Becoming Empress But she isn'...

By PannKhattWaiio

323K 40.1K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

၂၂

6.1K 935 31
By PannKhattWaiio

၂၁ရာစုအေနႏွင့္ဆိုလ်ွင္ ကားႏွစ္စီးလြတ္လြတ္ကြၽတ္ကြၽတ္သြားႏိုင္ေလာက္သၫ့္ လမ္းမႀကီးတြင္ လူေတြပ်ားပန္းခတ္မ်ွစည္ကား၍ေနသည္။ ထိုလမ္းေပၚတြင္ရပ္ကာသြားႏိုင္ဖို႔ရာအတြက္ သူ႔မွာအားအင္အကုန္သံုးကာ တိုးေဝ႔ွေနရသည္။ သီနတ္ဘုရားက ကိုယ္ေရာင္ေဖ်ာက္ကာသြားမည္ ဟုအဆိုျပဳျခင္းအား ဆရာကျငင္းဆန္ခဲ့သည္ကို သူမေက်နပ္ျဖစ္မိသည္။

' ဒီတစ္ခုေတာ့ ဆရာမွားသြားၿပီ'

သူ႔ကိုေနာက္ဆံုးသို႔ပို႔ထားခဲ့တဲ့ဆရာက ရုတ္ခ်ည္းသူ႔ေနာက္သို႔ေရြ့သြားကာ သူ႔ပခံုးႏွစ္ဖက္ကို ခပ္တင္းတင္းကိုင္လိုက္သျဖင့္ အလိုအေလ်ာက္ ကိုယ္မွာက်ံဳ႔သြားရသည္။ သီနတ္ဘုရားသည္လည္း အေနာက္သို႔ျပန္ေရာက္လာကာ သူ႔ေရ႔ွကပ္လ်က္တြင္ မားမားမတ္မတ္ရပ္လိုက္မႈေၾကာင့္ အေနအထားအရ သူက ဆရာႏွင့္သီၾကားတြင္ ညပ္သြားသည္။ ေဘးဘက္မွတိုးလာသၫ့္လူေတြမွာ သီနတ္ဘုရားႏွင့္ဆရာ့ကို သတိျပဳမိသြားသၫ့္အခိုက္ အလိုအေလ်ာက္ ရွဲသြားပါ၏။ သီနတ္ဘုရား၏ ေခ်ာေမာျခင္းႏွင့္ ဆရာ့၏ခန႔္ညားျခင္းေတြက အသံုးဝင္ပံုရကာ ယခင္ကတိုးေဝ႔ွေနၾကသူေတြမွာ ယခုေတာ့ ေငးၾကၫ့္၍သာေနေတာ့သည္။

သို႔ေပမယ့္ ဆရာက သူ႔ပခံုးႏွစ္ဖက္ကို ဖိဆုပ္ကာကိုင္ထားဆဲျဖစ္သလို သီနတ္ဘုရားမွာလည္း သူ႔ေရ႔ွကပ္လ်က္မွေလ်ွာက္လွမ္းေနဆဲပါေပ။ ထို႔ေၾကာင့္မို႔ သူကလူေတြအားျမင္ရသၫ့္တိုင္ ထိုလူေတြကေတာ့ သူ႔ကိုသတိပင္ထားမည္ၾကမည္မဟုတ္။

က်ဉ္းက်ပ္လြန္းသၫ့္အေနအထားကို အတန္ၾကာေတာင့္ခံၿပီးသၫ့္ေနာက္မွာေတာ့ ႀကီးမားလွသၫ့္အေဆာက္အအံုေရ႔ွတြင္ ရပ္မိၾကသည္။ ' ရွန္းဟြာ စားေသာက္ဆိုင္' ဟုေရးထိုးထားသၫ့္ဆိုင္းဘုတ္ႀကီးကိုက ခမ္းနားလြန္းေနသၫ့္အဆိုပါဆိုင္မွာ အျပင္အဆင္အရ သာမန္မဟုတ္မွန္းသိႏိုင္သည္။ ေရွးေခတ္ဇာတ္လမ္းေတြမွာပါဝင္ေနၾကျဖစ္ေသာ ေဆာင္ၾကာၿမိဳင္ဆန္ဆန္အေဆာက္အအံုႀကီးေပမို႔ ေဘးတစ္ခ်က္တစ္ခ်က္ဆီတြင္ ရပ္ေနၾကေသာ ဆရာႏွင့္သီနတ္ဘုရားကို မသိမသာၾကၫ့္လိုက္မိသည္။

' ဆရာ သီနတ္ဘုရား ဒီထဲကိုဝင္မွာေတာ့ မဟုတ္ပါဘူးေနာ္။ ဒီဆိုင္က ဆရာ့လို ျမင့္ျမတ္တဲ့သူမ်ိဳးနဲ႔မသင့္ေတာ္ပါဘူး။ သီနတ္ဘုရား အရွင္နတ္မင္းရဲ့အက်င့္နဲ႔ဆို ဒီဆိုင္မီးကြၽမ္းႏိုင္ပါတယ္ မ၀င္သင့္ပါဘူး မ၀င္သင့္ပါဘူး'

