Becoming Empress But she isn'...

By PannKhattWaiio

326K 40.3K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

၁၈

6.6K 1.1K 85
By PannKhattWaiio

အကိုေတြကို သူတစ္ေယာက္တည္း ေအးေအးေဆးေဆးသာ ေရနန္းေတာ္အတြင္းေလ်ွာက္ၾကၫ့္မယ္လို႔ေျပာလိုက္ေတာ့ သေဘာတူကာ ျပန္သြားၾကသည္။ မေပ်ာက္သြားခင္မွာ က်ူးလင္က သူ႔ကိုအေရးအေၾကာင္းရိွရင္ နာမည္ကိုအသံထြက္ၿပီးေခၚလိုက္၊ သူက ခ်က္ခ်င္းေရာက္လာမယ္ ဟုေျပာသြားေသးသည္။ က်ူးလင္နည္းတူ က်ူးလ်န္ႏွင့္က်ူးစစ္ကလည္း အလားတူေျပာသြားၾကသည္။

သူ႔အကိုေတြ သူ႔ကိုသည္းသည္းလႈပ္ၾကပံုကိုျပန္ေတြးမိေတာ့ သူသေဘာတက်ရယ္မိသည္။

သူ တကယ္ကံေကာင္းသည္။ ထိုသို႔ ဝိုင္းၿပီးဂရုစိုက္ခံရသည္မွာ သူသိပ္ကံေကာင္းသည္။

ေတြးရင္း သေဘာတက်ျဖင့္ ကိုယ္ကို တစ္ပတ္လွၫ့္လိုက္သည္။ သူက ယခု ေရနန္းေတာ္ရဲ့ပန္းၿခံအလယ္ရိွ ေရၾကမ္းျပင္ေပၚတြင္ လွဲအိပ္ေနတာျဖစ္သည္။ ေရၾကမ္းျပင္ဆိုသၫ့္အတိုင္း ေဖာက္ထြင္းျမင္ေနရၿပီး ကူးခတ္ေနသၫ့္ငါးေလးေတြကိုၾကၫ့္ရသည္က စိတ္ကိုၾကည္ေစသည္။ အေပၚေမာ့ၾကၫ့္မည္ဆိုလ်ွင္လည္း ေရေကာင္းကင္ႀကီးကိုျမင္ရေပမည္။ ငါးျပတိုက္ထဲေရာက္ေနသလို ခံစားမႈမ်ိဳးကိုသူရသည္။ သူပင္ မျမင္ဖူးသၫ့္ေရသတၲဝါအစံုကို တစ္ခ်က္တစ္ခ်က္ ျမင္ရသျဖင့္ သူလန႔္လန႔္သြားရသည္ကလြဲလ်ွင္ ေပ်ာ္ဖို႔ေကာင္းပါသည္။

ငါးျပတိုက္ကိုသူတစ္ခါမွမေရာက္ဖူးေပမယ့္ တီဗြီမွာျမင္ရသေလာက္ဆိုလ်ွင္ ေရသတၲဝါေတြ၏အာရံုစိုက္မႈကိုရဖို႔ အျပင္ဘက္ကေနမွန္နံရံကိုရိုက္ၾကသည္ကို သူသတိရေတာ့ ၿပံဳးမိလိုက္သည္။ ယခု ေတြ့ရတဲ့ေရသတၲဝါေတြက သူ႔ကိုျမင္သည္ႏွင့္ ေခါင္းေလးငံု႔ကာ အရိုအေသေပးသေယာင္လုပ္ၿပီး လစ္ေျပးၾကသည္ခ်ည္း။ ေတာ္ေသးသည္က အရမ္းေၾကာက္ဖို႔ေကာင္းသၫ့္သတၲဝါေတြေပၚမလာျခင္းပင္။ သူ႔ကိုထိခိုက္ေအာင္မလုပ္ႏိုင္မွန္းသိေသာ္လည္း သူေၾကာက္ေနဆဲ။

ေတာင္ေတာင္အီအီေတြးရင္း ေဘးကိုလိွမ့္လိုက္ေတာ့ ေရၾကမ္းျပင္တစ္ဖက္မွ နီးကပ္စြာျမင္လိုက္ရသၫ့္ ႀကီးမားလွသၫ့္ေႁမြၾကီးေၾကာင့္ သူအာေခါင္ျခစ္ေအာ္လိုက္မိသည္။

" အား အု "

သို႔ေပမယ့္ အသံထြက္ထြက္ျခင္းမွာ ပါးစပ္အားေနာက္မွလက္တစ္ဖက္ထြက္လာၿပီး ပိတ္ျခင္းကိုခံလိုက္ရမႈေၾကာင့္ သူ႔ေအာ္သံကရပ္တန႔္သြားရသည္။

ထို႔ျပင္ တစ္ဖက္သို႔ဆြဲလွၫ့္ခံလိုက္ရေသးသည္။

" မင္း ဝူရွဲ႔"

စစ္ဝူရွဲ႔မွာ သူ႔ကိုလႊတ္ေပးၿပီး လက္တစ္ဖက္ကိုေထာက္လ်က္ ေဘးတေစာင္းျပန္လွဲေနသည္။ ရယ္ျမဴးရိပ္သန္းေနသၫ့္မ်က္ဝန္းေတြက သူ႔ကိုအၾကၫ့္လႊဲေစသည္။ ထိုအခါ ေလွာင္သလိုၿပံဳးျပန္၏။

ဒီမင္းသားက သူ႔ကိုလာကစားေနသည္လား

" အက်ယ္ႀကီးေအာ္လိုက္ရင္ မင္းအကိုေတြသိသြားၿပီး ခ်က္ခ်င္းေရာက္လာေနဦးမယ္။ "

သူ႔ကို အျပစ္တင္သလိုေျပာလိုက္ရင္း ခဏရပ္ကာ သူ႔မ်က္ႏွာနားအနည္းငယ္တိုးကပ္ၾကၫ့္သည္။

" ေရနန္းေတာ္က မင္းသားငယ္ေလးက ေရေႁမြကိုေၾကာက္တယ္ ဒါက မထူးဆန္းဘူးလား"

