Eternal love of dream-Three l...

By maple1960

22.8K 1.4K 86

ဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world... More

အပိုင်း ၁
page 3 &4
page 5 &6
page 7 -13
page 14-16
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
page 247-253
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၈ -၂
အခန်း ၁၉
Series posters
408-413
414-420
412-423
424-428
429-432
433-436
437-440
441-444
441-444
445-453
454-459
460-463
464-473
474-480
481-484 (final)

page 381- 390

497 18 0
By maple1960

Page 381-390

Page-381

ပင်မနယ်မြေကြောရဲ့အလယ်ဗဟို အရှေ့ပင်လယ်ရဲ့အလွန်မှာတည်ရှိတာကတော့ ချင်းချူတိုင်းပြည်ပါပဲ။

ချင်းချူပြည်နယ်မှာ Bingcang အခမ်းအနားပွဲကျင်းပခဲ့တာ ခုဆို နှစ်ပေါင်း ၁၀၀,၀၀၀ တောင်ရှိခဲ့ပြီ။ သမိုင်းမှတ်တမ်းတွေအရ ထိုနှစ်က အခမ်းအနားကျင်းပတဲ့ပွဲစင်ကို အရှေ့ပိုင်းနယ်မြေရဲ့Tangting တောင်ပေါ်မှာ တည်ဆောက်ခဲ့တာဖြစ်တယ်။ စင်ပေါ်မှာ အရောင်အသွေးစုံလင်လှတဲ့ပန်းမန်တွေဟာ အထစ်ပေါင်း ၁၀၀ ရှိတဲ့လှေကားထစ်သဖွယ် စုဝေးနေပြီး တောင်ရဲ့အမြင့်ဆုံး အထွတ်အထိပ်နေရာဆီသို့ ဦးတည်နေတာဖြစ်လေတယ်။ ဟိုးအရင်တုန်းက ဒီပန်းလှေကားထစ်တွေတစ်လျှောက် ပိုင်ချန်းတစ်ယောက် တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ပြီး လက်နှစ်ဖက်နဲ့ ဓားအိမ်သေတ္တာကိုသယ်ဆောင်ကာ တောင်ထိပ်အမြင့်ဆီသို့ တက်ခဲ့တာပေါ့။ အထွတ်အမြတ် Tangting တောင်ထိပ်ပေါ်မှာ Taozhu ဓားကိုချိတ်ပိတ်တဲ့အချိန်က သူမရဲ့တင့်တယ်မှုကျက်သရေဟာ ခုထိတိုင်အသက်ရှင်နေကြဆဲဖြစ်တဲ့ သမိုင်းမတင်မီခေတ်က ရှေးနတ်မင်းတွေအားလုံးရဲ့ချီးကျူးမှုကို အကြီးအကျယ်ခံခဲ့ရတာပေါ့။

'အရှေ့ပိုင်းဒေသရဲ့အထွတ်အမြတ်နယ်မြေ' ဆိုတဲ့ဂုဏ်ပုဒ်နဲ့လိုက်ဖက်ညီစွာ Tangting တောင်ဟာ နှစ်ပေါင်း ၁၀၀,၀၀၀ ကြာသွားတာတောင် ဘာပြိုလဲမှုလက္ခဏာမှမပြဘဲ စိမ်းလန်းစိုပြေစွာ ခိုင်ခိုင်ခံ့ခံ့တည်ရှိနေတုန်းပါပဲ။

Bingcang အခမ်းအနားပွဲစင်အဖြစ်အသုံးပြုတဲ့ တောင်ထိပ်ဟာဆိုရင်လဲ မနက်တိုင်း နေမင်းရဲ့လင်းရောင်ခြည်တွေ စတင်ကျရောက်တဲ့နေရာပေါ့။ အလွန်ကြီးမားပြီး အင်မတန်မှရှည်လျားတဲ့စင်ကြီးဟာ စင်တစ်ခုလုံး မင်္ဂလာရှိတဲ့တိမ်တိုက်တွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် အရမ်းကိုကြည်လင်ပြီး သန့်စင်မြင့်မြတ်လှတယ်။ တလိပ်လိပ်ထနေတဲ့မြူခိုးမြူစိုင်တွေက တကယ့်ကိုနူးညံ့သိမ်မွေ့လှတဲ့ လက်ရာမြောက်ပန်းချီကားတစ်ချပ်နှယ်သို့ပင်။ မသေမျိုးနတ်ဘုရားနယ်မြေဆိုတော့လဲ ဒီလိုအခမ်းအနားမျိုးအတွက် တော်ရုံခမ်းနားမှုမျိုးဟုတ်နိုင်ပါ့မလား? စင်နဲ့မျက်နှာချင်းဆိုင်က ပွဲကြည့်စင်တစ်ခုလုံးကိုတောင် တောင်တွေပေါ်မှာပဲပေါက်ရောက်တဲ့ ရှားပါးရှေးကျွန်းသစ်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ အလွန်အမင်းချဲ့ကားထားတယ်ဆိုသော်ငြား အခမ်းအနားကျင်းပတဲ့စင်နဲ့ ယှဉ်လိုက်ရင်တော့ အတော်လေးလိုသေးတယ်လို့ဆိုရပေမယ်။

အခုလောလောဆယ်တော့ ထိုလိုသေးဆိုတဲ့အထူးတန်းပွဲကြည့်စင်ပေါ်မှာ လူသုံးယောက်ထိုင်နေလေရဲ့။ စင်ရဲ့ညာဘက်ခပ်လှမ်းလှမ်းမှာထိုင်နေတာက Xiwu နန်းတော်မှာနေတဲ့  ကောင်းကင်ဘုံရဲ့အိမ်ရှေ့မင်းသား အရှင်ရဲ့ဟွာဖြစ်ပြီး သူ့ရဲ့ဘယ်ဘက်မှာ Yuanji နန်းတော်က အရှင်လန်ရှန်းနဲ့ ထိုက်ချန်နန်းတော်က သုံဟွာသီကျွင်းတို့ အသီးသီးထိုင်နေကြလေတယ်။ အလယ်မှာထိုင်နေတဲ့ သီကျွင်းတစ်ယောက်ကတော့ လက်ထဲမှာ သလင်းကျောက်ဘူးငယ်လေးတစ်ခုကို ရံဖန်ရံခါ ဆော့ကစားလို့နေတယ်။ ဘေးကိုလှည့်ပြီး သူလန်ရှန်းကိုမေးလိုက်တယ် "မင်းဒီကိုဘာလို့အစောကြီးရောက်နေလဲ ငါနားလည်ပါတယ် အပျော်ရှာဖို့သက်သက်တွက်ပဲရောက်နေတာ ဒါပေမယ့် ရဲ့ဟွာလဲဒီကိုအစောကြီးလာတာ သူအချိန်များမှားလာတာလား?"

လန်ရှန်း မထင်မရှားရယ်လေတယ် "မင်းသိလား.. ဖုန်းကျိုရဲ့ Bingcang ပွဲကိုမြင်ခွင့်ရတာ မင်းတော်တော်လေးကံကောင်းတယ်လို့ဆိုရမယ် ချင်းချူမှာ ဒီလိုတရားဝင်ရိုးရာဓလေ့မျိုးရှိတာရှားတယ် အဲ့ဒီထဲကမှ ဒီပွဲကသူတို့မှာရှိတဲ့အရေးကြီးဆုံးရိုးရာပွဲပဲ ဒဏ္ဍရီတွေတောင်ရှိတယ်မလား ပိုင်ချန်းငယ်ငယ်တုန်းက သူမရဲ့ Bingcang ပွဲမှာ သမိုင်းမတိုင်မီခေတ်ကမသေမျိုးတွေအားလုံးကို ပြိုင်ဘက်ကင်းတဲ့အလှတရားနဲ့ ညှို့ယူဆွဲဆောင်ခဲ့တာလေ လွန်ခဲ့တဲ့ရက်အနည်းက ဒီကလေးရဲ့ဟွာ အရက်သောက်ရင်းနဲ့ ပိုင်ချန်းရဲ့ Bingcang ပွဲလုပ်ဆောင်ခဲ့တဲ့ပုံကို မြင်ခွင့်မရလို့တဲ့ကွာ.. အရမ်းဝမ်းနည်းတယ်ဆိုပြီးညည်းနေတာ မှတ်တမ်းတင်စာအုပ်တွေထဲက ဖော်ပြချက်တွေကိုပဲကြည့်ပြီး အဲ့ဒီနှစ်ကသူမရဲ့ပုံစံကို သူမှန်းနိုင်တော့တယ်တဲ့ သူဒီနေ့ဒီကိုအစောကြီးလာတာ အဲ့ဒီနှစ်က သူမရဲ့ Bingcang ပွဲလုပ်ဆောင်ခဲ့တဲ့နေရာကို ကြည့်ချင်လို့ရှိမယ်"

