ကြွေရုပ်(Complete)

By ChanyeollieMyatNoe

417K 25.7K 451

Wu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသေ... More

ကြွေရုပ်-1
ကြွေရုပ်-2
ကြွေရုပ်-3
ကြွေရုပ်-4
ကြွေရုပ်-5
ကြွေရုပ်-6
ကြွေရုပ်-7
ကြွေရုပ်-8
ကြွေရုပ်-9
ကြွေရုပ်-10
ကြွေရုပ်-11
ကြွေရုပ်-12
ကြွေရုပ်-13
ကြွေရုပ်-14
ကြွေရုပ်-15
ကြွေရုပ်-16
ကြွေရုပ်-17
ကြွေရုပ်-18
ကြွေရုပ်-19
ကြွေရုပ်-21
ကြွေရုပ်-22
ကြွေရုပ်-23
ကြွေရုပ်-24
ကြွေရုပ်-25
ကြွေရုပ်-26
ကြွေရုပ်-27
ကြွေရုပ်-28
ကြွေရုပ်-29
ကြွေရုပ်-30
ကြွေရုပ်-31
ကြွေရုပ်-32
ကြွေရုပ်-33
ကြွေရုပ်-34
ကြွေရုပ်-35
ကြွေရုပ်-36
ကြွေရုပ်-37
ကြွေရုပ်-38
ကြွေရုပ်-39
ကြွေရုပ်-40
ကြွေရုပ်-41
ကြွေရုပ်-42
ကြွေရုပ်-43
ကြွေရုပ်-44(Final)
ကျေးဇူးတင်လွှာ
Attention plz
Hello

ကြွေရုပ်-20

8.1K 551 8
By ChanyeollieMyatNoe

"Chanyeol ah ငါစေတနာနဲ့ပြောပြတာနော် အရမ်းအပျော်လွန်မနေပါနဲ့ အရမ်းမျှော်လင့်မထားပါနဲ့...Baekhyun ကမင်းကိုမုန်းနေတာမင်းအသိဆုံးနော် မင်းတို့လက်ထပ်ပွဲကထင်သလောက်ပျော်ရွှင်ရမယ် ငါမထင်ဘူး...ငါ့စကားမှာအမှားပါရင် sorry ပါ ငါမင်းအတွက်ပြောတာပါ"

Kai ရဲ့စကားကြောင့် ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ Chanyeol ထိုင်ခုံပေါ်မှာစိတ်ပျက်လက်ပျက်ထိုင်ချလိုက်ကာ သက်ပြင်းအသာချလိုက်ရင်း

"မင်းပြောတာကို ငါနားလည်ပါတယ် Kai ah...ဒီလက်ထပ်ပွဲမှာငါတစ်ယောက်ကလွဲပြီး ဘယ်သူမှပျော်မနေဘူးဆိုတာလဲသိတယ်...Wu Kris သူမသိဘူးမလား??? သူသိရင်အတော်လေးခံစားရမှာပေါ့....ငါမှားမှန်းသိပါတယ် ငါ့လုပ်ရပ်ကအားလုံးအတွက်မကောင်းဘူးဆိုတာသိတယ် ဒါပေမဲ့ Kai ah ငါ့အတ္တအတွက် ငါရူးမိုက်စွာရှေ့ဆက်ချင်မိတယ်"

"မင်း Baekhyun ကိုအရမ်းချစ်တာ ငါနားလည်တယ်
အဲ့လိုမျိုးဘဲ Kris hyung လဲမင်းထက်မကျော်ရင်တောင်မင်းထက်မလျော့တဲ့အချစ်တွေနဲ့ Baekhyun ကိုချစ်ခဲ့မှာဘဲ....သူတကယ် သနားဖို့ကောင်းတယ်"

"ငါနားလည်တယ် Kai...သူ့ရင်ထဲဘယ်လိုခံစားနေရမလဲ ငါနားလည်တယ်...အဲ့အတွက်ငါဘာလုပ်ပေးသင့်လဲ?? ငါ့အပြစ်အတွက် Baby ကိုလက်လွတ်ရမယ်ဆိုတဲ့အရာကလွဲပြီးကျန်တာအားလုံးငါလုပ်ပေးနိုင်တယ်"

Chanyeol စကားကြောင့် Kai ပြုံးလိုက်မိတယ်...

သူနဲ့ Chanyeol နဲ့ကဟိုးငယ်ငယ်လေးကတည်းကပေါင်းလာတာလေ...Chanyeol စိတ်ကိုသူမှမသိရင်ဘယ်သူသိမလဲ?

