Baekhyun အိမ်ပြန်ရောက်တော့ သူပန်းချီဆွဲနေကြအခန်းလေးထဲတန်းဝင်ခဲ့သည်။
အခန်းထဲရောက်တော့ ထောင့်လေးတစ်နေရာမှာထိုင်ကာ အားရပါးရငိုကြွေးမိသည်။
Baekhyun ဆိုတာတော်ရုံကိစ္စလောက်နဲ့မျက်ရည်ကျတတ်သူမဟုတ်...ဘယ်အရာမဆို သူ့စိတ်ထဲမှာဘဲမြိုသိပ်ထားပြီး တစ်ယောက်တည်းခံစားတတ်တယ်...ဘယ်လောက်ဘဲဝမ်းနည်းနေပါစေ လူအများရှေ့မှာဆိုဘယ်တော့မှမျက်ရည်မကျတတ်တာ သူ့ရဲ့အကျင့်တစ်ခုပင်
Baekhyun ကိုအပေါ်ယံကြည့်မယ်ဆိုရင် အရမ်းကိုတည်ငြိမ်ပြီး စိတ်ဓာတ်မာကျောတဲ့လူတစ်ယောက်လို့မြင်ကောင်းမြင်နိုင်လိမ့်မယ်...ဒါပေမဲ့ သူ့ရဲ့တကယ့်အတွင်းစိတ်ကတော့အရမ်းကိုနူးညံ့တယ် ခံစားလွယ်တယ် ကလေးဆန်တယ်လေ
ငယ်ငယ်ကတည်းကဘဝကိုတစ်ယောက်တည်းရုန်းကန်လာတဲ့သူတစ်ယောက်မို့ ကိုယ့်ရဲ့စိတ်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့ ရင့်ကျက်နေသူတစ်ယောက်လို့ပြောရမလား
Baekhyun အခန်းထောင့်မှာ ရင်ဘတ်ကိုတဖုန်းဖုန်းထုကာငိုကြွေးမိသည်။
ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့လွတ်လွတ်လပ်လပ်ငိုကြွေးပါရစေ....ကျွန်တော် တောင်းပန်ပါတယ် hyung...hyung အပေါ်ကိုမတရားဘူးဆိုတာ ကျွန်တော်သိပါတယ်...အဲ့အတွက် ကျွန်တော့်ကိုမုန်းလိုက်ပါ hyung...hyung ဆီကခွင့်လွှတ်မှုကိုမတောင်းဆိုတော့ပါဘူး ကျွန်တော်နဲ့မတန်တာမို့...
မိဘချင်းစာနာတဲ့အနေနဲ့ ကျွန်တော် Wuသူဋ္ဌေးကြီး တနည်းအားဖြင့် Appa ကိုကူညီပေးပါရစေ....ဒါပေမဲ့ Appa ကိုကူညီပေးချင်တဲ့စိတ်တစ်ခုတည်းကြောင့်ကျွန်တော် ဒီလိုလုပ်တာမဟုတ်ပါဘူး...ကျွန်တော်ကိုယ်တိုင်ကလဲ hyung တို့ညီအစ်ကိုကို ပြန်သင့်မြတ်စေချင်တာကြောင့်ပါ
ခဏလေးပါဘဲ တကယ်ခဏလေးပါဘဲ hyung...hyung တို့နှစ်ယောက်အဆင်ပြေသွားတဲ့တစ်နေ့...Appa လူ့လောကကြီးကထွက်ခွာသွားတဲ့တစ်နေ့ ကျွန်တော်လဲအဝေးဆုံးကိုထွက်သွားမှာပါ...
