ခပ်မှိန် မှိန်လေးလင်းနေသော
Ph screenပေါ်မှ
Baby ဟူသော Contact nameလေးကို
ထိလိုက် Back upပြန်လုပ်လိုက်နှင့်
လုပ်နေသည်မှာ
အချိန်ဘယ်လောက်တောင်ကြာပြီမသိ..
အခုချိန်
ဟိန်းထက်ယံရဲ့ဖြစ်ပျက်နေပုံကိုများ
မြတ်မွန်တို့အုပ်စု မြင်လျှင်
မျောက်အုန်းသီး ရသည်ဟုဘဲပြောမလား??
မျောက် မီးခဲကိုင်သည်ဟုဘဲပြောမလား??
ကိုယ့်အဖြစ်ကိုယ် တွေးကြည့်လိုက်မိတော့
ဘာရယ်မဟုတ်
သွားစွယ်တွေပေါ်လာသည်အထိ ခေါင်းကိုမော့ပြီး
ရယ်မောလိုက်မိသည်..
နာရီဆီကိုအကြည့်ရောက်မိသွားပြန်တော့
လက်တံတိုက
၁၀နာရီတိတိကို ညွန်ပြနေလေပြီ..
အင်း..အရမ်းတော့နောက်မကျဘူးထင်တာဘဲ
ဟိန်းထက်ယံကအမြဲ ည ၁နာရီ၂နာရီလောက်မှ
အိပ်တတ်သည်လေ
ဒါပေမဲ့လည်း
ဒီအချိန်ဆို အဲ့ကလေးအိပ်များအိပ်နေပြီလား??
Phသံကိုများကြားရင် လန့်များနိုးသွားမလား??
အဲ့ကလေးအတွက် စဉ်းစားနေမိသည့်
ကိုယ့်ခေါင်းကို လက်နှင့် ခပ်ဖွဖွလေး ထုလိုက်မိသည်
တော်ပါပြီ!မဆက်တော့ပါဘူး
Phကို ခုံပေါ်သို့ ပြန်ချထားလိုက်ပြီး
ခဏ မတ်တပ် ရပ်ကာ
ကိုယ်ကို ဟိုဆန့်ဒီဆန့်လုပ်မိပြန်သည်..
သို့သော်လည်း..
ခဏတောင်မကြာသောအချိန်လေးတွင်ပင်
Ph screenပေါ်က
Babyဟူသော contact nameလေးဆီသို့
အကြည့်ကရောက်သွားပြန်သည်..
တော်ပီဟာ..
ဖြစ်ချင်ရာဖြစ်..
ဒီညအတွက်တော့ သူ့အသံလေးကြားရရင်ကို
အိမ်မက်တွေ လှပနိုင်ကောင်းပါရဲ့..
Call ဟူသော Touch ခလုတ်လေးဆီသို့
အသာအယာ ဖိနှိပ်လိုက်မိသည်..
"တူ.............တူ..........တူ.........."
ဖုန်းခေါ် တိုင်း ကြားလေ့ရှိသည့်
တူ.......ဟူသော မြည်သံလေးသည်
ယခုတော့ ဟိန်းထက်ယံအတွက်
ကမ္ဘာနှင့်ချီပြီး ကြာမြင့်နေသလို...
"Hello...."
တစ်ဖက်က ထွက်ပေါ်လာသော
အသံချိုချိုကြည်ကြည်လေးကြောင့်
ဟိန်းထက်ယံ ကမ္ဘာတစ်ခုလုံး သကာရည်တွေ
လောင်းချလိုက် သလို ခံစားလိုက်ရသည်..
"Hello..ဘယ်သူလဲ???"
ဘယ်သူလဲ?? ဘယ်သူလဲဆိုဘဲ..
ဟိန်းထက်ယံလို့ဘဲ ပြောလိုက်ရမလား??
ဘယ်လိုပြောရင်ကောင်းမလဲမသိ..
ဟိန်းထက်ယံတစ်ယောက်တည်း
ဖုန်းတစ်လုံးကိုင်ပြီး
ဝရံတာမှာဟိုပြေးဒီပြေးနှင့် ယောက်ယက်ခက်
နေမိသည်..