" ကြၽန္ေတာ္က အတိတ္ေမ့.. "

" အတိတ္ေမ့ေမ့ မေမ့ေမ့... က်ူးယင္ ဗီဇဆိုတာက မေျပာင္းလဲတတ္ဘူးေလ"

သူ ဘာဆက္ေျပာရမည္မွန္းမသိေတာ့ ။

သူက ဆိတ္ဆိတ္ၿငိမ္ေနေတာ့ ဝူရွဲ႔က ပက္လက္လွန္ကာ လက္တစ္ဖက္ကိုေခါင္းအံုးၿပီး ေတြးဆဆေျပာလာသည္။

" မင္း ေတာင္စိမ္းေတာင္မွာ ဒဏ္ရာရတဲ့ေန့က ၊ တိတိက်က်ေျပာရရင္ မင္းဒဏ္ရာရၿပီး သတိလစ္သြားတဲ့အခ်ိန္မွာ မင္းရဲ့အသက္ေက်ာက္တိုင္က ေပ်ာက္ကြယ္သြားတယ္"

ေတာင္စိမ္းေတာင္ဆိုသည္မွာ ဆရာနဲ႔ေနတဲ့ေတာင္ကို ေျပာေနျခင္းျဖစ္ေၾကာင္း သူနားလည္ေပမယ့္ အသက္ေက်ာက္တိုင္ဆိုသည္ကိုေတာ့ သူမသိပါေခ်။ ဤသည္ကို ဝူရွဲ႔ကလည္း သတိထားမိသြားပံုရၿပီး ရွင္းျပလာသည္။

" အသက္ေက်ာက္တိုင္ဆိုတာက နတ္တစ္ပါးေမြးလာၿပီဆိုတာနဲ႔အလိုအေလ်ာက္ေပၚလာတဲ့ေက်ာက္တိုင္ကိုေျပာတာ။ မင္းႀကံဳေတြ့ရသမ်ွကို အသက္ေက်ာက္တိုင္မွာေပၚတယ္။ အသက္ေက်ာက္တိုင္ေပ်ာက္သြားတယ္ဆိုတာ ဘာအဓိပၸါယ္လဲ မင္းသိလား"

သူေခါင္းခါေတာ့ ဝူရွဲ႔က ထင္သားပဲဆိုသၫ့္အၾကၫ့္ကို ေပးသည္။

" အသက္ေက်ာက္တိုင္ ေပ်ာက္သြားတယ္ဆိုတာက ... က်ူးယင္ မင္း ေသသြားၿပီ ဆိုတဲ့အဓိပၸါယ္ပဲ။"

စကားကိုရပ္လိုက္ၿပီး ဝူရွဲ႔ကသူ႔ကို အကဲခတ္လာသည္။

သူကိုယ္တိုင္လည္း ယခင္က်ူးယင္က မည္သို႔ေၾကာင့္ မရိွေတာ့မွန္းမသိ။ သူက ဘာေၾကာင့္ ဒီကိုေရာက္လာၿပီး ဒီခႏၶာအတြင္းေရာက္ေနသည္ကိုလည္း သူမသိ။

သူ႔အထင္ ယခင္က်ူးယင္ကအမွန္ေသသြားခဲ့တာျဖစ္ေလာက္သည္ ထို႔ေၾကာင့္ အသက္ေက်ာက္တိုင္က ေပ်ာက္သြားတာျဖစ္ရမည္။ ဒါဆို သူက က်ူးယင္အစစ္မဟုတ္မွန္း သိသြားၾကေတာ့မည္ေပါ့...။ သူ႔ကို သူ႔ကို စစ္ေမးၾကမွာလား။ သူ႔ကို နတ္အစြမ္းေတျြဖင့္ ဖမ္းခ်ဳပ္ၿပီး ျပန္မ၀င္စားႏိုင္ေတာ့ေအာင္ ဝိဥာဉ္ကိုပါ ဖ်က္ဆီးၾကေတာ့မွာလား။

က်ူးမိသားစု၏ က်ူးယင္ကိုခ်စ္ၾကပံုကိုျပန္ေတြးမိေတာ့ သူ ေက်ာရိုးထိတိုင္ စိမ့္သြားရသည္။ အရမ္းခ်စ္တတ္တဲ့အကိုေတြက သူ႔ကိုခ်စ္ႏိုင္ပါ့မလား။ သူက သူတို႔ညီမဟုတ္မွန္းသိရင္ သူ႔ကိုစြန႔္ပစ္ၾကမွာလား ။ သူ႔ကိုေပးထားတဲ့ကတိေတြကိုေ၇ာ ခ်က္ခ်င္းဖ်က္ပစ္ၾကေတာ့မွာလား။ ဒါဆို သူ....

" က်ူးယင္ ... "

သူ႔ရဲ့ျပန႔္က်ဲကုန္သၫ့္အေတြးေတြဟာ ဝူရွဲ႔ရဲ့ေခၚသံေၾကာင့္ ေပ်ာက္ကြယ္သြားရသည္။

မ်က္ႏွာတည္ေနေပမယ့္ သူသည္ပဲစိတ္ထင္၍လားမသိ ဝူရွဲ႔အၾကၫ့္က စိုးရိမ္မႈေတြစြက္ေနသည္။

" ငါတစ္ေယာက္ပဲ သိတာ "

" ဟင္ "

" ငါ တစ္ေယာက္ပဲ သိတာလို႔။ အသက္ေက်ာက္တိုင္ေတြက ေကာင္းကင္နန္းေတာ္က ကန႔္သတ္နယ္ေျမမွာရိွတယ္။ အဲ့ေန့က ငါ ကိစၥရိွလို႔ ကန႔္သတ္နယ္ေျမကို ျဖတ္သြားတုန္းမွာ အသက္ေက်ာက္တိုင္ေတြဘက္မွာေျပာင္းလဲတာကို ေတြ့လိုက္ရတာ။ ငါအနီးကပ္သြားၾကၫ့္ေတာ့ အဲ့ဒါ မင္းရဲ့အသက္ေက်ာက္တိုင္ျဖစ္ေနတယ္။ ငါအေတာ္စိတ္ပူသြားမိတာ မင္းသိလား"

