" အားဝူလို႔ ငါေခၚလို႔ရမလား"
သူ႔ကိုသာ ေရွာင္ယင္ေတြ အားယင္ေတြေခၚေနၾကေပမယ့္ သူကေတာ့ အကုန္လံုးကိုတ၇ိုတေသေတြခ်ည္းေခၚေနရသည္။ ဝူရွဲ႔ကိုေတာင္မွ တရင္းတႏွီးမေခၚရဲေသးတာမို႔ က်န႔္ဝူလို ခ်စ္စရာေကာင္ငယ္ေလးကိုေတာ့ လြတ္လြတ္လပ္လပ္ေျပာဆိုခ်င္မိသည္။
" ရတာေပါ့ ကိုကိုက်ူးယင္ရဲ့။ ကိုကို ႀကိဳက္သလိုသာေခၚ"
" ဒါဆို အားဝူပဲေခၚမယ္။ ေျပာပါဦး မင္းအရြယ္ေလးနဲ႔ ေတာႀကီးထဲ တစ္ေယာက္ထဲ ဘာလာလုပ္ေနတာလဲ အေကာင္ႀကီးေတြကို မေၾကာက္ဘူးလား"
သူ႔အေမးကို က်န႔္ဝူက ၿပံဳးစစမ်က္ႏွာေပးႏွင့္ ေျဖသည္။
" ကြၽန္ေတာ္က ဒီ့ထက္ဆိုးတဲ့အေကာင္ေတြကိုေတာင္ ေတြ့ဖူးတယ္ကိုကိုက်ူးယင္ရ။ ကြၽန္ေတာ့္အေဖက ကြၽန္ေတာ့္ကိုဆို အရမ္းဆူတာ ကြၽန္ေတာ္က နားၿငီးရင္ ထြက္လာၿပီး တစ္ေယာက္ထဲေလ်ွာက္သြားတာပဲ ေၾကာက္စရာဘာမွမရိွပါဘူး"
" ဟုတ္လား။ ငါ့ညီေလး သနားစရာပဲ"
သူက သည္းသည္းလႈပ္အခ်စ္ခံရသၫ့္ မိသားစုတြင္ေပ်ာ္ပါးေနခ်ိန္ ဒီခ်စ္စရာေကာင္ငယ္ေလးကေတာ့ လမ္းေပၚေလလြင့္ေနရသည္။ ကံကအေတာ္ကြာလိုက္ေလျခင္း။
" သနားတယ္... ကိုကိုက်ူးယင္က ကြၽန္ေတာ့္ကိုသနားတယ္လို႔ေျပာလိုက္တာလား။ "
သူေခါင္းၿငိမ့္ေတာ့ က်န႔္ဝူက ရယ္သည္ မခိုးမခန႔္ျဖင့္...
