8.8K 1.1K 47
                                    


စူးရဲနေသည့်မျက်ဝန်းတစ်စုံဟာ သူ့ခန္ဓာပေါ်အကြည့်ရောက်နေရာက သူ့မျက်နှာဆီပြန်လည်ရောက်ရှိလာသည်။

ညို့အားပြင်းပြီးစူးရဲနေသည့်မျက်ဝန်းတွေသည် ကျူးယင်အားအနည်းငယ်ထိတ်လန့်စေသည်။
အကြင်သူ သည် သားကောင်ကိုဖမ်းစားတော့မည့်တောရိုင်းကောင်ကြီးသဖွယ် .အဘယ်ကြောင့်ဤသို့ကြည့်နေရသနည်း...
သူပဲစိတ်ထင်လို့လားမသိ ထိုသူ့မျက်ခမ်းစပ်တွေကမည်းနေခဲ့၏။

"မင်းရဲ့ခန္ဓာကိုယ်ကနေ ရေစွမ်းအားတွေကိုငါခံစားမိတယ်"

တဖက်သူဟာ ထိုသို့ပြောနေစဉ်မှာ သူ့ကျောပြင်အားလက်ဖြင့်ပွတ်သပ်နေကာ တဖြည်းဖြည်းအောက်သို့ဆင်းသွားသေးသည်။

ကျူးယင်တွန့်ခနဲဖြစ်ကာ ထိုသူ၏ရင်ဘတ်ကျယ်ကြီးအား အားစိုက်ကာတွန်းထုတ်လိုက်သည်ကိုတောင် ဆံချည်တစ်မျှင်စာမျှပင် ရွေ့မသွားခဲ့...

ထို့နောက် တစ်နေရာကိုခပ်ဖွဖွပွတ်သပ်လာပုံက တစ်ခုခုကိုလိုက်ရှာနေခဲ့သယောင်...

ကျူးယင်ရင်ထဲထိတ်ခနဲဖြစ်သွားရကာ နောက်တစ်ကြိမ်လျှာကိုက်သေရတော့မည်လား ဟုတွေးမိစဉ်မှာပင် ထိုသူဟာလက်တွေရုတ်ကာ နောက်သို့အနည်းငယ်ဆုတ်သွားသည်မို့ ကျူးယင်အသက်ရှူချောင်သွား၏။

သူချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
ဤအချိန်တွင်ပင် သူတွေးမိသည်က တဖက်သူမှာသူ့ထက်များစွာ အရပ်ရှည်သည်ကိုပင်။

"အမြှီးလည်းမရှိဘူးဆိုတော့ ရေနဂါးလည်းမဖြစ်နိုင်ဘူး"

သြရှုပြီးဖမ်းစားနိုင်တဲ့အသံဟာထပ်မံ၍ ကြားရပြန်သည်။

ဘာ သူ့ခါးအောက်ပိုင်းကိုထိတာက အမြှီးရှိမရှိသိချင်လို့ဟုတ်လား...

ကျူးယင်ခေါင်းတောင်ကိုက်ချင်သွားရသည်။

ဒီခေတ်ကစမ်းသပ်နည်းကဘယ်လိုကြီးလဲ.....

တဖက်သူကမည်သူမှန်းမသိပေမယ့် ကြီးမြတ်သည့်အရှိန်အဝါရှိနေသည်မို့ ကျူးယင်အရမ်းကာရောအပြစ်မပြောရဲပေ။
ဒါကြောင့်မို့ ထိုသူဘာဆက်ပြောမလဲသာနားထောင်နေလိုက်သည်။

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now