ေအာက္ႏႈတ္ခမ္းကို တြင္တြင္ကိုက္ကာ အေတြးျဖင့္တားျမစ္ေနတဲ့သူ႔ကို ေလွာင္ေျပာင္စြာျဖင့္ အဆိုပါအထက္ပုဂၢိုလ္တို႔မွာ ႂကြၾကြရြရြလွမ္းဝင္သြားၾကပါ၏။

သက္ျပင္းတြင္တြင္ခ်ရင္း ခပ္ေလးေလးဝင္လိုက္သြားေတာ့ ႏွာေခါင္းအတြင္းမႊန္ကာဝင္လာေသာ မိတ္ကပ္အနံ႔ေတြႏွင့္အတူ မိန္းမႏွစ္ေယာက္က သူ႔လက္ကိုလာဆြဲၾကသည္။

" သခင္ေလး သခင္ေလးက အရမ္းေခ်ာတာပဲ။ "

" သခင္ေလးရဲ့အသားအရည္က ႏူးညံ့ေနတာပဲ။ အရမ္းကိုင္လို႔ေကာင္းတာပဲ"

" သခင္ေလး ညီမနဲ႔အတူ တစ္ညတာမကုန္ဆံုးခ်င္ဘူးလားဟင္"

" သခင္ေလး စိတ္ေက်နပ္ေအာင္ ညီမကျပဳစုေပးမွာ သခင္ေလး ကြၽန္မကိုေခၚေနာ္"

ထူထဲေလာက္မၫ့္မိတ္ကပ္ေတြကိုမ်ွမေထာက္ ထိုမ်က္ႏွာႀကီးေတျြဖင့္ သူ႔ပခံုးအားပြတ္တိုက္ကာ ျမဴေနေတာ့ သူ႔မွာမနည္းေရွာင္ဖယ္ေနရသည္။ ဆရာႏွင့္သီနတ္ဘုရားတို႔ထံလွမ္းၾကၫ့္ေတာ့ နေဘးတြင္မိန္းမလွမ်ားဝိုင္းေနသၫ့္တိုင္ တည္တင္းလြန္းေသာမ်က္ႏွာထားေတြေၾကာင့္ အနားမကပ္ရဲၾက။ ခပ္လွမ္းလွမ္းမွသာ ဝိုင္းဝန္းေအာ္ဟစ္ေနၾကသည္။

ႏွစ္ဦးသားသူ႔ထံလွၫ့္ၾကၫ့္လာသၫ့္အခိုက္ သူ႔အားေတာက္တဲ့လိုကပ္တြယ္ေနၾကေသာ မိန္းမႏွစ္ေယာက္မွာ အျမန္လက္လႊတ္သြားၾကသည္။ စူးရႈလြန္းေသာဆရာ့အၾကၫ့္ႏွင့္ ေက်ာခ်မ္းဖြယ္ေကာင္းေသာနတ္ဘုရားႀကီးတို႔၏အၾကၫ့္က အက်ိဳးသက္ေရာက္ပံုရသည္၊ ထိုမိန္းမႏွစ္ေယာက္မွာ သူႏွင့္ခပ္လွမ္းလွမ္းသို႔ေရြ့သြားၾကပါ၏။

" လာ အနားကမခြာနဲ႔။ "

သူ႔ဆီျပန္ေလ်ွာက္လာကာ လက္ကိုဆြဲလ်က္ေခၚေနစဉ္မွာပင္ ဆရာ့ရဲ့အၾကၫ့္ေတြက နေဘးမွမိန္းမေတြအား ျဖန႔္ေဝလ်က္ ၊ သာယာ၍မဟုတ္ ရြံ႔ရွာေနဟန္ျဖင့္။

သီနတ္ဘုရားထိုင္ေနေသာ စားပြဲသို႔ သူတို႔သြားေတာ့ ေက်ာက္ရုပ္ႀကီးလိုမတုန္မလႈပ္ျဖစ္ေနသၫ့္သီအား ေမးျမန္းေနခဲ့ပံုရေသာစားပြဲထိုးက သက္ျပင္းခ်၏။ သူတို႔ကိုသာေမးျမန္းရန္ဆံုးျဖတ္လိုက္ပံုရသၫ့္စားပြဲထိုးလူငယ္ကို သူၿပံဳးျပေတာ့ သူ႔အားယခုမျွမင္သလို ျပဴးက်ယ္ေသာမ်က္ဝန္းအစံုျဖင့္စိုက္ၾကၫ့္လာသည္။ ျပန္လည္ၿပံဳးျပျခင္းမ်ိဳးလည္းမရိွဘဲ ေတာင့္ေတာင့္ႀကီးရပ္၍သာ ျပဴးေၾကာင္ေၾကာင္ႀကီးဆက္ၾကၫ့္ေနသၫ့္စားပြဲထိုးကို လ်စ္လ်ူရႈလိုက္ၿပီး စားပြဲေပၚရိွ ဟင္းလ်ာအမည္စာရင္းကိုသာ လွန္ၾကၫ့္လိုက္သည္။

