L❤VE in the 1st sight(Complet...
By ThetTantYoung
2.2M 149K 8.9K
UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
ThetTantYoung's appology
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32(ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
Building the love bond💋
Leaving the best memories👣
Love Reborn-1
Love Reborn-2
Love Reborn-3
Love Reborn-4
Love Reborn-5
အချစ်ဆုံးReaderများသို့ပေးစာ✉
preorderအကြောင်းအသိပေးကြေညာခြင်း
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-5 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-21 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 (Unicode)
Part-32 (Unicode)
Building the love bond💋 (Unicode)
Leaving the best memories👣 (Unicode)
Love Reborn-1 (Unicode)
Love Reborn-2 (Unicode)
Love Reborn-3 (Unicode)
Love Reborn-4 (Unicode)
Love Reborn-5 (Unicode)
Part-6
35.2K 3.1K 92
By ThetTantYoung
L❤VE in the 1st sight
(Part-6)
"So Baby pull me closer
In the backseat of your rover🎼"
အခုတလောခေတ်စားနေတဲ့
Closer songလေးကလွင့်ပျံလာလေသည်
အာ....ညကြီးမင်းကြီး
ဘယ်သူ့ဆီကဖုန်းလာတာလဲမသိဘူး..
ရည်းစားဆီကလာရအောင်လဲဝင်းမြင့်မှာက
မူးလို့ရူစရာတောင်မရှိ
"🎵That i know u can't afford
Bite the tattoo on yr shoulder🎶"
ကုတင်ဘေးကခုံပေါ်တင်ထားသည့်
ဖုန်းကိုကောက်ယူကြည့်လိုက်မိတော့
"Pull the sheets right of the corner🎼"
ခွေးကောင်!!
ညကြီးမင်းကြီးဘာလာနှိပ်စက်မို့လဲမသိဘူး .
အရင်ကလဲညဘက်ဒီလောက်မိုးချုပ်ရင်
ဆက်လေ့မရှိပါဘူး..အခုဘာလို့များ
အချစ်ဆုံးသူငယ်ချင်းကြီးရဲ့ဖုန်းမို့
ဥပေက္ခာလဲမပြုရက်
အတွေးစကိုမြန်မြန်ဖျတ်ပြီး စိတ်မပါလက်မပါနှင့်ပင်
Screenကိုတစ်ချက်ပွတ်ဆွဲလိုက်သည်
"အေး..သားကြီး..ပြော.."
"သူငယ်ချင်း...."
တိုးတိုးလေးနှင့် ထွက်လာသောလေသံလေး
ဒါဟိန်းထက်ယံအသံဟုပင်ထင်ချင်စရာမရှိ
"အေး..!ငါနားထောင်နေတယ်
ဘာလဲဟာ!မြန်မြန်ပြော..ငါအိပ်နေတဲ့ဟာကို.."
"ငါ..ငါ့ကိုကယ်ပါ..."
"ဘာ!!"
ဒီကောင်ဘာလာကြောင်နေသည်မသိ
ဝင်းမြင့် မျက်လုံးပင်နဲနဲကြောင်ချင်သွားသည်
"ငါ..ငါ..ရူးတော့မယ်ထင်မယ်"
ဟိန်းထက်ယံ၏နောက်ထပ်စကားအဆုံးမှာ
ဝင်းမြင့်ကုတင်ပေါ်ကပင်ကုန်းရုန်းထထိုင်လိုက်မိသည်
"နေပါအုံး..!အဆုံးမရှိအစမရှိ
မင်းဘာဖြစ်နေတာလဲ?"
"ငါ...ငါ..."
"အေး..ပြောပါဆိုနေ.."
စိတ်ကသိပ်မရှည်ချင်တော့
Non senseတွေလဲလာပြောနေသည့်အပြင်
ထမင်းခုနစ်ရက်လောက်မစားရသည့်အသံမျိုးနှင့်
"ဘယ်နေရာကြည့်ကြည့်ဟိုကလေးပုံတွေဘဲ
မြင်နေရတယ်..ငါလန့်လာပြီ.."