"ဘယ်သူလဲလို့မေးနေတယ်လေ...."
တစ်ဖက်က မေးနေသည်ကိုပြန်မဖြေနိုင်
အားသေး..
အမ်..
ဘာလို့ဖုန်းဆက်တာလဲလို့မေးလာရင်ရော..
လွမ်းလို့ လို့ အမှန်အတိုင်းပြောလိုက်ရင်ရော
အပိုပြောရာများ ကျသွားမည်လား??
ဟိန်းထက်ယံ ကိုယ့်အတွေးကို
ကိုယ်ပြန်စဉ်းစားလိုက်မိပြီး
အောက်နူတ်ခမ်းလေးကို အသာအယာဖိကိုက်
လိုက်ကာ အသံတိတ် ရယ်မောနေမိတုန်း..
"ဖုန်းသရဲတွေလားမသိဘူး..
အလကားနေရင်း ညကြီးမင်းကြီး.."
တိန်!!
တီ...ဟူသောအသံတစ်ခုက အရှင်းသား
ထွက်ပေါ်လာသည်..
Ph screenကိုအမြန်ကြည့်လိုက်တော့
ဖုန်းကကျသွားလေပြီ
Garrrrrrrrrr!!!သောက်ကလေး..!!!
..........
"Don't the water grow the trees🎼"
သက်ဝေယံ စာကြည့်စားပွဲပေါ်က စာအုပ်ပုံထဲ
ခေါင်း ငိုက်စိုက်ကျနေရာမှ ခေါင်းထောင်
ထလိုက်မိသည်..
"Don't the moon pull the tide🎶"
အရင်ကအရမ်းကြိုက်လွန်း၍
Ph ringtone လုပ်ထားခဲ့သော
Austin Mahone၏ All I ever need
သည် ဒီညတွင် ဆိုးဆိုးရွားရွားကို
နားထောင် ရဆိုးနေသည် ..
"Don't the stars light the sky🎶"
သက်ဝေယံ စိတ်မပါတပါနှင့်phကိုလှမ်းယူလိုက်ပြီး
ကြည့်လိုက်တော့
အာ...ခုနက ph no ဘဲ
"Like you need to light my life🎵"
ဘယ်ကဖုန်းသရဲတွေလဲကိုမသိဘူး!
ကိုင်ပြန်တော့လဲ ဘာမှပြန်မပြောဘူး..
ဒီတစ်ခါတော့ မှတ်လောက်အောင် အော်ပစ်
လိုက်အုံးမည်..
သက်ဝေယံကြိတ်တွေးလိုက်ပြီး
Ph screenကို တစ်ချက်ပွတ်ဆွဲလိုက်သည်
"ဒီမှာ..လူလိုနားမလည်ဘူးလား?
အလုပ်မရှိ အကိုင်မရှိ ဖုန်းဆက်မနေနဲ့!
ဒီကလူတွေက အားယားနေတာမဟုတ်ဘူး.!!."
စာကျက်လို့မရတာတွေရော အိပ်ချင်လို့စိတ်တို
နေတာတွေရော စုပေါင်းလိုက်တော့
ဝင်လာတဲ့ ph noလေးဟာ
သက်ဝေယံရဲ့ ဒေါသထွက်ပေါက်တစ်ခုဖြစ်သွားသည်
"မင်း.ဘာ.ပြော.လိုက်.တယ်??"
အေးစက်စက်နှင့် တစ်လုံးချင်းပီသ
ရှင်းလင်းစွာ ဖြင့် ပေါ်ထွက်လာသောအသံ
တိန်!!
ဒီ..ဒီအသံကြီးကိုရင်းရင်းနှီးနှီးကြီးကို
ကြားဖူးနေပါတယ်..
"ပြီးတော့..အလုပ်မရှိ..အကိုင်မရှိ..?"
တစ်ဖက်က ထပ်ပြီးထွက်ပေါ်လာတဲ့
ခနဲ့တဲ့တဲ့ လေသံအောက်မှာ
သက်ဝေယံ ကိုယ့်ပါးစပ် ကိုယ် လက်ဝါးလေးနှင့်
အုပ်လိုက်မိသည်အထိ
ငင့်..ဘယ်သူကြီးလဲမသိဘူး!!