" အဟား..။ "
" ဒါနဲ႔ မင္း ဒီေတာထဲမွာ လူႏွစ္ေယာက္ေလာက္ကို ေတြ့လိုက္ေသးလားဟင္။ ေအးစက္ၿပီး အရမ္းေခ်ာတဲ့အကိုတစ္ေယာက္ရယ္ ဆံပင္ကိုသိမ္းစည္းထားတဲ့ တည္ၾကည္ခန႔္ညားတဲ့အကိုတစ္ေယာက္ရယ္ကိုေလ။ မင္းဒီေတာထဲဝင္လာေတာ့ ေတြ့လိုက္မိလား။"
သူ႔အေမးအဆံုးမွာ သူသည္ပဲစိတ္ထင္၍လားမသိ က်န႔္ဝူ၏ေျပာင္စပ္စပ္မ်က္ႏွာေပးက တည္တန႔္သြားကာ သူ႔အားမိႈင္းညို႔စြာ ရႈလာပါ၏။
" မေတြ့ပါဘူး ကိုကို။ သူတို႔က ဘယ္သူေတြလဲဟင္။ ကိုကိုနဲ႔ဘာေတာ္တာလဲ"
" မေတြ့ဘူးလား။ ေၾသာ္ သိသိသာသာေခ်ာေမာတဲ့တစ္ေယာက္က ကိုကို႔အကိုဝမ္းကြဲ အဟဲ ေနာက္တစ္ေယာက္ကေတာ့ ဆရာပါ"
" ေၾသာ္ ကိုကိုက်ူးယင္မွာဆရာက တစ္ေယာက္ထဲလား။ ကြၽန္ေတာ့္မွာဆို အမ်ားႀကီးရိွတယ္။ "
လမ္းစရၿပီမို႔ ဆရာေတြကစၿပီး ထိုကေလးအေၾကာင္းကိုဆက္ေမးမည္အျပဳ က်န္႔ဝူက သူ႔အက်ႌအတြင္းဘက္မွ ထုတ္လိုက္သၫ့္တစ္စံုတစ္ခုကို ျမင္လိုက္ရသည္။ ေက်ာက္စရစ္ခဲဆြဲသီးေလး ပါဝင္တဲ့ ေၾကးေရာင္ဆြဲႀကိဳးေလးပင္။ ေၾကးေရာင္ဆိုသၫ့္တိုင္ ထိုႀကိဳးက တဖ်က္ဖ်က္လက္ေနပါ၏။
" ဒါ ဆရာတစ္ေယာက္ေပးထားတာေလ။ ဒီဆြဲႀကိဳးကိုဆြဲထားရင္ သံုးေလာကက ဘယ္သူမွ ကြၽန္ေတာ့္ကို အႏၲရာယ္ျပဳလို႔မရဘူးတဲ့။ ဒီဆြဲႀကိဳးရိွလို႔ပဲ ကြၽန္ေတာ္ဒီလိုေလ်ွာက္သြားေနႏိုင္တာေပါ့။ မဟုတ္ရင္ နတ္ေတြရဲ့ေရာင္ဝါေၾကာင့္ေသတာျဖစ္ျဖစ္၊ မိစၧာေတြေၾကာင့္ ေသတာျဖစ္ျဖစ္ ေတာေကာင္ေတြေၾကာင့္ဒုကၡေရာက္တာျဖစ္ျဖစ္ ကြၽန္ေတာ္ေသၿပီးေနေလာက္ၿပီ"
ဒီဆြဲႀကိဳးရိွ၍ က်န႔္ဝူက သူ႔ကိုျမင္သၫ့္အခါ ရူးမသြားခဲ့တာျဖစ္မည္။ ေတာ္ေသးသည္ေပ။
" ေကာင္းတာေပါ့။ ကိုယ္နဲ႔မကြာေဆာင္ထားေနာ္။ "
" ဟုတ္ကဲ့ ကိုကို။ ကိုကိုက်ူးယင္ ဗိုက္မဆာဘူးလား ကြၽန္ေတာ္အသားကင္ေပးမယ္ ခဏေစာင့္ေပးပါလား"
သူ႔ကိုေမးၿပီးသည္ႏွင့္ အေျဖမေတာင္းဘဲ ခ်က္ခ်င္းထရပ္ကာ မီးပံုအနီးသာ၍ တိုးကပ္သြားေသာ က်န႔္ဝူကို သူၿပံဳး၍သာ လိုက္ၾကၫ့္ျဖစ္သည္။ ဒီကေလး အေတာ္ေဆာ့တာပဲ။
