Becoming Empress But she isn'...

By PannKhattWaiio

323K 40.1K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

၂၅

6.2K 942 81
By PannKhattWaiio

" သြားေတာ့ "

သူမ်က္လံုးမဖြင့္ေသးဘဲ တစ္ခ်က္လႈပ္လိုက္ခ်ိန္တြင္ က်န႔္ဝူ၏ ခပ္ဆတ္ဆတ္အသံကိုၾကားလိုက္ရသည္။ သူနားယဉ္ ေနသၫ့္ ရႊင္ျမဴးျမဴးအသံအစား ေအးစိမ့္သၫ့္အေငြ့အသက္ရေနသၫ့္ ၾသဇာပါသၫ့္ေလသံမို႔ မ်က္လံုးကို အျမန္ဖြင့္ၾကၫ့္မိသည္။

ေတာက္ပသၫ့္ေနေရာင္ေအာက္တြင္ သူႏွင့္က်န႔္ဝူက သစ္ပင္ကိုေက်ာမွီကာ ထိုင္ေနလ်က္။ သူက က်န႔္ဝူရဲ့ပခံုးကို ေခါင္းအံုးလ်က္ အိပ္ေနခဲ့ျခင္း။ မီးပံုကားမရိွေတာ့ သို႔ေသာ္ ျပာပံုေတာ့ က်န္ေနဆဲ။ သက္ရိွဆို၍ ဌက္တစ္ေကာင္ကိုေတာင္ မေတြ့ရဘဲ သူတို႔ႏွစ္ဦးတည္းသာ ရိွေနသည္ကိုျမင္ေတာ့ သူ႔နားသူပင္ အျပစ္တင္ရမလို ျဖစ္၇သည္။

" ႏိုးၿပီလား ကိုကို။ "

ေခါင္းမတ္လိုက္သၫ့္သူ႔ကို လွၫ့္ၾကၫ့္ရင္း က်န႔္ဝူက ေတာက္ပသၫ့္အၿပံဳးကိုေပးသည္။ လူငယ္ေတြကေတာ့ အခ်ိန္တိုင္းတက္ႂကြေနေတာ့တာပဲ။

" အင္း မင္းေရာ ႏိုးတာၾကာၿပီလား"

" ကြၽန္ေတာ္ အိပ္ကိုမအိပ္ရေသးတာပါ ကိုကို"

၇ယ္သံစြက္ေနသၫ့္အေျဖစကားက သူ႔ကိုအံ့ၾသေစသည္။ တစ္ညလံုး မအိပ္ဘဲေနခဲ့သည္တဲ့လား... က်န႔္ဝူမွာ အေတြးမ်ားစရာေတြ ရိွေန၍ပဲလား...

ဤ သည္က ကိုယ္ေရးကိုယ္တာ ေတြးေတာစရာလည္း ျဖစ္ႏိုင္သျဖင့္ သူဆက္မေမးျဖစ္။ ထို႔အစား ေခါင္းသာညိတ္ျပျဖစ္၏။

" ကိုကိုက်ူးယင္ ႏိုးၿပီဆိုေတာ့ ကြၽန္ေတာ္ ေတာေကာင္သြားရွာလို႔ရၿပီေပါ့"

" ဟင္ မနက္စာအတြက္လား"

" အင္း ကိုကိုက်ူးယင္ ဗိုက္မဆာဘူးလား"

ဗိုက္ဆာသည္ဟူသည္မွာ သူ ဒီေလာကသို႔ေရာက္ၿပီးကတည္းက မၾကားရေတာ့သၫ့္စကားပင္။ သူက စားခ်င္စိတ္ရိွတတ္ေပမယ့္ မစားရလ်ွင္ ဗိုက္ေအာင့္တာတို႔ ဘာတို႔လည္းမျဖစ္သၫ့္အျပင္ ဗိုက္ကအသံလည္း မေပးပါေခ်။ သူက နတ္ျဖစ္သြား၍ ဆာေလာင္ျခင္းအတိ ၿပီးသြားသည္မ်ားလား။ သို႔ေပသိ က်န႔္ဝူကိုေတာ့ ေခါင္းညိတ္ျပလိုက္ျဖစ္သည္။ ေတာထဲေရာက္ခိုက္ အသားကင္လတ္လတ္ဆတ္ဆတ္ေလး စားမွ တန္ေတာ့မေပါ့။

" ဒါဆို ကိုကိုဒီမွာပဲေနေနာ္ ကြၽန္ေတာ္ ခဏေလးပဲၾကာမယ္ "

မတ္တပ္ထရပ္ကာ သြားဖို႔ေျခလွမ္းျပင္တဲ့က်န႔္ဝူ၏ အက်ႌစကို သူလွမ္းဆြဲေတာ့ ကေလးဆန္သၫ့္မ်က္ႏွာအမူအယာမွ မ်က္ခံုးပင့္ကာ ခပ္ေခ်ေခ်ၾကၫ့္တတ္သၫ့္ ဝူရွဲ႔ဟန္ေျပာင္းသြားသည္။

" ဟို ငါ လိုက္ခဲ့၇မလား အဟမ္း မင္းကို တစ္ေယာက္ထဲ လႊတ္လိုက္ရမွာ ငါစိတ္မခ်ဘူး။ မေတာ္တဆ ေတာေကာင္ေတြေရာက္လာခဲ့၇င္..."

