၂၈

5.9K 946 79
                                    

" အားဝူ ဘာဖြစ်တာလဲ ။ မင်း ဘယ်လိုဖြစ်ပြီး ဒဏ်ရာတွေရလာတာလဲ"

ဒေါသဖြင့် သူ့တည်း ဘာသာ ခပ်ကျိတ်ကျိတ်ရေရွတ်နေပြီးမကြာ ဒယိမ်းဒယိုင်ဖြင့်ရောက်လာသော ကျန့်ဝူကြောင့် သူလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ မတိုင်မီက ကျန့်ဝူမှာ အကောင်းကြီးပါပေ။

" ဘာမှမဟုတ်ပါဘူး ကျွန်တော် အသားကင်နေတုန်း ကြောက်မက်ဖွယ်ကောင်းတဲ့တစ်စုံတစ်ခုကို ခံစားမိလိုက်တယ်လေ အဟွတ် အဲ့ဒါဘာလဲတော့ကျွန်တော်မသိပါဘူး ကိုကိုကျူးယင်ရာ ဒါပေမယ့် အဟွတ် ကျောရိုးထဲစိမ့်ပြီးကို ကြောက်ဖို့ကောင်းတာတော့ သိလိုက်တယ်။ ဒါကြောင့် ကျွန်တော်သစ်ပင်တစ်ပင်နောက်မှာ အမြန်ဝင်ပုန်း အဟွတ် အဟွတ် နေ နေလိုက်တာ "

စည်းကိုပြန်ဖြေပေးနေရင်း တစ်ချက်တစ်ချက် ပါးစပ်ကလေးအုပ်ကာ၊ ခေါင်းကိုဘေးသို့စောင်းကာဖြင့် ချောင်းဆိုးတော့ မြင်ရသူမှာ မချိပြန်။

" ကိုကို့ကိုက စည်းနဲ့ကာကွယ်ပေးထားတော့ လုံခြုံတာ ကျွန်တော်သိတာကိုး။ ဒါကြောင့် ဘာသာပဲ ပုန်းတော့တာ။ သစ်ပင်နောက်မှာ ကွယ်နေရင်း အပူပြင်းပြင်းက ကျွန်တော့်ကိုလာဟပ်တယ်။ ဆရာတွေပေးထားတဲ့အဆောင်တွေသာ မရှိရင် ကျွန်တော်သေသွားလောက်ပြီကိုကို။ အဲ့ဒါ မိစ္ဆာပဲဖြစ်မယ် ဟုတ်တယ်မလား ကိုကို။ အားနည်းတဲ့လူသားတစ်ယောက်ကို အဓိပ္ပါယ်မ၇ှိသတ်တာက မိစ္ဆာပဲမဟုတ်လား။ ကျွန်တော်မှီနေခဲ့တဲ့သစ်ပင်ကြီးက ချက်ချင်းပြာကျသွားတာ ကျွန်တော့်ဘယ်လောက်ခံစားရမလဲတွေးကြည့်တော့။ နောက် မမြင်ရတဲ့ရှိန်လောက်တဲ့အရာတွေက ကျွန်တော့်ဆီတည့်တည့်တိုးဝင်လာပြီး နောက်တော့ ကျွန်တော့်တစ်ကိုယ်လုံးမှာ အခုလို ဒဏ်ရာအပြည့်ဖြစ်သွားရတော့တာပဲ။ ကိုကို မဟုတ်တာတော်သေးတယ်။ ကိုကို့အသားဖြူဖြူနုနုလေးမှာ ဒဏ်ရာသာရသွားလို့ကတော့ ......"

စည်းပြေသွားပြီးသည့်အခါ သူ့အား ကမ်းစပ်မှာထိုင်ချစေကာ သွေးသံတရဲရဲ့အတိုင်းပင်ရှိသေးသောကျန့်ဝူက သူ့ပေါင်ပေါ်မှီကာ အိပ်လာပါ၏။ သူဖြစ်ပျက်ခဲ့ရသည်တို့ကို ကလေးငယ်မှမိဘအားတိုင်တန်းနေသကဲ့သို့ အသံစာစာဖြင့်ပြောပြရှာသည်။ ထိုအသံက နာကျင်မှုတွေပျော်ဝင်နေတာ ခံစားမိတော့ သူစိတ်မကောင်း။ ဒါ သီနတ်ဘုရားနဲ့ ဝူရှဲ့တို့ လက်ချက်မဟုတ်လား။

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now