၂၇

6K 941 58
                                    

စမ်းချောင်းက တိမ်တာမို့ ကျူးယင်၏ ခါးအထိသာနက်သည်။ အပြုံးမပျက် စည်းချပေးပြီးသည်နှင့် ကျန့်ဝူက အသောထွက်သွားသည်။ ထိုအခါမှသာ ရပ်နေခဲ့တဲ့သူ့မှာ အ၀တ်တွေလွှင့်ပစ်ပြီး စမ်းချောင်းဆီခုန်ဆင်းနိုင်တော့သည်။ အောက်ခြေက ကျောက်ခဲတွေကြောင့် ဒူးတွေမှာ စပ်ဖျဉ်းဖျဉ်းဖြစ်သွားရကာ ခပ်တိုးတိုးညည်းလိုက်မိသည်။

ဖင်ထိုင်ချကာ ခြေကိုဆန့်ထုတ်ကာကြည့်ပေမယ့် ပွန်းပဲ့ရာပင်ရှိမနေ။

" မဆိုးပါဘူး။ နတ်ဖြစ်တာလည်း ကောင်းသား ။ ဒဏ်ရာချက်ချင်းပျောက်တယ် "

စမ်းချောင်းမှ ရေတွေက တောင်ပေါ်မှာလောက် ကြည်လင်ကာ စိမ်းဖန့်မနေပေမယ့် လက်ခံနိုင်လောက်သည့်အတိုင်းအတာထက်တော့ ပိုနေတာအမှန်ပင်။ အမျိုးအမည်မသိသော ငါးသေးသေးလေးတွေကလည်း အောက်ခြေမှာ ကူးခတ်နေပြီး တစ်ခါတစ်ခါ သူ့ခြေထောက်ကိုပင် ၀င်တိုက်ကြသေးသည်။

" အားဝူရဲ့ စည်းက ဒီတစ်ခါတော့ သက်ရှိတွေဝင်လို့ရနေတာပဲ။ အင်း ဘယ်လိုပါလိမ့်.... အခုကျ ငါ့ကိုမမြင်ရရုံပဲထင်တယ်"

စမ်းသပ်ချင်စိတ်ဖြင့် ငါးတစ်ကောင်ရှေ့တွင် လက်ကိုကာထားလိုက်ရာ အဟုတ်ပင် ငါးက သူ့လက်ကို ၀င်တိုက်လာလေသည်။

" အဟား... ဒီငါးစိတ်ထဲမှာ ကြောင်တောင်တောင်ဖြစ်နေမှာ။ အာ ဆောရီး ငါးလေးရေ အဟား... အဟား...."

ပျော်ရွှင်စရာကောင်းတာ တစ်ခုခုဆို အနားမှာရှိတဲ့သူတွေကို ဝေမျှချင်တတ်တဲ့လူသားတစ်ယောက်ရဲ့စိတ်အတိုင်း ကျန့်ဝူရှိရာဆီလှမ်းကြည့်လိုက်ပေမယ့် အရိပ်အယောင်ကိုမျှ မမြင်ရချေ။

" ဟင် ခုနကပဲ အဲ့ဘက်ထွက်သွားပြီးတော့။ အဲ့နေရာနဲ့ သိပ်လည်းမဝေးတဲ့ဟာကို ဘယ်ရောက်သွားတာလဲ။ "

" အာ သားကောင်အသစ်သွားဖမ်းတာဖြစ်မယ်။ အေးလေ သမင်ဖြူက ကောင်းသွားပြီကိုး....."

အဖြေကို ကိုယ့်ဘာသာရှာပြီး လက်ခံလိုက်ပေမယ့် ချက်ချင်း ခေါင်းထဲဝင်လာသည့်မေးခွန်းတစ်ခုက

" သမင်က ဘယ်လို ပြန်ကောင်းသွားတာလဲ"ဆိုတာပင်။

" ဗွမ်း......"

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now