ေျပာေနသည္က က်န႔္ဝူကိုေပမယ့္ သူ႔အၾကၫ့္ေတြက ထိုေကာင္ေလးဆီမွာ ရိွမေန။ ေဘးဘီကိုသာ အကဲခတ္ေနျဖစ္၏။

သူကိုင္ထားသၫ့္အက်ႌစပါသည့္လက္ကို က်န႔္ဝူက အေပၚမွထပ္ဆုပ္ကာ ကိုင္လာသည္။ သူ႔ထက္ငယ္ေသာ္ျငား ႀကီးမားသၫ့္လက္ဖဝါးေတြကို က်န႔္ဝူက ပိုင္ဆိုင္သည္။

" ကိုကိုက်ူးယင္ကို ကြၽန္ေတာ္စည္းခ်ထားေပးခဲ့မယ္။ ဘယ္ေကာင္မွ ကိုကို႔အနား မကပ္ေစရဘူး"

ကနဦးစကားမွာ သူ႔ကိုေလွာင္ေနသေယာင္စြက္ေနေသာ္ျငား အဆံုးသတ္တြင္ေတာ့ မရဏအေငြ့ေတျြဖာထြက္ေန၏။ သူပင္ မ်က္ေတာင္ႏွစ္ခ်က္ေလာက္ ခတ္မိျဖစ္သည္အထိ။ တမဟုတ္ခ်င္း ၿပံဳးရႊင္ကာ ခ်စ္ဖို႔ေကာင္းသၫ့္အားဝူအျဖစ္ ျပန္ေျပာင္းသြားသည္ေၾကာင့္ သူသည္သာ ဇေဝဇဝါျဖစ္က်န္ခဲ့သည္။

" စည္းခ်ထားရင္ ဘယ္သူမွ ငါ့ကိုအႏၲရာယ္ျပဳလို႔မရေတာ့ဘူးေပါ့ အဲ ငါေမးတာက မင္းတစ္ေယာက္ထဲ အဆင္ေျပပါ့မလားလို႔"

သူ႔ကို အငယ္တစ္ေယာက္ကိုခ်စ္စႏိုးရႈေနသၫ့္အလား က်န႔္ဝူကၾကၫ့္ၿပီး ရယ္ခ်င္ေနသၫ့္ရုပ္ျဖင့္

" ကြၽန္ေတာ့္ကို ဘယ္သူမွ အႏၲရာယ္ေပးလို႔မရပါဘူးဆို ကိုကိုရာ။ ကိုကိုက်ူးယင္သာ ဒီမွာေနခဲ့ၿပီး သက္ေတာင့္သက္သာေန ဟုတ္ၿပီလား။ ဒီစည္းအတြင္းမွာေနရင္ ကိုကိုက်ူးယင္ကို ေတာေကာင္ေတြက ရန္ျပဳဖို႔မေျပာနဲ႔ ျမင္ေတာင္ျမင္ရမွာမဟုတ္ဘူး။ "

သူ႔လက္ကိုလႊတ္ေတာ့ သူလည္း အက်ႌစကိုလႊတ္လိုက္ျဖစ္သည္။ က်န႔္ဝူက သူ႔ကိုရွင္းျပရင္း သူထိုင္ေနသၫ့္ေနရာမွ ဝါးတစ္ေခ်ာင္းစာအကြာတြင္ စက္ဝိုင္းပံုသ႑ာန္ကို သစ္ကိုင္းျဖင့္ေရးဆြဲ၏။ သူမ်က္ေတာင္တစ္ခတ္တြင္ မည္သၫ့္ေနရာမွထုတ္လိုက္သည္မွန္း မသိလိုက္ရေသာ အနက္ေရာင္အမႈန႔္ေတြကို စည္းတစ္ေလ်ွာက္ျဖဴး၏။

" ဒါေတြက "

" ျပာေတြပါ ကိုကို။ ေသၿပီးသူေတြရဲ့ အၿငိဳးျပာေတြကို ျဖဴးေနတာ ဒီလိုဆို ကြၽန္ေတာ္ကလြဲၿပီး က်န္တဲ့ နတ္ေတြ၊ မိစၧာေတြအားလံုး ကိုကိုက်ူးယင္ကို မျမင္ႏိုင္ေတာ့ဘူး"

" ဘာ အၿငိဳးျပာ ဟုတ္လား အားဝူ မင္း"

" ဟား... ဟား... ဟား... ကြၽန္ေတာ္က ေနာက္တာပါ ။ ဘာလို႔ အဲ့ေလာက္ထိ မ်က္လံုးႀကီးျပဴးၿပီး တအံ့တၾသျဖစ္ေနတာလဲ ကိုကို႔အသားအရည္က ႏွင္းထက္ေတာင္ေဖ်ာ့ေနၿပီ ကိုကိုရ။ "

မၾကည္ၾကၫ့္တဲ့သူ႔ကို က်န႔္ဝူက ရယ္ရင္းၾကၫ့္ေနဆဲ

" ကဲပါ ကြၽန္ေတာ္ရိွေနတာကို ဘယ္ေကာင္က ကိုကိုက်ူးယင္ကို ထိရဲမွာလဲ ဘာမွမေၾကာက္နဲ႔ ကြၽန္ေတာ့္ကို ယံုပါ။ ကိုကို ဘာမွမျဖစ္ေစရဘူး"