ကျွန်တော်မုန်းတဲ့ Wu Chanyeol ရဲ့ရင်ခွင်ထဲမှာကျွန်တော်ကပျော်မွေ့နိုင်မှာတဲ့လား?? ဟင့်အင်း လုံးဝမဖြစ်နိုင်တာဘဲ
အဲ့တာကြောင့်အားလုံးပြီးဆုံးသွားတဲ့တနေ့ကျွန်တော်ထွက်သွားပါ့မယ်....
hyung ရင်ခွင်ကိုလဲကျွန်တော်ဘယ်တော့မှပြန်မလာဘူး hyung...သူများနင်းခြေပြီးသားပန်းတစ်ပွင့်ကို hyung ရဲ့ဦးခေါင်းထက်မှာပန်ဆင်ဖို့ရာမထိုက်တန်တာကြောင့်...
ကျွန်တော်တို့သုံးယောက်အတူနေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ရူးမိုက်စွာကျွန်တော်ချခဲ့မိတယ်...ကျွန်တော်ချစ်တဲ့ hyung ရှေ့မှာသူများနဲ့တရားဝင်လက်ထပ်ထားတဲ့သူအဖြစ်ကျွန်တော်ဘယ်လိုနေရမှာလဲ hyung...
ဒါပေမဲ့လေ အနေသာဝေးနေမယ်ဆို hyung တို့နှစ်ယောက်တသက်လုံးပြေလည်မှာမဟုတ်ဘူး...အဲ့တာကြောင့်ရူးမိုက်တဲ့ဆုံးဖြတ်ချက်အတွက်ကျွန်တော်နောင်တရမှာမဟုတ်ဘူးhyung...
hyung အတွက်မတွေးပေးတာမဟုတ်ဘူးနော် အဲ့အိမ်မှာအတူတူနေလို့ ကျွန်တော်ကြောင့် hyung မခံစားရပါဘူးဆိုတဲ့ကတိကျွန်တော်ပေးနိုင်ပါတယ်.....ဘာလို့လဲဆိုတော့ Wu Chanyeol နားမှာကျွန်တော်ဘယ်တော့မှနေမှာမဟုတ်လို့...
ကျွန်တော်မျက်ရည်ကျတာ ဒီတစ်ခေါက်နောက်ဆုံးပါဘဲ
ကျွန်တော်စိတ်ဓာတ်ခိုင်မာဖို့လိုတယ်...အဲ့တာမှ hyung တို့နှစ်ယောက်ကို ကျွန်တော်ထိန်းချုပ်နိုင်လိမ့်မယ်...
တစ်ခါတစ်လေကျရင် ကျွန်တော့်ကိုကျွန်တော်သတ်ပစ်ချင်လောက်အောင်မုန်းတယ် hyung...
ဟုတ်ပါတယ် ကျွန်တော်က သစ္စာမရှိတဲ့ကောင်ပါ hyung....ကျွန်တော့်ကိုမုန်းသင့်ပါတယ်
Hyung ရဲ့အချစ်တွေကို သိပါရက်နဲ့ မြင်ပါရက်နဲ့ ခံစားမိပါရက်နဲ့ ကျွန်တော်....ကျွန်တော်...
Baekhyun အားရပါးရငိုပြီးတော့ မနက်ဖြန်အိမ်ပြောင်းဖို့အတွက် အထုပ်တွေပြင်ရတော့သည်။
ပရိဘောဂတွေဘာမှသယ်စရာမလိုပါဘူး ဟိုမှာရှိပြီးသားဆိုတော့ အဝတ်အစားလောက်ဘဲလိုတာလေ...
