19.2K 1.5K 51
                                    


Unicode

ရင်ထဲပူလာကာ လည်ချောင်းအထိဆန်တက်လာတဲ့ခံစားမှုကြောင့် သူ မထိန်းနိုင်ဘဲ အန်ထုတ်လိုက်မိသည်။ မောပန်းစွာအသက်ကိုခပ်ပြင်းပြင်းရှူရင်း လေးလံနေသော မျက်ခွံတို့အား ဖွင့်ဖို့ ကြိုးစားသည်။ နာကျင်မှုကြောင့် မျက်ခုံးက ကျုံ့ရပြီ။ သူ့မျက်လုံးထဲ ပထမဆုံး ဝင်လာတာကတော့ အနီရောင်သွေးတွေပင်။ သူခုနကပျို့တက်လာတာမို့ မျက်လုံးတောင်မဖွင့်နိုင်ဘဲ အန်ထုတ်ပစ်ခဲ့တာတွေက နီရဲနေတဲ့သွေးတွေဖြစ်နေခဲ့သည်။ ကျူးယင်လန့်သွားသလို ရင်ထဲလည်းဒိန်းခနဲဖြစ်သွားရသည်။

လျှာကိုက်သေတာကအဲ့လောက်ထိ သွေးတွေထွက်တာလား... ဒါကျောင်းရွှမ်ရဲ့အသုံးမကျမှုကြောင့်ပဲ ...

ကျူးယင်ဒေါသထွက်ကာ မျက်နှာကိုမော့လိုက်မိတဲ့တခဏမှာတော့ ပါးစပ်အနည်းငယ်ဟသွားခဲ့ရသည်အထိ အံ့သြသွားရသည်။မျက်လုံးတို့လည်း ပြူးသွားရပြီ။

လေတစ်ချက်အဝဲမှာ သစ်ရွက်လေးတစ်ရွက်လွင့်လာပြီး ကျူးယင်ရဲ့အမြင်အာရုံကိုတခဏပိတ်သွားခဲ့ကာမြေပြင်သို့တလွင့်လွင့်ကျသွားသည်။
ကျူးယင်ရဲ့မျက်လုံးထဲမှာတော့ ကောင်းကင်နဲ့ထိစပ်နေတော့မတတ် မြင့်မားလွန်းတဲ့ တောင်တန်းကြီးတွေဟာ မြူတွေကြားမှာထီးထီးမားမားရှိနေတာကိုမြင်ရသည်။ မြူတွေဆိုင်းနေတာကိုက တောင်တန်းတွေရဲ့အလှကို အသက်ဝင်နေစေသည်။ အလိုလို လွမ်းဆွေးသည့်ခံစားချက်က သူ့ရင်ထဲပြည့်လာသည်။

ဘာလဲ... သူ့မှာ ဘာမှ ၀မ်းနည်းစရာမှမရှိဘဲ...။

ထိုတောင်တွေမှတဆင့် သူနှင့်မနီးမဝေးတွင်ရှိတဲ့သစ်ပင်ကြီးကို အကြည့်တွေရောက်သွားတဲ့အခါ ကျူးယင်ပိုလို့သာအံ့သြရပြန်သည်။ ကြီးမားလွန်းလှတဲ့သစ်ပင်ကြီးမှာ တစ်ခါမှမမြင်ဖူးသောပန်းရောင်အရွက်တွေနှင့်ချည်း ပြည့်နေလေသည်။ ထိုအပင်ကိုကျူးယင်တစ်ခါမှမမြင်ဖူးခဲ့.. အမှတ်တရဓာတ်ပုံရိုက်ထားသင့်တယ်လို့တွေးမိတော့ ဘောင်းဘီအိတ်ထဲကဖုန်းကိုစမ်းရှာမိသည်။ သူထပ်၍အံ့သြရပြန်သည် ။သူ့ဘောင်းဘီမှာဘာအိတ်မှမပါရှိနေခဲ့၊ စင်စစ် သူဝတ်ထားသည်ကိုက ဘောင်းဘီဟုတ်မနေခဲ့။

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now