Becoming Empress But she isn'...

By PannKhattWaiio

325K 40.2K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

8.7K 1.1K 30
By PannKhattWaiio

ေနာက္တစ္ေန့နံနက္တြင္ က်ူးယင္ခပ္ေစာေစာႏိုးလာသည္။ ပံုမွန္ထက္အမ်ားႀကီး လန္းဆန္းကာ သက္ေတာင့္သက္သာျဖစ္ေနသည္မို႔ သူေစာေစာႏိုးလာခဲ့တာျဖစ္ႏိုင္သည္။ လန္းလန္းဆန္းဆန္းခႏၶာအား သန႔္ရွင္းေစရန္ ကန႔္လန႔္ကာေနာက္မွ ေရခ်ိဳးခန္းေလးထဲတြင္ သန႔္ရွင္းျခင္းအမႈကိုျပဳသည္။ ေရေတြကေအးစက္မေနေသာ္ျငား ေနြးလြန္းသည္လည္းမဟုတ္ေပ။

က်ူးယင္ကား ေရေၾကာက္တတ္သည္.. ေရေအးမည္ကိုေၾကာက္တတ္သည္... ေရကိုထိလိုက္ခ်ိန္တြင္ တစ္ကိုယ္လံုးသို႔ ေအးစိမ့္မႈေတြပ်ံ့သြားသၫ့္အခါ သူစိတ္ရႈပ္စြာသက္ျပင္းခ်လိုက္မိသည္။ ဒီမွာႏွစ္ရက္ေတာင္ေနလာၿပီးမွ ေခ်းမ်ားေနမိသည္မွာ ယမန္ညကထိေတြ့ခဲ့ရေသာ ေကာင္းလြန္းသည့္ေရပူေၾကာင့္ျဖစ္သည္။ ေကာင္းလြန္းသည္ဟု ဆိုရျခင္းမွာ ေရကားေနြးေနရံုျဖစ္ကာ အပူလြန္သၫ့္ဘက္လည္းမေရာက္သျဖင့္ က်ူးယင္အထူးႏွစ္သက္မိခဲ့ျခင္းျဖစ္သည္။ ထိုေရျဖင့္သာ မနက္ခင္းေလးကို စတင္ရမည္ဆိုလ်ွင္ တစ္ေန့လံုးမဂၤလာရိွေနေတာ့မွာပင္...... သို႔ေပမယ့္ ဟိုေထာင့္မက်ိဳးတဲ့အကိုႀကီးရိွေနျပန္လ်င္လည္း ဒုကၡကမ်ားဦးမည္။

မနက္ေစာေစာစီးစီး စိတ္ရႈပ္စရာကိုေတြးမိလိုက္သည္မို႔ ယေန့ကေတာ့ က်ူးယင္အတြက္ လာဘ္တိတ္ေတာ့မည္ထင္သည္။

အစိမ္းႏုေရာင္ဝတ္စံုကို လဲဝတ္ၿပီးေတာ့ အခန္းေထာင့္မွခံုတစ္ခုေပၚတင္ထားသၫ့္ လက္ပေတာ့အရြယ္ေလာက္ရိွေသာ အသစ္စက္စက္ ေရခဲအျပားႀကီးကိုၾကၫ့္လိုက္ရာ က်ူးယင္ေက်ေက်နပ္နပ္ၿပံဳးမိသြားသည္။ ေရခဲျပားေပၚတြင္ ခန႔္ညားလွေသာစာေပသမားဟန္ ေကာင္ေလးတစ္ေယာက္သည္ တစ္ခန္းလံုးလင္းထိန္သြားေစႏိုင္ေလာက္သည္အထိ ေတာက္ပစြာၿပံဳးေနေလသည္။