တိန်!!
"ငါအိပ်လို့မရတာလဲ
၎ညလောက်ရှိနေပြီ..အခုလဲငါ...ငါသူ့ကိုမြင်လာရလို့
မင်းဆီဖုန်းဆက်တာ.."
လတ်စသတ်တော့ ဟိုကလေးကိစ္စကိုး..
သူ့မှာလဲသနားတော့သနားစရာ
ကြွေပြီးတော့မှယောင်္ကျားလေးမှန်းသိရတဲ့အဖြစ်
ဆိုတော့လဲ
"Ok ...Ok..
မင်းရဲ့အမြင်ကြီးကိုငါအမှန်ပြန်ရအောင်
လုပ်ပေးမယ်..ဟုတ်ပြီလား..?
မနတ်ဖန်ကျောင်းသာလာခဲ့.."
"မနတ်ဖန်ကျောင်းကိုတကယ်ကြီးလာရမှာ
လား??"
"တကယ်ကြီးမလာလို့မင်းကဘယ်လိုလာချင်လို့လဲ?
ပြီးတဲ့အပတ်တုန်းကလဲကျောင်းမွေးနေ့ပွဲပြီးတည်းက
ပေါ်ကိုပေါ်မလာဘူး."
"ငါ..ငါ..ကျောင်းတက်ရင်ဟိုကလေးနဲ့
တွေ့မှာစိုးလို့.."
ဖြစ်ရတယ်...သူ့လူကောင်ကြီးနဲ့
ဟိုကပိစိကွေးသေးသေးလေး
"မနတ်ဖန်သာလာခဲ့စမ်းပါဟာ..
ငါအိပ်တော့မယ်..ဒါဘဲ"
"အေး...ပါ..."
တီ...
ဟိုဘက်ကစကားသံလေးအဆုံးမှာဘဲ
ဝင်းမြင့်ဖုန်းချပစ်လိုက်ကာ
စောင်ကိုခြုံပြီးကွေးအိပ်ပစ်လိုက်လေသည်
.......
မနတ်ကျတော့
ကန်တင်းအရှေ့တည့်တည့်နားကသစ်ပင်အောက်
မှာဖုန်းလေးပွတ်ရင်းဟိန်းထက်ယံကိုစောင့်နေမိသည်
ဖုန်းလေးငုံ့ပွတ်လိုက်
ကျောင်းဂိတ်ပေါက်ဝကိုလှမ်းကြည့်လိုက်လုပ်နေတုန်း
မှာပင်
ငင့်..!!
မြင်လိုက်ရတဲ့မြင်ကွင်းကမယုံနိုင်စရာ
ကျောင်းဂိတ်ပေါက်ကနေခေါင်းကိုငိုက်စိုက်ငိုက်စိုက်
နှင့်ယိုင်တိုင်တိုင်
လျှောက်လာသည့်သူသည်ဟိန်းထက်ယံမှ
ဟုတ်ပါရဲ့လား??
မြင်တဲ့ဟာဆွဲထုတ်ဝတ်လာပုံရသည့်
တွန့်ကြေနေတဲ့ရှပ်အင်္ကျီလက်တို
ပုဆိုးကလဲ ဝတ်ထားတာစောင်းနေသေးသည်
ဆံပင်ကလဲဘုတ်သိုက်
ပုံမှန်ဆိုစမတ်ကျကျသန့်သန့်ပြန့်ပြန့်
နေတတ်တဲ့ကောင်ကဘယ်လိုဖြစ်လာသည်မသိ
"ဟေ့ကောင်..ငါဒီမှာ.."
အသိစိတ်လွတ်နေသည့်သူပမာ
ယောင်တောင်တောင်နှင့်လမ်းလျှောက်နေသည်မို့
ဝင်းမြင့်လှမ်းခေါ်လိုက်ရသည်
"လာ..လာ..ငါ့နားလာ.."
