ကြွေရုပ်(Complete)

By ChanyeollieMyatNoe

417K 25.7K 451

Wu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသေ... More

ကြွေရုပ်-1
ကြွေရုပ်-2
ကြွေရုပ်-3
ကြွေရုပ်-4
ကြွေရုပ်-5
ကြွေရုပ်-6
ကြွေရုပ်-7
ကြွေရုပ်-8
ကြွေရုပ်-9
ကြွေရုပ်-10
ကြွေရုပ်-11
ကြွေရုပ်-12
ကြွေရုပ်-13
ကြွေရုပ်-14
ကြွေရုပ်-15
ကြွေရုပ်-16
ကြွေရုပ်-17
ကြွေရုပ်-18
ကြွေရုပ်-19
ကြွေရုပ်-20
ကြွေရုပ်-21
ကြွေရုပ်-22
ကြွေရုပ်-23
ကြွေရုပ်-24
ကြွေရုပ်-25
ကြွေရုပ်-26
ကြွေရုပ်-27
ကြွေရုပ်-28
ကြွေရုပ်-29
ကြွေရုပ်-30
ကြွေရုပ်-31
ကြွေရုပ်-32
ကြွေရုပ်-33
ကြွေရုပ်-34
ကြွေရုပ်-35
ကြွေရုပ်-36
ကြွေရုပ်-37
ကြွေရုပ်-39
ကြွေရုပ်-40
ကြွေရုပ်-41
ကြွေရုပ်-42
ကြွေရုပ်-43
ကြွေရုပ်-44(Final)
ကျေးဇူးတင်လွှာ
Attention plz
Hello

ကြွေရုပ်-38

8.7K 548 5
By ChanyeollieMyatNoe

မနက်ခင်းရဲ့နေရောင်က ပြတင်းပေါက်မှဖြတ်သန်းကာ ကုတင်ပေါ်မှာတစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာဖက်ထားထားရင်းအိပ်ပျော်နေတဲ့ကောင်လေးနှစ်ယောက်ပေါ်ဖြာကျလာခဲ့သည်။

စူးရှလွန်းတဲ့နေရောင်ကြောင့် Chanyeol မျက်လုံးကိုလက်နဲ့အသာကာလိုက်ရင်းနိုးထလာခဲ့သည်။

နိုးနိုးချင်းလက်မောင်းတစ်ဖက်ကထုံကျင်မှုဝေဒနာကိုခံစားလိုက်ရတာမို့ လှည့်ကြည့်မိတော့ သူ့ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ puppy ပေါက်လေး...

Chanyeol လက်မောင်းတစ်ခုလုံးထုံကျင်နေပေမဲ့ သူလှုပ်လိုက်ရင် baby နိုးသွားမှာစိုးတာကြောင့် ငြိမ်ငြိမ်လေးနေရင်းသာ baby ရဲ့မျက်နှာလေးကိုစိုက်ကြည့်နေမိသည်။

အခုလိုအိပ်ယာနိုးနိုးချင်း baby ရဲ့မျက်နှာလေးကိုမြင်ရတာ အရမ်းကိုကျက်သရေရှိလွန်းတယ်...

ကျွန်တော်တကယ်မယုံနိုင်သေးဘူး...baby နဲ့ကျွန်တော်နဲ့ချစ်သူတွေဖြစ်သွားပြီဆိုတာကိုလေ...Arr ကျွန်တော်မေ့သွားတယ် သူနဲ့ကျွန်တော်ကလက်ထပ်ပြီးသွားပြီဘဲ...

ကျွန်တော်တကယ်ပျော်တယ်...babyကကျွန်တော့်ကိုချစ်တယ်တဲ့လေ...အရမ်းကြားချင်ခဲ့တဲ့စကားလေးတစ်ခွန်းကိုခုလိုကြားလိုက်ရတဲ့အတွက် ခုနေကျွန်တော့်ကိုသေဆိုရင်တောင်သေပျော်ပါပြီ...

