L❤VE in the 1st sight(Complet...

ThetTantYoung द्वारा

2.2M 149K 8.9K

UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အ... अधिक

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
ThetTantYoung's appology
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32(ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
Building the love bond💋
Leaving the best memories👣
Love Reborn-1
Love Reborn-2
Love Reborn-3
Love Reborn-4
Love Reborn-5
အချစ်ဆုံးReaderများသို့ပေးစာ✉
preorderအကြောင်းအသိပေးကြေညာခြင်း
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 (Unicode)
Part-32 (Unicode)
Building the love bond💋 (Unicode)
Leaving the best memories👣 (Unicode)
Love Reborn-1 (Unicode)
Love Reborn-2 (Unicode)
Love Reborn-3 (Unicode)
Love Reborn-4 (Unicode)
Love Reborn-5 (Unicode)

Part-24

33.6K 3K 375
ThetTantYoung द्वारा

ရှေ့ကစားပွဲခုံအရှည်လေးပေါ်တင်ထားတဲ့
ခြင်းလေးထဲက
ကြက်ကြော်တုံးတွေကို တစ်ခုချင်းစီ
သေချာဖဲ့နေရသည်..

ဟိန်းထက်ယံကဖဲ့လိုက်..
သက်ဝေယံကကောက်စားလိုက်နဲ့..

သူကောက် ကောက်စားတာမြန်လွန်းလို့
ဖဲ့ရတဲ့သူကလက်တောင်မလည်တော့..

ဟိန်းထက်ယံ ပါးစပ်ထဲကိုလည်းခုထိ
ကြက်သားနဲ့တူတာဆိုလို့ဘာမှမဝင်သေး

ဒါပေမဲ့လည်း
စားပွဲခုံပေါ်မေးလေးထောက်ပြီး
ကြက်သားဝါးနေတဲ့ပါးဖောင်းဖောင်းလေး
တစ်ဖက်ကို မြင်နေရတာနဲ့တင်
ဟိန်းထက်ယံ ဗိုက်အလိုလိုတင်းနေပြီ..

သက်ဝေယံ
ပါးစပ်ထဲကကြက်သားကိုဝါးနေရင်း
ဘေးဘက်ကို မျက်လုံးလေး
စွေကြည့်လိုက်မိတော့

ဟင်..အဲ့လူကြီးခုထိဘာမှမစားသေးဘူးလား??

သက်ဝေယံ ရှေ့ကကြက်သားတစ်ဖက်ကို
ကောက်ယူပြီး အချဉ်ရည်တစ်ခွက်ထဲနှစ်ကာ
ဟိန်းထက်ယံကို ကျွေးလိုက်သည်..

ဟိန်းထက်ယံ မျက်စိရှေ့ကိုရောက်လာတဲ့ကြက်သားဖတ်ကို
ကြည့်ပြီး

"ငါ Chilli မကြိုက်ဘူး.."

ခွံ့ကျွေးတာကို စားစရာရှိ မစားဘူး..
ကျွေးရတဲ့သက်ဝေယံ လက်ရှက်သွားသည်..

ဘေးမှာProject Groupကလူတွေ
ရှိနေလို့သာ..
သက်ဝေယံ အဲ့ကြက်သားဖတ်ကို
ကိုယ့်ပါးစပ်ထဲကိုယ်သာပစ်ထည့်လိုက်သည်..

မဟုတ်ရင် အဲ့လူကြီးပါးစပ်ထဲအတင်းမရမကထိုးထည့်ပြီး
ကျွေးမှာ..

မျက်နှာစူပုပ် ...ပါးကိုဖောင်း..နူတ်ခမ်းကိုထော်ပြီး
တစ်ဖက်သို့ပြန်လှည့်သွားတဲ့
အဲ့ကလေးလေးကြောင့်
နူတ်ခမ်းပါးထက်မှာအပြုံးကအလိုအလျောက်
ချိတ်ဆွဲပြီးသား..

အဲ့လိုကောက်သွားတာလေးကိုချစ်လို့ကို
တမင် ကလိလိုက်တာ..

ခုတော့ဖြင့်ဟိန်းထက်ယံဘက်ကို
လှည့်ကိုမကြည့်တော့..

"အကိုကြီးကလဲ..
ညီလေးကကျွေးနေတာကို စားမှပေါ့.."

အဖွဲ့ထဲက ခေါင်းဆောင်ဖြစ်တဲ့အမ
ဝေနှင်းအောင် ကခပ်နောက်နောက်လေးလှမ်း
ပြောသည်..

အကိုကြီး...ညီလေးဆိုတဲ့အသုံးအနူန်းကြောင့်
ဟိန်းထက်ယံမျက်နှာမှာခုနကတည်ရှိနေတဲ့
အပြုံးက ချက်ချင်းလိုပျောက်ကွယ်သွားရသည်..

တခြားသူကိုမထိခိုက်စေဘူးဆိုတဲ့
အဖြူရောင်မုသားတွေကလှပါသည်ဟု
ဆိုစေအုံးတော့..

လိမ်ထားတယ်ဆိုတဲ့အသိတစ်ခုမှာ
ဟိန်းထက်ယံ အရမ်းပင်ပန်းနေပြီ..

"အဲ့တာပြောတာ..မမ
ကျွန်တော်ကအကောင်းနဲ့ကျွေးတာကို
သူကမစားဘူး.."

နူတ်ခမ်းလေးစူထော်ပြီး..မကျေမနပ်နဲ့
ပြောနေတဲ့အဲ့ကလေး လေသံ မှာ
စိတ်မသက်မသာ ဖြစ်တဲ့ အငွေ့အသက်တွေ
မခံစားရတာမို့
ဟိန်းထက်စိတ်အေးရပါသည်..