အဲ့တော့မှအသံလာရာဆီလှည့်ကြည့်ပြီး
ဝင်းမြင့်ဆီသို့ရောက်ချလာလေသည်
ဒါတောင်ပုံမှန်ပြန်မဖြစ်ချင်သေး.
နဲနဲလွတ်နေသည့်ပုံစံရှိနေသေးသည်
"ဟိုမှာမြင်လား??ဟိုကလေးကို.."
အနားသို့ရောက်လာသောဟိန်းထက်ယံပုခုံးကို
လှမ်းဆွဲလိုက်သည့်အချိန်
အချိန်ကိုက်ပင်..
ဟိုကလေးလေးကလဲသူ့သူငယ်ချင်းမတွေနှင့်အတူ
ကန်တင်းပေါ်ကဆင်းလာသည်
မဟုတ်ရင်အဲ့ကလေးကိုကျောင်းတစ်ပတ်ပတ်ပြီး
လိုက်ရှာနေရအုံးမည်လေ..
"အင်း......"
"အေး..သေချာကြည့်နေနော်"
ဝင်းမြင့်ပြောလိုက်တော့ဟိန်းထက်ယံခေါင်းကို
ခပ်လေးလေးငြိမ့်ပြသည်
သူငယ်ချင်းကောင်းပီသစွာနှင့်
ဟိန်းထက်ယံကိုအမြင်မှန်ပြန်ရအောင်လုပ်ရမည်လေ
"မင်းကိုစွဲမက်လာအောင်သိမ်းသွင်းနိုင်ခဲ့တဲ့
ရွှေအိုရောင်ဆံနွယ်တွေမရှိတော့ဘူးနော်
မြင်လား..??"
ဟိန်းထက်ယံပုခုံးတွေကိုဆုပ်ကိုင်ထားရင်း
အဲ့ကလေးဘက်ကိုညွန်ပြလိုက်သည်..
"အခုအနက်ရောင်ဆံပင်အုပ်အုပ်လေးလဲ
လှတာဘဲ"
တိန်!
ဝင်းမြင့်ဟိန်းထက်ယံဘက်ကိုကမန်းကတမ်း
လှည့်ကြည့်မိလိုက်သည်အထိ
ဟိန်းထက်ယံကတော့
ခပ်လှမ်းလှမ်းကသူငယ်ချင်းမတွေနှင့်
စကားပြောနေသည့်ဟိုကလေးကိုသာငေးကြည့်
လျက်သား
"ထားပါတော့ ..နောက်တစ်ခု"
ဒီတစ်ခုမရရင် နောက်တစ်ခုပေါ့
တစ်ခုမဟုတ်တစ်ခုနဲ့ကိုသူအမြင်မှန်ရမှာပါ
ဝင်းမြင့်စိတ်ထဲမှတွေးလိုက်ပြီး
"မင်းအရမ်းကိုဆွဲဆောင်မူရှိပါတယ်ဆိုတဲ့
နီရဲရဲနူတ်ခမ်းလေးတွေလဲမရှိတော့ဘူး..မြင်လား??
မြင်အောင်ကြည့်.."
ဒီတစ်ခါပိုပြီးကိုမာန်ပါပါနှင့်ခပ်ကျယ်ကျယ်
ပြောလိုက်မိသည်..
"သူကဘာမိတ်ကပ်မှမလိမ်းထားလဲ
လှနေတာဘဲ..ဟီး.."
တိန်!
ဒုတိယအကြိမ်ဟိန်းထက်ယံမျက်နှာကို
ပြန်ကြည့်မိသည်
သကောင့်သားက.သွားဖြီးပြီး ပြုံးတောင်ပြုံးနေသေး.