သူဘာစကားပြောရင် Chanyeol ဘာစကားပြောမယ်ဆိုတာကြိုသိနေလို့ သက်သက် အဲ့စကားပြောလိုက်တာ...
မှန်းထားတဲ့အတိုင်းဘဲလေ Chanyeol ဘက်ကပြောလာပြီ...အဲ့တော့ Chen hyung နဲ့တိုင်ပင်ထားတဲ့အတိုင်းဘဲသူတို့ညီအစ်ကိုနှစ်ယောက်အဆင်ပြေဖို့ ပထမဆုံးခြေလှမ်းစရတာပေါ့

"အဲ့တာဆို မင်း Kris hyung အပေါ်ထားတဲ့အမုန်းတွေလျှော့လိုက်သင့်တယ် Chanyeol...အဲ့တာကအားလုံးအတွက်အဆင်ပြေလိမ့်မယ်"

Kai စကားကြားတော့ Chanyeol မျက်နှာကိုဟိုဘက်လွှဲသွားကာ သက်ပြင်းမသိမသာချရင်းပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် Kai ဘာပြောရမှန်းမသိအောင်ကိုအံ့သြသွားရသည်။ သူပြောလိုက်တာက...

"ငါ Wu Kris ကိုကြည့်မရတာဘဲရှိတယ် တစ်ခါမှမမုန်းခဲ့ပါဘူး"

Chanyeol မျက်နှာလွှဲထားရင်း ကားသံကြားလို့ကြည့်လိုက်တော့ ကားထဲကထွက်လာတဲ့သူ့ရဲ့မင်းသားလေး Baekhyun...

သူနဲ့ဆင်တူအဖြူရောင် suit ကိုသပ်ရပ်စွာဝတ်ဆင်ထားကာ ဆံပင်လေးတွေကိုနဖူးရှေ့ခပ်အုပ်အုပ်ချထားပုံက သူ့မျက်စိထဲအလွန်ပင်ချောမောလွန်းနေသည်။

"Baby...."

Chanyeol, Baekhyun ဆီပြေးသွားကာ သူ့လက်လေးကိုကိုင်လိုက်မိတယ်...

Baekhyun ချက်ချင်းပင် သူ့လက်ကို Chanyeol လက်ထဲကဆောင့်ရုန်းကာ ထွက်သွားတာမို့် Chanyeol အောင့်သက်သက်ဖြစ်သွားတာအမှန်ပင်...

ကိုယ့်လက်ကိုပြန်ကြည့်ကာ ကျောက်ရုပ်လိုရပ်နေတဲ့ Chanyeol ကို Chen ကအားပေးတဲ့သဘောဖြင့် သူ့ပုခုံးကိုလက်နဲ့အသာပုတ်ကာထွက်သွားသည်။

"Chanyeol ah သွားရအောင် အခမ်းအနားစတော့မယ်လေ"

Kai သူ့လက်ကိုဆွဲကာခေါ်သွားတော့မှသူသတိပြန်ဝင်လာခဲ့သည်။

baby ရဲ့လက်ကလေး သူ့လက်ထဲကနေလွတ်ထွက်သွားတာလေးကိုတောင်ဒီလောက်ခံစားနေရရင် Baby သူ့ကိုထားခဲ့ရင် သူဘယ်လိုလုပ်ရမလဲ???

Aryni မဟုတ်တာတွေမတွေးစမ်းနဲ့ Park Chanyeol!!! Baby ကမင်းကိုဘာလို့ထားခဲ့ရမှာလဲ...

ဟုတ်တယ် Park Chanyeol မဟုတ်တာတွေမတွေးပါနဲ့...

Baby ah မင်းကလေ ကိုယ့်အတွက်တော့ ကြွေရုပ်လေးတစ်ခုလိုဘဲသိလား...

ကြွေရုပ်ဆိုတာ ညင်ညင်သာသာလေးကိုင်ပြီး အလှကြည့်ဖို့ထားတဲ့အရုပ်မျိုး....

အကြမ်းပတမ်းကိုင်တွယ်လို့မရတဲ့အရုပ်မျိုး.....

တန်ဖိုးကြီးလွန်းတဲ့အရုပ်မျိုး...

လူတိုင်းလိုချင်တက်မက်လောက်အောင်လှပလွန်းတဲ့အရုပ်လေးတစ်ခုပေါ့...

မင်းလေးကလဲအဲ့ကြွေရုပ်လိုပါဘဲ လူတိုင်းပိုင်ဆိုင်ချင်လောက်အောင်ကို ချစ်စရာကောင်းလွန်းပြီး မင်းကိုပိုင်ဆိုင်ဖို့လဲ အရမ်းကြိုးစားခဲ့ရလောက်အောင်တန်ဖိုးကြီးလွန်းတယ်မလား...