အင်း....ဒါပေမဲ့ ကျွန်တော့်ပန်းချီကားတွေကတော့ယူသွားရမှာပေါ့ သူတို့ကကျွန်တော့်အသက်တွေလေ
Baekhyun သူဆွဲခဲ့တဲ့ပန်းချီကားတွေကိုပြန်ကြည့်ရင်း မပျက်စီးအောင်သေချာထုပ်ပိုးနေလေသည်။
ဒီအခန်းထဲမှာရှိနေတဲ့ပန်းချီကားတွေထဲမှာ hyung ရဲ့ပုံတွေလဲပါတယ်...hyung နဲ့လက်ထပ်တဲ့နေ့ကျရင် သူ့ကိုလက်ဆောင်ပေးမယ်ဆိုပြီးသေချာဆွဲထားခဲ့တာ...အင်း ဒါပေမဲ့အဲ့နေ့ကရှိမှမရှိနိုင်တော့တာဘဲ...ဘာဘဲဖြစ်ဖြစ် သူ့အတွက်ရည်ရွယ်ပြီးဆွဲထားတာဆိုတော့ မနက်ဖြန်ကျရင်ပေးလိုက်မယ်လေ...သူလက်ခံလောက်မှာပါ
Baekhyun ပန်းချီကားတွေအားလုံးထုပ်ပြီးတော့ ဆွဲလက်ပန်ချီကားချပ်လေးကိုသေချာစိုက်ကြည့်ပြီးမှ ထုပ်လိုက်သည်။
ကျွန်တော် ဒီပန်းချီကားလေးကိုဆွဲနေတာ တော်တော်ကြာပြီ
ခုထိမပြီးသေးဘူး...ကျွန်တော့်ဆွဲခဲ့သမျှထဲမှာ ဒီဟာအကြာဆုံးဘဲ
ဒါပေမဲ့ကျွန်တော်ယုံကြည်တယ် ဒီပန်းချီကားလေးပြီးသွားတဲ့အခါ အရမ်းကိုအသက်ဝင်ပြီးလှပနေမယ်လို့...
*****************ကြွေရုပ်**************
သူရိယနေမင်းကြီးက တောင်တန်းတွေကြားအိပ်စက်နေရာမှ သူ့ရဲ့တာဝန်တစ်ရပ်ဖြစ်တဲ့ လောကကြီးကိုအလင်းဆောင်ရန် နိုးထခဲ့လေပြီ...
ပြတင်းပေါက်မှထိုးဖောက်ဝင်ရောက်ကာ မျက်နှာတည့်တည့်ကျရောက်လာတဲ့နေရောင်ကြောင့် Baekhyun အိပ်ယာမှနိုးထလာခဲ့သည်။
"အ့~~နာလိုက်တာ"
ညကအငိုလွန်ပြီး ကြမ်းပြင်ပေါ်မှာဒီအတိုင်းအိပ်ပျော်သွားတာမို့ ကျောပြင်တွေကနာကျင်နေလေပြီ
"ဘယ်နှနာရီရှိပြီလဲမသိဘူး"
Baekhyun ပျင်းကြောဆန့်ရင်းလက်မှာပတ်ထားတဲ့နာရီကိုကြည့်မိတော့ မနက် 7နာရီတောင်ထိုးနေပြီ
"OMG!! နောက်ကျတော့မှာဘဲ"
သူတို့လက်ထပ်ပွဲက 9:00 စမှာဆိုတော့ ပြင်ဆင်မှာတဲ့ သွားရမှာနဲ့ဆိုနောက်ကျနေပြီလေ...မင်္ဂလာပွဲကလူကြီးတွေရှေ့လက်မှတ်ထိုးရုံလောက်ဘဲဆိုပေမဲ့ နောက်ကျသွားလို့လူကြီးတွေစောင့်နေရရင် အားနာဖို့ကောင်းတယ်လေ
ကျွန်တော်သက်သက်မဲ့လက်ထပ်ပွဲကိုအကျဉ်းရုံးဘဲလုပ်ခိုင်းခဲ့တာ...ကိစ္စအားလုံးပြီးတာနဲ့ကျွန်တော်ကထွက်သွားမဲ့သူမို့ ဒီကိစ္စကိုလူသိရှင်ကြားမဖြစ်စေချင်ဘူးလေ
Baekhyun အားလုံးပြင်ဆင်ပြီးတော့ Chen hyung လာခေါ်တာမို့ သူ့ကားနဲ့ဘဲ မင်္ဂလာပွဲလုပ်မဲ့နေရာကိုသွားဖြစ်တယ်
ဟိုရောက်တော့ပထမဆုံးစတွေ့လိုက်ရတာက မတွေ့ချင်ဆုံးသူ...Wu Chanyeol...
