ကြွေရုပ်(Complete)

Von ChanyeollieMyatNoe

417K 25.7K 451

Wu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသေ... Mehr

ကြွေရုပ်-1
ကြွေရုပ်-2
ကြွေရုပ်-3
ကြွေရုပ်-4
ကြွေရုပ်-5
ကြွေရုပ်-6
ကြွေရုပ်-7
ကြွေရုပ်-8
ကြွေရုပ်-9
ကြွေရုပ်-10
ကြွေရုပ်-11
ကြွေရုပ်-12
ကြွေရုပ်-13
ကြွေရုပ်-14
ကြွေရုပ်-15
ကြွေရုပ်-16
ကြွေရုပ်-17
ကြွေရုပ်-18
ကြွေရုပ်-19
ကြွေရုပ်-20
ကြွေရုပ်-21
ကြွေရုပ်-22
ကြွေရုပ်-23
ကြွေရုပ်-24
ကြွေရုပ်-25
ကြွေရုပ်-27
ကြွေရုပ်-28
ကြွေရုပ်-29
ကြွေရုပ်-30
ကြွေရုပ်-31
ကြွေရုပ်-32
ကြွေရုပ်-33
ကြွေရုပ်-34
ကြွေရုပ်-35
ကြွေရုပ်-36
ကြွေရုပ်-37
ကြွေရုပ်-38
ကြွေရုပ်-39
ကြွေရုပ်-40
ကြွေရုပ်-41
ကြွေရုပ်-42
ကြွေရုပ်-43
ကြွေရုပ်-44(Final)
ကျေးဇူးတင်လွှာ
Attention plz
Hello

ကြွေရုပ်-26

8.2K 558 8
Von ChanyeollieMyatNoe

Kris မွန်းကြပ်လွန်းတဲ့စိတ်ကိုဖြေဖျောက်ဖို့အတွက် ဆေးရုံရဲ့ခေါင်မိုးထပ်ကိုခပ်သွက်သွက်တက်လာခဲ့လိုက်သည်။

~ဘုတ်~အ့~

အလောတကြီးလျှောက်လာတာမို့ လမ်းကွေ့ရောက်တော့ရှေ့ကလူကိုမမြင်ဘဲ ဝင်တိုက်မိတော့ အရှိန်ပြင်းတာကြောင့် အနောက်ဘက်ကိုဘုတ်ခနဲ လဲကျသွားရသည်။

"Yarr မင်းလူတစ်ယောက်လုံးကိုမမြင်ဘူးလား?"

အမှန်တော့ ကိုယ်ကမမြင်ဘဲသူများကိုဝင်တိုက်မိတာပေမဲ့ စိတ်ညစ်နေတာကြောင့် တစ်ဖက်သူကိုမကြည့်ဘဲ ဦးအောင်အရင်အော်လိုက်မိသည်။

"အဆင်ပြေရဲ့လားမသိဘူး...Miyanaeyo ကျွန်တော်မမြင်လိုက်ဘူးဖြစ်သွားတယ်"

သူ့ဘက်ကမမှားမှန်း သိရက်နဲ့သူအော်လိုက်တော့ စိုးရိမ်တကြီးတောင်းပန်နေတဲ့ထိုလူကြောင့် Kris အံ့သြသွားမိတာအမှန်ပင်...

"ဟို...ထလို့ရရဲ့လားမသိဘူး"

ပြောလဲပြော ထလို့ရအောင်သူ့လက်တဖက်ကမ်းပေးတာမို့ Kris သူ့လက်ကိုအားပြုကာမတ်တပ်ရပ်လိုက်သည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

Kris စကားပြောရင်း သူနဲ့တိုက်မိတဲ့သူကိုကြည့်မိတော့ ရင်ထဲအမည်မသိတဲ့ခံစားချက်တစ်ခုဖြတ်ပြေးသွားသလို...