ရသေးတယ်..နောက်ဆုံးတစ်ခုပေါ့
ဝင်းမြင့်အသက်ကိုဝဝရူသွင်းလိုက်ပြီး
"မင်းအခုထပ်ပြီးသေချာမြင်အောင်ကြည့်"
"အင်း.."
ခပ်လှမ်းလှမ်းဆီမှာရယ်မောနေသောကောင်လေးက
တော့ဝင်းမြင့်နှင့်ဟိန်းထက်ယံကိုမြင်ပုံမရ
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနှင့်
ရယ်မောနေလေသည်..
ဩော်..ဒီကငါ့သူငယ်ချင်းမှာတော့
အရူးတစ်ပိုင်းကိုဖြစ်လို့..
ဝင်းမြင့် ဟိန်းထက်ယံအတွက်ဝမ်းပင်နည်းလာသည်
မတတ်နိုင်ဘူးလေ..ဖြစ်မှမဖြစ်နိုင့်တာ..
မဟုတ်ပါဘူး..ဖြစ်ကိုမဖြစ်သင့်တာ.
"မင်းအခုစွဲလမ်းနေတာမိန်းကလေးမဟုတ်ဘူးကွ..
ယောင်္ကျားလေး..ယောင်္ကျားလေး..!!"
ဝင်းမြင့်အားတွေမာန်တွေနည်းနည်းပါသွားသည်မို့
အသံကနဲနဲကျယ်ချင်သွားသည်..
တွေခနဲတစ်ချက်ဖြစ်သွားသော
ဟိန်းထက်ယံမျက်ဝန်းများကိုတွေ့လိုက်ရသည်
အတန်ကြာထိဟိုကလေးလေးပုံရိပ်
မြင်ကွင်းထဲကပျောက်သွားသည်အထိ
ငေးကြည့်နေပြီးမှ..ဟိန်းထက်ယံ..ဝင်းမြင့်ဘက်ကို
လှည့်လာသည်..
"ယောင်္ကျားလေးဆိုလဲချစ်ခွင့်ပိုင်ဆိုင်ခွင့်မရှိဘူးလား
ဟင်??'"
ဝင်းမြင့်လန့်ဖြန့်ပြီးဟိန်းထက်ယံပုခုံးကို
လွှတ်ချမိလိုက်သည်အထိ..
"မင်းခြောက်သွားတာလား???"
မေးပြီးမှကိုယ့်ပါးစပ်ကိုပြန်ရိုက်ချင်စိတ်ပေါက်သွား
သည်..
ဟိန်းထက်ယံမျက်နှာကပြိုတော့မည့်မိုးနှယ်
ဖြစ်လာပြီးဘေးနားကသစ်ပင်ကိုမှီချလိုက်လေသည်
"အီး..ဟီး..ဟီး.
ငါလဲမသိတော့ဘူး..ဘာလုပ်ရမှန်းလဲမသိတော့ဘူး"
သစ်ပင်ကြီးကိုဖက်ပြီးတတွတ်တွတ်ရွတ်နေသော
ဟိန်းထက်ယံကိုကြည့်ပြီးဝင်းမြင့်ဘာပြောလို့
ပြောရမည်မသိတော့..
ဒီလောက်အခြေအနေမဆိုးဘူးဟုထင်ခဲ့မိတာ
အခုမှမှားမှန်းသိလေပြီ..
"မင်းသိလား??ငါလေ..
ငါသူ့ကိုစစတွေ့တဲ့ပုံစံကိုမျက်လုံးထဲလာလာ
မြင်ယောင်နေရင် ဒါမြင်မြင်ချင်းစွဲလမ်းတာဆိုပြီး
ဖြေသိမ့်လို့ရတယ်..
အခုဟာက..အခုယောင်္ကျားလေးပုံကြီးကို
မြင်နေတာကွ..!!!!!"