ထို႔ေနာက္ နဉ္ကိုရွာရန္အခန္းထဲက ထြက္လိုက္ေတာ့သည္။

အေဆာင္မွအျပင္သို႔ေျခခ်ခ်ိန္တြင္ အျမင္ ရင္းႏွီးေနေသာငွက္သည္ သူ႔ေရ႔ွတၫ့္တၫ့္တြင္ပ်ံကာဝဲေနသည္။ ငွက္ကား လွေသာ္လည္း ဤသည္က ဌက္အစစ္မဟုတ္သည္ကို သူမေန့ကျမင္ၿပီးၿပီမို႔ က်ူးယင္လန႔္ေနမိသည္။

က်ူးယင္အေနာက္သို႔ မသိမသာျပန္ဆုတ္တာကိုသတိထာမိသြားလို႔ပဲလားမသိ ထိုဌက္ဟာ က်ူးယင္အနားပိုကပ္လာသည္။ က်ူးယင္လည္းအေနာက္ကိုထပ္ဆုတ္ရာ အေဆာင္တံခါးႏွင့္ ေက်ာကပ္မိသြားသည္။ ထိုအခါမွ ဌက္သည္ သူ႔ေရ႔ွတြင္စက္ဝိုင္းပံု တစ္ႀကိမ္ပ်ံဝဲၿပီးမွ က်ူးယင္၏ပခံုးေပၚလာနားသည္။ က်ူးယင္မ်က္လံုးျပဴးကာ ကိုယ္ကိုယ္ေတာင့္ထားမိသၫ့္အခါ ထိုဌက္က ႏႈတ္သီးျဖင့္ က်ူးယင္နားအား အသာဖြဖြဆိတ္သည္။

"မေၾကာက္နဲ႔ "

နားထဲပီသစြာၾကားလိုက္ရသလို ရင္းႏွီးေနသၫ့္အသံေၾကာင့္ က်ူးယင္တံေတြးမ်ိဳခ်လိုက္မိသည္။
ဒီေလသံက မေန့ကဌက္လူသားရဲ့အသံနဲ႔မတူသလိုလို...
ေနာက္ၿပီးဌက္တစ္ေကာင္ထံမွ လူစကားထြက္လာသည္ကို မည္သူကမေၾကာက္ဘဲေနမည္လဲ... အထူးသျဖင့္ ထိုဌက္ဟာ လူအသြင္ေျပာင္းႏိုင္သၫ့္ မေကာင္းဆိုးရြားဌက္လည္း ျဖစ္ေနေသးသည္။

သူက ဒီေလာကကိုေရာက္တာမၾကာေသးတဲ့ ဂ်ူနီယာညီငယ္ေလးပါ .... အကိုဌက္က ဒီလိုမေျခာက္လွန႔္ပါနဲ႔.....

သူ႔ကိုနတ္လို႔နဉ္ကေျပာေပမယ့္ ဘယ္လိုနတ္မွန္းသူလည္းမသိဘူးေလ... ဒီဌက္ကသူ႔ကိုစားလိုက္ရင္ ဘယ္လိုလုပ္မလဲ...

က်ူးယင္ စိတ္ထဲတြင္သာ ေတာင္းပန္တိုးလ်ိႈးေနေသာ္လည္း အျပင္ပန္းတြင္မူ မ်က္ႏွာေလးျဖဴေဖ်ာ့ေနသည္ကလြဲ ထူးထူးျခားျခားမရိွေပ။

ေနရာတြင္ပင္ ၿငိမ္ကာေတာင့္ေတာင့္ႀကီးရပ္ေနသၫ့္ က်ူးယင္ေၾကာင့္ ပခံုး ေပၚက ဌက္ဟာ က်ူးယင္မ်က္ႏွာကို ေစာင္းကာၾကၫ့္ေလသျဖင့္ သူအသက္ပင္ေအာင့္လိုက္မိသည္။

သူ႔မ်က္ႏွာနားကပ္ေနတဲ့ ႏႈတ္သီးႀကီးနဲ႔ သူ႔ပါးကိုထိုးဆိတ္ေတာ့မွာလား... နားကိုမ်ားကိုက္ျဖတ္ေတာ့မွာလား... ဒါမွမဟုတ္ သူ႔မ်က္လံုးေတြကို ေဖာက္ထုတ္ေတာ့မွာလား...