"ဟို..ဟို..ခုဖုန်းဆက်တာဘယ်သူလဲဟင်?"
သက်ဝေယံနဲနဲလေး အရဲစွန့်ပြီး
မေးကြည့်လိုက်တော့
"ဆံပင်ကိုအနီလိုလို အညိုလိုလို
အရောင်ဆိုးပြီး အပေါ်တစ်ရောင်
အောက်တစ်ရောင် ဝတ်တတ်တဲ့အကောင်.."
တိန်!! သေစမ်း..
ဒါ..ဟို..ဟို..လူကြီး..
သက်ဝေယံဘာပြန်ပြောရမည်မှန်းမသိတော့
"မသိသေးဘူးလား??
မသိသေးရင် ထပ်ပြောမယ်.."
သူထပ်ပြောမယ်ဆိုသောကြောင့်
သက်ဝေယံဖုန်းကို နား, နားပိုတိုးကပ်လိုက်ပြီး
သေချာအာရုံစိုက် နားစွင့်လိုက်မိသည်..
"မင်းရဲ့အကြွေးရှင်!!!"
အကြွေးရှင် ဟူသော အသံအကြား
သက်ဝေယံခေါင်းတစ်ခုလုံးကျိမ်းတက်သွားသည်
"အဟီး..ခင်ဗျားကလဲ..စိတ်ကြီးဘဲ.."
သက်ဝေယံအသံကိုနဲနဲချိုသွေးပြီးပြောလိုက်ရသည်
မျက်နှာချိုသွေး ရင် တစ်ဖက်ကလူက
မြင်ရမည်မှမဟုတ်တာ..
တစ်ဖက်က နှာမူတ်သံ ရှူးခနဲ ထွက်လာပုံ
ထောက်ရင် ထိုလူကြီး စိတ်ကသိပ်ကြည်သေးပုံ မရ
"ခင်ဗျားကခုနက ဘာမှပြန်မပြောတော့
ဖုန်းသရဲလို့ထင်တာပေါ့.."
ကြည့်.
သက်ဝေယံဒီလောက်ပြေပြေလည်လည်ပြော
နေတာတောင်..တစ်ဖက်ကဘာမှကိုတုံ့ပြန်သံမပေး
သူ့ကိုဖုန်းသရဲလို့ပြောလို့ စိတ်ကောက်သွား
သည်ထင်သည်
"မိန်းမကြီးကျနေတာဘဲ!!"
"ဘာ...ဘာမိန်းမကြီး??"
အ!စိတ်ထဲကစကားက အပြင်ကိုထွက်သွား
သည့်ကိုယ့်ပါးစပ်ကိုယ်ဘဲ ပြန်ရိုက်ချင်မိသည်..
အဲ့လူကြီးကလဲ
ဒါမျိုးဆို နားကပါးသလာမမေးနှင့်
ခပ်တိုးတိုးပြောတာကိုတောင်..
"အဟီး..ဘာမှဟုတ်ဘူး.."
ဟို..ခင်ဗျား ဘာလို့ဖုန်းဆက်တာလဲ?"
ကမန်းကတန်း စကားလမ်းကြောင်းကို
လွှဲပစ်လိုက်တော့
"မနတ်ဖန်အတိုးယူလာဖို့မမေ့နဲ့
အဲ့တာသတိပေးတာ!"
တိန်!
အဲ့လူကြီးဟာလေ
အဲ့ ပိုက်ဆံလေး နှစ်ပဲခြောက်ပြားကိုကပ်စီးကုတ်
နေသည်မှာ မပြီးနိုင်မစီးနိုင်တော့
အတိုးကလဲ ၅၀တိုးတဲ့
မတရားအမြတ်ကြီးစားချက်ဘဲ..
သူ့ပိုက်ဆံများပြန်မပေးမိရင်
သေရင်တောင်ကျွတ်ပါ့မလားမသိ!!
မနတ်ဖန်တော့မဖြစ်ဖြစ်အောင်သွားပေးမှပါ..
