Becoming Empress But she isn'...

By PannKhattWaiio

322K 40.1K 1.9K

own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing More

Intro
Fanart❤
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆Final
Cover

12.3K 1.5K 34
By PannKhattWaiio

က်ူးယင္ သူ႔စိတ္ထဲအလိုလိုေပၚလာသၫ့္ေျမပံုအတိုင္း အေဆာင္ဆိုသၫ့္ေနရာကို သြားဖို႔မတ္တပ္ထရပ္လိုက္သည္။
ထိုစဉ္ ခုနကမွ ထြက္ခြာသြားခဲ့သၫ့္ နဉ္ဆိုသူ ဆရာျပန္ေရာက္လာသည္။

ေလာကအေၾကာင္းက်ူးယင္ေသခ်ာမသိေသးေသာ္ျငား နဉ္ကိုေမးျမန္းဖို႔လည္းမႀကိဳးစားပါေပ။ နဉ္ထံမွရသၫ့္ရိွန္ေလာက္သၫ့္အရိွန္ အဝါအား က်ူးယင္စိုးရြံ႔မိသည္။ ေနာက္က်တေျဖးေျဖးနားလည္သြားဖို႔သာေမ်ွာ္လင့္ရသည္။

နဉ္က ညစာစားရေအာင္ဆိုကာ က်ူးယင္လက္အားလာဆြဲဖို႔လွမ္းကိုင္ၿပီးမွ ခ်က္ခ်င္းျပတ္ရုတ္သည္။ အနည္းငယ္နာက်င္သြားသၫ့္လက္ေကာက္ဝတ္ေလးကို အက်ႌအားဆြဲမကာၾကၫ့္ၿပီးမွ ေျပာင္းလဲသြားတဲ့ပတ္ဝန္းက်င္ကို က်ူးယင္သတိထားမိသည္။

ေတာင္ထိပ္မွာရိွတဲ့လွပတဲ့ျမင္ကြင္းအစား စိတ္ကူးယဉ္ဆန္ဆန္လမ္းၾကားေလးထဲသူေရာက္ေနသည္။ ပတ္ပတ္လည္မွာပန္းေရာင္အရြက္ေတြပဲရိွတဲ့သစ္ပင္ေတြဟာစီတန္းလို႔ေနၿပီး ေရ႔ွ၊ေနာက္မသဲကြဲေအာင္ျမဴအနည္းငယ္ဆိုင္းေနသည္။ ဒီကဗ်ာဆန္တဲ့ေနရာမွာပံုရိုက္ၿပီး weiboမွာတင္မယ္ဆိုလ်ွင္ အသဲေတာ္ေတာ္မ်ားမ်ားရမည္ဟုက်ူးယင္ေတြးလိုက္မိေသးသည္။

ေနာက္သူတစ္စံုတစ္ခုကိုသတိထားလိုက္မိသည္။ ခုနကနဉ္ကသူ႔လက္အားစကၠန႔္ပိုင္းေလာက္လာကိုင္လိုက္ရံုျဖင့္ အျခားေနရာတစ္ခုကိုေရာက္သြားခဲ့သည္။ ေရွကခပ္လွမ္းလွမ္းမွာတည္တည္ၿငိမ္ၿငိမ္သြားေနတဲ့နဉ္အားက်ူးယင္ မ်က္ေမွာင္က်ံဳ႔ကာၾကၫ့္လိုက္သည္။ ဒီေလာကကသူထင္ထားသေလာက္မရိုးရွင္းေလာက္။ က်င့္ႀကံျခင္းေလာကမဟုတ္ဘဲ ဒါက...

တစ္ဆက္တည္းမွပဲ သူကနတ္ဝိဇၨာအဆင့္ေရာက္ေနၿပီျဖစ္ေၾကာင္းနဉ္ေျပာခဲ့တာကိုသတိရလိုက္သည္။

အိုး... ဒါဆို သူကနတ္ေလာကထဲေရာက္လာတာေပါ့...

အေတြးေတြမရွင္းလင္းခင္မွာနဉ္ဟာ အေဆာက္အဦးတစ္ခုရိွတဲ့ၿခံဝန္းေလးထဲဝင္သြားသည္။ ထိုအေဆာက္အဦးသည္ ဗိသုကာပညာရွင္တစ္ေယာက္ေဆာက္ခဲ့သည္အလား ခမ္းနားလွသည္။ ဘံုေက်ာင္းဆန္ေပမယ့္ သိပ္လည္းမျမင့္လွ။ ရုပ္သံဇာတ္လမ္းတြဲေတြထဲက ေရွးေခတ္ေနအိမ္ေတြထက္ေတာ့မ်ားစြာခမ္းနားလွသည္။

အဝင္ဝတြင္အေစာင့္ႏွစ္ေယာက္ေပၚလာကာနဉ္အားေခါင္းငံု႔ကာႏႈတ္ဆတ္သည္။ ထိုႏွစ္ေယာက္အားအေစာင့္ဟုတန္းသိရသည္မွာ ထိုသူတို႔လက္ထဲရိွဓားရွည္ေတြေၾကာင့္ပင္။ က်ူးယင္နဲ႔မတူတဲ့အညိုေရာင္ဝတ္စံုကိုသပ္သပ္ရပ္ရပ္ဝတ္ထားကာ ဆံပင္အားႀကိဳးျဖင့္ထံုးထားသည္။ နဉ္ကတစ္ခ်က္မ်ွမၾကၫ့္ပဲဝင္သြားတာမို႔က်ူးယင္လည္းအေနာက္ကအျမန္လိုက္ဝင္ရသည္။

အေစာင့္ေတြမွာက်ူးယင္ကိုေတာ့ျဖင့္ ႏွာေခါင္းရႈံ႔ကာ ၿပီးၿပီးေရာဦးၫြတ္သည္။ က်ူးယင္စိတ္တိုသြားရသည္။ နဉ္ေျပာပံုအရဆို ဒီခႏၶာပိုင္ရွင္ကမ်ိဳးရိုးႀကီးကျဖစ္ေလာက္သည္။

အခုလိုအေစာင့္ေတြကသူ႔ကိုဒီလိုမထီမဲ့ျမင္ျပဳစရာလား...