ေရနန္းေတာ္မွာ ေတြးေတာစရာေတြမ်ားခဲ့၍လား ဗိုက္ကိုကမဆာခဲ့သည္မို႔လားမသိ စားဖို႔ကိုသူေမ့ေနခဲ့ရာ ယခုဆိုင္အတြင္းမွ သင္းပ်ံ့ေနေသာဟင္းရနံ႔ေတြေၾကာင့္ ဗိုက္ဆာသေယာင္ျဖစ္လာရေလၿပီ။

" ဒါ ဒါ ဒါ ဒါေရာ ဒါေရာ အျမန္လုပ္ေပးေနာ္အကို "

အေပၚသို႔ေမာ့မၾကၫ့္ဘဲ ဟင္းလ်ာစာရင္းတြင္သာ လက္ညိုးထိုး၍ တစ္ခုၿပီးတစ္ခုမွာၿပီးသၫ့္တိုင္ စကားျပန္မရသၫ့္အျဖစ္ေၾကာင့္ အျပစ္တင္ရန္ပင့္ေမာ့ၾကၫ့္မိသၫ့္အခိုက္ ပါးစပ္ေဟာင္းေလာင္းအျဖစ္သို႔ေရာက္ရသည္။ လူငယ္စားပြဲထိုးသည္ ၿပံဳးၿဖီးလြန္းေသာမ်က္ႏွာျဖင့္ စားပြဲတစ္ဖက္ျခမ္းမွေန၍စားပြဲေပၚသို႔ငံု႔ကိုင္းကာ သူ႔အနီးသို႔တိုးကပ္ၿပီး သူ႔အားၿပီတီတီၾကၫ့္ေနပါ၏။

" ဘာ ဘာျဖစ္သြားတာလဲ"

သူ႔ကိုသာ ခပ္ေအးေအးရႈေနခဲ့သၫ့္သီနတ္ဘုရားက စားပြဲထိုးအားတစ္ခ်က္ၾကၫ့္ကာ တံုးတိေျဖသည္။

" ရူးသြားတာ"

" ဟမ္ ရူးသြားတာ ဟုတ္လား"

သူကေမးျမန္းေနေသာ္ျငား တန္ခိုးႀကီးလွပါေသာနတ္မင္းမွာေျဖခ်င္ပံုမရဘဲ ႏႈတ္ခမ္းကိုေစ့ပိတ္လိုက္၏။သူ ဆရာ့ဘက္သို႔လွၫ့္ၾကၫ့္ကာ မ်က္ေတာင္ႏွစ္ခ်က္မ်ွခတ္လိုက္ေတာ့ ဆရာက သက္ျပင္းခ်သည္။

" သီနတ္မင္းက မင္းရဲ့နတ္တန္ခိုးေတြ၊ အရိွန္အဝါေတြကို ေဖ်ာက္ထားေပးေပမယ့္ ......... "

စကားကိုရပ္ကာ သူ႔မ်က္ႏွာအား တဖန္ေစ့ေစ့ၾကၫ့္သည္။ ပတ္ဝန္းက်င္ေၾကာင့္စိတ္ပ်က္ေနပံုရတဲ့အၾကၫ့္ေတြမွ ခ်ိဳသာျခင္းေတြသို႔ေျပာင္းသြားကာ

" ငါ့တပၫ့္ရဲ့ မ်က္ႏွာလွလွေလးကိုေတာ့ ရုပ္ဆိုးေအာင္ေျပာင္းမရခဲ့ဘူး ရုပ္ေျပာင္းလိုက္ရင္လည္း ငါ့တပၫ့္က လွေနဦးမွာဆိုေတာ့ ဒီအတိုင္းထားလိုက္တယ္ထင္တယ္။ အဲ့ဒါေၾကာင့္ ဒီလူသားက ရူးသြားတာ။ ငါ့တပၫ့္ရဲ့အလွကိုေတာင့္မခံႏိုင္လို႔ေလ။ လူသားေတြက ခံႏိုင္ရည္မရိွဘူး"

စကားဆံုးသၫ့္ေနာက္ ဆရာ့မ်က္ႏွာက အနည္းငယ္နီသြားသည္က သူပဲစိတ္ထင္၍လားမသိ။ သူေျပာမည္ျပင္လိုက္စဉ္မွာပဲ စားပြဲကိုအသံမည္ေအာင္ ရိုက္လိုက္သၫ့္သီနတ္ဘုရားေၾကာင့္ စကားလံုးေတြကို ျပန္ၿမိဳခ်လိုက္ရ၏။