လ်ွာကိုက္စဉ္ကခံစားခဲ့ရသၫ့္ နာက်င္မႈကိုေအာက္ေမ့ရင္း က်ူးယင္ ေျခဖ်ားလက္ဖ်ားေတြေအးစက္လာေတာ့သည္။ သူေသရမယ္ဆိုရင္ေတာင္မွ ထပ္ၿပီးပံုဆိုးပန္းဆိုး၊ အဂၤါခ်ိဳ႕တဲ့ၿပီးမေသခ်င္ဘူး......

သို႔ေသာ္ သူေတြးထားသလိုထိုဌက္က ရန္မျပဳဘဲ သူ႔ပါးကိုသာႏႈတ္သီးေလးျဖင့္ ပြတ္သပ္လာသျဖင့္ က်ူးယင္ပါးေလးတြန႔္ခနဲျဖစ္ခ်င္သြားသည္။
ပါးပင္ယားလာသလို....

သူမဝံ့မရဲျဖင့္ ေခါင္းေလးအသာေစာင္းကာ ဌက္အားေစြၾကၫ့္လိုက္သၫ့္အခါ သူ႔ႏွာေခါင္းထိပ္ေလးကိုပါ ဌက္ကႏႈတ္သီးျဖင့္ အသာပြတ္သပ္လာသည္။ မာေက်ာေသာႏႈတ္သီးသည္ ေအးစက္၍လည္းေနေသးသည္မို႔ က်ူးယင္ကိုယ္လည္းတြန႔္ခနဲျဖစ္သြားရျပန္သည္။ ဌက္မွာေတာ့ သေဘာတက်ျဖင့္ သူ႔ပါးကို ျပန္ပြတ္ေနဆဲ။

သည္ဌက္က သူနဲ႔ရင္းႏွီးလိုသည္လား... သူေၾကာက္တဲ့မေကာင္းဆိုးဝါးဌက္မ်ိဳးမဟုတ္ဘူးလား... ၾကၫ့္ရတာသည္က ဌက္မွာ လူအသြင္ေျပာင္းလ်ွင္သာ ဟိတ္ဟန္ႀကီးသၫ့္ ရဲရင့္ေသာစစ္သူႀကီးသဖြယ္ျဖစ္သြားေသာ္လည္း ဌက္ဘ၀တြင္ေတာ့ တိရိစၧာန္တို႔၏ဗီဇအတိုင္း ပြတ္သီးပြတ္သတ္ေနခ်င္တာျဖစ္ရမည္။ ထိုသို႔ေတြးမိေတာ့ က်ူးယင္ဌက္ကေလးကို ၿပံဳးၿပံဳးေလးလွၫ့္ၾကၫ့္လိုက္ရာ မ်က္ႏွာတစ္ခုလံုးဌက္ဘက္သို႔လွၫ့္ထားသလိုျဖစ္သြားစဉ္တြင္ ထိုဌက္သည္က်ူးယင့္ႏႈတ္ခမ္းအား ဖ်က္ခနဲထိလာသည္။
ထိုအခိုက္ ေနြးေထြးတဲ့စြမ္းအားစီးေၾကာင္းတစ္ခု သူ႔ကိုယ္ထဲ ႏႈတ္မွတဆင့္စီး၀င္သြားသလို ခံစားလိုက္ရသည္။

ဌက္၏မ်က္လံုးတို႔က နက္ေမွာင္ေနခဲ့၏။

ဒီဌက္ေလးကေတာ့ သူ႔ကိုအရမ္းခင္တြယ္ေနပံုပဲ .....
သူအရင္က ကစ္တီလို႔ေခၚတဲ့ၾကက္တူေရြးတစ္ေကာင္ေမြးဖူးသည္။ သူကေၾကာင္အရမ္းခ်စ္ေပမယ့္ အေမႊးေတြႏွင့္ မတၫ့္တာေၾကာင့္ၾကက္တူေရြးသာေမြးၿပီး ေၾကာင္နာမည္ေပးခဲ့ျခင္းျဖစ္သည္။ ကစ္တီသည္ သူ႔ကိုအရမ္းကပ္ကာ သူ႔ပါးကိုနမ္းလိုက္ႏႈတ္ခမ္းကိုနမ္းလိုက္လုပ္ေနတတ္သည္မို႔ အခုလိုတိုက္ဆိုင္သြားသၫ့္အခါ က်ူးယင္ ကစ္တီကိုသတိရသြားရသည္။

ကစ္တီေလးကမရိွေတာ့ေပမယ့္ ဒီဌက္ဆိုးေလးကိုပဲ အစားထိုးခ်စ္လိုက္ပါေတာ့မယ္....