"imm~~umm~~~"

Chanyeol, Baekhyun ကိုစိုက်ကြည့်နေတုန်း Baekhyun puppy လေးတစ်ကောင်လိုတအင်းအင်းတအဲအဲလုပ်ကာ နိုးထလာခဲ့သည်။

နိုးနိုးချင်း သူ့ကိုပြုံးပြီးစိုက်ကြည့်နေတဲ့ Chanyeol မျက်နှာကြီးကိုအနီးကပ်တွေ့လိုက်ရတာကြောင့် Baekhyun လန့်သွားမိသည်။ နောက်မှပြုံးကာ

"ဘာတွေအဲ့လောက်စိုက်ကြည့်နေတာလဲ Wu Chanyeol shi? ငါ့မျက်နှာကြီးလဲပေါက်ထွက်သွားဦးမယ် အဲ့လောက်ကြည့်မနေနဲ့လေ"

"ချစ်လို့ကြည့်တာဘဲကို wuri puppy လေးချစ်လိုက်တာကွာ"

Chanyeol ကြည့်နေရင်းအသည်းယားလာတာကြောင့် Baekhyun ရဲ့နှာခေါင်းလုံးလုံးလေးကိုမနာအောင် ကိုက်ပစ်လိုက်သည်။

"Ah!! Wu Chanyeol ဗိုက်ဆာရင်မနက်စာသွားစားလေ...နှာခေါင်းကြီးကိုကိုက်နေရလား?"

"မရဘူး ကိုယ်က baby ကိုဘဲစားချင်တာ"

Chanyeol ပြောရင်းနောက်တစ်ကြိမ်ထပ်ကိုက်ပြန်တော့ Baekhyun ပြုံးသည်။

Chabyeol, Baekhyun ရဲ့မျက်နှာလေးကိုစိုက်ကြည့်ကာ

"ကိုယ်မယုံနိုင်သေးဘူးသိလား? Baby နဲ့ခုလိုပြန်အဆင်အြေသွားလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး...ကိုယ်အိပ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်"

Chanyeol ပြောစကားများကို Baekhyun နားထောင်နေရင်းမှ ရုတ်တရပ် Chanyeol ရဲ့နားရွက်ကားကားလေးကိုဆွဲလိုက်တာမို့ Chanyeol ငယ်သံပါအောင်အော်တော့သည်။

"Ahhhh!!!! Baby နာတယ်...လွှတ်ဆို"

Baekhyun အတော်ကြာနားရွက်ကိုလိမ်ဆွဲပြီးမှ လွှတ်လိုက်တော့ Chanyeol သူ့နားရွက်လေးကိုလက်နဲ့အုပ်ကိုင်ကာ ဆူပုတ်ပုတ်ရုပ်ဖြင့်...

"ဘာလို့နားရွက်ကိုလိမ်ဆွဲရတာလဲ puppy ပေါက်ရ...အားတွေကလဲရှိလိုက်တာ နားရွက်ပြတ်သွားပြီလးတောင်အောက်မေ့ရတယ်"

ဆူပုတ်ပုတ်နဲ့ကလေးဆန်စွာပြောနေတဲ့ Chanyeol ပုံစံကြောင့် Baekhyun ခွီကနဲထရယ်မိသည်။ အခု Chanyeol ကိုကြည့်ပြီး အရင်က နေရာတကာရန်လျှောက်ဖြစ်နေတဲ့ Wu Chanyeol လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်...

"Aigoo wuri yeobo အရမ်းနာသွားတာလား...Channie ကအိပ်မက်မက်နေတာလားလို့မေးလို့ baby ကအိပ်မက်မဟုတ်ကြောင်းသက်သေပြတာလေ ခ်ခ်"

"အဲ့တာနဲ့ဘဲ အဲ့လောက်တောင်ဆွဲရလား babyရ...နာလိုက်...."

Chanyeol ပြောနေရင်း စကားသံတွေထပ်ထွက်မလာတော့...အကြောင်းက သူ့ရဲ့ပါးစပ်လေးကို Baekhyun သူ့နှုတ်ခမ်းနဲ့ပိတ်လိုက်ခြင်းကြောင့်ပင်...