သုံဟွာ ပွဲကြည့်စင်တစ်ဘက်က အခမ်းအနားကျင်းပရာတိမ်စင်မြင့်ကြီးဆီကို မျှော်တွေးဆစွာ ငေးမောကြည့်နေတဲ့ ရဲ့ဟွာကိုလှမ်းကြည့်ပြီး ရုတ်တရက်ပြောလိုက်တယ် "ပြောစမ်းပါအုန်း... ရှောင်ပိုင်ငယ်ငယ်ကရော ဘယ်လိုပုံစံလဲဆိုတာ?" (သုံဟွာရယ် ဂျေကြီးသလို အပြိုင်အဆိုင်ကလဲကြီးပါ့😖နင့်ဖုန်းကျိုပဲပိုလှပိုချောပါတယ်ဟယ် ကျေနပ်ပြီလား)

လန်ရှန်း သောက်လက်စရေနွေးသီးသွားလေတယ် "ရဲ့ဟွာသာဒါကိုကြားလို့ကတော့ မင်းသူ့ကိုတမင်ရန်စနေတယ်လို့ ထင်တော့မှာပဲ နောက်ဆို မင်းနဲ့ပတ်သတ်ပြီး သူ့စိတ်ထဲမှာအကုန်တေးမှတ်ထားလိမ့်မယ်" ။ ထိုစဉ် သူ့အကြည့်တွေ သုံဟွာ့လက်ထဲက သလင်းကျောက်ဘူးလေးဆီ ရောက်သွားလေ၏။ ယပ်တောင်နဲ့ ထိုဘူးလေးဆီညွှန်ပြကာ သူမေးတော့သည် "မင်းလက်ထဲကဘာလေးလဲ?"

Page-382

သုံဟွာ လက်ဖဝါးကိုဖြန့်ပြလိုက်တယ် "ဒါကိုပြောတာလား? ရှောင်ပိုင်ငါ့အတွက် မုန့်လုပ်ပေးလိုက်တာ နေရောင်ထဲမှာမုန့်တွေအရည်ပျော်ကုန်မှာစိုးလို့ ငါမှန်ဘူးထဲထည့်ထားတာ"

လန်းရှန်းလဲ နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရလေ၏ "မုန့်?! မင်းအတွက်?!" ။ အနီးကပ်ကြည့်ဖို့ သူအရှေ့ကိုတိုးသွားတဲ့အခါ ကြည်လင်နေတဲ့ အပြာရောင်ခပ်ဖျော့ဖျော့ဖန်သေတ္တာငယ်လေးထဲမှာ အမှန်တကယ်ပင် တော်ဖီခဲတစ်ချို့ရှိလို့နေ၏။ တော်ဖီခဲတွေကို မြေခွေးငယ်လေးတွေသဏ္ဍာန်တောင် ပုံဖော်ထားလိုက်သေးတယ်။ လန်ရှန်းတစ်ယောက် နှုတ်ခမ်းမဲ့သွားလေတယ် "ငါမင်းကိုသိတာကြာလှပြီ တစ်ခါမှ မင်းမုန့်ကြိုက်တတ်မှန်းမသိခဲ့ရပါလား? ကဲပါ.. အဲ့တာခဏထားတော့ ဒီနေ့ဖုန်းကျိုက ထောင်သောင်းချီတဲ့မသေမျိုးတွေရဲ့ရှေ့မှာ အခမ်းအနားပွဲလုပ်ဆောင်ပြရမှာ သေချာပေါက် သူမစိတ်လှုပ်ရှားနေမှာပဲ ဒါကိုမင်းက မင်းအတွက်သူမကိုမုန့်လုပ်ခိုင်းတယ် မင်းနည်းနည်းအရှက်မရှိရာမကျဘူးလား...?"

သီကျွင်းကတော့ လက်ထဲမှာ သေတ္တာဘူးလေးကိုဆော့ကစားလျက်ပါပဲ။ ရုတ်တရုက် အပြုံးလေးတစ်ခု သူ့နှုတ်ခမ်းပေါ်မှာသန်းလာကာ ဆိုပါလေတယ် "အပြစ်မရှိတဲ့သူကို အဲ့လိုမစွပ်စွဲပါနဲ့ နေ့ခင်းတုန်းကသူမတစ်ဝကြီးအိပ်ထားလို့ ညကအိပ်မပျော်နိုင်ဘူးဖြစ်နေတာ ငါ့ကိုတောင်ထခိုင်းပြီး သူမမုန့်လုပ်တာကူညီခိုင်းသေးတယ် ပြီးတော့လဲ ငါသူမနဲ့ဒုတိယအကြိမ်ဆုံတုန်းက ငါ့နဖူးကိုတောင် ပန်းအိုးနဲ့ကန်ရဲခဲ့သေးတာ ပြီးတော့သူမဟုတ်သလိုနဲ့ မင်ဂူကိုတောင်အပြစ်ဖို့လိုက်သေးတယ်" ။ သူအေးဆေးစွာနဲ့ ပွဲကြည့်စင်တန်းတွေပေါ်က ပြွတ်သိပ်ခဲနေတဲ့နတ်အုပ်ကြီးဆီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာဆက်ပြောလေတယ် "ဒါမဆိုစလောက်တိုက်ပွဲလေးပါ သူမအဲ့လောက်အလွယ်တကူစိတ်ဖိစီးလိမ့်မယ်လို့ထင်လို့လား?"

လန်ရှန်း ခေါက်ထားတဲ့ယပ်တောင်နဲ့ သူ့လက်ဖဝါးကိုပုတ်ပြီး သက်ပြင်းချလိုက်တယ် "မင်းနဲ့စကားပြောရတာ ရဲ့ဟွာနဲ့ပြောရတာလောက် ပျော်စရာမကောင်းဘူး" ။ အရှေ့ဘက်ကောင်းကင်မှာ လိမ့်တက်နေတဲ့ တိမ်စိုင်တွေကိုသူကြည့်လိုက်တယ် "အလုပ်မရှိတဲ့ Zhenhuang နတ်မင်းတွေတောင်ရောက်ပြီ ပိုင်ဇီသီကျွင်းတို့မိသားစုတစ်ဖွဲ့လဲရောက်လောက်ပြီပေါ့ ငါလဲအတူထိုင်ဖို့တွက် ရဲ့ဟွာဘေးကိုသွားတော့မယ် မင်းလဲမင်းနေရာမင်း အပေါ်ဆုံးမှာသွားထိုင်သင့်ပြီ အခြားသူတွေရောက်လာလို့ မင်းဒီမှာထိုင်နေတာတွေ့ရင် သူတို့ထိုင်ဖို့စိုးရွံ့ကြလိမ့်မယ်" သူပွဲကြည့်စင်ရဲ့ထိပ်ဆုံးနေရာဆီသို့ လှမ်းကြည့်လိုက်ပြီး ရယ်မောကာ ထပ်ပြောလိုက်တယ် "ရာထူးအဆင့်အရ ဖုန်းကျိုရဲ့အဘိုးတောင် မင်းအောက်မှာထိုင်ရမှာပဲ ဟဟ.. ဖုန်းကျိုကမင်းကိုတောင်ရန်စရဲတယ်ဆိုတော့ ဒီလိုပွဲမျိုးကို အရေထဲထည့်မနေမှာမှန်လောက်ပါတယ်"