သည္ဌက္ လူပံုေျပာင္းသၫ့္အခါ သူ႔ကိုမွတ္မိေလာက္မည္မထင္ အရင္ေန့ေတြကျမင္ဖူးေနခဲ့တာကိုေတာင္ ညကမႏႈတ္ဆတ္ဘဲေနခဲ့ေသးတာပဲ။ ဒါမွမဟုတ္ တမင္ေခ်တာမ်ားလား...
ဒါမွမဟုတ္ ဌက္ကတစ္ေကာင္ထဲမဟုတ္တာမ်ားလား.....

ဌက္အားပခံုးေပၚတင္ကာ က်ူးယင္လမ္းေလ်ွာက္လာသည္မွာ ေရကန္သို႔သြားေသာလမ္းခြသို႔ပင္ေရာက္ရိွလာၿပီျဖစ္သည္။

ထိုစဉ္တြင္ သူ႔ပခံုးေပၚမွဌက္ေလးမွာရုတ္တရက္ပ်ံေျပးသြားသျဖင့္ က်ူးယင္အေတြးစေတျြပတ္သြားရသည္။ ထို႔အျပင္ ေအးစိမ့္ေနေသာ ျမဴႏွင္းေဝေနသၫ့္ေလ်ွာက္ေလးေလးတြင္၇ပ္ေနရင္းက ေနြးေထြးမႈကိုသူခံစားလိုက္၇သည္။ အနည္းငယ္လင္းလက္သြားကာမ်က္လံုးက်ိန္းသြားရသည္မို႔ လက္တစ္ဖက္ျဖင့္မ်က္လံုးကိုကာလိုက္၇သည္။ အနည္းငယ္က်င့္သားရလာမွ လက္ဖယ္ၾကၫ့္လိုက္ေတာ့ က်ူးယင္အားအလြန္အမင္းရင္းႏွီးေနေသာအၾကၫ့္တို႔ျဖင့္ၾကၫ့္ေနေသာ နတ္ႏွစ္ပါးဟာ ျမဴေတြၾကားမွေပၚလာေလသည္။

နတ္ေတြဟု သူတန္းေျပာႏိုင္သည္က နဉ္ေျပာျပခ်က္အရဆက္စပ္ေတြးမိလိုက္ျခင္းပင္။

ဒီနတ္ေတြက သူ႔ကိုသိေနတာလား၊ ဘယ္လိုပတ္သတ္မႈမ်ိဳးနဲ႔လဲ.. ဟူေသာအေတြးေတြကေခါင္းထဲပလံုစီလာေသာ္လည္း ေလာေလာလတ္လတ္ေရခဲျပားမျွမင္ဖူးထားေသာသူ႔ရုပ္သြင္ကိုသတိရလိုက္သၫ့္အခါ အမ်ိဳးေတျြဖစ္မည္မွန္းက်ူးယင္သိလိုက္သည္။

ဒီနတ္ေတြသိပ္ေခ်ာပါတယ္ေတြးေနတာ ငါနဲ႔တူေနလို႔ကိုး.....