သူအေစာကမျမင္ခဲ့တဲ့ မီးပံုေဘးမွ ေတာေကာင္အေလာင္းႀကီးအား ဓားျဖင့္ခုတ္ျဖတ္ကာ ေရျဖင့္ေဆးေၾကာရင္း မီးႏွင့္ကင္ဖို႔ျပင္ေနတဲ့ က်န႔္ဝူကိုၾကၫ့္ရင္း သူသနားစိတ္ဝင္လာရသည္။ အေဆာင္ဆြဲႀကိဳးသာမရိွလ်ွင္ ကေလးမွာ ဒုကၡေရာက္ေနေလာက္ၿပီ။ သူလည္း ဒုကၡေရာက္ေနေလာက္ၿပီ။ သူ ဒီကေလးကိုမည္သို႔ေက်းဇူးဆပ္သင့္သနည္း။ သူက နတ္ဆိုေတာ့ ဒီကေလးလိုခ်င္ရာ ဆုတစ္ခုေတာင္းခိုင္းလိုက္ရမည္လား။ သို႔ေပမယ့္ သူကလည္း နတ္စြမ္းအားအသံုးျပဳပံုကို ကြၽမ္းက်င္ျခင္းမရိွေသးေတာ့ ခက္၏။ ပန္းပြင့္ပြင့္ေအာင္လုပ္ၿပီး လက္ေဆာင္ေပးလိုက္ရင္ေရာ သို႔မဟုတ္ ပန္းမ်ိဳးေစ့ေပးလိုက္ရေကာင္းမလား။
" ကိုကိုက်ူးယင္ စားလို႔ရၿပီ။ "
သူ႔မွာ ယခုမွစေတြးရံုရိွေသးသည္ အကင္က က်က္ၿပီလား။
က်န႔္ဝူက သူ႔ကိုတုန႔္ျပန္ခြင့္မေပးျပန္ လက္ထဲသို႔ တုတ္ထိုးအကင္အား ထၫ့္ေပးလာသည္။ ယခုမွ ေမႊးအီလြန္းသၫ့္ လတ္ဆတ္သၫ့္အသားရနံ႔အား သတိျပဳမိရသည္။
" ေမႊးလိုက္တာ အားဝူရ ။ ဒါ ဘာအသားလဲဟင္"
" ယုန္သားေလ"
" ယုန္က အဲ့ေလာက္ႀကီးလို႔လား။ ခုနက ငါျမင္လိုက္တာေတာ့ အရြယ္က ၀က္ေလာက္ရိွပါတယ္။ ငါ့ညီက ငါ့ကိုလွည့္စားေနတာကိုး မင္းအကိုက ဒီေလာက္မညံ့ေသးပါဘူးကြာ"
အသားတစ္ဖဲ့စားလိုက္ေတာ့ အရသာက အမွန္ပင္ ထူးကဲလြန္းေနသည္။ လ်ွာေပၚမွာ ခ်ိဳျမၿပီးေပ်ာ္ဝင္သြားသၫ့္အျပင္ စားလို႔အရမ္းေကာင္း၏။
" ကြၽန္ေတာ္က ယုန္ဆို ယုန္လိုက္ေပါ့ကိုကိုရာ။ ကြၽန္ေတာ္ဖမ္းလာတဲ့ယုန္က ရိုးရိုးယုန္မွမဟုတ္တာ ယုန္မိစၧာေလ"
" အဟြတ္ အဟြတ္ "
အသားနင္သြားတဲ့သူ႔ကို က်န႔္ဝူက ခပ္ေအးေအးပင္ၾကၫ့္သည္။ သူ႔မ်က္ႏွာ နီရဲလာေလာက္ေအာင္ ေခ်ာင္းေတြဆိုးတာမရပ္ေတာ့မွ ေက်ာကိုလာပုတ္သည္။
" ေျဖးေျဖးစားပါ ။ ကိုကိုႀကိဳက္တယ္မဟုတ္လား။ "
" ႀကိဳက္တာက ႀကိဳက္ပါတယ္။ ဒါေပမယ့္ မိစၧာအသားေတာ့ငါမစားရဲဘူး။ ေရာ့ ငါဆက္မစားရဲေတာ့ဘူး"
အရသာက ေကာင္းလြန္းသၫ့္တိုင္ မိစၧာအသားကိုေတာ့ သူမစားရဲပါေခ်။