"မရရ အောင်မေ့လေကွာ..မင်းကလဲ"
ခေါင်းကိုသာတဗျင်းဗျင်းမြည်အောင်ကုတ်ရင်း
ဝင်းမြင့်ပြောလိုက်မိသည်
နှစ်သိမ့်စရာစကားလုံးတွေလဲရှာမတွေ့တော့
"ဟေ့ကောင်..ငါမေ့ဖို့မကြိုးစားဘူးလို့ထင်လို့လား?"
ဖျတ်ခနဲမျက်နှာရှေ့တည့်တည့်ရောက်လာ
သည့် မျက်တွင်းဟောက်ပက်ကြားမှအကြည့်တွေ
ကြောင့်ဝင်းမြင့်လန့်သွားရသည်..
"ကျောင်းမွေးနေ့ပွဲပြီးတည်းက
အဲ့ကလေးကိုမေ့ဖို့ ငါကျောင်းတောင်မတက်ဘဲ
၅ရက်တိတိ အိမ်တွင်းအောင်းနေတာကွ!!"
မျက်လုံးကြီးပြူးပြီးအရှေ့ကိုပိုတိုးလာသည့်
ဟိန်းထက်ယံကိုနဲနဲတွန်းထုတ်လိုက်ပြီး
"အိမ်တွင်းအောင်းမှတော့ပိုဆိုးတာပေါ့
အပြင်လေးဘာလေးထွက်ပါလားဟ..
စိတ်ပြေလက်ပျောက်.."
"ထွက်တယ်လေ..အိမ်ရဲ့မြင်မြင်သမျှနံရံတွေမှာ
အဲ့သောက်ကလေးမျက်ခွက်ဘဲမြင်နေရလို့
ထွက်တယ်လေ..
လမ်းမပေါ်မှာပါ အဲ့ကလေးမျက်နှာကြီး
ပေါ်လာလို့ ငါကားတောင်တိုက်ခံရတော့
မလို့ကွ...အီး...ဟီး..ဟီး.."
သစ်ပင်ကိုပြန်ပြီးပြေးဖက်နေပြန်လေပြီ
ဘေးကနေဖြတ်လျှောက်သွားသည့်
သူတွေကလည်းကွက်ကျိကွက်ကျိ
အစကဝင်းမြင့်ပင်သူ့ကိုအဲ့ကလေးနှင့်
နောက်ခဲ့မိသေး
တကယ်ကြီးဒီလိုဖြစ်လာမည်ဟုမတွေးထားမိခဲ့
"ငါတော့ရူးပြီထင်တယ်ပါကွာ
မှန်ကြည့်ရင်တောင်ငါ့ရုပ်ငါမမြင်ရဘဲ
သူ့အခွက်ကဘဲလာလာပေါ်နေလို့
ငါ့ကိုယ့်ငါဘာရုပ်ဖြစ်နေပြီလဲတောင်မသိတော့ဘူး"
အခုနေသူ့ရုပ်သူပြန်မြင်ရင်လဲ
လန့်ပြီးသေလောက်သည်
လူရုပ်သူရုပ်ပင်မပေါက်ချင်တော့
မမြင်တာဘဲကောင်းပါသည်လေ...
"အခုဆိုအိမ်မက်ထဲထိပါလိုက်လိုက်နှိပ်စက်နေလို့
ငါညလုံးပေါက်ငုတ်တုတ်ထိုင်နေရတယ်
အဲ့တာတွေ မင်းသိလား??????!!!!"
ပျက်သွားရှာလေပြီဖြစ်တဲ့ EX မတွေနဲ့
တောင် ဘာမှ မ feelခဲ့တဲ့လူကအခုတော့
အရူးတစ်ပိုင်းဖြစ်နေသည်..
"ကယ်ပါ..သူငယ်ချင်းရယ်
ငါဘာလုပ်ရမလဲဟင်??"
ဝင်းမြင့်လက်လေးကိုဆွဲပြီး
အားကိုးတကြီးနှင့်အတင်းကိုပြောလာတော့လည်း
"ငါစဉ်းစားပါအုံးမယ်..ဒုက္ခပါဘဲ.."