အမ်ိဳးေတြမွန္းေသခ်ာၿပီးသၫ့္ေနာက္မွာ မည္သူကအေဖလဲ၊ မည္သူက အကိုလဲ ဟုေတြးရျပန္သည္။ နတ္ေတြက အသက္မႀကီးၾကဘူးမဟုတ္လား... နဉ္ဆိုလ်ွင္ အရမ္းကိုခန႔္ညားကာေခ်ာေမာၿပီးအ၇ြယ္တင္ႏုပ်ိဳဆဲေပေလ။

ဒါ့အျပင္ ထိုနတ္ေတြအားမည္သို႔ႏႈတ္ဆတ္ရမည္နည္းဟု ေတြးေနမိခ်ိန္တြင္ လိုခ်င္သၫ့္အ၇ုပ္အားေတြ့လိုက္ရသၫ့္ ကေလးမ်ားလို သူ႔ထံအေျပးလာကာ ဝိုင္းဖက္လိုက္ၾကသည္မို႔ က်ူး ယင္ကူကယ္ရာမဲ့သြားရသည္။

--------

နောက်တစ်နေ့နံနက်တွင် ကျူးယင်ခပ်စောစောနိုးလာသည်။ ပုံမှန်ထက်အများကြီး လန်းဆန်းကာ သက်တောင့်သက်သာဖြစ်နေသည်မို့ သူစောစောနိုးလာခဲ့တာဖြစ်နိုင်သည်။ လန်းလန်းဆန်းဆန်းခန္ဓာအား သန့်ရှင်းစေရန် ကန့်လန့်ကာနောက်မှ ရေချိုးခန်းလေးထဲတွင် သန့်ရှင်းခြင်းအမှုကိုပြုသည်။ ရေတွေကအေးစက်မနေသော်ငြား နွေးလွန်းသည်လည်းမဟုတ်ပေ။

ကျူးယင်ကား ရေကြောက်တတ်သည်.. ရေအေးမည်ကိုကြောက်တတ်သည်... ရေကိုထိလိုက်ချိန်တွင် တစ်ကိုယ်လုံးသို့ အေးစိမ့်မှုတွေပျံ့သွားသည့်အခါ သူစိတ်ရှုပ်စွာသက်ပြင်းချလိုက်မိသည်။ ဒီမှာနှစ်ရက်တောင်နေလာပြီးမှ ချေးများနေမိသည်မှာ ယမန်ညကထိတွေ့ခဲ့ရသော ကောင်းလွန်းသည့်ရေပူကြောင့်ဖြစ်သည်။ ကောင်းလွန်းသည်ဟု ဆိုရခြင်းမှာ ရေကားနွေးနေရုံဖြစ်ကာ အပူလွန်သည့်ဘက်လည်းမရောက်သဖြင့် ကျူးယင်အထူးနှစ်သက်မိခဲ့ခြင်းဖြစ်သည်။ ထိုရေဖြင့်သာ မနက်ခင်းလေးကို စတင်ရမည်ဆိုလျှင် တစ်နေ့လုံးမင်္ဂလာရှိနေတော့မှာပင်...... သို့ပေမယ့် ဟိုထောင့်မကျိုးတဲ့အကိုကြီးရှိနေပြန်လျင်လည်း ဒုက္ခကများဦးမည်။

မနက်စောစောစီးစီး စိတ်ရှုပ်စရာကိုတွေးမိလိုက်သည်မို့ ယနေ့ကတော့ ကျူးယင်အတွက် လာဘ်တိတ်တော့မည်ထင်သည်။

အစိမ်းနုရောင်ဝတ်စုံကို လဲဝတ်ပြီးတော့ အခန်းထောင့်မှခုံတစ်ခုပေါ်တင်ထားသည့် လက်ပတော့အရွယ်လောက်ရှိသော အသစ်စက်စက် ရေခဲအပြားကြီးကိုကြည့်လိုက်ရာ ကျူးယင်ကျေကျေနပ်နပ်ပြုံးမိသွားသည်။ ရေခဲပြားပေါ်တွင် ခန့်ညားလှသောစာပေသမားဟန် ကောင်လေးတစ်ယောက်သည် တစ်ခန်းလုံးလင်းထိန်သွားစေနိုင်လောက်သည်အထိ တောက်ပစွာပြုံးနေလေသည်။

