီခရီးကိုအလောတကြီးထွက်သွားရလို့ အမတော်ကိုနှုတ်ဆက်ဖို့အချိန်မရလိုက်တာပါ အမတော်ကတော့ သူဘယ်မှာရှိနေမှန်း သိမှာမဟုတ်လောက်ဘူး"

Page-117

ထို့နောက် ဘုရင်မကြီးဘက်သို့လှည့်ကာ သူမဆက်ပြောတယ် "အရှင့်ကို Kongshan တောင်က Huhuncao ပင်ကိုသွားခူးပေးဖို့ ကျွန်မအကူအညီတောင်းခဲ့တာပါ ဟိုတစ်နေ့ညကမီးလောင်မှုကြောင့် အမတော် Juno တော်တော်လေးထိတ်လန့်သွားတယ်ဆိုတော့ သူမရဲ့ကျန်းမာရေးကိုထိခိုက်မှာ စိတ်ပူလို့ပါ ကျွန်မသူ့ဆီကနေ တစ်ခုခုပူဆာတတ်တာ ခပ်ရှားရှားမို့ သူသွားပေးပါမယ်လို့ပြောပြီး နောက်နေ့ချက်ချင်း ထွက်သွားတော့တာပဲ ဒါပေမယ့် အရှင်ခုထိပြန်မလာသေးတာကို မြင်ရတော့ ကျွန်မသူ့ကိုစိတ်ပူစပြုလာပြီ သွားဖို့အကူအညီတောင်းခဲ့မိတာတောင် မှားပြီလားမသိတော့ပါဘူး..."

ဘုရင်မကြီး Changdi ကို အံ့အားသင့်စွာကြည့်နေခဲ့တယ်။ ဖုန်းကျိုလဲ နည်းနည်းအံ့သြသွားတယ်။ ခပ်လှမ်းလှမ်းကနေ Su Moye ရဲ့အသံ ပေါ်လာပြန်တယ် "ကျွန်တော်တို့အားလုံး သင်္ဘောပေါ်တက်ပြီးကတည်းက အရှင် Xize သူမတို့ညီမ၂ယောက်နဲ့ မတွေ့ရသေးပါဘူး သူမရဲ့မိုက်မဲမှုတွကို မယုံပါနဲ့"

လက်ထဲကလက်ဖက်ရည်ခွက်လေးကို ဝမ်းသာအားရလှည့်ရင်း ဖုန်းကျိုတစ်ယောက် Changdi ရှက်ရွံ့မှုမျက်လုံးတွေနဲ့ စိတ်ပူပန်တဲ့မျက်နှာထားလေး ဟန်ဆောင်လိုက်တာကို ကြည့်နေခဲ့တယ်။ အကြောင်းအရာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ။

ဉာဏ်သိပ်သွက်လေ့မရှိဘူးဆိုပေမယ့် ဖုန်းကျိုငယ်စဉ်တည်းကတိုင် သူမရဲ့အဖေကိုလှည့်စားဖို့ သူမအဒေါ်နဲ့ပေါင်းပြီး ဇာတ်လမ်းမျိုးစုံထွင်ကြတာ ခဏခဏပဲ။ ဒါကြောင့်မို့ အခုရှေ့မှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး သူမနောကျေနေပြီလေ။ ဇာတ်ချိုး ဇာတ်ကွေ့မှန်သမျှ သူမအားလုံးသိတယ်။ Changdi မဆင်မခြင်မိုက်မဲတဲ့စကားတွေပြောနေတယ်လို့ Mo Shao ပြောလိုက်တုန်းက သူမ အကြံအစည်တစ်ခုကို ကြံရွယ်နေတာလို့ အချက်ပြပြောဆိုလိုက်ခြင်းပဲ။ ဒါဆိုရင် Changdi ကြံနေတဲ့ အကြံအစည်ကဘာလဲ?

Changdi ရဲ့စကားတွေက Xize နဲ့ Aranya ကြားမှာ ဘာရင်းနှီးမှုမှမရှိဘူး.. တစ်နည်းအားဖြင့် သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုသံယောဇဉ်က သူ Juno နဲ့ Changdi အပေါ်မှာထားတဲ့ချစ်ခင်မှုနဲ့ လုံးဝမနှိုင်းသာဘူးလို့ ပေါ်ပေါ်တင်တင် စောင်းမြောင်းပြောလိုက်တာပဲ။ အင်းလေ.. ဒီလိုမနာလိုဝန်တိုမှုကိစ္စလေးကို စောင်းမြောင်းပြောမှပဲ ရွှင်မြူးဖွယ်ရာ ကစားပွဲလေးဖြစ်တော့မပေါ့။ ပေါ်တင်ဒဲ့တိုးကြီးပြောလိုက်ရင် ယဉ်ကျေးပျူငှာတဲ့ပြဇာတ်လေး ဘယ်ဖြစ်နိုင်ပါတော့မလဲ။ ဒီနေရာမှာ Changdi သူမကို တမင်ဒေါသထွက်အောင် ပြောဆိုနေတယ်လို့ပြောရအောင်လဲ... သူမအဲ့လောက်မတုံးသေးဘူး။

ရုတ်တရက် ခုနကဧည့်သည်ငယ်လေးရဲ့စကားကို ပြန်အမှတ်ရပြီး ဖုန်းကျို ခဏတာ စားမြုံ့ပြန်ကြည့်လိုက်တဲ့အခါမှာ ဖြစ်သမျှအခြေအနေအားလုံးကို ချက်ချင်းနားလည်သွားခဲ့တယ်။

Page-118

Changdi ရဲ့အပြုအမူတွေနဲ့စကားတွေကြည့်ရတာ Xize နဲ့လက်ထပ်ရဖို့အတွက် ဒီလိုကြံမိကြံရာကြံလိုက်တာထင်တယ်။

မင်းသမီး ၂ပါးလုံးကို ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပေးတယ်ဆိုတာ မကြံစဖူးအဖြစ်တော့မဟုတ်ဘူး။

Xize က Juno အပေါ်မှာခံစားချက်ရှိနေပုံရတယ်။ ဒါပေမယ့် Juno က ဘုရင်ကြီးရဲ့သမီးအရင်းမှမဟုတ်တာ။ ပြီးတော့ သူမက Chen Ye နဲ့လဲစေ့စပ်ထားသေးတယ်။ Xize နဲ့ Juno တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်ဆိုရင်တောင် ခဏတာအချစ်ဇာတ်လမ်းလေးပဲဖြစ်ရုံကလွဲလို့ နှစ်ယောက်သား ဘယ်တော့မှ ဖြစ်မြောက်မှာမဟုတ်ဘူး။ ဒါ့အပြင် Xize အပေါ် Changdi ရဲ့ခံစားချက်တွေကလဲ တစ်ရက်နှစ်ရက်အတွင်းမှာ ပေါက်ဖွားလာတာမှမဟုတ်တာ။ Changdi ရဲ့အကျင့်စရိုက်နဲ့ဆို သူမကို Xize နဲ့လက်ထပ်ပေးဖို့ ဘုရင်ကြီးဆီမှာ ပူဆာပြီးလောက်ရောပေါ့။ ဘုရင်ကြီးက ဒီအကြောင်းကို Xize ဆီမပြောပြရသေးတာဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် သူအငြင်းပယ်ခံလိုက်ရတာဖြစ်မယ်။

Xize က သူ့ရဲ့ရာထူးကနေ နှုတ်ထွက်သွားပြီဆိုပေမယ့် Qinan နန်းတော်နဲ့သူ့ရဲ့ပတ်သက်မှုက ရာစုနှစ်ပေါင်းများစွာကြာရှည်ခဲ့တာ။ Chen Ye နဲ့ယှဉ်ရင် သူ့ဂုဏ်သတင်းက ပိုကျော်စောမှာပေါ့။ ဘုရင်ကြီးကလဲ သူ့ကိုဆို အမြဲတမ်း တလေးတစားဆက်ဆံတာ.. ဒါပေါ့ သူ့ရဲ့အားပေးထောက်ခံမှုကို လိုချင်လို့ပေါ့။

ဒါဆိုရင် Xize နဲ့လက်ထပ်ခွင့်ရဖို့ ဘာလုပ်သင့်လဲ? ဒီအချိန်မှာ ကိုယ့်ကိုကိုယ်ဖွင့်ဟဝန်ခံတာက အမြန်ဆုံးနည်းပဲလေ။ ဒါပေမယ့် Xize က အမြဲသူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိဝီရိယထားနေတော့ Changdi ရဲ့အကြံက အထမမြောက်နိုင်ဘူး။ ဒါကြောင့်မို့ နောက်ဆုံးမှီခိုအားထားရာနည်းလမ်းအနေနဲ့ အခုလို လူတွေအများကြီးရဲ့ရှေ့မှာ သူမကိုယ်သူမ ဖွင်ဟဝန်ခံလိုက်တာပဲဖြစ်ရမယ်။

ပြီးတော့ ဒီအကြံရဲ့အားသာတဲ့အချက်က Xize ဒီမှာရှိမနေတာပဲ။ ညစာစားပွဲပြီးလို့ Xize ဒီအကြောင်းကိုပြန်ကြားရရင် Changdi ရဲ့စကားတွေက မဟုတ်မမှန်ပါဘူးဆိုတဲ့ သူ့ရဲ့အပြစ်ကင်းစင်မှုကို ကြေညာဖို့လိုလိမ့်မယ်။ ဒါပေမယ့် ကြေညာတဲ့ဆိုတဲ့ကိစ္စက လူသိရှင်ကြားနေရာမှာလုပ်တာမဟုတ်ဘူးဆိုရင် ထိုအားထုတ်မှုက အချည်းနှီးဖြစ်နေမှာပဲမလား? ဒီတော့ သူ့ကိုယ်သူအပြစ်ကင်းမှုကို ကြေညာပြနေခြင်းက သူ့အမြီးကို လူအများမမြင်အောင် လိုက်ဖုံးဖိနေသလိုပဲ ဖြစ်နေလိမ့်မယ်။ ဒီလိုနဲ့ လူတွေကြားမှာ Changdi နဲ့ သူနဲ့အကြောင်း ကောလဟလတွေ ပိုပြင်းထန်လာတဲ့အခါ ဘုရင်ကြီးခမျာ မတတ်သာတော့ဘဲ သူ့သမီးအရှက်မကွဲစေဖို့ သူမကို Xize နဲ့အမြန်ဆုံးလပ်ထပ်ပေးဖို့နည်းလမ်း ရှာရတော့မယ်လေ။

ဟာကွက်မရှိတဲ့ Changdi ရဲ့ မဟာအကြံတော် နည်းဗျူဟာကြီးကို ဖုန်းကျိုတောင် တကယ်သြချမိပါတယ်။

ထိုင်နေကြတဲ့ မှူးကြီးမတ်ရာလက်ပါးစေတစ်အုပ်လဲ ဘုရင်ကြီးရဲ့အလိုဆန္ဒတိုင်း လိုက်နာကြမှာဆိုပေမယ့် သူတို့အားလုံး အခြေအနေကို အကဲခတ်မိတဲ့မျက်လုံးတွေနဲ့ သူမကို စာနာစွာကြည့်ရှုနေကြလေတယ်။ဒါပေမယ့် တစ်နေ့ကျရင် တစ်ခန်းတည်း တစ်အိပ်ရာတည်းမျှသုံးဖို့ Xize တောင်းဆိုလာမယ့်ဒုက္ခနဲ့စာရင် သူ့ကို Changdi နဲ့လက်ထပ်ပေးလိုက်ခြင်းက ကောင်းတဲ့အရာပဲလေ။

ဂီတသံတွေကြားမှာ ဖုန်းကျိုရဲ့နှလုံးသားလေးလဲ လိုက်လံသီဆိုနေလေရဲ့။ အသေးစိတ်လိုက်လံကြည့်ရှုပြီးပြောမယ်ဆိုရင်တော့ အခုအခြေအနေမှာ သူမရှုံးသွားတာမှန်ပါတယ်။ ဒါပေမယ့် ရေရှည်ကိုမျှော်တွေးကြည့်မယ်ဆိုရင် Changdi ရဲ့အစီအစဉ်က သူမအတွက် လမ်းကြီးကြီးတစ်ခု အဆင့်သင့်ဖောက်ပေးလိုက်တာပဲ။ သူမတစ်ခုမှအားစိုက်စရာမလိုဘဲ Xize ကိုပထုတ်နိုင်ပြီလေ။ ကောင်းတယ်.. သိပ်ကိုကောင်းတယ်.. အရမ်းအရမ်းကိုပြောင်မြောက်တဲ့အကြံ။ ဂုဏ်ယူပါတယ်.. Changdi။ သိပ်ကိုတော်တယ် ဟဟ!