မျက်နှာလေးငယ်ကာမျက်ရည်လေးတွေပင်
ဝေ့တက်နေလေသည့်ဟိန်းထက်ယံကို
ကြည့်မိလိုက်တော့..
သူ့အစားဝင်းမြင့်ပါငိုချင်လာမိသည်အထိ
သူငယ်ချင်းကိုအဲ့လိုပုံမျိုးနှင့်တော့
ဆက်ပြီးမမြင်ရက်တော့
သူ့ခံစားချက်တွေကိုဖွင့်ချလိုက်ရရင်
သူ့ရင်ထဲပေါ့သွားနိုင်ပါရဲ့
မတတ်နိုင်တော့ဘူး..
တစ်နည်းဘဲကျန်တော့သည်..
"ပြောလေ..ငါဘာလုပ်သင့်လဲလို့??"
ဝင်းမြင့်သက်ပြင်းတစ်ခုကိုရိုက်ချလိုက်ပြီးတော့
ဟိန်းထက်ယံကိုတည့်တည့်ကြည့်လိုက်ပြီး..
"မင်း..သူ့ကိုဖွင့်ပြောလိုက်တော့!"
.........
ကျောင်းကားမှီပါအုံးမလားမသိ
ဆရာမကလဲဒီနေ့အတန်းချိန်ကို
နောက်ကျမှလွှတ်ပေးသည့်
အပြင် အိမ်သာထဲလဲဝင်လိုက်ရသေးသည်
သူငယ်ချင်းတွေကလဲနောက်ကျပီဆိုပီး
သက်ဝေယံကိုမစောင့်ကြ
ကျောင်းဝန်းထဲမှာ
လူဟူ၍တစ်ယောက်စနှစ်ယောက်စလောက်ဘဲ
ခပ်လှမ်းလှမ်းမှာလှမ်းမြင်ရတော့သည်
သက်ဝေယံသို့အဆောင်သစ်မှဆိုလျှင်
ထွက်ပေါက်ဂိတ်ကိုသွားဖို့ကြိုက်တဲ့လမ်းက
သွားလို့ရသည်
သက်ဝေယံကတော့အပြင်ဘက်လမ်းကနေပူသည်
ဆိုပြီး အမြဲတမ်းပန်းခြံဘက်ကလမ်းကိုရွေးတတ်
သည်..
အခုလဲသက်ဝေယံတစ်ယောက်
ပန်းခြံဘက်လမ်းသို့ခပ်သွက်သွက်လျှောက်လာ
လေသည်..
ဟင်..ဘယ်သူကြီးလဲ??
အင်္ကျီနီညိုရောင် နှင့် ပုဆိုးအစိမ်းကို
မလိုက်ဖက်စွာဝတ်ထားပြီးခေါင်းစုတ်ဖွားနှင့်
အုတ်လမ်းလေးပေါ်
ငုတ်တုတ်ထိုင်နေသောထိုသူသည်
ဘယ်သူပါလိမ့်ဟု သက်ဝေယံခဏလေးရပ်ပြီး
ကြည့်နေမိသေးသည်..
သက်ဝေယံရပ်ကြည့်နေသည်ကိုမြင်လို့လားမသိ
ထိုလူကဆတ်ခနဲထရပ်သည်..
အမ်...ဒါ..ဒါ..ဟိုလူကြီး..
အဲ့လူကိုမြင်လိုက်သည်နှင့်တပြိုင်နက်
သက်ဝေယံလာရာလမ်းအတိုင်းပြန်လှည့်ဖို့
ခြေလှမ်းပြင်ပြီးကာမှ
ဟမ်??ငါဘာလို့သူ့ကိုကြောက်ရမှာလဲ??
ဟုတ်တယ်..
ဘာမှကြောက်စရာအကြောင်းကိုမရှိဘူး..