ကြွေရုပ်နဲ့တူတဲ့မင်းလေးကို ကိုယ်ကအမြဲတမ်းအလှကြည့်ဖို့အတွက် ပိုင်ဆိုင်ချင်ခဲ့တာ...
ဒါပေမဲ့ ပိုင်ရှင်ရှိပြီးသား ကြွေရုပ်လေးကို ကိုယ်ကမတရားလိုချင်ခဲ့မိတယ်...

သူများလက်ထဲကနေကြွေရုပ်လေးကို မတရားလုယူခဲ့ပြီး ကိုယ်ကိုယ်တိုင်ကြွေရုပ်လေးကို ပျက်ဆီးသွားအောင်လုပ်ခဲ့မိတယ်...

ဒါပေမဲ့လေ တကယ်တမ်းနာကျင်ရတာ ကျကွဲသွားတဲ့ကြွေရုပ်လေးဘဲလို့ထင်ရင်မင်းမှားသွားမှာပေါ့...

ကြကွဲသွားတဲ့ကြွေရုပ်လေးကို နှမြောတသစွာပြန်လည်ကောက်ယူနေတဲ့ ငါနဲ့ Wu Kris ရဲ့လက်တွေမှာလဲ သွေးအလိမ်းလိမ်းဖြစ်နေခဲ့တာပါဘဲကွာ...

သူ့ကိုဖျက်ဆီးခဲ့တဲ့ကိုယ့်ကိုကြွေရုပ်လေးက ဘယ်လောက်ဘဲမုန်းနေပါစေ ကိုယ်ကတော့အဲ့ကြွေရုပ်လေးကိုဘဲ အမြတ်တနိုးသိမ်းဆည်းထားရလိမ့်မယ်

ကိုယ့်နှလုံးသားတွေထိခိုက်နာကျင်နေရရင်တောင်မှပေါ့...

*****************ကြွေရုပ်**************

Kris ဒီမနက်အလုပ်ကိုလာတော့ ခေါင်းတွေအရမ်းကိုက်နေတာမို့စိတ်ကသိပ်မကြည်လှပေ..

ခေါင်းကိုက်ဆိုမနေ့ကသူငိုပြီးသောင်းကျန်ခဲ့တာမလား...
လက်မှာလဲဒဏ်ရာရထားတာဆိုတော့ အဲ့ဒဏ်ရာအရှိန်ကြောင့်ဖျားချင်ချင်ဖြစ်နေတာလဲပါတာပေါ့

လူကတစ်ကိုယ်လုံးနုံးချိနေတာမို့ ရှိတဲ့ဆေးဘဲသောက်လိုက်ကာ အလုပ်တွေအမြန်လက်စသတ်လိုက်သည်။ ခဏနေအစည်းအဝေးရှိသေးတယ်လေ

လိုအပ်တဲ့ file တွေပြင်ဆင်ပြီးတော့ Kris အပေါ်အင်္ကျီကိုထပ်ဝတ်ကာ အစည်းအဝေးခန်းမဘက်ထွက်လာခဲ့သည်။

လူမစုံသေးတာလို့ အစည်းအဝေးမစဖြစ်သေးတာမို့ အစည်းအဝေးခန်းတစ်ခုလုံးစကားပြောသံတွေနဲ့ဆူညံနေလေရဲ့...

အစကတည်းက ခေါင်းကိုက်နေပါတယ်ဆိုမှ ဒီအသံတွေကြောင့် Kris ပိုပြီးခေါင်းကိုက်လာရသည်။

အဲ့လူတွေကလဲဘာလို့ရောက်မလာသေးတာလဲ?? ဒီနေ့အစည်းအဝေးကအရေးကြီးတာမသိဘူးလား??

မရောက်သေးတာ တစ်ယောက်နှစ်ယောက်လောက်ဘဲရှိပေမဲ့ ဒီနေ့အစည်းအအဝေးကအရေးကြီးတာမို့ စောင့်နေတာ နောက်မို့သာဆိုစတောင်စနေပြီ...

Kris သိပ်စိတ်မရှည်တော့တာမို့အသက်ကိုပြင်ပြင်းတစ်ချက်ရှူသွင်းလိုက်ကာ

"ဒီမှာကျန်နေတဲ့လူကြီးမင်းနှစ်ယောက်က ဘာကိစ္စတွေများရှိနေလို့ ဒီလောက်နောက်ကျနေရတာလဲ? အခြားကိစ္စများရှိနေတာလား?? သူတို့ဘယ်မှာရှိလဲဘယ်သူများသိလဲမသိဘူး"

Kris ရဲ့တည်ငြိမ်စွာထွက်ပေါ်လာတဲ့စကားသံအဆုံးအာလုံး တိုးတိုး တိုးတိုးနဲ့အသံတွေထွက်ကုန်ကြပြန်တယ်...