ဟိန်းထက်ယံရဲ့မျက်နှာကွက်ခနဲတစ်ချက်
ပျက်သွားတာကို
မြင်တော့ ခက်သဇင် ရှေ့ကcolaခွက်ကို
ယူသောက်လိုက်ရင်း ခပ်ထေ့ထေ့ပြုံးလိုက်မိသည်..

ခက်သဇင်ထိုင်နေတဲ့နေရာကသူတို့နှစ်ယောက်လုံး
ကို ကောင်းကောင်းမြင်နေရတဲ့နေရာ

ခုနကခက်သဇင်ဘေးကနေဟိန်းထက်ယံကိုအတင်း
လက်ဆွဲခေါ်ပြီးနေရာပြောင်းထိုင်ပစ်တဲ့
သက်ဝေယံကိုပင် ကျေးဇူးတင်ရမလားမသိ..

"ဟိုမှာကြည့်စမ်း..."

ခပ်တိုးတိုးအသံတစ်ခုကြောင့်
ဘာရယ်မဟုတ်ဘဲ ဟိန်းထက်ယံရော
သက်ဝေယံပါ လှမ်းကြည့်လိုက်မိသည်..

မှန်တံခါးရဲ့တခြားတစ်ဖက်ဆီက
Couple Shirtလိုမျိုး
အင်္ကျီဆင်တူလေးဝတ်ပြီး
လမ်းလျှောက်နေသော Gay Couple..

ဘေးကကောင်လေးနဲ့ယှဉ်ရင်
အရပ်မဆိုစလောက်လေးပိုပုတဲ့
ကောင်လေးလက်မှာက
ဝက်ဝံရုပ်ခပ်ကြီးကြီးလေးကိုင်ထားသည်..

သူတို့နှစ်ယောက်ရဲ့အထိမ်းအမှတ်နေ့လေးတစ်ခု
ကိုဖြတ်သန်းနေပုံရသည်..

ရီရီမောမော စလိုက်နောက်လိုက်နဲ့
သူတို့အတွဲရဲ့ဟန်ပန်လေးတွေကြောင့်
ဟိန်းထက်ယံပင် မသိစိတ်က
ကြည်နူးလာရသည်..

သူရော..ဆိုတဲ့အသိလေးတစ်ခုနဲ့
ဘေးကကလေးကိုလှည့်ကြည့်မိသည်..

မေးလေးထောက်ပြီး
အဲ့coupleဘက်ကိုငေးနေသောကြောင့်
သူ့မျက်နှာလေးအစား
အနက်ရောင်ဆံနွယ်ပျော့ပျော့လေးတွေကိုသာ
မြင်ရသည်လေ..

"သောက်ရူးတွေပါကွာ..ယောင်္ကျားချင်း
ဘယ်လို ခံစားကြလဲနားမလည်နိုင်တာ.."

အကိုပြည့်စုံအောင်၏စကားအဆုံးမှာ
ဟိန်းထက်ယံ
လက်ထဲကကိုင်လက်စကြက်သားတုံးက
ခြင်းထဲလွတ်ကျသွားသည်..

အားလုံးအဲ့အတွဲပေါ်အာရုံရောက်နေသည်မို့
ဘယ်သူမှတော့သိပ်သတိမထားလိုက်မိ..

ဖြိုးပြည့်ပြည့်မောင်ကမျက်နှာတစ်ခုလုံးကို
ရူံ့မဲ့ပြီး..
"အေးလေ..ယောင်္ကျားအချင်းချင်း
ရွံစရာကြီး ."

"သနားပါတယ်ဟာ..ဝဋ်ကြွေးပေါ့..
အရင်ဘဝကသူများသားသမီးကို
ဘာတွေလုပ်ခဲ့လဲမှမသိတာ.."

အမဝေနှင်းအောင်ကလဲ သနားသလိုလို
စာနာသလိုလို ထပြောသည်..

အဲ့စကားက ဟိန်းထက်ယံရင်ထဲစူးခနဲ
အောင့်တက်သွားစေသည်..
တော်ပါတော့...တော်ပါတော့...
ဆက်မကြားနိုင်တော့ဘူး...

ကိုယ့်ကိုတိုက်ရိုက်ပြောနေတာမဟုတ်တဲ့
စကားလုံးတွေနဲ့ထိုးနှက်မူမှာတင်
ဟိန်းထက်ယံ ပြိုလဲကျမတတ်ဖြစ်နေရပြီ..

"ကြည့်ရတာ မိန်းကလေးထက်
ယောင်္ကျားလေးက ပို Saveဖြစ်လို့နေမှာပေါ့.."

"ဟင်...ဘယ်လို??"
အဖွဲ့ထဲကမြတ်နိုးဝေ၏အပြောကို
ဖြိုးပြည့်ပြည့်မောင်က သံယောင်လိုက်တော့

"အဟက်....ဗိုက်မကြီးဘူးလေ..
ယောင်္ကျားလေးဆိုတော့.."

တောက်!!!!!
အကျယ်ကြီးတောက်ခတ်ပစ်လိုက်ချင်ပေမဲ့
ခံစားရလွန်းတဲ့ ရင်ဘတ်တစ်ခုကြောင့်
အသံဟာလည်ချောင်းထဲမှာတင် စို့နစ်
ပျောက်ကွယ်သွားရသည်..

ခန္ဓာကိုယ်အနှံလည်ပတ်စီးဆင်းနေတဲ့
သွေးတွေဟာ ဆူပွက်လာပြီလားမှတ်ရသည်..

လက်တွေကိုခုံအောက်မှာထားပြီးတင်းတင်း
ဆုပ်ထားရသည်..
သည်းမခံနိုင်တော့ရင် ပေါက်ကွဲထွက်ကုန်တော့မှာ..