အသားဖြူဖြူ အရပ်ကသူ့လောက်နီးပါးရှည်တဲ့ V shape မေးရိုးနဲ့ထိုကောင်လေးကို ခုမှပထမဆုံးမြင်ဖူးတာပေမဲ့ ဟိုအရင်ကတည်းကရင်းနှီးနေသလိုပင်...အင်း..ပြောရရင် တစ်စုံတစ်ယောက်ကိုစတွေ့တုန်းက ခံစားခဲ့ရသလို ခံစားချက်မျိုးပေါ့

"ဝင်တိုက်မိတဲ့အတွက် တောင်းပန်ပါတယ်နော် hyung"

Hyung??? Hyung ဆိုတဲ့စကားလုံးကို သူ့ကိုလူအတော်များများခေါ်ဖူးပေမဲ့ သူနဲ့ကျမှတစ်မျိုးဖြစ်နေရတာလဲ??

"Arr ရပါတယ် ကိုယ်ကမမြင်ဘဲအရင်ဝင်တိုက်မိတာပါ အဲ့အတွက်ရော စောစောက အော်မိတဲ့အတွက်ပါ တောင်းပန်ပါတယ်နော်"

"မဟုတ်တာ Hyung ရယ် ကျွန်တော်လဲအလျင်လိုနေတာနဲ့ မမြင်ဘဲဝင်တိုက်မိတာပါ"

"ထားပါတော့ ဒီနေ့ဘယ်သူဝင်တိုက်တယ် မတိုက်ဘူး ငြင်းနေတာနဲ့ပြီးတော့မှာမဟုတ်ဘူး Hyung သွားတော့မယ်နော်"

"Nae hyung"

Kris ထိုကောင်လေးရှေ့ကအမြန်ပြေးထွက်လာခဲ့သည်။ အဲ့ကောင်လေးမျက်နှာကိုမြင်တော့ ဘာလို့အလိုလိုရင်ထဲတင်းကြပ်ဆို့နစ်လာရတာလဲ? ဘာလို့ငိုချင်လာရတာလဲ?

"Hyung ခဏ!"

Kris ရင်ထဲတင်းကြပ်လာတာမို့ ထိုနေရာကအမြန်ပြေးထွက်ဖို့ပြင်လိုက်ပေမဲ့ နောက်ကလှမ်းခေါ်လိုက်တဲ့ထိုကောင်လေးအသံကြောင့် လှည့်ကြည့်လိုက်မိသည်။

"Hyung နာမည်ဘယ်လိုခေါ်လဲမသိဘူး"

"Kris...Wu Krisပါ"

"Arr Nae ကျွန်တော့်နာမည် Oh Sehun ပါ နောက်တွေ့လဲခေါ်နော်...ဘာဖြစ်လို့မှန်းမသိဘူး Hyung ကိုခုမှတွေ့ဖူးပေမဲ့ အရမ်းခင်သွားမိလို့"

"အင်းပါ သွားပြီနော်"

Ashi စိတ်ညစ်နေရတဲ့ထဲသူကရောဘယ်သူလဲ?! ဘာလို့...ဘာလို့ ဟိုးအရင်တုန်းကလိုခံစားချက်မျိုးဖြစ်နေရတာလဲ??!!!

Ashi Oh Sehun မင်းဘယ်သူလဲကွာ....

*****************ကြွေရုပ်**************

~ဒေါက်~ဒေါက်~

"Hyung ကျွန်တော်ဝင်ခဲ့မယ်နော်"

Luhan တို့စကားပြောနေတုန်း တံခါးခေါက်သံနဲ့အတူ Sehun ဝင်လာတာကြောင့် စကားစပြတ်သွားရသည်။

" Hun လာလေ ဖုန်းပြောလို့ပြီးပြီလား?"

Hun-"Nae hyung ပြီးပါပြီ အခြေအနေကတော့သိပ်မကောင်းဘူး Hyung ဒီမှာ ဦးလေးရဲ့မွေးစားသားရှိနေတယ်တဲ့...ကျွန်တော်တို့ဂရုစိုက်မှရမယ်...သူကလဲဒီမှာလူမိုက်ဆိုတော့ ကျွန်တော်တို့ကိုအန္တရာယ်မပေးပါဘူးလို့ပြောလို့မရဘူးလေ"

"omm ဘာဘဲဖြစ်ဖြစ် အဲ့ကောင်ကိုသတိထားရမှာပေါ့...ဒါနဲ့ သူ့နာမည်ကဘာတဲ့လဲ ဒီမှာလူမိုက်ကောင်ဆို Chanyeol သိမှာပေါ့...သူလဲလူမိုက်ကောင်ဘဲကို"