တော်ကြာအတန်းထဲထိလာပြီး
ရှိတာအကုန်သိမ်းနေရင် ဒုက္ခ
"ဒါဘဲမဟုတ်လား??ဖုန်းချတော့မယ်.."
မျက်ခွံတွေကလဲ လေးနေပြီ...
အဲ့လူကြီးနဲ့စကားဆက်ပြောရင်လဲ
ရန်စကားကလွဲပြီးတခြားစကားထွက်လာမှာမဟုတ်
သက်ဝေယံ ဖုန်းချပစ်ဖို့ စကားစလိုက်သည်..
"အမ်..ဖုန်းချတော့မှာလား??...."
ဖုန်းချတော့မည်ဆိုတော့မှ
တစ်ဖက်ကထွက်လာတဲ့အသံသေးသေးလေးက
အခုကျတော့ခုနကသက်ဝေယံကိုဟောက်ခဲ့တာ
သူဘဲမဟုတ်သလို...
တတ်လဲတတ်နိုင်တယ်
အဲ့လူကြီးကတော့..
သက်ဝေယံနာရီကိုလှမ်းကြည့်လိုက်မိတော့
၁၀နာရီ ၁၅မိနစ်ရှိနေပြီမို့
"အင်း..အိပ်ရတော့မယ်လေ.."
"အစောကြီးရှိသေးတယ်.."
ဗုဒ္ဓေါ...အစောကြီးတဲ့
ကြည့်ရတာ အဲ့လူကြီးစောစောအိပ်ပုံမရ
ဒီအချိန်ဆို သက်ဝေယံတို့ကဖြင့်တစ်ရေးတောင်ရနေပြီ
ဒီနေ့မှ စာမရသေးသည်မို့ စာကျက်နေရတာနှင့်
နောက်ကျနေခြင်းဖြစ်သည်..
"မအိပ်လို့မရဘူးဗျ..အမေအော်လိမ့်မယ်.."
သက်ဝေယံ နူတ်ခမ်းလေးထော်ပြီး
ပြန်အော်ပစ်လိုက်တော့
တစ်ဖက်က ရယ်သံခပ်ဟဟ ကထွက်ပေါ်
လာသည်..
"အဟ..ဒီအရွယ်ကြီးရှိနေပြီ...
အမေကိုကြောက်တုန်းလား???"
"ကြောက်ရတာပေါ့!!
ခင်ဗျားရော မကြောက်ဘူးလား??"
"မကြောက်ပါဘူး..!"
ဒီစကားကို အဲ့လူကြီး ပုခုံးကိုတစ်ချက်တွန့်ပြီး
ခေါင်းမော့ပြောဖြစ်လိမ့်မည်ထင်သည်..
ဘာရယ်မဟုတ်ဘဲ သူ့ပုံစံကိုစိတ်ကူးထဲမှာ
မြင်ယောင်မိလိုက်တော့
သက်ဝေယံလဲပြုံးမိသွားသည်
စကားပြောရတာပျော်ဖို့တော့ကောင်းသား
ဒါပေမဲ့ မျက်ခွံတွေကပင့်တင်လို့ကိုမရတော့..
"ထားပါတော့!!ကျွန်တော်အိပ်တော့မယ်
ခင်ဗျားလဲအရမ်းနောက်ကျမှ
မအိပ်နဲ့..!"
ပြောပြီးတော့မှ
သက်ဝေယံကိုယ့်နူတ်ခမ်းကိုယ် လက်ချောင်းတွေ
နှင့်ကိုင်လိုက်မိသည်
အမှန်ဆို သူ့ဘာသာ သူ အိပ်အိပ် မအိပ်အိပ်
သက်ဝေယံ ကိစ္စမှမဟုတ်တာ..
ကိုယ်မဟုတ်သည့်တခြားတစ်ယောက်ကို
မရည်ရွယ်ဘဲဂရုစိုက်မိနေသည့် ကိုယ့်အဖြစ်ကို
ပြန်သတိထားမိလိုက် တော့ ဘယ်ဘက်နှလုံးသားဆီ
က ဒိန်းခနဲ
.....................
"ထားပါတော့!!ကျွန်တော်အိပ်တော့မယ်.