Page-119

Changdi ရဲ့စကားတွေကြောင့် တီတိုးပြောဆိုမှုတွေက ညစာစားပွဲတစ်ခုလုံး ပျံ့နှံ့သွားလေတယ်။ ဒါပေမယ့် ဧည့်သည်တော်တွေကလဲ ထက်ထက်မြက်မြက်ရှိကြပါတယ်။ သူတို့ရင်ထဲမှာ ဘယ်လိုပဲခံစားရခံစားရ သူတို့ရဲ့မျက်နှာအမူအရာတွေကတော့ ပြောင်းလဲခြင်းမရှိ သဘာဝကျကျလေး အေးဆေးပေါ့ပါးနေတယ်။ တည်ငြိမ်ပြီး အေးချမ်းတဲ့မျက်နှာထားတွေပေါ့။

ဖုန်းကျိုမျှော်လင့်ထားသလိုပဲ Changdi ရဲ့ဖွင့်ဟန်ဝန်ခံချက်ကို ဘုရင်ကြီးသဘောမတူခဲ့ဘူး။ Changdi ထိုစကားတွေလဲပြောပြီးရော Shuikong တောင်လေးက Xize ကိုဘာများလုပ်နိုင်မှာမို့လို့လဲလို့ပဲ သူပေါ့ပေါ့ပါးပါးဆိုလာတယ်။ ပြီးတော့ ချက်ချင်းပဲ တော်ဝင်သမားတော်တွေဆီမှာ တစ်စုံတစ်ခုအဖိုးတန် ဆက်သစရာရှိတယ်ဆိုပြီး စကားလမ်းကြောင်းကိုလွှဲလိုက်တော့တယ်။ ထိုအချိန်မှာ သမားတော်အိုကြီးတစ်ယောက် ကောက်ကာငင်ကာထရပ်ကာ အဖိုးတန်ရတနာတစ်ခု အမှန်တကယ်ပင်ဆက်သစရာရှိပါတယ်လို့ ပြောလာခဲ့တယ်။

သမားတော်အိုကြီးဟာ ခါးကိုကိုင်းညွှတ်ရင်းကပင် ဆက်လက်လျှောက်တင်လေတယ် "မင်းသမီး ၃ ပါးတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေထဲမှာ အအေးဓာတ်တွေများနေတယ်လို့ အရှင်မင်းကြီး ကျွန်တော်မျိုးကိုတစ်ခါမိန့်ဖူးတယ် တိုက်ဆိုင်စွာပဲ ကျွန်တော်ဒီနေ့ Jibaiguos သီးတွေကိုရှာတွေ့ခဲ့ပါတယ် အဲ့ဒီအသီးတွေက နွေဦးရဲ့နေ့တာညတာညီမျှတဲ့အချိန်ခါမှာ စားသုံးပေးခြင်းက ပိုပြီးအထိရောက်နိုင်ဆုံးပါ ဒါကြောင့်မို့ အသီးတွေကို ဆန်ပြုတ်နဲ့ရောပြုတ်ထားဖို့ ကျွန်တော်မှာကြားထားပါတယ် အရှင်မင်းကြီး.. ကျွန်တော် သူတို့ကို ခုပဲဆက်သခိုင်းလိုက်ရတော့မလား?"

ဘုရင်ကြီးခေါင်းငြိမ့်ပြနေစဉ်မှာပဲ သစ်သားလှေကားထစ်တွေပေါ်မှာ အေးဆေးတည်ငြိမ်စွာ ပုံမှန်လေးလှမ်းလာတဲ့ခြေသံတစ်ချို့ ရောက်လာခဲ့တယ်။ ထိုင်နေတဲ့ဧည့်ပရိတ်သတ်တွေကြားမှာ နောက်ထပ်စကားသံတစ်ခုက အချိန်ကိုက် ပျံ့လွင့်လာလေတယ် "Jibaiguo လား? အခုလောလောဆယ် Aranya အဲ့ဒီအသီးကိုစားလို့မရသေးဘူး" ဖုန်းကျို လှည့်ကြည့်လိုက်တယ်။ လှေကားထစ်တွေပေါ်မှာ ခါးတစ်ပိုင်းပုံရိပ်လေးကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ထွက်ပေါ်လာခဲ့တယ်။ ခရမ်းရောင်ဝတ်ရုံနဲ့ ငွေရောင်ဆံနွယ်တွေ.. ဒီသွင်ပြင်က သူမမမြင်ရတာ ရက်အတန်ကြာပြီဖြစ်တဲ့ Xize Shenjun မဟုတ်လား? ခုနလေးက Changdi ရဲ့အကြံစကားတွေ ဦးတည်တဲ့သူလေ..။

ညစာစားပွဲကဧည့်သည်တော်တွေရဲ့ မျက်လုံးတွေလဲ အသံလာရာ အရင်းအမြစ်နေရာဆီသို့ ရောက်သွားလေတယ်။

Page-120

အဝေးမှာ အစိမ်းရောင်တောင်တန်းကြီးတွေ အုံ့ဆိုင်းနေပြီး မြစ်ပြင်တစ်လျှောက်မှာ လေပြေလေညှင်းလေးတွေ တိုက်ခတ်လျက်ရှိသည်။ Xize ရဲ့လက်မောင်းပေါ်မှာ ခြုံထည်ဝတ်ရုံတစ်ခု တင်ထားတာကိုတွေ့ရတယ်။ ရှည်လျားတဲ့ခရီဝေးကြောင့် မောပန်းနေဟန်အရိပ်အယောင်ကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သတိပြုမိနိုင်ပေမယ့် အလျင်စလိုရောက်လာတဲ့ အမူအရာတစ်ခုမှ သူ့မျက်နှာပေါ်မှာမတွေ့ရဘူး။ ပွဲကြည့်စင်ပေါ်မှာ ငြိမ်သက်စွာရပ်နေလျက်က ဘုရင်ကြီးဆီကို သူပေါ့ပေါ့ပါးပါး ဂါရဝပြုနှုတ်ဆက်လိုက်တယ်။ ထို့နောက် ဖုန်းကျိုရဲ့အနားသို့ အေးဆေးစွာနဲ့ရောက်လာပြီး စွပ်ပြုတ်ထည့်တဲ့ချိုင့်တစ်ခုကို စားပွဲပေါ်ကို တင်လိုက်တယ်။ ပြီးတော့ သူ့ရဲ့လက်မောင်းပေါ်ကဝတ်ရုံကို သူမရဲ့ခေါင်းပေါ်လွှမ်းခြုံပေးရင်း ပြောလာတယ် "မြစ်လေတွေဒီလောက်ထန်နေတာ အပြင်ထွက်တာကို ဘာလို့အပေါ်ဝတ်ရုံဝတ်မသွားတာလဲ?"

ဖုန်းကျို ဝတ်ရုံကြားမှ ခေါင်းထွက်မလာနိုင်သေးခင် Xize သူမဘေးကထိုင်ခုံပေါ်မှာထိုင်ပြီး သူမရှေ့ကလက်ဖက်ရည်ခွက်ကိုယူကာ တစ်ကျိုက်မာ့သောက်လိုက်တယ်။ သူမရဲ့နားနားမှာ တဂွတ်ဂွတ်ရေသောက်သံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်။

ဖုန်းကျို ခေါင်းပေါ်ကဝတ်ရုံကိုဆွဲဖယ်ပြီးနောက် Xize ရဲ့နှုတ်ခမ်းတွေပေါ်မှာ သူမရဲ့လက်ဖက်ရည်ခွက်ကိုမြင်လိုက်ရတဲ့အချိန်မှာ စောနကဘယ်ကရေသောက်သံတွေလဲဆိုတာ နားလည်သွားပြီး သူမခေါင်းထဲမှာ ဗုံးတစ်လုံးပေါက်ကွဲထွက်သွားလေတယ်။ သူ့ကိုတားဖို့ သူမရဲ့လက်ကို အလျင်အမြန်ဆန့်တန်းလိုက်တယ် "ဟေး.. အဲ့တာ ကျွန်မခွက်လေ!"

Xize နားမလည်သလိုမျက်နှာနဲ့ လှည့်ကြည့်လာတယ် "မင်းခွက် ငါ့ခွက် ဘာကွာခြားလို့လဲ?"

ဖုန်းကျို ထပ်ပြီးပေါက်ကွဲသွားပြန်တယ်။ အခြားသူတွေရဲ့အကြည့်ကို ကာတဲ့အနေနဲ့ သူမရဲ့မျက်နှာတစ်ဖက်ကို လက်နဲ့ကွယ်ကာ စိတ်အရင်းခံနဲ့ မေးလိုက်တယ် "ရှင် ဆေးများမှားသောက်ထားသလား? အရင်က ဒီလိုမဟုတ်ပါဘူး..."

Xize ခဏလောက်စဉ်းစားကြည့်ပြီး ခပ်ပြတ်ပြတ်ပြန်ပြောလေတယ် "အဲ့တာ အရင်က ငါဆေးမှားသောက်ထားလို့" ထို့နောက် ချိုင့်ထဲကနေ စွပ်ပြုတ်ပူပူတစ်ခွက်ကို ထုတ်ယူလိုက်ပြီး သူမကိုကမ်းပေးလာတယ် "ရော့.. ဒါကိုသောက်လိုက်"

ဒီနေ့ Xize ရဲ့အပြုအမူတွေရော စကားတွေရောက သူမမခန့်မှန်းထားတွေချည်းပဲ။ ဖုန်းကျို ငြင်းလဲမငြင်းနိုင်တော့ စိတ်ရှုပ်စွာ စွပ်ပြုတ်ပန်းကန်ကို လက်ခံယူလိုက်တယ် "ဒါဘာလဲ? ရှင်လုပ်ထားတာလား?" သူမ ဇွန်းနဲ့မွှေရင်း ချီးကျူးမှုနဲ့ ပြောလိုက်တယ် "ရှင် မီးဖိုချောင်လဲဝင်တတ်တယ်လား? ကျွန်မတကယ် မထင်ထားဘူး မီးဖိုချောင်ဝင်တဲ့သူတွေကိုဆို ကျွန်မအမြဲလေးစားတတ်တာ တစ်နေ့နေ့ကြုံရင် ကျွန်မတို့ ချက်နည်းကောင်းတွေဖလှယ်ကြတာပေါ့"

Xize လက်ထဲကလက်ဖက်ရည်ခွက်လေး တုံ့သွားတယ်။ ဒါပေမယ့် မပြောင်းလဲတဲ့ မျက်နှာထားနဲ့ပဲ သူပြောလာတယ် "အမ် ငါ... Chacha ချက်တာကြည့်ဖို့ မီးဖိုချောင်ထဲဝင်တာပါ" (ဖုန်းကျိုသနားပါတယ် သူ့အတွက်ချက်လာတယ်ထင်နေတာ😂)

Page-121

ဓလေ့ထုံးစံတွေအရ ခမ်းခမ်းနားနားကျင်းပတဲ့ ညစာစားပွဲမဟုတ်လေတော့ အနေအထိုင်က နည်းနည်းလွတ်လွတ်လပ်လပ်ရှိတယ်။ ဖျော်ဖြေသူတွေရဲ့ စောင်းသံတွေ၊ လေမှုတ်တူရိယာသံတွေက စင်ရဲ့နောက်ကနေ ကျယ်လောင်စွာ ပျံ့လွင့်လာချိန်မှာ ဧည့်သည်တော်တွေရဲ့ စကားသံတွေဟာလဲ အလိုအလျောက် ကျယ်လောင်လာခဲ့တယ်။ ဖုန်းကျိုနဲ့ Xize တို့ရဲ့ တီးတိုးပြောဆိုသံတွေကို ဘယ်သူမှ သတိမပြုလိုက်ကြဘူး။

သို့ပေမယ့် ခုနက Changdi ရဲ့စကားတွေက ဧည့်သည်တွေ အတင်းအဖျင်းပြောဖို့ အစပျိုးပေးထားတာလေ။ ဧည့်သည်တစ်ယောက်ရဲ့စကားသံ - 'အရင်တစ်ခေါက်တုန်းက ကျွန်တော် လူကြီးမင်းဆီကနေ သုံးသပ်ချက်စာအုပ်တစ်အုပ်ကို ငှားလာပြီးဖတ်ကြည့်တာ လူကြီးမင်းရဲ့ဝေဖန်ချက်တွေက အရမ်းကောင်းတာပါပဲလား ရေးထားတဲ့ ဝေဖန်ချက်အကြောင်းတိုင်းကို ကျွန်တော်တကယ်လေးစားမိတယ်' ။ တစ်ခြားဧည့်သည်တစ်ယောက်ရဲ့စကားသံ - 'ကျွန်တော့်ရဲ့သာမန်ကာလျှံကာပညာလေးက လူကြီးမင်းရဲ့ပညာတွေနဲ့ ဘယ်နှိုင်းယှဉ်လို့ရမလဲ ကျွန်တော့်ရဲ့မစို့မပို့ဝေဖန်ချက်လေးတွေက လူကြီးမင်းအတွက် ဟာသတစ်ခုလိုဖြစ်နေမှာတောင် စိုးရိမ်မိပါတယ်' ။ မသိရင် နှစ်ယောက်သား ဝိုင်လေးသောက်လိုက် စကားလေးပြောလိုက်နဲ့ ဟန်ကျနေတယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် နှစ်ယောက်လုံးရဲ့ နားနဲ့မျက်စိတွေက Xize နဲ့ဖုန်းကျိုတို့ရဲ့စားပွဲဝိုင်းဆီမှာ တိတ်တခိုးရောက်နေကြလေရဲ့။

Xize ခရီးဝေးကြီးကနေ ညစာစားပွဲဆီကို အပြေးနှင်လာခဲ့ရတာဆိုတော့ ဘုရင်ကြီးလဲ ဂရုစိုက်ဟန်ပြတဲ့ စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောပေးသင့်တယ်လေ။ သူ Xize ဘက်သို့တစ်ချက်ကြည့်ပြီး စိတ်ပူသလိုမျက်နှာထားနဲ့ Aranya ကိုမေးလိုက်တယ် "အခုလောလောဆယ် သမီး Jibaiguo သီးကိုစားလို့မရဘူးလို့ Xize ပြောတယ် အဲ့တာဘာဖြစ်လို့လဲ?"

ဘာဖြစ်လို့လဲ? သူမ ဘယ်လိုလုပ်သိမှာလဲ? သူမ Xize ဘက်သို့လှည့်ကာ အရဲစွန့်မှန်းပြောလိုက်တယ် "အမ်.. အဲ့တာ ကောင်းတဲ့အသီးမလို့နေမယ် အမတော် Juno က နေမကောင်းဖြစ်နေတာ သူမကပိုစားသင့်လို့လို့ထင်တယ် အမှန်တိုင်းပြောရရင် ကျွန်မလဲ..."