" ငါတို႔တျခားနည္းလမ္းနဲ႔ စံုစမ္းၾကတာေပါ့။ ဒီ ... ငါ ျဖစ္မွာမဟုတ္ဘူး"

ခပ္ျမန္ျမန္ထရပ္ကာ စားပြဲထိုးကိုသာ မ်က္ေမွာင္က်ံဳ႔ၾကၫ့္ေနသၫ့္သီနတ္ဘုရားေၾကာင့္ သူႏွင့္ဆရာပါ ထရပ္လိုက္ရသည္။ မၾကာမွီေရာက္လာမၫ့္စားဖြယ္ေတြကို သူသံုးေဆာင္ႏိုင္ေတာ့မည္မထင္ေတာ့။ နတ္ေတြကလွလြန္းေတာ့ လူသားေတြရူးၾကတယ္ပဲဆိုဆို မွာၿပီးမစားဘဲထားခဲ့တာက ရိုင္းသလိုျဖစ္တယ္မဟုတ္ဘူးလား......... ဒါက

" ယင္ေလးက အဲ့ဒါေတြကို စားခ်င္ေသးတယ္ေပါ့"

သူ႔အေတြးေတြၾကားမွထိုးထြက္လာသၫ့္ စကားသံေၾကာင့္ ပတ္ဝန္းက်င္ကိုအလ်ွင္ပတ္ၾကၫ့္လိုက္မိသည္။

" ကိုယ္က ဒီမွာေလ။ ဘယ္ေတြေလ်ွာက္ၾကၫ့္ေနတာလဲ"

စိတ္ထဲမွသာ သူျပန္ေမးၾကၫ့္လိုက္သည္။

" ဝူရွဲ႔ မင္း မင္းေျပာတာကို သီနတ္ဘုရားၾကား...."

" မၾကားပါဘူး စိတ္ပူမေနနဲ႔။ ၾကားရင္အဲ့နတ္မင္းက ဒီလိုမေနဘူး"

" ဒါဆို ငါတို႔ေတြပဲ ၾကားရတာေပါ့"

လာစဉ္ကလိုပင္ တည္တည္ၿငိမ္ၿငိမ္ျပန္ထြက္ေနၾကတဲ့နတ္ႏွစ္ပါးေနာက္မွလိုက္ရင္း ဝူရွဲ႔ႏွင့္သူစကားေျပာျဖစ္သည္။

" အင္း ။ စားပြဲထိုးက လူသားဆိုေတာ့ ယင္ေလးကိုျမင္တာနဲ႔ရူးတာပံုမွန္ပါပဲ။ "

" ဒါဆို ဟိုမိန္းမေတြကေရာ"

" သူတို႔ကလူမွမဟုတ္တာ။ သီနတ္ဘုရားနဲ႔ ဦးရီးေတာ္က စားဖို႔အတြက္နဲ႔ဒီဆိုင္ထဲဝင္တယ္ထင္လို႔လား ဒီဆိုင္မွာမိစၧာေတြရိွလို႔သာ စံုစမ္းဖို႔ဝင္လာတာ။ အခုေတာ့ သည္းမခံႏိုင္ေတာ့တဲ့ပံုပါပဲ"

" ေၾသာ္ ေတာ္ေသးတာေပါ့။ မိစၧာေတြခ်က္တဲ့စားစရာကို ကြၽန္ေတာ္စားမိေတာ့မလို႔။ အန္ေတာင္အန္ခ်င္လာၿပီ"

" အဟက္ "

" အာ ဝူရွဲ႔"

"အင္း"

" စားပြဲထိုးက ကြၽန္ေတာ့္ထက္စာရင္ သီနတ္ဘုရားကိုအရင္ျမင္တာမဟုတ္လား။ ကြၽန္ေတာ္နဲ႔စာရင္ သီနတ္ဘုရားက ပိုေခ်ာတာေလ ဒါေပမယ့္ အဲ့ဒိတုန္းက ဘာလို႔အေကာင္းအတိုင္းပဲရိွေနတာလဲ"

" ပိုေခ်ာတယ္ အဟား ငါ့ရဲ့ယင္ေလးထက္ ဘယ္သူကမ်ားပိုေခ်ာရမွာလဲ။ ေခ်ာတာမဟုတ္ဘူး လွတာ လမင္းႀကီးေတာင္ငိုေႂကြးရေအာင္ လွတာ။ ၾကယ္ေတြေတာင္ အလင္းမိွန္တဲ့အထိ၊ တိမ္ေတြကေပ်ာက္ကြယ္ေပးရတဲ့အထိ၊ နတ္သက္ေႁခြပန္းေတာင္ မယွဉ္ႏိုင္ေတာ့တဲ့အထိ ယင္ေလးက အရမ္းကိုလွတာ။ သံုးေလာကမွာ ယင္ေလးနဲ႔ယွဉ္ႏိုင္တဲ့အရာ ဘာမွမရိွဘူး"

ၾသရႈသၫ့္အသံကို နီးနီးကပ္ကပ္ႀကီးၾကားေနရလို႔လားမသိ သူရွက္လာသလို ခံစားရသည္။

" ဒါနဲ႔ နတ္သက္ေႁခြပန္းက ပန္းနာမည္သက္သက္လား"

သူက စကားလႊဲရံုေမးလိုက္ေပမယ့္ စစ္ဝူရွဲ႔က ျပန္ေျဖမလာခဲ့ေတာ့။ သိသိသာသာကိုတိတ္က်သြားသၫ့္တိုင္ သက္ျပင္းခ်သံကိုၾကားမိလိုက္ေသးသည္။

သီနတ္ဘုရား မိသြားမွာေၾကာက္လို႔မ်ားလား.....

--------------------------------------------------------------------------------
၂၁ရာစုအနေနှင့်ဆိုလျှင် ကားနှစ်စီးလွတ်လွတ်ကျွတ်ကျွတ်သွားနိုင်လောက်သည့် လမ်းမကြီးတွင် လူတွေပျားပန်းခတ်မျှစည်ကား၍နေသည်။ ထိုလမ်းပေါ်တွင်ရပ်ကာသွားနိုင်ဖို့ရာအတွက် သူ့မှာအားအင်အကုန်သုံးကာ တိုးဝှေ့နေရသည်။ သီနတ်ဘုရားက ကိုယ်ရောင်ဖျောက်ကာသွားမည် ဟုအဆိုပြုခြင်းအား ဆရာကငြင်းဆန်ခဲ့သည်ကို သူမကျေနပ်ဖြစ်မိသည်။

' ဒီတစ်ခုတော့ ဆရာမှားသွားပြီ'

သူ့ကိုနောက်ဆုံးသို့ပို့ထားခဲ့တဲ့ဆရာက ရုတ်ချည်းသူ့နောက်သို့ရွေ့သွားကာ သူ့ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းကိုင်လိုက်သဖြင့် အလိုအလျောက် ကိုယ်မှာကျုံ့သွားရသည်။ သီနတ်ဘုရားသည်လည်း အနောက်သို့ပြန်ရောက်လာကာ သူ့ရှေ့ကပ်လျက်တွင် မားမားမတ်မတ်ရပ်လိုက်မှုကြောင့် အနေအထားအရ သူက ဆရာနှင့်သီကြားတွင် ညပ်သွားသည်။ ဘေးဘက်မှတိုးလာသည့်လူတွေမှာ သီနတ်ဘုရားနှင့်ဆရာ့ကို သတိပြုမိသွားသည့်အခိုက် အလိုအလျောက် ရှဲသွားပါ၏။ သီနတ်ဘုရား၏ ချောမောခြင်းနှင့် ဆရာ့၏ခန့်ညားခြင်းတွေက အသုံးဝင်ပုံရကာ ယခင်ကတိုးဝှေ့နေကြသူတွေမှာ ယခုတော့ ငေးကြည့်၍သာနေတော့သည်။

သို့ပေမယ့် ဆရာက သူ့ပခုံးနှစ်ဖက်ကို ဖိဆုပ်ကာကိုင်ထားဆဲဖြစ်သလို သီနတ်ဘုရားမှာလည်း သူ့ရှေ့ကပ်လျက်မှလျှောက်လှမ်းနေဆဲပါပေ။ ထို့ကြောင့်မို့ သူကလူတွေအားမြင်ရသည့်တိုင် ထိုလူတွေကတော့ သူ့ကိုသတိပင်ထားမည်ကြမည်မဟုတ်။

ကျဉ်းကျပ်လွန်းသည့်အနေအထားကို အတန်ကြာတောင့်ခံပြီးသည့်နောက်မှာတော့ ကြီးမားလှသည့်အဆောက်အအုံရှေ့တွင် ရပ်မိကြသည်။ ' ရှန်းဟွာ စားသောက်ဆိုင်' ဟုရေးထိုးထားသည့်ဆိုင်းဘုတ်ကြီးကိုက ခမ်းနားလွန်းနေသည့်အဆိုပါဆိုင်မှာ အပြင်အဆင်အရ သာမန်မဟုတ်မှန်းသိနိုင်သည်။ ရှေးခေတ်ဇာတ်လမ်းတွေမှာပါဝင်နေကြဖြစ်သော ဆောင်ကြာမြိုင်ဆန်ဆန်အဆောက်အအုံကြီးပေမို့ ဘေးတစ်ချက်တစ်ချက်ဆီတွင် ရပ်နေကြသော ဆရာနှင့်သီနတ်ဘုရားကို မသိမသာကြည့်လိုက်မိသည်။

' ဆရာ သီနတ်ဘုရား ဒီထဲကိုဝင်မှာတော့ မဟုတ်ပါဘူးနော်။ ဒီဆိုင်က ဆရာ့လို မြင့်မြတ်တဲ့သူမျိုးနဲ့မသင့်တော်ပါဘူး။ သီနတ်ဘုရား အရှင်နတ်မင်းရဲ့အကျင့်နဲ့ဆို ဒီဆိုင်မီးကျွမ်းနိုင်ပါတယ် မ၀င်သင့်ပါဘူး မ၀င်သင့်ပါဘူး'

အောက်နှုတ်ခမ်းကို တွင်တွင်ကိုက်ကာ အတွေးဖြင့်တားမြစ်နေတဲ့သူ့ကို လှောင်ပြောင်စွာဖြင့် အဆိုပါအထက်ပုဂ္ဂိုလ်တို့မှာ ကြွကြွရွရွလှမ်းဝင်သွားကြပါ၏။

သက်ပြင်းတွင်တွင်ချရင်း ခပ်လေးလေးဝင်လိုက်သွားတော့ နှာခေါင်းအတွင်းမွှန်ကာဝင်လာသော မိတ်ကပ်အနံ့တွေနှင့်အတူ မိန်းမနှစ်ယောက်က သူ့လက်ကိုလာဆွဲကြသည်။

" သခင်လေး သခင်လေးက အရမ်းချောတာပဲ။ "

" သခင်လေးရဲ့အသားအရည်က နူးညံ့နေတာပဲ။ အရမ်းကိုင်လို့ကောင်းတာပဲ"

" သခင်လေး ညီမနဲ့အတူ တစ်ညတာမကုန်ဆုံးချင်ဘူးလားဟင်"

" သခင်လေး စိတ်ကျေနပ်အောင် ညီမကပြုစုပေးမှာ သခင်လေး ကျွန်မကိုခေါ်နော်"

ထူထဲလောက်မည့်မိတ်ကပ်တွေကိုမျှမထောက် ထိုမျက်နှာကြီးတွေဖြင့် သူ့ပခုံးအားပွတ်တိုက်ကာ မြူနေတော့ သူ့မှာမနည်းရှောင်ဖယ်နေရသည်။ ဆရာနှင့်သီနတ်ဘုရားတို့ထံလှမ်းကြည့်တော့ နဘေးတွင်မိန်းမလှများဝိုင်းနေသည့်တိုင် တည်တင်းလွန်းသောမျက်နှာထားတွေကြောင့် အနားမကပ်ရဲကြ။ ခပ်လှမ်းလှမ်းမှသာ ၀ိုင်းဝန်းအော်ဟစ်နေကြသည်။

နှစ်ဦးသားသူ့ထံလှည့်ကြည့်လာသည့်အခိုက် သူ့အားတောက်တဲ့လိုကပ်တွယ်နေကြသော မိန်းမနှစ်ယောက်မှာ အမြန်လက်လွှတ်သွားကြသည်။ စူးရှုလွန်းသောဆရာ့အကြည့်နှင့် ကျောချမ်းဖွယ်ကောင်းသောနတ်ဘုရားကြီးတို့၏အကြည့်က အကျိုးသက်ရောက်ပုံရသည်၊ ထိုမိန်းမနှစ်ယောက်မှာ သူနှင့်ခပ်လှမ်းလှမ်းသို့ရွေ့သွားကြပါ၏။

" လာ အနားကမခွာနဲ့။ "

သူ့ဆီပြန်လျှောက်လာကာ လက်ကိုဆွဲလျက်ခေါ်နေစဉ်မှာပင် ဆရာ့ရဲ့အကြည့်တွေက နဘေးမှမိန်းမတွေအား ဖြန့်ဝေလျက် ၊ သာယာ၍မဟုတ် ရွံ့ရှာနေဟန်ဖြင့်။

သီနတ်ဘုရားထိုင်နေသော စားပွဲသို့ သူတို့သွားတော့ ကျောက်ရုပ်ကြီးလိုမတုန်မလှုပ်ဖြစ်နေသည့်သီအား မေးမြန်းနေခဲ့ပုံရသောစားပွဲထိုးက သက်ပြင်းချ၏။ သူတို့ကိုသာမေးမြန်းရန်ဆုံးဖြတ်လိုက်ပုံရသည့်စားပွဲထိုးလူငယ်ကို သူပြုံးပြတော့ သူ့အားယခုမှမြင်သလို ပြူးကျယ်သောမျက်ဝန်းအစုံဖြင့်စိုက်ကြည့်လာသည်။ ပြန်လည်ပြုံးပြခြင်းမျိုးလည်းမရှိဘဲ တောင့်တောင့်ကြီးရပ်၍သာ ပြူးကြောင်ကြောင်ကြီးဆက်ကြည့်နေသည့်စားပွဲထိုးကို လျစ်လျူရှုလိုက်ပြီး စားပွဲပေါ်ရှိ ဟင်းလျာအမည်စာရင်းကိုသာ လှန်ကြည့်လိုက်သည်။

ရေနန်းတော်မှာ တွေးတောစရာတွေများခဲ့၍လား ဗိုက်ကိုကမဆာခဲ့သည်မို့လားမသိ စားဖို့ကိုသူမေ့နေခဲ့ရာ ယခုဆိုင်အတွင်းမှ သင်းပျံ့နေသောဟင်းရနံ့တွေကြောင့် ဗိုက်ဆာသယောင်ဖြစ်လာရလေပြီ။

" ဒါ ဒါ ဒါ ဒါရော ဒါရော အမြန်လုပ်ပေးနော်အကို "

အပေါ်သို့မော့မကြည့်ဘဲ ဟင်းလျာစာရင်းတွင်သာ လက်ညိုးထိုး၍ တစ်ခုပြီးတစ်ခုမှာပြီးသည့်တိုင် စကားပြန်မရသည့်အဖြစ်ကြောင့် အပြစ်တင်ရန်ပင့်မော့ကြည့်မိသည့်အခိုက် ပါးစပ်ဟောင်းလောင်းအဖြစ်သို့ရောက်ရသည်။ လူငယ်စားပွဲထိုးသည် ပြုံးဖြီးလွန်းသောမျက်နှာဖြင့် စားပွဲတစ်ဖက်ခြမ်းမှနေ၍စားပွဲပေါ်သို့ငုံ့ကိုင်းကာ သူ့အနီးသို့တိုးကပ်ပြီး သူ့အားပြီတီတီကြည့်နေပါ၏။

" ဘာ ဘာဖြစ်သွားတာလဲ"

သူ့ကိုသာ ခပ်အေးအေးရှုနေခဲ့သည့်သီနတ်ဘုရားက စားပွဲထိုးအားတစ်ချက်ကြည့်ကာ တုံးတိဖြေသည်။

" ရူးသွားတာ"

" ဟမ် ရူးသွားတာ ဟုတ်လား"

သူကမေးမြန်းနေသော်ငြား တန်ခိုးကြီးလှပါသောနတ်မင်းမှာဖြေချင်ပုံမရဘဲ နှုတ်ခမ်းကိုစေ့ပိတ်လိုက်၏။သူ ဆရာ့ဘက်သို့လှည့်ကြည့်ကာ မျက်တောင်နှစ်ချက်မျှခတ်လိုက်တော့ ဆရာက သက်ပြင်းချသည်။

" သီနတ်မင်းက မင်းရဲ့နတ်တန်ခိုးတွေ၊ အရှိန်အ၀ါတွေကို ဖျောက်ထားပေးပေမယ့် ......... "

စကားကိုရပ်ကာ သူ့မျက်နှာအား တဖန်စေ့စေ့ကြည့်သည်။ ပတ်ဝန်းကျင်ကြောင့်စိတ်ပျက်နေပုံရတဲ့အကြည့်တွေမှ ချိုသာခြင်းတွေသို့ပြောင်းသွားကာ

" ငါ့တပည့်ရဲ့ မျက်နှာလှလှလေးကိုတော့ ရုပ်ဆိုးအောင်ပြောင်းမရခဲ့ဘူး ရုပ်ပြောင်းလိုက်ရင်လည်း ငါ့တပည့်က လှနေဦးမှာဆိုတော့ ဒီအတိုင်းထားလိုက်တယ်ထင်တယ်။ အဲ့ဒါကြောင့် ဒီလူသားက ရူးသွားတာ။ ငါ့တပည့်ရဲ့အလှကိုတောင့်မခံနိုင်လို့လေ။ လူသားတွေက ခံနိုင်ရည်မရှိဘူး"

စကားဆုံးသည့်နောက် ဆရာ့မျက်နှာက အနည်းငယ်နီသွားသည်က သူပဲစိတ်ထင်၍လားမသိ။ သူပြောမည်ပြင်လိုက်စဉ်မှာပဲ စားပွဲကိုအသံမည်အောင် ရိုက်လိုက်သည့်သီနတ်ဘုရားကြောင့် စကားလုံးတွေကို ပြန်မြိုချလိုက်ရ၏။

" ငါတို့တခြားနည်းလမ်းနဲ့ စုံစမ်းကြတာပေါ့။ ဒီ ... ငါ ဖြစ်မှာမဟုတ်ဘူး"

ခပ်မြန်မြန်ထရပ်ကာ စားပွဲထိုးကိုသာ မျက်မှောင်ကျုံ့ကြည့်နေသည့်သီနတ်ဘုရားကြောင့် သူနှင့်ဆရာပါ ထရပ်လိုက်ရသည်။ မကြာမှီရောက်လာမည့်စားဖွယ်တွေကို သူသုံးဆောင်နိုင်တော့မည်မထင်တော့။ နတ်တွေကလှလွန်းတော့ လူသားတွေရူးကြတယ်ပဲဆိုဆို မှာပြီးမစားဘဲထားခဲ့တာက ရိုင်းသလိုဖြစ်တယ်မဟုတ်ဘူးလား......... ဒါက