ခင်ဗျားလဲအရမ်းနောက်ကျပြီး
မအိပ်နဲ့.."
ခပ်ရိုးရိုး ရှင်းရှင်း စကားစုလေးဆိုပေမဲ့
ဟိန်းထက်ယံ မျက်ခုံးလေးနှစ်ဖက်
အပေါ်သို့ပင့်တက်သွားရသည်..
စိတ်ထဲကကြည်နူးမူတွေနဲ့အတူ
နူတ်ခမ်းမှာတော့အပြုံးတစ်ပွင့်ကိုဆင်မြန်း
မိလိုက်သည်..
မထင်မှတ်ဘဲဒီတိုင်းဘဲပြောဖြစ်လိုက်တာလား??
ပြောစရာစကားရှာမရတော့လို့ဘဲပြောလိုက်တာ
လား??
ဟိန်းထက်ယံ မတွေးချင်တော့
ကိုယ့်ကိုရုစိုက်ပြီး ပြော ပါသည်ဟုဘဲ
တစ်ဖက်သက် စွပ်စွဲချင်လိုက်မိသည်..
"အင်း ..
Goodnight.မင်းလဲကောင်းကောင်းအိပ်တော့"
အမှန်ဆို...ဖြစ်နိုင်ရင်
တစ်ညလုံး ထိုကလေးနှင့် စကားတွေအများကြီး
ပြောချင်ပါသေးသည်.
သို့သော်
မျက်နှာဖောင်းဖောင်းနုနုလေးမှာ မျက်တွင်းတွေ
ကျနေမှာ မကြည့်ရက်သည်မို့
နူတ်ဆက်စကားကို ပြောဖြစ်လိုက်သည်
"အင်း...Goodnight!"
သူ့ထံမှ Goodnight ဟူသော
အသံလေးတစ်ခု ကြားလိုက်ချိန်မှာတော့
ဟိန်းထက်ယံ၏ ည သည် ပိုပြီးအဓိပ္ပါယ်ပြည့်စုံ
သွားလေပြီ..
Ph screenတွေပေါ်
နူတ်ခမ်းတွေကို အသာအယာဖိကပ်လိုက်မိသည်..
"တီ......"ဟူသောမြည်သံလေးအဆုံးသတ်
သွားတော့မှ
နူတ်ခမ်းတွေကို အသာလေး ပြန်ခွာလိုက်မိသည်
စကားသံတွေသယ်ဆောင်ပေးနိုင်တဲ့
လေလိုင်းတွေဟာ အနမ်းတွေကိုလဲ
ယူဆောင်သွားပေးနိုင်မည်ဟု
ဟိန်းထက်ယံမျှော်လင့်နေမိပါသည်
.........
နွေးခနဲဖြစ်သွားသည့် ဘယ်ဘက်ပါးပြင်လေးကို
သက်ဝေယံ ဖွဖွလေးကိုင်ထားမိသည်..
အင်း..စကားပြောတာနဲနဲကြာသွားလို့
ဖုန်းပူသွားတာနေမှာပါ..
အခန်းမီးကို လက်တစ်ဖက်နှင့်လှမ်းပိတ်လိုက်ပြီး
အိစက်နေတဲ့ကုတင်ပေါ်ပစ်လှဲချလိုက်မိသည်..
မှောင်မဲသွားသည့်အခန်းငယ်လေးထဲ
သက်ဝေယံ၏မျက်နှာ တစ်ခုတည်းအပေါ်သို့
Ph မီးအလင်းရောင်က ကျရောက်နေသည်..
Screenပေါ်သို့ ခပ်သွယ်သွယ်
လက်ချောင်းလေးတွေကို အသာအယာတင်
လိုက်သည်..
All king
ဟင့်အင်း..မဟုတ်သေးပါဘူး..
အနူတောမှာ လူချောဖြစ်ပြီး kingရသွားတာကိုများ
Kat Cee Nl
ဒါလဲသိပ်မလိုက်သေးဘူး...!!
Chit Tee
မဟုတ်သေးပါဘူး ..သူကအသားမှမမည်းဘဲ
သက်ဝေယံ nameတစ်ခုမှတ်လိုက်
ပြန်ဖျတ်လိုက် နှင့်အလုပ်ရူပ်နေသည်..
