ကြွေရုပ်(Complete)

By ChanyeollieMyatNoe

417K 25.7K 451

Wu Chanyeol ဆိုတဲ့ကောင်လေးတစ်ယောက် Wu Kris ဆိုတဲ့သူ့အကိုရဲ့ချစ်သူ Byun Baekhyun ဆိုတဲ့ကောင်လေးကိုချစ်မိသွားသေ... More

ကြွေရုပ်-1
ကြွေရုပ်-2
ကြွေရုပ်-3
ကြွေရုပ်-4
ကြွေရုပ်-5
ကြွေရုပ်-7
ကြွေရုပ်-8
ကြွေရုပ်-9
ကြွေရုပ်-10
ကြွေရုပ်-11
ကြွေရုပ်-12
ကြွေရုပ်-13
ကြွေရုပ်-14
ကြွေရုပ်-15
ကြွေရုပ်-16
ကြွေရုပ်-17
ကြွေရုပ်-18
ကြွေရုပ်-19
ကြွေရုပ်-20
ကြွေရုပ်-21
ကြွေရုပ်-22
ကြွေရုပ်-23
ကြွေရုပ်-24
ကြွေရုပ်-25
ကြွေရုပ်-26
ကြွေရုပ်-27
ကြွေရုပ်-28
ကြွေရုပ်-29
ကြွေရုပ်-30
ကြွေရုပ်-31
ကြွေရုပ်-32
ကြွေရုပ်-33
ကြွေရုပ်-34
ကြွေရုပ်-35
ကြွေရုပ်-36
ကြွေရုပ်-37
ကြွေရုပ်-38
ကြွေရုပ်-39
ကြွေရုပ်-40
ကြွေရုပ်-41
ကြွေရုပ်-42
ကြွေရုပ်-43
ကြွေရုပ်-44(Final)
ကျေးဇူးတင်လွှာ
Attention plz
Hello

ကြွေရုပ်-6

9.4K 656 9
By ChanyeollieMyatNoe

Baekhyun, Kris နဲ့တွေ့ပြီးပြန်လာတော့ ဘာမှလည်းလုပ်စရာမရှိတာမို့ ပန်းချီခန်းထဲဝင်ကာသူ့ရဲ့ ဆွဲလက်စပန်းချီကားကို အသက်ဝင်အောင်ထပ်မံပုံဖော်ခဲ့သည်။

ပန်းချီကား...အရမ်းကိုလှပလွန်းတဲ့ပန်းချီကား အရမ်းကိုအသက်ဝင်လွန်းတဲ့ပန်ချီကားတစ်ချပ်ကို Baekhyun အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပြီ...

ဒါပေမဲ့အဲ့ပန်ချီကားကိုဘယ်တော့မှလူတွေကြားထဲထုတ်ပြမှာမဟုတ်ဘူး ဒီပန်ချီကားကိုကျွန်တော်ကလွဲပြီးဘယ်သူမှမြင်ခွင့်မရှိဘူး..ဒါဒီပန်းချီကားအတွက် ကျွန်တော်ချမှတ်ထားတဲ့စည်းမျဉ်းတစ်ခု...

Baekhyun ပန်ချီဆွဲပီးနာရီတစ်ချက်ကြည့်လိုက်တော့အချိန်က ည11:00 တိတိကိုညွှန်ပြနေလေရဲ့

"အချိန်ကအဲ့လောက်တောင်ရှိသွားပြီလား? ဝါး...အိပ်မှပါ မနက်ဖြန် hyung အိမ်ကိုသွားရဦးမှာကို"

Baekhyun ကိုယ့်ဘာသာကိုယ်တီးတိုးရေရွတ်ရင်း ပန်းချီဆွဲရာအခန်းတံခါးကိုသော့ခတ်ကာ သူ့အခန်းသူပြန်လာခဲ့သည်။

အခန်းထဲရောက်တော့ ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်လှဲချလိုက်ကာ အိပ်မယ်အလုပ်...