စိတ်ရှိတိုင်းသာဆို
ရှေ့ကခုံတစ်ခုလုံး မှောက်ချပြီးသားဖြစ်သွားပြီ

သူရော???

ကိုယ်နာကျင်မူတွေကြားထဲနစ်မြုပ်နေသည့်အထဲမှ
သူ့ကိုသတိရမိလိုက်တော့
ဟိန်းထက်ယံ သက်ဝေယံဘက်ကို
အားတင်းပြီးလှည့်ကြည့်မိသည်..

သွေးကြောစိမ်းစိမ်းလေးတွေ
ယှက်သန်းနေတဲ့ လက်ချောင်းဖြူဖြူနုနုလေးတွေ

နားရွက်အောက်နားထိ
ဝဲကျနေတဲ့ ပျော့အိအိအနက်ရောင်ဆံနွယ်တွေ

ဟိန်းထက်ယံမမြင်ရတဲ့တစ်ဖက်ခြမ်းက
သက်ဝေယံ ရဲ့ မျက်နှာမှာရောဘာတွေဖြစ်နေမှာလဲ??

"အစတည်းကအဲ့တာမျိုးတွေက
ဖြစ်ကိုမဖြစ်သင့်တာပါကွာ.."

ဒါပေါ့..ဖြစ်ကိုမဖြစ်သင့်တာ..

အကိုပြည့်စုံအောင်ရဲ့စကားကိုခက်သဇင်
စိတ်ထဲကကြိတ်ပြီး ထောက်ခံလိုက်သည်..

အပြင်ကတော့ခက်သဇင်လေကုန်ခံပြီး
ထုတ်ပြောစရာတောင်မလိုတော့..

တခြားသူတွေပြောနေကြရုံနဲ့တင်လုံလောက်နေပြီလေ

အခုလောက်ဆို....??

တွေးမိလိုက်ပြီး ခက်သဇင်ရဲ့အကြည့်တွေ
ဦးတည်လိုက်မိသည့်နေရာက
ဟိန်းထက်ယံဆီ..

မျက်ခုံးတန်းတန်းလေးတွေ
ထိလုမတတ် တွန့်ကွေးထားတဲ့
ဝင်းမွတ်နေတဲ့မျက်နှာပြင်ပေါ်မှာ
ဖြတ်သန်းနေတဲ့အရိပ်အရောင်တွေက
ခက်သဇင်တောင်ဖော်မပြတတ်..

ခက်သဇင်ခုံပေါ်ကိုမေးလေးထောက်လိုက်ရင်း

ဟိန်းရယ်..ခက်ကိုသာရွေးချယ်ရင်
ဟိန်းဒီလောက်ထိပင်ပန်းမှာမဟုတ်ဘူး..

ဟိန်းထက်ယံဘေးမှာရှိနေတဲ့သက်ဝေယံဆီ
အကဲခတ်မိလိုက်ပြန်တော့

"လူလူချင်း ချစ်တဲ့ကိစ္စမှာ
Gender တူသွားတာနဲ့တင် မဖြစ်သင့်ဘူးလို့
ပြောချင်တာလား?အစ်ကို.."

ခပ်အေးအေးလေးပြောချလိုက်တဲ့
စကားတစ်ခွန်းရဲ့အဆုံးမှာအားလုံးရဲ့
အကြည့်ကသက်ဝေယံဆီမှာ...

သက်ဝေယံ ခြင်းထဲက
ကြက်သားဖတ်တစ်ခုကိုကောက်စားလိုက်တော့
ချဉ်တင်တင်..ရှတတ အရသာလေးက
လျှာပေါ်မှာစိမ့်ဝင်ကျန်ခဲ့သည်..

"ညီလေးဘဲ..စဉ်းစားကြည့်..
လူမြင်ကွင်းကြီးမှာ..အဲ့လိုမျိုး.."

"သူတို့လွတ်လပ်ပိုင်ခွင့်နဲ့သူတို့ နေတဲ့ကိစ္စမှာ
သူများမကောင်းကြောင်း လိုက်ပြောပြီး
တမင်တကာကို အကုသိုလ်ယူနေကြတာဘဲ."

သက်ဝေယံဟာ
အကိုပြည့်စုံအောင်ရဲ့စကားဆုံးအောင်ပင်
မစောင့်လိုက်..

သက်ဝေယံရဲ့စကားတစ်ခွန်းနဲ့တင်..
Project groupထဲကလူတွေအကုန်လုံးရဲ့
မျက်နှာတွေ မည်းသည်းသွားသည်..

သက်ဝေယံရဲ့အကြည့်တွေကအရှေ့မှ
ကြက်သားထည့်ထားတဲ့
ခြင်းတောင်းဆီမှတောင် မလွှဲသေး..

နွှာပြီးသားကြက်သားဖတ်တွေကိုတောင်
အေးအေးဆေးဆေးယူစားနေသေးတာ..

ခက်သဇင်..သက်ဝေယံကိုကြည့်ပြီး
ပါးစပ်အဟောင်းသားဖြစ်သွားသည်..

တစ်ချက်ကလေးတောင် ဟန်မပျက်သွားတာ..
ဘယ်လိုတောင်များ..??

"ဘယ်လိုဘဲဖြစ်ဖြစ်...ညီလေးရာ
.အပြောမခံချင် ရင် နဲနဲပါးပါးတော့
စောင့်ထိန်း.."

"တခြားသူနဲ့မတူဘဲ ကွဲပြားနေတာနဲ့တင်
သူတို့အချစ်တွေကို ထုတ်ဖော်ခွင့်မရှိတော့ဘူး
တဲ့လား??!!"

