၃၂

5.6K 889 31
                                    

အဖေတို့ထွက်သွားကြတော့ သူတို့ညီအကိုတွေပဲရှိကြ​တော့တာမို့ ကျူးယင်အကိုတွေထံ အကြည့်တွေပို့လိုက်၏။

" ဒီအကြည့်က ဘာလဲ။ ရှောင်ယင်လေး ဘယ်တုန်းက ဒီလိုအကြည့်မျိုးလုပ်တတ်သွားတာလဲ "

ပြောရင်းဆိုရင်း ကျူးစစ်က အနားကပ်လာကာ ပါးကိုဆွဲသည်။ ထိုလက်ကို ကျူးလျန်က ယပ်တောင်နှင့်ရိုက်ချ၏။

" ရှောင်ယင့်ပါးတွေ ပွန်းပဲ့ကုန်မယ်ကွာ "

ထိုသို့သာဆိုတာ ကျူးလျန်သည်လည်း သူ့ပါးအားဆွဲချင်သယောင်ဖြင့် လက်တစ်ပြင်ပြင်နှင့်ရှိနေသည်ပေ။ ဒါကိုသိတဲ့ကျူးစစ်က စသည်။

" လာပါ ရှောင်ယင်လေးရဲ့အသားအရည်က အရင်လိုမဟုတ်ဘဲ အရမ်းကိုချောမွေ့လာတာ အကိုလျန်သိသားနဲ့။ ပါးလေးများဆို ကိုင်လိုက်ရင် လက်ပါကျွံဝင်သွားတော့မလိုကို ထင်နေရတာ "

ကျူးစစ်၏ဆွဲဆောင်မှုကို နဂိုကတည်းက စိတ်ထိန်းနေရတာဖြစ်တဲ့ကျူးလျန်က လက်မြှောက်ပေးသယောင်ဖြင့် ကျူးယင့်ပါးအားလာဆွဲတော့သည်။

ထိုအချိန်မှာ ကျန်ပါးတစ်ဖက်သို့ လက်အကြီးကြီးတစ်ဘက်ရောက်လာ၍ ထိုလက်ပိုင်ရှင်ကို သူတို့သုံးယောက်ကြည့်လိုက်ကြရာ ကျူးလင်ဖြစ်နေသည်ကို တွေ့ရသည်။ မတိုင်မီက တည်ကြည်လွန်းသောမျက်နှာထားဖြင့် အစည်းအဝေးတွင်ရှိနေခဲ့သူမဟုတ်သလို ယခုများတော့ဖြင့် ပြုံးနေပါ၏။ ကျူးယင်ပါးအားဖွဖွဆွဲရင်း အထိအတွေ့ကိုသဘောကျသွားပုံဖြင့် ခပ်ကြာကြာပါးကိုပွတ်သပ်နေသေးသည်။

" ငါ့ကလေးလေး တဖြေးဖြေးနဲ့ အရွယ်ရောက်လာပြီ လိုချင်တဲ့သူတွေများနေပါလား ရှောင်ယင်လေး ကလေးငယ်လေး ပြောကြည့်ပါဦး အဲ့ဒိနတ်မင်းတွေထဲမှာ ကလေးလေးသဘောကျတဲ့သူရှိလား"

" အကိုကြီး "

အကိုလျန်နှင့်အကိုစစ်ထံမှ တားမြစ်သံကထွက်လာတော့ အကိုကြီးက သက်ပြင်းချသည်။ သူသည်လည်း မျက်နှာမကောင်းတော့။

" သီနတ်ဘုရားကပါ ပါလာရင် ငါတို့ကိုင်တွယ်ရခက်ပြီ။ု မိစ္ဆာအိမ်ရှေ့စံကလည်း.......... "

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now