ထိုေပ်ာက္ကြယ္သြားတဲ့အသက္ေက်ာက္တိုင္က သူ႔ဟာမဟုတ္ဘူးေလ။ ဒါကို စစ္ဝႉရဲ့ကဘာလို႔ စိတ္ပူရတာလဲ။ အရင္ က်ူးယင္နဲ႔ဝူရွဲ႔က အရမ္းရင္းႏွီးခဲ့တာလား။

" ငါ စိတ္ပူရတာေပါ့။ မင္းေသရင္ မင္းအေဖက ေဒါသတႀကီးတုန႔္ျပန္မွာေလ။ မင္းအကိုေတြကလည္း ရိွေသးေတာ့ ငါ ေလာကအတြက္ တကယ္စိုးရိမ္သြားတာ"

ေလာကအတြက္ကိုမ်ား...

" ဒါေပမယ့္ အံၾသစရာေကာင္းတာက ျဖစ္လာတယ္။ ေပ်ာက္သြားတဲ့ေက်ာက္တိုင္ေနရာမွာ အသစ္တစ္ခုေပၚလာတာပဲ။ အရင္ေက်ာက္တိုင္က မွတ္တမ္းေတြဘာမွမရိွေတာ့ဘဲနဲ႔ စာတစ္ေၾကာင္းပဲေပၚေနတယ္။ အဲ့ဒါဘာလဲ သိလား"

သူေခါင္းခါလိုက္သည္။ ဝူရွဲ႔ဆီက အေျဖကို သူစိတ္လႈပ္ရွားစြာနားစြင့္ေနမိသည္။

" က်ူးမ်ိဳးႏြယ္ရဲ့ အငယ္ဆံုးသား က်ူးယင္ေမြးဖြား နတ္ဝိဇၨာအဆင့္ ၊ ေနာင္တြင္ ယင္နတ္ဘုရား ျဖစ္လာမၫ့္သူ တဲ့"

သူအံ့ၾသလြန္း၍ ငုတ္တုပ္ပင္ထထိုင္လိုက္မိသည္။ ဘယ္လိုေတျြဖစ္ခဲ့တာလဲ သူတကယ္ကို မေတြးတတ္ေတာ့။

" ထူးဆန္းတာေတာ့အမွန္ပဲ ဒါေပမယ့္ အဲ့ထက္ထူးဆန္းတာရိွေသးတယ္"

ဒီ့ထက္ထူးဆန္းတာ ရိွေသးသည္လား... သူေတာ့ ဒုကၡေရာက္ၿပီ။ ဒီတစ္ခါကေရာ ဘာမ်ားလဲ...

သူေၾကာက္ရြံ႔စြာျဖင့္ စစ္ဝူရွဲ႔ဆက္ေျပာလာမၫ့္စကားကို နားစြင့္ေနရသည္။

ဝူရွဲ႔က ဆတ္ခနဲထထိုင္လာေတာ့ သူေနာက္ဆုတ္လိုက္မိသည္။

" ငါ အရင္က မင္းကို၃ခါေလာက္ ေတြ့ဖူးတယ္။ က်ူးမ်ိဳးႏြယ္ရဲ့အငယ္ဆံုးျဖစ္တဲ့မင္းက မင္းအကိုေတြလိုပဲ ေခ်ာေမာပါတယ္။ ဒါေပမယ့္ ဒါက ငါ့ကို မထူးဆန္းေစဘူး။ မေန့ကမင္းကိုငါေတြ့ေတာ့ မင္းကအရင္နဲ႔ဘာလို႔မတူေတာ့တာလဲ။ မင္းရဲ့ရုပ္ရည္ကအစ အရင္ထက္အမ်ားႀကီး ဘာလို႔ ပိုလွလာရတာလဲ။ "

ေျပာေနရင္းမွ စစ္ဝူရွဲ႔ကအားမရသလို သူ႔အနားထပ္ကပ္လာသည္။

" ဘာလို႔ ဒီေလာက္အထိ လွလာရတာလဲ။ ဘာလို႔ အၾကၫ့္မလႊဲႏိုင္ေလာက္ေအာင္ လွလာရတာလဲ။ မင္းက က်ူးယင္ဟုတ္တာ မဟုတ္တာကို ငါဂရုမစိုက္ဘူး။ ဒါေပမယ့္ အခု မင္းက ငါ့ကိုထူးဆန္းေစေနတာကိုေတာ့ ငါဂရုစိုက္တယ္။ က်ူးယင္ မင္းငါ့ကို တာဝန္ယူရမယ္။ မင္းေၾကာင့္ ထူးဆန္းလာတဲ့ငါ့ကို တာဝန္ယူရမယ္။ ဒီလိုဆိုရင္ အသက္ေက်ာက္တိုင္ကိစၥကို ငါေဖ်ာက္ဖ်က္ေပးမယ္"

အရမ္းနီးကပ္ေနလို႔ပဲလားမသိ သူရင္ထဲဒိတ္ခနဲျဖစ္သြားရ၏။ စစ္ဝႉရဲ့ရႉထုတ္လိုက္သၫ့္ေလေတြက သူ႔မ်က္ႏွာကိုလာဟပ္သည္။ မသိမသာ အေနာက္ကိုဖင္တရြတ္တိုက္ ဆုတ္ရင္း ဝူရွဲ႔ရဲ့အၾကၫ့္ေတြကို လႊဲဖယ္မိသည္။