Luhan စကားကြောင့် Sehun ကအူကြောင်ကြောင်နဲ့ Chanyeol ဘယ်သူလဲရှာနေသလို...Chen ကတော့ ပြုံးစိစိ....Chanyeol ကတော့ သူ့ကိုချည်းစကားပြောတိုင်းဖဲ့နေတဲ့ Luhan hyung ကိုဂျိုကြည့်ကြည့်ပေးလိုက်သည်။

ဘယ့်နှယ့်တစ်စိတ်ရှိသူ့ဘဲလာထိခိုက်နေတယ်...စကားပြောရင် အနှောင့်အသွားလွတ်အောင်မပြောတတ်ဘူးလားမသိဘူး

"Hyung Chanyeol ဆိုတာ ဘယ်သူ?"

"ဟိုမှာလေ Hyung ကိုဂျိုကြည့်ကြည့်နေတဲ့ နားကားကောင်...သူ့နာမည်က Wu Chanyeol တဲ့...အရင်တုန်းကလိမ္မာသလောက် ခုဆိုးသွမ်းနေလို့ သက်သက်လူမိုက်ကောင်လို့ပြောတာ"

"Wu Chanyeol??"

"အင်းလေ Hun ရဲ့ဘာဖြစ်လို့လဲ?"

"Wu Chanyeol...Wu Kris...သူတို့ကဘာတော်တာလဲ? မျိုးရိုးတူနေလို့"

"ဟင်?! Hun က Kris နဲ့သိလို့လား?"

"မဟုတ်ပါဘူး စောစောက အဲ့ Hyung နဲ့အပြင်မှာတိုက်မိလို့ပါ"

"Aww Kris နဲ့ Chanyeol ကညီအစ်ကိုတွေလေ"

"Hyung!!!!! ဘယ်သူကညီအစ်ကိုလဲ?!"

ရုတ်တရပ်ကြီးထအော်လိုက်တဲ့ Chanyeol ကြောင့် Sehun ကတော့သူ့ကိုအူကြောင်ကြောင်ပြန်ကြည့်နေလေရဲ့...အင်းလေ ညီအစ်ကိုလို့ပြောလိုက်တာလေးကို ဒီလောက်ထအော်စရာလား

"ဖြည်းဖြည်းအော်ပါ Chanyeol ရာ ဒီမှာနားလေးတဲ့သူတစ်ယောက်မှမရှိဘူး"

"Hyung ကဘာလို့အဲ့လိုပြောလဲ ကျွန်တော်မကြိုက်ပါဘူးဆိုမှ"

"အေးပါ ငါဘဲမှားတာပါ မင်းတို့ညီအစ်ကိုလဲ မြန်မြန်တည့်မှာပါ နောက်မို့အလယ်က Baekhyun သေမှာဘဲ"

"Arr hyung ရာနိမိတ်မရှိတာတွေ မပြောပါနဲ့ Baby ကဘာလို့သေရမှာလဲ...ကျွန်တော်နဲ့အကြာကြီးနေရဦးမှာ"

"အေးပါ မင်းလဲဖြစ်မလာနိုင်တာတွေဘဲစိတ်ကူးထိုင်ယဉ်နေ ကြာရင်ရူးသွားဦးမယ်"

Luhan ကသက်သက်နောက်လိုက်ပေမဲ့ သူ့စကားကြားပြီးခေါင်းငိုက်စိုက်ကျသွားတဲ့ Chanyeolကြောင့် Luhan သူ့ကိုယ်သူစကားမှားသွားမှန်းသိလိုက်ရသည်။

"Miyan...Miyanae Chanyeol ah hyung ကဒီအတိုင်းနောက်လိုက်တာပါ"

"Aryniya ရပါတယ်...Hyung ပြောတာလဲမှန်နေတာဘဲလေ...ကျွန်တော်ကဘယ်တော့မှဖြစ်မလာနိုင်တာတွေကိုစိတ်ကူးယဉ်နေမိတာဘဲ Hak"

"Chanyeol ah..."