" အာ ခက္ၿပီကိုကိုရယ္။ မိစၧာသားဆိုတာက တစ္ခါစားၿပီးရင္ ကုန္ေအာင္စားရတယ္ကိုကိုရ။ ၿပီးေတာ့ ဒီေတာထဲမွာ ရိုးရိုးေတာေကာင္ေတြမွမရိွတာ မိစၧာပဲစားရတာေပါ့။ ကိုကိုအရင္က စားခဲ့တာက သာမန္ေတာေကာင္ေတြေရာ ဟုတ္ရဲ့လား"
က်န႔္ဝူေျပာမွ သူစဉ္းစားမိသည္။ ဆရာခ်က္ေကြၽးသၫ့္အသားဟင္းေတြကလည္း ယခုနည္းတူ ေကာင္းလြန္းသည္ပဲ။ ေျပာရလ်ွင္ျဖင့္ က်န႔္ဝူခ်က္တာကိုဆရာ့လက္ရာကမမွီေပမယ့္ သူ႔အထင္ ထိုအရာေတြကလည္း မိစၧာသားပဲျဖစ္ေနေလာက္သည္။
" ဆက္စားေတာ့မယ္ ျဖစ္ခ်င္ရာျဖစ္"
ျပန္ကမ္းထားတဲ့ လက္ကိုရုတ္ကာ သူျပန္စားေတာ့ က်န႔္ဝူက ေျပာင္ေခ်ာ္ေခ်ာ္ရယ္သည္။
" ဘာမွမျဖစ္ဘူး ကြၽန္ေတာ္ရိွတယ္။ လာကိုကို ဒီမွာ ေရေသာက္"
လက္ထဲထၫ့္ေပးလာသၫ့္ပုလင္းကိုယူကာ ေမာ့ေသာက္လိုက္ၿပီးမွ ငံု႔ၾကၫ့္မိေတာ့ ေက်ာက္စိမ္းပုလင္းျဖစ္ေန၏။ ေရက အနံ႔၊အရသာမရိွဟုဆိုသၫ့္တိုင္ ယခုေရက အနည္းငယ္ထူးကဲေနခဲ့သေယာင္....
စားေသာက္ၿပီးသၫ့္ေနာက္ က်န႔္ဝူႏွင့္သူ ေရာက္တတ္ရာရာေျပာျဖစ္ၾကသည္။ က်န႔္ဝူမွာလည္း သူ႔နည္းတူ အကိုေတြမ်ားသည္ ဟုဆို၏။ သူ႔ထက္သာသည္က အစ္မေတြပါ မ်ားျခင္းပင္။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေျပာရင္း ေနာက္ သူအိပ္ေပ်ာ္သြားခဲ့သည္ထင္သည္။
------------------------------------------------
" အားဝူလို့ ငါခေါ်လို့ရမလား"
သူ့ကိုသာ ရှောင်ယင်တွေ အားယင်တွေခေါ်နေကြပေမယ့် သူကတော့ အကုန်လုံးကိုတ၇ိုတသေတွေချည်းခေါ်နေရသည်။ ၀ူရှဲ့ကိုတောင်မှ တရင်းတနှီးမခေါ်ရဲသေးတာမို့ ကျန့်ဝူလို ချစ်စရာကောင်ငယ်လေးကိုတော့ လွတ်လွတ်လပ်လပ်ပြောဆိုချင်မိသည်။
" ရတာပေါ့ ကိုကိုကျူးယင်ရဲ့။ ကိုကို ကြိုက်သလိုသာခေါ်"
" ဒါဆို အားဝူပဲခေါ်မယ်။ ပြောပါဦး မင်းအရွယ်လေးနဲ့ တောကြီးထဲ တစ်ယောက်ထဲ ဘာလာလုပ်နေတာလဲ အကောင်ကြီးတွေကို မကြောက်ဘူးလား"
သူ့အမေးကို ကျန့်ဝူက ပြုံးစစမျက်နှာပေးနှင့် ဖြေသည်။