Page-383

ပွဲကြည့်စင်ရဲ့အပြင်ဘက်မှာရှိနေတဲ့ မသေမျိုးအုပ်ကြီးကတော့ နယ်မြေ ၆ ခုအသီးသီးကနေ လာကြည့်ကြတဲ့ နတ်ငယ်လေးတွေပါပဲ။ အဆင့်မြင့်နတ်ဘုရားမ ပိုင်ချန်းရဲ့ Bingcang အခမ်းအနားဟာဆိုရင် ပြီးခဲ့တာနှစ်ပေါင်းရှေးနေပြီဖြစ်တဲ့အတွက် ထိုအခမ်းအနားပွဲကို မြင်လိုက်ရသူအများစုတောင် ကွယ်လွန်ကုန်ကြပေပြီ။ မျိုးဆက်သစ်နတ်ငယ်လေးတွေခမျာ သမိုင်းစာအုပ်တွေထဲမှာမှတ်တမ်းတင်ထားတဲ့ ဖော်ပြချက်တွေကိုကြည့်ပြီး ချင်းချူရဲ့ဒီရှေးရိုးရာဓလေ့ထုံးတမ်းအကြောင်း အထင်ကြီးစိတ်ဝင်စားခဲ့တာကြာခဲ့ပြီ။ ထို့ကြောင့် လွန်ခဲ့တဲ့သုံးရက်လောက်တည်းက Tangting တောင်ကိုလာပြီး သူ့ထက်ငါအလုအယက် နေရာဦးထားခဲ့ကြ၏။ နတ်ငယ်လေးတွေဟာ ခမ်းနားမှုကျက်သရေအပြည့်နဲ့တိမ်ထုစင်ကြီးကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ အံ့ချီးခမ်းနားလှတဲ့နေရာတစ်ခုအဖြစ်ပြောင်းသွားတာကို မြင်လိုက်ရစဉ်မှာပဲ သူတို့အနေနဲ့နေရာဦးခဲ့ရတာ အလဟဿမဖြစ်ဘူးဟုတွေးမိကာ ကျေနပ်မှုပီတိအပြည့်နှင့် သက်ပြင်းချလိုက်မိကြသည်။ တစ်ဖန် ပွဲကြည့်စင်နေရာသို့ စောစီးစွာရောက်နှင့်နေကြတဲ့ ပြိုင်ဘက်ကင်းချောမောမှုအသွင်နှင့် တစ်ယောက်တစ်မျိုးစီဆွဲဆောင်မှုရှိကြတဲ့ နတ်မင်းသုံးပါးကိုမြင်လိုက်ရတဲ့အခါ သူတို့အနေနှင့် နေရာဦးခဲ့ရတာအလဟဿမဖြစ်ဘူးဟုတွေးမိပြန်ကာ ကျေနပ်ပီတိအပြည့်နှင့် ထပ်မံသက်ပြင်းချမိကြပြန်သည်။ အခမ်းအနားပွဲမစသေးခင်မှာတောင် စိတ်ဝင်စားစရာကောင်းတဲ့ ကြည့်စရာ၊ ရှုစရာတွေဒီလောက်များလှတာ။ ပွဲသာစရင် ဘယ်လောက်များမျက်စိပသာဒစုံလင်လိုက်မလဲ တွေးမိကြပြန်တဲ့ခါ ထိုအတွေးနဲ့ပဲ တစ်ဖန်နေရာဦးခဲ့တာ လုံးဝလုံးဝအလဟဿမဖြစ်ဘူးဆိုတဲ့ကောက်ချက်ချမှုနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ သက်ပြင်းချမိကြပြန်တော့လေသည်။

အခမ်းအနားစဖို့ စောလွန်းသေးတာမို့ နတ်ငယ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစွာစကားစမြည်ပြောလို့နေ၏။ ဥပမာအားဖြင့် တခြားနယ်မြေကနေလာကြည့်တဲ့ နတ်ငယ်လေးတစ်ယောက်ဟာ သူ့ဘေးမှာထိုင်နေတဲ့ ဒေသခံနတ်ငယ်လေးကို မေးမြန်းနေလေသည် "မေးပါရစေ.. အရှင်က ချင်းချူကနယ်ခံလား? ဟိုးက.. အစောကြီးရောက်နှင့်နေကြတဲ့ နတ်မင်းသုံးပါးထဲက အနက်ရောင်ဝတ်နဲ့အဖြူရောင်ဝတ်နှစ်ယောက်က ဘယ်သူတွေလဲဟင်..သိလား?

ချင်းချူနယ်ခံနတ်ငယ်လေးလဲ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဝံ့ကြွားစွာနှင့် ပြန်ပြောလေ၏ "အနက်ရောင်ဝတ်ရုံထားတဲ့နတ်မင်းက ချင်းချူရဲ့သားမက် ကောင်းကင်ဘုံရဲ့အိမ်ရှေ့စံမင်းသား အရှင်ရဲ့ဟွာပဲ ယပ်တောင်နဲ့အဖြူရောင်ဝတ်ထားတဲ့တစ်ယောက်ကတော့ ကျွန်တော်လဲမသိဘူး ဒါဆို.. အရှင်ကအဲ့ဒီနှစ်ယောက်ကိုပဲမေးတာဆိုရင် ခရမ်းရောင်ဝတ်ရုံဝတ်ထားတဲ့ ငွေရောင်ဆံနွယ်နဲ့နတ်မင်းကိုတော့ သိတယ်ထင်ပါရဲ့? သူကအတော်လေးချောတယ်ဗျ ပြီးတော့ ရောက်လာတဲ့အခြားနတ်မင်းတွေအားလုံး သူ့ဆီကိုအရင်သွားဂါရဝပြုကြရတာတွေ့တယ် သူ့ကြည့်ရတာ အတော်လေးငယ်ရွယ်သေးတဲ့ပုံပေါက်ပေမယ့် သူ့ရဲ့ရာထူးကတော့ မထင်မရှားဟုတ်ပုံမရဘူး" (မငယ်ဘူးဟဲ့ နင့်အဘေးက ဟိုးရှေးသမိုင်းမတင်ကတိုင် ထမင်းစားလာတဲ့ လောင်ထိုကြီးဟဲ့😂) ။ စိတ်လှုပ်ရှားစွာ သူဆက်ပြောလေတယ် "လက်စသတ်တော့ ကောင်းကင်ဘုံမှာလဲ ကျွန်တော်တို့ရဲ့ဘုရင်မဖုန်းကျိုလိုလူတွေရှိသေးတာပဲ အရှင်မဖုန်းကျိုလဲအဲ့လိုပဲ အသက်သာငယ်တာ ရာထူးကသေးတာမဟုတ်ဘူးရယ်"

Page-384

တခြားနယ်ကလာတဲ့နတ်ငယ်လေးလဲ အလျင်စလိုပြန်လည်တုံ့ပြန်လေတယ် "အဲ့ဒီကြည်ညိုစရာကောင်းတဲ့နတ်မင်းရဲ့ရာထူးက အရှင်တို့ရဲ့ဘုရင်မဖုန်းကျိုနဲ့ယှဉ်ရင် နည်းနည်းပိုမြင့်တယ် ကျွန်တော်တောင် နတ်ပြည်ကိုစတက်လာတုန်းက သူ့ရဲ့ရာထူးအပ်နှင်းမှုအတွက် အဲ့တုန်းကတစ်ခါပဲ သူ့ကိုမော်ဖူးဖူးတာ" သူထပ်မံဆက်ပြောပြန်တယ် "သူက နောက်ပိုင်း ထိုက်ချန်နန်းတော်မှာအနားယူသွားတဲ့ တစ်ချိန်ကစကြဝဋ္ဌာရဲ့အရှင်သခင် သုံဟွာသီကျွင်းတဲ့ ဘုရင်မင်းမြတ်ရဲ့အသက်က ကောင်းကင်နဲ့မြေကြီးတို့နဲ့တောင် ထပ်တူကျနေပြီဆိုပေမယ့် သူ့ရဲ့သွင်ပြင်ရုပ်ရည်က နေနဲ့လလိုနုပျိုတောက်ပနေဆဲပဲ အရှင်တို့ရဲ့ဘုရင်မဖုန်းကျိုကတော့..."

သူစကားတောင်မဆုံးသေးပါဘူး ဒေသခံနတ်ငယ်လေးရဲ့ မျက်လုံးအပြူးသားနဲ့ ဝင်နှောင့်ယှက်ခြင်းကိုခံလိုက်ရတယ် "သူ...သူက တကယ်ပဲအရှင်သုံဟွာသီကျွင်းလား!? အရှင်လတ်လတ် တကယ်သုံဟွာသီကျွင်းကြီးလား!?" စိတ်လှုပ်ရှားမှုအားကြီးစွာနဲ့ သူ့ရဲ့လက်ကိုတင်းတင်းဆုပ်ကာ ထပ်ပြောလာပြန်တယ် "ဒီနေ့တော့ငါ နေရာဦးခဲ့ရတာ တကယ်ကိုအလဟဿမဖြစ်ဘူးပဲ!"

ချင်းချူမှာ ထုံးစံတစ်ခုရှိတယ်။ အဲ့ဒါက တိုင်းပြည်မှာဘယ်လိုအခမ်းအနားပွဲပဲကျင်းပပါစေ အခြားတိုင်းပြည်များသို့ ဖိတ်ကြားစာပို့လေ့မရှိဘူး။ စိတ်ဝင်စားပြီး အချိန်လဲအားတဲ့မည်သူမဆို ဧည့်သည်အဖြစ်လာရောင်ကြည့်ရှုလို့ရလေသည်။ စိတ်ဝင်စားခြင်းမရှိတဲ့ ဒါမှမဟုတ် အချိန်မအားတဲ့သူတွေကိုတော့ အတင်းလာဖို့မတိုက်တွန်းတတ်တာ ချင်းချူရဲ့ထုံးစံပါပဲ။ အဲ့လိုဆိုရင်တောင် ဓလေ့ထုံးတမ်းတွေနဲ့ အခမ်းအနားပွဲတွေကိုအခြေခံပြီး ဘယ်သူတွေလာလိမ့်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

သို့ပေမယ့်လဲ သုံဟွာသီကျွင်းက ဒီနေ့ဒီပွဲကိုဘာဖြစ်လို့လာတာလဲ? ချင်းချူရဲ့အကြီးအကဲခေါင်းဆောင် ပိုင်ဇီသီကျွင်း ဒီမေးခွန်းကိုဘယ်လိုမှစဉ်းစားလို့မရဘူး။ ဗဟုသုတစုံလင်တဲ့ သူ့ရဲ့အရင်းနှီးဆုံးကျီရန်နတ်မင်းဆီကို ပိုင်ဇီလှည့်ကြည့်လိုက်တယ်။ သို့သော်လဲ ကျီရန်လဲ သူ့လိုပဲ နားမလည်နိုင်သလို တွေဝေနေလေရဲ့။