သူတို့သူမကို အသီးကျွေးကျွေးမကျွေးကျွေး သူမဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူမရဲ့သဘောထားကြီးမှုကို ဆက်ပြောပြမလို့ လုပ်နေတုန်းမှာပဲ Xize ဖြတ်ပြောလေတယ် "သူမ Huhuncao ပင်ကိုသုံးနေလို့ပါ ဆေးပညာအရ Huhuncao နဲ့ Jibaiguo က မတည့်ဘူး အဲ့ဒါကြောင့် အသီးရဲ့အာနိသင်ကို သူမခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

ဖုန်းကျို သူမကိုယ်သူမ စိတ်ထဲကနေပြောလိုက်တယ် 'ရှင် Junoဘက်ကဆိုရင်လဲ Junoဘက်မှာပဲနေလေ ကျွန်မတောင် ဘာမှမပြောရသေးဘူး ဒီပေါက်တတ်ကရတွေက ဘယ်ကစလာတာလဲ?' ။ Xize ခုလိုဝင်ပြောလာတော့ သူမ အလျင်အမြန် စကားကိုပြင်လိုက်တယ် "ကျွန်မဘယ်ချိန်တုန်းက Huhuncao ပင်ကိုသုံးလို့လဲ ကျွန်မတောင် မမှတ်မိတာ.."

Page-122

Xize သူမကိုကြည့်ပြီး စွပ်ပြုတ်ပန်းကန်ဆီ မေးငေါ့ပြလေတယ် "မင်းရဲ့စွပ်ပြုတ်ထဲမှာပါတယ်"

ဖုန်းကျို စိတ်ရှုပ်စွာ စွပ်ပြုတ်ပန်းကန်ကိုကြည့်လိုက်တယ် "ဒါ ဂျင်းနဲ့ရောချက်ထားတဲ့ ငါးစွပ်ပြုတ်မဟုတ်ဘူးလား?"

Xize စွပ်ပြုတ်ထဲက ဂျင်းအပိုင်းအစနှစ်ခုကို ဇွန်းနဲ့ကော်ပြကာ သူမဆီလှည့်ကြည့်လာရင်းက "Huhuncao ပင်က အရိပ်အရမ်းကောင်းတဲ့ နေရာတွေမှာပဲပေါက်လို့ သူ့ရဲ့အရသာက အရမ်းပြင်း..."

သူစကားတောင် မဆုံးသေးပါဘူး။ အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်လှသူကြီးဖုန်းကျို အားလုံးနားလည်သွားဟန်တူတယ် "အိုး.. ဒါဆို ရှင် Huhuncao အရသာကိုဖုံးဖို့ ငါးရဲ့အရသာကို သုံးခဲ့တာပေါ့ ပြီးတော့ ငါးရဲ့အညှီနံ့ကိုပြန်ဖုံးဖို့ ဂျင်းကိုသုံးတယ် အဲ့လိုလား? ဒါ တော်တော်ကြံကြံဖန်ဖန်နိုင်တာပဲ ဒါကို နောက်တစ်မျိုးချက်လို့ရတဲ့နည်းရှိတယ် အပင်ရဲ့အရသာက အရမ်းပြင်းတော့ သိုးသားလိုအနှစ်အရသာကမှ သူ့ကိုဖုံးနိုင်မယ်လို့ကျွန်မထင်တယ်..."

Xize သဘောတူစွာ လက်ခံလေတယ် "နောက်တစ်ခါကျရင် အဲ့လိုချက်ကြတာပေါ့"

သူတို့ဘေးမှာရပ်နေတဲ့ Chacha လဲ မနေနိုင်တာနဲ့ ဝင်ပြောလာပါတယ် "အရှင်မင်းသမီး ဒါ ဟင်းပွဲမဟုတ်ဘူးလေ..."

ဆူညံနေတဲ့ ဧည့်သည်တော်အပေါင်းရဲ့ စကားသံတွေဟာ တဖြေးဖြေး ပြန်တိတ်ဆိတ်လာပြန်တယ်။ ထိုအချိန်မှာ Juno နဲ့ Changdi တို့ရဲ့မျက်နှာတွေကတော့ ဖြူတော့လို့နေပါတယ်။ ဧည်သည်တော်တွေလဲ သူတို့ရဲ့ခေါင်းကိုငုံ့လျက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အကြည့်ချင်းဖလှယ်ပြောဆိုလို့နေတယ်။ အချိန်အတန်ကြာတော့ ဘုရင်ကြီးကပဲ တိတ်ဆိတ်မှုကို ဖြိုခွဲရတော့တာပေါ့။ သူ Xize ဘက်သို့လှည့်လိုက်တယ် "ဒါဆို မင်း Juno အတွက် Huhuncao သွားခူးတာမဟုတ်ဘူးပေါ့?"

ဖုန်းကျို တခဏချင်း စိတ်တွေလေးလံသွားတယ်။ ဟုတ်သားပဲ သူမဒါကိုမေ့နေတာ။

ဒါဆို ပြီးခဲ့တဲ့ရက်တွေအတွင်းက သူမ Xize ကိုမမြင်မိတာ သူ တောင်ပေါ်အထိတောင် စွန့်စားသွားပြီး သူမအတွက် Huhuncao ပင်ခူးနေလို့ပေါ့။ သူမကဘယ်လောက်တောင် အရေးကြီးလို့ သူ့ကိုယ်သူ ဒီလောက်ထိဒုက္ခခံရတာလဲ? သူမတို့နှစ်ယောက် လင်မယားတွေမလို့ သူ့တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နေတာဆိုရင်တောင် ဒီလောက်ထိအပင်ပန်းခံလုပ်ပေးတာမျိုးက အရမ်း.. ကြီးကျယ်မြင့်မြတ်သွားပြီ...။

ဖုန်းကျိုရဲ့စိတ်တွေဟာ အချိန်ခဏလေးအတွင်းမှာ တောင်ရောက်မြောက်ရောက်ဖြစ်နေသလို သူမရဲ့မျက်လုံးတွေဟာလဲ တောင်ကြည့်မြောက်ကြည့် ရှုပ်နေခဲ့တယ်။ Xize Juno ကိုတစ်ချက်လှည့်ကြည့်ပြီး မေးခွန်းမေးသူဘက်ကို ပြန်ကြည့်လာတာကို သူမမြင်ရတယ်။ သူ့ရဲ့မျက်နှာအမူအရာကတော့ သူမလဲအဓိပ္ပာယ်မဖော်တတ်ဘူး "Aranya အတွက်မဟုတ်ရင် အဲ့လောက်ဝေးလံပြီး အန္တရာယ်များတဲ့ Kongshan တောင်ကို ကျွန်တော်ဘာလို့သွားရမှာလဲ?" သူ ခဏလောက်စဉ်းစားနေပြီး ဆက်ပြောလေတယ် "အကြီးဆုံးမင်းသမီးရဲ့ ကျန်းမာရေးအခြေအနေကို ကြည့်ရှုပေးဖို့ ဘုရင်မကြီး ကျွန်တော့်ကိုအညီတောင်းခဲ့ပါတယ် ကျွန်တော်ကြည့်ရသလောက်တော့ မင်းသမီးနေကောင်းပါတယ် ကျွန်တော်ဆက်ပြီးကြည့်ရှုစရာ မလိုတော့ပါဘူး တစ်ဖက်မှာ Aranya ကိုဂရုမစိုက်မိတာက ကျွန်တော့်ကိုပူပန်စေတယ်"

Page-123

ဖုန်းကျို သောက်နေတဲ့လက်ဖက်ရည်တောင် သီးသွားတယ် "ဒါ ရူးမိုက်တဲ့စကားပဲ ရှင်ကျွန်မနဲ့အမြဲခပ်တန်းတန်းနေတာ အသိသာကြီးပါ ရှင်... ဆေးများမှားသောက်ထားသလား?"

Xize ထိုင်ခုံအနောက်ကိုမှီကာ သူမကျောကို ပွတ်ပေးလာတယ်။ ထို့နောက် အေးဆေးပေါ့ပါးစွာနဲ့ ပြောလေတယ် "အို.. အဲ့ဒါက ငါနန်းတော်ကို သိပ်မဆင်းလာဖြစ်လို့ပါ ပြီးတော့ မင်းလဲငါ့ဆီလာမတွေ့ဘူးလေ"

ဖုန်းကျို သူ့ရဲ့စကားကို ယုတ္တိရှိရှိလုံးဝမစဉ်းစားတတ်တော့တာကြောင့် ထိုစကားမှားကြောင်း ထောက်ပြလိုက်တယ် "ရှင်ပဲ ကျွန်မကိုလာမတွေ့တာပါ!"

Xize မျက်နှာကြုတ်ကာ စဉ်းစားနေပြီးနောက် ပိပိရိရိလိမ်ညာလာခဲ့တယ် "ငါမင်းကို လာတွေ့ပါတယ် ဒါပေမယ့် မင်းငါ့ကို တစ်ခါမှသတိမထားမိဘူး မင်းက မင်းရဲ့ဆရာနဲ့ပဲ မိုးလင်းမိုးချုပ်အမြဲအတူရှိနေတာ အမှန်တိုင်းဝန်ခံရရင်.. ငါသူ့ကိုသဝန်တိုလို့ မင်းကိုတမင်လျစ်လျူရှုထားခဲ့တာ"

ထိုအချိန်မှာပဲ Su Moye အလျင်အမြန်ဝင်ပြောလေတယ် "အရှင် Xize.. အပြစ်မရှိတဲ့သူကို အဲ့လိုမစွပ်စွဲရဘူးလေ..."

ဖုန်းကျို တကယ်ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ဘူး။

သူမဒေါသထွက်လွန်းလို့ Xize ဘာပြန်ပြောလဲ၊ Su Moye ဘာပြန်ပြောလဲ၊ ပြီးတော့ ဘုရင်ကြီးဘာဆက်ပြောလာလဲ သူမမကြားလိုက်နိုင်တော့ဘူး။ ညစာစားပွဲဘယ်ချိန်ပြီးသွားလဲတောင် သူမမသိလိုက်ဘူး။ သူမအသိစိတ်ပြန်ဝင်လာချိန်မှာ ပွဲကြည့်စင်ပေါ်မှာ သူမနဲ့ Su Moye တို့နှစ်ယောက်ပဲ ကျန်တော့တယ်။

လေအေးတစ်ချက် ဝင်ရောက်တိုက်ခတ်လာခဲ့တယ်။ ဖုန်းကျို တဆတ်ဆတ်တုန်ရီသွားပြီး Su Moye ကိုမေးလိုက်တယ် "Mo Shao ရှင်လေ Xize က နည်းနည်း.. နည်းနည်း.. အာ.. စကားနဲ့ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး"

Su Moye ကျယ်လောင်စွာ ရယ်လေတယ် "ဘာလဲ? သူမင်းကို နည်းနည်းရင်းနှီးနေသလို ခံစားရစေလို့လား?"

ရင်နှီးတယ်? Su Moye စကားလမ်းပြပေးနဲ့မှ ဖုန်းကျို ရှင်းလင်းသွားတော့တယ်။ တစ်ခါတစ်လေ Xize ကြောင့် သူမဒီလိုအတွေးမျိုးဝင်မိတယ်.. သုံဟွာသီကျွင်းသာ ဒီကမ္ဘာထဲကိုဆင်းလာခဲ့ရင် Xize နဲ့သူနဲ့နှစ်ယောက် အရမ်းကိုလိုက်ဖက်ညီတဲ့မိတ်ဆွေတွေဖြစ်လာလိမ့်မယ်လို့လေ။ အကယ်၍ အဲ့လိုသာတကယ်ဖြစ်ခဲ့ရင် သီကျွင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းနေရာကို အရှင်လန်ရှန်းလက်လွှတ်လိုက်ရဖို့များတယ်။ ခါတိုင်းကလို အတူသောက်ဖို့၊ စစ်တုရင်ကစားဖို့အချိန်တွေမှာ သီကျွင်း လန်ရှန်းကိုသွားမရှာတော့ဘူးဆိုရင် လန်ရှန်းတစ်ယောက် အထီးကျန်နေလိမ့်မလား? သူဝမ်းနည်းနေလိမ့်မလား? အာ.. အဲ့လိုမဖြစ်နိုင်ဘူး။ လန်ရှန်း Su Moye ဆီသွားလို့ရသားပဲ။ ကမ္ဘာပေါ်မှာ မိန်းမတွေမရှိတော့ရင်တောင် သူတို့နှစ်ယောက်က အချိန်တွေကို ပူပင်ကြောင့်ကြမဲ့စွာ ဖြတ်သန်းနိုင်အုန်းမယ့်သူတွေပါ။
Page 124-126

Page-124

ဖုန်းကျို အိပ်ရာပေါ်ကို မောကြီးပန်းကြီးပြန်လာချိန်မှာ ဝက်နာရီ (ည ၁၁ နာရီ) တောင်ထိုးပြီးနေလေပြီ။ နောက်နေ့မနက် သူမပြန်နိုးလာတော့ သူမအိပ်ရာဘေးမှာ ကျောမှီကုတင်တစ်လုံးကို တွေ့လိုက်ရတယ်။ Chacha ကိုခေါ်ပြီးမေးကြည့်တဲ့အခါ ညက အရှင် Xize တစ်ညလုံး ဒီအခန်းထဲမှာရှိနေပြီး မနက်မိုးမလင်းခင်တည်းက သူ မီးဖိုချောင်ထဲကို ထထွက်သွားတာတဲ့။ ကြည့်ရတာ သူ ထမင်းချက်အစေခံတွေဆီကနေ ဆန်ပြုတ်ပြုတ်နည်းသင်ယူနေတယ်ထင်တယ်လို့ ပြောလေတယ်။

(သုံဟွာတို့တော့ ဖုန်းကျိုလေးအနည်းငယ်ပြောရုံနဲ့ ဆန်ပြုတ်တောင် ကိုယ်တိုင်ထပြုတ်ကုန်ပြီ😂)