" ကျွန်တော်က ဒီ့ထက်ဆိုးတဲ့အကောင်တွေကိုတောင် တွေ့ဖူးတယ်ကိုကိုကျူးယင်ရ။ ကျွန်တော့်အဖေက ကျွန်တော့်ကိုဆို အရမ်းဆူတာ ကျွန်တော်က နားငြီးရင် ထွက်လာပြီး တစ်ယောက်ထဲလျှောက်သွားတာပဲ ကြောက်စရာဘာမှမရှိပါဘူး"
" ဟုတ်လား။ ငါ့ညီလေး သနားစရာပဲ"
သူက သည်းသည်းလှုပ်အချစ်ခံရသည့် မိသားစုတွင်ပျော်ပါးနေချိန် ဒီချစ်စရာကောင်ငယ်လေးကတော့ လမ်းပေါ်လေလွင့်နေရသည်။ ကံကအတော်ကွာလိုက်လေခြင်း။
" သနားတယ်... ကိုကိုကျူးယင်က ကျွန်တော့်ကိုသနားတယ်လို့ပြောလိုက်တာလား။ "
သူခေါင်းငြိမ့်တော့ ကျန့်ဝူက ရယ်သည် မခိုးမခန့်ဖြင့်...
" အဟား..။ "
" ဒါနဲ့ မင်း ဒီတောထဲမှာ လူနှစ်ယောက်လောက်ကို တွေ့လိုက်သေးလားဟင်။ အေးစက်ပြီး အရမ်းချောတဲ့အကိုတစ်ယောက်ရယ် ဆံပင်ကိုသိမ်းစည်းထားတဲ့ တည်ကြည်ခန့်ညားတဲ့အကိုတစ်ယောက်ရယ်ကိုလေ။ မင်းဒီတောထဲဝင်လာတော့ တွေ့လိုက်မိလား။"
သူ့အမေးအဆုံးမှာ သူသည်ပဲစိတ်ထင်၍လားမသိ ကျန့်ဝူ၏ပြောင်စပ်စပ်မျက်နှာပေးက တည်တန့်သွားကာ သူ့အားမှိုင်းညို့စွာ ရှုလာပါ၏။
" မတွေ့ပါဘူး ကိုကို။ သူတို့က ဘယ်သူတွေလဲဟင်။ ကိုကိုနဲ့ဘာတော်တာလဲ"
" မတွေ့ဘူးလား။ သြော် သိသိသာသာချောမောတဲ့တစ်ယောက်က ကိုကို့အကိုဝမ်းကွဲ အဟဲ နောက်တစ်ယောက်ကတော့ ဆရာပါ"
" သြော် ကိုကိုကျူးယင်မှာဆရာက တစ်ယောက်ထဲလား။ ကျွန်တော့်မှာဆို အများကြီးရှိတယ်။ "
လမ်းစရပြီမို့ ဆရာတွေကစပြီး ထိုကလေးအကြောင်းကိုဆက်မေးမည်အပြု ကျန့်ဝူက သူ့အင်္ကျီအတွင်းဘက်မှ ထုတ်လိုက်သည့်တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ကျောက်စရစ်ခဲဆွဲသီးလေး ပါဝင်တဲ့ ကြေးရောင်ဆွဲကြိုးလေးပင်။ ကြေးရောင်ဆိုသည့်တိုင် ထိုကြိုးက တဖျက်ဖျက်လက်နေပါ၏။
" ဒါ ဆရာတစ်ယောက်ပေးထားတာလေ။ ဒီဆွဲကြိုးကိုဆွဲထားရင် သုံးလောကက ဘယ်သူမှ ကျွန်တော့်ကို အန္တရာယ်ပြုလို့မရဘူးတဲ့။ ဒီဆွဲကြိုးရှိလို့ပဲ ကျွန်တော်ဒီလိုလျှောက်သွားနေနိုင်တာပေါ့။ မဟုတ်ရင် နတ်တွေရဲ့ရောင်ဝါကြောင့်သေတာဖြစ်ဖြစ်၊ မိစ္ဆာတွေကြောင့် သေတာဖြစ်ဖြစ် တောကောင်တွေကြောင့်ဒုက္ခရောက်တာဖြစ်ဖြစ် ကျွန်တော်သေပြီးနေလောက်ပြီ"