က်ူးယင္စိတ္ထဲေထာင္းခနဲျဖစ္သြားသည္။ ေခတ္သစ္ကာလကသူသည္အေပါင္းအသင္းနည္းေပမယ့္လူအမ်ား၏ေလးစားမႈတို႔ကိုရရိွထားသူျဖစ္ေလရာ အခုလိုရႈံ႔ခ်မႈမ်ိဳးကိုလက္သင့္မခံႏိုင္ေပ။ ထိုအေစာင့္ႏွစ္ေယာက္ကိုစူးစိုက္ၾကၫ့္ေနစဉ္မွာ မ်က္ႏွာအမူအရာေတြေျပာင္းလဲကာပ်က္ယြင္းကုန္တဲ့ဟန္ေတြေၾကာင့္ က်ူးယင္လက္သီးဆုပ္ထားသည္ကိုေျဖေလ်ာ့လိုက္ျဖစ္သည္။

" ေတာင္းပန္ပါတယ္အရွင္ ေတာင္းပန္ပါတယ္အရွင္ ဒီနတ္ငယ္မွားပါတယ္ ခြင္ႂလြွတ္ပါ"

အေစာင့္ေတြဟာ ဒူးေတြၫြတ္က်သြားကာေတာင္းပန္စကားေတြဆိုလာသည္မို႔က်ူးယင္အံ့ၾသသြားရသည္။ သို႔ေပမယ့္ေဒါသစိတ္ကေတာ့မေပ်ာက္ေသး။

"ျပႆနာမရွာနဲ႔"
က်ူးယင္ရဲ့ပခံုးကိုနဉ္ကတစ္ခ်က္လာပုတ္သည္။

ထိုေလသံက အနည္းငယ္မာသည္။
သူ႔ရဲ့ေ၀၀ါးေနတဲ့မွတ္ဥာဏ္ထဲ ထိုစကားမ်ိဳးၾကားဖူးသလိုခံစားရလာသည္။

နဉ္ကအနားျပန္ေလ်ွာက္လာၿပီး သူ႔အားအနီးကပ္ကာေသခ်ာစူးစမ္းသလိုၾကၫ့္လာသည္။ က်ူးယင္ကိုအေပၚေအာက္ေသခ်ာၾကၫ့္ၿပီး အံ့ၾသသလိုပါးစပ္အနည္းငယ္ဟကာ ဟန္တစ္ခ်က္ပ်က္သြားေပမယ့္ ခ်က္ခ်င္းျပန္ထိန္းလိုက္သည္ကိုသူသိလိုက္ပါသည္။

ဒူးေထာက္ကာေတာင္းပန္ေနၾကတဲ့အေစာင့္ေတြအား လက္ဟန္ျဖင့္နဉ္ကထြက္သြားေစလိုက္သည္။

သူ႔ကိုျပန္ၾကၫ့္ကာ ႏွဖူးကိုလက္ျဖင့္တစ္ခ်က္တို႔ျပန္သည္။ ထိုေနရာမွေအးခနဲျဖစ္သြားသည္ႏွင့္အတူ ေဒါသတို႔ေျပေပ်ာက္သြားရသည္။

"ေဒါသႀကီးတဲ့ေကာင္ေလး လာ လိုက္ခဲ့"
လိုက္ခဲ့ဟုဆိုကာ အထဲဝင္သြားျပန္တာမို႔ အေနာက္ကေနလိုက္ဝင္သြားရျပန္သည္။

တံခါးဟုထင္ရသၫ့္ေနရာတြင္တံခါးရိွမေနေပမယ့္ အစိမ္းႏုေရာင္လိုက္ကာအပါးေလးကိုအလွဆင္ထားသည္။ ဇရပ္အေဆာင္သဖြယ္ေဆာက္လုပ္ထားၿပီး စားပြဲပုေလးတစ္လံုးသာခင္းက်င္းထားေလသည္။ ထိုစားပြဲေပၚမွာေတာ့အေငြ့တစ္ေထာင္းေထာင္းထေနတဲ့စားေကာင္းေသာက္ဖြယ္ေႂတြပၫ့္လိုေနသည္။ နဉ္ဝင္ထိုင္ၿပီးတဲ့ေနာက္ မ်က္ႏွာခ်င္းဆိုင္ေနရာတြင္က်ူးယင္ဝင္ထိုင္လိုက္သည္။ ထံုးစံအတိုင္းနဉ္ကေရႏြေးငွဲ႔ကာက်ူးယင္ထံအရင္ခ်ေပးသည္။

ဟင္ သူ ထံုးစံအတိုင္းလို႔ေတြးမိလိုက္တာလား

က်ူးယင္နဉ္အားေမာ့ၾကၫ့္လိုက္ေတာ့ သူ႔ကိုၾကၫ့္မေနခဲ့ပဲ ေတြးေတာစဉ္းစားေနဟန္ရိွသည္။

ေမႊးပ်ံ့လြန္းသၫ့္ရနံ႔တို႔ေၾကာင့္ က်ူးယက္ကနာမၿငိမ္ျဖစ္လာရာ နဉ္က
"စားႏိုင္ၿပီ"လို႔ဆိုလာသည္။

ေခါင္းအနည္းငံု႔ထားကာေရႏြေးေသာက္ေနတဲ့နဉ္ရဲ့ႏႈတ္ခမ္းတို႔က ေကာ့ၫြတ္လ်က္ရိွသည္။

ယခုအခါမွာေတာ့နဉ္အားသံသယဝင္မေနေတာ့ဘဲ သူ႔ေရ႔ွမွစားဖြယ္ေတြကိုေခါင္းမေဖာ္တမ္းေလြးေတာ့သည္။ မည္သို႔ခ်က္ထားသနည္း သူမသိ သူသိသည္ကအရမ္းစားေကာင္းသည္ကိုပင္။ ထမင္းမွာလည္းအိကာစိမ့္ေနသည္။ ဟင္းေတြကလည္းေမႊးပ်ံ့ရံုတင္မဟုတ္ အရသာကအမွန္ေကာင္းလွသည္။
သူအားရပါးရစားရင္းသီးေတာ့မွနဉ္ကအသိဝင္လာသလိုသူ႔အားျပဴးၾကၫ့္သည္။

စားပြဲအလယ္ကအိုးႀကီးထဲမွစြပ္ျပဳတ္ေတြကို ခြက္တစ္ခုထဲခပ္ထၫ့္ကာ သူ႔ေရ႔ွခ်ေပးလာသည္။ က်ူးယင္စားေနသည္မွာတစ္ဝက္ေလာက္ရိွသည္အထိ နဉ္ကဘာမွမတို႔မထိေသး။ သူ႔ကိုသာမိန႔္မိန႔္ႀကီးထိုင္ကာၾကၫ့္ေနသည္။

"ဘာျဖစ္လို႔လဲ"

သူ႔ပဲထိုင္ၾကၫ့္ေနသည္မို႔က်ူးယင္ေမးလိုက္ေတာ့ နဉ္ကၿပံဳးသြားသည္။
သိပ္ၾကၫ့္ေကာင္းေတာ့ က်ူးယင္ ေငးမိသြား၏။