တစ္ခါမွမေတြ့ဖူးသၫ့္ ေလးနက္သၫ့္အမူအယာေၾကာင့္ သူသည္ပါ အေလးအနက္ေတြးမိသြားရသည္။ ေခါင္းကိုၿငိမ့္ျပေတာ့မွ ေက်နပ္ပံုရတဲ့ က်န႔္ဝူဟာ နဂိုအတိုင္းျပန္ၿပံဳးလိုက္ရင္း သူ႔ဆီလက္တစ္ဖက္လွမ္းသည္။ ေနာက္ သူႏွင့္မထိခင္မွာပင္ သူ႔ဘာသာပင္ ျပန္ရုတ္၏။ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသၫ့္သူ႔ကို ႏႈတ္ဆတ္ၿပီး ခ်က္ခ်င္းထြက္ခြာသြားပါ၏။

က်န႔္ဝူမရိွေတာ့ ပတ္ဝန္းက်င္က တိတ္ဆိတ္သြားသည္။ သို႔ေပမယ့္ သူမပ်င္းမိ၊ သူက ေတာေတာင္ေရေျမကို သိပ္ႏွစ္သက္သည္ကိုး....

ေျမေပၚပက္လက္လွဲခ်လိုက္ရင္း အေရာင္ေသြးႂကြယ္စြာ လွပေနသၫ့္ ေကာင္းကင္ႀကီးကို ေငးသည္။

သစ္ပင္ေတြဘက္ၾကၫ့္ကာ ဌက္ေတြကိုရွာၾကၫ့္ေပမယ့္ ထူးဆန္းစြာပင္ ယင္ေကာင္ေတာင္မေတြ့ရေခ်။

" အားဝူရဲ့စည္းက ဘယ္ဆိုးလို႔လဲ။ ဘာေကာင္မွ ငါ့ကိုမေတြ့ရံုတင္မဟုတ္ဘဲ ဒီစည္းအနားကို လာလို႔ကိုမရဘူးထင္တယ္။ ေနာက္မွ ဒီစည္းဆြဲနည္းသင္ထားရမယ္ ဒါမွ မိစၧာနယ္ေျမေရာက္ရင္ ငါ့ကိုယ္ငါ ကာကြယ္ႏိုင္မွာ"

ေနလံုးႀကီးကိုတၫ့္တၫ့္ စိုက္ၾကၫ့္ေနေပမယ့္ မ်က္စိမစူးသလို၊ မ်က္လံုးေတြ ျပာမလာခဲ့သည္မွာ တစ္စံုတစ္ရာက ၾကားတြင္ခံေနသၫ့္အလား....

ထိုစဉ္ ေနလံုးကိုကြယ္ကာ ေပၚလာသၫ့္တစ္စံုတစ္ရာ မည္းမည္းႀကီးကိုျမင္လိုက္ရတာမို႔ ထခုန္မိမတတ္ သူလန႔္သြားရသည္။

" အားဝူ ေကာင္စုတ္ ေျပာေတာ့ ဘာမိစၧာမွမကပ္ရဲဘူးဆို"

ခ်က္ခ်င္းထိုင္ထကာ ဖင္တရြတ္တိုက္အေနထားျဖင့္ ေနာက္သို႔ဆုတ္ေနရင္း ထိုမည္းမည္းအရိပ္ကိုအကဲခတ္ေနရသည္။ ထထိုင္လိုက္ေတာ့ ထိုအရာက မည္းမည္းႀကီးမဟုတ္ေတာ့ဘဲ လူတစ္ေယာက္ျဖစ္မွန္းသိလိုက္သည္။

" ဝူရွဲ႔ "

ထိုသူက အမွန္ပင္ စစ္ဝူရွဲ႔ျဖစ္ေနသည္ေပ။ သူဝမ္းသာသြားရၿပီး ေနာက္သို႔ဆုတ္ေနသည္ကိုရပ္လိုက္ျဖစ္သည္။ ေက်ာဘက္မွ က်ဉ္ခနဲျဖစ္သြားတာမို႔ လွၫ့္ၾကၫ့္ေတာ့ စည္းကိုသူထိမိသြားေၾကာင္း သိရ၏။ လက္ေနာက္ျပန္ျဖင့္ ေက်ာကုန္းကိုအသာပြတ္ရင္း အေရ႔ျွပန္တိုးရသည္။

" ဝူရွဲ႔ ဆြဲသီးထဲက ထြက္လာၿပီေပါ့။ ဆရာနဲ႔ သီနတ္ဘုရားေရာ အေျခအေနဘယ္လိုရိွလဲ။ ကြၽန္ေတာ့္ကို လိုက္ရွာေနၾကလား။ အခုေရာ ဘယ္မွာတဲ့လဲ "

သူက မတ္တပ္ထရပ္ကာ စစ္ဝူရွဲ႔အနားတိုးၿပီး ေမးေနသၫ့္တိုင္ စစ္ဝူရွဲ႔က သူ႔ကိုၾကၫ့္မလာခဲ့။ သူႏွင့္ေတြ့ေနၾကပံုမ်ိဳးမဟုတ္ဘဲ မျမင္ဖူးသၫ့္တည္တင္းေနသၫ့္မ်က္ႏွာထားက သူ႔ကိုကိုယ္ရိွန္သတ္ေစသည္။ မီးစေတြထြက္ေတာ့မတတ္ စူးရဲသၫ့္အၾကၫ့္ေတြက ပတ္ဝန္းက်င္ကိုေစ့စပ္စြာ ေနရာလပ္မခ်န္ လိုက္ၾကၫ့္ေနရင္း အံကိုလည္းႀကိတ္ကာထား၏။

ထိုသည္ကိုၾကၫ့္ရင္း စစ္ဝူရွဲ႔ကို သူေၾကာက္ရြံ႔လာရသည္။

" ဝူရွဲ႔ ဘာျဖစ္ေနတာလဲ ဝူရွဲ႔"

ေျပာရင္း သူစစ္ဝူရွဲ႔ဆီ လက္လွမ္းေတာ့ စည္းႏွင့္သြားထိကာ သူ႔လက္မွာ ဓာတ္လိုက္သလိုက်ဉ္တက္သြားရၿပီး ကိုယ္ပင္ အနည္းငယ္ ေနာက္ေရာက္သြား၏။ စစ္ဝူရွဲ႔ကိုထိခြင့္မရလိုက္ေခ်။....