📲 Oh, I don't wanna let you go. Giving you my heart and soul...📲

"ကျစ်..ဒီအချိန်ကြီးဘယ်သူဖုန်းဆက်တာလဲကွာ"

Baekhyun စုပ်တစ်ချက်သက်ကာ ညည်းညူသလိုပြောလိုက်မိသည်။ တစ်နေကုန်ညောင်းနေလို့ အိပ်ပါမယ်ဆိုမှ ညကြီးအချိန်မတော် ဘယ်သူကဖုန်းဆက်ပြန်လဲမသိ...

Hyung မဟုတ်တာတော့သေချာတယ် ဘာလို့လဲဆိုတော့ hyung ကစောစောအိပ်တတ်တဲ့အကျင့်ရှိတယ်လေ....ဒီအချိန်ဆို hyung အိပ်နေလောက်ပြီပေါ့

Baekhyun ဖုန်းထယူကာ ဖုန်းနံပါတ်ကြည့်လိုက်တော့ မသိတဲ့ဖုန်းနံပါတ်တစ်ခုဖြစ်နေတာကြောင့်မကိုင်ဘဲထားလိုက်သည်။

ပြီးမှ ပြန်အိပ်မယ်ဆိုပြီးကုတင်ပေါ်အသွား အတွေးထဲရုတ်တရပ်ရောက်လာတဲ့စကားသံအချို့...

"ကိုယ်ညကျရင်ဖုန်းဆက်မယ် ကိုင်နော်...မကိုင်ရင်အိမ်ထိလိုက်လာမှာ"

မဟုတ်မှ...မနက်ကကောင်တော့မဟုတ်ပါဘူးနော်

"Ashi တော်တော်ဇယားရှုပ်တာဘဲ"

Baekhuun ဆံပင်တွေကိုလက်နဲ့ထိုးဖွကာ စိတ်ပျက်သလိုတစ်ချက်ပြောရင်းဖုန်းကိုဖွင့်ကာ တစ်ဖက်ကစကားသံကိုနားထောင်လိုက်သည်။

"Hello baby..ကိုယ်ပါ"

ထင်တဲ့အတိုင်းဘဲ...ညကြီးအချိန်မတော် ဘာကိစ္စဆက်ရပြန်တာလဲ?

"Hello baby ပြန်ပြောဦးလေကွာ"

"Hello..Hello baby ကြားလား? Hello"

Baekhyun ဘက်ကဘာသံမှမကြားတာမို့ Chanyeol ဆီကအသံပေါင်းစုံထွက်နေလေပြီ

"ဟူး...ကြားတယ် ပြော..ဘာပြောမှာလဲ?"

"ဘာမှမဟုတ်ပါဘူး ဒီလို..."

"ဘာမှမဟုတ်လဲ ဖုန်းချလိုက်တော့မယ်..ညကြီးအချိန်မတော် အိပ်ရေးပျက်တယ်!!"

Chanyeol စကားတောင်မဆုံးသေးဖုန်းချလိုက်တဲ့ Baekhyun..

"Hello baby...hello...ဟူး ဖုန်းချသွားပြီလား? လွမ်းလို့ဆက်တာကို စိတ်ကြီးဘဲ"

Chanyeol သက်ပြင်းချကာ အိပ်ယာပေါ်လှဲချလိုက်သည်။

ထိုအချိန်ဖုန်းသံထပ်ကြားလိုက်ရတာမို့ Baekhyun ပြန်ဆက်တယ်အထင်နဲ့ဝမ်းသာအရကိုင်လိုက်ပေမဲ့ တစ်ဖက်ကကြားလိုက်ရတဲ့အသံက Baekhyun အသံမဟုတ်တာကြောင့် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်မိသည်။

"ပြော Chen hyung... ဒီအချိန်ကြီးဘာကိစ္စရှိလို့လဲ?"