Chanyeol လည်း Baekhyun ရဲ့ခါးလေးကိုဖက်ကာအနမ်းတွေကိုပိုမိုသိပ်သည်းစေလိုက်သည်။
ထပ်တူကျနေတဲ့ နှုတ်ခမ်းတစ်စုံနဲ့အတူ ထပ်တူကျနေတဲ့သူတို့နှစ်ယောက်ရဲ့ရင်ခုန်သံတွေက မနက်ခင်းရဲ့အလှကိုပိုမိုအသက်ဝင်စေခဲ့သည်။

အသက်ရှူကြပ်လာတော့မှ နှုတ်ခမ်းနှစ်ခုခွာလိုက်ကာ ခုမှအသက်ကိုမနည်းလုရှူနေကြသည်။

Baekhyun, Chanyeol ရဲ့နားရွက်လေးကိုခပ်ဖွဖွလေးနမ်းလိုက်ကာ

"ကဲ...အနာသက်သာသွားပြီဟုတ်"

"Hee baby အနာသက်သာအောင်လုပ်ပေးတဲ့နည်းကမိုက်တယ်...နောက်ကျအဲ့နားရွက်ကိုခဏခဏသာဆွဲသိလား?"

Chanyeol ပြီတီတီရုပ်နဲ့ပြောတော့ Baekhyun မျက်စောင့်ကဒိုင်းကနဲ...

"လူလည်ကြီး...ကဲ ထတော့မိုးလင်းနေပြီ မနက်စာစားရဦးမယ်"

Baekhyun ပြောပြီးတာနဲ့ကုတင်ပေါ်ကဆင်းဖို့ပြင်တော့ Chanyeol သူ့လက်ကိုဆောင့်ဆွဲလိုက်တာမို့ Baekhyun ရဲ့ခန္ဓာကိုယ်လေးက Chanyeol ရင်ဘတ်ပေါ်ကျသွားရသည်။

"မသွားနဲ့ဦးကွာ...baby ကိုဖက်ရတာတောင်မဝသေးဘူး"

"Channie မဆိုးနဲ့ကွာ...ထတော့လေ နောက်ကျနေပြီကို..Company သွားရဦးမယ်မလား?"

"ဒီနေ့ Company ပိတ်တယ် ဘယ်မှသွားစရာမလိုဘူး...ခဏလေးပါဘဲကွာ"

Chanyeol ပြောရင်း Baekhyun ကိုဖက်ကာမျက်လုံးမှိတ်ထားသည်မို့ Baekhyun ရယ်မိသည်။ Wu Chanyeol ဘယ်တုန်းကဒီလောက်ချွဲတတ်သွားပါလိမ့်...

"Channie အိပ်ပုတ်...ထတော့ကွာ...ဒီနေ့အားတယ်ဆို လျှောက်လည်ရအောင်လေ...ငါမင်းနဲ့အတူလျှောက်သွားချင်လို့"

Baekhyun စကားအဆုံး Chanyeol ချက်ချင်းမျက်လုံးပွင့်လာကာ

"ဟုတ်သားဘဲ...baby နဲ့တစ်ခါမှ date မလုပ်ရသေးဘူး...အခုဘဲသွားရအောင် မြန်မြန်ရေချိုးရမယ်"

Chanyeol ပြောပြီးတာနဲ့ ချက်ချင်းရေချိုးခန်းထဲပြေးဝင်သွားတော့သည်။

နှစ်ယောက်သား ရေချိုးအဝတ်အစားလဲပြီးတော့ မနက်စာစားဖို့အောက်ထပ်ဆင်းလာခဲ့ကြသည်။

ထမင်းစားခန်းထဲရောက်တော့ မနက်စာစားနေတဲ့ Kris hyung ကိုတွေ့တာမို့ သူ့နဲ့မျက်နှာချင်းဆိုင်မှာနှစ်ယောက်သားဝင်ထိုင်လိုက်ကာ

Baek-"Morning hyung"

Kris-"omm morning Baekhyun...အပြင်သွားကြမလို့လား အင်္ကျီဆင်တူနဲ့"

Yeol-"Hee ဟုတ်တယ် hyung...ဒီနေ့ Company လဲမသွားရတော့ date လုပ်မလို့"

Kris-"omm ကောင်းပါတယ်...အဲ့တာဆိုညလောက်မှပြန်ရောက်မှာပေါ့"

Baek-"Nae hyung အိမ်မှာ hyung တစ်ယောက်တည်းပျင်းနေတော့မှာဘဲ"

Kris-"မပျင်းပါဘူးကွာ ငါလဲ ခဏနေရင် Sehunnie ကိုသွားတွေ့မလို့...အဲ့ကောင်လေးလဲ ကိုယ့်အစ်ကိုတွေကိုတစ်ခါလေးတောင်လာမတွေ့ဘူး သူ့ Luhan နဲ့ဘဲပျော်နေတာ...သူမလာတော့လဲ တွေ့ချင်တဲ့ငါကဘဲသွားရမှာပေါ့"