"ငါ့တပၫ့္က အႀကိဳက္မေျပာင္းေသးတာကို ေတြးမိလို႔ပါ"

ထိုအခိုက္နဉ္ရဲ့အၾကၫ့္က ဘာေၾကာင့္မွန္းမသိ စူးရွသြားသည္။

"အဟြတ္ "

က်ူးယင္သီးျပန္ေတာ့ ကုန္ခါနီးၿပီျဖစ္တဲ့စြပ္ျပဳတ္ခြက္ထဲထပ္ထၫ့္ေပးျပန္သည္။ ဆက္လက္၍လက္ေထာက္ကာ သူ႔အားၾကၫ့္ေနျပန္၏။
က်ူးယင္ဆက္စားလို႔လည္းမဝင္ေတာ့မၫ့္အတူတူ စြပ္ျပဳတ္ကိုကုန္ေအာင္ေသာက္ရင္းလက္စသပ္လိုက္သည္။

ခပ္မတ္မတ္ထိုင္ေနသၫ့္က်ူးယင္ထံငံု႔ ကိုင္းလာသၫ့္နဉ္ေၾကာင့္ ေၾကာင္ေနစဉ္မွာ နဉ္ကအက်ႌလက္အနားျဖင့္က်ူးယင္ႏႈတ္ခမ္းအားသုတ္ေပးၿပီး ခပ္တည္တည္ျပန္ထိုင္ေနေလၿပီ။ က်ူးယင္မ်က္ေတာင္ႏွစ္ခ်က္ေလာက္ခတ္လိုက္သည္ကိုေတြ့ေတာ့ နဉ္ကစိတ္ဝင္တစားၾကၫ့္ေနျပန္သည္။

"စားလို႔ေကာင္းလား"

ေခါင္းၿငိမ့္ျပလိုက္ေတာ့ၿပံဳးျပန္သည္။ က်ူးယင္စိတ္ထင္ နဉ္ကလူ႔ဂြစာႀကီးမဟုတ္လားေလ အခုလိုမၾကာခဏၿပံဳးၿပီးသေဘာေကာင္းေနတတ္လို႔လား..

"မင္းကဘာမွမမွတ္မိေပမယ့္ သိပ္ေတာ့မေျပာင္းလဲပါဘူး ဟုတ္တယ္မဟုတ္လား"
နဉ္က ဘာေတြကိုမ်ား...

သူ႔အားအၾကၫ့္စူးစူးေႂတြဖင့္ ေဖာက္ထြက္ေတာ့မတတ္ၾကၫ့္လာတာမို႔က်ူးယင္လက္သီးဆုပ္လိုက္မိသည္။ သိသြားေတာ့မွာလား သိသြားေတာ့မွာမ်ားလား ဒီေခတ္ကအစြမ္းထက္တဲ့နတ္ေတြႀကီးပဲရိွတာဆိုရင္ မေနွးမျမန္သိသြားၾကမွာေပါ့

စိတ္လႈပ္ရွားစြာက်ူးယင္ခပ္ေတာင့္ေတာင့္ႀကီးထိုင္ကာနဉ္ကိုမ်က္လံုးျပဴးလ်က္ၾကၫ့္ေနသည္ကို နဉ္ကသေဘာတက်ရယ္ျပန္သည္။

"ဘာေတြစိုးရိမ္ေနတာလဲ။ မမွတ္မိတာေတြကိုထားလိုက္ပါ။ က်ူးယင္မင္းမွတ္ထားရမွာက မင္းမွာငါရိွတယ္ဆိုတာပဲ။ တစ္ခုခုသိခ်င္တာရိွရင္ငါ့ကိုေမးႏိုင္တယ္ ။ မင္းခႏၶာကိုယ္ကတစ္ခုခုထူးဆန္းတာရိွရင္လည္း ငါ့ကိုလာေျပာႏိုင္တယ္။ "

နဉ္က ေက်ာက္စိမ္းတံဆိပ္ျပားတစ္ခုကိုသူ႔ထံေပးလာသည္။
"ဒါယူထား။ ငါ့ကိုရွာခ်င္ရင္ ဒီေက်ာက္စိမ္းတံဆိပ္ကိုတစ္ခ်က္ပုတ္ ၿပီးငါ့နာမည္ေခၚလိုက္"

ထိုစကားေျပာေနတဲ့နဉ္ရဲ့မ်က္ႏွာဟာႏႈတ္ခမ္းတင္မက မ်က္လံုးေတြပါၿပံဳးေနသည္။
ထိုင္ေနသည္မို႔နဉ္ရဲ့ဆံပင္ရွည္ေတြဟာ ၾကမ္းျပင္မွာက်ေနၿပီး ေလအေဝ႔ွမွာမ်က္စိေရ႔ွေရာက္လာတဲ့ဆံပင္ေတြကိုနားအေနာက္သို႔ခပ္သာသာသိမ္းသည္။ စိမ္းျပာေရာင္မ်က္ဝန္းေတြဟာ အလြန္တရာႏူးညံ့ေသာအၾကၫ့္တို႔ကိုေပးသည္။ စင္စစ္နဉ္ဟာသူေတြ့ဖူးသမ်ွထဲတြင္အေခ်ာဆံုးျဖစ္သည္။

က်ူးယင္ေခါင္းၿငိမ့္လိုက္ေတာ့နဉ္ကစကားဆက္သည္။
"ေလာေလာဆယ္မင္းသိတာဆိုလို႔ ငါပဲရိွတာမဟုတ္လား"

က်ူးယင္ေခါင္းၿငိမ့္လိုက္သည္။
"ဒါဆို ငါ့ကိုရင္းရင္းႏွီးႏွီးဆက္ဆံေလ။ မင္းမွာငါပဲရိွတာမဟုတ္လား"

နဉ္ကတပၫ့္ေတြအေပၚေနြးေထြးတဲ့ဆရာေကာင္းတစ္ေယာက္ပါပဲလား။ ၾကၫ့္ရတာက်ူးယင္အထင္လြဲေနခဲ့ပံုရသည္။ အေစာကသူကအသံုးမက်တာေတြေလ်ွာက္လုပ္ခဲ့လို႔ စိတ္ဆိုးေနခဲ့ပံုရသည္။ အခုသူကမမွတ္မိေတာ့ပဲ အမူအက်င့္ေတြေျပာင္းကာေကာင္းသၫ့္ဘက္ေရာက္သြားတဲ့အခါမွာေတာ့ သေဘာက်သြားပံုရသည္။ အင္းေပါ့ ဆရာေတြဆိုတာတပၫ့္ကိုစိတ္ဆိုးလည္းခဏပါေလ။ သူနဉ္အားေလးစားသြားကာ ရိုရိုေသေသဆက္ဆံမည္ဟုဆံုးျဖတ္ခ်က္ခ်လိုက္သည္။