ဒီဆွဲကြိုးရှိ၍ ကျန့်ဝူက သူ့ကိုမြင်သည့်အခါ ရူးမသွားခဲ့တာဖြစ်မည်။ တော်သေးသည်ပေ။
" ကောင်းတာပေါ့။ ကိုယ်နဲ့မကွာဆောင်ထားနော်။ "
" ဟုတ်ကဲ့ ကိုကို။ ကိုကိုကျူးယင် ဗိုက်မဆာဘူးလား ကျွန်တော်အသားကင်ပေးမယ် ခဏစောင့်ပေးပါလား"
သူ့ကိုမေးပြီးသည်နှင့် အဖြေမတောင်းဘဲ ချက်ချင်းထရပ်ကာ မီးပုံအနီးသာ၍ တိုးကပ်သွားသော ကျန့်ဝူကို သူပြုံး၍သာ လိုက်ကြည့်ဖြစ်သည်။ ဒီကလေး အတော်ဆော့တာပဲ။
သူအစောကမမြင်ခဲ့တဲ့ မီးပုံဘေးမှ တောကောင်အလောင်းကြီးအား ဓားဖြင့်ခုတ်ဖြတ်ကာ ရေဖြင့်ဆေးကြောရင်း မီးနှင့်ကင်ဖို့ပြင်နေတဲ့ ကျန့်ဝူကိုကြည့်ရင်း သူသနားစိတ်ဝင်လာရသည်။ အဆောင်ဆွဲကြိုးသာမရှိလျှင် ကလေးမှာ ဒုက္ခရောက်နေလောက်ပြီ။ သူလည်း ဒုက္ခရောက်နေလောက်ပြီ။ သူ ဒီကလေးကိုမည်သို့ကျေးဇူးဆပ်သင့်သနည်း။ သူက နတ်ဆိုတော့ ဒီကလေးလိုချင်ရာ ဆုတစ်ခုတောင်းခိုင်းလိုက်ရမည်လား။ သို့ပေမယ့် သူကလည်း နတ်စွမ်းအားအသုံးပြုပုံကို ကျွမ်းကျင်ခြင်းမရှိသေးတော့ ခက်၏။ ပန်းပွင့်ပွင့်အောင်လုပ်ပြီး လက်ဆောင်ပေးလိုက်ရင်ရော သို့မဟုတ် ပန်းမျိုးစေ့ပေးလိုက်ရကောင်းမလား။
" ကိုကိုကျူးယင် စားလို့ရပြီ။ "
သူ့မှာ ယခုမှစတွေးရုံရှိသေးသည် အကင်က ကျက်ပြီလား။
ကျန့်ဝူက သူ့ကိုတုန့်ပြန်ခွင့်မပေးပြန် လက်ထဲသို့ တုတ်ထိုးအကင်အား ထည့်ပေးလာသည်။ ယခုမှ မွှေးအီလွန်းသည့် လတ်ဆတ်သည့်အသားရနံ့အား သတိပြုမိရသည်။
" မွှေးလိုက်တာ အားဝူရ ။ ဒါ ဘာအသားလဲဟင်"
" ယုန်သားလေ"
" ယုန်က အဲ့လောက်ကြီးလို့လား။ ခုနက ငါမြင်လိုက်တာတော့ အရွယ်က ၀က်လောက်ရှိပါတယ်။ ငါ့ညီက ငါ့ကိုလှည့်စားနေတာကိုး မင်းအကိုက ဒီလောက်မညံ့သေးပါဘူးကွာ"
အသားတစ်ဖဲ့စားလိုက်တော့ အရသာက အမှန်ပင် ထူးကဲလွန်းနေသည်။ လျှာပေါ်မှာ ချိုမြပြီးပျော်ဝင်သွားသည့်အပြင် စားလို့အရမ်းကောင်း၏။
