၃၄

5.5K 862 16
                                    

ထင်ထားသည့်အတိုင်း ကျူးလျန်နှင့်ကျူးစစ်တို့၏မျက်နှာက သိသိသာသာကိုပျက်သွားသည်။

"ရှောင်ယင် ဒါနောက်စရာမဟုတ်ဘူးနော် ။ ကျူးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး မင်းသွေးက အပြာရောင်မဟုတ်ဘူးလို့ သူများတွေကြားရင် အဖေနဲ့အမေ့ကိုဝိုင်းလှောင်ကြလိမ့်မယ်။ မင်းစကားက ဘယ်လိုအဓိပ္ပါယ်ဖြစ်သွားလဲ မင်းသိလား"

" ဟုတ်တယ် ရှောင်စစ်ပြောတာမှန်တယ်။ ရှောင်ယင် မင်းကိုငါတို့အားလုံးက အရမ်းကိုအလိုလိုက်တယ်ဆိုတာ သိတယ်မလား။ ဒါပေမယ့် အကန့်အသတ်ရှိတယ်။ မင်းက ငါတို့သွေးသားအစစ်ဖြစ်နေလို့ ငါတို့ရဲ့အချစ်ဆုံးသောမျိုးဆက်ကလေးဖြစ်နေလို့၊ ငါတို့လက်ပေါ်မှာတင်ကြီးပျင်းလာခဲ့တာမို့လို့ ဒီအလိုလိုက်မှုတွေကိုရနေတာပဲ မင်းက ယင်နတ်မဟုတ်လည်း ငါတို့ကမင်းကို အဆုံးအစွန်ထိကာကွယ်ပေးနေမှာပဲ။ ဒါကြောင့် ဒီလိုမျိုးကျူးမျိုးနွယ်ကိုအလှောင်ခံရစေနိုင်တဲ့စကားတွေမပြောမိစေနဲ့"

စကားနည်းတဲ့ကျူးလျန်က ရှည်ရှည်ဝေးဝေးပြောပြကာဆုံးမလာသည့်အခါ သူခံစားရသည်က ၀မ်းနည်းမှုတစ်ခုသာ။ ဟုတ်သား သူက သူတို့ချစ်ကြတဲ့ကျူးယင်မဟုတ်တာကို သူမေ့နေခဲ့သည်ပဲ။ ရယ်ရသည် ၊ သူ မခံစားဖူးတဲ့ချစ်ခြင်းတွေကြောင့် ဖြစ်ရပ်မှန်ကိုမေ့သွားခဲ့ဟန်တူသည်။ သူ့ရဲ့ဘယ်တော့မှပေးသိလို့မရတဲ့ အမှန်တရားကို ထုတ်ပြောမိတော့မလို့။

မနည်းအားတင်းကာပြုံးလိုက်ရင်း

" အကိုတို့ရယ် ကျွန်တော်ကစတာပါ။ ကျွန်တော့်သွေးက အပြာရောင်ပါ။ ဒါပေမယ့် အကိုတို့ထက်အရောင်ပိုမှိန်တယ်"

ထိုစကားကြားတော့မှ ကျူးအကိုနှစ်ယောက်၏မျက်နှာက ကြည်သွားသည်။ သူတို့ကသက်ပြင်းတွေချကြကာ

" ရှောင်ယင်လေးကို အကိုကဆူချင်လို့မဟုတ်ပါဘူး။ မျိုးနွယ်ကိုထိခိုက်စေတာမျိုး၊ အဖေ့ကိုသိက္ခာကျစေတာမျိုးဆို နောက်ပြောင်တာကိုတောင် အကိုတို့သွေးကလက်မခံနိုင်ဘူး။ အလိုလိုကိုဒေါသထွက်လာတတ်တာ အကို့ကိုစိတ်မဆိုးပါနဲ့ကွာ အကို့မှာ ဒီညီလေးတစ်ယောက်ပဲချစ်စရာရှိတာပါ"

Becoming Empress But she isn't a girl(Volume 1)Where stories live. Discover now