အေနအထားအရ စစ္ဝူရွဲ႔က စည္းနားကပ္ေနေပမယ့္ စည္းအတြင္းမွာေတာ့ ဟုတ္မေနခဲ့။ သူ႔လက္ေလးသူ ပြတ္ရင္း နာက်င္မႈေၾကာင့္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္မိ၏။ သူက ေပ်ာ့ညံ့သၫ့္သူမဟုတ္ေပမယ့္ တစ္ခုခုဆို မ်က္ရည္ဝဲလာသည္က ဗီဇလိုပင္ျဖစ္ေန၏။ သတိထားမိသေလာက္ ဒီေလာကကိုေရာက္ၿပီးမွသာ ထိုအက်င့္ျဖစ္လာျခင္း... သူက အလိုလိုက္ခံရလို႔ ဆိုးေနၿပီပဲ။

စစ္ဝူရွဲ႔က သူ႔ကိုမျမင္ ၊ သူေျပာသည္ကိုလည္း မၾကား ၊ သူသာ အရူးလိုျဖစ္ေန၏။ ထိုစဉ္ စစ္ဝူရွဲ႔၏ စူးရႈသၫ့္အၾကၫ့္က သူ႔ထံေဝ့လာသည္။ မ်က္လံုးခ်င္းစံုေတာ့ ဒိန္းခနဲမည္သည္အထိ ရင္တုန္သြားရ၏။ သို႔ေသာ္ ခ်က္ခ်င္းအၾကၫ့္ျပန္လႊဲသြားသည္မို႔ ေအာင့္သက္သက္ျဖစ္သြားရျပန္သည္။

စစ္ဝူရွဲ႔က ေတာက္ ေခါက္ကာ စည္းအျပင္က သစ္ပင္ကိုေျချဖင့္ ကန္သည္။ တစ္ခ်က္တည္းႏွင့္ပင္ ပင္စည္ႀကီးပါ ေျမမွအျမစ္ႏွင့္အတူကြၽတ္ကာ အေဝးသို႔လြင့္သြား၏။

" ဝိုး မိုက္လိုက္တာ။ ေအးေပါ့ သူက ေကာင္းကင္နန္းေတာ္၇ဲ့ အိမ္ေရ႔ွမင္းသားပဲဟာ ဒီေလာက္ေတာ့ ရိွမွာေပါ့"

သူထုတ္ေျပာလည္း စစ္ဝူရွဲ႔က မၾကားရသည္မို႔ ေပၚေပၚထင္ထင္သာ မွတ္ခ်က္ခ်ျဖစ္၏။

စစ္ဝူရွဲ႔က တရႉးရႉးေဒါသထြက္လ်က္ လက္တစ္ဖက္ကိုေျမႇာက္ကာ လက္ထဲတြင္ အျဖဴေရာင္ ျမဴအလံုးတစ္ခုကို ျဖစ္ေစ၏။ သူက နတ္ဘုရားေလာကကိုသာေရာက္ေနေပမယ့္ ထိုသို႔စြမ္းအားသံုးတာကို မရင္းႏွီးေသး။ ထို႔ေၾကာင့္ စစ္ဝူရွဲ႔အနားကပ္ကာ ထိုအျဖဴေရာင္ျမဴလံုးကို ေသခ်ာၾကၫ့္ျဖစ္၏။ သူ႔ပံုစံက မ်က္လွၫ့္ျပသည္ကိုအနီးကပ္ျမင္ရေတာ့မၫ့္ ကေလးတစ္ေယာက္သဖြယ္ျဖစ္ေနႏိုင္လား သူမသိ။

ကံဆိုးစြာပင္ တစ္စံုတစ္ခုအား ေတြးမိသလိုျဖင့္ စစ္ဝူရွဲ႔က လက္ျပန္ရုတ္ၿပီး ထိုျမဴလံုးကိုေဖ်ာက္ပစ္လိုက္သည္။ သက္ျပင္း ခပ္ျပင္းျပင္းခ်ကာ ေလအလ်ွင္ျဖင့္ ခ်က္ခ်င္းျမင္ကြင္းမွ ထြက္သြား၏။

သူ႔မွာ ဖမ္းဆြဲဖို႔ရာပင္ မတတ္ႏိုင္လိုက္။

" သြားစမ္းကြာ။ ငါ့ကိုေတာင္ ျမင္ေအာင္မရွာႏိုင္ဘူး ဒါလား သံုးေလာကရဲ့အနာဂတ္ဘုရင္ ။ ဟမ့္ အသံုးကိုမက်ဘူး"

စည္းအတြင္းရိွ ခဲတစ္ခုကို ကန္ေက်ာက္ေတာ့ ထိုခဲက စည္းႏွင့္ထိမိကာ သူ႔ထံျပန္လာမွန္သည္။