ရဲ့ဟွာရဲ့ဘေးမှာထိုင်နေတဲ့ လန်ရှန်းတစ်ယောက် သူ့ရဲ့တူဖြစ်ကိုလှမ်းကြည့်ပြီး ခါးသီးစွာပြောလိုက်တယ် "ဟေး.. သူတို့ ငါ့ကိုကျဘာလို့လာမမေးတာလဲ?" (အေးလေ.. ငါလဲအကုန်သိသူကြီးပါ ဖြေပေးချင်တာပေါ့လို့😢🤣)

ရဲ့ဟွာ လက်ဖက်ရည်ခွက်ကိုကိုင်ထားရင်းက မျက်မှောင်ကြုတ်လိုက်တယ် "ချန်းချန်းပြောတာကျွန်တော်ကြားဖူးတယ် ချန်းယွီက သူများကိစ္စအကြောင်းအတင်းပြောတဲ့သူတွေကို အရမ်းမုန်းတာတဲ့"

လန်ရှန်း ချက်ချင်းပဲ ခါးမတ်သွားလေတယ် "အိုး.. ငါကသူတို့ကိုကူညီပေးချင်ရုံလေးပါ ဒါပေမယ့် ကြည့်ရတာ သူတို့ငါ့အကူအညီကိုမလိုတော့ဘူးထင်တယ်" (ချစ်ချစ်ကတောင်ဆို မြောက်မလှည့်ရဲပါသော..🤣)

ထိုစဉ် နောက်ကျမှရောက်လာတဲ့ပိုင်ချန်း မုန့်လုံးလေးလက်ကိုတွဲကာ နေရာဆီသို့ဦးဆောင်ခေါ်နေရင်း သူတို့နှစ်ယောက်ကို ပဟေဋ္ဌိဆန်ဆန်ကြည့်လာလေတယ် "နှစ်ယောက်သား ဘာတွေပြောနေကြတာလဲ?"

လန်ရှန်း လျှို့ဝှက်စွာ ပြန်လည်ပြုံးပြပြီး "အဲ့ဒီနှစ်ကမင်းရဲ့အလှကို ရဲ့ဟွာနှမြောတသစိတ်ကူးယဉ်နေတာလေ"

Page-385

ပိုင်ချန်း လည်ချောင်းရှင်းဖို့ လက်ဖက်ရည်တစ်ငုံ အရင်သောက်လိုက်တယ်။ ထို့နောက် ပွဲကြည့်စင်အောက်ကနေ စိတ်ကူးယဉ်ဆန်ဆန်မျက်လုံးတွေနဲ့ ရဲ့ဟွာကိုလှမ်းငေးနေကြတဲ့ နတ်ငယ်လေးတွေကို တစ်ချက်ကြည့်ကာ အေးဆေးစွာနဲ့ပြောလိုက်တယ် "တကယ်တော့ အဲ့ဒီအချိန်တုန်းက ကျွန်မရှင့်ရဲ့အခုအရွယ်ထက် နည်းနည်းငယ်သေးတယ် ဒါပေမယ့် ဒီနေ့ရှင့်လိုတော့ ကျွန်မရဲ့အလှက စတိုင်မထုတ်ခဲ့ဘူး" (ပိုင်ချန်းဂျယ်လီနင်ခြင်း😆)

မုန့်လုံးလေးလဲ ချက်ချင်းပဲ လူကြီးတစ်ယောက်ရဲ့အသွင်ဖမ်းကာ သူ့မယ်တော်ရဲ့လေသံကိုလိုက်တုလေသည် "ဟုတ်တယ်.. ခမည်းတော် ခမည်းတော်ကအရမ်းစတိုင်ထုတ်လွန်းတယ် အဲ့လိုစတိုင်ထုတ်တာမကောင်းဘူး လုံးဝကိုမကောင်းဘူး!"

လန်ရှန်း မျက်ခုံးပင့်ကာ ရယ်ပါတော့သည် "မင်းတို့နှစ်ယောက်ပေါင်း မက်မွန်ဆယ်မိုင်ဆိုရင် တစ်ယောက်ကိုငါးမိုင်စီပိုင်ကြမှာပဲ ငါမြင်တာတော့ မင်းတို့တစ်ဦးနဲ့တစ်ဦး လိုက်ဖက်ညီပါတယ် တစ်ယောက်ကိုတစ်ယောက်ရန်စနေစရာမလိုပါဘူး"

ရဲ့ဟွာ ပေါ့ပါးစွာပြန်မေးလေတယ် "ဒါဆိုရင် ချန်းယွီရဲ့မက်မွန်ဆယ်မိုင်ကိုရော ဦးလေး၃တစ်ဝက်ပိုင်ဖူးလား?" (သွားလေရော့ လန်ရှန်းအရှိုက်တည့်တည့်ကို🤣)

လန်ရှန်းတစ်ယောက် ခပ်ခြောက်ခြေက်ရယ်သံတစ်ခုသာ ထွက်နိုင်တော့၏ "ဒီနေ့ငါဘယ်သူ့ကိုမှတောင် မစနောက်ရသေးဘူး အစတည်းကပါးစပ်မဖွင့်သင့်ဘူးဆိုတာ သိခဲ့ရမှာ..."

နေရောင်ခြည်ဟာ တိမ်လွှာအဆင့်ဆင့်ကိုဖြတ်ပြီး Tangting တောင်ပေါ်မှာရှိသမျှအရာအားလုံးကို ရွှေရောင်လှောင်အိမ်ကြီးတစ်ခုကဲ့သို့ လွှမ်းခြုံဖုံးအုပ်လိုက်တဲ့အချိန်မှာတော့ မှော်ဆန်တဲ့ပတ်ဝန်းကျင်အခြေအနေဟာ ပိုမိုသရုပ်ပေါ်လာပါတော့တယ်။ ဂီတသံတွေဟာလဲ မိုးထိအောင်ဆူညံလာပြီး ရုတ်တရက် ဓားရှည်ဆယ်ချောင်း အသီသီးကိုင်ဆွဲထားတဲ့မသေမျိုးဆယ်ယောက်နဲ့ပြုလုပ်ထားတဲ့ တိုက်ပွဲဝင်္ကပါတစ်ခု ရွှေရောင်တိမ်တိုက်စင်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။ သူတို့အားလုံးဟာဆိုရင် အသစ်ဘုရင် သို့မဟုတ် ဘုရင်မကနေ ယနေ့တင်ဆက်လာမယ့်လက်နက်ဟာ အထွတ်အမြတ်တောင်ထိပ်ပေါ်မှာ ချိတ်ပိတ်ခံရဖို့အရည်အချင်းပြည့်မှီရဲ့လားဆိုတာ စစ်ဆေးမယ့်သူတွေပေါ့။

တစ်နည်းအားဖြင့်ပြောရင် ဖုန်းကျိုဟာ ဒီဝင်္ကပါကို သူမရဲ့အသစ်ပြုလုပ်ထားတဲ့ Hexu ဓားနဲ့ ဖြတ်ကျော်ရမှာဖြစ်တယ်။ အကယ်၍ သူမဖြတ်ကျော်နိုင်ခဲ့ရင် အထွတ်အမြတ်တောင်ထိပ်မှာ သူမရဲ့ဓားကိုချိတ်ပိတ်ဖို့ရန် အထစ်ပေါင်း ၁၀၀ ရှိတဲ့ ပန်းလှေကားကိုတက်ခွင့်ရမယ်။ အကယ်လို့များ သူမမဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင်တော့ နောက်ထပ် Bingcang ပွဲရက်ကို ဒီနေ့ကနေစပြီးနောက်နှစ် ၁၀၀ ကြာတဲ့အချိန်မှာ ပြန်လည်သတ်မှတ်ဖို့ပါပဲ။ အကယ်၍ အဲ့လိုသာဖြစ်ခဲ့မယ်ဆိုရင် လက်နက်ပြုလုပ်ဖို့ကြိုးစားခဲ့ရသမျှနှစ်တွေက သဲထဲရေသွန် အချည်းနှီးဖြစ်သွားရုံသာမက အရှက်ရခြင်းအခြေအနေထိပါ ဖြစ်မှာအသေချာပါပဲ။ ဒါကြောင့်မို့လဲ ဒီနေ့ဖုန်းကျိုတစ်ယောက် စိတ်လှုပ်ရှားနေလောက်မယ်လို့ လန်ရှန်းပြောခဲ့ခြင်းပါပေတည့်။ ဒါဟာ ဒီနေ့ရဲ့ရိုးရာဓလေ့ထုံးတမ်းပွဲဟာ အဘယ်ကြောင့် အင်မတန်မှကိုကြီးကျယ်ခမ်းနားနေရသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေပါပဲ။ ဘုရင်အသစ်အတွက် ရက်စက်လှတဲ့စမ်းသပ်မှုတစ်ခုပေမို့ ဘုရင်ဖြစ်သူရဲ့မင်္ဂလာပွဲထက်တောင် ကိန်းကြီးကိန်းခဲနိုင်လှတယ်လို့ ဆိုလို့ရလေတယ်။