"ဟုတ္ကဲ့ ဆရာ"

ခပ္တိုးတိုးျပန္ေျဖသံႏွင့္အတူ အၿပံဳးေလးပါ ပါလာတာေၾကာင့္ နဉ္သည္ တခဏမ်ွတိတ္ဆိတ္ကာၾကၫ့္ေနခဲ့သည္။
ေနေရာင္ေအာက္မွာမဟုတ္ေပမယ့္ က်ူးယင္ရဲ့မ်က္ဝန္းေတြကေတာက္ပကာဝင္းလက္ေနဆဲ။ ေကာ့ၫြတ္ေနတဲ့ႏႈတ္ခမ္းပါးေတြဟာ ပန္းေရာင္သန္းကာစိုအိေနဟန္။ နဉ္သူ႔ထံလက္လွမ္းလာတာမို႔ က်ူးယင္ဇက္ကေလးပုသြားသည္။

သူ႔ေခါင္းကိုအသာပုတ္ေပးရင္း နဉ္သည္ၿပံဳးေနျပန္ပါသည္။

"ဒီေန့ေတာ့နားလိုက္ပါ။ ေနာက္ေန့က် ဘာလုပ္ရမယ္ဆိုတာငါေျပာျပမယ္ "

အရင္ထက္မ်ားစြာႏူးညံ့သြားတဲ့နဉ္၏အသံဟာ အလြန္ႏွစ္လိုဖြယ္ေကာင္းသည္။

"ဒီလမ္းအဆံုးမွာ မင္းအေဆာင္ရိွတယ္။ "

က်ူးယင္ထရပ္ကာ နဉ္အားအေစာကအေစာင့္ေတြလုပ္သလိုအရိုအေသေပးလိုက္ေတာ့နဉ္ကေခါင္းအသာခါကာရယ္သည္။

"လိမၼာတယ္ သြားအနားယူေတာ့ "

"ဟုတ္ကဲ့ခင္မ်"

ခပ္တိုးတိုးေလးျပန္ေျဖကာ ထိုအေဆာင္မွထြက္မည္အျပဳတြင္ နဉ္သည္သူ႔အားသတိေပးျပန္သည္။

"မနက္ဖန္က်ရင္ ေက်ာက္စိမ္းျပားကိုပုတ္ဖို႔မေမ့နဲ႔ေနာ္"တဲ့
-----------
အေဆာင္ထဲကျပန္ထြက္လာေပမယ့္ သူ႔ေနာက္ပါလာသၫ့္နဉ္ရဲ့အၾကၫ့္ေတြကိုခံစားမိေနသည္။ နဉ္သည္ သူ႔တပၫ့္ကိုအရမ္းစိတ္ပူတတ္တာပဲလား....
အရင္ကက်ူးယင္ကအခ်ိဳးမေျပခဲ့ေတာ့ ဒီတပၫ့္ေၾကာင့္နဲ႔ေခါင္းခဲခဲ့ရမွာအမွန္ပဲ။ ဒါေၾကာင့္လည္း စေတြ့ေတြ့ခ်င္းတုန္းကသူ႔ကိုဂရုဏာေဒါသနဲ႔ဆူတာျဖစ္မယ္။

နဉ္ေျပာျပလိုက္သၫ့္အတိုင္း ေလ်ွာက္လမ္း၏အဆံုးတြင္ေတြ့ရသၫ့္အေဆာင္ထဲသူဝင္သြားလိုက္သည္။ အေဆာင္အတြင္းတြင္ အကန႔္ေလးေတြအမ်ားအျပားကန႔္ထားၿပီး အေပါ့၊အေလးသြားရန္လည္းပါရိွသည္။ စာအုပ္အခ်ိဳ႕ရိွေသာစင္အေသးေလးလည္းရိွၿပီး စားေသာက္ရန္အတြက္စားပြဲပုေလးတစ္လံုးရိွသည္။ တစ္ေယာက္အိပ္ အိပ္ယာေလးဟာေတာ့ ထီးထီးမားမားတည္ရိွေနသည္။ အခန္းကက်ဉ္းေပမယ့္ရႈပ္ပြေနတာမ်ိဳး ျပၫ့္ၾကပ္ေနတာမ်ိဳးမရိွသၫ့္အတြက္ က်ူးယင္သေဘာက်မိသည္။

အခန္းပဲဟာ ေနခ်င္စဖြယ္ရိုးရိုးရွင္းရွင္းေလးျဖစ္ေနရမွာေပါ့။

ကုတင္ရဲ့အစြန္းဘက္တြင္ ဗီရိုေလးတစ္လံုးလည္းရိွေသးသည္။ သူဖြင့္ၾကၫ့္လိုက္ေတာ့ အစိမ္းႏု၊အျပာႏုစတဲ့အႏုေသာအေရာင္ေတြကိုေဖြးသန႔္ေနေအာင္ေလ်ွာ္ထားၿပီး သပ္သပ္ရပ္ရပ္ထၫ့္ထားသည္ကိုေတြ့ရသည္။

အရင္က်ူးယင္ဟာ စည္းကမ္းေတာ့ရိွသားပဲ ...

ဒီေန့အတြက္သိရတာေတြေရာ ၊နားလည္လိုက္ရတာေတြေရာမ်ားေနသျဖင့္က်ူးယင္အနားယူဖို႔ဆံုးျဖတ္လိုက္သည္။အက်ႌကိုခြၽတ္လိုက္ၿပီး ကုတင္ေျခရင္းကတိုင္ေပၚတင္ထားလိုက္သည္။ ပိုးသားေဘာင္းဘီအေဖ်ာ့ေလးဝတ္လ်က္ျဖင့္ ကုတင္ေပၚလွဲခ်လိုက္ေတာ့ မာေနတာေၾကာင့္က်ူးယင္အေတာ္နာသြားရသည္။