" အ ဒီ ဒီ ခဲလံုးက ငါ့ကို ရာရာစစ ငါ့အကိုေတြနဲ႔တိုင္ေျပာလိုက္လို႔ အမႈန႔္ေတျြဖစ္သြားဦးမယ္ "

ေျခသလံုးကိုျပန္လာမွန္သၫ့္ ထိုခဲကို ငံု႔ၾကၫ့္ရင္း ေျချဖင့္ အဆက္မျပတ္တက္နင္းကာ ပြစိပြစိေရရြတ္ျဖစ္သည္။ ခဏၾကာမွ သူဘာလုပ္ေနသည္ကို သတိထားမိကာ ရွက္မိရသည္။ ပတ္ဝန္းက်င္ကို မ်က္ႏွာနီနီျဖင့္ ေဝ့ဝဲၾကၫ့္ၿပီးမွ သက္ျပင္းခ်ႏိုင္၏။

" ဟူး... "

..

-------------------------------

" သွားတော့ "

သူမျက်လုံးမဖွင့်သေးဘဲ တစ်ချက်လှုပ်လိုက်ချိန်တွင် ကျန့်ဝူ၏ ခပ်ဆတ်ဆတ်အသံကိုကြားလိုက်ရသည်။ သူနားယဉ် နေသည့် ရွှင်မြူးမြူးအသံအစား အေးစိမ့်သည့်အငွေ့အသက်ရနေသည့် သြဇာပါသည့်လေသံမို့ မျက်လုံးကို အမြန်ဖွင့်ကြည့်မိသည်။

တောက်ပသည့်နေရောင်အောက်တွင် သူနှင့်ကျန့်ဝူက သစ်ပင်ကိုကျောမှီကာ ထိုင်နေလျက်။ သူက ကျန့်ဝူရဲ့ပခုံးကို ခေါင်းအုံးလျက် အိပ်နေခဲ့ခြင်း။ မီးပုံကားမရှိတော့ သို့သော် ပြာပုံတော့ ကျန်နေဆဲ။ သက်ရှိဆို၍ ဌက်တစ်ကောင်ကိုတောင် မတွေ့ရဘဲ သူတို့နှစ်ဦးတည်းသာ ရှိနေသည်ကိုမြင်တော့ သူ့နားသူပင် အပြစ်တင်ရမလို ဖြစ်၇သည်။

" နိုးပြီလား ကိုကို။ "

ခေါင်းမတ်လိုက်သည့်သူ့ကို လှည့်ကြည့်ရင်း ကျန့်ဝူက တောက်ပသည့်အပြုံးကိုပေးသည်။ လူငယ်တွေကတော့ အချိန်တိုင်းတက်ကြွနေတော့တာပဲ။

" အင်း မင်းရော နိုးတာကြာပြီလား"

" ကျွန်တော် အိပ်ကိုမအိပ်ရသေးတာပါ ကိုကို"

၇ယ်သံစွက်နေသည့်အဖြေစကားက သူ့ကိုအံ့သြစေသည်။ တစ်ညလုံး မအိပ်ဘဲနေခဲ့သည်တဲ့လား... ကျန့်ဝူမှာ အတွေးများစရာတွေ ရှိနေ၍ပဲလား...

ဤ သည်က ကိုယ်ရေးကိုယ်တာ တွေးတောစရာလည်း ဖြစ်နိုင်သဖြင့် သူဆက်မမေးဖြစ်။ ထို့အစား ခေါင်းသာညိတ်ပြဖြစ်၏။

" ကိုကိုကျူးယင် နိုးပြီဆိုတော့ ကျွန်တော် တောကောင်သွားရှာလို့ရပြီပေါ့"

" ဟင် မနက်စာအတွက်လား"

" အင်း ကိုကိုကျူးယင် ဗိုက်မဆာဘူးလား"

ဗိုက်ဆာသည်ဟူသည်မှာ သူ ဒီလောကသို့ရောက်ပြီးကတည်းက မကြားရတော့သည့်စကားပင်။ သူက စားချင်စိတ်ရှိတတ်ပေမယ့် မစားရလျှင် ဗိုက်အောင့်တာတို့ ဘာတို့လည်းမဖြစ်သည့်အပြင် ဗိုက်ကအသံလည်း မပေးပါချေ။ သူက နတ်ဖြစ်သွား၍ ဆာလောင်ခြင်းအတိ ပြီးသွားသည်များလား။ သို့ပေသိ ကျန့်ဝူကိုတော့ ခေါင်းညိတ်ပြလိုက်ဖြစ်သည်။ တောထဲရောက်ခိုက် အသားကင်လတ်လတ်ဆတ်ဆတ်လေး စားမှ တန်တော့မပေါ့။

" ဒါဆို ကိုကိုဒီမှာပဲနေနော် ကျွန်တော် ခဏလေးပဲကြာမယ် "

မတ်တပ်ထရပ်ကာ သွားဖို့ခြေလှမ်းပြင်တဲ့ကျန့်ဝူ၏ အင်္ကျီစကို သူလှမ်းဆွဲတော့ ကလေးဆန်သည့်မျက်နှာအမူအယာမှ မျက်ခုံးပင့်ကာ ခပ်ချေချေကြည့်တတ်သည့် ၀ူရှဲ့ဟန်ပြောင်းသွားသည်။

" ဟို ငါ လိုက်ခဲ့၇မလား အဟမ်း မင်းကို တစ်ယောက်ထဲ လွှတ်လိုက်ရမှာ ငါစိတ်မချဘူး။ မတော်တဆ တောကောင်တွေရောက်လာခဲ့၇င်..."