"Chanyeol မနက်ဖြန်ကျရင် အိမ်ခဏပြန်လာခဲ့ဖို့ မင်းappa ပြောခိုင်းလို့"

"ကျွန်တော်ကဘာလို့ပြန်လာရမှာလဲ? ပြီးတော့ဘာလို့သူ့စကားနားထောင်ရမှာလဲ?"

"ငါကြားတာတော့ မင်းအကို..."

"Hyung!!!!"

သူ့စကားမဆုံးခင် ထအော်လိုက်တဲ့ Chanyeol ကြောင့် Chen လန့်သွားကာ ဖုန်းကိုနားကနေအမြန်ခွာလိုက်ရသည်။ နောက်မို့သူ့အသံကြောင့်နားကွဲနိုင်တယ်လေ

"အေးပါကွာ ငါစကားပြောမှားသွားတယ် မနက်ဖြန် Kris ရဲ့သတို့သားလောင်းကို မင်းအဖေ Arni Wu သူဋ္ဌေးကြီးကတွေ့မလို့တဲ့ အဲ့တာမင်းကိုပါခေါ်ခိုင်းလိုက်တာ"

"သူ့ဘာသာသူတွေ့တာကျွန်တော်နဲ့ဘာဆိုင်လို့လဲ?"

"မင်းလည်းမိသားစုဝင်တစ်ယောက်ဆိုတော့ အဲ့မှာရှိနေသင့်တယ်လေ လာခဲ့လိုက်ပါကွာ"

"Hyung ဒီတစ်ခေါက်ဆိုရင်ဆေးရုံမရောက်ဘဲ hyung အလောင်းကောက်နေရမယ်နော်...ကျွန်တော် Wu Kris နဲမျက်နှာချင်းမဆိုင်ချင်ဘူး ပြီးတော့ဟိုလူကြီးကိုရောဘဲ"

"ဒါပေမဲ့လည်းလာခဲ့လိုက်ပါ Chanyeol ရာမင်း appa ကမိသားစုအစုံမတွေ့ရတာလဲကြာတာကြောင့် တွေ့ချင်လို့တဲ့ hyung ကိုအကူအညီတောင်းထားတာ ပြီးတော့မင်း appa လည်းကျန်းမာရေးသိပ်မကောင်းတာ သိတယ်မလား
Hyung မျက်နှာကိုထောက်ပြီးဘဲဖြစ်ဖြစ်လာခဲ့ပါကွာ"

"ဒါပေမဲ့ ကျွန်တော် Wu Kris နဲ့မျက်နှာချင်းမဆိုင်ချင်တာ hyung အသိဘဲလေ... ကျွန်တော်တို့ဘယ်တော့မှမျက်နှာချင်းဆိုင်လို့ရမှာမဟုတ်ဘူး...သူ့ကိုတွေ့တာနဲ့သတ်ပစ်ချင်လို့ရှောင်နေတာကိုဗျာ"

"အေးပါကွာ hyung သိပါတယ်..အဲ့နေ့တစ်နေ့လောက်ဖြစ်ဖြစ်ဒေါသတွေကိုလျှော့ထားလိုက်ပါကွာ မင်း appa အခြေအနေတော်တော်ဆိုးနေလို့ပါ သူလည်းသားနှစ်ယောက်ကိုတွေ့ချင်နေတာ"

"Appa,Appa နဲ့မပြောစမ်းပါနဲ့ hyung ရာ နားခါးတယ် ဒါနဲ့ဘာရောဂါလဲ? အခြေအနေအရမ်းဆိုးနေလို့လား?"