အိပ်ရာပေါ်မှာ ကောင်းကောင်းမတွယ်ထားမိလို့ ဖုန်းကျို Chacha ရဲ့စကားကိုကြားပြီး သူမအိပ်ရာပေါ်မှ ပြုတ်ကျလေတော့သည်။ ထို့နောက် Chacha ရှက်ရွှံ့စွာ ပြောလာလေတယ် "မင်းသမီး... အရှင် Xize က မင်းသမီးရဲ့အခန်းထဲမှာ သီးသန့်ကုတင်တစ်လုံးထားနေလို့ စိတ်မကောင်းဖြစ်လို့လား?" သူမ မျက်နှာတွေ ရဲတက်လာလေတယ် "Chacha လဲ ပထမတော့အဲ့လိုစဉ်းစားမိပါတယ် ဒါပေမယ့်အရှင်က မင်းသမီးရဲ့ကျန်းမာရေး အမြန်ဆုံးကောင်းလာစေဖို့ကို ထောက်ထားပြီး ဒီလိုခြားနေတာပါ သူ.. အရှင်မနဲ့ လင်မယားအဖြစ် အထမမြောက်ချင်လို့မဟုတ်ပါဘူး"

ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ ဖုန်းကျိုရဲ့နားထင်ပေါ်မှာ မနက်ခင်းစောစောစီးစီး ချွေးစေးတွေပြန်လာလေတယ် "ငါ့.. ငါ့ကို အရင်ထူပါအုန်း" သူမ Chacha ကို တုန်ရီနေတဲ့အသံနဲ့ပြောလိုက်တယ်။

လင်မယားအဖြစ် အထမြောက်တယ်! ဖုန်းကျို ဒီကိစ္စကို သေချာနားမလည်ဘူး။ သူမရဲ့အားမကိုးရတဲ့အမေနဲ့ သူမအဒေါ်ကလဲ ဒီအကြောင်းကို တစ်ခါမှပြောမပြဖူးဘူး။ ဒါပေမယ့် ထိုအရာက ကြောက်ဖို့ကောင်းတယ်ဆိုတာတော့ သူမဝိုးတဝါးသိတယ်။ Xize ရဲ့စိတ်ထဲမှာ ဒီအတွက်ဘယ်လိုတွေးနေမလဲ သူမလဲမခန့်မှန်းတတ်ဘူး။ ခုလိုအခြေအနေမျိုးမှာ သူမလုပ်နိုင်တဲ့တစ်ခုတည်းသောနည်းက ပညာရှင်ကြီး Su Moye ကိုသွားရှာပြီး တန်ပြန်ရေးအစီအစဉ်တွေဆွဲခြင်းပဲ..။

ဒါပေမယ့် ပထမဆုံးအနေနဲ့ သူမဗိုက်ကိုအရင်ဖြည့်ရမယ်လေ။ ဘယ်ကိစ္စကိုမှ မဆောင်ရွက်သေးခင် ဗိုက်ပြည့်နေဖို့က အရေးကြီးဆုံးပဲ။

Page-125

ဒီနေ့ Mo Shao သူမစိတ်ကိုသိနေပုံရတယ်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး စားပွဲပေါ်ကို စားစရာမရောက်သေးခင် Mo Shao တစ်ယောက် သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုဆင်မြန်းလျက် ပေါ်လာလေတယ် "ငါ့ကိုမင်းဆီလာခဲ့ပါလို့ မနက်အစောကြီး ငါ့အခန်းထဲမှာ ဘာဖြစ်လို့စာတစ်စောင်ရောက်နေတာလဲ? ငါနဲ့အဲ့လောက်တာင်သီးသန့် စကားပြောချင်နေတာလား? မင်းကို အရှင် Xize သဝန်တိုမှာမကြောက်ဘူးလား?"

ဒီအခြေအနေ.. ဒီမြင်ကွင်းက ဖုန်းကျိုကို တကယ်ခေါင်းမူးစေတယ်။

ခုနကလေးကမှ ပျစ်ချွဲချွဲဆန်ပြုတ်အတွေးနဲ့တင် သူမစိတ်လှုပ်ရှားနေခဲ့တာ။ အခု Su Moye သူမအခန်းထဲကိုဝင်လာတာ မြင်လိုက်ရတော့ ဘာကြောင့်မှန်းမသိ သူမစိတ်တွေ ဇဝေဇဝါဖြစ်သွားသလိုပဲ။

Mo Shao သူ့အခန်းထဲကစာတစ်စောင်အကြောင်းပြောတာကို သူမဝိုးတဝါးကြားလိုက်ရတယ်။

သူမသူ့ကိုဖိတ်ဖို့မပြောနဲ့ သူ့အခန်းထဲမှာ ဘာစာမှတောင်မထားခဲ့ဘူး။

ဒါပေမယ့် အခု သူမသူ့ကိုကြည့်နေရင်း သူမရှေ့ကယောကျာ်းပျိုက အရမ်းချောတာပဲလို့ ခံစားရတယ်။ သူက သန့်စင်တဲ့ နတ်မျိုးနွယ်စုဘုံတွေမှာရော၊ မသန့်စင်တဲ့လူ့ပြည်ကလမ်းတွေမှာရော နှစ်ထောင်ပေါင်းများစွာ သူမလိုက်ရှာနေခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ သူမသူ့ကြောင့် အရမ်းပင်ပန်းခဲ့ပြီးပြီ။

                   ______________

ဖုန်းကျို သူ့ကိုမလှုပ်မယှက်ကြည့်နေလျက်က သူမရဲ့မျက်လုံးထဲကအကြည့်တွေ ပုံစံတစ်မျိုးပြောင်းသွားတာကို မြင်လိုက်ရတော့ Su Moye ရဲ့မျက်နှာပေါ်ကအပြုံးလေးလဲ မှေးမိန်ဝင်သွားလေတယ်။ "ဘာဖြစ်လို့လဲ" လို့သူမေးရုံရှိသေး သူမသူ့ရင်ခွင်ထဲကို ရုတ်တရက်ကြီး ပြေးဝင်လာခဲ့တယ်။ သူမရဲ့လက်တွေဟာလဲ သူ့လည်ပင်းတစ်ဝိုက်မှာ မြဲမြံစွာဖက်တွယ်လာလေတယ်။

ဒါတကယ်မဟုတ်ပေမယ့် သူ့ရှေ့မှာရှိနေတာ Aranya ရဲ့ကိုယ်၊ Aranya ရဲ့မျက်နှာ၊ Aranya ရဲ့အသက်ရှူသံတွေပဲ...။
                   _______________

အပျော်ခရီးသင်္ဘောကြီးပေါ်မှာ Changdi နဲ့ Juno တို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသည်။ Changdi စိတ်ပူလွန်းလို့မေးနေတာ ဒါနဲ့ဆိုငါးခါမြောက်တောင်ရှိလေပြီ "အမတော်.. အချိန်ကျပြီလား?"

Page-126

Juno အေးဆေးစွာနဲ့ လက်ဖက်ရည်အိုးဆီလက်လှမ်းကာ သူမအတွက် တစ်ခွက်ငှ့ဲလိုက်တယ်။ ထို့နောက် Changdi ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလေတယ် "ဘာတွေအလျင်လိုနေတာလဲ? လက်ဖက်ရည်ကျိုသလိုပဲ မီးအေးအေးနဲ့ သင့်တင့်မျှတတဲ့အချိန်တော့လိုတာပဲလေ စောလွန်းတာပဲဖြစ်ဖြစ် နောက်ကျတာပဲဖြစ်ဖြစ် ဘယ်ဟာမှမကောင်းဘူး"

Changdi လှောင်ရယ်ရယ်ကာ ထရပ်လိုက်တယ် "သူတို့နှစ်ယောက်ကို အချစ်ဆေးရည်ခတ်ထားရတာ လွယ်တာမဟုတ်ဘူး ကျွန်မရင်ထဲမှာ သိပ်စိတ်မချဘူး ခုတလော.. အရှင် Xize Aranya အပေါ်ဆက်ဆံပုံ ဘာဖြစ်လို့ပြောင်းလဲလာတာလဲမသိ ကျွန်မတော့တကယ်မစောင့်နိုင်တော့ဘူး သူပြောင်းလဲပြီးဆက်ဆံပေးနေတဲ့သူက အခြားယောကျာ်းတစ်ယောက်နဲ့ ပရောပရည်လုပ်နေတာကို မြင်လိုက်ရရင် သူ့မျက်နှာဘယ်လိုဖြစ်သွားမလဲ သိချင်လိုက်တာ" သူမ သရော်ပြုံးပြုံးလိုက်တယ် "ပြီးတော့  ခမည်းတော် Aranya ကို သိပ်မနှစ်သက်တာမပြောနဲ့ သူ့ရဲ့နှလုံးသားနက်နက်ထဲကအထိ သူမကိုချစ်မြတ်နိုးတယ်ဆိုရင်တောင် လင်ငယ်နဲ့နောက်မီးလင်းတဲ့ကိစ္စလောက် ကြီးမားတဲ့အပြစ်ဒဏ်မျိုးကို သူလုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူး"

Juno ပေါ့ပါးစွာ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်တယ် "ဒါပေါ့.. ဒါကြောင့်မို့ ငါတို့တွေ သူမကို သေတွင်းထဲကနေ လုံးဝပြန်ထမလာနိုင်တော့အောင် ဟိုးအောက်ခြေဆုံးထိ ကန်ချပေးရမယ်လေ ဒီတစ်ခါ ငါတို့ရဲ့ကန်ချက်က လျင်မြန်ပြီးသေသပ်ဖို့လိုတယ်" သူမ ပြုံးပြီး ထရပ်လိုက်တယ် "အချိန်ကျပြီ ညတုန်းက လူတွေအများကြီးရဲ့ရှေ့မှာ ငါတို့မျက်နှာကို သူမအိုးမဲသုတ်ထားတာ ဒီနေ့လဲ ငါတို့နှစ်ယောက်တည်းနဲ့ ဘယ်သွားလို့ဖြစ်ပါ့မလဲ?"

သူမတို့နှစ်ယောက် တံခါးဖွင့်ပြီးထွက်သွားကြချိန်မှာ Si’xing မြစ်ပြင်ပေါ်မှာ လှိုင်းလုံးကြီးတွေထနေလေရဲ့။
Page 127-131

Page-127

အပြင်ဘက်မှာ အပြာရောင်ကောင်းကင်ကြီးနဲ့ နေ့ခင်းရဲ့တောက်ပတဲ့အလင်းရောင်တို့က ကြီးစိုးမင်းမူနေပြီး လှေငယ်လေးအတွင်းမှာတော့ ကြည်နူးဖွယ်ရာခမ်းဆီးလိုက်ကာလေးတို့က အိပ်ရာထက်မှာ ဝန်းပတ်ကာရံလို့ထားတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကပဲ ပိုပြီးထူတဲ့အိပ်ရာခန်းစီးတွေနဲ့ Chacha လဲထားခဲ့တာမို့ ထိုခန်းဆီးတွေကို ချထားလိုက်ရင် မနက်ခင်းအလင်းရောင်ကို ကာကွယ်လို့ရတယ်လေ။

ခုချိန်မှာ ထိုခန်းဆီးလိုက်ကာတွေက ဖရိုဖရဲဖြစ်နေပြီး အိပ်ရာထက်မှာလဲ အဝတ်အစားဖိုသီဖတ်သီနဲ့ လူငယ်လေးတစ်ယောက်ရဲ့လက်တွေကို ပါးလွှာတဲ့ဂါဝန်လေးဝတ်ထားတဲ့ မိန်းမပျိုလေးတစ်ယောက်က မလှုပ်နိုင်အောင် ဖိချုပ်ထားလေတယ်။ သူမရဲ့အင်္ကျီလက်တစ်ဖက်ကလဲ နူးညံ့ပြီးမိန်းမဆန်တဲ့ သူမရဲ့ပုခုံးလေးထက်မှာ လျှောကျလို့နေတယ်။ သူမရဲ့ခြေထောက်တွေနဲ့ သူ့ရဲ့ကိုယ်ပေါ်မှာခွထားတဲ့အတွက် မွေ့ညက်နေတဲ့ သူမရဲ့ခြေမျက်စိလေးတွေက အတိုင်းသားပေါ်ထင်းနေလေတယ်။ သူမရဲ့မျက်လုံးတွေကလည်း သူ့ရဲ့ကိုယ်ပေါ်မှာ ညှို့ယူကျရောက်လို့နေတယ်။

နွေဦးချိန်ခါက ခန်းဆီးလိုက်ကာတွေရဲ့အနောက်မှာ ပြည့်ပြည့်ဝဝကြီးကို သာယာလှပနေတာပေါ့။ လူတွေပြောလေ့ရှိတဲ့ 'မဖွယ်မရာမြင်ကွင်း' မျိုးဆိုတာ ဒါပဲမဟုတ်ဘူးလား?

ဖုန်းကျို သူမအောက်ကယောကျာ်းပျိုကို တွေဝေမိန်းမောစွာကြည့်နေမိတယ်။ သူမ အရမ်းစိတ်ရှုပ်နေပြီ။ အခုသူမဘာလုပ်နေတာလဲ? ပြီးတော့ရော ဘာဆက်လုပ်ရမလဲ?

ဖုန်းကျိုအောက်မှာလဲလျောင်းနေတဲ့ ယောကျာ်းပျိုကလဲ တိတ်ဆိတ်နေလေတယ်။ သူတစ်ခုခုကို စဉ်းစားနေသလို သူ့အကြည့်တွေဟာ သူမရဲ့မျက်နှာပေါ်မှာ မမှိတ်မသုန်ဝဲနေခဲ့တယ် "အိပ်ရာပေါ်ဆီ ဆွဲခေါ်မယ်၊ အင်္ကျီတွေချွတ်မယ်၊ တွန်းလှဲမယ်၊ အပေါ်ကိုခွတက်မယ်"

သူဘာပြောနေတာလဲ ဖုန်းကျိုနားမလည်ဘူး။ လူငယ်လေးဟာ မလှုပ်မယှက်ငြိမ်သက်တဲ့အကြည့်တွေနဲ့ပဲ သူမကိုကြည့်လို့နေတယ် "ဒီ၄ဆင့်ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်လုပ်ပြီးပါပြီ" သူ သက်ပြင်းချလိုက်ဟန်တူတယ် "ဒါပေမယ့် ငါမင်းကိုဒါတွေ တစ်ခါမှမသင်ခဲ့ဖူးပါဘူး မင်းဘယ်ကသိလာတာလဲ?"