ဒီတစ်ခါတော့..
သက်ဝေယံအသံဟာလိုအပ်သည်ထက်
နဲနဲပိုကျယ်သွားတဲ့အပြင်
ခုံမှဝုန်းဆိုမတ်တပ်ထရပ်ပစ်လိုက်တော့
ဟိန်းထက်ယံအပါအဝင် အားလုံးက
သက်ဝေယံကိုမော့ကြည့်လာသည်..

တင်းတင်းစေ့ထားတဲ့နူတ်ခမ်းတွေအပြင်
စူးရှပြက်သားလွန်းနေတဲ့အရိပ်အငွေ့တွေပြည့်နှက်
နေတဲ့မျက်ဝန်းတွေဟာ
သက်ဝေယံဆီမှာ ရှိနေမယ် လို့
ခက်သဇင် လုံးဝထင်မထားခဲ့..

ကြောင်ပေါက်လေးလို့သတ်မှတ်ထားခဲ့တဲ့သူက
ကျားတစ်ကောင်အလားထမာန်ဖီနေပြီ..

ဒီအတိုင်းသာဆို ဒီကလေးကိုလျှော့တွက်ထားမိတာ
ခက်သဇင် မှားပြီထင်သည်..
ခက်သဇင်အံကိုခပ်တင်းတင်းကြိတ်ချမိလိုက်သည်..

"မင်းက ဘာလို့သူတို့ဘက်ကဝင်နာပေးနေရ
တာလဲ??"

"ဘာလို့လဲဆို
ကျွန်တော်လဲသူတို့ခံစားချက်တွေကိုနားလည်နေလို့."

မေးချလာတဲ့မေးခွန်းတစ်ခုအတွက်
တစ်စက္ကန့်စာမျှလောက်အခိုက်အတန့်လေးတောင်
မခြားဘဲ..
သက်ဝေယံဆီမှာ အဖြေကအဆင်သင့်ရှိနေပြီသား

ထွက်ကျလာတဲ့စကားလုံးတွေဟာ
မြန်ဆန်လွန်းတာမို့
ဟိန်းထက်ယံ ပင်အကြောင်သားအံ့ဩနေရပြီ..

ခုံကိုထောက်ထားတဲ့လက်ချောင်းတွေကို
ဟိန်းထက်ယံ ဆုပ်ကိုင်လိုက်မိတော့
ဖျတ်ခနဲ ငုံ့ကြည့်လာတဲ့
အဲ့ကလေးရဲ့မျက်ဝန်းတွေနဲ့ရင်ဆိုင်လိုက်မိသည့်
အခိုက်အတန့်

ဟိန်းထက်ယံရဲ့ကိုယ်မှာစီးဆင်းနေတဲ့
နှလုံးသွေးအကုန်ပြောင်းပြန်စီးသွားရလောက်အောင်
ရှိန်းခနဲ ခံစားချက်တစ်ခု..

ရဲရင့်စွာတောက်ပလွန်းနေသည့်မျက်ဝန်းတွေထဲက
အကြည့်တွေက
ဟိန်းထက်ယံ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ
ဆုံးဖြတ်ပေးနှင့်ပြီ..

တစ်ယောက်နဲ့တစ်ယောက်ငေးစိုက်ကြည့်နေပြီး
ခုံပေါ်မှာထိကပ်ထားတဲ့လက်နှစ်ခုဆီသို့
အားလုံးရဲ့အံ့ဩသလိုအကြည့်ကရောက်လာပြီး

" ယူတို့နှစ်ယောက်က???"

အမ မြတ်နိုးဝေရဲ့စကားအဆုံးမှာသက်ဝေယံ
အသက်ကိုခပ်ပြင်းပြင်းရူချလိုက်ပြီး
မျက်နှာကိုမော့လိုက်ကာ..

"ကျွန်တော်တို့ကချစ်သူတွေ..!!"

စူးခနဲ အကြည့်တစ်ခုအပြင်
မထီတထီအပြုံးတစ်ခုကိုပါခက်သဇင်
မမျှော်လင့်ဘဲလက်ခံရရှိလိုက်သည်..

ခက်သဇင်ကိုတည့်တည့်ကြည့်ပြီးပြောချလိုက်တဲ့
အဲ့စကားကြောင့်..
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပစ်လိုက်မိတာမို့
လက်သည်းချွန်ချွန်တွေက
လက်ဖဝါးပြင်မှာစူးခနဲ..

ဘယ်အရာတွေကသက်ဝေယံကိုဒီလောက်ထိ
ရဲရင့်စေတာလဲ??

ခက်သဇင်မျှော်လင့်နေတာဒီလိုအခြေအနေမျိုး
ဖြစ်လာဖို့မှမဟုတ်တာ..
အခုတော့ ဘာတွေဖြစ်လာတာလဲ??

ရူပ်ထွေးနောက်ကျိလာတဲ့ အတွေးတွေကို
ခေါင်းထဲမှဖယ်ထုတ်ပစ်လိုက်ပြီး
မျက်နှာရှေ့ဝဲကျနေတဲ့ရွှေဝါရောင်ဆံနွယ်တွေကို
ခက်သဇင်လက်နဲ့တစ်ချက်ပင့်တင်လိုက်ရင်း

အဟက်..ဟုတ်ပြီလေ..
သူ့ဘက်ကပေါ်တင်စိန်ခေါ်လိုက်မှတော့
ခက်သဇင်က လဲ ပေါ်တင်တိုက်ရုံဘဲရှိတော့တာပေါ့

Project Groupထဲကလူတွေ
ရုတ်တရက်ကြီးကြောင်ပြီး
ဘာစကားလုံးမှမဟနိုင်တော့တဲ့
အခြေအနေတစ်ခုမှာ..

သက်ဝေယံကျောပိုးအိတ်ကိုကောက်လွယ်ပြီး
"ကျွန်တော် အိမ်စောစောပြန်စရာရှိလို့
သွားလိုက်ပါအုံးမယ်.."