"ဒါပေမဲ့ hyung ကျွန်တော်ကြိုးစားမှာပါ...ဘယ်အရာမဆိုကြိုးစားရင်ရပါတယ်...တစ်နေ့တော့ baby ကျွန်တော့်ကိုပြန်ချစ်လာမှာပါ"

Chanyeol စကားဆုံးတော့အားလုံးကိုယ်အတွေးနဲ့ကိုယ်မို့ ဆေးရုံခန်းလေးအတွင်း အသက်ရှူသံမှလွဲ၍အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်....

"imm....umm... ကြယ်လေး ah Kharjama T~T"

အားလုံးတိတ်ဆိတ်နေတဲ့ အချိန် Baekhyun ဆီမှရှိုက်သံလေးတွေထွက်လာတာမို့ အားလုံးပြေးကြည့်တော့ မျက်လုံးမဖွင့်သေးဘဲ ရှိုက်ကြီးတငင်ငိုနေတဲ့ Baekhyun...

သူ့ပါးစပ်ကလဲ ကြယ်လေးဆိုတာကိုပြောပြီး ရှိုက်ကြီးတငင်ငိုနေပုံထောက် အဲ့ကြယ်လေးဆိုတာဘယ်သူလဲ? သူနဲ့ဘယ်လိုပတ်သတ်နေတာလဲ?

"Baby သတိထားဦးလေ...baby ထပါဦး"

အိပ်မက်ဆိုးတွေမက်ပြီးအရမ်းငိုနေတဲ့ Baekhyun ကြောင့် Chanyeol သူ့ကိုလှုပ်နှိုးလိုက်သည်။

ခဏနေတော့ ရှိုက်သံလေးတွေရပ်သွားကာ Baekhyun မျက်လုံးဖြည်းဖြည်းချင်းဖွင့်လာတော့သည်။

"Baby ah သတိရပြီလား? ဘယ်လိုနေလဲ သက်သာရဲ့လား?"

Chanyeol စိုးရိမ်တကြီးမေးလိုက်ပေမဲ့ ခေါင်းလေးတစ်ချက်သာငြိမ့်ပြပြီး ထထိုင်ဖို့ပြင်နေတဲ့ Baekhyun ကြောင့် Chanyeol အနည်းငယ်တော့ဝမ်းနည်းသွားမိသည်။

အမှန်ဆိုသူဒီလောက်စိုးရိမ်တကြီးမေးနေတာကို ပါးစပ်လေးကတော့ဖြေပေးသင့်တယ်မလား..ခုကျတော့...

ဟူး...baby စကားမပြောနိုင်သေးလို့နေမှာပါ...ပြောနိုင်ရင်တောင် သူ့ကိုဒီလောက်ဖြစ်အောင်လုပ်ခဲ့မိတာ ကျွန်တော်ဆိုတော့စိတ်ဆိုးနေမှာပေါ့...Park Chanyeol ရေ baby ကမင်းကိုအစကတည်းကမုန်းနေပါတယ်ဆိုမှ ခုလောက်ထိဖြစ်အောင်လုပ်လိုက်ရလားကွာ

~အ့~

Baekhyun ထထိုင်ဖို့ကြိုးစားလိုက်ပေမဲ့ သူ့လက်ကဒဏ်ရာတွေကြောင့် မထနိုင်ဘဲ ပြန်လဲကျသွားတော့သည်။

"Baby ah..."

Chanyeol, Baekhyun ကိုပြန်ထူပေးကာ ထိုင်ရတာအဆင်ပြေအောင် ကျောနောက်မှာခေါင်းအုံးလေးတစ်ခုခံပေးလိုက်တယ်

"Miyanae baby ကိုယ့်ကြောင့်...."

"အားလုံးအပြင်ခဏလောက်ထွက်ပေးပါလား Chen hyung နဲ့နှစ်ယောက်တည်းစကားပြောချင်လို့"

Chanyeol စကားမဆုံးခင် Baekhyun ကဖြတ်ပြောလိုက်တာမို့ Chanyeol ဘာမှဆက်မပြောတော့ဘဲ သူ့သဘောအတိုင်း Luhan hyung, Sehun တို့နဲ့အတူအခန်းပြင်ထွက်လာခဲ့လိုက်တော့သည်။

အားလုံးအပြင်ထွက်သွားတော့ Chen လဲ Baekhyun ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ကာ

"ဘယ်လိုတွေဖြစ်ကုန်တာလဲ Baekhyun ah...မင်းဆေးရုံရောက်တော့သွေးထွက်လွန်နေတာ...တော်သေးတာပေါ့ ဘာမှမဖြစ်တာ...နည်းနည်းသာနောက်ကျရင်မတွေးရဲစရာဘဲ...ငါဘယ်လောက်စိုးရိမ်နေလဲသိရဲ့လား?"