Chanyeol အမေးကြောင့် Chen ပြုံးမိသည်။ ဘာဘဲဖြစ်ဖြစ်သူ့မသိစိတ်ကစိတ်ပူနေသေးတာဘဲမလား?
Chanyeol ကအရင်တုန်းကသူ့ appa ကိုအရမ်းချစ်တာ
အချစ်ကြီးလို့အမျက်ကြီးတယ်ဘဲပြောမလား သူ့ omma ကိစ္စတွေအားလုံးအပြီးမှာတော့ သူ့ appa ကိုအရမ်းမုန်းသွားခဲ့တယ် ဒါပေမဲ့လည်း သူ့မသိစိတ်ထဲမှာသူ့ appa ကိုချစ်နေတုန်းဆိုတာသူကိုယ်တိုင်မသိပေမဲ့ ကျွန်တော်သိတယ်လေ

"အရင်ကတည်းကသူဋ္ဌေးကြီးက နှလုံးရောဂါအခံရှိတာမင်းတို့လည်းသိတယ်မလား? အခုမင်းတို့ကြောင့်အဲ့ရောဂါကအခြေအနေဆိုးနေပြီလေ အစားထိုးကုဖို့တော့စီစဉ်နေတယ်"

"သူ့ဘာသာသူရောဂါဖြစ်တာကျွန်တော်နဲ့ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့ မင်းတို့ညီအစ်ကိုသာ သင့်သင့်မြတ်မြတ်နေရင် မင်း appa စိတ်မဆင်းရဲရဘူးပေါ့ အဲ့တာဆိုရောဂါအခြေအနေလည်းဆိုးလာစရာအကြောင်းမရှိဘူးလေ"

"Ashi တော်ပြီဗျာ မနက်ဖြန်အိမ်လာခဲ့ရင်ရပြီမလား? ဒါဘဲ!!"

Chanyeol ဆောင့်ဆောင့်အောင့်အောင့်ပြောကာဖုန်းချသွားတော့ Chen ဖုန်းကိုကြည့်ပြီးပြုံးမိသည်။ ဒီကောင်လေးအသည်းမာတာလည်းမဟုတ်ဘဲနဲ့ မာချင်ယောင်ဆောင်နေတယ် hk

****************ကြွေရုပ်***************

မနက်မိုးလင်းတော့ Baekhyun စောစောထကာ ရေမိုးချိုးပြီး hyung လာခေါ်ရင်အဆင်သင့်ဖြစ်အောင် သတ်သတ်ရပ်ရပ်ဝတ်စားပြီး စောင့်နေမိသည်။

Baekhyun ဧည့်ခန်းထဲမှာထိုင်ရင်း ရောက်တက်ရာရာတွေးကာ ကြောက်နေမိသည်။ hyung's appa ကတကယ့်သူဋ္ဌေးကြီးဆိုတော့ အရမ်းများကြောက်ဖို့ကောင်းမလား? ဒါပေမဲ့ hyung ကဒီလောကသဘောကောင်းတာ သူ့appa ဆိုပိုပြီးသဘောကောင်းမှာပေါ့

"တီ~~ တီ"

Baekhyun အတွေးထဲနစ်မြောနေတုန်းခြံရှေ့က ကားဟွန်းသံကြောင့် အတွေးစတွေပြတ်တောက်သွားရတယ်
hyung လာပြီထင်တယ်

Baekhyun အိမ်တံခါးတွေပိတ်ကာ ခြံရှေ့က hyung ရှိရာကားဆီထွက်လာခဲ့တယ်

"Hyung..."

"Omm ကလေး အားလုံးအဆင်သင့်ဘဲမလား? သွားရအောင် လာ ကားပေါ်တက်"

"Nae hyung..."

Hyung စကားအတိုင်း Baekhyun ကားပေါ်တက်ပြီးတော့ Kris ကားကိုမောင်းထွက်ခဲ့တယ်

Hyung ကလည်းသူ့ဘာသာသူ ကားကိုအာရုံစိုက်မောင်းနေသလို ကျွန်တော်ကလည်း အတွေးပေါင်းစုံတွေးရင်ကြောက်နေတာမို့ ကားထဲအသံတိတ်ဆိတ်နေတယ်လေ

ခဏနေတော့ ကျွန်တော့်လက်တစ်ဖက်နွေးကနဲဖြစ်သွားတာမို့လှည့်ကြည့်လိုက်တော့ ကျွန်တော့်လက်လေးကိုဆုပ်ကိုင်ပြီး ကျွန်တော့်ကို ပြုံးပြီးကြည့်နေတဲ့ hyung..