စစ္ဝူရွဲ႔ရဲ့စကားေတြက မည္သၫ့္အတြက္ေၾကာင့္ထူးဆန္းေနရသည္လဲ။ သူက အရမ္းလွလာလို႔ အသက္ေက်ာက္တိုင္ကိစၥကို မသိခ်င္ေယာင္ေဆာင္ေပးမည္ ဟုဆိုလိုသည္လား။ သူကေရာ စစ္ဝူရွဲ႔ကိုမည္သို႔တာဝန္ယူေပးရမွာလဲ။ သူ႔ေဝယ်ာေဝစၥေတြခိုင္းဖို႔ လိုခ်င္ေနသည္မ်ားလား။ အေဖေတြကအၿပိဳင္အဆိုင္ျဖစ္ေနေတာ့ သူကက်ူးယင္ကိုအခိုင္းအေစလုပ္ခိုင္းၿပီး အေဖ့ကိုသိကၡာခ်ခ်င္ေနသည္လား။

" မျဖစ္ဘူး။ ကြၽန္ေတာ္ အိမ္ေရ႔ွစံရဲ့အခိုင္းအေစမလုပ္ႏိုင္ပါဘူး။ "

သူ႔စကားက မွားသြား၍လာမသိ စစ္ဝူရွဲ႔က တခဏသာေၾကာင္ၾကၫ့္ၿပီးေနာက္ တဟားဟားေအာ္ရယ္လာပါ၏။

ၾသရႈကာ ရႊင္ပ်သၫ့္ရယ္သံက အနည္းငယ္ဆြဲေဆာင္မႈရိွသည္။ စစ္ဝူရွဲ႔သာ ၂၁ရာစုမွာရိွလ်ွင္ အေတာ္ေလး ေက်ာ္ၾကားေလာက္သည္။

" အခိုင္းအေစ ဟုတ္လား။ ဟား က်ူးယင္ မင္းကကြာ ။ ငါ့ကိုတကယ္ စိတ္ဝင္စားေစတာပဲ အဟား။ ငါေတာင္ ေအာ္ရယ္လိုက္မိသြားတယ္။ မင္းကတကယ္ကို အရင္ထက္ပိုၿပီး... "

စစ္ဝူရွဲ႔က အရယ္ရပ္ကာ သူ႔ကိုတဖန္ျပန္စိုက္ၾကၫ့္လာျပန္သည္။

" ငါေျပာတဲ့တာဝန္ယူရမယ္ဆိုတာက အခုေတာ့ မဟုတ္ေသးပါဘူး။ ဒါေၾကာင့္ မသိေသးလဲျဖစ္တယ္။ အခ်ိန္တန္မွ ငါေျပာျပမယ္။ ငါေလ ကံတရားဆိုတာကို တကယ္ေက်းဇူးတင္တယ္ ငါ့ကို ေရြးခ်ယ္ေပးလို႔ ငါတကယ္ေက်းဇူးတင္တယ္။ "

စစ္ဝူရွဲ႔က သူနားမလည္ေသာ စကားတို႔ကိုတရားစပ္ေျပာေနသည္။ သူ႔ကို ရွင္းျပမၫ့္ဟန္လည္းမရိွ ။သူ႔ဘာသာေျပာေနတာလည္း ျဖစ္ႏိုင္သည္။

" ဘာပဲျဖစ္ျဖစ္ ငါက ေလာကအရွင္ျဖစ္မယ့္သူပဲ ယင္ေလး "

ယင္ေလး လို႔ထပ္ေခၚျပန္ၿပီ။ ဒီလိုေခၚလိုက္တိုင္း သူ႔စိတ္ထဲတစ္မ်ိဳးျဖစ္ျဖစ္သြားတတ္သည္ကိုလည္း သတိထားမိေနသည္။ ဝူရွဲ႔ကထိုသို႔ေခၚသည္ကို သူမႏွစ္သက္ေန၍ပဲလား။ ဒီလိုဆိုရင္ေတာ့ မျဖစ္။ စစ္ဝူရွဲ႔က သူေသခ်ာနားမလည္ေသးသၫ့္ လ်ိႈ႔ဝွက္ခ်က္ႀကီးကို ထိန္းသိမ္းေပးထားမၫ့္သူျဖစ္သည္။ ဒီ့မတိုင္ခင္ကတည္းက သူ႔ကိုမဖြင့္ေျပာခင္ကတည္းက ထိန္းသိမ္းေပးထားခဲ့သည္။ ဤသည္ကို သူေက်းဇူးတင္ရမည္။ သူ႔လ်ိႈ႔ဝွက္ခ်က္ကို သိသၫ့္တစ္ဦးတည္းေသာသူက စစ္ဝူရွဲ႔လို သစၥာရိွသၫ့္ မိတ္ေဆြမ်ိဳးျဖစ္ေန၍ သူကံေကာင္းျခင္းျဖစ္သည္။

" ကြၽန္ေတာ္လည္း ကံၾကမၼာကို ေက်းဇူးတင္တယ္။ အဲ့ဒိသူက ဝူရွဲ႔ျဖစ္ေပးလို႔"

ဝူရွဲ႔သာမဟုတ္ဘဲ အျခားနတ္တစ္ပါးပါးသာဆို သူ႔လ်ိႈ႔ဝွက္ခ်က္ကေပၚသြားၿပီး သူယခုလိုေအးေအးေဆးေဆးေနႏိုင္ေတာ့မည္ မဟုတ္။ ထို႔အျပင္ ယခုလို မိသားစုရဲ့အခ်စ္ကိုခံရမည္လည္း မဟုတ္ေပ။

စစ္ဝူရွဲ႔က သူ႔ကိုတအံ့တၾသၾကၫ့္လာေတာ့ သူစိတ္လိုလက္ရ ၿပံဳးျပလိုက္သည္။

မအံ့ၾသပါနဲ႔ က်ူးယင္ဆိုတဲ့ကြၽန္ေတာ္က သိပ္သစၥာရိွတာ ။ ေနာင္ မင္းအကူအညီလိုတဲ့အခါ ငါက ေသခ်ာေပါက္ကူညီမွာ။ ငါ့အကိုေတြဆီမွာ မင္းအတြက္ က်ိန္းေသေပါက္အကူအညီေတာင္းေပးမွာပါ။ .... စစ္ဝႉရဲ့မၾကားႏိုင္ေပမယ့္ သူကိုယ့္ကိုယ္ကိုယ္ ကတိေပးျဖစ္သည္။