Page-386

ယနေ့ ဖုန်းကျိုရဲ့အဖေ Bai Yi ဟာ အခမ်းအနားပွဲစီစဉ်ကြီးကြပ်သူပေါ့။ ဖုန်းကျိုတစ်ယောက် ကောင်းကင်ပေါ်က တိမ်ထုတစ်ခုရဲ့နောက်မှာပုန်းလျက် သူမအဖေ စင်ပေါ်ကနေ တတွတ်တွတ်နဲ့မနားတမ်းပေါက်ပေါက်ဖောက် အမှာစကားချွေနေသမျှကို လှမ်းနားထောင်နေရသည်။ သူပေါက်ပေါက်ဖောက်တာပြီးမှ သူမလဲအောက်ကိုဆင်းကာ ပွဲစနိုင်မည်ကိုး။ ကံကောင်းစွာနဲ့ သူမရပ်နေတဲ့နေရာက အရမ်းမြင့်လွန်းတာမို့ သူမအဖေရဲ့သြဝါဒစကားတစ်လုံးမှ သူမမကြားရဘူးလေ။ သို့သော် ကံမကောင်းချင်တော့ သူမဘေးနားမှာ သစ္စာရှိအစေခံမင်ဂူရဲ့ ပေါက်ပေါက်ဖောက်သံရှိနေပြန်၏။

မင်ဂူ သူမရဲ့ဓားသေတ္တာကိုကိုင်ပေးထားလျက်က Bai Yi ရဲ့နောက်ကဝင်္ကပါကို စိတ်ပူစွာလှမ်းကြည့်နေမိ၏။ သူ ဖုန်းကျိုကိုမမှာဘဲမနေနိုင်ဘူး "ခဏနေကျရင် မင်းသမီးအေးဆေးပဲတိုက်နော် တကယ်တော့ မင်းသမီးဒီဝင်္ကပါကိုမဖြတ်နိုင်လဲကိစ္စမရှိဘူး မင်းသမီးရဲ့အရွယ်လေးနဲ့ ဒီအခမ်းအနားပွဲကိုလုပ်ဆောင်ခဲ့တဲ့သူ ချင်းချူမှာ အရင်ကတစ်ခါမှမရှိခဲ့ဖူးဘူး ကျွန်တော့်အနေနဲ့ ဒီစကားတွေကိုပြောဖို့မသင့်တော်ဘူးဆိုပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရှင်မင်းကြီးက မင်းသမီးကိုအတင်းကြီးစေတွန်းနေတာ..."

မင်ဂူရဲ့စကားတွေဟာ ဖုန်းကျိုရဲ့ဘယ်ဘက်နားကဝင် ညာဘက်နားကထွက်ပါပဲ။ သူမရဲ့မျက်လုံးတွေက သူမအဖိုးနဲ့ သုံဟွာသီကျွင်းပေါ်မှာသာ တစ်လှည့်စီကျရောက်လို့နေ၏။ ရုတ်တရက် သူမခေါင်းထဲမှာ အလင်းတန်းတစ်ခုလင်းလက်သွားလေသည်။ သူမအကြံရမိလိုက်တာက ချင်းချူမှာ သူမအဖိုးက ရာထူးအမြင့်ဆုံးလေ။ ဒီတော့ သုံဟွာနဲ့လက်ထပ်ဖို့အတွက် သူမအဖိုးကိုစည်းရုံးနိုင်ပြီဆိုရင် သူမအဘွားနဲ့သူမရဲ့မိဘတွေကို နားချစရာဘယ်လိုတော့မလဲ? သူမအဘိုးကသာ နောက်ဆုံးဆုံးဖြတ်ချက်ကိုချမယ့်သူပဲဟာ။ ဒါပေမယ့်.. သူမသူ့ကိုဘယ်လိုလုပ်ပြီးစည်းရုံးရပါ့?

အဖိုးက ဂုဏ်တွေဒြပ်တွေကို သိပ်ဂရုမစိုက်ဘူးဆိုတော့ သူမသူ့ကိုပွင့်ပွင့်လင်းပဲ ပြောလိုက်ရမလား? - "ဖိုးဖိုး.. သမီးလက်ထပ်မယ့်သူကိုရှာလို့တွေ့ပြီ သူက ဒီနေ့အဖိုးရဲ့အပေါ်မှာထိုင်နေတဲ့သူ သုံဟွာသီကျွင်းပဲ သမီးတို့ကိုကောင်းချီးပေးပါ" ။ ဒါမှမဟုတ် အဲ့လိုစကားတွေက နည်းနည်းမာဆတ်ဆတ်နိုင်နေမလား?

ဟိုအရင်တုန်းက သူမအဒေါ်သူမကို စည်းရုံးသိမ်းသွင်းရေးဗျူဟာတစ်ချို့ သင်ပေးခဲ့ဖူးတယ်။ ဒေါ်ဒေါ်ပြောတာဘာပါလိမ့်? ဪ..ဪ ဟုတ်တယ်၊ သူမပြောတာက တစ်စုံတစ်ယောက်ကို သိမ်းသွင်းစည်းရုံးချင်ရင် အရင်ဆုံး စကားထဲမှာပတ်သက်ဆက်နွယ်မှုတစ်ခုခုကို ဖော်ပြရမယ်။ ထိုဆက်နွယ်မှုက တစ်ဖက်လူရဲ့အတိတ်ကအမှတ်တရတွေကို စေ့ဆော်ပေးနိုင်ရင်ပိုကောင်းတယ်။ ထို့ထက်အရေးကြီးဆုံးအရာက တစ်ဖက်လူကို ရင်းနှီးမှုခံစားရစေခြင်းပဲ။ ဒါ့အပြင် အဆုံးမှာ ကိုယ့်ရဲ့စိတ်ရင်းမှန်ကိုဖော်ပြနိုင်လို့ရှိရင် အကောင်းဆုံးပေါ့။ အတွေးစထိုအထိအရောက်မှာပဲ သူမနားလည်သွားသလိုခံစားလိုက်ရတယ်။ ခုနကသူမရဲ့မာဆတ်ဆတ်စည်းရုံးရေးစကားတွေကို ပြန်လည်တည်းဖြတ်ပြီး သူမကိုယ်သူမ တီးတိုးပြောလိုက်တယ် "ဖိုးဖိုး.. သမီးလက်ထပ်မယ့်သူရှာလို့တွေ့ပြီ သူက ဒီနေ့အဖိုးရဲ့အပေါ်မှာထိုင်နေတဲ့ သုံဟွာသီကျွင်းပါ ကျွန်မကြားဖူးတာ သူက အဖိုးရဲ့အတန်းဖော်ဟောင်းဆို? အဖိုးတောင် သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ တိုက်ပွဲဝင်ခဲ့ဖူးတယ်တဲ့" ။ ဟုတ်ပြီ.. ပတ်သက်ဆက်နွယ်မှု - ကောင်းတယ်၊ အတိတ်ကအမှတ်တရ - ကောင်းတယ်၊ စိတ်ရင်းမှန်အတွက်ကတော့... "သမီးတို့နှစ်ယောက်စလုံး ဖိုးဖိုးပေါ်မှာ သေချာပေါက်.. လုံးဝသစ္စာရှိပါမယ် ဖိုးဖိုး.. သမီးတို့ကိုကောင်းချီးပေးပါ!" အဟား! ရပြီလေ.. 'စိတ်ရင်းမှန်'လဲ အဆင်ပြေပြီ။

Page-387

သူမ တစ်ဖက်ပွဲကြည့်စင်ဘက်ကို ချက်ချင်းပြေးသွားလိုက်ချင်ပေမယ့် မင်ဂူတစ်ယောက် သူမရဲ့အင်္ကျီလက်စကိုဆွဲရင်း ပြောလာခဲ့တယ် "အရှင်မင်းသမီး အချိန်ကျပြီ ဝက္ကပါထဲကိုဝင်ရတော့မယ်"

သူ သူမကိုထပ်ပြီးသတိပေးပြန်တယ် "မင်းသမီး.. ဝက္ကပါကိုမဖြတ်နိုင်ခဲ့ဘူးဆိုလဲ မဖြတ်နိုင်ဘူးပဲပေါ့ လူတွေဟားမှာကို ဘာမှကြောက်နေစရာမလိုဘူး ကိုယ့်ကိုကိုယ်အရမ်းကြီးတွန်းအားပေးမနေနဲ့နော် ဟုတ်ပြီလား?" (မင်ဂူရေ.. နင့်ဘုရင်မကလေ ပွဲအကြောင်းခေါင်းထဲတောင်ရှိတာမုတ်ဘူး ယောကျာ်းယူဖို့ဗျူဟာချနေရတာနဲ့တင် အလုပ်ရှုပ်နေတာ🤣)