တယောက်မျက်နှာတစ်ယောက်ကြည့် ဘယ်သူမှမသိတာမို့ Kris သူ့အတွင်းရေးမှူးကိုလှမ်းကြည့်လိုက်သည်။

သူ့အတွင့်းရေးမှူးကလဲအလိုက်သိစွာ Kris နားရောက်လာပြီး ဘယ်အချိန်ကစုံစမ်းလိုက်မှန်းမသိတဲ့သတင်းအချက်အလက်တွေပြောပြတော့သည်။

"Boss ဒီနေ့ Wu Chanyeol ရဲ့မင်္ဂလာပွဲရှိတယ်လို့ကြားပါတယ် သူတို့အဲ့ဒီ့ကိုများရောက်နေကြလားမသိဘူး"

Chanyeol ရဲ့မင်္ဂလာပွဲဆိုတာလဲကြားလိုက်ရော Krisတစ်ယောက် အရမ်းလန့်သွားရသည်။

ကလေးနဲ့မဟုတ်ဘူးမလား??? အဲ့လောက်အမြန်ကြီးတော့ဘက်မထပ်လောက်ပါဘူး အခြားတစ်ယောက်ဖြစ်မှာပါ

Kris မဟုတ်ဘူးလို့သာ အတင်းယုံကြည်နေပေမဲ့ သေချာသွားအောင်သတို့သားနာမည်ကိုအရဲစွန့်ကာမေးကြည့်မိသည်။

"Wu Chanyeol နဲ့လက်ထပ်မဲ့သတို့သားနာမည်ကဘာလဲ?"

ကြောက်စိတ် စိုးရိမ်စိတ်တို့ကြောင့် အနည်းငယ်တုန်လှုပ်နေတဲ့အသံကိုထိန်းချုပ်ပြောရသည်မှာ ခက်ခဲလွန်းလှသည်။

မဟုတ်ပါစေနဲ့...ကလေးနဲ့မဟုတ်ပါစေနဲ့...တကယ်လို့ တကယ်လို့ဟုတ်ခဲ့တယ်ဆိုရင်ငါကိုယ်တိုင်မင်းတို့မင်းထပ်ပွဲကိုထပ်ဖျက်ဆီးပစ်ရလိမ့်မယ်...

"Baekhyun...Byun Baekhyun လို့ခေါ်ပါတယ် Boss"

အတွင်းရေးမှူးဆီကစကားအဆုံး Kris ခန္ဓကိုယ်အနည်းငယ်ဟန်ချက်ပျက်ကာယိုင်သွားတာမို့ လဲမကျအောင်အတွင်းရေးမှူးအမြန်ဝင်ထိန်းလိုက်ရသည်။

Kris လက်အသာကာပြကာ အစည်းဝေးခန်းထဲကအမြန်ပြေးထွက်ခဲ့မိတယ်....ဟုတ်တယ် ဖျက်ဆီးရမယ် ဒီလက်ထပ်ပွဲလုံးဝမဖြစ်မြောက်စေရဘူး!!!! ငါကိုယ်တိုင်ဖျက်ဆီးပစ်မယ်

ငါ့တုန်းကဘယ်လိုခံစားခဲ့ရတယ်ဆိုတာခံစားကြည့်ပေါ့Wu Chanyeol...

****************ကြွေရုပ်***************

ဒီနေ့နှစ်ပိုင်းတောင် ဒိတ်ပေးတာ အားရှိသွားအောင် Comment ရှည်ရှည်လေးတွေများမရေးပေးချင်ဘူးလား?? Comment အရှည်ကြီးတွေဖတ်ရရင် တကယ်ကိုအားရှိသွားတာ

Saranghae all my readers❤❤
90°bow

Continue Reading

You'll Also Like

1.8K 121 8
ရန်သူလို့သတ်မှတ်ခဲ့ကြတဲ့လူနှစ်ယောက်.... တစ်ရက်ထဲတစ်ချိန်ထဲမှာပဲ အတူသေဆုံးသွားခဲ့ကြတယ်... ကံကြမ္မာရဲ့လှည့်စားမှုကြောင့် နှစ်ယောက်လုံးပြန်လည်ရှင်သန်လာခဲ့...
437K 10.5K 86
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
237K 35.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
17K 962 5
နှင်း​တွေကျရာ အရပ်​မှာ ငါ​နေမယ်​ ​ဆောင်း​ရောက်​တိုင်း မင်းကိုရှာမယ်​ နှလုံးသား ဗဟို ရှိရာအရပ်မှာ ငါတို့ ပြန်​​တွေ့ကြမယ်