စစ္ဝူရွဲ႔က လ်ွင္ျမန္စြာျဖင့္ သူ႔လက္ေမာင္းတစ္ဖက္ကိုလွမ္းဆြဲၿပီး တင္းတင္းက်ပ္က်ပ္ဖက္လာေတာ့ သူတခဏသာအံ့ၾသမိသည္။ ယခုအျဖစ္က ေသေရးရွင္ေရးအတူႀကံဳေတြ့လိုက္ရတဲ့ သူငယ္ခ်င္းႏွစ္ေယာက္၊ အသက္ေဘးမွ လြတ္ေျမာက္လာသၫ့္ဇာတ္ဝင္ခန္းႏွင့္ ဆင္ဆင္တူေနသည္။ ေပြ့ဖက္ရံုတင္မဟုတ္ဘဲ ေအာ္ဟစ္ကာ ကခုန္သင့္ေသးသည္။

-----------------------

အကိုတွေကို သူတစ်ယောက်တည်း အေးအေးဆေးဆေးသာ ရေနန်းတော်အတွင်းလျှောက်ကြည့်မယ်လို့ပြောလိုက်တော့ သဘောတူကာ ပြန်သွားကြသည်။ မပျောက်သွားခင်မှာ ကျူးလင်က သူ့ကိုအရေးအကြောင်းရှိရင် နာမည်ကိုအသံထွက်ပြီးခေါ်လိုက်၊ သူက ချက်ချင်းရောက်လာမယ် ဟုပြောသွားသေးသည်။ ကျူးလင်နည်းတူ ကျူးလျန်နှင့်ကျူးစစ်ကလည်း အလားတူပြောသွားကြသည်။

သူ့အကိုတွေ သူ့ကိုသည်းသည်းလှုပ်ကြပုံကိုပြန်တွေးမိတော့ သူသဘောတကျရယ်မိသည်။

သူ တကယ်ကံကောင်းသည်။ ထိုသို့ ၀ိုင်းပြီးဂရုစိုက်ခံရသည်မှာ သူသိပ်ကံကောင်းသည်။

တွေးရင်း သဘောတကျဖြင့် ကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ သူက ယခု ရေနန်းတော်ရဲ့ပန်းခြံအလယ်ရှိ ရေကြမ်းပြင်ပေါ်တွင် လှဲအိပ်နေတာဖြစ်သည်။ ရေကြမ်းပြင်ဆိုသည့်အတိုင်း ဖောက်ထွင်းမြင်နေရပြီး ကူးခတ်နေသည့်ငါးလေးတွေကိုကြည့်ရသည်က စိတ်ကိုကြည်စေသည်။ အပေါ်မော့ကြည့်မည်ဆိုလျှင်လည်း ရေကောင်းကင်ကြီးကိုမြင်ရပေမည်။ ငါးပြတိုက်ထဲရောက်နေသလို ခံစားမှုမျိုးကိုသူရသည်။ သူပင် မမြင်ဖူးသည့်ရေသတ္တ၀ါအစုံကို တစ်ချက်တစ်ချက် မြင်ရသဖြင့် သူလန့်လန့်သွားရသည်ကလွဲလျှင် ပျော်ဖို့ကောင်းပါသည်။

ငါးပြတိုက်ကိုသူတစ်ခါမှမရောက်ဖူးပေမယ့် တီဗွီမှာမြင်ရသလောက်ဆိုလျှင် ရေသတ္တ၀ါတွေ၏အာရုံစိုက်မှုကိုရဖို့ အပြင်ဘက်ကနေမှန်နံရံကိုရိုက်ကြသည်ကို သူသတိရတော့ ပြုံးမိလိုက်သည်။ ယခု တွေ့ရတဲ့ရေသတ္တ၀ါတွေက သူ့ကိုမြင်သည်နှင့် ခေါင်းလေးငုံ့ကာ အရိုအသေပေးသယောင်လုပ်ပြီး လစ်ပြေးကြသည်ချည်း။ တော်သေးသည်က အရမ်းကြောက်ဖို့ကောင်းသည့်သတ္တ၀ါတွေပေါ်မလာခြင်းပင်။ သူ့ကိုထိခိုက်အောင်မလုပ်နိုင်မှန်းသိသော်လည်း သူကြောက်နေဆဲ။

တောင်တောင်အီအီတွေးရင်း ဘေးကိုလှိမ့်လိုက်တော့ ရေကြမ်းပြင်တစ်ဖက်မှ နီးကပ်စွာမြင်လိုက်ရသည့် ကြီးမားလှသည့်မြွေကြီးကြောင့် သူအာခေါင်ခြစ်အော်လိုက်မိသည်။

" အား အု "

သို့ပေမယ့် အသံထွက်ထွက်ခြင်းမှာ ပါးစပ်အားနောက်မှလက်တစ်ဖက်ထွက်လာပြီး ပိတ်ခြင်းကိုခံလိုက်ရမှုကြောင့် သူ့အော်သံကရပ်တန့်သွားရသည်။

ထို့ပြင် တစ်ဖက်သို့ဆွဲလှည့်ခံလိုက်ရသေးသည်။

" မင်း ၀ူရှဲ့"

စစ်ဝူရှဲ့မှာ သူ့ကိုလွှတ်ပေးပြီး လက်တစ်ဖက်ကိုထောက်လျက် ဘေးတစောင်းပြန်လှဲနေသည်။ ရယ်မြူးရိပ်သန်းနေသည့်မျက်ဝန်းတွေက သူ့ကိုအကြည့်လွှဲစေသည်။ ထိုအခါ လှောင်သလိုပြုံးပြန်၏။