Chen စကားကြောင့် Baekhyun ခပ်ယဲ့ယဲ့ပြုံးသည်။
Chen hyung ကသူ့ရဲ့အစ်ကိုတစ်ယောက်လိုဘဲ အရမ်းဂရုစိုက်တယ်လေ

"ခုဘာမှမဖြစ်ဘူးလေ hyungရယ်...အဲ့လောက်လဲစိုးရိမ်မနေပါနဲ့"

"ဒါနဲ့ဘယ်လိုဖြစ်ပြီး ဒီလောက်ဒဏ်ရာတွေများရတာလဲ hyung ကိုရှင်းပြပါဦး"

"အဲ့တာက ^*#(#^*@(.^+.)*'"

Baekhyun ဖြစ်ခဲ့သမျှအားလုံးတစ်ခုမကျန် Chen ကိုပြောပြလိုက်သည်။ Chen hyung ကသူ့ရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလဲမမှားဘူးလေ

"Bor!!!! Baekhyun ဘာတွေလျှောက်လုပ်နေတာလဲကွာ...အခန့်မသင့်ရင်မင်းသေသွားနိုင်တယ်ကွ....ဘာလို့အဲ့လောက်စွန့်စားရတာလဲ"

"ဘာဘဲဖြစ်ဖြစ် ကျွန်တော်လိုချင်တဲ့ကတိတစ်ခုကိုတော့ရလိုက်တယ်လေ hyungရယ်...သူတို့ရန်မဖြစ်တော့ဘူးဆိုမှ သင့်မြတ်အောင်လုပ်ပေးလို့ရမှာပေါ့...ဘာဘဲဖြစ်ဖြစ် Step 1တော့အောင်မြင်သွားပြီ...သူတို့နှစ်ယောက်သင့်မြတ်အောင်လုပ်ပေးဖို့ဘဲကျန်တော့တယ်"

"ဟူး....Baekhyun ah သူတို့ကိုအမြန်သင့်မြတ်စေချင်တာသိပေမဲ့ နောက်တစ်ခါတော့အဲ့လောက်အန္တရာယ်များတာကိုမလုပ်ပါနဲ့ကွာ"

"Nae hyung ဒီတစ်ခေါက်ကလဲအခွင့်သာတာနဲ့လုပ်လိုက်မိတာပါ...နောက်တစ်ခါဆိုကျွန်တောဆင်ခြင်ပါ့မယ်"

"အင်းပါ ဒါနဲ့လေ ကြယ်လေးဆိုတာ ဘယ်သူလဲ Baekhyun....စောစောကယောင်နေတာကြားလို့"

Chen စကားကြားတော့ Baekhyun ရဲ့မျက်နှာနုနုထက် နာနာကျင်ကျင်အပြုံးတစ်ခုဖြစ်တည်လာသလို သူ့ရဲ့မျက်ဝန်းလေးတွေမှာလဲ မျက်ရည်ဥလေးတွေတွဲခိုလာခဲ့တယ်

"ကြယ်လေးဆိုတာ ကျွန်တော့်ဘဝအတွက်တစ်သက်လုံးမေ့မရတဲ့သူပေါ့"

******************ကြွေရုပ်*************

နောက်တစ်ယောက်ထပ်ပေါ်လာပြန်ပြီနော်...ကြယ်လေးဆိုတာဘယ်သူပါလိမ့်?? Baekhyun နဲ့ဘယ်လိုပတ်သတ်နေတာလဲ??

Saranghae all my readers❤❤
90°bow

Weiterlesen

Das wird dir gefallen

182K 9.7K 16
yunho- jaejoong- changmin
293K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
431K 38.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
59.2K 4.8K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....