ပြောနေသည်က ကျန့်ဝူကိုပေမယ့် သူ့အကြည့်တွေက ထိုကောင်လေးဆီမှာ ရှိမနေ။ ဘေးဘီကိုသာ အကဲခတ်နေဖြစ်၏။

သူကိုင်ထားသည့်အင်္ကျီစပါသည့်လက်ကို ကျန့်ဝူက အပေါ်မှထပ်ဆုပ်ကာ ကိုင်လာသည်။ သူ့ထက်ငယ်သော်ငြား ကြီးမားသည့်လက်ဖ၀ါးတွေကို ကျန့်ဝူက ပိုင်ဆိုင်သည်။

" ကိုကိုကျူးယင်ကို ကျွန်တော်စည်းချထားပေးခဲ့မယ်။ ဘယ်ကောင်မှ ကိုကို့အနား မကပ်စေရဘူး"

ကနဦးစကားမှာ သူ့ကိုလှောင်နေသယောင်စွက်နေသော်ငြား အဆုံးသတ်တွင်တော့ မရဏအငွေ့တွေဖြာထွက်နေ၏။ သူပင် မျက်တောင်နှစ်ချက်လောက် ခတ်မိဖြစ်သည်အထိ။ တမဟုတ်ချင်း ပြုံးရွှင်ကာ ချစ်ဖို့ကောင်းသည့်အားဝူအဖြစ် ပြန်ပြောင်းသွားသည်ကြောင့် သူသည်သာ ဇဝေဇ၀ါဖြစ်ကျန်ခဲ့သည်။

" စည်းချထားရင် ဘယ်သူမှ ငါ့ကိုအန္တရာယ်ပြုလို့မရတော့ဘူးပေါ့ အဲ ငါမေးတာက မင်းတစ်ယောက်ထဲ အဆင်ပြေပါ့မလားလို့"

သူ့ကို အငယ်တစ်ယောက်ကိုချစ်စနိုးရှုနေသည့်အလား ကျန့်ဝူကကြည့်ပြီး ရယ်ချင်နေသည့်ရုပ်ဖြင့်

" ကျွန်တော့်ကို ဘယ်သူမှ အန္တရာယ်ပေးလို့မရပါဘူးဆို ကိုကိုရာ။ ကိုကိုကျူးယင်သာ ဒီမှာနေခဲ့ပြီး သက်တောင့်သက်သာနေ ဟုတ်ပြီလား။ ဒီစည်းအတွင်းမှာနေရင် ကိုကိုကျူးယင်ကို တောကောင်တွေက ရန်ပြုဖို့မပြောနဲ့ မြင်တောင်မြင်ရမှာမဟုတ်ဘူး။ "

သူ့လက်ကိုလွှတ်တော့ သူလည်း အင်္ကျီစကိုလွှတ်လိုက်ဖြစ်သည်။ ကျန့်ဝူက သူ့ကိုရှင်းပြရင်း သူထိုင်နေသည့်နေရာမှ ၀ါးတစ်ချောင်းစာအကွာတွင် စက်ဝိုင်းပုံသဏ္ဍာန်ကို သစ်ကိုင်းဖြင့်ရေးဆွဲ၏။ သူမျက်တောင်တစ်ခတ်တွင် မည်သည့်နေရာမှထုတ်လိုက်သည်မှန်း မသိလိုက်ရသော အနက်ရောင်အမှုန့်တွေကို စည်းတစ်လျှောက်ဖြူး၏။

" ဒါတွေက "

" ပြာတွေပါ ကိုကို။ သေပြီးသူတွေရဲ့ အငြိုးပြာတွေကို ဖြူးနေတာ ဒီလိုဆို ကျွန်တော်ကလွဲပြီး ကျန်တဲ့ နတ်တွေ၊ မိစ္ဆာတွေအားလုံး ကိုကိုကျူးယင်ကို မမြင်နိုင်တော့ဘူး"

" ဘာ အငြိုးပြာ ဟုတ်လား အားဝူ မင်း"

" ဟား... ဟား... ဟား... ကျွန်တော်က နောက်တာပါ ။ ဘာလို့ အဲ့လောက်ထိ မျက်လုံးကြီးပြူးပြီး တအံ့တသြဖြစ်နေတာလဲ ကိုကို့အသားအရည်က နှင်းထက်တောင်ဖျော့နေပြီ ကိုကိုရ။ "

မကြည်ကြည့်တဲ့သူ့ကို ကျန့်ဝူက ရယ်ရင်းကြည့်နေဆဲ

" ကဲပါ ကျွန်တော်ရှိနေတာကို ဘယ်ကောင်က ကိုကိုကျူးယင်ကို ထိရဲမှာလဲ ဘာမှမကြောက်နဲ့ ကျွန်တော့်ကို ယုံပါ။ ကိုကို ဘာမှမဖြစ်စေရဘူး"

တစ်ခါမှမတွေ့ဖူးသည့် လေးနက်သည့်အမူအယာကြောင့် သူသည်ပါ အလေးအနက်တွေးမိသွားရသည်။ ခေါင်းကိုငြိမ့်ပြတော့မှ ကျေနပ်ပုံရတဲ့ ကျန့်ဝူဟာ နဂိုအတိုင်းပြန်ပြုံးလိုက်ရင်း သူ့ဆီလက်တစ်ဖက်လှမ်းသည်။ နောက် သူနှင့်မထိခင်မှာပင် သူ့ဘာသာပင် ပြန်ရုတ်၏။ ကြောင်တောင်တောင်ဖြစ်သွားသည့်သူ့ကို နှုတ်ဆတ်ပြီး ချက်ချင်းထွက်ခွာသွားပါ၏။

ကျန့်ဝူမရှိတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ သို့ပေမယ့် သူမပျင်းမိ၊ သူက တောတောင်ရေမြေကို သိပ်နှစ်သက်သည်ကိုး....