ငါ့အိမ္ကေမြ့ယာႀကီးသတိရလိုက္တာကြာ ...
မ်က္ႏွာက်က္စိုက္ၾကၫ့္ရင္း သူညည္းတြားမိသည္။

အပ်င္းေျပဖုန္းေတာင္ပြတ္လို႔မရေတာ့ပါလား
က်ူးယင္ သက္ျပင္းအသာခ်ကာ ကုတင္အတၫ့္ျဖစ္ေအာင္ ကိုယ္ကိုေရြ့ၿပီးအိပ္ဖို႔ျပင္သည္။ ေစာင္ကေတာ့အသားအေတာ္ေကာင္းသည္ေျပာရမည္။ ပါးပါးေလးေပမယ့္ ၿခံဳလိုက္သၫ့္အခါေနြးလို႔ေနသည္။ ခုနကဖိနပ္စီးမထားခဲ့တာေၾကာင့္ သဲအနည္းငယ္ေပေနေလာက္မၫ့္ေျခဖဝါးတို႔အား အိပ္ယာခင္းျဖင့္ပြတ္သုတ္လိုက္သည္။ စိတ္ေက်နပ္ေအာင္သုတ္ၿပီးေတာ့မွ ေစာင္ကိုေခါင္းထိဆြဲၿခံဳရင္းညာဘက္သို႔ေစာင္းကာအိပ္ေတာ့သည္။ ေလးကန္ေနသၫ့္မ်က္ခြံတို႔သည္ ပိတ္ေတာ့မည္ခ်ည္းလုပ္ေနသျဖင့္ မထိန္းႏိုင္ေတာ့မၫ့္အတူတူ မိွတ္ခ်လိုက္ေတာ့သည္။ အိပ္မေပ်ာ္ခင္ဆက္ၾကားတြင္ အျဖဴေရာင္ဝတ္စံုျဖင့္နဉ္ကိုမပီဝိုးတစ္ဝါးေတြ့ျမင္လိုက္ရေသးသည္။
-------

ကျူးယင် သူ့စိတ်ထဲအလိုလိုပေါ်လာသည့်မြေပုံအတိုင်း အဆောင်ဆိုသည့်နေရာကို သွားဖို့မတ်တပ်ထရပ်လိုက်သည်။
ထိုစဉ် ခုနကမှ ထွက်ခွာသွားခဲ့သည့် နဉ်ဆိုသူ ဆရာပြန်ရောက်လာသည်။

လောကအကြောင်းကျူးယင်သေချာမသိသေးသော်ငြား နဉ်ကိုမေးမြန်းဖို့လည်းမကြိုးစားပါပေ။ နဉ်ထံမှရသည့်ရှိန်လောက်သည့်အရှိန် အဝါအား ကျူးယင်စိုးရွံ့မိသည်။ နောက်ကျတဖြေးဖြေးနားလည်သွားဖို့သာမျှော်လင့်ရသည်။

နဉ်က ညစာစားရအောင်ဆိုကာ ကျူးယင်လက်အားလာဆွဲဖို့လှမ်းကိုင်ပြီးမှ ချက်ချင်းပြတ်ရုတ်သည်။ အနည်းငယ်နာကျင်သွားသည့်လက်ကောက်ဝတ်လေးကို အင်္ကျီအားဆွဲမကာကြည့်ပြီးမှ ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကို ကျူးယင်သတိထားမိသည်။

တောင်ထိပ်မှာရှိတဲ့လှပတဲ့မြင်ကွင်းအစား စိတ်ကူးယဉ်ဆန်ဆန်လမ်းကြားလေးထဲသူရောက်နေသည်။ ပတ်ပတ်လည်မှာပန်းရောင်အရွက်တွေပဲရှိတဲ့သစ်ပင်တွေဟာစီတန်းလို့နေပြီး ရှေ့၊နောက်မသဲကွဲအောင်မြူအနည်းငယ်ဆိုင်းနေသည်။ ဒီကဗျာဆန်တဲ့နေရာမှာပုံရိုက်ပြီး weiboမှာတင်မယ်ဆိုလျှင် အသဲတော်တော်များများရမည်ဟုကျူးယင်တွေးလိုက်မိသေးသည်။

နောက်သူတစ်စုံတစ်ခုကိုသတိထားလိုက်မိသည်။ ခုနကနဉ်ကသူ့လက်အားစက္ကန့်ပိုင်းလောက်လာကိုင်လိုက်ရုံဖြင့် အခြားနေရာတစ်ခုကိုရောက်သွားခဲ့သည်။ ရှေကခပ်လှမ်းလှမ်းမှာတည်တည်ငြိမ်ငြိမ်သွားနေတဲ့နဉ်အားကျူးယင် မျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။ ဒီလောကကသူထင်ထားသလောက်မရိုးရှင်းလောက်။ ကျင့်ကြံခြင်းလောကမဟုတ်ဘဲ ဒါက...

တစ်ဆက်တည်းမှပဲ သူကနတ်ဝိဇ္ဇာအဆင့်ရောက်နေပြီဖြစ်ကြောင်းနဉ်ပြောခဲ့တာကိုသတိရလိုက်သည်။

အိုး... ဒါဆို သူကနတ်လောကထဲရောက်လာတာပေါ့...

အတွေးတွေမရှင်းလင်းခင်မှာနဉ်ဟာ အဆောက်အဦးတစ်ခုရှိတဲ့ခြံဝန်းလေးထဲဝင်သွားသည်။ ထိုအဆောက်အဦးသည် ဗိသုကာပညာရှင်တစ်ယောက်ဆောက်ခဲ့သည်အလား ခမ်းနားလှသည်။ ဘုံကျောင်းဆန်ပေမယ့် သိပ်လည်းမမြင့်လှ။ ရုပ်သံဇာတ်လမ်းတွဲတွေထဲက ရှေးခေတ်နေအိမ်တွေထက်တော့များစွာခမ်းနားလှသည်။

အဝင်ဝတွင်အစောင့်နှစ်ယောက်ပေါ်လာကာနဉ်အားခေါင်းငုံ့ကာနှုတ်ဆတ်သည်။ ထိုနှစ်ယောက်အားအစောင့်ဟုတန်းသိရသည်မှာ ထိုသူတို့လက်ထဲရှိဓားရှည်တွေကြောင့်ပင်။ ကျူးယင်နဲ့မတူတဲ့အညိုရောင်ဝတ်စုံကိုသပ်သပ်ရပ်ရပ်ဝတ်ထားကာ ဆံပင်အားကြိုးဖြင့်ထုံးထားသည်။ နဉ်ကတစ်ချက်မျှမကြည့်ပဲဝင်သွားတာမို့ကျူးယင်လည်းအနောက်ကအမြန်လိုက်ဝင်ရသည်။

အစောင့်တွေမှာကျူးယင်ကိုတော့ဖြင့် နှာခေါင်းရှုံ့ကာ ပြီးပြီးရောဦးညွတ်သည်။ ကျူးယင်စိတ်တိုသွားရသည်။ နဉ်ပြောပုံအရဆို ဒီခန္ဓာပိုင်ရှင်ကမျိုးရိုးကြီးကဖြစ်လောက်သည်။

အခုလိုအစောင့်တွေကသူ့ကိုဒီလိုမထီမဲ့မြင်ပြုစရာလား...