ဖုန်းကျို သူ့သတိပေးစကားကိုကြားလို့သာ 'ကောင်းပြီ' လို့ပြန်ပြောလိုက်ရသော်လဲ တကယ်တမ်းကျတော့ မင်ဂူရဲ့အမြင်ကိုသိပ်သဘောမတူချင်။ တာအိုစာပေ၊ ဗုဒ္ဓကျမ်းဂန်၊ ကဗျာလင်္ကာတွေနဲ့ ရသဆိုင်ရာအတွေးအမြင်တွေ.. အဲ့လိုအရာတွေမှာ သူမညံ့ရင်ညံ့မယ်။ ဒါပေမယ့် ဓားရေးနဲ့ပတ်သက်လာရင်တော့ ချင်းချူကသူမနဲ့ရွယ်တူတွေအားလုံးထဲမှာ သူမကအတော်ဆုံးပဲဆိုတာ သူမအတပ်ပြောရဲတယ်။

မင်ဂူ စိတ်ပူစရာမရှိ ကြံဖန်စိတ်ပူနေတာပါ။

Bai Yi စင်ပေါ်ကဆင်းသွားတာနဲ့တစ်ပြိုင်နက် ထူးခြားအံ့သြစရာကောင်းတဲ့ အသံကြီးတစ်ခု လေထဲမှာပျံ့လွင့်လာခဲ့တယ်။ ချက်ချင်းပဲ ဝက္ကပါကြီးတစ်ခုအသွင် ပေါ်လာလေတယ်။ ရုတ်တရက် ကောင်းကင်ထက်ယံကတိမ်တိုက်တစ်ခုရဲ့နောက်ကနေ အသွားထက်ဓားတစ်ချောင်းရဲ့ ငွေရောင်အလင်းတွေထွက်ပေါ်လာပြီး ကျက်သရေတိမ်တိုက်စုတွေကို ဖြိုခွင်းဖြန့်ကျက်သွားလေသည်။ ထို့နောက် ဓားကိုင်ထားတဲ့ အနီရောင်ဂါဝန်နဲ့မိန်းမပျိုလေးတစ်ဦး လေဟုန်စီးကာ ဝက္ကပါထဲသို့ မဆိုင်းမတွဝင်သွားလေတော့၏။

ပွဲကြည့်စင်ရဲ့ထိပ်ဆုံးမှာထိုင်ရင်း လက်ထဲမှာတော်ဖီဘူးလေးကို ကစားနေရတာ ပျင်းလာပြီဖြစ်တဲ့သီကျွင်းလဲ ကိုယ်နေဟန်ထားကိုပြင်ကာ အနည်းငယ်ခေါင်းမော့လာလေ၏။ (မိန်းမဖြစ်သူတိုက်ပွဲဝင်တော့မှာဆိုတော့ သူလဲစိတ်ဝင်စားတာပေါ့လေ😌)

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဝက္ကပါထဲ၌ အဖြူ၊ အနီ တဖြတ်ဖြတ်ဓားရောင်တို့နှင့် ပြည့်နှက်သွားလေသည်။ ပတ်ဝန်ကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့နေ၏။ အေးစက်စက်ဓားသွားတို့မှာ စဉ်ဆက်မပြတ်တိုက်ခိုက်နေလေ၏။ ဓားချက်ဆယ်ချက်မြောက်မှာတော့ အနီရောင်ပုံရိပ်လေးလဲ ဝက္ကပါထဲကထွက်ရန် လမ်းစတွေ့ရှိသွားဟန်တူသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုကဲ့သို့သေရေးရှင်ရေးတမျှအရေးကြီးလှတဲ့အချိန်မှာ လူ ၁၀ ဦးပိတ်ဝက္ကပါဟာ ရုတ်တရက် ရာနှင့်ချီတဲ့လူပုံရိပ်များထွက်ပေါ်လာပြီး မထိုးဖောက်နိုင်တဲ့အကာအကွယ်တံတိုင်းကြီးပမာ ဖန်တီးလျက် ဝက္ကပါထဲမှထွက်ဖို့ကြိုးစားလျက်ရှိသူကို အထဲသို့ပြန်သွင်းလိုက်လေသည်။

Page-388

ပွဲကြည့်သူနတ်ငယ်လေးတွေအားလုံး၊ အထူးသဖြင့် ချင်းချူနယ်ခံနတ်ငယ်လေးတို့မှာ ကြည့်နေရင်း ဘုရင်မငယ်လေးအတွက် ချွေးစေးများပင်ပြန်နေကြလေပြီ။

ဒီဝက္ကပါဟာဆိုရင် ဟိုးရှေးသမိုင်းမတင်မီခေတ် Bingcang ပွဲများကတည်းက အထူးဒီဇိုင်းထွင်ခဲ့တဲ့လက်ရာဖြစ်တယ်။ ဒါ့အပြင် အဲ့ဒီမှော်အတတ်ကို ပိုင်ဇီမင်းကြီးကိုယ်တိုင် Tangting တောင်ပေါ်က မြင့်မြတ်တဲ့နတ်စွမ်းအင်တွေနဲ့ ပြုလုပ်ဖန်တီးထားတာလဲဖြစ်တယ်။ တိမ်ထုစင်ကြီးဟာ ပုံစံအသွင်ပေါ်လာတာနဲ့အမျှ ဂါထာမန္တာန်တွေဟာ အလိုအလျောက်အသက်ဝင်လာပြီး ဝက္ကပါရဲ့တည်ဆောက်ပုံကို ခန့်မှန်းဖို့ရန် အတော်ပင်ခက်လှသည်။ ဖုန်းကျို မျက်မှောင်ကြုတ်လိုက်တယ်။ ခုနက ဓားချက်တစ်ခုချင်းစီတိုင်းကို သူမရဲ့ကိုယ်ပိုင်ဓားချက်တွေနဲ့ ခုခံဖြေရှင်းခဲ့ပြီးပြီ။ ဒါဟာ အခြေအနေအရ အလျင်စလိုတုံ့ပြန်လိုက်ရတဲ့ တိုက်ခိုက်မှုပဲ။ ပထမဆုံးဓားချက်မှာတင်တည်းက ဒီနတ်ငယ်လေးဆယ်ယောက်ဟာ သူမရဲ့ဓားရေးကျွမ်းကျင်မှုကို မမှီဘူးလို့ ခန့်မှန်းမိခဲ့တယ်။ ဒီတော့ သူတို့အားလုံးကို သူမရဲ့ဓားချက်တစ်ခုတည်းနဲ့ကိုင်တွယ်ပြီး ဝက္ကပါထဲကနေ အေးဆေးထွက်နိုင်မယ်လို့ထင်ခဲ့တယ်။ သို့ပေမယ့်လဲ သူမလုံးဝမထင်ထားခဲ့မိတာက ဒီဝက္ကပါရဲ့သိမ်မွေ့နက်နဲမှုက နတ်ငယ်လေးတွေရဲ့ဓားရေးကျွမ်းကျင်မှုမဟုတ်ဘဲ သေရေးရှင်ရေးတမျှအရေးကြီးလှတဲ့ အခြေအနေအဆင့်တိုင်းမှာ သူမကိုဝက္ကပါထဲကမထွက်သွားနိုင်အောင်တားဆီးဖို့ နတ်ငယ်လေးတွေရာနှင့်ချီ ထွက်ပေါ်လာခြင်းဖြစ်တယ်။

တကယ်ကို ခေါင်းစားတဲ့ပြဿနာပဲ။

ဒီအတိုင်းဆက်ပြီးတိုက်နေရင်တော့ အလုပ်ဖြစ်မှာမဟုတ်လောက်ဘူး။ သူမအဒေါ်ရဲ့နှိုင်းချင့်လေ့လာချက်အရ ဒီနတ်ငယ်လေးတွေဟာ နှစ်ပေါင်း ၁ သိန်းမျှကြာအောင် အိပ်နေခဲ့တဲ့သူတွေတဲ့။ ဒီနေ့ကျမှ သူမကိုတမင်ခက်ခဲအောင်လုပ်ဖို့ နိုးထလာခဲ့တာတဲ့။ ဒါဆိုရင်တော့ သူတို့တွေက သေချာပေါက် သူမထက်အားအင်ပြည့်ဝနေမှာ အသေအချာပဲ။ တန်တော့.. သူမတန်ပြန်တိုက်စစ်တစ်ခု စဉ်းစားရတော့မယ်ထင်ပါရဲ့။ သူမအဘိုးကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ ဒီဂါထာမန္တာန်က ပုံစံအသွင်ပြောင်းတိုင်းတစ်ခါလိုက်ပြောင်းတယ်ဆိုပေမယ့် အဓိကနတ်ငယ်လေး ၁၀ ဦးပဲ ပုံမှန်ရှိနေခဲ့တာလေ။ သူမကိုတိုက်ဖို့တစ်ခုတည်းအတွက်နဲ့တင် နတ်ငယ်အယောက်တစ်ရာငှားရမ်းခဲ့တယ်လို့ပြောရင် သိပ်ပြီးအဓိပ္ပာယ်မရှိဘူး။ သူမအဘိုးက အမြဲလိုလိုသူမအပေါ် အောင်မြင်ဖို့ရန်မျှော်လင့်ချက်တွေရှိခဲ့တာမှန်ပေမယ့် ဒီလောက်ကြီးအထိတော့ သူမကိုအထင်ကြီးမထားလောက်ပါဘူး.. ဟုတ်တယ်မလား? သူမမျက်လုံးတွေ ဆတ်ခနဲလှုပ်သွားလေတယ်။ ဒါဆိုရင် ဒီရာချီတဲ့နတ်ငယ်လေးတွေက... သေချာတယ် တံလျှပ်တွေပဲဖြစ်လောက်တယ်။