ဒီမင်းသားက သူ့ကိုလာကစားနေသည်လား

" အကျယ်ကြီးအော်လိုက်ရင် မင်းအကိုတွေသိသွားပြီး ချက်ချင်းရောက်လာနေဦးမယ်။ "

သူ့ကို အပြစ်တင်သလိုပြောလိုက်ရင်း ခဏရပ်ကာ သူ့မျက်နှာနားအနည်းငယ်တိုးကပ်ကြည့်သည်။

" ရေနန်းတော်က မင်းသားငယ်လေးက ရေမြွေကိုကြောက်တယ် ဒါက မထူးဆန်းဘူးလား"

" ကျွန်တော်က အတိတ်မေ့.. "

" အတိတ်မေ့မေ့ မမေ့မေ့... ကျူးယင် ဗီဇဆိုတာက မပြောင်းလဲတတ်ဘူးလေ"

သူ ဘာဆက်ပြောရမည်မှန်းမသိတော့ ။

သူက ဆိတ်ဆိတ်ငြိမ်နေတော့ ၀ူရှဲ့က ပက်လက်လှန်ကာ လက်တစ်ဖက်ကိုခေါင်းအုံးပြီး တွေးဆဆပြောလာသည်။

" မင်း တောင်စိမ်းတောင်မှာ ဒဏ်ရာရတဲ့နေ့က ၊ တိတိကျကျပြောရရင် မင်းဒဏ်ရာရပြီး သတိလစ်သွားတဲ့အချိန်မှာ မင်းရဲ့အသက်ကျောက်တိုင်က ပျောက်ကွယ်သွားတယ်"

တောင်စိမ်းတောင်ဆိုသည်မှာ ဆရာနဲ့နေတဲ့တောင်ကို ပြောနေခြင်းဖြစ်ကြောင်း သူနားလည်ပေမယ့် အသက်ကျောက်တိုင်ဆိုသည်ကိုတော့ သူမသိပါချေ။ ဤသည်ကို ၀ူရှဲ့ကလည်း သတိထားမိသွားပုံရပြီး ရှင်းပြလာသည်။

" အသက်ကျောက်တိုင်ဆိုတာက နတ်တစ်ပါးမွေးလာပြီဆိုတာနဲ့အလိုအလျောက်ပေါ်လာတဲ့ကျောက်တိုင်ကိုပြောတာ။ မင်းကြုံတွေ့ရသမျှကို အသက်ကျောက်တိုင်မှာပေါ်တယ်။ အသက်ကျောက်တိုင်ပျောက်သွားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ မင်းသိလား"

သူခေါင်းခါတော့ ၀ူရှဲ့က ထင်သားပဲဆိုသည့်အကြည့်ကို ပေးသည်။

" အသက်ကျောက်တိုင် ပျောက်သွားတယ်ဆိုတာက ... ကျူးယင် မင်း သေသွားပြီ ဆိုတဲ့အဓိပ္ပါယ်ပဲ။"

စကားကိုရပ်လိုက်ပြီး ၀ူရှဲ့ကသူ့ကို အကဲခတ်လာသည်။

သူကိုယ်တိုင်လည်း ယခင်ကျူးယင်က မည်သို့ကြောင့် မရှိတော့မှန်းမသိ။ သူက ဘာကြောင့် ဒီကိုရောက်လာပြီး ဒီခန္ဓာအတွင်းရောက်နေသည်ကိုလည်း သူမသိ။

သူ့အထင် ယခင်ကျူးယင်ကအမှန်သေသွားခဲ့တာဖြစ်လောက်သည် ထို့ကြောင့် အသက်ကျောက်တိုင်က ပျောက်သွားတာဖြစ်ရမည်။ ဒါဆို သူက ကျူးယင်အစစ်မဟုတ်မှန်း သိသွားကြတော့မည်ပေါ့...။ သူ့ကို သူ့ကို စစ်မေးကြမှာလား။ သူ့ကို နတ်အစွမ်းတွေဖြင့် ဖမ်းချုပ်ပြီး ပြန်မ၀င်စားနိုင်တော့အောင် ၀ိဥာဉ်ကိုပါ ဖျက်ဆီးကြတော့မှာလား။

ကျူးမိသားစု၏ ကျူးယင်ကိုချစ်ကြပုံကိုပြန်တွေးမိတော့ သူ ကျောရိုးထိတိုင် စိမ့်သွားရသည်။ အရမ်းချစ်တတ်တဲ့အကိုတွေက သူ့ကိုချစ်နိုင်ပါ့မလား။ သူက သူတို့ညီမဟုတ်မှန်းသိရင် သူ့ကိုစွန့်ပစ်ကြမှာလား ။ သူ့ကိုပေးထားတဲ့ကတိတွေကိုေ၇ာ ချက်ချင်းဖျက်ပစ်ကြတော့မှာလား။ ဒါဆို သူ....

" ကျူးယင် ... "

သူ့ရဲ့ပြန့်ကျဲကုန်သည့်အတွေးတွေဟာ ၀ူရှဲ့ရဲ့ခေါ်သံကြောင့် ပျောက်ကွယ်သွားရသည်။

မျက်နှာတည်နေပေမယ့် သူသည်ပဲစိတ်ထင်၍လားမသိ ၀ူရှဲ့အကြည့်က စိုးရိမ်မှုတွေစွက်နေသည်။

" ငါတစ်ယောက်ပဲ သိတာ "

" ဟင် "

" ငါ တစ်ယောက်ပဲ သိတာလို့။ အသက်ကျောက်တိုင်တွေက ကောင်းကင်နန်းတော်က ကန့်သတ်နယ်မြေမှာရှိတယ်။ အဲ့နေ့က ငါ ကိစ္စရှိလို့ ကန့်သတ်နယ်မြေကို ဖြတ်သွားတုန်းမှာ အသက်ကျောက်တိုင်တွေဘက်မှာပြောင်းလဲတာကို တွေ့လိုက်ရတာ။ ငါအနီးကပ်သွားကြည့်တော့ အဲ့ဒါ မင်းရဲ့အသက်ကျောက်တိုင်ဖြစ်နေတယ်။ ငါအတော်စိတ်ပူသွားမိတာ မင်းသိလား"