ဝုန်းဆိုထထွက်သွားတဲ့
အဲ့ကလေးနောက်ကိုဟိန်းထက်ယံလဲ
ကျောပိုးအိတ်ဆွဲပြီး
အလောတကြီးပြေးလိုက်သွားရသည်..

ဝေဖန်သံတွေဟာ တီးတိုးတစ်မျိုး
ကျယ်ကျယ်တစ်မျိုးအသံနဲ့
နောက်မှာကျစ်ရစ်ခဲ့လေပြီ..

ဓာတ်လှေကားတလျှောက်ပြေးဆင်းပြီး
အောက်ထပ်ရောက်လာတော့
ဟိုဟိုဒီဒီမျက်လုံးဝေ့ကြည့်လိုက်ရင်း

ယောင်္ကျားလေးအိမ်သာထဲသို့လှစ်ခနဲ
ဝင်သွားတဲ့ပုံရိပ်တစ်ခု..

ဟိန်းထက်ယံပါလိုက်ဝင်သွားတော့
Movie timeမို့လားမသိ
အိမ်သာထဲမှာလူကသိပ်မရှိ..

ဘေစင်မှာလက်ဆေးနေတဲ့လူတစ်ယောက်ရဲ့
စူးစမ်းသလိုလှည့်ကြည့်သည်ကိုဂရုမစိုက်နိုင်..

အိမ်သာတွေတစ်လုံးပြီးတစ်လုံးလိုက်စစ်နေ
သည့်အချိန်

အစွန်ဆုံးအိမ်သာဆီမှရိုက်သံသဲ့သဲ့လေး

တံခါးကိုခပ်မြန်မြန်ခေါက်ချလိုက်ပြီး
"အခုချက်ချင်း တံခါးဖွင့်ပေး.."

တံခါးကိုတရကြမ်းထပ်ခေါက်ပေမဲ့လည်း
တိုးသွားလိုက် ကျယ်သွားလိုက်နှင့်
တလှည့်စီထွက်ပေါ်နေသော
ရိုက်သံသဲ့သဲ့မှတပါးတခြားတုံ့ပြန်မူမရှိ..

"ဖွင့်လို့ ပြောနေတယ်..!!
မဖွင့်ရင် တံခါးကိုရိုက်ချိုးပြီးဝင်လာမှာ!!"

စိုးရိမ်စိတ်တွေ ပူပန်မူတွေ
လိုက်တက်လာသည်နှင့်အတူ
ဟိန်းထက်ယံအော်ချပစ်လိုက်မိသည်..

ဂျလောက်ခနဲအသံတစ်ခုကိုကြားလိုက်ရသည်မို့
ဆွဲဖွင့်ချလိုက်တော့
ကြမ်းပြင်မှာဒူးနှစ်ဖက်ကိုထောင်ပြီး
နံရံကိုမှီထိုင်နေတဲ့သက်ဝေယံ..

"ခင်ဗျားဟာလေ..
ငိုတာတောင်ကောင်းကောင်း မငိုရဘူး..
လိုက်နှောင့်ယှက်တယ်!!"

ဟိန်းထက်ယံကိုမော့ကြည့်ပြီး စွာကျယ်ကျယ်
ပြောလာတဲ့ အဲ့ကလေးရဲ့ပါးပြင်နှစ်ဖက်မှာ
မျက်ရည်တွေ စီးကျလျက်..

ဟိန်းထက်ယံ နူတ်ခမ်းထက်ကနေ
ဘာစကားလုံးတစ်လုံးမှ ထွက်မကျလာတော့..
သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးကိုသာဆွဲဖက်ပြီး
ရင်ခွင်ထဲ
ထည့်သွင်းထားလိုက်မိသည်...

အင့်..ခနဲ ရိုက်သံလေးရဲ့အနောက်မှာ

"အီး..ဟီး...ဟီး....
နာတယ်...သိလား??ရင်ဘတ်ထဲက
အရမ်းနာနေတယ်..."

ကိုယ်တောင်
တစ်ကိုယ်လုံးအရည်ပျော်ပြီး
အငွေ့ပါပျံသွားချင်လောက်အောင်
ဖြစ်ခဲ့တဲ့နောက်ကွယ်မှာ
ဒီကလေး ဘယ်လောက်များခံစားခဲ့ရမှာလဲ??

ဟိန်းထက်ယံဆက်မတွေးချင်တော့..

"သူတို့ဘာလို့နားမလည်ပေးနိုင်ကြတာလဲ..??
အီး..ဟီး..ဟီး.."

သူတစ်ချက် ပို ပိုပြီး ရိုက်ငိုလိုက်တိုင်း
ဟိန်းထက်ယံ သူ့ကို ပို ပိုပြီးတင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားမိသည်..

"ပတ်ဝန်းကျင်မှာ
ကျွန်တော်တို့ရဲ့အချစ်တွေကဘောင်မဝင်
တော့ဘူးလား??!!!"

စီးကျလာတဲ့သူ့ရဲ့မျက်ရည်ပေါက်တစ်စက်တိုင်းမှာ
ဟိန်းထက်ယံ နှလုံးသားဆစ်ခနဲ
တစ်ချက်နာရသည်..

ဒါပေမဲ့ မငိုပါနဲ့လို့ မပြောရက်..

သူနာကျင်ရသမျှအကုန်လုံးမျက်ရည်တွေနဲ့
ရောပြီး ပါသွားပါစေတော့..

တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်ကို
ပိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်
လိုက်ပြီး

ဒီလောက်နာကျင်နေတဲ့ကြားက
ကိုယ့်ကိုဘဲရွေးချယ်ပေးလို့ကျေးဇူးတင်ပါတယ်
ကလေး..