"hyung..."

"ကလေးလက်တွေအေးစက်နေတာဘဲ...ဘာလဲ ကြောက်နေတာလား?"

Hyung စကားကြောင့် ကျွန်တော်အသာခေါင်းညိမ့်ပြတော့ hyung ကခပ်ဟဟရယ်တယ်လေ

သူအဲ့လိုရယ်လိုက်တဲ့အချိန် သူ့အပြုံးမှာကျွန်တော်နစ်မြောသွားမိတယ်...hyung ရယ်ဘာလို့အဲ့လောက်ချောရက်ရတာလဲ? ကျွန်တော်တော့ hyung ကိုကြည့်ပြီးရူးတော့မယ်ထင်တယ်

"ကလေး...ကလေး!"

ကျွန်တော်အငေးကောင်းနေတာ hyung လက်ကိုကျွန်တော့် မျက်နှာရှေ့အသာဝှေ့ယမ်းပြီးခေါ်မှဘဲသတိဝင်လာတော့တယ်

"Nae...nae hyung ဘာပြောလိုက်တာလဲဟင်?"

"Aww ဘာမှမကြောက်နဲလို့ ကိုယ်တစ်ယောက်လုံးရှိတယ်လို့ပြောလိုက်တာ...ကလေးကဘယ်သူ့အကြောင်းစဉ်းစားနေလို့ ကိုယ်ပြောတာတောင်မကြားရတာလဲ?"

"ဘယ်သူ့အကြောင်းစဉ်းစားရမှာလဲ? Hyung အကြောင်းပေါ့"

"ကိုယ့်အကြောင်း?"

"omm hyung ဘယ်လောက်ချောတဲ့အကြောင်း ဘယ်လောက်တည်ကြည်တဲ့အကြောင်း ကျွန်တော့်ကိုအရမ်းချစ်တဲ့အကြောင်း ကျွန်တော်စကားအမြဲနားထောင်တဲ့အကြောင်းတွေစဉ်းစားနေတာ"

"Hk hk ကိုယ့်ကလေးက တကယ်စကားတတ်တာဘဲ အဲ့တာတွေကြောင့် တစ်နေ့တစ်ခြားအချစ်တွေတိုးလာတာသိရဲ့လား?"

"သိပါတယ်ဗျာ ကျွန်တော်ကလည်း hyung ကိုအရမ်းချစ်တာသိတယ်မလား?"

"သိတာပေါ့ ကိုယ့်ကလေးလေး ကိုယ့်ကိုဘယ်လောက်ချစ်တယ်ဆိုတာကို...အရမ်းချစ်တယ်ကလေး"

"Nardu.."

အချိန်အတော်ကြာကားမောင်းပြီးတော့ hyung ရဲ့အိမ်ကိုရောက်လာခဲ့တယ်...တော်တော်ကိုခမ်းနားလွန်းတဲ့အိမ်ကြီးပါ..ဒီလောက်ခမ်းနားတဲ့အိမ်မျိုးတစ်ခါမှမမြင်ခဲ့ဖူးဘူး

"ကလေး လာလေ အထဲဝင်ရအောင် အထဲမှာ Wuသူဋ္ဌေးကြီးစောင့်နေတယ်"

"Hyung!!"

Baekhyun ဆူပုတ်ပုတ်ပြောလိုက်တော့မှ မနေ့က Baekhyun ပြောထားတဲ့စကားကို Kris သတိရသွားကာ

"Miyan ကလေး Ap..appa စောင့်နေတယ်လို့ပြောတာ"

"ဒီလိုမှပေါ့ Ok kharja"

Baekhyun လက်လေးကို Kris ကိုင်ကာအိမ်ထဲဝင်သွားတော့ ပထမဆုံးတွေ့လိုက်ရတာက ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာထိုင်နေတဲ့လူကြီးတစ်ယောက်..