ဒီလောက်ကျော့ရှင်းလှတဲ့ ယောကျာ်းပျိုတစ်တစ်ယောက်က သူမဒေအာက်မှာပိတ်မိနေပြီး ထိုကဲ့သို့သက်ပြင်းချလိုက်တာကိုမြင်ရတော့ ဖုန်းကျိုအံ့သြသွားတယ်။ ချမ်းအေးတဲ့ညမှာ လင်းလက်နေတဲ့ ကြယ်ရောင်တွေလို သူ့ရဲ့အေးစက်တဲ့မျက်လုံးတွေထဲမှာ သူမရဲ့ပုံရိပ်လေးက တောက်ပစွာရောင်ပြန်လျက်ရှိတယ်။ အေးစက်မှုထဲမှာ နွေးထွေးမှုလဲရှိနေသလိုပေါ့။

သူ့ရဲ့မျက်လုံးတွေကိုနမ်းဖို့ သူမ ခေါင်းကိုငံု့လိုက်တဲ့အချိန်မှာ တဖျတ်ဖျတ်ခတ်သွားတဲ့ သူ့ရဲ့မျက်တောင်ရှည်တွေကို ခံစားလိုက်ရတယ်။ ဒါ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။

"စာအုပ်ထဲက" သူမ ဝေတိဝေဝါးပြန်ဖြေလိုက်တယ် "စာအုပ်တွေထဲမှာဆို ရင်သပ်ရှုမောရတဲ့မိန်းမချောလေးတွေ၊ ရွှေတွေအပြည့်ရှိတဲ့အိမ်တွေ.. ရှင်အားလုံးရှာလို့ရတယ်"

"ဒါဆိုရင် အဲ့ဒီစာအုပ်ထဲမှာ မင်းအခုဘာဆက်လုပ်ရမလဲဆိုတာရော ပြောထားသေးလား?" ယောကျာ်းပျိုရဲ့အသံဟာ အရမ်းကိုတိုးဝင်နေခဲ့တယ်။ သူ့အနားမှာကပ်မနားထောင်ရင် မကြားနိုင်မယ့်အသံမျိုးနဲ့..။

သူ့မျက်နှာကိုကောင်းကောင်းကြည့်နိုင်ဖို့ ဖုန်းကျို သူ့အနားကအနည်းငယ်ခွာလိုက်ပြီး သူမခေါင်းကို ငြိမ့်ပြလိုက်တယ် "ပြောထားတယ်" ။ တကယ်က ပြောထားတာတွေများလွန်းလို့ သူမ အားလုံးသေချာ မမှတ်မိတော့ဘူး။ သူမ ပြန်စဉ်းစားလို့လဲမရသလို စဉ်းလဲမစဉ်းစားနေချင်တော့ဘူး။ ဒီတိုင်းလေးပဲ သူမအောက်ကယောကျာ်းပျိုရဲ့အနားကို တိုးကပ်သွားလိုက်ချင်တော့တယ် "နောက်တစ်ဆင့်က ဖယောင်းတိုင်မီးကိုမှိတ်ရမှာ အဲ့ဒါပြီးတော့ နောက်တစ်နေ့မနက်ရောက်သွားတာပဲ" သူမ တကယ်အလေးအနက် ပြန်ဖြေလိုက်တယ်။ ထို့နောက် ရုတ်တရက် သူမစိတ်ရှုပ်သွားတယ် "ဒါပေမယ် ဖယောင်းတိုင်မီးက ဘယ်မှာလဲ?"

လူငယ်လေးဟာ သူ့လက်နှစ်ဖက်ကိုဖိချုပ်ထားတဲ့အတိုင်း ဘာတစ်ခုမှခုခံခြင်းမရှိ ငြိမ်မြဲငြိမ်နေခဲ့တယ်။ သူ သူမကိုအကြာကြီးစိုက်ကြည့်နေပြီးနောက် ပြောလာတယ် "မင်း အဲ့ဒီစာအုပ်ကိုဖတ်တုန်းက တစ်ခုခုကျန်ခဲ့တယ်လို့ငါထင်တယ်"

Page-128

ဖုန်းကျို ရေရွတ်လိုက်တယ် "အဲ့ဒီစာအုပ်ကို ကျွန်မအဒေါ်ပေးတာ ဘာတစ်ခုမှမကျန်ခဲ့ပါဘူး" သူမတို့အိပ်ရာနားမှာ ဖယောင်းတိုင်မီးများရှိလိုရှိငြား သူမလှည့်ပတ်ရှာနေတုန်းမှာပဲ သူမအဒေါ်ပေးထားတဲ့စာအုပ်က မပြည့်စုံလို့များလားလို့ သူမတွေးလိုက်မိတယ်။ ချက်ချင်းပဲ ဖုန်းကျို သိချင်စိတ်နဲ့ မေးလိုက်တယ် "ကျွန်မ ဘယ်အပိုင်းကိုကျန်ခဲ့တယ်လို့ ရှင်ပြောတာလဲ?"

"အခုတော့ ငါမင်းကိုပြောပြလို့မရသေးဘူး" သူ့မျက်လုံးတွေ အနည်းငယ်ရီဝေသွားပုံရတယ်။

သူစကားပြောနေတုန်း သူ့ရဲ့လှုပ်ရှားနေတဲ့ လည်စလုတ်ဆီကို ဖုန်းကျို ရုတ်တရက်အကြည့်ရောက်သွားလေတယ်။ သူနဲ့တစ်ခါမှ ဒီလောက်အနီးကပ်မနေဖူးလို့ သူ့ရဲ့ဒီလိုနေရာမျိုးတွေကို သူမသေချာသတိမထားမိခဲ့ဘူး။ ဒါမှမဟုတ် အနီးကပ်နေဖူးပေမယ့် ဒီနေ့လို ကြည့်ဖို့သတ္တိမရှိခဲ့တာလဲဖြစ်နိုင်တယ်။

စာအုပ်ထဲမှာ ဘယ်အပိုင်းကျန်နေခဲ့လဲ ဖုန်းကျိုစိတ်မဝင်စားတော့ဘူး။ ဝေ့လည်ကြောင်ပတ်နဲ့ ဘာမှမဆိုင်တဲ့ တုံ့ပြန်မှုတစ်ခုကိုပဲ သူမလုပ်လိုက်တော့တယ်။ သူမ သူ့ရဲ့လက်တစ်ဖက်ကို လွှတ်ပေးလိုက်ပြီး သူ့ရဲ့လည်တိုင်နားသို့သွားကာ တင်းကျပ်နေတဲ့သူ့ရဲ့အင်္ကျီလည်ခွံကို ဆွဲဟလိုက်တယ်။ သူမလက်တွေ အနည်းငယ်တုံ့ဆိုင်းသွားတယ်။ ပွင့်ဟနေတဲ့အင်္ကျီလည်ခွံအောက်က လှပတဲ့ညှပ်ရိုးလေးကိုမြင်လိုက်ရတဲ့အခါမှာ သူမမျက်လုံးတွေထဲမှာ အလင်းရောင်တွေ တောက်ပသွားလေတယ်။

ယောကျာ်းပျိုကလဲ ဘယ်လိုဆန့်ကျင်မှုမျိုးကိုမှမလုပ်ခဲ့ဘူး။ သူ သူမစိတ်ကြိုက်တိုင်းပဲ ခွင့်ပြုထားခဲ့တယ်။ သူမ ထိုညှပ်ရိုးလေးကို အသာအယာပွတ်နေရင်းက အားကျစွာနဲ့ပြောလိုက်တယ် "ဒီလိုညှပ်ရိုး အာ.. ကျွန်မမှာမရှိဘူး"

"ကျွန်မငယ်ငယ်တုန်းက ညှပ်ရိုးလှလှလေးတစ်ခု လိုချင်လွန်းလို့ နှစ်တိုင်းဆုတောင်းခဲ့ရတာ" သူမ နောင်တတရနဲ့ ဆက်ပြောတယ် "နောက်ဆုံးကျတော့လဲ တစ်ခုမှရှိမလာခဲ့ဘူး ကျွန်မအမေပြောတာတော့ ကျွန်မမှာညှပ်ရိုးတွေရှိပါတယ်တဲ့ ကျွန်မကနည်းနည်းပြည့်လို့ ပျောက်နေတာလို့ပြောတယ်" သူမပြောနေရင်းတန်းလန်း လူငယ်လေးကိုပြဖို့ သူမရဲ့ညှပ်ရိုးတွေပျောက်နေတဲ့နေရာဆီ လက်ရောက်သွားလေတယ်။ သူမ ထိုနေရာကိုစမ်းကြည့်နေရင်းက ရုတ်တရက် အေးခဲသွားတယ် "အခု ကျွန်မမှာ တစ်ခုရှိလာပြီထင်တယ်"

သူမအပေါ်ကနေဖိချုပ်ထားလို့ သူ့ရဲ့လက်တစ်ဖက်ပဲ အနည်းငယ်လှုပ်ရှားနိုင်တာပါ။ ဒါပေမယ့် သူ ဘေးကစောင်ကို အလွယ်တကူဆွဲယူပြီး သူမရဲ့ပခုံးတစ်ဝိုက်မှာ အေးဆေးစွာပတ်ခြုံပေးလာတယ်။ ထို့နောက် ရီဝေနေတဲ့မျက်လုံးတွေနဲ့ သူမကိုရှင်းပြလေတယ် "အဲ့တာ မင်းခန္ဓာကိုယ်မဟုတ်လို့ပါ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာလဲ ညှပ်ရိုးလေးတွေရေးတေးတေးပေါ်အောင် လုပ်လို့ရသားပဲ" သူ့ရဲ့လှုပ်ရှားမှုတွေက သူ့အင်္ကျီလည်ခွံကို ပိုပြီးဟလာစေတယ်။ ထိုချိန်မှာပဲ ဓားထိရာလို ဖျော့တော့တော့အနာရွတ်တစ်ခု သူ့ရဲ့ညှပ်ရိုးတွေအောက်မှာပေါ်လာခဲ့တယ်။

Page-129

သူပြောလိုက်တာ ကာရံတွေ အကြောင်းပြချက်တွေမပါတဲ့ သာမာန်စကားလေးတစ်ခွန်းပါပဲ။ သို့ပေမယ့် ဖုန်းကျို နားမလည်ဘူး။ သူမ ထိုအနာရွတ်ကိုဆီကိုပဲ လက်ကိုမြှောက်လိုက်တယ်။ ထို့နောက် အနာရွတ်ပေါ်မှာ အသာအယာပွတ်သပ်ပေးရင်း မေးလိုက်တယ် "နာနေသေးလား?"

ယောကျာ်းပျို အနည်းငယ်တောင့်ခဲသွားသလို သူ့ခေါင်းကလဲ တစ်ဖက်သို့စောင်းသွားလေတယ်။ ကြည့်ရတာ မကြာသေးခင် လောလောလတ်လတ်ကရထားတဲ့ ဒဏ်ရာဟောင်းတစ်ခုပဲ ထင်ပါရဲ့။ ဒါပေမယ့် သူ ပေါ့ပါးပါးပဲ ပြောလာတယ် "နည်းနည်းပါ"

ဖုန်းကျို ဂရုတစိုက်နဲ့ ခေါင်းကိုငုံ့ကာ အနာရွတ်ပေါ်ကို သူမရဲ့နှုတ်ခမ်းဖူးလေးတွေနဲ့ ဖိလိုက်တယ်။ သူမ ထိုအနေအထားအတိုင်း ခဏလောက်နေပြီး အနာရွတ်လေးကို လျှာနဲ့လျက်လိုက်တဲ့အခါ သူမရဲ့သွားလေးတွေက မတော်တဆ သူ့ရဲ့ညှပ်ရိုးလေးနဲ့ပွတ်တိုက်သွားလေတယ်။ ယောကျာ်းပျိုဆီမှ ညည်းညူသံကို ကြားလိုက်ရတော့ ဖုန်းကျို စိုးရိမ်စွာမေးလိုက်တယ် "သွားရည်တွေနဲ့ စွတ်ပေးတာတောင် နာနေတုန်းလား?"

သူ ခက်မှန်းရခက်တဲ့အမူအရာမျိုးနဲ့ သူမအမေးကိုပြန်ဖြေလာတယ် "ဒဏ်ရာအသစ်ရသွားလို့ဖြစ်မယ်"

ဖုန်းကျို သူ့အနားကိုကပ်ပြီး သူ့ရဲ့လည်တစ်ဝိုက်မှာ အချိန်တော်ကြာအောင် ထိုဒဏ်ရာအသစ်ကိုရှာနေခဲ့ပေမယ့် ဒဏ်ရာဆိုလို့ သူ့ရဲ့ညှပ်ရိုးပေါ်က သူမရဲ့သွားကိုက်ရာလေးပဲ ရှာတွေ့ခဲ့တယ်။ သွားကိုက်ရာလေးကို သူမအသာအယာပွတ်ပေးရင်း သူမခေါင်းကို အနည်းငယ်မြှင့်ကာ တိုးလျညင်သာတဲ့အသံလေးနဲ့ သူ့နားနားမှာကပ်မေးလိုက်တယ် "ဒီနေရာလေးလား? ဒါဆိုရင် ကျွန်မရှင့်အတွက် လျက်ပေးမယ်လေ..."