ကျူးယင်စိတ်ထဲထောင်းခနဲဖြစ်သွားသည်။ ခေတ်သစ်ကာလကသူသည်အပေါင်းအသင်းနည်းပေမယ့်လူအများ၏လေးစားမှုတို့ကိုရရှိထားသူဖြစ်လေရာ အခုလိုရှုံ့ချမှုမျိုးကိုလက်သင့်မခံနိုင်ပေ။ ထိုအစောင့်နှစ်ယောက်ကိုစူးစိုက်ကြည့်နေစဉ်မှာ မျက်နှာအမူအရာတွေပြောင်းလဲကာပျက်ယွင်းကုန်တဲ့ဟန်တွေကြောင့် ကျူးယင်လက်သီးဆုပ်ထားသည်ကိုဖြေလျော့လိုက်ဖြစ်သည်။

" တောင်းပန်ပါတယ်အရှင် တောင်းပန်ပါတယ်အရှင် ဒီနတ်ငယ်မှားပါတယ် ခွင်လြွှတ်ပါ"

အစောင့်တွေဟာ ဒူးတွေညွတ်ကျသွားကာတောင်းပန်စကားတွေဆိုလာသည်မို့ကျူးယင်အံ့သြသွားရသည်။ သို့ပေမယ့်ဒေါသစိတ်ကတော့မပျောက်သေး။

"ပြဿနာမရှာနဲ့"
ကျူးယင်ရဲ့ပခုံးကိုနဉ်ကတစ်ချက်လာပုတ်သည်။

ထိုလေသံက အနည်းငယ်မာသည်။
သူ့ရဲ့ေ၀၀ါးနေတဲ့မှတ်ဥာဏ်ထဲ ထိုစကားမျိုးကြားဖူးသလိုခံစားရလာသည်။

နဉ်ကအနားပြန်လျှောက်လာပြီး သူ့အားအနီးကပ်ကာသေချာစူးစမ်းသလိုကြည့်လာသည်။ ကျူးယင်ကိုအပေါ်အောက်သေချာကြည့်ပြီး အံ့သြသလိုပါးစပ်အနည်းငယ်ဟကာ ဟန်တစ်ချက်ပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းလိုက်သည်ကိုသူသိလိုက်ပါသည်။

ဒူးထောက်ကာတောင်းပန်နေကြတဲ့အစောင့်တွေအား လက်ဟန်ဖြင့်နဉ်ကထွက်သွားစေလိုက်သည်။

သူ့ကိုပြန်ကြည့်ကာ နှဖူးကိုလက်ဖြင့်တစ်ချက်တို့ပြန်သည်။ ထိုနေရာမှအေးခနဲဖြစ်သွားသည်နှင့်အတူ ဒေါသတို့ပြေပျောက်သွားရသည်။

"ဒေါသကြီးတဲ့ကောင်လေး လာ လိုက်ခဲ့"
လိုက်ခဲ့ဟုဆိုကာ အထဲဝင်သွားပြန်တာမို့ အနောက်ကနေလိုက်ဝင်သွားရပြန်သည်။

တံခါးဟုထင်ရသည့်နေရာတွင်တံခါးရှိမနေပေမယ့် အစိမ်းနုရောင်လိုက်ကာအပါးလေးကိုအလှဆင်ထားသည်။ ဇရပ်အဆောင်သဖွယ်ဆောက်လုပ်ထားပြီး စားပွဲပုလေးတစ်လုံးသာခင်းကျင်းထားလေသည်။ ထိုစားပွဲပေါ်မှာတော့အငွေ့တစ်ထောင်းထောင်းထနေတဲ့စားကောင်းသောက်ဖွယ်တြွေပည့်လိုနေသည်။ နဉ်ဝင်ထိုင်ပြီးတဲ့နောက် မျက်နှာချင်းဆိုင်နေရာတွင်ကျူးယင်ဝင်ထိုင်လိုက်သည်။ ထုံးစံအတိုင်းနဉ်ကရေနွေးငှဲ့ကာကျူးယင်ထံအရင်ချပေးသည်။

ဟင် သူ ထုံးစံအတိုင်းလို့တွေးမိလိုက်တာလား

ကျူးယင်နဉ်အားမော့ကြည့်လိုက်တော့ သူ့ကိုကြည့်မနေခဲ့ပဲ တွေးတောစဉ်းစားနေဟန်ရှိသည်။

မွှေးပျံ့လွန်းသည့်ရနံ့တို့ကြောင့် ကျူးယက်ကနာမငြိမ်ဖြစ်လာရာ နဉ်က
"စားနိုင်ပြီ"လို့ဆိုလာသည်။

ခေါင်းအနည်းငုံ့ထားကာရေနွေးသောက်နေတဲ့နဉ်ရဲ့နှုတ်ခမ်းတို့က ကော့ညွတ်လျက်ရှိသည်။

ယခုအခါမှာတော့နဉ်အားသံသယဝင်မနေတော့ဘဲ သူ့ရှေ့မှစားဖွယ်တွေကိုခေါင်းမဖော်တမ်းလွေးတော့သည်။ မည်သို့ချက်ထားသနည်း သူမသိ သူသိသည်ကအရမ်းစားကောင်းသည်ကိုပင်။ ထမင်းမှာလည်းအိကာစိမ့်နေသည်။ ဟင်းတွေကလည်းမွှေးပျံ့ရုံတင်မဟုတ် အရသာကအမှန်ကောင်းလှသည်။
သူအားရပါးရစားရင်းသီးတော့မှနဉ်ကအသိဝင်လာသလိုသူ့အားပြူးကြည့်သည်။

စားပွဲအလယ်ကအိုးကြီးထဲမှစွပ်ပြုတ်တွေကို ခွက်တစ်ခုထဲခပ်ထည့်ကာ သူ့ရှေ့ချပေးလာသည်။ ကျူးယင်စားနေသည်မှာတစ်ဝက်လောက်ရှိသည်အထိ နဉ်ကဘာမှမတို့မထိသေး။ သူ့ကိုသာမိန့်မိန့်ကြီးထိုင်ကာကြည့်နေသည်။

"ဘာဖြစ်လို့လဲ"

သူ့ပဲထိုင်ကြည့်နေသည်မို့ကျူးယင်မေးလိုက်တော့ နဉ်ကပြုံးသွားသည်။
သိပ်ကြည့်ကောင်းတော့ ကျူးယင် ငေးမိသွား၏။

"ငါ့တပည့်က အကြိုက်မပြောင်းသေးတာကို တွေးမိလို့ပါ"