ပုံစံကဖြူဖတ်ဖြူရော်နှင့်လူမမာတစ်ယောက်လိုပင်..
Kris တို့ဝင်လာတာမြင်တော့ ပြုံးပြလိုက်တဲ့သူ့အပြုံးမှာ လွမ်းဆွေးမှု နောင်တ မေတ္တာတရား သာသမီးအပေါ်ထားတဲ့ချစ်ခြင်းစတာတွေပျော်ဝင်နေတယ်လေ

"ရောက်လာပြီလား သား လာလေ"

Baekhyun ကိုသားလို့နွေးနွေးထွေးထွေးခေါ်လိုက်တဲ့ hyung's appa ကြောင့် Baekhyun ပြုံးလိုက်မိတယ်

hyung ကိုကြည့်တော့ အသက်မပါတဲ့မျက်လုံးတွေနဲ့သူ့ appa ကိုကြည့်ကာခပ်တည်တည်ပင်...ပြီးမှကျွန်တေယ့်လက်ကိုဆွဲကာ သူ့ appa နဲ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာထိုင်လိုက်တယ်

"သူက ကျွန်တော်မကြာခင်လက်ထပ်ယူမဲ့ ကျွန်တော်ချစ်သူ Byun Baekhyun ပါ Wu သူဋ္ဌေး...."

"Hyung..."

Kris စကားတောင်မဆုံးသေး ဝင်ထောက်လိုက်တဲ့ Baekhyun ကြောင့် Kris သက်ပြင်းချလိုက်ကာ

"Ap...ap..appa"

Kris ခေါ်ပြီးတာနဲ့ခေါင်းကိုငုံ့ချလိုက်သည်။ သူအဲ့လိုမခေါ်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီမဟုတ်ပါလား

Kris ဆီက Appa လို့ခေါ်သံလည်းကြားရော Kris's Appa သိသိသာသာမျက်ရည်တွေဝဲတက်လာတာကို Baekhyun သေချာမြင်လိုက်ပါတယ်..

"Appa...appa လို့ခေါ်လိုက်တာလား? Appa နားကြားမမှားပါဘူးနော် သားကြီး ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်သားရယ် appa လို့ခေါ်သံကိုဒီတစ်သက်မကြားရတော့ဘူးထင်ခဲ့တာ T~T"

Kris's appa မျက်ရည်တွေကျလာတော့ Kris စုပ်တစ်ချင်သက် စိတ်ပျက်သလိုကြည့်လိုက်ပြီး

"ကျေးဇူးတင်ချင်ရင် ကလေးကိုတင် ကလေးခေါ်ခိုင်းလို့ခေါ်တာ အရမ်းစိတ်ပါနေလို့မဟုတ်ဘူး"

"Hyung!!"

Kris စကားကို Baekhyun ဝင်ဟန့်လိုက်တော့ Kris ဟိုဘက်လှည့်သွားသည်။

Baekhyun သက်ပြင်းချကာ Kris's appa ဘက်ကိုကြည့်လိုက်တော့ သူ့ကိုကျေးဇူးတင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာမို့ Baekhyun နှစ်နှစ်ကာကာပြုံးပြလိုက်မိသည်။

အရာအားလုံးတိတ်ဆိတ်နေတဲ့အချိန် ခြံထဲဒုန်းစိုင်းဝင်လာကာ အိမ်ကိုတိုက်ခါနီး နည်းနည်းလေးအလိုမှာမှ ဘရိတ်ဆောင့်အုပ်လိုက်လို့ထွက်လာတာဆူညံသံတွေကြောင့်အားလုံးရဲ့အကြည့်က ထိုကားဆီရောက်သွားကြသည်။

ဟင်? ဒီကားကို မြင်ဖူးနေသလိုဘဲ...တစ်နေရာရာမှာသေချာကိုမြင်ဖူးနေတာပါ ဘယ်မှာပါလိမ့် စဉ်းစားစမ်း

Baekhyun အသည်းအသန်စဉ်းစားနေတုန်း ကားတံခါးဖွင့်ကာ ကားပေါ်ကဆင်းလာတဲ့သူကိုမြင်လိုက်ရတဲ့အချိန် အံသြမှုကြောင့်ပါးစပ်အဟောင်းသား

ဟိုကောင်...မနေ့က ကျွန်တော့်ကားကိုတိုက်လိုက်တဲ့ကောင်မလား? သူကဘာလို့ဒီကို?