-----------------------
Chanyeol Chruch မှာ Baekhyun ကိုစောင့်နေရင်း ရင်တွေခုန်နေတာကြောင့်ထိုင်မရထမရဖြစ်နေလေပြီ
အရှေ့ထွက်ကြည့်လိုက် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် ထိုင်လိုက်ထလိုက်နဲ့မို့ သူ့ရှေ့မှာထိုင်နေတဲ့ Kai ပင်အတော်လေးမျက်စိနောက်နေပြီ
"Yah!! Chanyeol ငြိမ်ငြိမ်ထိုင်နေစမ်းပါကွာ မင်းကြည့်ရတာ ငါတောင်မူးနောက်နေပြီ"
"ငါရင်တွေခုန်နေလို့ပါကွာ မင်းမျက်စိနောက်ရင်အခြားမှာသွားနေပေါ့"
"Aww အခုတော့ငါ့ကိုနှင်ထုတ်ပြီပေါ့"
"ဟီး အဲ့လိုမဟုတ်ပါဘူး မင်းမျက်စိနောက်သက်သာအောင်ပြောပြတာ"
Chanyeol ဘယ်လောက်ပျော်နေလဲ Kai သိပါတယ်
သူ့ပျော်ရွှင်မှုတွေကသူ့မျက်နှာမှာအထင်းသားပေါ်နေတယ်လေ...အရယ်အပြုံးမရှိတော့တာ ကြာပြီဖြစ်တဲ့သူ့သူငယ်ချင်းက အခုလိုပြုံးနေတာတွေ့ရတာ သူဝမ်းသာပါတယ်
ဒါပေမဲ့ Kris hyung ဘက်ကိုလဲ စာနာတယ် ဒီနေ့သူတို့နှစ်ယောက်လက်ထပ်ပွဲဆိုတာသာ Kris hyung သိရင်ဘယ်လောက်တောင် ခံစားရမလဲ??
Wuသူဋ္ဌေးကြီးရော Chen hyung ကပါ Kris hyung သိသွားရင် ထပ်ပြီး Chanyeol လိုလုပ်ရင်ပြသနာတွေဖြစ်ကုန်မှာစိုးတယ်ဆိုပြီးမပြောခိုင်းတာကြောင့် သူမပြောခဲ့တာပါ
Kris hyung ကိုသနားသလို Baekhyun ကိုလဲသနားတယ် ပြီးတော့ ကျွန်တော့်သူငယ်ချင်းကိုလဲအရမ်းသနားတယ် ဘာဖြစ်လို့လဲဆိုတော့ Baekhyun ကသူ့ကိုမုန်းနေတာလေ ကိုယ်သိပ်ချစ်တဲ့သူကကိုယ့်ကိုအရမ်းမုန်းနေတယ်ဆိုတဲ့ခံစားချက်ကိုသူခံစားနိုင်ပါ့မလား???
*****************ကြွေရုပ်**************
မနေ့ကကိစ္စလေးတစ်ခုကြောင့်မြတ်နိုးမတင်ဖြစ်လိုက်ဘူးနော် စောင့်နေကြသေးလား jinja miyanaeyo😢
ဟိုနေ့တွေကလဲလေးရက်လောက်မတင်ဖြစ် မနေ့ကလဲမတင်ဖြစ်တာမို့ အကြွေးတွေတအားများနေပြီလေ ဟီး အဲ့တာကြောင့်ခဏနေရင် နောက်တစ်ပိုင်းထပ်တင်ပေးလိုက်မယ်နော် အဲ့တာဆိုကျေနပ်တယ်မလား
Saranghae all my readers❤❤
90°bow