ထို့နောက် နဉ်ကိုရှာရန်အခန်းထဲက ထွက်လိုက်တော့သည်။

အဆောင်မှအပြင်သို့ခြေချချိန်တွင် အမြင် ရင်းနှီးနေသောငှက်သည် သူ့ရှေ့တည့်တည့်တွင်ပျံကာဝဲနေသည်။ ငှက်ကား လှသော်လည်း ဤသည်က ဌက်အစစ်မဟုတ်သည်ကို သူမနေ့ကမြင်ပြီးပြီမို့ ကျူးယင်လန့်နေမိသည်။

ကျူးယင်အနောက်သို့ မသိမသာပြန်ဆုတ်တာကိုသတိထာမိသွားလို့ပဲလားမသိ ထိုဌက်ဟာ ကျူးယင်အနားပိုကပ်လာသည်။ ကျူးယင်လည်းအနောက်ကိုထပ်ဆုတ်ရာ အဆောင်တံခါးနှင့် ကျောကပ်မိသွားသည်။ ထိုအခါမှ ဌက်သည် သူ့ရှေ့တွင်စက်ဝိုင်းပုံ တစ်ကြိမ်ပျံဝဲပြီးမှ ကျူးယင်၏ပခုံးပေါ်လာနားသည်။ ကျူးယင်မျက်လုံးပြူးကာ ကိုယ်ကိုယ်တောင့်ထားမိသည့်အခါ ထိုဌက်က နှုတ်သီးဖြင့် ကျူးယင်နားအား အသာဖွဖွဆိတ်သည်။

"မကြောက်နဲ့ "

နားထဲပီသစွာကြားလိုက်ရသလို ရင်းနှီးနေသည့်အသံကြောင့် ကျူးယင်တံတွေးမျိုချလိုက်မိသည်။
ဒီလေသံက မနေ့ကဌက်လူသားရဲ့အသံနဲ့မတူသလိုလို...
နောက်ပြီးဌက်တစ်ကောင်ထံမှ လူစကားထွက်လာသည်ကို မည်သူကမကြောက်ဘဲနေမည်လဲ... အထူးသဖြင့် ထိုဌက်ဟာ လူအသွင်ပြောင်းနိုင်သည့် မကောင်းဆိုးရွားဌက်လည်း ဖြစ်နေသေးသည်။

သူက ဒီလောကကိုရောက်တာမကြာသေးတဲ့ ဂျူနီယာညီငယ်လေးပါ .... အကိုဌက်က ဒီလိုမခြောက်လှန့်ပါနဲ့.....

သူ့ကိုနတ်လို့နဉ်ကပြောပေမယ့် ဘယ်လိုနတ်မှန်းသူလည်းမသိဘူးလေ... ဒီဌက်ကသူ့ကိုစားလိုက်ရင် ဘယ်လိုလုပ်မလဲ...

ကျူးယင် စိတ်ထဲတွင်သာ တောင်းပန်တိုးလျှိုးနေသော်လည်း အပြင်ပန်းတွင်မူ မျက်နှာလေးဖြူဖျော့နေသည်ကလွဲ ထူးထူးခြားခြားမရှိပေ။

နေရာတွင်ပင် ငြိမ်ကာတောင့်တောင့်ကြီးရပ်နေသည့် ကျူးယင်ကြောင့် ပခုံး ပေါ်က ဌက်ဟာ ကျူးယင်မျက်နှာကို စောင်းကာကြည့်လေသဖြင့် သူအသက်ပင်အောင့်လိုက်မိသည်။

သူ့မျက်နှာနားကပ်နေတဲ့ နှုတ်သီးကြီးနဲ့ သူ့ပါးကိုထိုးဆိတ်တော့မှာလား... နားကိုများကိုက်ဖြတ်တော့မှာလား... ဒါမှမဟုတ် သူ့မျက်လုံးတွေကို ဖောက်ထုတ်တော့မှာလား...

လျှာကိုက်စဉ်ကခံစားခဲ့ရသည့် နာကျင်မှုကိုအောက်မေ့ရင်း ကျူးယင် ခြေဖျားလက်ဖျားတွေအေးစက်လာတော့သည်။ သူသေရမယ်ဆိုရင်တောင်မှ ထပ်ပြီးပုံဆိုးပန်းဆိုး၊ အင်္ဂါချို့တဲ့ပြီးမသေချင်ဘူး......