Baekhyun ကတော့အံသြမှုကြောင့်သူ့ကိုကြည့်နေပေမဲ့ Chanyeol ကတော့ အခုထိသူ့ကိုမြင်ပုံမပေါ် Wu သူဋ္ဌေးကြီးကိုသာကြည့်ပြီးလျှောက်လာသည်။

Wuသူဋ္ဌေးကြီးရှေ့ရောက်တော့ မထီမဲ့မြင်ပုံစံနဲ့ခေါင်တစ်ချက်ငုံ့လိုက်ကာ

"ကျွန်တော်ရောက်ပြီ"

သူခပ်စိမ်းစိမ်းပြောလိုက်ပေမဲ့ Wu သူဋ္ဌေးကြီးကပြုံးကာ

"ရောက်ရင် မင်းအကိုရဲ့သတို့သားလောင်းနဲ့မိတ်ဆက်ပေးမယ်လေ ထိုင်ဦး သားငယ်"

သားငယ်?! သားငယ်...အဲ့တာဆို...အဲ့တာဆိုသူက hyung ရဲ့ညီ Wu Chanyeol ပေါ့...

ကျွန်တော်ထပ်ပြီးအံသြရပြန်ပြီ ဒါကတိုက်ဆိုင်တာဘဲလား ကျွန်တော့်ကိုချစ်တယ်လို့ပြောထားတဲ့သူက ကျွန်တော်အရမ်းချစ်ရတဲ့ hyung အရမ်းမုန်းတဲ့သူ့ညီ Wu Chanyeol တဲ့...

ကျွန်တော် hyung ကိုကြည့်လိုက်တော့ Wu Chanyeol ကိုလုံးဝမကြည့်ဘဲသိသိသာသာအကြည့်လွှဲထားတယ်...အဲ့တာဆိုဟိုနေ့က ဆေးရုံရောက်တဲ့အထိရန်ဖြစ်တာ သူနဲ့ပေါ့..

Chanyeol Wuသူဋ္ဌေးကြီးစကားကိုဘာမှမတုန့်ပြန်ချင်တာနဲ့ သူပြောတဲ့အတိုင်း Wu Kris ရဲ့မျက်စောင်းထိုးခုံမှာထိုင်လိုက်တယ်...

ထိုင်နေရင်းရုတ်တရပ် မျက်လုံးထောင့်စွန်းလေးက ရင်းနှီးတဲ့အရိပ်ကလေးတွေ့လိုက်တာကြောင့် ကြည့်လိုက်မိတော့ တွေ့လိုက်ရတာက ကျွန်တော့်ကို တအံတသြကြည့်နေတဲ့ baby..

ဟင်??!! Babyကဘယ်လိုဖြစ်လို့...မဟုတ်မှ...baby ရဲ့ချစ်သူဆိုတာ Wu Kris လား?!

"သားငယ် သူက သားအစ်ကိုနဲ့မကြာခင်လက်ထပ်တော့မဲ့သတို့သားလောင်း Byun Baekhyun တဲ့နှုတ်ဆက်လိုက်ပါဦး"

Wuသူဋ္ဌေးကြီးပြောနေတာတွေ Chanyeol နားထဲကြားတစ်ချက်မကြားတစ်ချက်...