မြေပေါ်ပက်လက်လှဲချလိုက်ရင်း အရောင်သွေးကြွယ်စွာ လှပနေသည့် ကောင်းကင်ကြီးကို ငေးသည်။

သစ်ပင်တွေဘက်ကြည့်ကာ ဌက်တွေကိုရှာကြည့်ပေမယ့် ထူးဆန်းစွာပင် ယင်ကောင်တောင်မတွေ့ရချေ။

" အားဝူရဲ့စည်းက ဘယ်ဆိုးလို့လဲ။ ဘာကောင်မှ ငါ့ကိုမတွေ့ရုံတင်မဟုတ်ဘဲ ဒီစည်းအနားကို လာလို့ကိုမရဘူးထင်တယ်။ နောက်မှ ဒီစည်းဆွဲနည်းသင်ထားရမယ် ဒါမှ မိစ္ဆာနယ်မြေရောက်ရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်မှာ"

နေလုံးကြီးကိုတည့်တည့် စိုက်ကြည့်နေပေမယ့် မျက်စိမစူးသလို၊ မျက်လုံးတွေ ပြာမလာခဲ့သည်မှာ တစ်စုံတစ်ရာက ကြားတွင်ခံနေသည့်အလား....

ထိုစဉ် နေလုံးကိုကွယ်ကာ ပေါ်လာသည့်တစ်စုံတစ်ရာ မည်းမည်းကြီးကိုမြင်လိုက်ရတာမို့ ထခုန်မိမတတ် သူလန့်သွားရသည်။

" အားဝူ ကောင်စုတ် ပြောတော့ ဘာမိစ္ဆာမှမကပ်ရဲဘူးဆို"

ချက်ချင်းထိုင်ထကာ ဖင်တရွတ်တိုက်အနေထားဖြင့် နောက်သို့ဆုတ်နေရင်း ထိုမည်းမည်းအရိပ်ကိုအကဲခတ်နေရသည်။ ထထိုင်လိုက်တော့ ထိုအရာက မည်းမည်းကြီးမဟုတ်တော့ဘဲ လူတစ်ယောက်ဖြစ်မှန်းသိလိုက်သည်။

" ၀ူရှဲ့ "

ထိုသူက အမှန်ပင် စစ်ဝူရှဲ့ဖြစ်နေသည်ပေ။ သူဝမ်းသာသွားရပြီး နောက်သို့ဆုတ်နေသည်ကိုရပ်လိုက်ဖြစ်သည်။ ကျောဘက်မှ ကျဉ်ခနဲဖြစ်သွားတာမို့ လှည့်ကြည့်တော့ စည်းကိုသူထိမိသွားကြောင်း သိရ၏။ လက်နောက်ပြန်ဖြင့် ကျောကုန်းကိုအသာပွတ်ရင်း အရှေ့ပြန်တိုးရသည်။

" ၀ူရှဲ့ ဆွဲသီးထဲက ထွက်လာပြီပေါ့။ ဆရာနဲ့ သီနတ်ဘုရားရော အခြေအနေဘယ်လိုရှိလဲ။ ကျွန်တော့်ကို လိုက်ရှာနေကြလား။ အခုရော ဘယ်မှာတဲ့လဲ "

သူက မတ်တပ်ထရပ်ကာ စစ်ဝူရှဲ့အနားတိုးပြီး မေးနေသည့်တိုင် စစ်ဝူရှဲ့က သူ့ကိုကြည့်မလာခဲ့။ သူနှင့်တွေ့နေကြပုံမျိုးမဟုတ်ဘဲ မမြင်ဖူးသည့်တည်တင်းနေသည့်မျက်နှာထားက သူ့ကိုကိုယ်ရှိန်သတ်စေသည်။ မီးစတွေထွက်တော့မတတ် စူးရဲသည့်အကြည့်တွေက ပတ်ဝန်းကျင်ကိုစေ့စပ်စွာ နေရာလပ်မချန် လိုက်ကြည့်နေရင်း အံကိုလည်းကြိတ်ကာထား၏။

ထိုသည်ကိုကြည့်ရင်း စစ်ဝူရှဲ့ကို သူကြောက်ရွံ့လာရသည်။

" ၀ူရှဲ့ ဘာဖြစ်နေတာလဲ ၀ူရှဲ့"

ပြောရင်း သူစစ်ဝူရှဲ့ဆီ လက်လှမ်းတော့ စည်းနှင့်သွားထိကာ သူ့လက်မှာ ဓာတ်လိုက်သလိုကျဉ်တက်သွားရပြီး ကိုယ်ပင် အနည်းငယ် နောက်ရောက်သွား၏။ စစ်ဝူရှဲ့ကိုထိခွင့်မရလိုက်ချေ။....