သက်ဝေယံပြန်ပြီးထိုသူရှိရာဆီလှည့်လိုက်သည်
လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ပြီး
ခပ်တည်တည်နှင့်ရှေ့ဆက်လျှောက်သွားလိုက်သည်..
ဟင်!!ဘာလဲ??
ရှေ့ဆက်သွားခွင့်မပေးဘူးဆိုသည့်ပုံစံနှင့်
သက်ဝေယံရှေ့မှပိတ်ကာလိုက်လေသည်..
ဒါသဘောလဲ!!!
သက်ဝေယံစိတ်တိုလာသည်..
ပတ်ကျော်ပြီးသွားရအောင်လည်း
အုတ်လမ်းက ကျဉ်းကျဉ်းလေး
"ခင်ဗျား..လမ်းဖယ်ပေးလို့မရဘူးလား??"
သက်ဝေယံသူ့ကိုမော့ကြည့်ပြီး
အော်ပြောပစ်လိုက်တော့
အမယ်!!သူကတောင်သက်ဝေယံကို
အံကြိတ်ပြီးပြန်စိုက်ကြည့်နေသေး..
"ငါမင်းကိုပြောစရာရှိလို့!!"
ဟမ်...ဘာပြောမို့ပါလိမ့်
အင်္ကျီတွေကလဲတွန့်ကြေနေသည်
သူ့တစ်ကိုယ်လုံးလဲအနဲငယ်တုန်ယင်နေသည်ကို
သက်ဝေယံသတိပြုမိသည်
တစ်ခုခုကိုအရမ်းအားစိုက်ထားသည့်ပုံစံမျိုး..
အသံကိုလဲမတုန်အောင်အတတ်နိုင်ဆုံး
ထိန်းချုပ်ထားရသည့်ပုံ..
တောင်းပန်မလို့များလား??
သက်ဝေယံစိတ်ထဲမှတွေးမိသွားသည်
အင်းပေါ့လေ..
သူငါ့ကိုလုပ်ခဲ့တာကလဲတောင်းပန်သင့်တဲ့
ကိစ္စဘဲကို..
"အင်း..ဘာပြောမလို့လဲ?
မြန်မြန်ပြော..ကျွန်တော်နောက်ကျနေပြီ.."
သက်ဝေယံသူ့ကိုတောင်းပန်ဖို့
အခွင့်အရေးပေးလိုက်မိသည်
သူမျက်လုံးတွေကိုမှိတ်ချလိုက်ပြီး
ဟင်...သူသက်ပြင်းတစ်ချက်အရှည်ကြီး
ရိုက်ချလိုက်သည်..
ဟော...အသက်ပြန်ရူပြန်ရပြန်ပြီ..
တောင်းပန်ဖို့ပြောရတာအဲ့လောက်ဘဲ
ခက်ခဲသလားဟင်???😐
လူကနောက်ကျနေပါပြီဆိုနေ
သက်ဝေယံစိတ်ကသိပ်မကြည်ချင်တော့
ခဏနေတော့ထိုသူမျက်လုံးတွေပြန်ပွင့်လာပြီး
သက်ဝေယံကိုစိုက်ကြည့်လာသည်
သက်ဝေယံလည်းသူ့မျက်လုံးတွေကိုသေချာ
ပြန်စိုက်ကြည့်ပေးလိုက်သည်
ဟုတ်တယ်လေ..အကြည့်လွှဲပြီး
ရှက်သလို ရွံ့သလိုလို လုပ်နေရင်
အဲ့လူကပိုတောင်အသားယူလာနိုင်သည်..
ငါကွ!!ယောင်္ကျား..
စိတ်ထဲကကြုံးဝါးပြီးထိုသူရဲ့အညိုရောင်
မျက်ဆံတွေထဲထိကိုသေချာပြန်စိုက်ကြည့်
နေလိုက်သည်
"ငါမင်းကိုချစ်တယ်!"
ဟင်!