ထိုအခိုက်နဉ်ရဲ့အကြည့်က ဘာကြောင့်မှန်းမသိ စူးရှသွားသည်။

"အဟွတ် "

ကျူးယင်သီးပြန်တော့ ကုန်ခါနီးပြီဖြစ်တဲ့စွပ်ပြုတ်ခွက်ထဲထပ်ထည့်ပေးပြန်သည်။ ဆက်လက်၍လက်ထောက်ကာ သူ့အားကြည့်နေပြန်၏။
ကျူးယင်ဆက်စားလို့လည်းမဝင်တော့မည့်အတူတူ စွပ်ပြုတ်ကိုကုန်အောင်သောက်ရင်းလက်စသပ်လိုက်သည်။

ခပ်မတ်မတ်ထိုင်နေသည့်ကျူးယင်ထံငုံ့ ကိုင်းလာသည့်နဉ်ကြောင့် ကြောင်နေစဉ်မှာ နဉ်ကအင်္ကျီလက်အနားဖြင့်ကျူးယင်နှုတ်ခမ်းအားသုတ်ပေးပြီး ခပ်တည်တည်ပြန်ထိုင်နေလေပြီ။ ကျူးယင်မျက်တောင်နှစ်ချက်လောက်ခတ်လိုက်သည်ကိုတွေ့တော့ နဉ်ကစိတ်ဝင်တစားကြည့်နေပြန်သည်။

"စားလို့ကောင်းလား"

ခေါင်းငြိမ့်ပြလိုက်တော့ပြုံးပြန်သည်။ ကျူးယင်စိတ်ထင် နဉ်ကလူ့ဂွစာကြီးမဟုတ်လားလေ အခုလိုမကြာခဏပြုံးပြီးသဘောကောင်းနေတတ်လို့လား..

"မင်းကဘာမှမမှတ်မိပေမယ့် သိပ်တော့မပြောင်းလဲပါဘူး ဟုတ်တယ်မဟုတ်လား"
နဉ်က ဘာတွေကိုများ...

သူ့အားအကြည့်စူးစူးတြွေဖင့် ဖောက်ထွက်တော့မတတ်ကြည့်လာတာမို့ကျူးယင်လက်သီးဆုပ်လိုက်မိသည်။ သိသွားတော့မှာလား သိသွားတော့မှာများလား ဒီခေတ်ကအစွမ်းထက်တဲ့နတ်တွေကြီးပဲရှိတာဆိုရင် မနှေးမမြန်သိသွားကြမှာပေါ့

စိတ်လှုပ်ရှားစွာကျူးယင်ခပ်တောင့်တောင့်ကြီးထိုင်ကာနဉ်ကိုမျက်လုံးပြူးလျက်ကြည့်နေသည်ကို နဉ်ကသဘောတကျရယ်ပြန်သည်။

"ဘာတွေစိုးရိမ်နေတာလဲ။ မမှတ်မိတာတွေကိုထားလိုက်ပါ။ ကျူးယင်မင်းမှတ်ထားရမှာက မင်းမှာငါရှိတယ်ဆိုတာပဲ။ တစ်ခုခုသိချင်တာရှိရင်ငါ့ကိုမေးနိုင်တယ် ။ မင်းခန္ဓာကိုယ်ကတစ်ခုခုထူးဆန်းတာရှိရင်လည်း ငါ့ကိုလာပြောနိုင်တယ်။ "

နဉ်က ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကိုသူ့ထံပေးလာသည်။
"ဒါယူထား။ ငါ့ကိုရှာချင်ရင် ဒီကျောက်စိမ်းတံဆိပ်ကိုတစ်ချက်ပုတ် ပြီးငါ့နာမည်ခေါ်လိုက်"

ထိုစကားပြောနေတဲ့နဉ်ရဲ့မျက်နှာဟာနှုတ်ခမ်းတင်မက မျက်လုံးတွေပါပြုံးနေသည်။
ထိုင်နေသည်မို့နဉ်ရဲ့ဆံပင်ရှည်တွေဟာ ကြမ်းပြင်မှာကျနေပြီး လေအဝှေ့မှာမျက်စိရှေ့ရောက်လာတဲ့ဆံပင်တွေကိုနားအနောက်သို့ခပ်သာသာသိမ်းသည်။ စိမ်းပြာရောင်မျက်ဝန်းတွေဟာ အလွန်တရာနူးညံ့သောအကြည့်တို့ကိုပေးသည်။ စင်စစ်နဉ်ဟာသူတွေ့ဖူးသမျှထဲတွင်အချောဆုံးဖြစ်သည်။

ကျူးယင်ခေါင်းငြိမ့်လိုက်တော့နဉ်ကစကားဆက်သည်။
"လောလောဆယ်မင်းသိတာဆိုလို့ ငါပဲရှိတာမဟုတ်လား"

ကျူးယင်ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ငါ့ကိုရင်းရင်းနှီးနှီးဆက်ဆံလေ။ မင်းမှာငါပဲရှိတာမဟုတ်လား"

နဉ်ကတပည့်တွေအပေါ်နွေးထွေးတဲ့ဆရာကောင်းတစ်ယောက်ပါပဲလား။ ကြည့်ရတာကျူးယင်အထင်လွဲနေခဲ့ပုံရသည်။ အစောကသူကအသုံးမကျတာတွေလျှောက်လုပ်ခဲ့လို့ စိတ်ဆိုးနေခဲ့ပုံရသည်။ အခုသူကမမှတ်မိတော့ပဲ အမူအကျင့်တွေပြောင်းကာကောင်းသည့်ဘက်ရောက်သွားတဲ့အခါမှာတော့ သဘောကျသွားပုံရသည်။ အင်းပေါ့ ဆရာတွေဆိုတာတပည့်ကိုစိတ်ဆိုးလည်းခဏပါလေ။ သူနဉ်အားလေးစားသွားကာ ရိုရိုသေသေဆက်ဆံမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

ခပ်တိုးတိုးပြန်ဖြေသံနှင့်အတူ အပြုံးလေးပါ ပါလာတာကြောင့် နဉ်သည် တခဏမျှတိတ်ဆိတ်ကာကြည့်နေခဲ့သည်။
နေရောင်အောက်မှာမဟုတ်ပေမယ့် ကျူးယင်ရဲ့မျက်ဝန်းတွေကတောက်ပကာဝင်းလက်နေဆဲ။ ကော့ညွတ်နေတဲ့နှုတ်ခမ်းပါးတွေဟာ ပန်းရောင်သန်းကာစိုအိနေဟန်။ နဉ်သူ့ထံလက်လှမ်းလာတာမို့ ကျူးယင်ဇက်ကလေးပုသွားသည်။