ထိုပျောက်ကွယ်သွားတဲ့အသက်ကျောက်တိုင်က သူ့ဟာမဟုတ်ဘူးလေ။ ဒါကို စစ်ဝှူရဲ့ကဘာလို့ စိတ်ပူရတာလဲ။ အရင် ကျူးယင်နဲ့ဝူရှဲ့က အရမ်းရင်းနှီးခဲ့တာလား။

" ငါ စိတ်ပူရတာပေါ့။ မင်းသေရင် မင်းအဖေက ဒေါသတကြီးတုန့်ပြန်မှာလေ။ မင်းအကိုတွေကလည်း ရှိသေးတော့ ငါ လောကအတွက် တကယ်စိုးရိမ်သွားတာ"

လောကအတွက်ကိုများ...

" ဒါပေမယ့် အံသြစရာကောင်းတာက ဖြစ်လာတယ်။ ပျောက်သွားတဲ့ကျောက်တိုင်နေရာမှာ အသစ်တစ်ခုပေါ်လာတာပဲ။ အရင်ကျောက်တိုင်က မှတ်တမ်းတွေဘာမှမရှိတော့ဘဲနဲ့ စာတစ်ကြောင်းပဲပေါ်နေတယ်။ အဲ့ဒါဘာလဲ သိလား"

သူခေါင်းခါလိုက်သည်။ ၀ူရှဲ့ဆီက အဖြေကို သူစိတ်လှုပ်ရှားစွာနားစွင့်နေမိသည်။

" ကျူးမျိုးနွယ်ရဲ့ အငယ်ဆုံးသား ကျူးယင်မွေးဖွား နတ်ဝိဇ္ဇာအဆင့် ၊ နောင်တွင် ယင်နတ်ဘုရား ဖြစ်လာမည့်သူ တဲ့"

သူအံ့သြလွန်း၍ ငုတ်တုပ်ပင်ထထိုင်လိုက်မိသည်။ ဘယ်လိုတွေဖြစ်ခဲ့တာလဲ သူတကယ်ကို မတွေးတတ်တော့။

" ထူးဆန်းတာတော့အမှန်ပဲ ဒါပေမယ့် အဲ့ထက်ထူးဆန်းတာရှိသေးတယ်"

ဒီ့ထက်ထူးဆန်းတာ ရှိသေးသည်လား... သူတော့ ဒုက္ခရောက်ပြီ။ ဒီတစ်ခါကရော ဘာများလဲ...

သူကြောက်ရွံ့စွာဖြင့် စစ်ဝူရှဲ့ဆက်ပြောလာမည့်စကားကို နားစွင့်နေရသည်။

၀ူရှဲ့က ဆတ်ခနဲထထိုင်လာတော့ သူနောက်ဆုတ်လိုက်မိသည်။

" ငါ အရင်က မင်းကို၃ခါလောက် တွေ့ဖူးတယ်။ ကျူးမျိုးနွယ်ရဲ့အငယ်ဆုံးဖြစ်တဲ့မင်းက မင်းအကိုတွေလိုပဲ ချောမောပါတယ်။ ဒါပေမယ့် ဒါက ငါ့ကို မထူးဆန်းစေဘူး။ မနေ့ကမင်းကိုငါတွေ့တော့ မင်းကအရင်နဲ့ဘာလို့မတူတော့တာလဲ။ မင်းရဲ့ရုပ်ရည်ကအစ အရင်ထက်အများကြီး ဘာလို့ ပိုလှလာရတာလဲ။ "

ပြောနေရင်းမှ စစ်ဝူရှဲ့ကအားမရသလို သူ့အနားထပ်ကပ်လာသည်။

" ဘာလို့ ဒီလောက်အထိ လှလာရတာလဲ။ ဘာလို့ အကြည့်မလွှဲနိုင်လောက်အောင် လှလာရတာလဲ။ မင်းက ကျူးယင်ဟုတ်တာ မဟုတ်တာကို ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အခု မင်းက ငါ့ကိုထူးဆန်းစေနေတာကိုတော့ ငါဂရုစိုက်တယ်။ ကျူးယင် မင်းငါ့ကို တာဝန်ယူရမယ်။ မင်းကြောင့် ထူးဆန်းလာတဲ့ငါ့ကို တာဝန်ယူရမယ်။ ဒီလိုဆိုရင် အသက်ကျောက်တိုင်ကိစ္စကို ငါဖျောက်ဖျက်ပေးမယ်"

အရမ်းနီးကပ်နေလို့ပဲလားမသိ သူရင်ထဲဒိတ်ခနဲဖြစ်သွားရ၏။ စစ်ဝှူရဲ့ရှူထုတ်လိုက်သည့်လေတွေက သူ့မျက်နှာကိုလာဟပ်သည်။ မသိမသာ အနောက်ကိုဖင်တရွတ်တိုက် ဆုတ်ရင်း ၀ူရှဲ့ရဲ့အကြည့်တွေကို လွှဲဖယ်မိသည်။

စစ်ဝူရှဲ့ရဲ့စကားတွေက မည်သည့်အတွက်ကြောင့်ထူးဆန်းနေရသည်လဲ။ သူက အရမ်းလှလာလို့ အသက်ကျောက်တိုင်ကိစ္စကို မသိချင်ယောင်ဆောင်ပေးမည် ဟုဆိုလိုသည်လား။ သူကရော စစ်ဝူရှဲ့ကိုမည်သို့တာဝန်ယူပေးရမှာလဲ။ သူ့ဝေယျာဝေစ္စတွေခိုင်းဖို့ လိုချင်နေသည်များလား။ အဖေတွေကအပြိုင်အဆိုင်ဖြစ်နေတော့ သူကကျူးယင်ကိုအခိုင်းအစေလုပ်ခိုင်းပြီး အဖေ့ကိုသိက္ခာချချင်နေသည်လား။