" ကျွန်တော်က ယုန်ဆို ယုန်လိုက်ပေါ့ကိုကိုရာ။ ကျွန်တော်ဖမ်းလာတဲ့ယုန်က ရိုးရိုးယုန်မှမဟုတ်တာ ယုန်မိစ္ဆာလေ"
" အဟွတ် အဟွတ် "
အသားနင်သွားတဲ့သူ့ကို ကျန့်ဝူက ခပ်အေးအေးပင်ကြည့်သည်။ သူ့မျက်နှာ နီရဲလာလောက်အောင် ချောင်းတွေဆိုးတာမရပ်တော့မှ ကျောကိုလာပုတ်သည်။
" ဖြေးဖြေးစားပါ ။ ကိုကိုကြိုက်တယ်မဟုတ်လား။ "
" ကြိုက်တာက ကြိုက်ပါတယ်။ ဒါပေမယ့် မိစ္ဆာအသားတော့ငါမစားရဲဘူး။ ရော့ ငါဆက်မစားရဲတော့ဘူး"
အရသာက ကောင်းလွန်းသည့်တိုင် မိစ္ဆာအသားကိုတော့ သူမစားရဲပါချေ။
" အာ ခက်ပြီကိုကိုရယ်။ မိစ္ဆာသားဆိုတာက တစ်ခါစားပြီးရင် ကုန်အောင်စားရတယ်ကိုကိုရ။ ပြီးတော့ ဒီတောထဲမှာ ရိုးရိုးတောကောင်တွေမှမရှိတာ မိစ္ဆာပဲစားရတာပေါ့။ ကိုကိုအရင်က စားခဲ့တာက သာမန်တောကောင်တွေရော ဟုတ်ရဲ့လား"
ကျန့်ဝူပြောမှ သူစဉ်းစားမိသည်။ ဆရာချက်ကျွေးသည့်အသားဟင်းတွေကလည်း ယခုနည်းတူ ကောင်းလွန်းသည်ပဲ။ ပြောရလျှင်ဖြင့် ကျန့်ဝူချက်တာကိုဆရာ့လက်ရာကမမှီပေမယ့် သူ့အထင် ထိုအရာတွေကလည်း မိစ္ဆာသားပဲဖြစ်နေလောက်သည်။
" ဆက်စားတော့မယ် ဖြစ်ချင်ရာဖြစ်"
ပြန်ကမ်းထားတဲ့ လက်ကိုရုတ်ကာ သူပြန်စားတော့ ကျန့်ဝူက ပြောင်ချော်ချော်ရယ်သည်။
" ဘာမှမဖြစ်ဘူး ကျွန်တော်ရှိတယ်။ လာကိုကို ဒီမှာ ရေသောက်"
လက်ထဲထည့်ပေးလာသည့်ပုလင်းကိုယူကာ မော့သောက်လိုက်ပြီးမှ ငုံ့ကြည့်မိတော့ ကျောက်စိမ်းပုလင်းဖြစ်နေ၏။ ရေက အနံ့၊အရသာမရှိဟုဆိုသည့်တိုင် ယခုရေက အနည်းငယ်ထူးကဲနေခဲ့သယောင်....
စားသောက်ပြီးသည့်နောက် ကျန့်ဝူနှင့်သူ ရောက်တတ်ရာရာပြောဖြစ်ကြသည်။ ကျန့်ဝူမှာလည်း သူ့နည်းတူ အကိုတွေများသည် ဟုဆို၏။ သူ့ထက်သာသည်က အစ်မတွေပါ များခြင်းပင်။ တစ်ယောက်အကြောင်းတစ်ယောက်ပြောရင်း နောက် သူအိပ်ပျော်သွားခဲ့သည်ထင်သည်။
------------------------------------------------