သူ့ခေါင်းကိုအသာပုတ်ပေးရင်း နဉ်သည်ပြုံးနေပြန်ပါသည်။

"ဒီနေ့တော့နားလိုက်ပါ။ နောက်နေ့ကျ ဘာလုပ်ရမယ်ဆိုတာငါပြောပြမယ် "

အရင်ထက်များစွာနူးညံ့သွားတဲ့နဉ်၏အသံဟာ အလွန်နှစ်လိုဖွယ်ကောင်းသည်။

"ဒီလမ်းအဆုံးမှာ မင်းအဆောင်ရှိတယ်။ "

ကျူးယင်ထရပ်ကာ နဉ်အားအစောကအစောင့်တွေလုပ်သလိုအရိုအသေပေးလိုက်တော့နဉ်ကခေါင်းအသာခါကာရယ်သည်။

"လိမ္မာတယ် သွားအနားယူတော့ "

"ဟုတ်ကဲ့ခင်မျ"

ခပ်တိုးတိုးလေးပြန်ဖြေကာ ထိုအဆောင်မှထွက်မည်အပြုတွင် နဉ်သည်သူ့အားသတိပေးပြန်သည်။

"မနက်ဖန်ကျရင် ကျောက်စိမ်းပြားကိုပုတ်ဖို့မမေ့နဲ့နော်"တဲ့
-----------
အဆောင်ထဲကပြန်ထွက်လာပေမယ့် သူ့နောက်ပါလာသည့်နဉ်ရဲ့အကြည့်တွေကိုခံစားမိနေသည်။ နဉ်သည် သူ့တပည့်ကိုအရမ်းစိတ်ပူတတ်တာပဲလား....
အရင်ကကျူးယင်ကအချိုးမပြေခဲ့တော့ ဒီတပည့်ကြောင့်နဲ့ခေါင်းခဲခဲ့ရမှာအမှန်ပဲ။ ဒါကြောင့်လည်း စတွေ့တွေ့ချင်းတုန်းကသူ့ကိုဂရုဏာဒေါသနဲ့ဆူတာဖြစ်မယ်။

နဉ်ပြောပြလိုက်သည့်အတိုင်း လျှောက်လမ်း၏အဆုံးတွင်တွေ့ရသည့်အဆောင်ထဲသူဝင်သွားလိုက်သည်။ အဆောင်အတွင်းတွင် အကန့်လေးတွေအများအပြားကန့်ထားပြီး အပေါ့၊အလေးသွားရန်လည်းပါရှိသည်။ စာအုပ်အချို့ရှိသောစင်အသေးလေးလည်းရှိပြီး စားသောက်ရန်အတွက်စားပွဲပုလေးတစ်လုံးရှိသည်။ တစ်ယောက်အိပ် အိပ်ယာလေးဟာတော့ ထီးထီးမားမားတည်ရှိနေသည်။ အခန်းကကျဉ်းပေမယ့်ရှုပ်ပွနေတာမျိုး ပြည့်ကြပ်နေတာမျိုးမရှိသည့်အတွက် ကျူးယင်သဘောကျမိသည်။

အခန်းပဲဟာ နေချင်စဖွယ်ရိုးရိုးရှင်းရှင်းလေးဖြစ်နေရမှာပေါ့။

ကုတင်ရဲ့အစွန်းဘက်တွင် ဗီရိုလေးတစ်လုံးလည်းရှိသေးသည်။ သူဖွင့်ကြည့်လိုက်တော့ အစိမ်းနု၊အပြာနုစတဲ့အနုသောအရောင်တွေကိုဖွေးသန့်နေအောင်လျှော်ထားပြီး သပ်သပ်ရပ်ရပ်ထည့်ထားသည်ကိုတွေ့ရသည်။

အရင်ကျူးယင်ဟာ စည်းကမ်းတော့ရှိသားပဲ ...

ဒီနေ့အတွက်သိရတာတွေရော ၊နားလည်လိုက်ရတာတွေရောများနေသဖြင့်ကျူးယင်အနားယူဖို့ဆုံးဖြတ်လိုက်သည်။အင်္ကျီကိုချွတ်လိုက်ပြီး ကုတင်ခြေရင်းကတိုင်ပေါ်တင်ထားလိုက်သည်။ ပိုးသားဘောင်းဘီအဖျော့လေးဝတ်လျက်ဖြင့် ကုတင်ပေါ်လှဲချလိုက်တော့ မာနေတာကြောင့်ကျူးယင်အတော်နာသွားရသည်။

ငါ့အိမ်ကမွေ့ယာကြီးသတိရလိုက်တာကွာ ...
မျက်နှာကျက်စိုက်ကြည့်ရင်း သူညည်းတွားမိသည်။

အပျင်းပြေဖုန်းတောင်ပွတ်လို့မရတော့ပါလား
ကျူးယင် သက်ပြင်းအသာချကာ ကုတင်အတည့်ဖြစ်အောင် ကိုယ်ကိုရွေ့ပြီးအိပ်ဖို့ပြင်သည်။ စောင်ကတော့အသားအတော်ကောင်းသည်ပြောရမည်။ ပါးပါးလေးပေမယ့် ခြုံလိုက်သည့်အခါနွေးလို့နေသည်။ ခုနကဖိနပ်စီးမထားခဲ့တာကြောင့် သဲအနည်းငယ်ပေနေလောက်မည့်ခြေဖဝါးတို့အား အိပ်ယာခင်းဖြင့်ပွတ်သုတ်လိုက်သည်။ စိတ်ကျေနပ်အောင်သုတ်ပြီးတော့မှ စောင်ကိုခေါင်းထိဆွဲခြုံရင်းညာဘက်သို့စောင်းကာအိပ်တော့သည်။ လေးကန်နေသည့်မျက်ခွံတို့သည် ပိတ်တော့မည်ချည်းလုပ်နေသဖြင့် မထိန်းနိုင်တော့မည့်အတူတူ မှိတ်ချလိုက်တော့သည်။ အိပ်မပျော်ခင်ဆက်ကြားတွင် အဖြူရောင်ဝတ်စုံဖြင့်နဉ်ကိုမပီဝိုးတစ်ဝါးတွေ့မြင်လိုက်ရသေးသည်။
-------

Continue Reading

You'll Also Like

39.4K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
196K 30K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
10.3K 1.2K 9
ယွဲ့ယွဲ့: "ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်" ***************** ယြဲ႕ယြဲ႕: "ေၾကာက္စရာနတ္ဆိုးႀကီးရဲ႕ဝိဥာဥ္ခြဲေတြကငါ့ကိုအတင...
5.7K 722 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...