အနေအထားအရ စစ်ဝူရှဲ့က စည်းနားကပ်နေပေမယ့် စည်းအတွင်းမှာတော့ ဟုတ်မနေခဲ့။ သူ့လက်လေးသူ ပွတ်ရင်း နာကျင်မှုကြောင့် အောက်နှုတ်ခမ်းကို ဖိကိုက်မိ၏။ သူက ပျော့ညံ့သည့်သူမဟုတ်ပေမယ့် တစ်ခုခုဆို မျက်ရည်ဝဲလာသည်က ဗီဇလိုပင်ဖြစ်နေ၏။ သတိထားမိသလောက် ဒီလောကကိုရောက်ပြီးမှသာ ထိုအကျင့်ဖြစ်လာခြင်း... သူက အလိုလိုက်ခံရလို့ ဆိုးနေပြီပဲ။

စစ်ဝူရှဲ့က သူ့ကိုမမြင် ၊ သူပြောသည်ကိုလည်း မကြား ၊ သူသာ အရူးလိုဖြစ်နေ၏။ ထိုစဉ် စစ်ဝူရှဲ့၏ စူးရှုသည့်အကြည့်က သူ့ထံဝေ့လာသည်။ မျက်လုံးချင်းစုံတော့ ဒိန်းခနဲမည်သည်အထိ ရင်တုန်သွားရ၏။ သို့သော် ချက်ချင်းအကြည့်ပြန်လွှဲသွားသည်မို့ အောင့်သက်သက်ဖြစ်သွားရပြန်သည်။

စစ်ဝူရှဲ့က တောက် ခေါက်ကာ စည်းအပြင်က သစ်ပင်ကိုခြေဖြင့် ကန်သည်။ တစ်ချက်တည်းနှင့်ပင် ပင်စည်ကြီးပါ မြေမှအမြစ်နှင့်အတူကျွတ်ကာ အဝေးသို့လွင့်သွား၏။

" ၀ိုး မိုက်လိုက်တာ။ အေးပေါ့ သူက ကောင်းကင်နန်းတော်၇ဲ့ အိမ်ရှေ့မင်းသားပဲဟာ ဒီလောက်တော့ ရှိမှာပေါ့"

သူထုတ်ပြောလည်း စစ်ဝူရှဲ့က မကြားရသည်မို့ ပေါ်ပေါ်ထင်ထင်သာ မှတ်ချက်ချဖြစ်၏။

စစ်ဝူရှဲ့က တရှူးရှူးဒေါသထွက်လျက် လက်တစ်ဖက်ကိုမြှောက်ကာ လက်ထဲတွင် အဖြူရောင် မြူအလုံးတစ်ခုကို ဖြစ်စေ၏။ သူက နတ်ဘုရားလောကကိုသာရောက်နေပေမယ့် ထိုသို့စွမ်းအားသုံးတာကို မရင်းနှီးသေး။ ထို့ကြောင့် စစ်ဝူရှဲ့အနားကပ်ကာ ထိုအဖြူရောင်မြူလုံးကို သေချာကြည့်ဖြစ်၏။ သူ့ပုံစံက မျက်လှည့်ပြသည်ကိုအနီးကပ်မြင်ရတော့မည့် ကလေးတစ်ယောက်သဖွယ်ဖြစ်နေနိုင်လား သူမသိ။

ကံဆိုးစွာပင် တစ်စုံတစ်ခုအား တွေးမိသလိုဖြင့် စစ်ဝူရှဲ့က လက်ပြန်ရုတ်ပြီး ထိုမြူလုံးကိုဖျောက်ပစ်လိုက်သည်။ သက်ပြင်း ခပ်ပြင်းပြင်းချကာ လေအလျှင်ဖြင့် ချက်ချင်းမြင်ကွင်းမှ ထွက်သွား၏။

သူ့မှာ ဖမ်းဆွဲဖို့ရာပင် မတတ်နိုင်လိုက်။

" သွားစမ်းကွာ။ ငါ့ကိုတောင် မြင်အောင်မရှာနိုင်ဘူး ဒါလား သုံးလောကရဲ့အနာဂတ်ဘုရင် ။ ဟမ့် အသုံးကိုမကျဘူး"

စည်းအတွင်းရှိ ခဲတစ်ခုကို ကန်ကျောက်တော့ ထိုခဲက စည်းနှင့်ထိမိကာ သူ့ထံပြန်လာမှန်သည်။

" အ ဒီ ဒီ ခဲလုံးက ငါ့ကို ရာရာစစ ငါ့အကိုတွေနဲ့တိုင်ပြောလိုက်လို့ အမှုန့်တွေဖြစ်သွားဦးမယ် "

ခြေသလုံးကိုပြန်လာမှန်သည့် ထိုခဲကို ငုံ့ကြည့်ရင်း ခြေဖြင့် အဆက်မပြတ်တက်နင်းကာ ပွစိပွစိရေရွတ်ဖြစ်သည်။ ခဏကြာမှ သူဘာလုပ်နေသည်ကို သတိထားမိကာ ရှက်မိရသည်။ ပတ်ဝန်းကျင်ကို မျက်နှာနီနီဖြင့် ဝေ့၀ဲကြည့်ပြီးမှ သက်ပြင်းချနိုင်၏။

" ဟူး... "

..

-------------------------------

Continue Reading

You'll Also Like

137K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
24.3K 3.1K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...
50.2K 5.4K 28
(The Reader and Protagonist Definitely Have to Be in True Love) 颓 - 读者和主角绝逼是真爱 တုဇဲက anit fanပါ။ သူဟာ သူအႀကိဳက္ဆုံးဇာတ္ေကာင္ကို ေဝဖန္မိလိုက္တဲ့အခါ စာ...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း