မင်းရွေးချယ်ခဲ့တဲ့လမ်းအတိုင်း
ကိုယ်မင်းဘေးကနေမားမားမတ်မတ်
ရပ်တည်ကာကွယ်ပေးသွားပါ့မယ်..

မျက်လုံးအစုံကိုမှိတ်ချပစ်လိုက်ပြီး
နှလုံးသားနှင့်ထပ်တူကျသည့်
သစ္စာတစ်ခုကို တိုင်တည်နေမိသည်

ရင်ခွင်ထဲကနေ တစ်ချက်လေးတွန်းပြီးရုန်းလာတော့
ဟိန်းထက်ယံသူ့ကိုအသာလေးလွှတ်ပေးလိုက်သည်..

မျက်လုံးကိုသူ့လက်ဖမိုးတွေနဲ့တရကြမ်းပွတ်
နေသည်မို့
သူ့လက်တွေကိုဖယ်လိုက်ပြီး
မျက်ရည်တွေကို အသာလေးသုတ်ပေးလိုက်တော့

မျက်ရည်စတွေအနဲငယ်တင်ကျန်နေတဲ့ခပ်ရဲရဲ
မျက်ဝန်းလေးတွေကဟိန်းထက်ယံကို
မော့ကြည့်လာသည်..

"ငိုလို့ဝသွားပြီလား???"

သက်ဝေယံခေါင်းလေးငုံ့ပြီး
လက်ဖမိုးနဲ့မျက်လုံးကိုပြန်ပွတ်နေရင်း

"အင်း..ဆက်ငိုရင်မျက်လုံးက
မက်မွန်သီးဖြစ်တော့မယ်..
ခုတောင်နာနေပြီ.."

"ဒါဖြင့်ရင် ထတော့
ကြမ်းပြင်ပေါ်ထိုင်မနေနဲ့.."

မျက်လုံးကိုလက်နှင့်ထပ်ပြီးပွတ်နေတဲ့ကလေးကို
ဂျိုင်းကြားကနေ ဆွဲကိုင်မပြီး
ဘိုထိုင်အိမ်သာခုံပေါ်တင်ပေးလိုက်သည်..

အသားကဖြူဥနေတဲ့သူမို့ငိုလိုက်တော့
မျက်နှာတစ်ပြင်လုံးရဲတွတ်နေသည့်အပြင်
နှာသီးထိပ်ဖျားလေးတွေကပါရဲရဲနီနေသည်..

ဟိန်းထက်ယံဒူးထောက်ထိုင်ချလိုက်ပြီး
လေသံတိုးတိုးညှင်းညှင်းလေးနှင့်
"ကိုယ်အခုပြောစရာရှိတယ်.
.သေချာနားထောင်နော်."

အင်း ဆိုတဲ့သဘောနဲ့
သက်ဝေယံ ခေါင်းလေးညိမ့်ပြတော့..

"မင်းဘယ်တော့မှထပ်မငိုစေရဘူး
လို့တော့ ကိုယ်အာမ မခံပေးနိုင်ဘူး.
ဘာလို့လဲဆို
ကိုယ်တို့နှစ်ယောက် ရှေ့ဆက်ရမယ့်ခရီးက
အခက်အခဲတွေနဲ့ထပ်ကြုံရအုံးမှာ..."

မျက်ရည်တွေမခမ်းခြောက်ချင်သေးတဲ့
စိုစွတ်နေတဲ့ မျက်ဝန်းလေးတွေနဲ့
မော့ကြည့်လာသည်..

"ဒါပေမဲ့..
မင်းမျက်ရည်တွေကိုသုတ်ပေးမယ့်
လက်တစ်စုံကတော့အမြဲတမ်း
အဆင်သင့်ရှိပေးနေမယ်.."

ဟိန်းထက်ယံ သူ့ရဲ့လက်ဖျားလေးတွေကို
ခပ်ဖွဖွလေးဆုပ်ကိုင်လိုက်ပြီး

"အဲ့တော့ ဘာအခက်အခဲတွေနဲ့ကြုံကြုံ
နှစ်ယောက်အတူလက်တွဲပြီးရှေ့ဆက်မယ်.."

မျက်ရည်ဥလေးအစွန်းနားမှာတွဲလွဲခိုနေသေး
သည့် မျက်ဝန်းလေးတွေဆီက
ဟိန်းထက်ယံ အကြည့်မလွှဲနိုင်သေး..

ဘေးနားမှာနာရီတစ်လုံးသာချထားမယ်ဆိုရင်
စက္ကန့်တံတွေရွေ့လျားသံ တချက်ချက်ကို
ကြားနေရမည်ထင်သည်..

အခုတော့
နှစ်ပေပတ်လည် အခန်းကျဉ်းလေးထဲ
ခပ်တိုးတိုးရင်ခုန်တစ်စုံကသာ
မြန်တလှည့် ဖြည်းတလှည့်

သက်ဝေယံကအရင်မျက်နှာလွှဲသွားကာ..

"ခင်ဗျားကတော့..လုပ်ပြီ
ကျွန်တော်အဖြေတောင်မပေးရသေးဘူး.."

ဘာ...!
ခုနက ဟိန်းထက်ယံ feelထားသမျှဟာလေးတွေ
ဘယ်ရောက်သွားလဲမသိ...

"မင်းဘဲ..ခုနကချစ်သူတွေဆို.!!."

သက်ဝေယံခေါင်းလေးကုတ်ပြီး..
"အာ...အဲ့ဒါကဒီအတိုင်းပြောလိုက်တာ.."

"ဒီအတိုင်းပြောလို့ရမလား??
ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်ယူရမှာပေါ့.."