သူမစကားမဆုံးသေးခင်မှာပဲ သူမကိုယ်သူမ သူ့ရဲ့အောက်ကိုရောက်သွားကို တွေ့လိုက်ရတယ်။ ဖုန်းကျို သူမမျက်စိရှေ့က ချောမောလှတဲ့ယောကျာ်းပျိုကို မျက်လုံးအပြူးသားနဲ့ ကြည့်နေခဲ့တယ်။

ယောကျာ်းပျိုဟာ သူမရဲ့လက်တွေကို ဖိချုပ်ထားပြီး သူမတစ်ကိုယ်လုံးကိုလဲ မလှုပ်နိုင်အောင် သူ့အောက်မှာညှပ်ဖိထားလေတယ်။ ခုနက သူမပုခုံးပေါ်မှာရှိနေတဲ့ စောင်ကလဲ သူ့ရဲ့ပုခုံးပေါ်ကို အလိုအလျောက်ရောက်သွားလေတယ်။ စောင်ရဲ့အောက်မှာ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာငယ်လေးတစ်ခု ဖြစ်လို့နေတာပေါ့။

စောနက သူမသူ့ကိုဖိချုပ်ထားခဲ့တဲ့အားက ဒီလောက်ထိမပြင်းထန်သလို သူမကိုခုလိုမလှုပ်နိုင်အောင် ပြန်ဖိချုပ်လာဖို့ကိုလဲ သူမညွှန်ပြပေးခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် အခုသူမ ဘာဆန့်ကျင်မှုမှလုပ်ချင်စိတ်မရှိဘူး။

ယောကျာ်းပျိုဟာ အေးဆေးစွာပဲ သူမကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့အသက်ရှူသံလေးကိုတောင် တိုးတိုးလေးကြားနေရတယ်။ သူ့ရဲ့အသက်ရှူသံက သူ့မျက်နှာပေါ်ကအမူအရာလောက် မအေးဆေးဘူးဆိုတာကို သူမတပ်အပ်ပြောနိုင်ပါတယ်။ သူ သူမကိုစိုက်ကြည့်နေတာပါပဲ။ ဒါပေမယ့် သူ့ရဲ့အကြည့်တွေက သူမမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို ကြည့်နေသလိုထင်ရတယ်။ သူ့ရဲ့မျက်လုံးတွေထဲက ရောင်ပြန်ပုံရိပ်လေးကလဲ သူမမဟုတ်ဘူး။

သူမ ခေါင်းလေးစောင်းကာ သိချင်စိတ်နဲ့မေးလိုက်တယ် "ရှင် ဘာစဉ်းစားနေတာလဲ?"

Page-130

အချိန်တော်ကြာ သူတိတ်ဆိတ်နေပြီးမှ "မင်းတို့နှစ်ယောက်ကို... ခုချက်ချင်းလဲလိုက်ချင်တယ်လို့ ငါစဉ်းစားနေတာဖြစ်မယ်"

သူပြောလိုက်တဲ့နောက်ဆုံးအပိုင်းကို သူမနားမလည်ဘူး။ ဒါနဲ့ပဲ ခုနကလိုတိုးလျညင်သာတဲ့အသံလေးနဲ့ သူမပြန်မေးလိုက်တယ် "ဘာဖြစ်လို့ 'ဖြစ်မယ်' လဲ? ခုလေးတင်ပဲ ရှင့်ရဲ့စိတ်တွေ ဟာလာဟင်းလင်းဖြစ်နေတာမဟုတ်ဘူးလား?" ။ သူ ထပ်ပြီးတိတ်ဆိတ်နေတာမြင်ရတော့ သူမအောက်ကနေအနည်းငယ်ရုန်းကာ ပြောလိုက်တယ် "ရှင်မပင်ပန်းဘူးလား? ကျွန်မနည်းနည်းချမ်းသလိုပဲ ပြန်လှဲကြရင်မကောင်းဘူးလား?"

                  _______________

Changdi နဲ့ Juno တို့ အစေခံတစ်သိုက်ကိုဦးဆောင်ကာ ဖုန်းကျိုအခန်းထဲသို့ ချိုးဖောက်ဝင်လာတဲ့အချိန်မှာ 'ကျွန်မနည်းနည်းချမ်းနေသလိုပဲ ပြန်လှဲကြရင်မကောင်းဘူးလား?" စတဲ့ ပျစ်ချွဲချွဲစကားလုံးတွေဟာ အိပ်ရာခန်းဆီးတွေရဲ့အနောက်ကနေ ပျံ့လွင့်လာခဲ့တယ်။ ထို့နောက် ညင်သာတဲ့ပင့်သက်ရှိုက်သံလေးတစ်ခု ထပ်ထွက်လာပြီး နှစ်ယောက်သား အခန်းငယ်လေးကို ညစ်ညမ်းတဲ့နေရာတစ်ခုလို လုပ်နေကြလေတယ်။

မင်းသမီး၂ပါးလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှစ်ထောင်းအားရမှုနဲ့အတူ ရယ်မောလိုက်တယ်။

သူတို့ အချိန်ကိုက်ရောက်လာတာပဲ။

ဒါပေမယ့် ဒီလိုအိမ်ထောင်ရေးဖောက်ပြန်နေတဲ့ကိစ္စကို လက်ပူးလက်ကြပ်ဖမ်းတဲ့နေရာမှာ ၂နည်းရှိတယ်။ စကားကိုသုံးတာ ဒါမှမဟုတ် အင်အားကိုသုံးတာပဲ။ စကားကိုသုံးတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်ထုံးစံအတိုင်း အိပ်ရာခန်းဆီးရဲ့အပြင်ဘက်ကနေ အထဲမှာပရောပရည်လုပ်နေတဲ့အချစ်ငှက်၂ကောင်ကို ထွက်လာခိုင်းပြီး မိုး၊ မြေ၊ ကျင့်ဝတ်သီလတွေကို တိုင်တည်ကာ သူတို့ရဲ့အပြစ်တွေကို ဝန်ခံခိုင်းတာပဲဖြစ်တယ်။ အားကိုသုံးတယ်ဆိုတာကတော့ လက်နက်ကိုထုတ်သုံးခြင်းပဲ။ ကြာပွတ်တစ်ခုနဲ့ ထိုအချစ်ငှက်၂ကောင်ကို သနားညှာတာမှုမရှိ ရိုက်ရမယ်။

ဒါပေါ့ ဒီလိုကြီးလေးတဲ့ကိစ္စမျိုးအတွက် အားကိုအသုံးပြုပြီးဖမ်းတာက ပိုအားရစရာကောင်းတာပေါ့။ ဒါပေမယ့် မင်းသမီး၂ပါးခမျာ အားကိုအသုံးပြုမယ်ဆိုရင် Su Moye ကို အနိုင်ရဖို့ယုံကြည်ချက်မရှိကြဘူးလေ။ ဒါ့အပြင် လက်မထပ်ရသေးနဲ့ မိန်းမပျိုလေး၂ယောက်အနေနဲ့ ခုလိုနေ့ခင်းကြောင်တောင်ကြီးမှာ သူများရဲ့အိပ်ရာထဲထိ ဝင်နှောင့်ယှက်ဖို့က မသင့်တော်ပြန်ဘူး။ ဒါကြောင့်မို့ ဝမ်းနည်းစရာကောင်းစွာနဲ့ သိမ်မွေ့ညင်သာတဲ့ ပထမနည်းကိုပဲ သူတို့ရွေးချယ်ရတော့မယ်။

Page-131

ကုတင်ရဲ့ဘေးနားမှာ အဖြူရောင်ဘရိုကိတ်ဝတ်ရုံတစ်ခု ပုံလျက်ကျနေပြီး အဝေးမှာလဲ အနက်ရောင်ခါးစည်းကြိုးတစ်ခုကို ပြီးစလွယ်ပစ်လွှင့်ထားလေတယ်။ အဟား.. လာပြီလေ စွပ်စွဲချက်တွေ။ Changdi ထိုဝတ်ရုံကို သူမရဲ့လက်ချောင်းလေးတွေနဲ့ညှပ်ကာ မထိတထိကောက်ယူလိုက်ပြီး သူမမျက်နှာပေါ်မှာ မသေချာမရေရာတဲ့မျက်နှာထားမျိုး ဖန်တီးလိုက်တယ် "ဒါ.. အရှင် Mo ရဲ့ဝတ်ရုံမဟုတ်လား?" ထို့နောက် သူမ အံ့သြသင့်တဲ့ အမူအရာမျိုးထပ်မံဖန်တီးပြန်တယ် "ဒါဆို အိပ်ရာခန်းဆီးရဲ့အနောက်ကသူက.. အရှင် Mo လား?" ။ သူမ အရမ်းကို ရှက်ရွှံ့ဒေါပွသွားတဲ့မျက်နှာထားနဲ့ "Aranya.. ခုချက်ချင်း ထွက်လာခဲ့စမ်း နေ့ခင်းကြောင်တောင်ကြီးမှာ ကိုယ့်ရဲ့ဆရာဖြစ်သူနဲ့ ဒီလိုလုပ်ရပ်မျိုးလုပ်ရလောက်တဲ့အထိ ရဲတင်းလှသလား? ပုရွက်ဆိတ်တွေတောင် နင့်ထက် အရှက်တရားကို အနံ့ခံနိုင်စွမ်းရှိတယ် တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို နင်ဘယ်လိုလုပ်လိုက်တာလဲ?"

Changdi က လူကြမ်းနေရာမှာ  အပီအပြင်သရုပ်ဆောင်ပြီးသွားတော့ Juno လဲချက်ချင်းဝင်ပါလာပြီလေ။ သူမ ဘေးမှာရပ်နေတဲ့အစေခံတွေဘက်ကို လှည့်လိုက်တယ် "သွား.. သွား ခမည်းတော်၊ မယ်တော်နဲ့ အရှင် Xize တို့ဆီ အမြန်သွားပြီးပြောကြစမ်း ဒီမှာအရမ်းအရေးကြီးတဲ့ကိစ္စဖြစ်နေလို့ ခုချက်ချင်း သူတို့ရောက်လာဖို့လိုတယ်လို့ ညီမတော် Aranya ရဲ့ ကျန်းမာရေးအခြေအနေကို သတင်းမေးဖို့ရောက်လာတဲ့ဟာကို ဒီလိုအရှက်မရှိမြင်ကွင်းမျိုး တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး တကယ်ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ပါဘူး..."

မင်းသမီး၂ပါး ခုလိုသံပြိုင်ကိုက်ပြီးပြီးချင်း စေခိုင်းခံရတဲ့အစေခံတွေလဲ စောင်းထဲကလွှတ်လိုက်တဲ့မြင်းတွေလို အခန်းထဲကပြေးထွက်သွားပုံများ တစ်ချက်ကြည့်ရုံနဲ့ အသေအချာလေ့ကျင့်ပေးထားတဲ့ အစေခံတွေမှန်း အရမ်းသိသာတယ်။ မကြာခင်မှာပဲ လှေငယ်လေးရဲ့ပတ်လည်မှာ လူတွေဝိုင်းအုံလာခဲ့တယ်။ ထိုအချိန်မှာ အိပ်ရာထဲကအချစ်ငှက်၂ကောင်ကတော့ ထောင်ချောက်ထဲမှာပိတ်မိနေတဲ့  လိပ်၂ကောင်အလားပေါ့။ အိပ်ရာခန်းဆီးရဲ့အပြင်ဘက်မှာ အမျိုးသမီးအရာရှိတွေဟာ စူးရှတဲ့မျက်လုံးတွေနဲ့ အထဲက၂ယောက်ကို မလွတ်အောင် စောင့်ကြည့်ပေးနေရင်း သူတို့အားလုံး ဘုရင်၊ ဘုရင်မကြီးနဲ့ အရှင် Xize တို့ရဲ့ရောက်ရှိမှုကို စောင့်နေကြလေတယ်။ ကဲ.. လူစည်တဲ့ပြဇာတ်လေးတစ်ခုတော့ ကောင်းကောင်းဖြစ်ထွန်းလာပြီ။

နဂါးသင်္ဘောကြီးရဲ့အနောက်မှာ လှေငယ်လေးဟာ ခြေလှမ်းအနည်းငယ်အကွာနဲ့ လိုက်ပါလာခဲ့တယ်။ Juno ရဲ့စေ့စပ်တဲ့တွက်ချက်မှုအတိုင်းဆို ဘုရင်ကြီး လှေငယ်ပေါ်ရောက်လာချိန်ကနေ ဖုန်းကျိုအခန်းထဲကို ဝင်လာတဲ့အချိန်ထိ စက္ကန့်ပိုင်းပဲကြာလိမ့်မယ်။

ထိုအချိန်မှာပဲ သေချာစောင့်ကြပ်နေတဲ့ အိပ်ရာခန်းဆီးတွေအနောက်မှ အဝတ်စပွတ်တိုက်သံတစ်ချို့ ပေါ်ထွက်လာခဲ့တယ်။ ဘုရင်ကြီးရဲ့ရှေ့မှောက်မှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ ပြဇာတ်လေးဖြစ်စေဖို့ မင်းသမီး၂ပါး ဒူးထောက်ဖို့ပြင်ရင်း အလုပ်ရှုပ်နေကြတာနဲ့ ထိုအသံတွေကို မကြားလိုက်ကြဘူး။ ဒါ့ကြောင့် အဆောတလျင်လုပ်ဖို့လဲ သူတို့မတွေးမိကြဘူးလေ။ Juno တကယ်တော်ပါတယ်။ Changdi ဆိုပိုတောင်တော်အုန်းမယ်။ ခုနလေးကမှ Aranya ကိုစွပ်စွဲဖို့အတွက် သူတို့ပါးစပ်တွေထဲမှာ ရိုင်းစိုင်းတဲ့စကားတွေနဲ့ပြည့်နေခဲ့တာ။ ဒါပေမယ့် ဘုရင်ကြီး အခန်းထဲကိုခြေလှမ်းပြီးရုံရှိသေး Changdi ပါးစပ်ထဲက စူးရှတဲ့ဓားသွားတွေဟာ ယဉ်းကျေးသိမ်မွေ့တဲ့ လျှောက်လဲချက်စကားလေးတွေအဖြစ်ကို ချက်ချင်းပြောင်းလဲသွားတယ်။ ကြမ်းပြင်မှာဝပ်စင်းနေလျက်က 'သူမတို့ အခန်းထဲကိုဝင်လာလာချင်း Aranya နဲ့ Su Moye တို့ ဒီလိုမဖွယ်မရာလုပ်ရပ်မျိုး လုပ်နေတာကိုမြင်လိုက်ရကြောင်း၊ သူတို့နှစ်ယောက် ဆရာနဲ့တပည့်ဆက်ဆံရေးကိုတောင် ဂရုမစိုက်တော့ဘဲ အိပ်ရာထဲမှာခုလိုဖြစ်နေရတာကို မြင်လိုက်ရတဲ့အချိန်မှာ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးနှစ်ယောက်အနေနဲ့ သူမနဲ့ Juno တို့အရမ်းကိုထိတ်လန့်သွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိလို့ ခမည်းတော်ကိုသာ ချက်ချင်းအကြောင်းကြားဖို့ တွေးမိလိုက်ကြောင်း အစရှိသဖြင့် လျှောက်တင်ပါလေတယ်။
Page 132-136