Baek-"ဟုတ်ပါ့ hyung ရယ်အဲ့ကောင်လေးနဲ့မတွေ့တာတောင်ကြာပြီ...ကျွန်တော်လဲနောက်နေ့လာခဲ့ပါ့မယ်လို့ပြောပေးပါဦး"

Kris-"အင်းပါ hyung ပြောလိုက်မယ်"

မနက်စာစားပြီးတော့ လက်ချင်းတွဲကာထွက်သွားတဲ့ Chanyeol နဲ့ Baekhyun ကိုကြည့်ပြီး Kris ပြုံးမိသည်။

ကျွန်တော်တကယ်ရင့်ကျက်နေပြီထင်တယ်...Chanyeol နဲ့ Baekhyun ကိုခုလိုတွေ့ရတာ ကျွန်တော်ဝမ်းသာမိတယ်...သူတို့နှစ်ယောက်တကယ်လိုက်ဖက်ပါတယ်...

ကျွန်တော်အမှန်တရားကိုလက်ခံလိုက်ပါပြီ.Baekhyun ဆိုတာကျွန်တော့်ရဲ့ညီအရင်းဘဲလေ...ကျွန်တော်သူ့ကိုအရင်လိုအရောင်ပါတဲ့အချစ်တွေနဲ့အဟုတ်တော့ဘဲ အဖြူရောင်အချစ်တွေနဲ့ဘဲချစ်တော့မယ်...

Baekhyun...သူနဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်း ကျွန်တော့်နှလုံးသားတစ်ခုလုံးအပ်ကွဲခဲ့တယ်...သူနဲ့ကျွန်တော်ဟာညီအစ်ကိုအရင်းတွေပါလို့သိသွားခဲ့တဲ့အချိန်မှာတော့ ကျွန်တော့်နှလုံးသားတွေ တစ်စစီအပ်ကွဲခဲ့တယ်...အခုရော? တစ်စစီကြေမွသွားတဲ့ကျွန်တော့်ရဲ့နှလုံးသားလေးကို အချိန်ကကုစားပေးသွားတာမို့ ပြန်လည်ကောင်းမွန်နေပါပြီ...ဒါပေမဲ့ ကျွန်တော့်နှလုံးခုန်သံတွေကရပ်တန့်နေခဲ့ပြီလေ...

Chanyeol တို့ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ Kris လဲ Sehun ဆီထွက်လာခဲ့သည်။

ကားမောင်းနေရင်း မျက်လုံးထောင့်ကဖျက်ကနဲ bubble tea ဆိုင်လေးတွေ့လိုက်တာမို့ ကားကိုလမ်းဘေးချရပ်လိုက်ကာ ထိုဆိုင်လေးထဲဝင်သွားမိသည်။

Sehun က bubble tea အရမ်းကြိုက်တယ်လေ...အဲ့တာကြောင့်ဝယ်သွားပေးမလို့...

Kris ဆိုင်ထဲရောက်တော့...

"Ahhh!!"

အော်သံတစ်ခုရဲ့နောက်မှာ Kris လဲလဲကျသွားသလို လူတစ်ယောက်လဲ သူ့ပေါ်ပြုတ်ကျလာသည်။

Kris ရဲ့အင်္ကျီတစ်ထည်လုံး ထိုလူ့လက်ထဲက bubble tea တွေပေကျံကုန်တာမို့ Kris ဒေါသထွက်သွားမိသည်။

ပိုဆိုးတာက လူတွေအများကြီးရှိတဲ့ဆိုင်မှာဖြစ်တာဆိုတော့ သူ့ရဲ့cool guy image ပျက်သွားတယ်လေ..

သူ့ပေါ်ကလူကခုထိမထသေးဘဲ Kris ရင်ဘတ်ပေါ်မှာရှိနေတာသေးတာမို့ Kris စိတ်တိုတိုနဲ့အော်လိုက်မိသည်။

"Yarrr ဟိတ်လူ ဒီနေ့ငါ့ပေါ်ကထဦးမှာလား???!!!!"