ဟိန်းထက်ယံပြောနေရင်းအိမ်သာတံခါးကို
နောက်ပြန်ဆွဲပြီးဂျက်ချပစ်လိုက်တော့
သက်ဝေယံမျက်လုံးလေးပြူးကျယ်ဝိုင်းစက်သွားသည်

"ခင်ဗျားအဲ့တာဘာလုပ်တာလဲ??"

ဟိန်းထက်ယံပုခုံးလေးတွန့်ပြီး
"ဂျက်ချလိုက်တာလေ.."

ချက်ချင်းကြီးမတ်တပ်ထရပ်လာတဲ့
အဲ့ကလေးပုခုံးကိုလက်နဲ့အသာတွန်းရုံရှိသေး
နံရံကိုကျောပြေးကပ်သွားသည်.

ဒီအခန်းကျဉ်းကျဉ်းလေးထဲပြေးပေါက်မရှိသည်မို့
သက်ဝေယံပုံစံကချောင်ကပ်နေတဲ့
ယုန်သူငယ်လေးလိုဖြစ်နေသည်

အဲ့လိုကျတော့လဲအဲ့ကလေးကသနားစရာ
မျက်နှာငယ်လေးနဲ့.

"ပြော..အဖြေပေးမှာလား?
မပေးဘူးလား?"

ဒါပေမဲ့ မတတ်နိုင်ဘူးလေ.
မင်းသား အက ကပြီးပြီ
ဘီလူးဆိုင်းတီးရမယ့်အချိန်ရောက်ပြီ

မဟုတ်ရင်တစ်သက်လုံးစောင့်နေရင်းစောင့်နေရင်း
ဟိန်းထက်ယံ အိုပြီးသေသွားနိုင်သည်..

"ကျွန်..ကျွန်တော်အော်လိုက်မှာ..!!"

ဘယ်လောက်တောင်လန့်နေလဲမသိ..
အသက်ရူသံခပ်ပြင်းပြင်းက
မျက်နှာကိုကျီစယ်လာတာမို့
ဟိန်းထက်ယံခပ်ဖွဖွလေးရယ်လိုက်မိပြီး..

"ဂရုစိုက်မယ်ထင်လို့လား??"

ဟိန်းထက်ယံရယ်ပြီးပြုံးလိုက်တဲ့အပြုံးက
ရုပ်ရှင်ကားတွေထဲကလူကြမ်း အပြုံးလို
ဖြစ်သွားလားမသိ..

နီရဲနေတဲ့မျက်နှာပေါ်မှာ
သွေးရောင်ထပ်လွှမ်းသွားပြန်တော့
သက်ဝေယံမျက်နှာတစ်ခုလုံးခရမ်းချဉ်သီးတစ်လုံးလို
ဖြစ်နေသည်..

မျက်နှာနှစ်ခုဟာပိုပြီးနီးကပ်သွားတော့
ဝိုင်းစက်နေတဲ့မျက်လုံးလေးပိုပြူးကျယ်သွားပြီး
အလန့်တကြားနဲ့..
"ပေးတယ်..ပေးတယ်.."

"အဲ့လောက်နဲ့မရပါဘူး.."

ဟာ..ဒီလူကြီးကတော့

သက်ဝေယံအံကြိတ်ပြီး မျက်မှောင်ကုတ်ကြည့်တော့
မထိတရီ အပြုံးမျိုးနဲ့

"ခင်ဗျားကဘာထပ်လိုချင်သေးလို့လဲ.."

"ချစ်တယ်လို့ပြောရအုံးမယ်လေ.."

ပြောရင်းဆိုရင်း သူ့မျက်နှာကြီး
သက်ဝေယံနားကပ်လာလေသည်မို့

"ချစ်တယ်!!..ချစ်တယ်.!!."

နှလုံးပီတိ ဂွမ်းဆီထိပြီးစပ်ဖြဲဖြဲဖြစ်သွားတဲ့
အဲ့လူကြီးကို တွန်းဖယ်ပစ်လိုက်သည်..
"ခင်ဗျားမျက်နှာကြီးအရှေ့ကဖယ်တော့.."

သူလိုချင်တာရသွားတော့ကျေနပ်နေတဲ့ရုပ်နဲ့
ကြည့်လို့ကိုမရဘူး..
သက်ဝေယံစိတ်ထဲမှပွစိပွစိကြိတ်ပြောနေမိသည်

"ကြွပါ..ကိုယ်တော်လေး.."

"ဟွန်း..."

တံခါးကိုဖွင့်ပေးထားတာတောင်အဲ့ကလေးက
ကောင်းကောင်းမွန်မွန်ထွက်မသွားဘဲ
မျက်စောင်းကလှည့်ထိုးသွားသေးသည်..

"အိမ်လိုက်ပို့ပေးရမလား??
ဘယ်နေရာသွားချင်သေးလဲ??"

Mallထဲကနေထွက်လာလာချင်း
သက်ဝေယံကိုဟိန်းထက်ယံလှမ်းမေးလိုက်သည်..

"အင်း....."
နူတ်ခမ်းစူစူလေးကိုနဲနဲရွဲ့တဲ့တဲ့လေးလုပ်ရင်း
စဉ်းစားနေတဲ့ဟန်လုပ်ပြီးမှ

"ခင်ဗျားအိမ် သွားမယ်.."

တိန်!
"ညအိပ်မှာလား??"

"မပြောတတ်ဘူးလေ..အိပ်ချင်အိပ်မှာပေါ့..
ကျွန်တော့်မေမေက ခင်ဗျားအိမ်ဆိုစိတ်ချနေတာဘဲ.."