ဘာဖြစ်လို့လဲ? ကျွန်တော်ချစ်တဲ့လူက ဘာလို့ Wu Kris ရဲ့ချစ်သူဖြစ်နေရတာလဲ?!! ဟင့်အင်းလက်မခံနိုင်ဘူး လုံးဝလက်မခံနိုင်ဘူး!!!! ဘာလို့ကျွန်တော်က Wu Kris နဲ့ပတ်သတ်လာရင်အမြဲဒုတိယနေရာဖြစ်နေရတာလဲ??!!! ဘာလို့အမြဲရှုံးနိမ့်နေရတာလဲ??!! ဟင့်အင်း ဒီတစ်ခေါက်တော့လုံးဝမရှုံးနိမ့်စေရဘူး Byun Baekhyun ဆိုတဲ့သူက ကျွန်တော့်အပိုင်ဘဲ!! ဘယ်တော့မှသူ့အပိုင်မဖြစ်စေရဘူး
ဘာမှမပိုင်ဆိုင်ရရင်တောင် baby ကိုတော့ကျွန်တော်ဘဲပိုင်ဆိုင်ရမယ်

Chanyeol ကိုယ့်အတွေးနဲ့ကိုယ် ဒေါသကြောင့်ဝုန်းကနဲမတ်တပ်ထရပ်လိုက်တာမို့ အားလုံးအကြည့်ကသူ့ဆီရောက်လာသည်။ Kris အပါအဝင်ပေါ့...

Chanyeol ဒေါသခြေလှမ်းတွေနဲ့ Baekhyun ရှေ့ရေက်သွားကာ သူ့လက်ကိုဆွဲလိုက်ပြီး

"Baby အခုကိုယ်နဲ့လိုက်ခဲ့!!!!"

Chanyeol ရဲ့ရုတ်တရပ်အပြုအမူကြောင့် Baekhyun ကြောင်ကြည့်နေမိသလို Kris ကလည်းသူတို့နှစ်ယောက်ကိုမျက်မှောင်ကြုံးကြည့်ကာ တစ်ကိုယ်တည်းကြားနိုင်ရုံအသံလေးနှင့် "baby???" ဟုတီးတိုးရေရွတ်လိုက်သည်။

Chanyeol, Baekhyun လက်ကိုဆောင့်ဆွဲကာ ထွက်သွားတော့ Baekhyun ယက်ကန်ယက်ကန်နဲ့ပါသွားသည်။

ဒါပေမဲ့တံခါးနားရောက်ခါနီး Baekhyun ရဲ့လက်တစ်ဖင်ကို Kris ပြန်ဆွဲလိုက်တာမို့ Chanyeol ရှေ့ဆက်သွားလို့မရတော့..

Chanyeol ပြန်လှည့်ကာ Kris ကိုစူးစူးရဲရဲစိုက်ကြည့်နေသလို Kris ကလည်း Chanyeol ကိုသတ်တော့မည့်အတိုင်းစိုက်ကြည့်နေသည်။

အလယ်က Baekhyun ကတော့သူတို့နှစ်ယောက်ရဲ့အကြည့်ကြားဘာလုပ်ရမှန်းမသိဖြစ်နေလျက်...

******************ကြွေရုပ်*************

4018 words

Kris နဲ့ Chanyeol ဘာတွေဆက်ဖြစ်ကြဦးမလဲမသိဘူး

ဒီနေ့အရှည်ကြီးရေးပေးလိုက်တယ်နော်😘😘

Saranghae all my readers❤❤
90°bow
#ChanyeollieMyatNoe

Continue Reading

You'll Also Like

317K 15.4K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
18.4K 1.5K 23
[Zawgyi] လူ​တွေက​တော့ အချစ်​ကိုပုံစံနှစ်​မျိုးနဲ့အဓိပ္ပာယ်​ဖွင့်​ကြတယ်​။ ​ပေးဆပ်​ခြင်းနဲ့ရယူခြင်းတဲ့။ ကိုယ်​က​တော့ ဘယ်​လိုနည်းနဲ့ဘဲချစ်​ချစ်​ အဓိက...
1.4K 122 7
Gyujin...... ( U+Z )
83.6K 11.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...