သို့သော် သူတွေးထားသလိုထိုဌက်က ရန်မပြုဘဲ သူ့ပါးကိုသာနှုတ်သီးလေးဖြင့် ပွတ်သပ်လာသဖြင့် ကျူးယင်ပါးလေးတွန့်ခနဲဖြစ်ချင်သွားသည်။
ပါးပင်ယားလာသလို....

သူမ၀ံ့မရဲဖြင့် ခေါင်းလေးအသာစောင်းကာ ဌက်အားစွေကြည့်လိုက်သည့်အခါ သူ့နှာခေါင်းထိပ်လေးကိုပါ ဌက်ကနှုတ်သီးဖြင့် အသာပွတ်သပ်လာသည်။ မာကျောသောနှုတ်သီးသည် အေးစက်၍လည်းနေသေးသည်မို့ ကျူးယင်ကိုယ်လည်းတွန့်ခနဲဖြစ်သွားရပြန်သည်။ ဌက်မှာတော့ သဘောတကျဖြင့် သူ့ပါးကို ပြန်ပွတ်နေဆဲ။

သည်ဌက်က သူနဲ့ရင်းနှီးလိုသည်လား... သူကြောက်တဲ့မကောင်းဆိုးဝါးဌက်မျိုးမဟုတ်ဘူးလား... ကြည့်ရတာသည်က ဌက်မှာ လူအသွင်ပြောင်းလျှင်သာ ဟိတ်ဟန်ကြီးသည့် ရဲရင့်သောစစ်သူကြီးသဖွယ်ဖြစ်သွားသော်လည်း ဌက်ဘ၀တွင်တော့ တိရိစ္ဆာန်တို့၏ဗီဇအတိုင်း ပွတ်သီးပွတ်သတ်နေချင်တာဖြစ်ရမည်။ ထိုသို့တွေးမိတော့ ကျူးယင်ဌက်ကလေးကို ပြုံးပြုံးလေးလှည့်ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံးဌက်ဘက်သို့လှည့်ထားသလိုဖြစ်သွားစဉ်တွင် ထိုဌက်သည်ကျူးယင့်နှုတ်ခမ်းအား ဖျက်ခနဲထိလာသည်။
ထိုအခိုက် နွေးထွေးတဲ့စွမ်းအားစီးကြောင်းတစ်ခု သူ့ကိုယ်ထဲ နှုတ်မှတဆင့်စီး၀င်သွားသလို ခံစားလိုက်ရသည်။

ဌက်၏မျက်လုံးတို့က နက်မှောင်နေခဲ့၏။

ဒီဌက်လေးကတော့ သူ့ကိုအရမ်းခင်တွယ်နေပုံပဲ .....
သူအရင်က ကစ်တီလို့ခေါ်တဲ့ကြက်တူရွေးတစ်ကောင်မွေးဖူးသည်။ သူကကြောင်အရမ်းချစ်ပေမယ့် အမွှေးတွေနှင့် မတည့်တာကြောင့်ကြက်တူရွေးသာမွေးပြီး ကြောင်နာမည်ပေးခဲ့ခြင်းဖြစ်သည်။ ကစ်တီသည် သူ့ကိုအရမ်းကပ်ကာ သူ့ပါးကိုနမ်းလိုက်နှုတ်ခမ်းကိုနမ်းလိုက်လုပ်နေတတ်သည်မို့ အခုလိုတိုက်ဆိုင်သွားသည့်အခါ ကျူးယင် ကစ်တီကိုသတိရသွားရသည်။

ကစ်တီလေးကမရှိတော့ပေမယ့် ဒီဌက်ဆိုးလေးကိုပဲ အစားထိုးချစ်လိုက်ပါတော့မယ်....