Page-132

ပြဇာတ်လေးရဲ့ခြေလှမ်းတိုင်းက Changdi တွက်ချက်မှုအတိုင်း အတိအကျဖြစ်လာခဲ့တာမို့ သူမရဲ့သရုပ်ဆောင်မှုတွေက ပိုပြီးအားရပီပြင်တယ်လေ။ သူမခေါင်းကိုမော့ကြည့်လိုက်တဲ့အချိန်မှာ ဘုရင်ကြီး Aranya ရဲ့အိပ်ရာဆီကို ဒေါသတွေပြည့်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာမြင်လိုက်ရတယ်။ အခန်းကျဉ်းလေးထဲမှာ ခုလိုမိုးပြိုတော့မယ့်အဖြစ်ကိုမြင်ရတာ သူမကိုအရမ်းနှစ်ထောင်းအားရဖြစ်စေတယ်။ ကျေနပ်ဝမ်းသာမှုတွေနဲ့အတူ သူမ ဘုရင်ကြီးဆီကို တစ်ချက်ထပ်ကြည့်လိုက်ပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ဘီလူးသရဲတစ်ကောင်ဝင်စီးနေသလို ဘုရင်ကြီးရဲ့ကြောက်ခမန်းလိလိဒေါသတွေက ရေထဲမှာပျော်ကျသွားတဲ့ရွှံ့တွေလို ရုတ်တရက် ပျောက်ကွယ်သွားပြီး အံ့သြတဲ့မျက်နှာထားအဖြစ် ပြောင်းသွားတာကိုမြင်လိုက်ရတယ်။

သိချင်စိတ်နဲ့ Changdi လှည့်မကြည့်ဘဲမနေနိုင်ဘူးပေါ့။

တစ်ချက်လေးကြည့်ရုံမျှရှိသေး သူမတစ်ကိုယ်လုံး အားလျော့ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်ပုံလျက်သား လဲကျသွားတော့တယ်။

သူမတို့အနောက်က ခန်းဆီးလိုက်ကာတွေဟာ တစ်ဖက်သို့ရွေ့ပွင့်သွားလေတယ်။ Aranya အိပ်ရာထက်မှာ လဲလျောင်းနေပြီး အိပ်ရာရဲ့အစွန်မှာတော့ ငွေရောင်ဆံနွယ်တွေနဲ့ ယောကျာ်းတစ်ယောက်ဟာ အေးဆေးစွာနဲ့ ဖိနပ်ကိုစီးနေလေတယ်။ ဒါပေမယ့် သူက Su Moye တော့မဟုတ်ဘူး။ ဒီနေ့ သူ သူ့ရဲ့ပင်တိုင်စံအမှတ်အသားဖြစ်တဲ့ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်မထားဘဲ တစ်ကိုယ်လုံး သာမာန်အဖြူစစ်စစ်ဝတ်စုံကိုသာ ဝတ်ဆင်ထားပေမယ့် အေးဆေးပေါ့ပါးစွာ ဖိနပ်ကိုစီးနေတဲ့ ထိုယောကျာ်းပျို၊ Aranya နဲ့ဖောက်ပြန်နေပါတယ်လို့ သူမတို့တွေစွပ်စွဲပြောဆိုနေတဲ့သူ.. ထိုသူက တကယ်တော့ Aranya တရားဝင်လက်ထပ်ထိမ်းမြားထားတဲ့ သူမရဲ့ခင်ပွန်း Xize Shenjun အစစ်ဖြစ်လို့နေတယ်။

အခန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားလေတယ်။ ထို့နောက် ဘုရင်ကြီး Juno ဘက်သို့လှည့်ကြည့်လာခဲ့တယ်။ သို့သော် သူ့စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာတော့ ဘယ်သူမှမခန့်မှန်းတတ်ဘူး။

အစေခံတွေကတော့ ခေါင်းကိုငုံ့ကာ စီတန်းရပ်နေကြလေတယ်။ သူတို့ခမျာ အသက်တောင်ဝဝမရှူရဲကြဘူး။ ခပ်ဝေးဝေးမှာရပ်နေတဲ့အစေခံတွေကတော့ ရဲတင်းပါတယ်။ 'အရင်တုန်းက သူတို့ရဲ့အရှင်သခင်တွေဟာ ဒုတိယမင်းသမီးကို အုပ်ချုပ်သူအရှင်ရဲ့ချစ်ခင်နှစ်သက်မှုကို မရယူနိုင်လို့ အုပ်ချုပ်သူကတော်ရာထူးနဲ့ မထိုက်တန်ဘူးလို့ လှောင်ပြောင်သရော်ခဲ့ကြတယ်၊ အခုတော့ နေလုံးကြီးအရှေ့ထွက်လာတဲ့အချိန်မှာ အုပ်ချုပ်သူအရှင်က ဒီအိပ်ရာထဲကနေ ထွက်လာခဲ့တယ်၊ ဒါ.. ဒုတိယမင်းသမီး အုပ်ချုပ်သူအရှင်ရဲ့ ချစ်ခင်နှစ်သက်မှုကို ရယူနိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား' အစရှိသဖြင့် သူတို့စိတ်ထဲကစကားတွေကိုတောင် တစ်ယောက်နဲ့တစ်ယောက် ရဲတင်းစွာနဲ့ တီးတိုးပြောဆိုနေကြလေရဲ့။

Page-133

အခုမှအိပ်ရာကထကာစဆိုတော့ အရှင် Xize ရဲ့ငွေရောင်ဆံနွယ်တွေဟာ အနည်းငယ်ဖိုးရိုးဖားရားဖြစ်လို့နေတယ်။ သူ့ရဲ့အဝတ်အစားတွေကတော့ သပ်ရပ်နေတယ်ထင်ရပေမယ့် သူ့ရဲ့အင်္ကျီလည်ခွံနေရာကတော့ ခါတိုင်းနေ့တွေလို တင်းကျပ်မှုမရှိဘူး။ ပြတင်းတံခါးကနေတစ်ဆင့် မနက်ခင်းလင်းရောင်ခြည်တွေ ဝင်လာတဲ့အချိန်မှာ သူ့ရဲ့ဒီဖိုသီဖတ်သီပုံစံလေးက အရမ်းကိုဆွဲဆောင်မှုရှိနေတာပေါ့။ (Sexy be like😍😝)

မြင်နေရတဲ့မြင်ကွင်းက လှပသော်ငြား အခန်းငယ်လေးတစ်ခုလုံး တုပ်တုပ်မျှမလှုပ်ရဲကြအောင် တိတ်ဆိတ်နေကြလေတယ်။ အုပ်ချုပ်သူအရှင်ကတော့ ဖိနပ်ကိုစီးပြီးသွားတာတောင် အခန်းထဲကလူတွေကို လှည့်ကြည့်ဖော်တောင်မရပါဘူး။ သူ့ဘေးကပိုးထည်ခြုံစောင်ကြီးကိုသာ ဆွဲယူပြီး အိပ်ရာပေါ်မှာထိုင်နေတဲ့ ဖုန်းကျိုကိုယ်ပေါ်ကို ပတ်ခြုံပေးလေတယ်။ ထို့နောက် သူ သူမကိုအသာအယာ ပွေ့ချီကာ ခန်းဆီးလိုက်ကာတွေဘေးက ထွက်လာပြီး ဘုရင်ကြီးကို အေးဆေးပေါ့ပါးစွာ ခေါင်းငုံ့အရိုအသေပေးလာတယ် "အရမ်းဆူညံနေလို့ ခွင့်ပြုပါအုန်း"

ဘုရင်ကြီးလဲ ကြမ်းပြင်ပေါ်မှာ ပဆစ်တုပ်ထိုင်နေတဲ့ Changdi နဲ့ Juno ဆီကိုအကြည့်ရောက်လာခဲ့တယ်။ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေနဲ့တောင်မှ ဒီလိုမျိုးအခြေအနေမှာ ဘာမိန့်လို့မိန့်ရမှန်းတောင် သူမသိတော့ဘူး။ တွေဝေစွာနဲ့ ခေါင်းကိုသာတငြိမ့်ငြိမ့်လုပ်ပြီး ပြောလိုက်တယ် "ခုကိစ္စကို သေချာစစ်ဆေးပြီးမှ နင်တို့နှစ်ယောက်ကို ငါအမိန့်ချမယ်"

ခေါင်းဆောင်တစ်ယောက်ဆီက ယဉ်ကျေးသိမ်မွေ့ဟန်ပါတဲ့ ဒီလိုစကားကိုကြားလိုက်ရတော့ မျက်နှာတစ်ခုလုံးဖြူလျော့နေတဲ့ Changdi လဲ ရုတ်တရက် အမောက်ပြန်ထောင်လာပြီလေ "သူက အရှင် Xize မဟုတ်ဘူး Su Moye သူ့အယောင်ဆောင်ထားတာ  Aranya နဲ့ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခံရဖို့လွတ်လမ်းမရှိတော့လို့ ဒီလိုမျိုးနည်းနဲ့ ရှောင်လွှဲဖို့လုပ်နေတာပါ Su Moye ရဲ့မှော်အစွမ်းက အရမ်းအားကြီးလို့ ကျွန်မတို့တွေသူ့ကိုမမြင်နိုင်တာ ခမည်းတော် ကျွန်မကိုယုံပါ..."

ဒီကိစ္စကိုစပြီးကြုံတွေ့ရတည်းက ဘုရင်ကြီးရဲ့မျက်နှာထားဟာ အမျိုးမျိုးပြောင်းလဲပြီးလေပြီ။ မိုးခြိမ်းသံအလားအသံမျိုးနဲ့ သူပြန်အော်လိုက်တယ် "တိတ်စိမ်း!" ။ Changdi ထိတ်လန့်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားပြီး သူမရဲ့နှုတ်ခမ်းကိုသာ တင်းတင်းကိုက်လျက် ငြိမ်သွားရှာလေတယ်။ အခန်းကျဉ်းလေးလဲ ခဏတာပြန်လည်တိတ်ဆိတ်သွားပြန်တယ်။ သူတို့တွေကြားနိုင်တဲ့တစ်ခုတည်းသောအသံဆိုလို့ Xize Aranya ကိုပွေ့ချီသွားတဲ့ အေးဆေးတဲ့ခြေသံလေးပဲရှိတယ်။ Changdi ခေါင်းကိုငုံ့ကာ သူမလက်သည်းတွေလက်ဖဝါးအတွင်းကိုစိုက်ဝင်တဲ့အထိ လက်သီးကိုကျစ်ကျစ်ဆုတ်လိုက်တယ်။ Xize အတုကများ သူမစကားကိုဂရုမစိုက်ဘဲထွက်သွားရဲတယ်လို့..!

Page-134

အတန်ကြာနှုတ်ဆိတ်ကာ ရပ်နေပြီးတဲ့နောက် ဘုရင်ကြီးလဲ ပင်ပန်းလာပြီလေ။ ရုတ်တရက် သူ အခန်းတံခါးဘက်သို့လှည့်ကာ မေးလိုက်တယ် "မင်းကဒီကိုဘာလာလုပ်တာလဲ?"

Changdi ဒေါသတကြီး မော့ကြည့်လိုက်တယ်။ ချက်ချင်းပဲ ပုံလျက်သားလဲကျသွားဖို့တောင် အားမရှိတော့သလို သူမတစ်ကိုယ်လုံး အားပျော့သွားလေတယ်။ သူမရဲ့စိတ်ကူးထဲမှာတောင် Su Moye လက်ထဲမှာ နီညိုရောင်ပုလွေလေးကိုင်ပြီး အခန်းတံခါးနားမှာပေါ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး။ Su Moye ဒီနေရာမှာဘာလို့ရှိနေတာလဲ?

Mo Shao ရဲ့ကျော့မော့ခန့်ညားတဲ့ပုံရိပ်လေးဟာ ဖုန်းကျိုရဲ့အခန်းတံခါးဝမှာ အမှန်တကယ်ရပ်လို့နေပါတယ်။ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခုကိုဆင်မြန်းလျက် ဘုရင်ကြီးကို သူ ရိုသေစွာဂါရဝပေးလိုက်တယ်။ သူ့စိတ်ထဲမှာတော့ စကားတစ်ချို့ကို တီးတိုးပြောဆိုနေလေရဲ့။

'သီကျွင်း - သီကျွင်းလိုလူကို ဘယ်လိုများလှည့်စားဖို့စဉ်းစားရဲကြတာလဲ? အခုဒီပြဇာတ်တစ်ခုလုံးကို သူ့ရဲ့ဂုဏ်သတင်းနဲ့လိုက်အောင် လှပသေသပ်စွာ ပြသသွားခဲ့တာပဲ။ နောက်ဆုံးအဆုံးသတ်ကျတော့မှ သူမဟုတ်သလိုနဲ့ထွက်သွားပြီး သူ့ကိုဆက်လက်ပြသခိုင်းတယ်ပေါ့? အဲ့ဒီသက်ကြားအိုကြီးတော့လား..'

