8.8K 1.1K 21
                                    

ဒီနတ်တွေကတော့...

သူ့အပြင်ပန်းဟန်က ပိန်ပါးကာပျော့ညံ့သည့်ပုံရှိပေမယ့် အတွင်းစိတ်မှာတော့ သူ့ကိုယ်သူတည်ကြည်သည့်ယောင်္ကျားတစ်ယောက်အဖြစ် ခံယူထားသည်မို့ ယခုကဲ့သို့ ကလေးအရုပ်လုသည့်သဖွယ် အတင်းတိုးဖက်နေကြသည်ကို လက်မခံနိုင်ပါချေ။ခေတ်စကားဖြင့်ပြောရလျှင် ဤအပြုအမူက သူ့imageပျက်၏။ သူ့စိတ်တွင်းတွင် လက်မခံချင်သည့်စိတ်သာကြီးစိုးနေတော့သည်။

ထိုနတ်နှစ်ပါး၏ပွေ့ဖက်မှုမှာ ရုတ်တရက် လျော့ရဲသွားသဖြင့် သူသက်သာရာရမည်ပဲကြံရသေးသည် တစ်ဖန် ပိုတိုးကာဖက်ခြင်းကိုသာ ခံလိုက်ရတော့သည်။

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံထားရသည့်အပြင် လေထုဖိအားမှာလည်း သက်တောင့်သက်သာမရှိသည်မို့ ကျူးယင်မှာ ထိုလက်လေးဘက်အကြား ညပ်ကာမျက်နှာလေးရှုံ့မဲ့နေလေသည်။

ဒီနတ်တွေကတော့ သူတို့အိမ်မှာဖက်စရာကလေးမရှိဘူးလား.... အဲ့လောက်ဖက်ချင်နေကြရင်လည်း အရုပ်သာဝယ်ဖက်ပါတော့လား.... ဘာလို့အခုထိ မလွှတ်သေးရတာလဲ

ကျူးယင်ရှိသမျှအားအကုန်သုံးကာရုန်းကန်ပြီးသည့်နောက် အနည်းငယ်အကြာတွင်တော့ ထိုနတ်နှစ်ပါးဟာ တစ်ဦးမျက်နှာတစ်ဦးရှုပြီး သူ့အားဖက်ထားရာမှ လွတ်ပေးကြတော့သည်။

အပြုံးမျက်နှာနှင့်နတ်သားနှစ်ပါးတွင် တစ်ပါးက အစိမ်းတွင်ရွှေရောင်လှိုင်းလေးများစပ်ထားသည့် ၀တ်ရုံကိုဆင်မြန်းထားပြီး ရွှေရောင်ဆံထိုးဖြင့် ဆံနွယ်တစ်ချို့တစ်ဝက်ကို သိမ်းတင်ထားကာ ခါးထိတိုင်ရှည်လျားသောကျန်ဆံပင်တို့ကိုဖြင့် ဖြန့်ကာချထားသည်။ မျက်ခုံးအညိုရောင် မျက်စံစိမ်းဖန့်ဖန့်နှင့် သွယ်သောမေးရိုး၊ ချွန်သောနှာတံတို့ဖြင့် သူကားကျူးယင်နှင့်ပိုပြီးနီးစပ်သောရုပ်၇ည်ရှိသည်။

နောက်နတ်တစ်ပါးကမူ မျက်နှာထားက အနည်းငယ်ပိုပြီးတည်မယောင်နိုင်သည်။ ကျောက်စိမ်းဖြူဆံထိုးကိုတည့်တည့်မထိုးထားဘဲ အနည်းငယ်စောင်းကာထိုးထားပြီး နားထင်မှဆံမျှင်နှစ်ခုက ရင်ဘတ်ပေါ်သို့စင်းကျနေလေသည်။ အဖြူရောင်တွင် အနက်စပ်ထားသောဝတ်စုံကိုဝတ်ထားသည်ကြောင့် ထိုနတ်ကပိုပြီးရှေးရိုးဆန်ပုံပေါ်နေ၏။ အနည်းငယ်ကားမယောင်ရှိသောမေးရိုးနှင့် စင်းကျနေသောနှာတံက လိုက်ဖက်လှသည်။ မျက်ခုံးနက်တို့က ပြေပြစ်သောနှဖူးနှင့် ပနံသင့်၏။ ရှည်လျားလှသောမျက်တောင်ထူတို့ကား ကော့ညွတ်နေကာ နီမြန်းနေသည့်နှုတ်ခမ်းတို့ဖြင့်ပေါင်းလိုက်တော့ အလွန်ကိုဆွဲဆောင်အားကောင်းသွားတော့သည်။ ဆံနွယ်ရှည်တို့က ဝါးရုံတောမှဝါးပင်များအတိုင်းစင်းကျနေကာ ဒူးအထက်နားတိုင်ရောက်လျက်ရှိသည့်အပြင် လေအဝေ့တွင် ထိုဆံနွယ်နက်တို့က တလွင့်လွင့်ဖြင့်....

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now