" မဖြစ်ဘူး။ ကျွန်တော် အိမ်ရှေ့စံရဲ့အခိုင်းအစေမလုပ်နိုင်ပါဘူး။ "

သူ့စကားက မှားသွား၍လာမသိ စစ်ဝူရှဲ့က တခဏသာကြောင်ကြည့်ပြီးနောက် တဟားဟားအော်ရယ်လာပါ၏။

သြရှုကာ ရွှင်ပျသည့်ရယ်သံက အနည်းငယ်ဆွဲဆောင်မှုရှိသည်။ စစ်ဝူရှဲ့သာ ၂၁ရာစုမှာရှိလျှင် အတော်လေး ကျော်ကြားလောက်သည်။

" အခိုင်းအစေ ဟုတ်လား။ ဟား ကျူးယင် မင်းကကွာ ။ ငါ့ကိုတကယ် စိတ်ဝင်စားစေတာပဲ အဟား။ ငါတောင် အော်ရယ်လိုက်မိသွားတယ်။ မင်းကတကယ်ကို အရင်ထက်ပိုပြီး... "

စစ်ဝူရှဲ့က အရယ်ရပ်ကာ သူ့ကိုတဖန်ပြန်စိုက်ကြည့်လာပြန်သည်။

" ငါပြောတဲ့တာဝန်ယူရမယ်ဆိုတာက အခုတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် မသိသေးလဲဖြစ်တယ်။ အချိန်တန်မှ ငါပြောပြမယ်။ ငါလေ ကံတရားဆိုတာကို တကယ်ကျေးဇူးတင်တယ် ငါ့ကို ရွေးချယ်ပေးလို့ ငါတကယ်ကျေးဇူးတင်တယ်။ "

စစ်ဝူရှဲ့က သူနားမလည်သော စကားတို့ကိုတရားစပ်ပြောနေသည်။ သူ့ကို ရှင်းပြမည့်ဟန်လည်းမရှိ ။သူ့ဘာသာပြောနေတာလည်း ဖြစ်နိုင်သည်။

" ဘာပဲဖြစ်ဖြစ် ငါက လောကအရှင်ဖြစ်မယ့်သူပဲ ယင်လေး "

ယင်လေး လို့ထပ်ခေါ်ပြန်ပြီ။ ဒီလိုခေါ်လိုက်တိုင်း သူ့စိတ်ထဲတစ်မျိုးဖြစ်ဖြစ်သွားတတ်သည်ကိုလည်း သတိထားမိနေသည်။ ၀ူရှဲ့ကထိုသို့ခေါ်သည်ကို သူမနှစ်သက်နေ၍ပဲလား။ ဒီလိုဆိုရင်တော့ မဖြစ်။ စစ်ဝူရှဲ့က သူသေချာနားမလည်သေးသည့် လျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းပေးထားမည့်သူဖြစ်သည်။ ဒီ့မတိုင်ခင်ကတည်းက သူ့ကိုမဖွင့်ပြောခင်ကတည်းက ထိန်းသိမ်းပေးထားခဲ့သည်။ ဤသည်ကို သူကျေးဇူးတင်ရမည်။ သူ့လျှို့ဝှက်ချက်ကို သိသည့်တစ်ဦးတည်းသောသူက စစ်ဝူရှဲ့လို သစ္စာရှိသည့် မိတ်ဆွေမျိုးဖြစ်နေ၍ သူကံကောင်းခြင်းဖြစ်သည်။

" ကျွန်တော်လည်း ကံကြမ္မာကို ကျေးဇူးတင်တယ်။ အဲ့ဒိသူက ၀ူရှဲ့ဖြစ်ပေးလို့"

၀ူရှဲ့သာမဟုတ်ဘဲ အခြားနတ်တစ်ပါးပါးသာဆို သူ့လျှို့ဝှက်ချက်ကပေါ်သွားပြီး သူယခုလိုအေးအေးဆေးဆေးနေနိုင်တော့မည် မဟုတ်။ ထို့အပြင် ယခုလို မိသားစုရဲ့အချစ်ကိုခံရမည်လည်း မဟုတ်ပေ။

စစ်ဝူရှဲ့က သူ့ကိုတအံ့တသြကြည့်လာတော့ သူစိတ်လိုလက်ရ ပြုံးပြလိုက်သည်။

မအံ့သြပါနဲ့ ကျူးယင်ဆိုတဲ့ကျွန်တော်က သိပ်သစ္စာရှိတာ ။ နောင် မင်းအကူအညီလိုတဲ့အခါ ငါက သေချာပေါက်ကူညီမှာ။ ငါ့အကိုတွေဆီမှာ မင်းအတွက် ကျိန်းသေပေါက်အကူအညီတောင်းပေးမှာပါ။ .... စစ်ဝှူရဲ့မကြားနိုင်ပေမယ့် သူကိုယ့်ကိုယ်ကိုယ် ကတိပေးဖြစ်သည်။

စစ်ဝူရှဲ့က လျှင်မြန်စွာဖြင့် သူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲပြီး တင်းတင်းကျပ်ကျပ်ဖက်လာတော့ သူတခဏသာအံ့သြမိသည်။ ယခုအဖြစ်က သေရေးရှင်ရေးအတူကြုံတွေ့လိုက်ရတဲ့ သူငယ်ချင်းနှစ်ယောက်၊ အသက်ဘေးမှ လွတ်မြောက်လာသည့်ဇာတ်ဝင်ခန်းနှင့် ဆင်ဆင်တူနေသည်။ ပွေ့ဖက်ရုံတင်မဟုတ်ဘဲ အော်ဟစ်ကာ ကခုန်သင့်သေးသည်။

-----------------------

Continue Reading

You'll Also Like

121K 11.1K 82
ဘာသာပြန်သူ စွဲညို့အသင်း
202K 16.6K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
254K 33.4K 123
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
110K 16.3K 121
" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်လေးက စင်ပေါ်ကနေ ကန်ချပေးမယ် "