အိပ်မယ်ဆို ဒီညလဲဟိန်းထက်ယံ
ဧည့်ခန်းကဆိုဖာနဲ့ဘဲ နှစ်ပါးသွားရမည်ထင်သည်
တစ်ကုတင်တည်းတူတူအိပ်ချလိုက်လို့တော့
မဖြစ်

ဒီကလေး ကတော့ ဟိန်းထက်ယံကို
ဈာန်သမာပတ်ဝင်စားနေတဲ့ဘုန်းတော်ကြီးများ
မှတ်နေလားမသိ..

"ဘာလဲ??!!မခေါ်ချင်ဘူးလား??"

"အာ..မဟုတ်ပါဘူး...ခေါ်ချင်ပါတယ်.."
မျက်စောင်းတစ်ခုက တန်းခနဲပစ်ဝင်လာသည်နှင့်
အတူ
ဆောင့်ဆောင့်အောင့်အောင့်လေသံကြောင့်
ဟိန်းထက်ယံ ကမန်းကတန်းပြန်ဖြေလိုက်ရသည်.

မဟုတ်ရင် ဘယ်မိန်းမကိုအိမ်ပေါ်ခေါ်မှာမို့
မခေါ်ချင်တာလဲ ဘာညာနဲ့ ရစ်လာနိုင်သည်.

အဲ့လိုကျတော့
သူပြုံးနေကျအတိုင်း ရှေ့သွားလေးနှစ်ချောင်းဘဲ
ပေါ်အောင် လှစ်ခနဲပြုံးလိုက်ရင်း
"ဟုတ်ပီ..ဟိုရောက်ရင် ဂိမ်းတူတူဆော့မယ်..နော်.."

ဟိန်းထက်ယံရဲ့ဘယ်ဘက်လက်မောင်းကို
အတင်းဖက်တွယ်လိုက်ရင်း ချွဲချွဲနွဲ့နွဲ့လေးပြောသည်.

အဲ့လောက်ထိချစ်ဖို့ကောင်းပြနေတော့
သူပြောသမျှဘာဆိုဘာမျှမငြင်းရက်လောက်အောင်
ဟိန်းထက်ယံတို့အရည်ပျော်ကျသွားပြန်သည်..

"အင်း..ဆော့ရမယ်.."

"ပြီးရင် ကျွန်တော့်ကိုခေါက်ဆွဲပြုတ်ကျွေး.."

ဒီတစ်ခါတော့ဟိန်းထက်ယံမျက်လုံးပြူးရပြီ
ခေါက်ဆွဲပြုတ်တောင် ဖြစ်ဖြစ်မြောက်မြောက်
မပြုတ်တတ်သူမို့
"ဝယ်ကျွေးမယ်လေ.."

"မရဘူး!!ခင်ဗျားကိုယ်တိုင်ပြုတ်ကျွေးတာဘဲ
စားမယ်.."

ဒီကလေးတော့
ဟိုတလောကဆီချက်ကနေ ခေါက်ဆွဲပြုတ်
ဖြစ်သွားတာလဲမမှတ်သေး..

ဒါပေမဲ့လဲအဲ့ကလေးမျက်နှာအချိုးက
အခေါက်ရေ များလာပြီမို့

"အင်း..အင်း..ဟုတ်ပြီ..ပြုတ်ကျွေးမယ်.."
ဆိုတော့မှ
မျက်နှာကပြန်ကြည်ကြည်သာသာဖြစ်သွားပြီး

"ပြီးရင် ကာတွန်းကားလဲတူတူ
ကြည့်မယ်နော်.."

"အင်း..အင်း..ကြည့်မယ်.."

"ပြီးတော့ ဂျပန်စာတွေနားမလည်တော့ဘူး.
ဘာတွေမှန်းမသိတော့ဘူး..
အဲ့တာပြန်ရှင်းပြ .."

"အင်း..အင်း..ရှင်းပြမယ်.."

ကားတွေ လူတွေရူပ်ယှက်ခတ်နေတဲ့
လမ်းမပေါ်မှာ
အရပ်မြင့်မြင့်နဲ့ကောင်လေးရဲ့လက်မောင်းကို
အတင်းဖက်တွယ်ပြီး
ဆိုးနွဲ့ဂျီကျနေတဲ့ ကောင်လေး..

ဖြတ်သွားဖြတ်လာလူတွေ
ကွက်ကျိကွက်ကျိလုပ်သွားတာ
တိုးတိုး တိုးတိုး ပြောသွားတာတွေကိုတောင်
ဂရုမစိုက်နိုင်..

ညနေခင်းရဲ့လေပြည်အေးအေးလေးတွေအောက်မှာ
သူတို့နှစ်ယောက်ရဲ့အပြုံးနုနုလေးတွေက
သက်ဝင်လူပ်ရှားလျက်...

.......................

ThetTantYoung's note

      ဖတ်ပေးတဲ့သူတွေvoteပေးတဲ့သူတွေ
Feedbackပေးတဲ့သူတွေအကုန်လုံးကို
ကျေးဇူးတင်ပါတယ်နော်😇

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

2.3K 71 24
မင်းသီဟ × မြတ်မင်းခန့် ငါ့ကိုရှုပ်ထွေးအောင်လုပ်နိုင်တာ မင်းပဲရှိတာ မင်းသီဟ ။ ငါ့ဘဝကိုရော ငါ့ခံစားချက်တွေကိုရော ရှုပ်ထွေးအောင်လုပ်တာ။ " " ငါလိုက်ရှု...
91.7K 7K 28
ချစ်ခြင်းတစ်ခုကို ခပ်ချိုချို အီစိမ့်စိမ့်ဖတ်ချင်ပါသလား မရိုးမရွ အားမရ ဝတ္ထုထဲဝင် ​စေ့စပ်ချင်တဲ့အထိ ဖတ်ချင်ပါသလား ဒါဆို သင်​နေရာမှန်ပါပြီ ချစ်ခြင်းတစ...
391K 33.5K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
837K 71.5K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...