8.3K 1.1K 48
                                    


ကျူးယန် သူ့အနားကပ်လာတော့ ပုံမှန်လို အခါတိုင်း သူစိမ်းအနားကပ်လာလျှင် မနေတတ်သလို နေရခက်တဲ့ ခံစားချက် မဖြစ်ဘဲ ထူးဆန်းစွာ သက်တောင့်သက်သာ ရှိနေသည်။ကျူးယန်ရဲ့နွေးထွေးတဲ့အရှိန်အဝါက သူ့ကိုသက်တောင့်သက်သာဖြစ်စေ၏။ သူ အလိုလို ကျူးယန်ကို ကိုးကွယ်လာချင်သလိုမျိုး ခံစားရလာကာ အကျွင်းမဲ့ယုံကြည်ချင်လာသည်။

ထိုသို့ ဘုန်းတန်ခိုးကြီးမားလှပါပြီး ခန့်ညားလှသည့် နတ်ဘုရားဟာ သူ့အဖေတဲ့လား။ အဖေဆို၍ သူ၏အရင်ဘ၀မှ ဖခင်ကို ပြန်ပြောင်း သတိရ မြင်ယောင်လာသည်။ သူက အပေါင်းအသင်းနည်းကာ အေးတိအေးစက် နေတတ်ပေမယ့် မိဘတွေနဲ့တော့ အလွန်ကပ်ချွဲကာနေတတ်သည်။ သူ့သူငယ်ချင်းတွေဆို အိမ်တွင်ရှိနေသည့် သူ့ပုံစံအားမြင်ပါက ဝိုင်းဟားကြလိမ့်မည်မှာ အမှန်ပင်။ အိမ်တွင်းပုံစံနှင့် ပြင်ပပုံစံအား နှိုင်းယှဉ်မိသူ ရှိပါက တအံ့တသြ ဖြစ်ကြမည်မှာလည်း အမှန်ပင်၊ သို့ပေမယ့် သူထိုအိမ်အား သတိမရချင်သည်မှာ မရှိတော့လေသော မိဘတွေကို မတမ်းတချင်တော့၍ဖြစ်သည်။ ပြန်မရနိုင်သော အကြောင်းအရာကို တမ်းတနေရုံမျြှဖင့် မည်သို့မျှ အကျိုးထူးလာမည်တော့ မဟုတ်ပေ။ မိဘတွေ မရှိတော့ကတည်းက မွေးရပ်မြေကိုသူမပြန်တာကြာပေါ့၊ သူမိဘတွေ ရှိတုန်းက ပေါင်းသင်းဆက်ဆံရေး အနည်းငယ် ကောင်းခဲ့တဲ့သူက မိဘတွေ မရှိတော့ လုံးဝကို တစ်ယောက်တည်းသမား ဖြစ်သွားခဲ့ရသည်။

ဟူး..၊ ဘာပဲဖြစ်ဖြစ် အခုရောက်နေတဲ့ ကမ္ဘာကြီး လောကကြီးကို သူ သဘောကျတယ်။ နှစ်လည်းနှစ်ခြိုက်တယ်။ သူ့မှာ အဖေရှိတယ်။ အမေရှိတယ်။ သူနဲ့ အသက်သိပ်မကွာတဲ့ အစ်ကိုနှစ်ယောက်လည်းရှိသလို နောက်ထပ် အကြီးဆုံးအစ်ကိုလည်း ရှိသေးတယ်။အကြီးဆုံးအကိုလို့သာ ပြောပေမယ့် သူနှင့်တော့ မတွေ့ဖူးသေး... သို့ပေမယ့် အဲ့ဒီအစ်ကိုကြီးကလည်း သူ့အားကိုချစ်မှာမလွဲ။ နောက်ပြီး သူ့ကိုအရမ်း သေချာဂရုစိုက်တဲ့ ဆရာလည်းရှိတယ်။ ဒီလောကရဲ့ အစားသောက်တွေကလည်း ကောင်းလွန်းတယ်။ ပြီးတော့ ပတ်ဝန်းကျင်ရှုခင်းကလည်း သာယာလွန်းတယ်။ ဒီလောကရဲ့ ရှုခင်းမြင်ကွင်းတွေက သူနှစ်သက်တဲ့ အနုပညာဆန်ဆန် ပန်းချီကားတွေ ဆင့်ကဲဆင့်ကဲ ဆက်ထားသလို နေရာမျိုး ဖြစ်နေပြန်တယ်။ ကဲ စိတ်ညစ်စရာ ဘာတွေများရှိဦးမလဲ၊

Becoming Empress But she isn't a girl(Volume 1)जहाँ कहानियाँ रहती हैं। अभी खोजें