"ဘာ..ဘာ..ပြောလိုက်တယ်"
အမှန်ကတော့မကြားလိုက်ခြင်းမဟုတ်
နားကြားများမှားသွားသလားလို့သက်ဝေယံ
ပြန်မေးလိုက်မိခြင်း..
"ကျစ်စ်"
ထိုသူခေါင်းကိုတစ်ချက်ကုတ်အကြည့်လွှဲလိုက်
သည်..
သို့သော်ထိုကာလက ခဏလေးပင်
"ငါမင်းကိုချစ်တယ်!"
သက်ဝေယံဘက်ပြန်လှည့်ပြီး
သူထိုစကားလုံးတွေကိုပြောချလိုက်သည့်တစ်ခဏ
ဟင် ..ကျောင်းကားပေါ်ဘယ်လိုဘယ်လို
ရောက်လာမှန်းမသိတော့..
ပန်းခြံထဲကိုခုန်ချပြီးဘဲထွက်ပြေးလာသလား??
ထိုသူကိုတွန်းတိုက်ပြီးဘဲထွက်ပြေးခဲ့သလား??
နောက်ပြန်လှည့်ပြီးဘဲထွက်ပြေးလာခဲ့သလား??
သေချာသည်ကတော့
သက်ဝေယံအခုတော်တော်လေးကိုမောဟိုက်နေ
သည်..
ခေါင်းတွေကလဲကိုက်တက်လာသည်
နေပူလို့ဘဲဖြစ်မှာပါလေ..
တွေးနေတုန်းမှာပင်
"ငါမင်းကိုချစ်တယ်!"
ထိုစကားလုံးတွေကိုပြန်ပြီးကြားယောင်မိတော့
လူကမူးဝေပြီးလဲပြိုတော့မတတ်..
ကြားလိုက်ရတာကလဲ
ယောင်္ကျားတစ်ယောက်ဆီက..
အမေရေ
သားတော့သေသာသေလိုက်ချင်တော့တယ်
........
ThetTantYoung's Note
ဒီအပိုင်းမှာ "ခြောက်နေတာလား"လို့
သုံးလိုက်ပါတယ်
ယောင်္ကျားလေးချင်းချစ်တာနဲ့တင်
ခြောက်တာမဟုတ်မှန်းသိပါတယ်
ဒါပေမဲ့ ဖန်တီးထားတဲ့ ဝင်းမြင့်နဲ့ ဟိန်းထက်ယံဟာ
Straightတွေပါ..ဟိန်းထက်ယံကတော့
Straightဖြစ်ခဲ့ဖူးတာဖြစ်သွားပြီပေါ့..ဟီး..
Straightတွေအနေနဲ့ကျတော့အဲ့လိုကိစ္စမျိုး
တွေကိုသေချာမသိကြဘူးလေ.
အဲ့တော့ ဝင်းမြင့်နေရာကနေယူပြီး
ရေးထားရတာမို့လို့ ဝင်းမြင့် ရဲ့ ဟန်အတိုင်း
ရေးထားတာပါ..
ဖတ်ပေးတဲ့သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်
Cmtတွေကိုကြည့်ပြီးပျော်ရပါတယ်
စာလဲလုပ်နေပါတယ်လို့..ဟီး
Continue Reading
You'll Also Like
1.7K 234 12
My Universe Nomin
620K 48.3K 16
546K 21.1K 22
Title : FriMay Genre : BL (Own Creation) Tags : Romance , Fluffy, Omegaverse Author : Yaung Che Nway Cover...
19.7K 1.5K 19
အချစ်မရှိတဲ့မြို့မှာ ပိတ်​လှောင် ကျန်ရစ်ခဲ့တဲ့လူတစ်ယောက်ရယ် အချစ်ရှိတဲ့မြို့ရဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ လူတစ်ယောက်ရယ် အမှတ်တရများစွာပြန့်ကျဲနေတဲ့ မြိ...