Kris အော်သံကြားမှ ထိုကောင်လေးသတိဝင်သွားဟန်နဲ့ ချက်ချင်းမတ်တပ်ထရပ်တော့သည်။

Kris လဲမတ်တပ်ရပ်လိုက်ကာ သူ့အင်္ကျီပေါ်ပေသွားတာတွေကိုကြည့်ပြီး စုတ်တချက်သတ်မိသည်။

ဒီနေ့ Company လဲမသွားရတာမို့အရင်လို suit မဝတ်ဘဲလွတ်လွတ်လပ်လပ်ဖြစ်အောင် သိုးမွှေးအင်္ကျီအဖြူလေးဝတ်လာမိပါတယ် အခုတော့ bubble tea တွေကြောင့် အင်္ကျီအဖြူလေးတစ်ထည်လုံးရစရာမရှိတော့...

Kris တော်တော်လေးဒေါသထွက်သွားမိတာကြောင့် ရှေ့ကကောင်လေးကိုအော်လိုက်မိသည်။

"Yarr မင်းလုပ်လိုက်တာကြည့်စမ်း!!! ငါ့အင်္ကျီတစ်ထည်လုံးရစရာမရှိတော့ဘူး!!!! လမ်းကိုဘယ်လိုလျှောက်နေလို့လူတစ်ယောက်လုံးတောင်မမြင်ရတာလဲ!!!"

Kris အသံကအတော်လေးကျယ်နေတာမို့ ထိုကောင်လေးတုန်သွားကာခေါင်းကိုသာတွင်တွင်ငုံ့ထားရင်းတောင်းပန်စကားဆိုသည်။

"ဟို...တောင်း...တောင်းပန်ပါတယ်...ကျွန်တော်...ဖိနပ်ကြိုး..တက်..တက်နင်းမိပြီးအရှိန်မထိန်းနိုင်ဘဲ..."

သူအော်လိုက်တာဘယ်လောက်ကျယ်သွားလဲမသိ...သူ့ရှေ့ကကောင်လေးကြောက်ကြောက်လန့်လန့်နဲ့ စကားတွေတောင်ထစ်နေတာမို့ Kris သက်ပြင်းတစ်ချက်ချလိုက်ကာ

"ဟူး...ထားပါတော့...မင်းတော်တော်နမော်နမဲ့နိုင်တာဘဲ"

"ကျွန်တော်ဘယ်မှာနမော်နမဲ့နိုင်....ဟင်? Kris??!!!"

ထိုကောင်လေးသူ့ကိုနမော်နမဲ့နိုင်တယ်လို့ပြောတာကြောင့် ပြန်ရန်တွေ့မလို့ ခေါင်းမော့ကာသူ့ရှေ့ကလူကိုကြည့်လိုက်တော့ တွေ့လိုက်ရတဲ့သူကြောင့်အရမ်းအံ့သြသွားခဲ့ရသည်။

"Tao?? Tao ဟုတ်တယ်မလား???!!!"

Kris သူ့ရှေ့မှာတွေ့လိုက်ရတဲ့ကောင်လေးကြောင့် အရမ်းအံ့သြသွားသလို ရပ်တန့်နေတဲ့ သူ့ရဲ့ရင်ခုန်သံတွေလဲတဖန်ပြန်လည်အသက်ဝင်ခဲ့တော့သည်။

******************ကြွေရုပ်*************

Sweet ရဲ့လား? ရေးတော့ရေးလိုက်တာဘဲ sweet မ sweet တော့မသိတော့ဘူး😁

Kris အတွက် Tao ကိုထည့်ပေးလိုက်ပြီနော်
Sweet ပြီးရင်တော့မုန်တိုင်းတိုက်ရင်ကောင်းမလားလို့😁

Saranghae all my readers❤❤
90°bow

Continue Reading

You'll Also Like

420 96 10
"ချစ်ခြင်းရဲ့ တခြားပုံစံက ကာကွယ်စောင့်ရှောက်ပေးခြင်းတဲ့" "ချစ်ခြင်းရဲ့ တခြားပုံစံက ကာကွယ်စောင့်ရှောက်ပေးခြင်းတဲ့" Huening Kai X Kang Taehyun TXT Fanf...
447K 16.8K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
129K 6K 52
ကျိန်စာဆိုတာကိုယုံကြရဲ့လားဟင်.... သစ္စာပြုပြီးကျိန်ဆိုခဲ့ရင်ရော..... 🚫++အနည်းငယ် ပါဝင်ပါသည်။
343K 35.6K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...