သည်ဌက် လူပုံပြောင်းသည့်အခါ သူ့ကိုမှတ်မိလောက်မည်မထင် အရင်နေ့တွေကမြင်ဖူးနေခဲ့တာကိုတောင် ညကမနှုတ်ဆတ်ဘဲနေခဲ့သေးတာပဲ။ ဒါမှမဟုတ် တမင်ချေတာများလား...
ဒါမှမဟုတ် ဌက်ကတစ်ကောင်ထဲမဟုတ်တာများလား.....

ဌက်အားပခုံးပေါ်တင်ကာ ကျူးယင်လမ်းလျှောက်လာသည်မှာ ရေကန်သို့သွားသောလမ်းခွသို့ပင်ရောက်ရှိလာပြီဖြစ်သည်။

ထိုစဉ်တွင် သူ့ပခုံးပေါ်မှဌက်လေးမှာရုတ်တရက်ပျံပြေးသွားသဖြင့် ကျူးယင်အတွေးစတွေပြတ်သွားရသည်။ ထို့အပြင် အေးစိမ့်နေသော မြူနှင်းဝေနေသည့်လျှောက်လေးလေးတွင်၇ပ်နေရင်းက နွေးထွေးမှုကိုသူခံစားလိုက်၇သည်။ အနည်းငယ်လင်းလက်သွားကာမျက်လုံးကျိန်းသွားရသည်မို့ လက်တစ်ဖက်ဖြင့်မျက်လုံးကိုကာလိုက်၇သည်။ အနည်းငယ်ကျင့်သားရလာမှ လက်ဖယ်ကြည့်လိုက်တော့ ကျူးယင်အားအလွန်အမင်းရင်းနှီးနေသောအကြည့်တို့ဖြင့်ကြည့်နေသော နတ်နှစ်ပါးဟာ မြူတွေကြားမှပေါ်လာလေသည်။

နတ်တွေဟု သူတန်းပြောနိုင်သည်က နဉ်ပြောပြချက်အရဆက်စပ်တွေးမိလိုက်ခြင်းပင်။

ဒီနတ်တွေက သူ့ကိုသိနေတာလား၊ ဘယ်လိုပတ်သတ်မှုမျိုးနဲ့လဲ.. ဟူသောအတွေးတွေကခေါင်းထဲပလုံစီလာသော်လည်း လောလောလတ်လတ်ရေခဲပြားမှမြင်ဖူးထားသောသူ့ရုပ်သွင်ကိုသတိရလိုက်သည့်အခါ အမျိုးတွေဖြစ်မည်မှန်းကျူးယင်သိလိုက်သည်။

ဒီနတ်တွေသိပ်ချောပါတယ်တွေးနေတာ ငါနဲ့တူနေလို့ကိုး.....

အမျိုးတွေမှန်းသေချာပြီးသည့်နောက်မှာ မည်သူကအဖေလဲ၊ မည်သူက အကိုလဲ ဟုတွေးရပြန်သည်။ နတ်တွေက အသက်မကြီးကြဘူးမဟုတ်လား... နဉ်ဆိုလျှင် အရမ်းကိုခန့်ညားကာချောမောပြီးအ၇ွယ်တင်နုပျိုဆဲပေလေ။

ဒါ့အပြင် ထိုနတ်တွေအားမည်သို့နှုတ်ဆတ်ရမည်နည်းဟု တွေးနေမိချိန်တွင် လိုချင်သည့်အ၇ုပ်အားတွေ့လိုက်ရသည့် ကလေးများလို သူ့ထံအပြေးလာကာ ၀ိုင်းဖက်လိုက်ကြသည်မို့ ကျူး ယင်ကူကယ်ရာမဲ့သွားရသည်။

--------

Continue Reading

You'll Also Like

325K 33.2K 131
ဘာသာပြန်သူ - စွဲညို့အသင်း
9.4K 993 13
System: မင်းက ငါတို့systemရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ဦးတည်းသောလူတစ်ယောက်ပါ။ မင်း ငါတို့နဲ့ ချိတ်ဆက်ပေးပါလား။ စုယွီ: ငါ့မှာ ဒီလောက်...
245K 29.3K 137
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
561K 54.9K 174
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...