" ကိုကို ကျူးယင် "
" အားဝူ ပြန်လာပြီလား"
ပခုံးတစ်ဖက်ပေါ်ဖွဖွတင်လာသည့်လက်နှင့်အတူ ခပ်တိုးတိုးခေါ်သံကိုပါ ကြားလိုက်ရတော့ ကျူးယင်လှည့်ကြည့်လိုက်ဖြစ်သည်။ ကျန့်ဝူရဲ့အသံဟာ အရှေ့ပိုင်းမှာအတော်တိုးတာမို့ သူ့နာမည်ခေါ်သံကိုသာ သေချာကြားလိုက်ရ၏။
" ဟုတ်ကိုကို ကိုကိုကျူးယင်ရော အဆင်ပြေလား ကျွန်တော်မရှိတဲ့အချိန်မှာ ဒီနားကိုဘာကောင်လာသွားသေးလဲ"
မျက်နှာသေနှင့်မို့ သူအင်တင်တင်ဖြစ်သွားရတာ အမှန်။
" ဟင် မင်းပြောတာက ဘာကို..."
" တောကောင်တွေ ၊ မိစ္ဆာသားရဲတွေ လာသွားလားလို့မေးတာလေကိုကိုရဲ့။ ကိုကိုကျူးယင်က ဘာထင်လို့လဲ"
" ငါက ဘာ ထင်ရမှာလဲ။ မင်းသွားပြီးကတည်းက ဒီနားကိုဘာမှမလာဘူး"
" သြော်..."
သြော် ဟုဆိုကာ လက်ကတစ်ရွတ်တိုက်ဆွဲလာပုံရသော တစ်စုံတစ်ရာကို ပစ်ချလိုက်တာမို့ ထိုအရာဆီ အကြည့်ကရောက်သွားသည်။ ၀မ်းဗိုက်မှာ ပေါက်နေတဲ့ဒဏ်ရာတစ်ခုသာရှိတဲ့ ဖွေးစွတ်နေတဲ့အမွှေးနုနုနဲ့ သမင်တစ်ကောင်က သွေးတွေရွှဲရွှဲစိုလျက် လဲနေတာကို တွေ့ရသည်။
စည်းအကြောင်းမေးမည် ပြင်ထားသမျှက ထိုထူးဆန်းတဲ့သမင်ဘက်ကို အာရုံပြောင်းသွားသည်။
" အားဝူ ဒါက သမင်မဟုတ်လား ဘာလို့ အဖြူကြီးလဲ ။ မင်းက ဒီလိုလှတပတလေးကို စားပစ်မလို့လား ဒါက အရမ်းနှမြောစရာကောင်းတယ်နော် မင်းသေချာစဉ်းစားဦး ပြီးမှ ရင်ထဲမကောင်းဖြစ်နေဦးမယ်။ ပြီးတော့ မင်း ကင်စားချင်တယ်ဆိုလည်း တစ်ခါထဲအပြီးလုပ်ခဲ့တာမဟုတ်ဘူး အခုလိုကြီး မသေမရှင်ကြီးမြင်နေရတော့ ငါဒါကြီးကို မစားချင်တော့ဘူး မင်းဘာသာပဲ စားတော့ "
သူ့ကိုကြည့်ကာမျက်ရည်တွေ စိုစွတ်လာတဲ့ သမင်ငယ်က အကူအညီပေးဖို့ရာ တောင်းပန်သလိုဖြစ်နေသည်။ ဒဏ်ရာအကြီးအကျယ်ရထားတာမို့ မသေသေးသော်လည်း သိပ်ခံတော့မှာမဟုတ်မှန်း သူပင်ခံစားမိ၏။
" အားဝူ မင်းဒီသမင်ကို တစ်ခုခုလုပ်ကွာ ငါ စားလို့ဖြစ်မှာလည်းမဟုတ်ဘူး ကုရင်ကုပေးလိုက်ပါကွာ။ ပြီးရင် တောထဲပြန်လွှတ်ပေးလိုက်ပေါ့"
YOU ARE READING
Becoming Empress But she isn't a girl(Volume 1)
Historical Fictionown creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing