Becoming Empress But she isn'...

By PannKhattWaiio

326K 40.3K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

၁၉

6.7K 1K 38
By PannKhattWaiio

" ဝူရွဲ႔လား "

အကိုေတြအားလံုးကိုပါ အေဖကအစည္းအေဝးတက္ရမည္ဆိုကာ ေခၚသြားမႈေၾကာင့္ က်ူးယင္တစ္ေယာက္တည္းျဖစ္ေနသည္။ ပ်င္းတိပ်င္းေျခာက္ျဖစ္ကာ တစ္ဦးတည္း ဥယ်ာဉ္ဘက္လမ္းေလ်ွာက္လာေတာ့ စစ္ဝူရွဲ႔ကိုလွမ္းျမင္လိုက္ရသည္မို႔ သူေပ်ာ္သြားရသည္။ ေနာက္ဆံုးေတာ့ စကားေျပာေဖၚေတြ့ၿပီ ။

သူ႔ေခၚသံၾကားတဲ့စစ္ဝႉရွဲ႔က လွၫ့္ၾကၫ့္လာသည္။ ေနေရာင္ဟာ ေရနန္းေတာ္အတြင္းမက်ေရာက္ႏိုင္ ဟုဆိုၾကၿပီး မည္သည္ေၾကာင့္ စစ္ဝူရွဲ႔ကလင္းထိန္ေနရသည္လဲ။ စစ္ဝူရွဲ႔ကိုယ္တိုင္က ေရာင္ဝါထြန္းလင္းေစလိုက္သည္မ်ားလား...
သို႔ေသာ္ အနည္းငယ္ေမွာင္မိႈက္ေနသလိုလည္း ထင္ျမင္မိသည္။သူပဲ စိတ္ထင္၍လားမသိ။

စစ္ဝူရွဲ႔က သူ႔ကိုၿပံဳးျပကာ အနားကိုပုတ္ျပသည္မို႔ ... စစ္ဝူရွဲ႔ထိုင္ေနရာ ေရကန္စပ္ေဘးတြင္ သူပါဝင္ထိုင္လိုက္သည္။ ေရကန္ႀကီးမွာ ေရျပာေရာင္ပန္းေတြေဝဆာေနကာ တံလ်ွပ္ထင္ေနေသာေရျပင္တလႈပ္လႈပ္ႏွင့္ေပါင္းစပ္လိုက္ေတာ့ အင္မတန္လွပသြားေတာ့သည္။

" ရႈခင္းက လွလိုက္တာ"

" အင္း လွတယ္ ။ က်ူးယင္က ပိုလွတယ္"

" ကြၽန္ေတာ္ကလား... အဟား ေက်းဇူးပါဗ်ာ"

သူက မိန္းမဆန္ဆန္ျဖင့္ သိပ္ကိုလွပလြန္းမွန္းသူသိေသာ္ျငား ယခုကဲ့သို႔ ခနခနအေျပာခံရျခင္းကိုေတာ့ သူက်င့္သားမရေသး။ မည္သို႔ဆိုေစ သူကား ေယာက်ၤားတစ္ေယာက္ျဖစ္သည္ပဲ။

ဝူရွဲ႔ကိုအၾကၫ့္လႊဲကာ ေရျပာပန္းေလးေတြကိုသာ ေငးေနေတာ့ စစ္ဝူရွဲ႔က သူ႔မ်က္လံုးေရ႔ွလက္တစ္ဖက္ကာလာသည္။

" ဘာလုပ္တာလဲ "

ထိုလက္အား လက္ျဖင့္အသာဖယ္ရင္းေမးလ်က္မွ စစ္ဝူရွဲ႔ကိုတဖန္ျပန္ၾကၫ့္လိုက္မိသည္။

" ကိုယ့္ကို ၾကၫ့္ေလ"

အနည္းငယ္ေမွးေသာမ်က္ဝန္းေတြက ယခုအေရာင္ေတြလက္ေနသည္မွာ ေရ၏တံလ်ွပ္ေၾကာင့္လားမသိႏိုင္။ အနက္ေဖ်ာ့ေရာင္မ်က္ဆံေတြထဲ သူ႔ရဲ့ပံုရိပ္ကိုျပန္ျမင္ေနရသည္။ ထိုပံုရိပ္ကို ေရျပာေရာင္ျမဴေငြ့ခပ္ပါးပါးက ၀န္းရံေနသည္တဲ့....

" ဒါ ဒါက "

အမွန္ပင္ သူသတိထားကာ ပတ္ဝန္းက်င္ကိုၾကၫ့္လိုက္ေတာ့ ေရျပာေရာင္ျမဴေငြ့ေတြ သူ႔ေဘးမွာရိွေနသည္။ ၾကည္လဲ့ေနေသာေရမွပံုရိပ္တြင္လည္း ထိုျမဴေတြဝန္းရံထားမႈက သူ႔ကိုပိုၿပီးၾကၫ့္ေကာင္းေစသည္။ သူက သူထင္ထားသည္ထက္ အမ်ားႀကီးပိုၿပီး ေခ်ာလြန္းေနသည္ပဲ...

၂၁ရာစုကိုသာျပန္ေရာက္မည္ဆိုလ်ွင္ သူ႔ကိုယ္သူအဓိကဇာတ္လိုက္ေနရာမွေန၍ ေရွးေခတ္ဇာတ္လမ္းေတြရိုက္ရမည္။

"က်ူးယင္ မင္း မသိတာေတြအမ်ားႀကီးပဲ။ ဒီျမဴေလးေတြ့တာကို အဲ့ေလာက္အံ့ၾသေနစရာလား ။ "

" ဝူရွဲ႔ေျပာသလိုဆို ကြၽန္ေတာ္ကဒီျမဴေတြကို လုပ္လိုက္တာလား။ ဘယ္လိုလုပ္လိုက္တာလဲ ၿပီးေတာ့ ဒီ့ထက္အမ်ားႀကီးလုပ္ႏိုင္ေသးတာလား ဘယ္လိုမ်ိဳးေတြလဲ"

" ကိုယ့္ကို ... အင္း ။ ဒီျမဴေတြက သူ႔အလိုလိုေပၚလာတာ။ ယင္ေလးက ဒီျမဴေတြကိုေပၚလာေစခ်င္တယ္လို႔ ေတြးလိုက္တာနဲ႔အလိုလိုေပၚလာမွာ"

သူတကယ္ပဲထိုသို႔ေတြးလိုက္မိခဲ့သည္။ ေရျပာကန္ႀကီးနဲ႔လွပတဲ့ေရျပာပန္းေတြကိုၾကၫ့္ကာ ေရျပာျမဴေတြကိုေပၚလာေစခ်င္ခဲ့သည္။

" ကြၽန္ေတာ့္ေဘးမွာမဟုတ္ဘဲ အျခားေနရာမွာေပၚလာေစခ်င္ရင္ေရာ ရလား"

" ရတာေပါ့။ ေပၚလာေစခ်င္တဲ့ေနရာကိုသာ ေတြးလိုက္။က်ူးယင္ မင္းကအရာအားလံုးကိုျဖစ္ႏိုင္ေအာင္လုပ္ႏိုင္မယ့္သူပဲ။ မင္းက ယင္နတ္ဘုရားျဖစ္လာတာ ကိုယ့္အတြက္ပဲ။ ဒါေပမယ့္ မင္းအတြက္ကံေကာင္းပါ့မလား ကိုယ္မသိဘူး။ မင္းက ဘာဆိုဘာမွကိုမသိတဲ့နတ္ဝိဇၨာေလးျဖစ္ေနေသးတယ္။ က်ူးယင္ မင္းအေၾကာင္းေတြကို မိစၧာေတြသိသြားရင္ အရမ္းအႏၲရာယ္မ်ားသြားၿပီ။ မင္းကအခု နတ္ဝိဇၨာအဆင့္ပဲရိွေသးေတာ့ စြမ္းအားေတြက သံုးလို႔ရေသးပါ့မလားမသိဘူး အဲ့လိုဆိုရင္ အႏၲရာယ္ႀကံဳတဲ့အခါ ... မျဖစ္ဘူး က်ူးယင္ မင္းကိုယ္နဲ႔ မီး... အ"
အေလးအနက္ေျပာေနရင္း စစ္ဝူရွဲ႔ကိုယ္က အနည္းငယ္လႈပ္ခါကာ တုန္သြားမႈေၾကာင့္ က်ူးယင္လန္႔သြားသည္။

တခဏၾကာမွ ငံု႔ေနရာကေခါင္းျပန္ေမာ့လာ၏ ။ေရႊေရာင္သန္းေနသည့္မ်က္၀န္းတို႔ျဖင့္ သူ႔ကိုနာမလည္သလိုၾကည့္လာသည္။
ထိုသူဘာကိုစိုးရိမ္သြားလို႔လည္းေတာ့မသိ သူ႔လက္တစ္ဖက္ကိုအုပ္ကိုင္လာရင္း ပူပန္သည့္အသံႏွင့္ေျပာသည္။

"ယင္ေလးကုယ္စိတ္မခ်ေတာ့ဘူး ေကာင္ကင္နန္းေတာ္မွာ ကိုယ္နဲ႔လိုက္ေနပါ ။ ကိုယ့္အနားမွာယင္ေလးရိွရင္ ကိုယ္အျပၫ့္အ၀ကာကြယ္ႏိုင္မွာ။ဒါေပမယ့္ ဒီအေျခအေနနဲ႔ေခၚလို႔မရႏိုင္ေသးဘူး ကိုယ္နတ္ဘုရားျဖစ္ေအာင္ မိုးႀကိဳးစမ္းသပ္မႈကိုအရင္ခံယူရမယ္ ၿပီးရင္ ခမည္းေတာ္ကိုေျပာၿပီး စီစဉ္သင့္တာကိုစီစဉ္မယ္ ယင္ေလး ကိုယ္ေျပာေနတာေတြကိုၾကားရဲ့လား ယင္ေလး"

" ဟင္ ကြၽန္ေတာ္ၾကားပါတယ္ ဒီမွာၾကၫ့္ ။ မလွဘူးလား"

သူက တစ္ခုခုကိုအာရံုဝင္စားမိၿပီဆို သူ႔ေဘးနားမွာယာဉ္တိုက္မႈႀကီးျဖစ္သြားရင္ေတာင္ သူကသိမည္မဟုတ္။ ယခုလည္း ဝူရွဲ႔ေျပာသၫ့္အတိုင္း ျမဴေငြ့ေတြသာဖန္တီးေနသျဖင့္ စစ္ဝူရွဲ႔ေျပာတာေတြကိုၾကားလိုက္ေသာ္ျငား စင္စစ္ နားမလည္လိုက္ပါေခ်။ ၾကားေတာ့ၾကားသည္ သို႔ေပမယ့္ အာရံုထဲမေရာက္ဆိုသလိုမ်ိဳး..
ထို႔ေၾကာင့္သာ မ်က္လံုးအေရာင္ကိုသိပ္သတိမထားမိျခင္းပင္။

သူႀကိဳးစားပမ္းစားလုပ္ထားသၫ့္ ေရစက္သ႑ာန္ေရျပာေရာင္ျမဴလံုးေလးအား လက္ဖဝါးထဲထၫ့္ကာ စစ္ဝူရွဲ႔ကိုျပေတာ့ ခန႔္ညားလွေသာမ်က္ႏွာပိုင္ရွင္ဟာ မ်က္လံုးကိုေမွးလ်က္ လက္ကိုပိုက္ကာ သူ႔အားရႉတည္တည္ၾကၫ့္လာသည္။

" ဒီျမဴလုပ္နည္းကို သေဘာက်လား"

" အင္း "

" အျခား စိတ္ဝင္စားစရာေကာင္းတဲ့လုပ္နည္းတစ္ခု ေျပာျပမယ္"

" တကယ္လား ေျပာျပပါ ကြၽန္ေတာ္တစ္ေယာက္တည္းရိွခ်ိန္ဆို ပ်င္းေနတာ အခု ဝူရွဲ႔ေျပာျပတာေတြကို ျပန္လုပ္ရင္း အခ်ိန္ျဖဳန္းလို႔ရၿပီ"

" ေပ်ာ္လား "

" ဟင္ "

" ကိုယ္နဲ႔အတူ ရိွရတာ ေပ်ာ္လားလို႔"

" အင္း ေပ်ာ္တယ္။ အကိုတို႔က မရိွေတာ့ ကြၽန္ေတာ္ပ်င္းေနတာ ဝူရွဲ႔ရိွလို႔သာေပါ့ မဟုတ္ရင္ ပ်င္းလို႔ေသေတာ့မွာ"

စိတ္လိုလက္ရရယ္ေမာရင္း သူေျပာေတာ့ ဝူရွဲ႔က ေသသပ္စြာၿပံဳးသည္။

" ဒါဆို ကိုယ္ေျပာျပမယ္။ ဟိုးက ေရျပာပန္းေတြကိုေတြ့လား သူတို႔ကို က်ူးယန္နတ္ဘုရား ယင္ေလးအေဖက ဖန္ဆင္းထားတာ။ ေရျပာပန္းလို႔ပဲေခၚေစတယ္။ အဲ့ဒိေရျပာပန္းေတြကို က်ူးမ်ိဳးႏြယ္ဝင္ေတြပဲ ပြင့္ေအာင္လုပ္ႏိုင္တာ။ "

" ဟုတ္လား ဝူရွဲ႔ေရာလုပ္လို႔မရဘူးေပါ့"

" အင္း မရဘူး။ လာ ကိုယ္ေျပာသလို လိုက္လုပ္ အရင္ဆံုး လက္ဖဝါးကို ျဖန႔္လိုက္"

စစ္ဝူရွဲ႔စကားဆံုးသည္ႏွင့္ လက္ေလးကိုအလ်ွင္အျမန္ သူျဖန႔္လိုက္ေတာ့ ဝူရွဲ႔ကရယ္သည္။ ဘာကိုရယ္သည္လဲ သူကေျပာတဲ့အတိုင္းလုပ္သည္ပဲကို...

" ေရစက္ေတြကို လက္ေပၚယူလိုက္။ ခုနက ျမဴေတြကို ဖန္ဆင္းလိုက္သလိုပဲ ေရစက္ေတြကိုလည္း အဲ့ဒိအတိုင္းပဲ လုပ္လိုက္ပါ။ ကန္ထဲကေရေတြကို လက္ဖဝါးေပၚအနည္းငယ္ လာတင္ေစလိုက္ပါ ယင္ေလး"

" လုပ္ၾကၫ့္မယ္ ၾကၫ့္ေပးဦး ဝူရွဲ႔"

သူမ်က္လံုးမိွတ္လိုက္သည္အထိ စစ္ဝူရွဲ႔၏ၿပံဳးကာၾကၫ့္ေနမႈကိုခံစားေနမိေသးသည္။

ကန္ထဲမွေရစက္အခ်ိဳ႕ပ်ံတက္ကာ သူ႔လက္ထဲေရာက္လာသည္ ဟုခံစားမိၿပီးၿပီးျခင္း မ်က္လံုးဖြင့္ၾကၫ့္ရာ သူ႔လက္ထဲတြင္ ေရအခ်ိဳ႕ရိွေနသည္ေပ။

" အခု ေရျပာပန္းပံုသ႑ာန္ကို စိတ္ထဲမွာျမင္ေယာင္ၾကၫ့္လိုက္ေတာ့ "

သူ႔လက္ထဲကေရစက္ေတြက တစ္ျဖည္းျဖည္းေလေပၚပ်ံတက္ကာ ပန္းပြင္းပံုေျပာင္းသြားသည္ကို သူအံ့ၾသစြာျမင္ေတြ့လိုက္ရသည္။ ထိုပန္းပြင့္ကို ယခုထက္ပိုမိုပြင့္ေစခ်င္ေတာ့လည္း အမွန္ပင္ ကားစြင့္ကာပြင့္လာသည္။ လွလိုက္ေလျခင္း .... သူက ပန္းတစ္ပြင့္ကို ဖန္ဆင္းႏိုင္သြားၿပီ။ ျမဴေတြကိုလည္း လိုရာပံုျဖင့္ သူဖန္ဆင္းႏိုင္ေသးသည္။ ဆိုေတာ့ သူက အမွန္တကယ္ နတ္တစ္ပါးျဖစ္လာၿပီေပါ့... ေနာင္ဆို ဆရာ့လို တစ္ခ်က္ေတြးလိုက္ရံုျဖင့္ လိုရာကိုသြားႏိုင္ေတာ့မည္လား...

" သေဘာက်လား "

" အင္း သေဘာက်တယ္။ ဒါအရမ္း အံ့ၾသဖို႔ေကာင္းတယ္သိလား။ ကြၽန္ေတာ့္ တကယ့္နတ္တစ္ပါး ျဖစ္သြားသလိုပဲ"

" အဟား ယင္ေလး မင္းက နတ္တစ္ပါးပဲေလ။ အသက္ေက်ာက္တိုင္ကိစၥက ကိုယ္လည္း မေျပာတတ္ေပမယ့္ ယင္ေလးက နတ္တစ္ပါးဆိုတာထက္ ပိုတာေတာ့ အေသအခ်ာပဲ ေနာင္ဆို ကိုယ္က ယင္ေလးဆီက အကူအညီေတြ အမ်ားႀကီးယူရဦးမွာ။ "

" ဟုတ္လား ဒါဆို ကြၽန္ေတာ္က အရမ္းတန္ခိုးႀကီးလာမွာေပါ့ "

" အခုလည္း.... အင္း တေျဖးေျဖးေတာ့ ယင္ေလး လုပ္ႏိုင္တာေတြကို သိလာမွာပါ။ တစ္ခါထဲအမ်ားႀကီးသိရင္ ေပ်ာ္စရာမေကာင္းဘူး မဟုတ္လား "

" ဟုတ္တယ္။ ကြၽန္ေတာ္က မွတ္ဥာဏ္မေကာင္းဘူး ေမ့သြားလိမ့္မယ္"

" ကိုယ္က ယင္ေလးေမ့သြားတိုင္း ျပန္သင္ေပးဖို႔ အနားမွာအၿမဲရိွေနမွာေလ။ ေမ့လည္းကိစၥမရိွဘူး "

" ေက်းဇူးတင္ပါတယ္"

" ေက်းဇူးတင္ရင္ ကိုယ္နဲ႔ေကာင္းကင္နန္းေတာ္မွာ လိုက္ေန"

အကိုႀကီး၏ မ်က္ႏွာကိုျပန္ျမင္ေယာင္မိေတာ့ သူအလ်ွင္စလို ေခါင္းခါလိုက္မိသည္။

" အကိုႀကီးက ေျပာတယ္။ ဒီမွာပဲ ဆရာျပန္မလာမခ်င္းေနရမယ္တဲ့ "

" က်ူးလင္နတ္ဘုရားကလား။ ေရ႔ွေလ်ွာက္ ခက္ခဲဦးေတာ့မွာပဲ ... ကိစၥမရိွပါဘူး ကံၾကမၼာက ကိုယ့္ဘက္မွာပဲဟာ"

" ဘာကို...."

" ေရွာင္ယင္"

သူဆက္ေမးမည္ႀကံစဉ္တြင္ က်ူးလင္၏ေခၚသံကိုၾကားလိုက္ရသည္မို႔ သူလန႔္သြားရသည္။ က်ူးလင္မွာကိုယ္ေရာင္ကိုယ္ဝါေတာက္ပစြာျဖင့္ ခပ္လွမ္းလွမ္းတြင္ မားမတ္စြာေပၚလာသည္။ သူ႔ကိုျမင္ေတာ့ ထိုေနရာမွေပ်ာက္ၿပီး ခ်က္ခ်င္းအနားေရာက္လာသည္ျဖစ္ရာ သူလန႔္သြားရေသးသည္။ ၾကာလ်ွင္ေတာ့ သူက်င့္သားရလာေလာက္ပါသည္။ သူသာ ထိုသို႔ေပ်ာက္လိုက္၊ေပၚလိုက္ လုပ္ႏိုင္မည္ဆိုလ်ွင္ လမ္းေလ်ွာက္ေနစရာလိုေတာ့မည္မဟုတ္။

" ေရွာင္ယင္ တစ္ေယာက္တည္းလား"

စစ္ဝူရွဲ႔ဘက္ကိုလက္ညိုးထိုးျပရင္း လွၫ့္ၾကၫ့္ေတာ့ ရွင္းလင္းေနသၫ့္ေနရာလပ္တစ္ခုကသာ ဆီးႀကိဳသည္ျဖစ္ရာ သူေခါင္းသာျပန္ၿငိမ့္ျပလိုက္ရသည္။ အသိေပးျခင္းမရိွဘဲ စစ္ဝူရွဲ႔ကေပ်ာက္သြားျပန္ၿပီ။ ဒီနတ္ေတြက သူ႔ကိုလံုးဝမေလးစားၾကဘူး။ အကိုေတြကအႀကီးမို႔ထားပါေတာ့ စစ္ဝူရွဲ႔ကေတာ့........

" ညေနမွာ နဉ္နတ္ဘုရားက ေသမ်ိဳးနယ္ပယ္ကိုသြားလိမ့္မယ္ ေရွာင္ယင္ေလးလည္း လိုက္သြားရမယ္"

သူ႔ရဲ့အလိုမက်မႈက က်ူးလင္၏စကားေၾကာင့္လႊင့္ပ်ယ္သြားရသည္။

" အကိုႀကီးေျပာေတာ့ ဒီမွာပဲေနဆို "

သူထိုသို႔ေမးေတာ့ က်ူးလင္၏မ်က္ႏွာကတည္တင္းသြားကာ သက္ျပင္းကိုခ်သည္။ မတတ္ႏိုင္သၫ့္ဟန္ျဖင့္

" အစည္းအေဝးမွာ စစ္ခ်ီနတ္ဘုရားက ေရွာင္ယင့္ကိုေကာင္းကင္နန္းေတာ္ဆီ အလည္ေခၚေနတယ္။ စစ္ခ်ီနတ္ဘုရားက ေတာင္းဆိုခဲတယ္ အေဖကျငင္းရခက္ေနတယ္။ ဒါေၾကာင့္ ေရွာင္ယင္ကနဉ္နတ္ဘုရားနဲ႔အတူ ေသမ်ိဳးနယ္ပယ္ကိုလိုက္သြားလိုက္ရင္ ေကာင္းကင္နန္းေတာ္ကို မသြားဖို႔အေၾကာင္းျပခ်က္ရၿပီ။ ျပန္လာရင္လည္း ေတာင္စိမ္းေတာင္ကိုတန္းျပန္ရမွာဆိုေတာ့ အခြင့္ရိွေတာ့မွာမဟုတ္ဘူးေလ ေရွာင္ယင္ေလး နဉ္နတ္ဘုရားနဲ႔လိုက္သြားလိုက္ပါ။ "

ေကာင္းကင္နန္းေတာ္က ဘယ္လိုျဖစ္လို႔ အကိုႀကီးက သူ႔ကို မသြားေစခ်င္ရသည္လဲ။

" နဉ္နတ္ဘုရားက ေရွာင္ယင္ေလးကို ေသခ်ာကာကြယ္ေပးႏိုင္မွာပါ။ "

သူမ်က္ႏွာမသာယာေတာ့ က်ူးလင္ကေခ်ာ့ျမဴသေယာင္ေျပာလာသည္။ သူ႔ပခံုးတစ္ဖက္ကိုပါ ပုတ္ရင္း

" ေကာင္းကင္နန္းေတာ္က ေၾကာက္ဖို႔ေကာင္းတယ္ ကေလးရဲ့။ နတ္ေတြလည္း အရမ္းမ်ားၿပီး ပတ္ဝန္းက်င္က လွလည္းမလွဘူး"

" ဟင္ တကယ္လား"

" တကယ္ေပါ့ အကိုႀကီးက လိမ္ပါ့မလား။ "

" ဟုတ္ကဲ့ ကြၽန္ေတာ္ အေဆာင္ကိုျပန္ၿပီး ျပင္ဆင္လိုက္ပါ့မယ္"

" အင္း ေရွာင္လ်န္တို႔လည္း ေစာင့္ေနတယ္။ အေမလည္း ရိွတယ္ သြားရေအာင္"

ေကာင္းကင္နန္းေတာ္က က်ူးလင္ေျပာသၫ့္အတိုင္းဆိုလ်ွင္ျဖင့္ ေနာင္ ဝူရွဲ႔ကအလည္ေခၚလ်ွင္ေတာင္ သူျငင္းရလိမ့္မည္။

------------------------------

" ၀ူရှဲ့လား "

အကိုတွေအားလုံးကိုပါ အဖေကအစည်းအဝေးတက်ရမည်ဆိုကာ ခေါ်သွားမှုကြောင့် ကျူးယင်တစ်ယောက်တည်းဖြစ်နေသည်။ ပျင်းတိပျင်းခြောက်ဖြစ်ကာ တစ်ဦးတည်း ဥယျာဉ်ဘက်လမ်းလျှောက်လာတော့ စစ်ဝူရှဲ့ကိုလှမ်းမြင်လိုက်ရသည်မို့ သူပျော်သွားရသည်။ နောက်ဆုံးတော့ စကားပြောဖေါ်တွေ့ပြီ ။

သူ့ခေါ်သံကြားတဲ့စစ်ဝှူရှဲ့က လှည့်ကြည့်လာသည်။ နေရောင်ဟာ ရေနန်းတော်အတွင်းမကျရောက်နိုင် ဟုဆိုကြပြီး မည်သည်ကြောင့် စစ်ဝူရှဲ့ကလင်းထိန်နေရသည်လဲ။ စစ်ဝူရှဲ့ကိုယ်တိုင်က ရောင်ဝါထွန်းလင်းစေလိုက်သည်များလား...
သို့သော် အနည်းငယ်မှောင်မှိုက်နေသလိုလည်း ထင်မြင်မိသည်။သူပဲ စိတ်ထင်၍လားမသိ။

စစ်ဝူရှဲ့က သူ့ကိုပြုံးပြကာ အနားကိုပုတ်ပြသည်မို့ ... စစ်ဝူရှဲ့ထိုင်နေရာ ရေကန်စပ်ဘေးတွင် သူပါဝင်ထိုင်လိုက်သည်။ ရေကန်ကြီးမှာ ရေပြာရောင်ပန်းတွေဝေဆာနေကာ တံလျှပ်ထင်နေသောရေပြင်တလှုပ်လှုပ်နှင့်ပေါင်းစပ်လိုက်တော့ အင်မတန်လှပသွားတော့သည်။

" ရှုခင်းက လှလိုက်တာ"

" အင်း လှတယ် ။ ကျူးယင်က ပိုလှတယ်"

" ကျွန်တော်ကလား... အဟား ကျေးဇူးပါဗျာ"

သူက မိန်းမဆန်ဆန်ဖြင့် သိပ်ကိုလှပလွန်းမှန်းသူသိသော်ငြား ယခုကဲ့သို့ ခနခနအပြောခံရခြင်းကိုတော့ သူကျင့်သားမရသေး။ မည်သို့ဆိုစေ သူကား ယောင်္ကျားတစ်ယောက်ဖြစ်သည်ပဲ။

၀ူရှဲ့ကိုအကြည့်လွှဲကာ ရေပြာပန်းလေးတွေကိုသာ ငေးနေတော့ စစ်ဝူရှဲ့က သူ့မျက်လုံးရှေ့လက်တစ်ဖက်ကာလာသည်။

" ဘာလုပ်တာလဲ "

ထိုလက်အား လက်ဖြင့်အသာဖယ်ရင်းမေးလျက်မှ စစ်ဝူရှဲ့ကိုတဖန်ပြန်ကြည့်လိုက်မိသည်။

" ကိုယ့်ကို ကြည့်လေ"

အနည်းငယ်မှေးသောမျက်ဝန်းတွေက ယခုအရောင်တွေလက်နေသည်မှာ ရေ၏တံလျှပ်ကြောင့်လားမသိနိုင်။ အနက်ဖျော့ရောင်မျက်ဆံတွေထဲ သူ့ရဲ့ပုံရိပ်ကိုပြန်မြင်နေရသည်။ ထိုပုံရိပ်ကို ရေပြာရောင်မြူငွေ့ခပ်ပါးပါးက ၀န်းရံနေသည်တဲ့....

" ဒါ ဒါက "

အမှန်ပင် သူသတိထားကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရေပြာရောင်မြူငွေ့တွေ သူ့ဘေးမှာရှိနေသည်။ ကြည်လဲ့နေသောရေမှပုံရိပ်တွင်လည်း ထိုမြူတွေဝန်းရံထားမှုက သူ့ကိုပိုပြီးကြည့်ကောင်းစေသည်။ သူက သူထင်ထားသည်ထက် အများကြီးပိုပြီး ချောလွန်းနေသည်ပဲ...

၂၁ရာစုကိုသာပြန်ရောက်မည်ဆိုလျှင် သူ့ကိုယ်သူအဓိကဇာတ်လိုက်နေရာမှနေ၍ ရှေးခေတ်ဇာတ်လမ်းတွေရိုက်ရမည်။

"ကျူးယင် မင်း မသိတာတွေအများကြီးပဲ။ ဒီမြူလေးတွေ့တာကို အဲ့လောက်အံ့သြနေစရာလား ။ "

" ၀ူရှဲ့ပြောသလိုဆို ကျွန်တော်ကဒီမြူတွေကို လုပ်လိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ ပြီးတော့ ဒီ့ထက်အများကြီးလုပ်နိုင်သေးတာလား ဘယ်လိုမျိုးတွေလဲ"

" ကိုယ့်ကို ... အင်း ။ ဒီမြူတွေက သူ့အလိုလိုပေါ်လာတာ။ ယင်လေးက ဒီမြူတွေကိုပေါ်လာစေချင်တယ်လို့ တွေးလိုက်တာနဲ့အလိုလိုပေါ်လာမှာ"

သူတကယ်ပဲထိုသို့တွေးလိုက်မိခဲ့သည်။ ရေပြာကန်ကြီးနဲ့လှပတဲ့ရေပြာပန်းတွေကိုကြည့်ကာ ရေပြာမြူတွေကိုပေါ်လာစေချင်ခဲ့သည်။

" ကျွန်တော့်ဘေးမှာမဟုတ်ဘဲ အခြားနေရာမှာပေါ်လာစေချင်ရင်ရော ရလား"

" ရတာပေါ့။ ပေါ်လာစေချင်တဲ့နေရာကိုသာ တွေးလိုက်။ကျူးယင် မင်းကအရာအားလုံးကိုဖြစ်နိုင်အောင်လုပ်နိုင်မယ့်သူပဲ။ မင်းက ယင်နတ်ဘုရားဖြစ်လာတာ ကိုယ့်အတွက်ပဲ။ ဒါပေမယ့် မင်းအတွက်ကံကောင်းပါ့မလား ကိုယ်မသိဘူး။ မင်းက ဘာဆိုဘာမှကိုမသိတဲ့နတ်ဝိဇ္ဇာလေးဖြစ်နေသေးတယ်။ ကျူးယင် မင်းအကြောင်းတွေကို မိစ္ဆာတွေသိသွားရင် အရမ်းအန္တရာယ်များသွားပြီ။ မင်းကအခု နတ်ဝိဇ္ဇာအဆင့်ပဲရှိသေးတော့ စွမ်းအားတွေက သုံးလို့ရသေးပါ့မလားမသိဘူး အဲ့လိုဆိုရင် အန္တရာယ်ကြုံတဲ့အခါ ... မဖြစ်ဘူး ကျူးယင် မင်းကိုယ်နဲ့ မီး... အ"
အလေးအနက်ပြောနေရင်း စစ်၀ူရှဲ့ကိုယ်က အနည်းငယ်လှုပ်ခါကာ တုန်သွားမှုကြောင့် ကျူးယင်လန့်သွားသည်။

တခဏကြာမှ ငုံ့နေရာကခေါင်းပြန်မော့လာ၏ ။ရွှေရောင်သန်းနေသည့်မျက်၀န်းတို့ဖြင့် သူ့ကိုနာမလည်သလိုကြည့်လာသည်။
ထိုသူဘာကိုစိုးရိမ်သွားလို့လည်းတော့မသိ သူ့လက်တစ်ဖက်ကိုအုပ်ကိုင်လာရင်း ပူပန်သည့်အသံနှင့်ပြောသည်။

"ယင်လေးကုယ်စိတ်မချတော့ဘူး ကောင်ကင်နန်းတော်မှာ ကိုယ်နဲ့လိုက်နေပါ ။ ကိုယ့်အနားမှာယင်လေးရှိရင် ကိုယ်အပြည့်အ၀ကာကွယ်နိုင်မှာ။ဒါပေမယ့် ဒီအခြေအနေနဲ့ခေါ်လို့မရနိုင်သေးဘူး ကိုယ်နတ်ဘုရားဖြစ်အောင် မိုးကြိုးစမ်းသပ်မှုကိုအရင်ခံယူရမယ် ပြီးရင် ခမည်းတော်ကိုပြောပြီး စီစဉ်သင့်တာကိုစီစဉ်မယ် ယင်လေး ကိုယ်ပြောနေတာတွေကိုကြားရဲ့လား ယင်လေး"

" ဟင် ကျွန်တော်ကြားပါတယ် ဒီမှာကြည့် ။ မလှဘူးလား"

သူက တစ်ခုခုကိုအာရုံဝင်စားမိပြီဆို သူ့ဘေးနားမှာယာဉ်တိုက်မှုကြီးဖြစ်သွားရင်တောင် သူကသိမည်မဟုတ်။ ယခုလည်း ၀ူရှဲ့ပြောသည့်အတိုင်း မြူငွေ့တွေသာဖန်တီးနေသဖြင့် စစ်ဝူရှဲ့ပြောတာတွေကိုကြားလိုက်သော်ငြား စင်စစ် နားမလည်လိုက်ပါချေ။ ကြားတော့ကြားသည် သို့ပေမယ့် အာရုံထဲမရောက်ဆိုသလိုမျိုး..
ထို့ကြောင့်သာ မျက်လုံးအရောင်ကိုသိပ်သတိမထားမိခြင်းပင်။

သူကြိုးစားပမ်းစားလုပ်ထားသည့် ရေစက်သဏ္ဍာန်ရေပြာရောင်မြူလုံးလေးအား လက်ဖ၀ါးထဲထည့်ကာ စစ်ဝူရှဲ့ကိုပြတော့ ခန့်ညားလှသောမျက်နှာပိုင်ရှင်ဟာ မျက်လုံးကိုမှေးလျက် လက်ကိုပိုက်ကာ သူ့အားရှူတည်တည်ကြည့်လာသည်။

" ဒီမြူလုပ်နည်းကို သဘောကျလား"

" အင်း "

" အခြား စိတ်ဝင်စားစရာကောင်းတဲ့လုပ်နည်းတစ်ခု ပြောပြမယ်"

" တကယ်လား ပြောပြပါ ကျွန်တော်တစ်ယောက်တည်းရှိချိန်ဆို ပျင်းနေတာ အခု ၀ူရှဲ့ပြောပြတာတွေကို ပြန်လုပ်ရင်း အချိန်ဖြုန်းလို့ရပြီ"

" ပျော်လား "

" ဟင် "

" ကိုယ်နဲ့အတူ ရှိရတာ ပျော်လားလို့"

" အင်း ပျော်တယ်။ အကိုတို့က မရှိတော့ ကျွန်တော်ပျင်းနေတာ ၀ူရှဲ့ရှိလို့သာပေါ့ မဟုတ်ရင် ပျင်းလို့သေတော့မှာ"

စိတ်လိုလက်ရရယ်မောရင်း သူပြောတော့ ၀ူရှဲ့က သေသပ်စွာပြုံးသည်။

" ဒါဆို ကိုယ်ပြောပြမယ်။ ဟိုးက ရေပြာပန်းတွေကိုတွေ့လား သူတို့ကို ကျူးယန်နတ်ဘုရား ယင်လေးအဖေက ဖန်ဆင်းထားတာ။ ရေပြာပန်းလို့ပဲခေါ်စေတယ်။ အဲ့ဒိရေပြာပန်းတွေကို ကျူးမျိုးနွယ်ဝင်တွေပဲ ပွင့်အောင်လုပ်နိုင်တာ။ "

" ဟုတ်လား ၀ူရှဲ့ရောလုပ်လို့မရဘူးပေါ့"

" အင်း မရဘူး။ လာ ကိုယ်ပြောသလို လိုက်လုပ် အရင်ဆုံး လက်ဖ၀ါးကို ဖြန့်လိုက်"

စစ်ဝူရှဲ့စကားဆုံးသည်နှင့် လက်လေးကိုအလျှင်အမြန် သူဖြန့်လိုက်တော့ ၀ူရှဲ့ကရယ်သည်။ ဘာကိုရယ်သည်လဲ သူကပြောတဲ့အတိုင်းလုပ်သည်ပဲကို...

" ရေစက်တွေကို လက်ပေါ်ယူလိုက်။ ခုနက မြူတွေကို ဖန်ဆင်းလိုက်သလိုပဲ ရေစက်တွေကိုလည်း အဲ့ဒိအတိုင်းပဲ လုပ်လိုက်ပါ။ ကန်ထဲကရေတွေကို လက်ဖ၀ါးပေါ်အနည်းငယ် လာတင်စေလိုက်ပါ ယင်လေး"

" လုပ်ကြည့်မယ် ကြည့်ပေးဦး ၀ူရှဲ့"

သူမျက်လုံးမှိတ်လိုက်သည်အထိ စစ်ဝူရှဲ့၏ပြုံးကာကြည့်နေမှုကိုခံစားနေမိသေးသည်။

ကန်ထဲမှရေစက်အချို့ပျံတက်ကာ သူ့လက်ထဲရောက်လာသည် ဟုခံစားမိပြီးပြီးခြင်း မျက်လုံးဖွင့်ကြည့်ရာ သူ့လက်ထဲတွင် ရေအချို့ရှိနေသည်ပေ။

" အခု ရေပြာပန်းပုံသဏ္ဍာန်ကို စိတ်ထဲမှာမြင်ယောင်ကြည့်လိုက်တော့ "

သူ့လက်ထဲကရေစက်တွေက တစ်ဖြည်းဖြည်းလေပေါ်ပျံတက်ကာ ပန်းပွင်းပုံပြောင်းသွားသည်ကို သူအံ့သြစွာမြင်တွေ့လိုက်ရသည်။ ထိုပန်းပွင့်ကို ယခုထက်ပိုမိုပွင့်စေချင်တော့လည်း အမှန်ပင် ကားစွင့်ကာပွင့်လာသည်။ လှလိုက်လေခြင်း .... သူက ပန်းတစ်ပွင့်ကို ဖန်ဆင်းနိုင်သွားပြီ။ မြူတွေကိုလည်း လိုရာပုံဖြင့် သူဖန်ဆင်းနိုင်သေးသည်။ ဆိုတော့ သူက အမှန်တကယ် နတ်တစ်ပါးဖြစ်လာပြီပေါ့... နောင်ဆို ဆရာ့လို တစ်ချက်တွေးလိုက်ရုံဖြင့် လိုရာကိုသွားနိုင်တော့မည်လား...

" သဘောကျလား "

" အင်း သဘောကျတယ်။ ဒါအရမ်း အံ့သြဖို့ကောင်းတယ်သိလား။ ကျွန်တော့် တကယ့်နတ်တစ်ပါး ဖြစ်သွားသလိုပဲ"

" အဟား ယင်လေး မင်းက နတ်တစ်ပါးပဲလေ။ အသက်ကျောက်တိုင်ကိစ္စက ကိုယ်လည်း မပြောတတ်ပေမယ့် ယင်လေးက နတ်တစ်ပါးဆိုတာထက် ပိုတာတော့ အသေအချာပဲ နောင်ဆို ကိုယ်က ယင်လေးဆီက အကူအညီတွေ အများကြီးယူရဦးမှာ။ "

" ဟုတ်လား ဒါဆို ကျွန်တော်က အရမ်းတန်ခိုးကြီးလာမှာပေါ့ "

" အခုလည်း.... အင်း တဖြေးဖြေးတော့ ယင်လေး လုပ်နိုင်တာတွေကို သိလာမှာပါ။ တစ်ခါထဲအများကြီးသိရင် ပျော်စရာမကောင်းဘူး မဟုတ်လား "

" ဟုတ်တယ်။ ကျွန်တော်က မှတ်ဥာဏ်မကောင်းဘူး မေ့သွားလိမ့်မယ်"

" ကိုယ်က ယင်လေးမေ့သွားတိုင်း ပြန်သင်ပေးဖို့ အနားမှာအမြဲရှိနေမှာလေ။ မေ့လည်းကိစ္စမရှိဘူး "

" ကျေးဇူးတင်ပါတယ်"

" ကျေးဇူးတင်ရင် ကိုယ်နဲ့ကောင်းကင်နန်းတော်မှာ လိုက်နေ"

အကိုကြီး၏ မျက်နှာကိုပြန်မြင်ယောင်မိတော့ သူအလျှင်စလို ခေါင်းခါလိုက်မိသည်။

" အကိုကြီးက ပြောတယ်။ ဒီမှာပဲ ဆရာပြန်မလာမချင်းနေရမယ်တဲ့ "

" ကျူးလင်နတ်ဘုရားကလား။ ရှေ့လျှောက် ခက်ခဲဦးတော့မှာပဲ ... ကိစ္စမရှိပါဘူး ကံကြမ္မာက ကိုယ့်ဘက်မှာပဲဟာ"

" ဘာကို...."

" ရှောင်ယင်"

သူဆက်မေးမည်ကြံစဉ်တွင် ကျူးလင်၏ခေါ်သံကိုကြားလိုက်ရသည်မို့ သူလန့်သွားရသည်။ ကျူးလင်မှာကိုယ်ရောင်ကိုယ်ဝါတောက်ပစွာဖြင့် ခပ်လှမ်းလှမ်းတွင် မားမတ်စွာပေါ်လာသည်။ သူ့ကိုမြင်တော့ ထိုနေရာမှပျောက်ပြီး ချက်ချင်းအနားရောက်လာသည်ဖြစ်ရာ သူလန့်သွားရသေးသည်။ ကြာလျှင်တော့ သူကျင့်သားရလာလောက်ပါသည်။ သူသာ ထိုသို့ပျောက်လိုက်၊ပေါ်လိုက် လုပ်နိုင်မည်ဆိုလျှင် လမ်းလျှောက်နေစရာလိုတော့မည်မဟုတ်။

" ရှောင်ယင် တစ်ယောက်တည်းလား"

စစ်ဝူရှဲ့ဘက်ကိုလက်ညိုးထိုးပြရင်း လှည့်ကြည့်တော့ ရှင်းလင်းနေသည့်နေရာလပ်တစ်ခုကသာ ဆီးကြိုသည်ဖြစ်ရာ သူခေါင်းသာပြန်ငြိမ့်ပြလိုက်ရသည်။ အသိပေးခြင်းမရှိဘဲ စစ်ဝူရှဲ့ကပျောက်သွားပြန်ပြီ။ ဒီနတ်တွေက သူ့ကိုလုံးဝမလေးစားကြဘူး။ အကိုတွေကအကြီးမို့ထားပါတော့ စစ်ဝူရှဲ့ကတော့........

" ညနေမှာ နဉ်နတ်ဘုရားက သေမျိုးနယ်ပယ်ကိုသွားလိမ့်မယ် ရှောင်ယင်လေးလည်း လိုက်သွားရမယ်"

သူ့ရဲ့အလိုမကျမှုက ကျူးလင်၏စကားကြောင့်လွှင့်ပျယ်သွားရသည်။

" အကိုကြီးပြောတော့ ဒီမှာပဲနေဆို "

သူထိုသို့မေးတော့ ကျူးလင်၏မျက်နှာကတည်တင်းသွားကာ သက်ပြင်းကိုချသည်။ မတတ်နိုင်သည့်ဟန်ဖြင့်

" အစည်းအဝေးမှာ စစ်ချီနတ်ဘုရားက ရှောင်ယင့်ကိုကောင်းကင်နန်းတော်ဆီ အလည်ခေါ်နေတယ်။ စစ်ချီနတ်ဘုရားက တောင်းဆိုခဲတယ် အဖေကငြင်းရခက်နေတယ်။ ဒါကြောင့် ရှောင်ယင်ကနဉ်နတ်ဘုရားနဲ့အတူ သေမျိုးနယ်ပယ်ကိုလိုက်သွားလိုက်ရင် ကောင်းကင်နန်းတော်ကို မသွားဖို့အကြောင်းပြချက်ရပြီ။ ပြန်လာရင်လည်း တောင်စိမ်းတောင်ကိုတန်းပြန်ရမှာဆိုတော့ အခွင့်ရှိတော့မှာမဟုတ်ဘူးလေ ရှောင်ယင်လေး နဉ်နတ်ဘုရားနဲ့လိုက်သွားလိုက်ပါ။ "

ကောင်းကင်နန်းတော်က ဘယ်လိုဖြစ်လို့ အကိုကြီးက သူ့ကို မသွားစေချင်ရသည်လဲ။

" နဉ်နတ်ဘုရားက ရှောင်ယင်လေးကို သေချာကာကွယ်ပေးနိုင်မှာပါ။ "

သူမျက်နှာမသာယာတော့ ကျူးလင်ကချော့မြူသယောင်ပြောလာသည်။ သူ့ပခုံးတစ်ဖက်ကိုပါ ပုတ်ရင်း

" ကောင်းကင်နန်းတော်က ကြောက်ဖို့ကောင်းတယ် ကလေးရဲ့။ နတ်တွေလည်း အရမ်းများပြီး ပတ်ဝန်းကျင်က လှလည်းမလှဘူး"

" ဟင် တကယ်လား"

" တကယ်ပေါ့ အကိုကြီးက လိမ်ပါ့မလား။ "

" ဟုတ်ကဲ့ ကျွန်တော် အဆောင်ကိုပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်"

" အင်း ရှောင်လျန်တို့လည်း စောင့်နေတယ်။ အမေလည်း ရှိတယ် သွားရအောင်"

ကောင်းကင်နန်းတော်က ကျူးလင်ပြောသည့်အတိုင်းဆိုလျှင်ဖြင့် နောင် ဝူရှဲ့ကအလည်ခေါ်လျှင်တောင် သူငြင်းရလိမ့်မည်။

------------------------------

Continue Reading

You'll Also Like

11.2K 1.2K 9
ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက္စရာနတ္ဆိုးႀကီးရဲ႕ဝိဥာဥ္ခြဲေတြကငါ့ကိုအတင...
51.2K 5.4K 28
(The Reader and Protagonist Definitely Have to Be in True Love) 颓 - 读者和主角绝逼是真爱 တုဇဲက anit fanပါ။ သူဟာ သူအႀကိဳက္ဆုံးဇာတ္ေကာင္ကို ေဝဖန္မိလိုက္တဲ့အခါ စာ...
328K 33.3K 131
ဘာသာပြန်သူ - စွဲညို့အသင်း
172K 16.5K 153
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...