အား..ဟုတ်ပီ!!
ခေါင်းထဲပေါ်လာတဲ့အတွေးတစ်ခု
ပျောက်မသွားခင်
လက်ချောင်းလေးတွေကို ခပ်မြန်မြန်လူပ်ရှား
လိုက်သည်
Luu Yote Mr Gyee
အဟိ!သူနဲ့အလိုက်ဖက်ဆုံးဘဲ
"သားရေ...မအိပ်သေးဘူးလား?
ဖုန်းခိုးသုံးနေတာလား??"
ကိုယ်ပေးထားတဲ့ Contact Nameကို
ကိုယ့်ဘာသာကိုယ်သဘောကျပြီး
ကြိတ်ရယ်နေမိတုန်းမှာ
မေမေ၏လှမ်းအော်သံကိုကြားလိုက်ရသည်
"မဟုတ်ဘူး..မေမေ..
ခုအိပ်တော့မှာ..!"
မအိပ်လို့ကမရတော့
မဟုတ်ရင် အခန်းထဲထိဝင်လာပြီး
ပွစိပွစိလုပ်နိုင်သည်..
ဖုန်းကိုကမန်းကတန်း ဘေးကစာကြည့်စားပွဲပေါ်
တင်ပြီး စောင်ကို ပုခုံးနားအထိဆွဲယူပစ်လိုက်သည်
သို့သော်..
ထိုညက သက်ဝေယံ၏အိပ်ချိန်သုံးပုံနှစ်ပုံ
လောက်ကို ထိုလူကြီးက လွှမ်းမိုးနိုင်ခဲ့ပါသည်..
..........
ThetTantYoung's note
ဟိုလေ..Telepathy ဆိုတာ
တော်တော်များများသိကြမယ်ထင်တာဘဲ
တစ်ယောက်ယောက်က စူးစူးနစ်နစ်
လွမ်းနေတာမျိုး ဘာမျိုးဆိုရင်
တစ်ဖက်က တစ်ယောက်က သိနေသလို
ဖြစ်တာမျိုးလေနော်..
ဟိန်းထက်ယံ နဲ့ သက်ဝေယံ လည်းအဲ့လိုမျိုးပါဘဲ..
ဒီFicကို စရေးတုန်းက
Pressureလဲမလိုချင်ခဲ့လို့
စရေးချိန်ဟာ Examကာလဖြစ်နေတာမို့
တန့်အရမ်းကြီး အားစိုက်မထုတ်ခဲ့မိဘူး
အားလုံးလည်းသိမှာပါ
ဒီ ficမှာဇာတ်အိမ်ဟာ အဲ့လောက်ခိုင်ခိုင်မာမာ
မရှိဘူး.
ကောင်လေးနှစ်ယောက်ကြားက
အဖြစ်အပျက်လေးတွေကိုဘဲ
ဟာသလေးနဲနဲပါးပါးနှောပြီးရေးထားတာ
ဒါပေမဲ့ အခုထင်မှတ်မထားလောက်အောင်ကို
ဖတ်ပေးကြတာတွေ့လာရတယ်
အစက အပိုင်း ၁၅လောက်နဲ့ဇာတ်သိမ်းဖြစ်
လောက်မယ်ထင်ခဲ့ပေမယ့်
ခုတော့အဲ့ထက် ပိုများတော့မယ် ထင်တယ်😛
တန့်လဲ အခုမှ ဒီ Ficကိုပိုပြီးအာရုံစိုက်လာမိတယ်
ဖတ်ပေးတဲ့သူတွေ feedbackပေးတဲ့သူတွေကို
အရမ်း အရမ်း ကျေးဇူးတင်ပါတယ်
တကယ် ကျေးဇူးတင်တာပါ
ဒီ ficလေး ဖတ်ပြီး တစ်ချက်လောက်လေး
ပြုံးသွားရင်ဘဲဖြစ်ဖြစ်
ကြည်နူးမိသွားရင်ဘဲဖြစ်ဖြစ် တန့်တကယ်
ပျော်မှာပါ..