" ယင်လေးက အဲ့ဒါတွေကို စားချင်သေးတယ်ပေါ့"

သူ့အတွေးတွေကြားမှထိုးထွက်လာသည့် စကားသံကြောင့် ပတ်ဝန်းကျင်ကိုအလျှင်ပတ်ကြည့်လိုက်မိသည်။

" ကိုယ်က ဒီမှာလေ။ ဘယ်တွေလျှောက်ကြည့်နေတာလဲ"

စိတ်ထဲမှသာ သူပြန်မေးကြည့်လိုက်သည်။

" ၀ူရှဲ့ မင်း မင်းပြောတာကို သီနတ်ဘုရားကြား...."

" မကြားပါဘူး စိတ်ပူမနေနဲ့။ ကြားရင်အဲ့နတ်မင်းက ဒီလိုမနေဘူး"

" ဒါဆို ငါတို့တွေပဲ ကြားရတာပေါ့"

လာစဉ်ကလိုပင် တည်တည်ငြိမ်ငြိမ်ပြန်ထွက်နေကြတဲ့နတ်နှစ်ပါးနောက်မှလိုက်ရင်း ၀ူရှဲ့နှင့်သူစကားပြောဖြစ်သည်။

" အင်း ။ စားပွဲထိုးက လူသားဆိုတော့ ယင်လေးကိုမြင်တာနဲ့ရူးတာပုံမှန်ပါပဲ။ "

" ဒါဆို ဟိုမိန်းမတွေကရော"

" သူတို့ကလူမှမဟုတ်တာ။ သီနတ်ဘုရားနဲ့ ဦးရီးတော်က စားဖို့အတွက်နဲ့ဒီဆိုင်ထဲဝင်တယ်ထင်လို့လား ဒီဆိုင်မှာမိစ္ဆာတွေရှိလို့သာ စုံစမ်းဖို့ဝင်လာတာ။ အခုတော့ သည်းမခံနိုင်တော့တဲ့ပုံပါပဲ"

" သြော် တော်သေးတာပေါ့။ မိစ္ဆာတွေချက်တဲ့စားစရာကို ကျွန်တော်စားမိတော့မလို့။ အန်တောင်အန်ချင်လာပြီ"

" အဟက် "

" အာ ၀ူရှဲ့"

"အင်း"

" စားပွဲထိုးက ကျွန်တော့်ထက်စာရင် သီနတ်ဘုရားကိုအရင်မြင်တာမဟုတ်လား။ ကျွန်တော်နဲ့စာရင် သီနတ်ဘုရားက ပိုချောတာလေ ဒါပေမယ့် အဲ့ဒိတုန်းက ဘာလို့အကောင်းအတိုင်းပဲရှိနေတာလဲ"

" ပိုချောတယ် အဟား ငါ့ရဲ့ယင်လေးထက် ဘယ်သူကများပိုချောရမှာလဲ။ ချောတာမဟုတ်ဘူး လှတာ လမင်းကြီးတောင်ငိုကြွေးရအောင် လှတာ။ ကြယ်တွေတောင် အလင်းမှိန်တဲ့အထိ၊ တိမ်တွေကပျောက်ကွယ်ပေးရတဲ့အထိ၊ နတ်သက်ခြွေပန်းတောင် မယှဉ်နိုင်တော့တဲ့အထိ ယင်လေးက အရမ်းကိုလှတာ။ သုံးလောကမှာ ယင်လေးနဲ့ယှဉ်နိုင်တဲ့အရာ ဘာမှမရှိဘူး"

သြရှုသည့်အသံကို နီးနီးကပ်ကပ်ကြီးကြားနေရလို့လားမသိ သူရှက်လာသလို ခံစားရသည်။

" ဒါနဲ့ နတ်သက်ခြွေပန်းက ပန်းနာမည်သက်သက်လား"

သူက စကားလွှဲရုံမေးလိုက်ပေမယ့် စစ်ဝူရှဲ့က ပြန်ဖြေမလာခဲ့တော့။ သိသိသာသာကိုတိတ်ကျသွားသည့်တိုင် သက်ပြင်းချသံကိုကြားမိလိုက်သေးသည်။

သီနတ်ဘုရား မိသွားမှာကြောက်လို့များလား.....

--------------------------------------------------------------------------------

Continue Reading

You'll Also Like

92.3K 14.6K 121
" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "
137K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
10.5K 1.2K 9
ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက္စရာနတ္ဆိုးႀကီးရဲ႕ဝိဥာဥ္ခြဲေတြကငါ့ကိုအတင...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း