သူ့စိတ်ထဲကနေ မကျေမနပ်နဲ့ဆဲဆိုပြောနေပေမယ့် မျက်နှာပေါ်မှာတော့ အပြုံးလေးတစ်ခုကို ဆင်မြန်းထားလျက်က ပြောလိုက်တယ် "အရှင်မင်းကြီးလဲ ဒီမှာရှိနေမယ်လို့ ကျွန်တော်မထင်ထားဘူး မနက်အစောပိုင်းတုန်းက ကျွန်တော့်ကို နဂါးနာရီ(မနက် ၉နာရီ) လောက်ကျရင် သူမအခန်းထဲကိုလာတွေ့ပါဆိုပြီးခေါ်တဲ့ Aranya နာမ်မည်နဲ့စာတစ်စောင် ရောက်လာခဲ့ပါတယ် ဒါပေမယ့်.. ကျွန်တော်ကိုယ်တိုင် Aranya ကိုစာရေးတတ်အောင် သင်ပေးခဲ့တာ အခြားသူတွေအတွက်တော့ စာထဲကလက်ရေးက သူမလက်ရေးဟုတ်မဟုတ် ခွဲခြားဖို့ခက်ရင်ခက်လိမ့်မယ် ကျွန်တော်ကတော့ သူမလက်ရေးမဟုတ်မှန်း ချက်ချင်းသိလိုက်ပါတယ် ဒါကြောင့်မို့ စာထဲမှာချိန်းထားတဲ့အချိန်ထက် တမင်နောက်ကျပြီးမှလာလိုက်တာ အရှင်မင်းကြီးနဲ့ မင်းသမီး၂ပါးတို့ကို ခုလိုမြင်တွေ့ရလိမ့်မယ်မှန်း မထင်ခဲ့မိဘူး ကျွန်တော့်ရဲ့အချိန်တွက်ဆမှုက တကယ်ကိုညံ့ဖျင်းသွားတာပဲ"

သူ့ရဲ့စကားတွေကိုနားထောင်ပြီး အရူးတစ်ယောက်တောင် ဒီနေ့ Aranya ရဲ့အခန်းထဲမှာ ဆူညံဆူညံဖြစ်သွားတဲ့အခြေအနေကို ခန့်မှန်းနိုင်တယ်လေ။

ထိတ်လန့်ချောက်ချားမှုက Changdi ရဲ့မျက်နှာပေါ်မှာ လွှမ်းမိုးသွားလေတယ်။ သူမအလျင်အမြန်ဒူးထောက်ကာ ဘုရင်ကြီးရဲ့ခြေထောက်ကို ဖက်လိုက်တယ် "ခမည်းတော်.. သူ့ကိုမယုံပါနဲ့ သူလိမ်ပြောနေတာ!"

Su Moye ကတော့သဘောတူကြောင်း ပြဟန်မတူဘူး "အရှင်မင်းသမီး.. ကျွန်တော့်ကို လိမ်ပြောနေတယ်လို့ အဲ့လိုမစွပ်စွဲသင့်ပါဘူး ကျွန်တော်အဲ့ဒီစာနဲ့ ဘယ်သူမှန်းမသိတဲ့လက်ရေးတွေကို သက်သေအဖြစ်သိမ်းထားပါတယ်"

Page-135

Changdi ရဲ့ဖြူတော့နေတဲ့မျက်နှာဟာ ချက်ချင်းပဲ ဒေါသကြောင့်ညိုမဲသွားတော့တယ်။ သူမ အကူအညီရလိုရငြား Juno ဘက်ကိုလှည့်ကြည့်လိုက်တယ်။ Juno ကတော့ တစ်ကိုယ်လုံးကို ကြိုးနဲ့တင်းကျပ်စွာတုပ်နှောင်ခံထားရသလို သူမလက်တွေကိုတောင် အင်္ကျီလက်ထဲမှာဝှက်လျက် တိတ်ဆိတ်စွာနဲ့ ကျုံ့ကျုံ့လေး ခေါင်းငုံ့နေလေတယ်။

ဘုရင်ကြီးရဲ့အကြည့်တွေဟာ Juno ဆီကနေ Changdi ဘက်သို့ပြောင်းသွားပြီး တစ်ဖန် Changdi ဆီကနေ Juno ဘက်သို့ပြောင်းသွားပြန်တယ်။ ဒေါခွီးနေတဲ့အသံနဲ့ သူအမိန့်ပေးလိုက်တယ် "လာကြစမ်း! မင်းသမီး၂ပါးကို သူတို့အခန်းဆီပြန်ပို့ပေးလိုက် ငါ့အမိန့်မရဘဲ သူတို့နှစ်ယောက်ကို အခန်းထဲကနေ ခြေတစ်လှမ်းမှမထွက်စေနဲ့"

ထို့နောက် ဘုရင်ကြီးလဲ ဒေါပွစွာနဲ့ အခန်းထဲကထွက်သွားလေတော့တယ်။ သူ့ရဲ့ဒေါပွနေတဲ့မျက်နှာထားအရတော့ တော်ရုံတန်ရုံဒေါခွီးနေပုံဖြစ်ဟန်မတူဘူး။ Aranya နဲ့ Su Moye တို့အမှန်တကယ်ဖောက်ပြန်နေသည်ပဲဖြစ်စေ၊ Juno နဲ့ Changdi တို့ သူတို့ကိုချောက်ချသည်ပဲဖြစ်စေ တော်ဝင်မိသားစုရဲ့ အရှက်သိက္ခာပျက်ရတာက ပျက်ရတာပဲလေ။ အကယ်၍ ဒီကိစ္စအကြောင်းသာ သူ့နားထဲထိမပေါက်ကြားခဲ့ဘူးဆိုရင် ကိစ္စမရှိဘူး။ ခုတော့ မိုက်မဲလှတဲ့သူ့သမီးနှစ်ယောက်က ဒီကစားပွဲထဲကို သူ့ကိုပါဆွဲသွင်းပြီး အရှက်မဲ့တဲ့လုပ်ရပ်ကို ဟိုးလေးတကျော်ဖြစ်အောင်လုပ်ခဲ့တယ်လေ။ ဒီကိစ္စကို လူတွေမသိအောင် ဖုံးဖိဖို့ကလဲခက်တယ်။ အရှင် Xize ကိုချော့မော့ဖို့အရေးနဲ့ သူမျက်နှာမပျက်အောင်ထိန်းဖို့အရေးကလဲ ရှိသေးတယ်။ ဒီကိစ္စတစ်ခုလုံးက သူ့ကိုအမှန်တကယ်ခေါင်းစားစေတာပဲ။

Su Moye ဘုရင်ကြီးနဲ့ အမျိုးသမီးအရာရှိတွေ ထွက်ခွာသွားတာကို ငေးကြည့်နေခဲ့တယ်။ သူတို့တွေ ခပ်ဝေးဝေးကိုရောက်တော့မှ သူ့မျက်နှာပေါ်ကအပြုံးလေးလဲ တဖြည်းဖြည်းတိမ်ဝင်သွားပြီး ပုလွေလေးကို လက်ထဲမှာအသာအယာချလိုက်တယ်။ ခုနတုန်းက Changdi သူ့ကိုလိမ်ပြောနေတာလို့ လက်လွတ်စပယ်စွပ်စွဲလိုက်တာမဟုတ်ဘူး။ မဟုတ်မဟတ်အခြေအနေတွေကို တုံ့ပြန်ဖို့ မဟုတ်မဟတ်စကားတွေသုံးပြီး သူအမှန်တကယ်လိမ်ပြောခဲ့တာ။ သူမတို့နှစ်ယောက် Aranya ရဲ့လက်ရေးကိုတုပနိုင်ဖို့ အတော်လေးကြိုးစားခဲ့တာပဲကိုး။ သူတောင် Aranya ရဲ့လက်ရေးအစစ်လို့ထင်ပြီး စာကိုကိုင်ကာ ဖုန်းကျိုနဲ့တောင် သွားတွေ့ခဲ့သေးပါရောလား။ ပြုစားခံထားရတဲ့လူတစ်ယောက်လို ဖုန်းကျိုသူ့ကို အတင်းလာဖက်တော့မှ တစ်စုံတစ်ခုထူးဆန်းနေပါတယ်လို့ သူခံစားမိခဲ့တာ။

Aranya အပေါ်မှာ သူ နက်နဲတဲ့ခံစားချက်တွေရှိတယ်။ ဒီခံစားချက်တွေကြောင့်ပဲ ဖုန်းကျိုကို Aranya နဲ့ တစ်ခါလေးတောင် အထင်မမှားခဲ့ဘူး။ ဒါပေမယ့် သူသာ တွေဝေမှင်သက်စေတဲ့မှော်အတတ်ကို မသင်ယူခဲ့မိဘူးဆိုရင် Changdi နဲ့ Juno တို့စီစဉ်ထားတဲ့ ဒီပြဇာတ်လေးထဲမှာ အလိုအလျောက်သား မျောပါမိတော့မလို့ပဲ။

Page-136

ထောက်ချောက်မှန်းသူသိသိချင်း သူလုပ်ရမယ့်အရေးကြီးဆုံးအရာက မီးဖိုချောင်ထဲမှာ သီကျွင်းကိုသွားရှာဖို့ပဲပေါ့။ ပထမတော့ သီကျွင်းနဲ့သူနေရာချင်းလဲပြီး အဲ့ဒီနှစ်ယောက်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်ချင်တာ။ အဲ့ဒီအချိန်တုန်းက သီကျွင်း မီးဖိုရှေ့မှာရပ်နေရင်း သူ့ရဲ့အကြံကိုနားထောင်နေခဲ့တယ်။ ခါတိုင်းက ဗုဒ္ဓကျမ်းဂန်တွေပဲကိုင်လေ့ရှိတဲ့ လက်တစ်စုံက ထိုအချိန်မှာ သစ်သားဇွန်းတစ်ချောင်းကိုကိုင်ကာ မီးဖိုပေါ်က ပျစ်ချွဲချွဲဆန်ပြုတ်ကိုမွှေရင်း သူမေးလာတယ် "သူတို့ကမိန်းကလေးတွေဖြစ်နေလို့ မောင်းမတင်ရဲဘူးဖြစ်တေယ်ပေါ့? 'သေသပ်တယ်' ဆိုတဲ့စကားကို ဘယ်လိုရေးရမလဲ မင်းမှတ်မိသေးလား?" သီကျွင်း ထိုစကားတွေပြောလာချိန်မှာ သူ့မျက်နှာပေါ်က နက်နဲလှတဲ့အမူအရာက လုံးဝကိုတည်ငြိမ်နေပြီး အသံကလဲအေးစက်လွန်းလို့ သူတောင်ကြက်သီးထခဲ့မိသွားတယ်။

သီကျွင်းက မြန်ဆန်ပြီးတိကျတဲ့လူတစ်ယောက်လို့ သူအမြဲကြားခဲ့ဖူးတာမှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စတွေက မျိုးနွယ်စုကြီး ၆ ခုရဲ့အရေးအခင်းကိစ္စတွေလေ။ ဒီနေ့ဖြစ်တဲ့ကိစ္စက အသေးအမွှားမိသားစုကိစ္စလေးဆိုတော့ သီကျွင်း မြန်ဆန်တိကျစွာနဲ့ ဘယ်လိုကိုင်တွယ်မလဲလို့ သူသိချင်နေခဲ့တာ။

များများစားစားတော့ သီကျွင်းမလုပ်ခဲ့ပါဘူး။ ဘုရင်ကြီးအခန်းထဲဝင်လာအောင်လုပ်ဖို့ မင်းသမီး၂ပါးကိုမျှားပြီး အိပ်ရာခန်းဆီးလေး မခိုင်းရုံတင်ပါပဲ။ တကယ်လို့ သီကျွင်းသာ အရင်အရှေ့ကနေ အိပ်ရာခန်းဆီးကို မခဲ့မယ်ဆိုရင် မင်းသမီး၂ပါးစိတ်ပျက်သွားရုံပဲရှိမှာ။ ဘုရင်ကြီးကိုမျက်နှာပျက်အောင်မလုပ်ဘဲနဲ့ သူတို့ကိုဘယ်လိုမှအပြစ်ပေးလို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့သာ အိပ်ရာခန်းဆီးကို သူတို့ကိုယ်တိုင်မလာမယ်ဆိုရင် ဘုရင်ကြီးကိုယ်တိုင် သူ့ရဲ့သမီးမိုက်နှစ်ယောက်ကို အပြစ်ပေးပြီး သူ့ကိုမျက်နှာချိုသွေးရတော့မယ်။ ဒီတော့ ပထမနည်းလမ်းနဲ့စာရင် ဒီနည်းလမ်းက သီကျွင်းဘာမှအားစိုက်စရာမလိုဘဲ မင်းသမီး၂ပါးကို ကောင်းကောင်းသင်ခန်းစာပေးနိုင်မယ်လေ။ ဒီ့ထက်သေသပ်တဲ့နည်းရှိပါအုန်းမလား?

အခန်းငယ်လေးထဲက ပရိဘောဂတွေဟာ မနက်ခင်းအလင်းရောင်ကြောင့် တောက်ပလာလေပြီ။ Su Moye ရှုပ်ပွနေတဲ့အိပ်ရာဘက်သို့ တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်တယ်။ ခုနက သီကျွင်းကိုမြင်လိုက်တဲ့အချိန်မှာ သူ မီးဖိုချောင်ထဲမှာရှိနေတုန်းကလောက် အေးတိအေးစက်ဖြစ်မနေတာ မထူးဆန်းတော့ပါဘူး။ ဒါဟာဘာလို့လဲဆိုတော့ မင်းသမီး၂ပါးတယုတယစိုက်ခဲ့တဲ့ ပန်းပင်ကမပွင့်ဘဲ သူမတို့နှစ်ယောက် အမူမဲ့အမှတ်မဲ့ပစ်ခဲ့တဲ့အစေ့လေးက စိမ်းလန်းစိုပြေတဲ့မိုးမခင်ပင်ကြီးအဖြစ် အပင်ပေါက်လာပြီး သီကျွင်းအတွက် အပျင်းပြေစရာပြဇာတ်လေးတစ်ပုဒ်ဖြစ်သွားလို့ပဲလေ။

Continue Reading

You'll Also Like

862K 71.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.5M 133K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
280K 16.2K 17
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
1.6M 113K 43
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...