ထိုအတွေးမှာပဲ ဘာကြောင့်မှန်းမသိ သီကျွင်းထိုင်နေရာ ပွဲကြည့်စင်ရဲ့ထိပ်ဆုံးနေရာဆီသို့ အာရုံထွေပြားစွာ လှမ်းကြည့်မိလိုက်၏။ သူမမျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားတဲ့အခိုက် သူ့နှုတ်ခမ်းတွေဆီမှ ပဟေဋ္ဌိဆန်အပြုံးလေးပြုံးပြလာလေလသည်။ သူ့မျက်လုံးထောင့်နားက လက်ချောင်းလေး၂ချောင်းဟာလဲ တစ်ခုခုကို အရိပ်အမြွက်ပြောပြနေသယောင်။ သူမ အနည်းငယ်လန့်ဖြတ်သွားတယ်။ ဝက္ကပါထဲကနတ်ငယ်လေးတွေရဲ့ဓားချက်တွေ ထိုးနှက်တိုက်ခိုက်လာတဲ့အချိန်မှာ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အနောက်ကိုမီတာအနည်းငယ်ဆုတ်လိုက်တယ်။ ရုတ်တရက် သူမခေါင်းထဲမှာ သူမတို့ Fanyin တောင်ကြားမှာရှိစဉ်က သီကျွင်းသူမကိုလေ့ကျင့်ခိုင်းဖူးတဲ့ ခြံဝန်းတစ်ဝက်လောက် နှင်းတိုင်လုံးတွေနဲ့ပြည့်နေတဲ့ Jifeng Yuan အဆောင်ရဲ့ပုံရိပ်က ခပ်ရေးရေးပေါ်လာခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ခြံထဲမှာ တရုတ်ဆီးသီးပင်အိုတစ်ချို့လဲရှိတယ်။ သူမမျက်လုံးကို အဝတ်စနဲ့စည်းပြီးဓားရေးလေ့ကျင့်နေတဲ့အချိန်မှာ သီကျွင်းက ထိုဆီးသီးပင်တစ်ပင်ရဲ့အောက်မှာ လက်ဖက်ရည်သောက်ရင်း အပန်းဖြေနေလေ့ရှိတယ်လေ။ ဟုတ်တယ်.. သူမရဲ့မျက်လုံးတွေ!

Page-389

ထိုစဉ် ဖုန်းကျိုရဲ့မိခင်ဖြစ်သူမှာ သူမရဲ့ဘွားအေဖြစ်သူကိုကြည့်လျက် သူမမျက်လုံးထဲကစိုးရိမ်ပူပန်မှုများက Nanshan တောင်ထက်မြင့်ကာ Canghai ပင်လယ်ထက်နက်နဲနေရှာတော့သည် "ဘာလို့များကျိုအာက ဒီလောက်အန္တရာယ်များလှတဲ့ဝက္ကပါကိုဖြတ်ကျော်ရတာလဲ? ကျွန်မတောင် ဒီဝက္ကပါကိုမဖြတ်နိုင်လောက်ဘူး ကျိုအာကအရမ်းငယ်သေးတယ် သူမမှာကျင့်စဉ်တွေဘယ်လောက်များရှိသေးမှာမို့လို့လဲ? အမေ.. ကျွန်မတို့ဘာလုပ်ရမလဲ? ကျွန်မတို့ဘာလုပ်ရမလဲ?!"

ဖုန်းကျိုရဲ့အဘွားဖြစ်သူမျက်လုံးထဲ၌ လျှပ်တစ်ပြက်အလင်းရောင်တစ်ခု ပြိုးပြိုးပျက်ပျက်လင်းလက်သွားပြီး တွေးတွေးဆဆနဲ့ သူမပြောလာလေသည် "အင်း.. သူမဒီဝက္ကပါကိုမဖြတ်နိုင်ခဲ့ဘူးဆိုလဲ မကောင်းတဲ့အရာတော့မဟုတ်ဘူး ငါအမြဲတမ်းနင့်ယောက္ခဖြစ်သူရဲ့အယူအဆတွေကို သဘောမကျခဲ့တာ မိန်းမပျိုလေးတစ်ယောက်ဆိုတာ လင်ယောကျာ်းကောင်းကောင်းနဲ့လက်ထပ်နိုင်ပြီး သာယာတဲ့အိမ်လေးကိုရဖို့ အဖိုးမဖြတ်နိုင်တဲ့ပုလဲလုံးလေးတစ်ခုလို ပြုစုပျိုးထောင်ပေးရမှာ မျိုးရိုးရာထူးနန္ဒာရကိုခံယူပြီး ထီးနန်းကိုဆက်ခံရမှာတို့ဘာတို့မဟုတ်ဘူး ဒါတွေအားလုံး နင်တို့လင်မယားနှစ်ယောက် ကျိုအာကိုငယ်ငယ်လေးတည်းက သူမအဖေဘက်ကအဘိုးအဘွားတွေဆီပေးခဲ့လို့ဖြစ်ရတာ အဲ့ဒီအချိန်တုန်းက ကျိုအာကို ငါ့လက်ထဲသာအပ်ခဲ့ရင် ခုလိုတွေဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီလိုခေတ်ကြီးထဲမှာဘယ်ယောကျာ်းလေးကများ ဓားတွေလှံတွေနဲ့ မြူးတူးဆော့ကစားနေတဲ့ မိန်းကလေးတစ်ယောက်ကိုကြိုက်မှာလဲ? နင့်ရဲ့ယောင်းမ ပိုင်ချန်းကိုပဲကြည့်.. လက်နက်တွေနဲ့ပဲဆော့ကစားနေတာရပ်လိုက်ပြီးမကြာခင်မှာပဲ မိသားစုကောင်းကောင်းတစ်ခုကသူနဲ့ လက်ထပ်နိုင်ခဲ့တာပဲမဟုတ်လား? ဒီနေ့ကျိုအာသာ ဒီဝက္ကပါကြီးကိုဖြတ်နိုင်ခဲ့လို့ရှိရင် ထက်မြက်တဲ့လူငယ်တွေထဲကဘယ်သူကများ သူမကိုလက်ထပ်ဝံ့ကြပါတော့မလဲ?" (ဟုတ်ပါတယ်.. ဘွားဘွား ဒါ့ကြောင့် ဘွားဘွားရဲ့မြေးသမက်လေးကို ဘွားဘွားတို့ခေတ်ကသူတွေထဲကပဲရမှာပါ..ဘွားဘွား☺️)

ဖုန်းကျိုမိခင်ဖြစ်သူရဲ့မျက်လုံးထောင့်မှ မျက်ရည်စနှစ်ခု လိမ့်ဆင်းလို့လာလေသည် "ကျွန်မယောကျာ်းပြောတာတော့ ကျွန်မယောက္ခမကြီးကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့ဒီဝက္ကပါက ထီးနန်းဆက်ခံမယ့်သူတွေကိုစမ်းသပ်ဖို့နဲ့ ထီးနန်းဆက်ခံပြီးသွားရင်လဲ သူတို့တွေကို လုံ့လဝီရိယရှိအောင်တွန်းအားပေးဖို့တွက်မလို့ အရမ်းကိုမှအရေးကြီးတယ်တဲ့ အကယ်လို့များ ကျိုအာသာ ဒီဝက္ကပါကိုမဖြတ်နိုင်ခဲ့ဘူးဆိုရင် သေချာတယ်..ကျွန်မရဲ့ယောက္ခမကြီးက သူမကို လုံ့လဝီရိယရှိရှိနဲ့ ကြိုးကြိုးစားစားမရှိတာကြောင့်လို့ ထင်သွားတော့မှာပဲ ဒါပေမယ့်လဲ အမေရဲ့ပြောပုံအရဆို ကျိုအာသာ ဒီဝက္ကပါကိုဖြတ်နိုင်ခဲ့လို့ရှိရင် မိသားစုကောင်းကောင်းတစ်ခုဆီကို လက်ထပ်နိုင်တော့မှာမဟုတ်ဘူးပေါ့? ဘယ်လောက်တောင်အကျပ်ရိုက်လိုက်တဲ့အခြေအနေလဲ! ကျွန်မတို့ဘယ်လိုလုပ်ရမလဲ.. ကျွန်မတို့ဘယ်လိုလုပ်ရပါ့မလဲ??"

ဖုန်းကျိုရဲ့အဘွားဖြစ်သူ သူမရဲ့လက်ကိုထောင်ပြလာလျက် အပြီးပြတ်လေသံသဘောမျိုးဖြင့် ပြန်ပြောလေသည် "ဒါဆိုရင်တော့ သူမအဘိုးသူမကိုအပြစ်ပေးလာလို့ရှိရင် နင်နဲ့နင့်ယောကျာ်းတို့နှစ်ယောက် သူ့ကိုသွားပြီးဖျောင်းဖျရမယ် ဒီကိစ္စက သူမကိုလက်ထပ်ဖို့အိမ်တော်ကောင်းကောင်းတစ်ခု ရှာပေးတဲ့ကိစ္စထက် အရေးကြီးနေလို့လား?" ။ ထို့နောက် တိမ်ထုပွဲစင်ဘက်ကိုလှည့်ကြည့်ကာ သာယာချိုသာသောအသံဖြင့် ဆက်ပြောလေ၏ "ကံကောင်းစွာနဲ့ ဒီနေ့ကျိုအာက ပွဲကြီးပွဲကောင်းတစ်ခုကိုပြသနေတာပဲ သူမရဲ့အားနည်းတဲ့ပုံစံကို အတော်လေးကောင်းကောင်းပြသနေတယ် ကြည့်လေ.. သူမဓားချက်အနည်းငယ်ပဲရှောင်ရသေးတယ် ပွဲကြည့်သူအားလုံးရဲ့ ကြင်နာသနားမှုနဲ့ စာနာထောက်ထားမှုတွေကို သိမ်းပိုက်နိုင်နေပြီ အခုလောလောဆယ်မြင်နေရတဲ့အခြေအနေတိုင်းဆိုရင် ရှုံးနိမ့်မှုက..."

Page-390

'မြေကြီးလက်ခတ်မလွဲပဲ' ဆိုတဲ့စကားလုံး သူမအဘွားရဲ့နှုတ်ခမ်းဆီကနေ ထွက်တောင်မထွက်နိုင်တော့ပါဘူး။ ခဏလောက်ကြာတော့ သူမတိမ်ထုစင်ဘက်ကို လက်ညှိုးထိုးပြရင်း အက်ခြောက်ခြောက်အသံနဲ့ ပြောလာခဲ့တယ် "သူ.. သူမဘယ်လိုလုပ်ပြီးဖြတ်နိုင်သွားတာလဲ?"

အဘွားဖြစ်သူမှာ သူမရဲ့မိခင်ဖြစ်သူကို ဟောပြောပို့ချနေရတာနဲ့အလုပ်ရှုပ်ပြီး ဖုန်းကျိုဝက္ကပါထဲက ဘယ်လိုလွတ်မြောက်သွားသလဲကို ကောင်းကောင်းမမြင်လိုက်ရဖြစ်သွားလေတယ်။ ဒါပေမယ့်လဲ ပွဲကြည့်စင်ပေါ်က နတ်ဘုရားတွေအားလုံး၊ တခြားကြည့်ရှုနေတဲ့ နတ်ငယ်ပရိတ်သတ်တွေအားလုံး သူတို့ကတော့ သေချာရှင်းရှင်းလင်းလင်းကြီးကိုမြင်လိုက်ရတယ်လေ။

စောနတုန်းက ဘုရင်မငယ်လေးခမျာ စင်ရဲ့အစွန်ဆုံးဆီကို တွန်းထုတ်ခံနေရတဲ့အချိန်ပေါ့။ ပွဲကြည့်သူတွေအားလုံး နှလုံးပေါက်မတတ်ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အချိန်မှာပဲ ရုတ်တရက် ဘုရင်မငယ်လေးဟာ သူမရဲ့ဓားကိုရုပ်သိမ်းပြီး ကိုယ့်အင်္ကျီစကိုဖြတ်ကာ မျက်လုံးကိုပတ်စည်းလိုက်တာ မြင်လိုက်ရတယ်။ အားလုံးသူမရဲ့လုပ်ရပ်ကို မှင်တက်နေတဲ့အချိန်မှာ ဘုရင်မငယ်လေးဟာ အချိန်မဆိုင်းဘဲ ဝက္ကပါထဲကို သူမရဲ့မျက်လုံးစည်းမထားတဲ့အချိန်တုန်းကထက်တောင် ပိုပြီးလျင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့ ထိပ်တိုက်တိုးဝင်သွားခဲ့တယ်။ ဓားရေးသုံးချက်နဲ့တင် သူမထိုဝက္ကပါထဲက ကျော်ဖြတ်ဖို့တွက်အခွင့်အလမ်းကိုဖန်တီးနိုင်ခဲ့တယ်။ ရာချီတဲ့ပုံရိပ်တွေပေါ်လာပြီးတားမြစ်ကြချိန်မှာ သူမရဲ့ဓားကိုကိုင်စွဲပြီး ဘေးကို အသာလေးအနည်းငယ်ရွေ့လျားသွားခဲ့တယ်။ ပွဲကြည့်ပရိတ်သတ်ခမျာ ဘာအမူအရာမှ တုံ့ပြန်ဖို့အချိန်တောင်မရလိုက်ပါဘူး။ ဘုရင်မငယ်လေးကတော့ လှည့်စားမှုပုံရိပ်စက်ကွင်းထဲကနေ လွတ်မြောက်သွားခဲ့ပြီ။ ဒီလိုနဲ့ ဝက္ကပါကြီးလဲ ပျက်စီးသွားတော့တယ်။

ဘုရင်မငယ်လေးဟာ သူမမျက်လုံးတွေပေါ်မှာစည်းထားတဲ့ အနီရောင်ဖဲအင်္ကျီစကိုဆွဲဖြုတ်လိုက်ပြီး ပွဲကြည့်စင်မြင့်ထက်ဆီကို ခေါင်းမော့ကြည့်လျက် စင်ပေါ်မှာရပ်နေရှာလေတယ်။ ဘာမျက်နှာချေမှုန့်မှ လိမ်းခြယ်မထားဘဲ ပင်ကိုယ်အတိုင်းလှပနေတဲ့သူမရဲ့မျက်နှာလေးဟာ တိုက်ပွဲရဲ့ပင်ပန်းမှုကြောင့် အနည်းငယ်နီမြန်းလို့နေတယ်။ ကြည်လင်ပြီးတောက်ပတဲ့မျက်လုံးတွေနဲ့ ပွဲကြည့်စင်ပေါ်ကတစ်နေရာဆီကို ဝင်းလက်စွာတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက် ချက်ချင်းပဲ သူမရဲ့အကြည့်တွေကိုလွှဲသွားလေတယ်။ (ဆရာဖြစ်သူ လင်တော်မောင် ကိုသီ့ဆီကိုလှမ်းကြည့်တာပါ😌)

ပုံမှန်ဆိုရင် သူမဟာ ကတမ်းကရမ်းနဲ့ ပေါ့ပျက်ပျက်နိုင်သူတစ်ယောက်လို့ ထင်စရာပါပဲ။ ဒါပေမယ့် ဒီလိုမျိုးစိတ်ရှုပ်စရာကောင်းလှတဲ့ ထောင်ချောက်ဝက္ကပါတစ်ခုကို တွေ့ကြုံရချိန်မှာ.. ပြီးတော့လဲ တစ်လောကလုံးရဲ့စောင့်ကြည့်နေမှုအောက်မှာ ဘာကြောက်ရွံ့မှုလက္ခဏာကိုမှ သူမမပြသခဲ့ဘူး။ သူမလှမ်းလိုက်တဲ့၊ ဆုတ်လိုက်တဲ့ခြေလှမ်းတစ်ခုချင်းစီတိုင်းက အင်မတန်ကိုမှ သင့်မြတ်လျော်ညီစွာတည်ငြိမ်အေးဆေးလွန်းလှတယ်။ အားလုံး တိတ်ဆိတ်နေကြလေ၏။ ပွဲကြည့်စင်ဘက်ကို တလေးတစားနဲ့ကြည့်ရှုပြီး ဘုရင်မငယ်လေးဟာ အေးဆေးစွာနဲ့ သူမရဲ့ဓားကို ဓားအိမ်အသွင်းသို့ ပြန်ထည့်လိုက်လေတယ်။ ထို့နောက် အသာအယာအသက်ရှူထုတ်ကာ "နောက်ဆုံးတော့ ငါလုပ်ထားတဲ့ဓားအိမ်သေတ္တာကိုပြသနိုင်ပြီပေါ့"

Continue Reading

You'll Also Like

464K 26.3K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
4.5M 286K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
565K 30.6K 49
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...